Ýuki Chan

Ýuki Chan

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ýuki Chan, Beauty, cosmetic & personal care, .

12/12/2022

📖

05/12/2022

နေရာ ရာထူးနှင့် လေးစားမှု
****************************

အဖွဲ့အစည်းတစ်ခုမှာဖြစ်စေ
လုပ်ငန်းခွင်မှာ ဖြစ်စေ
လူတွေအများစုဟာ နေရာလိုချင်ကြတယ်
ရာထူးတစ္ခု လိုချင်ကြတယ်။

နေရာရပြီ ရာထူးရလာပြီဆို
ငါ့ကိုလူတွေ လေးစားပြီလို့
ထင်တတ်ကြတယ်။

နေရာ တစ္ခုမွာ ရှိနေတိုင်း
လုပ်ပိုင်ခွင့်ရာထူး တစ်ခုရှိနေတိုင်း
လေးစားမှုအစစ်ကို ရမယ် မထင်ပါနဲ့။

အားမတန် မာန်လျှော့သူတွေ
ပြဿနာ တစ္ခုကို မဖန်တီးချင်သူတွေ
ကိုယ့်လုပ်ရပ်နဲ့ မဆိုင်လို့ ငြိမ်နေတာတွေဟာ
လေးစားနေကြတာ မဟုတ်ပါဘူး
ရွံ့နေကြတာ ကြောက်နေကြတာပါ။

စစ်မှန်တဲ့ လေးစားမှုကို လိုချင်ရင်
စစ်မှန်တဲ့ အပြုအမူနဲ့
စစ်မှန်တဲ့ စိတ်ဓာတ် လိုအပ်ပါတယ်။

အဓိက......
ကိုယ့်လုပ်ရပ်ကို ကိုယ်ဖော်ပြသလို
သူများလုပ်ရပ် ဂုဏ်ပုဒ်ကိုလည်း
လေးစားစွာ ဖော်ပြတတ်ရပါမယ်။

ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို
တပြေးညီ ဆက်ဆံတတ်
တန်ဖိုးထားတတ် ရပါမယ်။

သူတိုရဲ့ ဦးဆောင်နိုင်မှုတွေကို
အသိအမှတ်ပြုတတ် ရပါမယ်။
ကိုယ့်တာဝန်ပိုင်း ကိုယ်ကျေပွန်ရပါမယ်။

အားလုံးအပေါ်
လေးလေးစားစား ရှိမယ်ဆိုရင်
အပြန်အလှန် ယုံကြည်မှု
ချစ်ခင်မှု လေးစားမှု
အစစ်အမှန်ကို ရလာမှာပါ။

ဒါတွေ အားလုံးကို လုပ်ငန်းခွင်မှာဖြစ်စေ
အဖွဲ့အစည်းတစ်ခုမှာဖြစ်စေ
ကိုယ့်ရဲ့ရပ်တည်မှုမှာ ပြည့်စုံနေပြီဆို
နေရာမရ ရာထူးမရှိလည်း
လေးစားနေကြမှာပါ။

'' ငါက သူတို့ထက်နေရာ ရနေတယ် ''
'' ငါက သူတို့ထက် ရာထူး ရှိတယ်ဆိုပြီး ''
မာန်တစ်ခုနဲ့ ရပ်တည်နေပြီ ဆိုရင်တော့
စစ်မှန်တဲ့ လေးစားမှုကို ရရှိမှာ မဟုတ်ပါဘူး။

မိတ်ဆွေ
နေရာလိုချင်လား .?
ရာထူးလိုချင်လား .?

ဒါမှမဟုတ် စစ်မှန်တဲ့
လေးစားမှုကို လိုချင်လား.?

နေရာဆိုတာ ကန့်သတ်ချက် မတည်မြဲဘူး။

ရာထူးဆိုတာ သတ်မှတ်ချက် မတည်မြဲဘူး။

စစ်မှန်တဲ့လေးစားမှု
လူသေရင်တောင် နာမည်မသေဘူးနော်။

မင်း ဘာကိုလိုချင်လဲ .?
မင်းလိုချင်တဲ့ အရာနဲ့
ထိုက်တန်တဲ့ အပြုအမူနဲ့
စိတ်ဓာတ်တော့ ရှိရလိမ့်မယ်နော်။

04/12/2022

ငြင်းသင့်ရင် ငြင်းပါ..

06/11/2022

Vd crd 🙆

05/11/2022

🌅🙆

Photos from Ýuki Chan's post 31/10/2022

ဖတ်ကြည့်ပါ တန်ဖိုးရှိပါတယ်
*****************************

လာမဲ့ တန်ဆောင်မုန်း လပြည့်နေ့ဟာ
တနလာ် နေ့ ကျပါတယ်

အားလုံးသိပြီးကြတဲ့အတိုင်းဆေးပေါင်းခတဲ့နေ့ပေါ့ တချို့ဆို ဆေးပေါင်းခအောင် ဓာတ်စာ နမ်စာ သဘောမျိုး မယ်ဇလီဖူးသုတ် တောင်သုတ် စားကြပါတယ်

တန်ဆောင်မုန်းလပြည့်နေ့ဟာ ဗေဒင် နက္ခတ်အရကြည့်ရင် အင်မတန်ထူးခြားတဲ့နေ့ပါ

ကောင်းကင်မှာ ကြယ်တွေ နက္ခတ်တွေစုံပြီး ကောင်းတဲ့နမိတ်တွေ နဲ့ပြည့်နေလို့ ဟိုအရင်ကဆို ဆေးဝိဇ္ဇာ ပြဒါးဝိဇ္ဇာတွေဟာ အစွမ်းထက်တဲ့ ကမ္ဘီရဆေးတွေ ပီယဆေးတွေ ရောဂါကင်းဆေးတွေကို အဲနေ့ညမှာ ဖော်တတ်ကြပါတယ်

အဲနေ့ညမှာ ဖော်စပ်တဲ့ဆေးတွေဟာပီယသိဒ္ဓိ ကမ္ဘီရသိဒ္ဓိမြောက်ပြီး အောင်မြင်ကြတယ်လို့ အယူရှိကြပါတယ်

နောက်ပြီး တန်ဆောင်မုန်းလပြည့်ညမှာ သာတဲ့ လမင်းကြီးဟာ မိုးလေကင်းစင်ပြီး တိမ်ပျောက်ချိန်မှာ သာတာ ကတကြောင်း လဟာ ကမ္ဘာနဲ့ အနီးဆုံး ရောက်နေချိန်ဖြစ်တာက တကြောင်း တခြားလပြည့်တွေထက် အကြီးဆုံး အသာဆုံး အလင်းဆုံးဖြစ်နေတတ်ပါတယ်

လရဲ့ စွမ်းအင်တွေ ဆွဲငင်အားတွေ အပြည့်ကမ္ဘာကို သက်ရောက်တဲ့ လပြည့်နေ့ပါ

ဒီနှစ်မှာ လူတော်တော်များများ သတိမထားမိတဲ့ တန်ဆောင်မုန်း လပြည့်နေ့ရဲ့ ထူးခြားချက်ကတော့ အဂ်လိပ်ရက်ဟာ ၇ ရက်နေ့ Lucky 7 နေ့ဖြစ်သလို နေ့ဟာလဲ တနလ် ာနေ့ ငွေနံဓါတ်ကျတဲ့နေ့ပါ

ပြသဒါး ရက်ရာဇာ တွေနဲ့လွတ်ပြီး White Day နေ့လေးပါ

အဂ်လိပ်လဟာလဲ ၁၁ လပိုင်းဖြစ်ပြီး ၁၁ မီးငြိမ်းတဲ့သဘောပါ

အဲနေ့မှာ ဘုရားယတြာ လုပ်ပြီး ယတြာခြေကြရအောင်

လွယ်လွယ်လေးပါ

အဲနေ့ ည ၁၁ နာရီတိတိမှာ လုပ်ရမှာပါ

လရဲ့ အပြည့်ဓာတ်ကို ရစေ ချင်လို့ပါ

လုပ်ရမှာကတော့ ဖန်ခွက်တခုထဲ သနပ်ခါး သွေးထဲ့ပါ ရေကို ဖန်ခွက် တဝက်လောက် ရောက်အောင်ထဲ့ပြီး သနပ်ခါးဖျော်ရည်လုပ်ပါ (သနပ်ခါးကို ဆေးသနပ်ခါးမျိုးတွေဖြစ်တဲ့ နံသားဖြူ နံသာနီ ကရမက် တောင်နံကြီး ) လို မျိုးတွေ ရရင်ပိုကောင်းပါတယ်
မရနိုင်ဘူးဆိုရင်တော့ ရိုးရိုး သနပ်ခါးလဲ သွေးလိူ့ရပါတယ်

အဲဒိသနပ်ခါး ရည်ထဲကို အောင်သပြေ တခက် စိုက်ထဲ့ပါ

အဲနေ့ည ၁၁ နာရီတိတိမှာ

-ကိုယ်လက်သန့်စင် -ဝတ်ဖြူစင်ကြယ်ဝတ် -သနပ်ခါးခွက်ကို ဘုရားမှာ ကပ်
-ပန်း ရေချမ်း ဆီမီး ကပ်
-သမာဒေဝ နတ်ကောင်းနတ်မြတ်တွေ ပင့်ဖိတ်(လုံးဝမမေ့ပါနဲ့)
-ငါးပါးသီလခံယူ
-သရဏဂုံ ၃ ပါးကို ဆောက်တည် ပြီး ဘုရားရှင်ရဲ့ နုတ်မြွတ်တော်ဖြစ်တော်မူသော( ဘောဇျန်သုတ်တ္တံ) ကို ၇ ခေါက်ရွတ်ပါ
-ပြီးရင် ၃၁ ဘုံသတ္တဝါ တွေ ကို မေတ္တာသုတ် တခေါက်ရွတ်ပြီး မေတ္တာ ပို့ပါ
-ပြီးရင် "အောင်ပြီ အောင်ပြီ" ဟု ၇ ကြိမ် ကြွေးကြော်ပါ

ဗောဇျာန်တရား ၇ ပါးရှိလို့ ၇ ခေါက်ရွတ်ခိုင်းတာပါ

ဘောဇျာန်သုတ်ဟာ

ရှင်မဟာကသပ မထေရ်ကြီး ကုမရတဲ့ရောဂါနဲ့ နာမကျန်း ဖြစ်နေချိန်မှာ ဘုရားရှင်ကိုယ်တိုင်ရွတ်ပေးခဲ့လို့ ချက်ချင်းပျောက်ခဲ့သလို

ဘုရားရှင်ကိုယ်တော်တိုင် နာမကျန်းဖြစ်နေချိန်မှာ စုန္ဒမထေရ် ကို ရွတ်စေခိုင်းခဲ့ရာ ယူပြစ်သလို ပျောက်တဲ့ အစွမ်းထက်တဲ့ ရောဂါကင်းတဲ့ သုတ္တံပါ

အလွတ်မရရင် စာအုပ်ကြည့်ရွတ်ပါ

အဲတာဆို ၁၁ မီးငြိမ်းတဲ့ ငွေရွှင် ကံကောင်း ရောဂါကင်းတဲ့ ယတြာ ပြီးမြောက်ပါပြီ

တန်ဆောင်မုန်း လပြည့် နက္ခတ်တွေရဲ့ အစွမ်းကြောင့် သနပ်ခါးရည်ဟာ ရိုးရိုးသနပ်ခါးရည် မဟုတ်တော့ပဲ ရောဂါဘယကင်းပျောက် ကာကွယ်တဲ့ ဆေးရေ ဖြစ်သွားပါပြီ ပီယသိဒ္ဓိပြီးမြောက်သော ရေလဲ ဖြစ်သွားပါပြီ

အဲသနပ်ခါးရည်ကို သပြေခက်လေးနဲ့ ခပ်ပြီး မိမိ အပါအဝင် အိမ်ရှိမိသားစု အကုန်လုံးကို ဦးခေါင်းထက်မှာ အနဲငယ် ဖြန်းပေးပါ ရောဂါဘယ အားလုံးကင်းပါလိမ့်မယ် ချစ်သူခင်သူ တွေပေါပြီး လူပုံအလည်မှာ မျက်နှာပန်းပွင့်ပါလိမ့်မယ် လာဒ်လာဘတွေတိုးပါလိမ့်မယ် တကယ်ပါ

အဲသနပ်ခါးရည်ကို အိမ်အဝင် တိုက်ခန်းအဝင် ဆိုင်အဝင်ဝတွေမှာ ပက်ဖြန်း ပါ ရောဂါဘယများ မိမိ နေအိမ် ဆိုင်အတွင်း သို့ မဝင်ရောက်နိုင်ပါဘူး

ယုံယုံကြည်ကြည့်လုပ်ကြည့်စေချင်ပါတယ် ရှေးဆရာ့ဆရာကြီးတွေ ညွှန်ပြသုံးစွဲ ခဲ့တဲ့ နည်းလေးကို ကျွန်တော်က ပြန်လည်ဖော်ထုတ်ပေးတါပါ ခဗျာ

ကျွန်တော်ထွင်တဲ့နည်းမဟုတ်ပါ

တန်ဆောင်မုန်းလပြည့်၏ ကမ္ဘီရသိဒ္ဓိဓာတ်များကြောင့် အားလုံး ရောဂါ ကင်း ဘေးကင်း ကြပါစေ

crd org post.

30/10/2022

Video crd

Photos from Ýuki Chan's post 29/10/2022

Hand Made. 😍💖

28/10/2022

Copy.. ပါ.. 🙆
🍒🍒🍒🍒🍒
ကိုယ့်ကို အလဲထိုးတဲ့ သူတွေကဘဲ ကိုယ် ပိုတော်ဘို့ လှုပ်ဆော် ပေးနိုင်တဲ့ အကောင်းဆုံး လူတွေ ပါဘဲ..😊

နာကျင်ရလဲ လက်ခံ ပေးရမယ်..💁

ဘဝက သင်ခန်းစာ ပေးဘို့ ကြုိးစား
နေတယ် လို့မှတ် ပါ..🙆

ဆုံးရှုံးမှုတိုင်း မှာ ရလာဘ် ဆိုတာ
ရှိတယ်...🙎 🚩

အနည်းဆုံးတော့ သင်ခန်းစာပေါ့...🙂

မျှော်လင့်နေရုံတော့ ဘာမှ ဖြစ်မ
လာ ဘူးး 🙃

ရည်မှန်းချက်တော့ ရှိဘို့ လိုမယ်လေ..

ဒါကြောင့် အလုပ်နဲ့ အကောင်ထည်
ဖော် ဘို့ လိုတယ်.. 💪

ဗဟုသုတ စာအုပ် စာပေတွေတော့
ဖတ်ပါရဲ့...📚📓📖

အသိဉာဏ်တွေ တိုးလာပြီး လက်တွေ့
အသုံး မချ တတ်ရင်တော့ ခင်များ က
စိတ်ကူးယွဥ် သမား သက်သက် ဘဲ.😏

မုန်းတိုင်း ဘယ်လောက် ထန်ထန် ငါး
ကြီးကြီး ရချင်ရင်တော့ ပင်လယ်ထဲ
သွား ရမှာ ဘဲ..🌈⛈🌫🌪🌊

27/10/2022

Jack Ma ရဲ့ အတွေးခေါ်ကောင်း
၆ ခု...
Vd crd

Photos from Ýuki Chan's post 26/10/2022

အသံမပါလဲ နားထောင်
တတ်ပါစေ..😢
စာမပါလဲ ဖတ်တတ်ပါစေ.💔
ကိုယ်တိုင်မပါလဲ ခံစားတတ်ပါစေ...💔

Crd

Photos from Ýuki Chan's post 26/10/2022

2 Colour
Price. 10500 ks

25/10/2022

Never Give Up. .🙆🥀

Vd.. crd

25/10/2022

Copy ယူခဲ့တာလေး 😊

24/10/2022

🚩 ပန်းတိုင် ကို အရောက်သွား
ချင်တဲ့ စိတ်လေး သာ ရှိပါစေ.🚩

Vd crd 🙆🥀
ဆရာဉာဏ်လင်းအောင်

Photos from Ýuki Chan's post 23/10/2022

ဘုရားတည်တိုင်း သာဓု မခေါ်နဲ့
ငါ့လူ...

ဘုရားမှာ ထုထည် အကြီးဆုံး ဖြစ်တဲ့
ဓမ္မရံသီကြီး ဘုရားကို တည်ခဲ့တဲ့
အလှူရှင်ဟာ

ဖခင် အလောင်းစည်သူ မင်းကြီးကို
ခေါင်းအုံးနှင့် ဖိသတ်ခဲ့တဲ့
နရသူမင်းပဲ။

သမိုင်းသိရင် မအဘူး ပြောချင်တာ။

#လူဝေးအိမ်

23/10/2022

ပြန်လည်ဝေမျှ ခြင်းသာ.
Vd crd
ဆရာဉာဏ်လင်းအောင်

Photos from Ýuki Chan's post 23/10/2022

ရေလိုအေးလို့ ပန်းလိုမွှေးပါစေ.

22/10/2022

ပြန်လည် မျှဝေခြင်းသာ

Vd crd
ဆရာဉာဏ်လင်းအောင်

Photos from Ýuki Chan's post 21/10/2022

ဆေးမပါ.. ❌
ဆားမငံ..❌
သဘာဝ အရသာ တိုင်း ငါးရံ့အချိုခြောက်လေးပါနော်.. 💯

အွန်လိုင်း ကမုိ့ အလေးမပြည့်မှာ မပူပါနဲ့
အထားလဲ ခံ အရသာလဲ ရှိတာမို့
လက်ဆောင်ပေးမယ်ဆိုလဲ အဆင်ပြေ.တဲ့...🎁🛍🛒🙆

ဧရာဝတီတိုင်း ဖျာပုံ မြုိ့က ရေချို
ငါးရံ ့ခြောက် များ လိုအပ်တယ် ဆို
မှာယူ အားပေး နိုင်ပါပြီ ရှင့်..😊

📲09404832675
09789605667

18/10/2022

မရှိအတူ ရှိအတူပေါ့ သမီးရာ တဲ့..
အဖေ့စကားးနဲ့ အားယူ
အမေ့စကား နဲ့ ကိုယ့်ကို ဂရုစိုက်ရင်းး

18/10/2022

တောင်ကြီး လက်ဖက်ခြောက်
တစ်ခါလောက် သောက်ကြည့် ပါလားး😁

18/10/2022

မဂ်လာရှိသော နေ့လေး ဖြစ်ပါစေ.🥀🙏

14/10/2022

* ဒါဟာ ဘဝပဲ *

အဝတ်ဗလာနဲ့ လာခဲ့တယ်။
အဝတ်တစ်ထည်, ကိုယ်တစ်ခုနဲ့ပဲ
ပြန်သွားကြရတယ်

ငိုကြွေးပြီး ရောက်လာကြတယ်။
ငိုကြွေးကြပြီး ပြန်သွားရတယ်။

ဥစ္စာဓန ပစ္စည်းတွေ မပါဘဲ လာခဲ့တယ်။
ဥစ္စာဓန ပစ္စည်းတွေ ထားပြီးပဲ ပြန်ရမယ်။

တစ်စုံတစ်ယောက်ကပဲ
ပထမဆုံး ရေချိုးပေးသလို..
တစ်စုံတစ်ယောက်ကပဲ
နောက်ဆုံး ရေချိုးပေးမှာပါပဲ။

ဒါဟာ-ဘဝပဲ

ဘာကြောင့်များ
အငြိုးတေးတွေ၊ မာန္မာနေတြ
အမုန်းတွေ၊ မကျေမချမ်းမှုတွေ၊
လောဘ ဒေါသ မောဟ တွေ
များနေကြရမှာပါလဲ...???

လက်ဗလာချည်း ပြန်ကြပေမယ့်
သူတွေချည်းပါပဲ။

ကြင်နာပါ။
တစ်ဦးနဲ့တစ်ဦး ဖေးမပါ။
ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်ရမှာက
အကန့်အသတ်လေးနဲ့မို့...
အချိန်တွေကို တန်ဖိုးထားကြပါ။

တကယ်ဆို-
ဘဝမှာ ကုသိုလ်,အကုသိုလ်ကံကလွဲပြီး
ကိုယ့်နောက်ပါတာ ဘာတစ်ခုမှ မရှိနေပါဘူး။

crd_to_original uploader.

ပြန်လည်မျှဝေခြင်း သာ.

09/10/2022

Crd 🥀

09/10/2022

ပျော်ရွှင်စရာသီတင်းကျွတ်လေး
ဖြစ်ပါစေ 🥀🙏🙆

Videos (show all)

Vd crd 🙆
Video crd
Jack Ma ရဲ့ အတွေးခေါ်ကောင်း  ၆ ခု...   Vd crd
Never Give Up. .🙆🥀  Vd.. crd
🚩 ပန်းတိုင် ကို အရောက်သွားချင်တဲ့ စိတ်လေး သာ ရှိပါစေ.🚩Vd crd 🙆🥀ဆရာဉာဏ်လင်းအောင်
ပြန်လည်ဝေမျှ ခြင်းသာ. Vd crdဆရာဉာဏ်လင်းအောင်
ပြန်လည် မျှဝေခြင်းသာ   Vd crdဆရာဉာဏ်လင်းအောင်
Video crdပြန်လည်မျှဝေသည် "

Website