UNIVERSE 宙.

UNIVERSE 宙.

.....................

09/07/2023

တစ်မတ်တန် လှေကလေးက ဘာရောင်လဲ
တစ်ဖက်ကမ်းမှာ ဘာတွေရှိလဲ
ဘယ်တောင်စွယ်နေကွယ်မှ ငါလွတ်လပ်နိုင်မလဲ ။ ။
//SawAiteKhon
//U.N.I.V.E.R.s.e

09/06/2023

သေပြီးသားလူတစ်ယောက်လုံး
ကိုယ့်ရှေ့ရောက်လာနေတောင်
အသက်အန္တရာယ်ရှိတယ်ဆိုတော့
ခင်ဗျား ဗေဒင်မဟောတက်သေးဘူးပဲ ။ ။
//SawAiteKhon
//U.N.I.V.E.R.s.e

08/06/2023

"စိတ်" ပူတယ်။
လူတစ်ယောက်အတွက်
မင်းအလုပ်လုပ်မှာကို ငါစိတ်ပူတယ်
အရာအားလုံးကိုမေ့ပစ်ဖို့၊သေချင်တာမျိုးပေါ့ ။
ငါတောင်မအောင်မြင်ခဲ့ဘူးလေ ။ ။
//SawAiteKhon
//U.N.I.V.E.R.s.e

06/06/2023

"accident"

အရှိန်ကမပြင်းလို့ သက်သာရတယ် ။

အရှိန်မပြင်းလို့ နစ်နာရတယ်။

ချောက်ကမနက်လို့ သက်သာရတယ်။

ချောက်ကမနက်လို့နစ်နာရတယ် ။

သေနိုင်လောက်တဲ့အရာတွေနဲ့ကြုံတိုင်း

မသေချင်တဲ့သူက မသေလို့သက်သာရတယ် ။

သေချင်တဲ့သူက မသေလို့နစ်နာရတယ် ။ ။

//SawAiteKhon
//U.N.I.V.E.R.s.e

05/06/2023

စိတ်ကသူအလုပ်သူလုပ်ပြီး
ကိုယ်ကို...ဒုက္ခပေးတယ်။
မိုးတွေရွာနေပြန်ပြီ....သိပ်ပူတာပဲ ။ ။
//SawAiteKhon
//U.N.I.V.E.R.s.e

29/05/2023

လူတိုင်းက မင်းလိုမဟုတ်ဘူး ဘယ်သူကိုမှ မယုံနဲ့တဲ့။
မင်းကတော့ချစ်လို့သတိပေးပြီးမှ သတ်တာပဲ
ကိုယ်က ငတုံးဆိုတော့သေတယ်။ ။
//SawAiteKhon
U.N.I.V.E.R.s.e

26/05/2023

ဘရိတ်နင်းသံ အရှည်ကြီးလည်းမကြားရဘူး ။
အမြင်တွေလည်း ပြာနှမ်းမသွားဘူး ။
ငါ့ကိုကြည့်ပြီး ငိုနေတဲ့လူတွေကိုလည်း စကားလိုက်မပြောဘူး ။
ဒါပေမယ့် ငါသေခဲ့တယ် ။ ။
//SawAiteKhon
U.N.I.V.E.R.s.e

26/05/2023

"စိတ်"
တစ်ခုခုဖြစ်ဖို့ပူရ ၊ တစ်ခုခုဖြစ်လို့ပူရ ။
ဘာမှမဖြစ်လို့ပူရ ၊ ဘာမှမဖြစ်ဖို့ပူရ ။
ဖြစ်လို့ပူရ ။ မဖြစ်ဖို့ပူရ ။
ဖြစ်​အောင်ပူရ ၊ မဖြစ်အောင်ပူရ ။ ။
//SawAiteKhon
//U.N.I.V.E.R.s.e

17/05/2023

မနေ့က စွန်အသစ်ကို မလိုချင်ဘူးလို့
ခါးခါးသီးသီး ငြင်းတဲ့ကလေးက
ဒီနေ့သူစွန်အဟောင်းရဲ့အကြောင်းကို မပြောတော့ဘူး။
အင်းပေါ့လေ..မင်းလည်း ကလေးစိတ်မှမကုန်သေးတာကိုး ။ ။
//SawAiteKhon
//U.N.I.V.E.R.s.e

12/05/2023

နင်မတရားဘူးဟာ တော်ပြီ...ဆက်ပြီးမကစားတော့ဘူး။
တုတုရေလို့မအော်ပဲနဲ့လည်း...ပျောက်သွားသေးတယ်။
ဝါး...ဆိုပြီးတော့လည်း ပြန်ပေါ်မလားဘူး ။ ။
//SawAiteKhon
//U.N.I.V.E.R.s.e

12/05/2023

အဆိပ်မိမှ မဟုတ်ပါဘူး..။
တစ်စုံတစ်ယောက်က ငါ့ကိုတကယ်ချစ်တယ်လို့
ထင်မိရင်လည်း သေနိုင်တာပဲ ။ ။
// AL
//U.N.I.V.E.R.s.e

11/05/2023

ရယ်ရယ်မောမောပြောနေတာလေးကို ငေးကြည့်မိတော့။
"နင်မကြိုက်ရင် ငါမပြောတော့ဘူး"တဲ့လေ ။
မဟုတ်တာပဲကွယ်...မင်ပျော်ပြီးပြောရင်...။
ဘယ်သူအကြောင်းပဲဖြစ်ဖြစ် ကိုယ်ကြိုက်ပါတယ် ။ ။
//SawAiteKhon
//U.N.I.V.E.R.s.e

30/03/2023

တစ်ဦးတစ်ယောက်ဆီက ဂရုစိုက်မှုကို
အသည်းအသန်လိုအပ်တဲ့အခါ ဘာကိုမှ
ဂရုမစိုက်ဘူးလို့ ကျနော်တို့က ညာခဲ့ကြတယ်။
လိမ်ပြောတာမကြိုက်တဲ့သူတို့က ဒါကိုယုံတယ်
ဝမ်းနည်းစရာပဲ ။ ။
.N.I.V.E.R.S.E

13/03/2023

မေတ္တာအစစ်ကလေး​ကြောင့် ဆူးသွားမှာပဲ
စိုးရိမ်မိတာပါ သူများတွေမှမဟုတ်တာအချစ်ရယ်
မင်းဖြစ်နေတာပဲ ကိုယ်ခွင့်လွှတ်ပါတယ် ။ ။
//AiteAlonea
//U.N.I.V.E.R.S.E

29/12/2022

အမှတ်မရှိတာကိုပဲ နာကျင်ကောင်းမှန်းမသိတဲ့
ဒဏ်ရာလေးဆိုပြီး ယုယုယယနဲ့မွေးမြူနေမိတယ်။
ဘယ်တက်နိုင်မလဲ မစံပယ်ရယ် ကျနော်တစ်ခုကံတစ်ပေါ့ ။ ။
//SawAiteKhon
//U.N.I.V.E.R.S .E

26/12/2022

မမေ့နိုင်ခြင်းရဲ့အစဟာ
မေ့ပစ်ဖို့ကြိုးစားတာဖြစ်တော့
မမေ့ရဲတဲ့လူတွေက သေရဲတဲ့အကြောင်းကိုပြတယ်။
ကျနော် သတိရတယ် "မစံပယ်"။ ။
//SawAiteKhon
//U.N.I.V.E.R.S.E

05/12/2022

ဘယ်သူမှမရှိလည်း"ဖြစ်"တယ်ဆိုတာ
မသေ"ဖြစ်"ရုံပါ "မစံပယ်"ရယ်။
လူစိတ်ပေါက်လည်းလွမ်းတယ်
လူစိတ်ပျောက်လည်း လွမ်းတယ်။
ပျော်အောင်နေပါ "မစံပယ်"ရေ..။
ကိုယ့်ချောက်ကိုယ်ချပြီး ချစ်မိတဲ့အခါ
အသက်ရှင်ရတာလည်း မျက်နှာငယ်စရာပဲ။ ။
//SawAiteKhon
//U.N.I.V.E.R.S.E

02/12/2022

သတိရလိုက်တာအစ်မရယ်ဆိုတာ
လောက်ကလည်း မေတ္တာပါပဲ မစံပယ်ရယ်။
အကြောင်းပြချက်က သိရင်စိတ်ညစ်ရမှာဆိုလို့တဲ့လေ
မပြောလိုက်ပဲ နေလိုက်ရတဲ့သတိရခြင်းတွေ...။ ။
//SawAiteKhon
U.N.I.V.E.R.S.E

15/11/2022

အစိမ်းရောင်တွေက အဝါပြောင်လားတယ်။
ရာသီဥတုက နည်းန​ည်းချင်းအေးလာတယ်။
ချစ်မိတဲ့လူတချို့ခံစားရတယ်ဆိုတာလည်း
သဘာဝပဲ ။ ။
//U.N.I.V.E.R.S.E
//SawAiteKhon

08/11/2022

ပျော်စရာတွေက ကျော်စရာ
ကြော်ငြာတွေဖြစ်တဲ့ခေတ်ကြီးထဲမှာ
ပျောက်သွားတဲ့ဖိနပ်ကလေးကိုလည်း
ပြန်မရှာတော့ဘူး။စီးသူမဲ့ဖိနပ်တွေကိုလည်း
မမြင်ချင်တော့ဘူး။ပြီးတော့ မင်းကိုလည်း
မလွမ်းချင်တော့ဘူး ။ ။
//U.N.I.V.E.R.S.E
//SawAiteKhon

04/11/2022

ကျနော်တိို့နှစ်ယောက်ဆိုတဲ့ လမ်းလေးရဲ့အဆုံးမှာ
သူတို့ပျော်ရွှင်ပါစေနဲ့ ကျေနပ်ရတာလည်း
ဝမ်းနည်းစရာပါပဲ ။ ။
//U.N.I.V.E.R.S.E
//SawAiteKhon

28/10/2022

တောင်တွေကိုဖြတ်ပြီး သွားတဲ့ရထားတွေအကြောင်း ကိုယ်မပြောလည်း မင်းသိမှာပါ ။
တိတ်ဆိတ်သွားမယ် ပြန်ကြားရမယ်
တချို့တွေပြန်တွေ့တယ် ကိုယ်တို့ဝေးခဲ့ရတယ် ။ ။

//U.N.I.V.E.R.S.E
//SawAiteKhon

27/10/2022

မုန့်ဟင်းခါးစားဖို့သွားပြီး
စီးကရက်မှာတဲ့အထိ စိတ်ကလွတ်တယ်။
စိတ်မှာရတာကလွဲရင်း "မြတ်"သွားရုံ
ဒဏ်ရာလေးပါ တကယ်မဟုတ်ဘူးဆိုတောင်
ကျနော်ကိုချစ်ခဲ့တာပဲ ကျေနပ်ပါတယ်။ ။
//U.N.I.V.E.R.S.E
//SawAiteKhon

25/10/2022

သေရမှာကို မကြောက်တဲ့ကောင်ပေါ့ အချစ်ရယ်
သူကလူတစ်ယောက်နဲ့ ဝေးရမှာကိုတော့ ကြောက်တယ် ဒါနဲ့ကျနော်ကို မထားခဲ့ပါနဲ့ ။ ။
//U.N.I.V.E.R.S.E
//SawAiteKhon

24/10/2022

တစ်ယောက်ယောက်ကိုယ့်ကိုကိုယ်
သက်သေသွားတဲ့ သတင်းကိုမြင်ရင် ဝမ်းနည်းသလိုအားလည်းအားကျတယ်။ပြီးတော့ ရပ်ခဲ့ဖူးတဲ့ အဆောက်အအုံတွေကို သတိရတယ်။ရေစီးသန်တဲ့ မြစ်တွေချောင်းတွေကို
သတိရတယ်။ရထားလမ်းတွေကို သတိရတယ်။
ပြီးတော့ နောင်တရတယ် ။ ။
//U.N.I.V.E.R.S.E
//SawAiteKhon

23/10/2022

တစ်ယောက်ယောက်ကချန်ခဲ့လိုက် ။
တစ်နေရာရာမှာ ကျန်ခဲ့လိုက် ။
မပြည့်စုံမှုတွေက အပိုအလိုမရှိပြည့်စုံတဲ့အခါ...။
အထီးကျန်တယ်လို့ပြောပြီး တစ်ယောက်ထဲနေရ
တာလည်း ဘဝပဲ ။ ။
//U.N.I.V.E.R.S.E
//SawAiteKhon

21/10/2022

လဲကျရင်ပြန်ထရမယ် သိပ်လွယ်တာပဲ။ဒါနဲ့...
ခင်ဗျာ ဘယ်လောက်အမြင့်ကပြုတ်ကျဖူးလဲ။
ကျနော်က ဘယ်တော့မှထားမသွားဘူးနော်ဆိုတဲ့
အကိုင်းကနေ ပြုတ်ကျဖူးတယ် ။ ။
//U.N.I.V.E.R.S.E
//SawAiteKhon

20/10/2022

ကျနော်က သို့/ နဲ့ စပြီး အချစ်နဲ့ဆုံးတဲ့
ခေါက်ရိုးတည့်တည့်က အချိုးလေးပါ ။
လိုလို့ဖြစ်ဖြစ် ပိုလို့ပစ်ပစ်ပေါ့အချစ်ရယ်..။
တစ်ယောက်တည်းပျော်တဲ့အခါ တစ်ယောက်တည်း
နေပါ။တစ်ယောက်ယောက်နဲ့မှပျော်တဲ့အခါ
တစ်ယောက်ယောက်နဲ့နေပါ ။ ။
//UNIVERSE
//SawAiteKhon

19/10/2022

သတိရတယ်လို့ မပြောချင်တော့
တိုက်ဆိုင်တယ်ပေါ့ အချစ်ရယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒီနေ့လည်းငိုဖြစ်ခဲ့တယ်။ ။
//UNIVERSE
//SawAiteKhon

30/05/2022

တစ်ဖက်က စိတ်ကူးတွေနဲ့
အနာဂတ်ကို မျက်လှည့်ပြတဲ့အခါ
လက်တွေ့ကြကြ ခံစားမိသူတွေက
အတိတ်မှာမျက်စိလည်ပြီး ကျန်ခဲ့ရတယ်။ ။

// SawAiteKhon

Videos (show all)

ဒါကတော့ ဆရာနွေသစ်ငြိမ်းရဲ့ လရိပ်မှာလွမ်းရတယ် စာအုပ် giveaway ရဲ့ winner နှစ်ယောက်ပဲဖြစ်ပါတယ်
ဒါကတော့ ဆရာစစ်ငြိမ်းရဲ့ မသေပါနဲ့မနှင်းဆီ စာအုပ် giveaway ရဲ့ winner သုံးယောက်ပဲဖြစ်ပါတယ်

Website