Rapun Education

Rapun Education

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rapun Education, Education, .

19/06/2022

မြန်မာသင်္ချာ(ကိန်း) တွေကို ပျော်ပျော်ပါးပါးလေ့လာသင်ယူနေတဲ့ မီးမီးလေး❣️

10/06/2022

Grade-1မီးမီးလေးများရဲ့ Art & Craft🧑‍🎨

Photos from Rapun Education's post 10/06/2022

Worksheets for kids(10 pages).
Free pdf: https://dailyenglish123.com/worksheet2.html
Telegram group: https://t.me/worksheet4free
to original uploader

English Grammar Foundation 10/06/2022

https://www.facebook.com/101255708792154/posts/342492814668441/

English Grammar Foundation အသက် (၅) နှစ် မှ (၇) နှစ်အရွယ် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း တက်မယ့်ကလေးများအားလုံး အတွက်

03/06/2022

Greetings ဆိုတဲ့ သင်ခန်းစာလေးကို လေ့လာကြမလို့ handshake ထိရောက်အောင် warm upလုပ်နေကြတာတဲ့🥳
How lovely you all are! 🍒

Photos from Rapun Education's post 31/05/2022

with Maths
to original uploader

30/05/2022

Heyy..heyy..
ရေသူမရေ...ကုန်းလား ရေလားဟေ🧜
ဆိုတဲ့ ကစားနည်းလေး ဆော့ကစားပြီး ကမ္ဘာမြေကြီးရဲ့ အကြောင်းကို play dough ပြုလုပ်ပြီး လေ့လာခဲ့ပုံလေးကို ဝေမျှပေးလိုက်ပါတယ်။
You all are smart kids!🧑‍🔬
Grade(1) သားသားမီးမီးလေးတွေအတွက် June Intake ကမနက်ဖြန်စပြီမို့ အပြေးလေး လာjoinလိုက်ပါဦးနော်👇
https://m.facebook.com/story.php?story_fbid=117284190977602&id=102966469076041

27/05/2022

https://www.facebook.com/104866624568339/posts/562451002143230/

အားလုံးပဲမင်္ဂလာပါ🤩

Kidiscite ရဲ့ Knowledge Sharing Session လေးကနေ ပြန်လည်ကြိုဆိုပါတယ်💁🏻‍♀️

ဒီတစ်ပတ်မှာတော့ ကြင်နာတတ်ပြီး ချစ်ဖို့ကောင်းတဲ့ သားသားမီးမီးလေးတွေဖြစ်ဖို့ ဖတ်သင့်တဲ့ Story Website လေးတွေ ဝေမျှပေးချင်ပါတယ်။ ဒီနေ့ ဝေမျှပေးမယ့် အကြောင်းအရာလေးကတော့ သားသားမီးမီးတို့ရဲ့ စာဖတ်စွမ်းရည်တိုးတက်စေဖို့သာမက လိမ္မာပြီး စိတ်ထားကောင်းတဲ့ ကလေးလေးတွေဖြစ်ဖို့ ရည်ရွယ်ပါတယ်။ မိမိတို့သားသားမီးမီးလေးတွေကို လူတော်လေးတွေသာမက လူကောင်းလေးတွေ ဖြစ်စေချင်တယ်ဆိုရင်တော့ ငယ်ရွယ်စဥ်ကတည်းက ကိုယ်ကျင့်တရားကောင်းမွန်ဖို့ သင်ခန်းစာလေးတွေပါဝင်တဲ့ အောက်ပါ Website တွေက ပုံပြင်လေးတွေကို ပေးဖတ်သင့်ပါတယ်။

✨Bedtime Stories
https://freestoriesforkids.com/

Free stories for kids website ထဲက Bedtime Stories ဆိုတဲ့ session လေးမှာတော့ သားသားမီးမီးငယ်စဥ်ကတည်းက သိသင့်တဲ့ အကြောင်းအရာလေးတွေကို Topic အမျိုးမျိုးနဲ့တွေ့နိုင်ပါတယ်။ Respect(လေးစားမှု)၊ Family (မိသားစု) နဲ့ love(ချစ်ခြင်းမေတ္တာ) စတဲ့ ခေါင်းစဥ်လေးတွေအောက်မှာ သက်ဆိုင်ရာပုံပြင်လေးတွေကို ရွေးချယ်ဖတ်ရှုနိုင်ပါတယ်။ Stories of Respect Topic လေးအောက်မှာဆို တပါးသူကို လေးစားမှုရှိတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ၊ မလေးစားတတ်တဲ့သူဟာ ဘယ်လို ဆုံးရှုံးမှုတွေရှိနိုင်လဲစတဲ့ သင်ခန်းစာတွေပါတဲ့ ပုံပြင်တိုလေးတွေကို ဖတ်နိုင်ပါတယ်။

✨Kids World Fun
https://www.kidsworldfun.com/shortstories.php

သားသားမီးမီးတို့ကို ကောင်းမွန်တဲ့အကျင့်စရိုက်တွေ၊ စိတ်နေစိတ်ထားတွေကို သင်ပေးချင်တဲ့ ဖေဖေမေမေတို့အတွက် အထူးညွှန်းပေးချင်တဲ့ Website လေးကတော့ Kids World Fun ပဲဖြစ်ပါတယ်။ ဒီ Website လေးမှာ ပါဝင်တဲ့ ပုံပြင်လေးတွေက ကလေးတွေရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို တိုးတက်စေရုံသာမက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအတွက်လည်း တန်ဖိုးရှိတဲ့ အတွေးအခေါ် ကောင်းတွေ ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ယုန်နဲ့လိပ်ကဲ့သို့ ကလေးများနှင့်ရင်းနှီးပြီးသား ပုံပြင်များရဲ့ မူရင်းအင်္ဂလိပ်ပုံပြင်များလည်း အများအပြားပါဝင်တာကြောင့် ကလေးများ စိတ်ဝင်စားစေမှာ အမှန်ပါပဲ။ ပုံပြင်လေးတွေရဲ့အဆုံးမှာလည်း သင်ယူစရာသင်ခန်းစာလေးတွေ၊ ပုံပြင်လေးနဲ့ဆက်စပ်တဲ့ စကားပုံ(Proverb) လေးတွေ အပြင် ဥပမာလေးတွေပါပေးထားပါသေးတယ်။ Main page လေးရဲ့ အောက်မှာလည်း popular stories လေးတွေ ထုတ်နှုတ်ပေးထားတဲ့အတွက် နှစ်သက်ရာခေါင်းစဥ်လေးကို အလွယ်တကူရှာလို့ရပြီး ကလေးတွေအတွက် Highly Recommend ပေးပါတယ်။

✨Storyberries
https://www.storyberries.com/?msclkid=0aabaa41d02211ecac66036ff303fcae

Storyberries ဆိုတဲ့ Website လေးကတော့ ကလေးတွေအတွက် ရုပ်ပြပုံပြင်လေးတွေကို ဖတ်ရှုနိုင်တဲ့ Website လေးပဲဖြစ်ပါတယ်။ 5 minutes stories, 10 minutes stories စသဖြင့် ခွဲထားသလို ပုံပြင်တစ်ပုဒ်ချင်းစီမှာ ဖတ်ဖို့သင့်တော်တဲ့ အသက်အရွယ်အပိုင်းအခြားကိုလည်း ဖော်ပြထားတာကြောင့် သားသားမီးမီးတို့အတွက် အကောင်းဆုံးရွေးချယ် ဖွင့်ပြနိုင်ပါတယ်။ ပုံပြင်တစ်ပုဒ်ချင်းစီရဲ့ အဆုံးမှာလည်း အမူအကျင့်ကောင်းတွေကို တန်ဖိုးထားတတ်အောင် သားသားမီးမီးတို့အတွက် တွေးခေါ်စရာ၊စဥ်းစားစရာ မေးခွန်းအချို့လည်း ပါဝင်ပါတယ်။ ရုပ်ပုံလေးတွေပါဝင်လို့ စာချည်းဖတ်ရမှာ ပျင်းတဲ့သားသားမီးမီးတို့အတွက် အထူးညွှန်းပေးချင်ပါတယ်။

✨Storynory
https://www.storynory.com/?msclkid=0bdbb791d02511eca45159a2e7a22974

ပုံပြင်နားထောင်ရတာ ကြိုက်တဲ့သားသားမီးမီးလေးတွေရှိရင် storynory မှာလာတန်းစီပေးပါနော်။ Main Page လေးရဲ့ Menu မှာတော့ Original Stories, Fairy Tales နဲ့ Junior Stories တွေအပါအဝင် Topic 7ခု တွေ့ရမှာပါ။ (10) နှစ်အောက်ကလေးငယ်လေးတွေအတွက် Junior Stories ဆိုတဲ့ Topic လေးက အထူးသင့်တော်ပါတယ်။ 3မိနစ်စာပုံပြင်တိုလေးတွေကို အသံဖိုင်လေးတွေနဲ့အတူ တင်ပေးထားပါတယ်။ ဆယ်ကျော်သက်ကလေးငယ်များအတွက်ကတော့ Original Stories နဲ့ Fairy Tales Topic လေးတွေက သင့်တော်ပြီး ပုံပြင်ရှည်များကို အသံဖိုင်နှင့်တူတူ နားထောင်လို့ရပါတယ်။ The Grasshopper and the Ants (ပုရွက်ဆိတ်နှင့် နှံကောင်) လို ပုံပြင်လေးတွေကို စိတ်ဝင်စားဖွယ်အသံလေးတွေနဲ့ နားထောင်ရမှာဖြစ်လို့ ကလေးများပိုစိတ်ဝင်စားစေပါတယ်။ ဒါအပြင် ပုံပြင်ထဲကနေ ဘဝသင်ခန်းစာတွေကိုလည်း ကလေးများ သင်ယူသိရှိနိုင်ပါတယ်။

✨Top 20 Short Moral Stories for Children
https://parenting.firstcry.com/articles/top-20-short-moral-stories-for-children/?amp

ဒီ Website လေးမှာတော့ သားသားမီးမီးတို့ကို ပုံပြင်လေးတွေပဲ သီးသန့်ပြောပြချင်၊ ဖတ်ပြချင်တဲ့ ဖေဖေမေမေတို့အတွက် ပုံပြင်အပုဒ် (20) ပါဝင်ပါတယ်။ ပုံပြင်တစ်ပုဒ်ချင်းစီရဲ့ အဆုံးမှာလည်း ဒီပုံပြင်ကနေ သင်ယူစရာ သင်ခန်းစာလေးတွေ အတုယူစရာလေးတွေကို ဖော်ပြထားပါသေးတယ်။ အိပ်ရာဝင်ပုံပြင်အနေနဲ့ ဖတ်ပြချင်တဲ့ ဖေဖေမေမေတို့အတွက်လည်း ပုံပြင်တိုလေးတွေအဖြစ် ဖတ်ပြနိုင်ပါတယ်။ သားသားမီးမီးတို့ ကိုယ်တိုင်ဖတ်ဖို့အတွက်လည်း ရိုးရှင်းတဲ့စာကြောင်း၊ လွယ်ကူတဲ့ဝေါဟာရလေးတွေနဲ့ စာပိုဒ်တိုလေးတွေဖြစ်တာကြောင့် အလွယ်တကူဖတ်နိုင်ပါတယ်။ အဓိကအားဖြင့် စာဖတ်ကျင့်ကို စတင်ပျိုးထောင်နေသော ကလေးတွေအတွက် Highly Recommend ပေးပါတယ်။

✅ကလေးငယ်များကို စာတော်ဖို့ စာတွေ ပညာတွေသင်ပေးသင့်သလို လူတော် လူကောင်းလေးတွေဖြစ်ဖို့ ငယ်စဥ်ကတည်းက အမူအကျင့်ကောင်းအပြုအမူကောင်းတွေကို သင်ပြပေးသင့်ပါတယ်။ ကြင်နာတတ်တဲ့ ကလေးငယ်များဟာ ကြီးလာတဲ့အခါ ကိုယ်ချင်းစာတရားမြင့်မားသော၊ သမာဓိရှိသော လူကြီးများဖြစ်လာစေမှာ မလွဲဧကန်ပဲဖြစ်ပါတယ်ရှင်။ ဒါကြောင့် သားသားမီးမီးတို့ကို အမူအကျင့်ကောင်းလေးတွေ ပျိုးထောင်ပေးဖို့ ယနေ့ပဲစတင်လိုက်ကြပါလို့ အကြံပေးတိုက်တွန်းလိုက်ရပါတယ်ရှင်။

Resource reference by Tr Elleya
Content Writer - Helen

21/05/2022

We go up to the sky!
Let's see our solar system!🧑‍🚀
For Grade(1)👇
https://www.facebook.com/102966469076041/posts/117284190977602/

Photos from Rapun Education's post 21/05/2022

My Body Worksheets - Free Printable
Click the link to download worksheets in PDF format: https://worksheetswithfun.com/course/view.php?id=15§ion=3
to original uploader

18/05/2022

G-10 Free class
https://www.facebook.com/103968695649302/posts/111625138216991/

📢 𝙂𝙧𝙖𝙙𝙚-10 (𝙉𝙚𝙬 𝘾𝙪𝙧𝙧𝙞𝙘𝙪𝙡𝙪𝙢) ပညာဒါနအတန်း (Batch - 1) ခေါ်ယူခြင်း 📢

Classic Learning Academy Page လေးစဖွင့်တဲ့အနေနဲ့ Grade-10 ကျောင်းသား/သူများအတွက် 100% Free Class ပညာဒါနအတန်းလေးကို ခေါ်ယူသွားမှာဖြစ်ပါတယ်

အခြေခံပညာကျောင်းသားကျောင်းသူများအတွက် ပညာ‌ရေးတိုးတက်စေရန် ရည်ရွယ်ပြီး ဒီပညာဒါနအတန်းလေးကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။

📌 ဘာတွေသင်ကြားပေးမှာလဲ

Grade -10 (သင်ရိုးသစ်) English နဲ့ Chemistry ဘာသာရပ်နှစ်ခုကို ပညာဒါနအဖြစ် သင်ကြားပေးသွားမှာပါ။

📙 English မှာ Unit 12 ခုရှိတဲ့အထဲက Unit 1 to 3 ကိုသင်ကြားပေးမှာဖြစ်ပြီး 4 skills နဲ့ Grammar အပြင် နောက်ထပ် သိသင့်တဲ့ knowledge တွေကိုလည်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်

📙 Chemistry ကတော့ Chapter 8 ခုရှိတဲ့အထဲက Chapter (1) နဲ့ Chapter (3) ကို သင်ကြားပေးသွားမှာဖြစ်ပါတယ်

📌 ဘယ်လိုသင်ကြားပေးမှာလဲ

Zoom Platform ကို အသုံးပြုသွားမှာဖြစ်ပြီး သေချာပြင်ဆင်ထားတဲ့ PowerPoint နဲ့အတူ ထိရောက်စွာ သင်ကြားပေးမှာပါ။
Online Class မလို့
- မထိရောက်မှာစိုးတာမျိုး၊
- စာသင်ရတာ စိတ်ကျဉ်းကြပ်တာမျိုး၊
- ပျင်းစရာကောင်းတာမျိုး လုံးဝမရှိစေဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဒီစာသင်ချိန်ခဏလေး‌ကို အကျိုးရှိစွာအသုံးချနိုင်မှာ ဖြစ်ပါတယ်။

📌 ဘယ်လိုကလေးတွေတက်ရောက်နိုင်မလဲ

Grade -10 (စနစ်သစ်) တက်ရောက်မယ့် မည်သည့်ကျောင်းသားကျောင်းသူမဆို တက်‌ရောက်နိုင်ပါတယ်။

👉🏻 အတန်းစမည့်ရက်

English - 25.5.2022
Chemistry - 25.5.2022

👉🏻 အတန်းချိန်

မီးပျက်တဲ့အခြေအနေ‌တွေကြောင့် ဘာသာရပ်တစ်ခုစီအတွက် တစ်ပတ်မှာ သုံးရက်ပဲ စီစဉ်ထားပါတယ်။
English - Mon, Wed, Fri
- 7:00 pm to 8:30 PM
Chemistry - Wed, Thu, Sat
- 4:00 pm to 5:30 pm

👉🏻 သင်တန်းကာလ

သင်တန်းကာလကတော့ ဘာသာရပ်တစ်ခုစီအတွက် ၂ လ သတ်မှတ်ထားပါတယ်

အတန်းပြီးဆုံးချိန်မှာ ဘာသာရပ်အလိုက် သင်ပြီးတဲ့အထိ Test ဖြေဆိုရမှာဖြစ်ပြီး စာသေချာလိုက်လုပ်ပြီး အမှတ်ကောင်းကောင်းရတဲ့ ကျောင်းသားကျောင်းသူများအတွက်လည်း ဆက်လက်တက်ရောက်နိုင်ရန် အထူးအခွင့်အရေးများ စီစဉ်ပေးသွား‌မှာဖြစ်ပါတယ်။

ပညာဒါနအတန်းဖြစ်ပေမယ့် ကျောင်းသားတစ်ယောက်ချင်းဆီကို သေချာသင်ကြားပေးချင်တဲ့အတွက်ကြောင့် ကျောင်းသား‌ေကျာင်းသူဦး‌ေရ အနည်းငယ်သာ လက်ခံသွားပါမယ်။

ဒါ့အပြင် ပညာဒါနအတန်းမို့ ပေါ့ပေါ့တန်တန် သဘောမထားရအောင် ‌‌အောက်ပါ စည်းကမ်းချက်များကို လိုက်နာနိုင်မှသာ လာရောက်လျှောက်ထားစေချင်ပါတယ်။

📌📌📌
ပညာဒါနအတန်း တက်ရောက်လိုသူများ လိုက်နာရမည့် စည်းကမ်းချက်များ

- စာကိုစိတ်ဝင်တစားနဲ့ သေချာလိုက်လုပ်ရပါမယ်။
- အိမ်စာပုံမှန်ထပ်နိုင်ရပါမယ်။
- အတန်းကို အချိန်မှန်တက်ပေးနိုင်ရပါမယ်။ ( ၃ ကြိမ်ထက်ပို၍ ခွင့်မဲ့ ပျက်ကွက်သူများကို အတန်းမှ ထုတ်ပယ်သွားမှာဖြစ်ပါတယ်။)

📎📎📎
ဒီပညာဒါနအတန်းလေးကို တက်ရောက်မယ်ဆိုရင်

- ပထမဆုံး Page ကို Like & follow လုပ်ပေးရပါမယ်။
- သူငယ်ချင်း (၂) ယောက်ကို Tag တွဲပြီး ဒီ post လေးကို Share ပေးရပါမယ်။
- Share ထားတဲ့ Screenshot ကို အမည်၊ အသက်၊ တက်ရောက်လိုသည့်ဘာသာရပ်၊ နေထိုင်ရာမြို့နဲ့အတူ page messenger မှာ ပို့ပေးရမှာဖြစ်ပါတယ်။

➡️သတ်မှတ်ထားတဲ့အတိုင်း လုပ်ဆောင်ပေးမှသာ အတန်းလက်ခံပေးသွားမှာဖြစ်ပါတယ်⬅️

မှတ်ချက် - သင်ခန်းစာကို အချိန်မှန်လိုက်လုပ်နိုင်သူများအနေနဲ့ နှစ်ဘာသာလုံး တက်ရောက်လိုပါကလည်း တက်ရောက်နိုင်ပါတယ်။

နောက်ထပ်လည်း ပညာဒါနအတန်းများ ဆက်လက်ခေါ်ယူသွားမှာဖြစ်တဲ့အတွက် page ကို like & follow လုပ်‌ပြီး စောင့်ကြည့်ပေးကြဖို့ အသိပေးချင်ပါတယ်ရှင်

Photos from Rapun Education's post 17/05/2022

Plant parts & plant life cycle ကိုကြိုးစားလေ့လာခဲ့ကြတဲ့သားသားမီးမီးလေးများ✨
You all are bright stars,kids!
Grade(1)သားသားမီးမီးလေးများအတွက် June Intake တန်းခွဲသစ်လေးလည်း ဖွင့်လှစ်ပေးထားပါတယ်နော်👇
https://www.facebook.com/102966469076041/posts/117284190977602/

16/05/2022

https://www.facebook.com/1847986011910526/posts/5974414325934320/

📕Free Learning & Teaching Resources📕
အခမဲ့ သင်ကြား/သင်ယူမှု သင်ရိုးစာအုပ်များ

(အသက် ၃နှစ်မှ ၁၂ထိ ကလေးများအတွက် Age 3 to 12)

🖍️👶🖍️✏️📝🖊️🖋️✒️📌📘📗🎀🎊🎈🎁

🔔 Request - Download မချခင် မshare ခင် မူရင်း post အောက်မှာ ''YES'' လို့ comment ရေးပေးပါရှင်။ ကျေးဇူးပါ။

တီချယ်တို့ ဖေဖေ မေမေတို့ ကလေးတွေကို စာသင်တဲ့အခါ ဘယ်က စသင်ရမလဲ? ဘာသင်ရင်ကောင်းမလဲ?
သင်ရိုးညွှန်းတမ်း မဆွဲတတ်ဘူး? ဒုက္ခပါပဲလို့ x x x

စိတ်ပူနေကြတဲ့ ဆရာတွေနဲ့ အိမ်မှာသင်ပေးကြတဲ့ မိဘတွေ အတွက် နိုင်ငံတကာ အဆင့်မီ သင်ရိုးစာအုပ်တွေကို အခမဲ့ download ချနိုင်အောင် စုစည်းမျှဝေ လိုက်ပါတယ်။

ဖတ်ရှုသူအားလုံးနှင့် မြန်မာပြည် အမြန်ဆုံး အေးချမ်းပျော်ရွှင် နိုင်ပါစေ။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

🔔Request to comment ''YES'' under original post before downloading or sharing this post.

Sometimes teachers and homeschooling parents ecounters difficulties to design a relevant and comprehensive curriculum with which the child can cope and interact learning resources effectively.

Here are collection of high-quality and free download teaching and learning resources for your children.

Enjoy please!

🖍️📕🖍️✏️📝🖊️🖋️📌📘📗💌🪄🎀🎊🎈🎁

📚 New Busy Book 83 pages High Quality
https://www.nortechplus.com/2020/09/my-first-busy-book-second-edition.html

📚 Reading Comprehension Worksheets
https://bit.ly/3gy4Mng

📚 Activity Books
https://bit.ly/3sEAbqw

📚 Grammar Worksheets
https://bit.ly/3tFLQXj

📚 Phonics Worksheets
https://bit.ly/2QPlO5p

📚 Maths Worksheets
https://bit.ly/3auU1hN

📚 CVC Words Worksheets
https://bit.ly/2P9MeOW

📚 Word Families Worksheets
https://bit.ly/3vfX4m5

📚 Alphabet Worksheets
https://bit.ly/2Qdrrux

📚 Vocabulary Worksheets
http://bit.ly/320XEWW

📚 Coloring Worksheets
https://bit.ly/3dASatM

📚Space Activity Book
https://www.nortechplus.com/2020/08/space-worksheets.html

📚Space Reading Comprehension
https://www.nortechplus.com/2021/02/space-reading-comprehension.html

📚 Reading Comprehension Worksheets
https://bit.ly/3gy4Mng

📚 Activity Books
https://bit.ly/3sEAbqw

📚 Grammar Worksheets
https://bit.ly/3tFLQXj

📚 Phonics Worksheets
https://bit.ly/2QPlO5p

📚 Maths Worksheets
https://bit.ly/3auU1hN

📚 CVC Words Worksheets
https://bit.ly/2P9MeOW

📚 Word Families Worksheets
https://bit.ly/3vfX4m5

📚 Alphabet Worksheets
https://bit.ly/2Qdrrux

📚 Vocabulary Worksheets
http://bit.ly/320XEWW

📚 Coloring Worksheets
https://bit.ly/3dASatM

📚Phonics Consonant blending
https://www.nortechplus.com/2020/08/consonant-blends-worksheets.html

📚Reading Comprehension
https://www.nortechplus.com/2020/07/reading-comprehension-grade-1_46.html

📚4 seasons coloring pages. ☀ ❄
https://bit.ly/2XhMwXP

📚Word Family
https://www.nortechplus.com/2020/07/word-family-worksheets_35.html

📚Reading comprehension
https://www.nortechplus.com/2020/08/reading-comprehension-for-kids.html

📚Sight Words 40 Cards
https://www.nortechplus.com/2020/12/sight-words-40-printable-cards.html

📚Learn & Trace 3d shapes for kids
https://momsequation.com/3d-shapes-for-kids/

📚Read & Color
https://www.nortechplus.com/2020/08/read-and-color-worksheets.html

📘My Little Activity Book
https://www.nortechplus.com/2020/07/my-little-activity-book_90.html

📘My Busy Book
https://www.nortechplus.com/2020/09/my-first-busy-book-second-edition.html

📘Halloween Activity Book
https://www.nortechplus.com/2020/10/halloween-printable-worksheets.html

📘Christmas Activity Book
https://www.nortechplus.com/2020/12/my-christmas-activity-book.html

📘Space Activity Book
https://www.nortechplus.com/2020/08/space-worksheets.html

📘Thanksgiving Activity Book
https://www.nortechplus.com/2020/11/thanksgiving-activity-book.html

📘New. Math Activity Book ( 22 Pages )
https://www.nortechplus.com/2021/02/first-edition-math-activity-book.html

📚Worksheets
https://bit.ly/3AmAvP5

📚Sight Words 40 Cards
https://www.nortechplus.com/2020/12/sight-words-40-printable-cards.html

📚very useful(this \ that \ these \ those ) free worksheets
https://www.elrawyy.com/2020/05/demonstrative-pronouns-free-worksheets.html

📚Sea Animals Reading Comprehension
https://www.nortechplus.com/2021/02/sea-animals-reading-comprehension.html

📚A to Z coloring pages for kids
https://www.worksheetspack.com/a-to-z-beginning-sounds-coloring-pages/

📚Vocabulary Activities ( 12 Pages)
https://www.nortechplus.com/2020/12/vocabulary-activities-read-and-color.html

📚Numbers Activity Book ❤️
https://www.nortechplus.com/2021/08/numbers-activity-book.html

📚Reading Comprehension Professions
https://www.nortechplus.com/2020/06/reading-comprehension-professions_73.html

📘Sea Animals Reading Comprehension
https://www.nortechplus.com/2020/08/reading-and-writing-sea-animals.html

📘Reading Comprehension Grade 1
https://www.nortechplus.com/2020/07/reading-comprehension-grade-1_46.html

📘Reading Comprehension Grade 1
https://www.nortechplus.com/2020/08/reading-comprehension-grade-1.html

📘The Five Senses
https://www.nortechplus.com/2020/08/the-five-senses-worksheets.html

📘Homophones
https://www.nortechplus.com/2020/08/homophones-worksheets.html

📘Number Bonds
https://www.nortechplus.com/2020/08/maths-worksheet-number-bonds.html

📘 My Little Activity Book
https://www.nortechplus.com/2020/07/my-little-activity-book_90.html

📘Reading Comprehension Grade 2
https://www.nortechplus.com/2020/08/reading-comprehension-grade-2.html

📘CVC Rhyming Words
https://www.nortechplus.com/2020/08/cvc-rhyming-words-activities.html

📘 Read and Color Worksheets
https://www.nortechplus.com/2020/08/read-and-color-worksheets.html

📘Reading Comprehension For Kids Worksheets
https://www.nortechplus.com/2020/08/reading-comprehension-for-kids.html

📘Animals and their babies Worksheets
https://www.nortechplus.com/2020/08/animals-and-their-babies-worksheets.html

📚Phonics CVC words
https://www.nortechplus.com/2020/09/cvc-rhyme-worksheets.html

📚Word Families Worksheets
https://www.nortechplus.com/2020/07/word-family-worksheets_35.html

📚 Read and circle worksheet
https://www.elrawyy.com/2020/06/download-read-and-circle-worksheet-free.html

📷Read and circle worksheet- part 2
https://www.elrawyy.com/2020/06/download-read-and-circle-worksheet-free_17.html

📢Read and circle worksheet- part 3
https://www.elrawyy.com/2020/07/download-read-and-circle-worksheet-free.html

📚A to Z initial sounds worksheets.
PDF ❤️ https://bit.ly/3j3raoh
For more 👉 www.worksheetspack.com

📚 A to Z simple reading sentences
https://bit.ly/37EKDWR

📚Reading Comprehension Worksheets Part 1
https://www.nortechplus.com/2020/09/kindergarten-reading-comprehension-part.html

📚Reading Comprehension Worksheets Part 2
https://www.nortechplus.com/2020/09/kindergarten-reading-comprehension-part_23.html

📚 KG & Grade 1 Reading Comprehension
https://www.nortechplus.com/2021/02/kindergarten-reading-comprehension.html

📚Reading Comprehension KG & Grade 1
https://www.nortechplus.com/2020/11/reading-comprehension-grade-1.html

📚Math Count And Match Activity Book
https://www.nortechplus.com/2021/08/math-count-and-match-worksheets.html

📚KG Maths Activity Book ( 23 Pages )
https://www.nortechplus.com/2021/08/kg-maths-activity-book.html

📚 Math number activities for early ages Students

❤️https://aboutpreschool.net/number-activity-for-preschool-4/

❤️https://aboutpreschool.net/number-activity-for-preschool-6/

❤️https://aboutpreschool.net/number-activity-for-preschool-5/

❤️https://aboutpreschool.net/number-activity-for-preschool-3/

❤️https://aboutpreschool.net/number-activity-for-preschool-2/

❤️https://aboutpreschool.net/number-activity-for-preschool/

❤️https://www.pinterest.com/aboutpreschool/_created/

📚Short Stories
https://www.nortechplus.com/2020/09/short-stories-for-kids.html

📚Phonics CVC
https://www.nortechplus.com/2020/08/cvc-rhyming-words-activities.html

📚My Alphabet Tracing and Colouring Book
https://www.nortechplus.com/2020/07/my-alphabet-tracing-and-colouring-book_42.html

📚 Short Stories For Kids - PART 3
https://www.elrawyy.com/2020/05/download-free-short-stories-for-kids_27.html

📚 Short Stories For Kids - PART 7
https://www.elrawyy.com/2020/06/download-free-short-stories-for-kids_14.html

📚 Short Stories For Kids - PART 6
https://www.elrawyy.com/2020/06/download-free-short-stories-for-kids_7.html

📚 Alphabet Flashcards
https://www.nortechplus.com/2021/03/alphabet-flashcards-worksheets.html

📚Kindergarden readinv
http://www.mrgregenglish.com/kindergarten-reading-worksheets/

📚My Pet
http://www.mrgregenglish.com/kindergarten-reading-my-pet/

📚Playground
http://www.mrgregenglish.com/kindergarten-reading-playground/

📚Playing
http://www.mrgregenglish.com/kindergarten-reading-playing/

📚 Reading Comprehension Farm Animals
https://www.nortechplus.com/2021/02/reading-comprehension-farm-animals.html

📚Beginning sounds tracing worksheets.
https://bit.ly/3CISL74

📚Alphabet activity sheet.
www.kidzworksheet.com/product/alphabet-pumpkin-alphabet-activity-book

📚Learning worksheet
https://bit.ly/3AmAvP5

📚Math Worksheets Tracing Numbers 1 : 20
https://www.nortechplus.com/2020/10/maths-worksheets-tracing-numbers-1-20.html

📚Grammar
http://www.mrgregenglish.com/basic-adjectives/

📚Grammar worksheets:
http://www.mrgregenglish.com/primary-grammar-worksheets/

📚Alphabet Coloring Activity Book
https://www.nortechplus.com/2020/09/alphabet-activities.html

📚Read and Colour Worksheets
https://www.nortechplus.com/2021/01/read-and-colour-worksheets-kg-grade-1.html

📚CVC Reading Comprehension
https://www.nortechplus.com/2021/02/cvc-words-reading-comprehension.html

📚 The Seven Continents Reading Comprehension
https://www.nortechplus.com/2021/02/continents-reading-comprehension.html

📚Parts of Speech ( 40 Task Cards With Answers )
https://www.nortechplus.com/2021/02/parts-of-speech-40-task-cards-with.html

📚 Sea Animals Reading Comprehension
https://www.nortechplus.com/2021/02/sea-animals-reading-comprehension.html

📚Missing letters worksheets pack
https://www.worksheetspack.com/missing-letters-worksheets-pack/

📚Math Number Writing Practice Sheets for kindergarten
https://momsequation.com/number-writing-practice-sheets.../

📚Cambridge English - teaching young learners aged 2–6
https://camengli.sh/3yFMwyo

📚OXFORD PRIMARY SKILLS 1 (pdf and CD)

https://vk.com/doc68573563_444293162?hash=d3c209699bc14b3793&dl=57255ca0a5bbf6aa05

https://vk.com/doc2546448_341936608?hash=517d7aaaebf196f3c2&dl=633ac8226b7d7586e9

📚OXFORD PRIMARY SKILLS 2 (pdf and CD)

https://vk.com/doc68573563_443653956?hash=7c26cf335a3e46bdfc&dl=d96a8a18e65f0741bb

https://vk.com/doc118928790_383384946?hash=109b777e6e70a280c5&dl=a578a92fdefb4af6a7

📚OXFORD PRIMARY SKILLS 3 (pdf and CD)

https://vk.com/doc68573563_443409051?hash=5a4348d29d98a69f75&dl=cafc5568d49a800d39

https://vk.com/doc118928790_392004620?hash=243ff7f6180d1fc490&dl=50441bf757abfc755f

📚Phonics Vowels
https://vk.com doc439326021_606797861?hash=46be80dd8ae1a7d47a&dl=d1a4bcef0880322191

📚Summer Express between grades 2&3
https://vk.com/doc496035345_602872914?hash=0f6e1289f94cbdb2ae&dl=89a1f29e474142d2d7

📚Summer Express between grades 3&4
https://vk.com/doc496035345_602872915?hash=d923affce86099ea10&dl=8f8c6e113076e99ea8

📚Animals Rhyming Cards
https://vk.com/doc20552486_588771191?hash=cba654e6993bb0cef4&dl=a310c4289a0c66fd2b

📚Dot the Rhyme Pages
https://vk.com/doc5859461_472046528?hash=3971e5106e4926ee94&dl=6555858a087f6ff84a

📚Phonic Slides
https://vk.com/doc5859461_603767097?hash=63ef8100086dd8ec0f&dl=c78acc7ebb51e36c69

📚English Books Let's Go 4th Edition :
https://www.facebook.com/pg/excellence.foussana/photos/?tab=album&album_id=388285595132158

📚English Books Let's Go
https://drive.google.com/open?id=1zM024MZWB8SPuJwyKDAE3whtThFwxp-B

📚 Let's Go 1 Student Book
https://www.facebook.com/pg/excellence.foussana/photos/?tab=album&album_id=268165823810803

📚English Books Let's Go
https://drive.google.com/open?id=1C-DP4HCuAHrkvnEo_bASZUdY4XIjmbem

📚English Books Let's Go 2 Student Book JPG :
https://www.facebook.com/pg/excellence.foussana/photos/?tab=album&album_id=388270535133664

📚English Books Let's Go
https://drive.google.com/open?id=1n6__6rHGVBsCFONji5IMLorwUYYB-_cx

📚English Books Let's Go 3 Student Book
https://www.facebook.com/pg/excellence.foussana/photos/?tab=album&album_id=388276061799778

📚English Books Let's Go
https://drive.google.com/open?id=11MO3X3yl2nNjR-lqkaYfW7wL-qormroq

📚English Books Let's Go 4 Student Book
https://www.facebook.com/pg/excellence.foussana/photos/?tab=album&album_id=270820236878695

📚English Books Let's Go
https://drive.google.com/open?id=1GXuORZvjdOpbvzRdzm5Uf7MgIgHhtjy8

📚English Books Let's Go 5 Student Book
https://www.facebook.com/pg/excellence.foussana/photos/?tab=album&album_id=310620609565324

📚English Books Let's Go
https://drive.google.com/open?id=1xXHRafwO8Gd5RKmfRoOO_jCb1Y4iPmMz

📚English Books Let's Go 6 Student Book
https://www.facebook.com/pg/excellence.foussana/photos/?tab=album&album_id=388289701798414

📚English Books Let's Go
https://drive.google.com/open?id=1L8WmaSoSu1QJId0rIL_BYHLAPrtCXmUU

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

Best regards;
🏫 BabyBrain - IECS
[email protected]
☎️☎️ - 0967 230 40 45

*****************************
Reference & Credit to: Teaching & Learning Resources & Google photos


ိဘတွေဖတ်ဖို့မှတ်စု
ာတွေဖတ်ဖို့မှတ်စု

Photos from Rapun Education's post 16/05/2022

Daily routines worksheets
to original uploader

15/05/2022

https://www.facebook.com/102412615426604/posts/303787058622491/

MBEH Mobile Application လေးနဲ့ ကိုယ်တိုင် သင်ယူနိုင်ပါပြီ 🎉🎉
---------------------------
အိမ်အိမ်ရဲ့ သူငယ်ချင်းလေးတို့နဲ့ ပြည်သူမိဘများတို့ရေ ...

အိမ်အိမ်ရဲ့သူငယ်လေးတွေအတွက် အိမ်မှာလုံလုံခြုံခြုံနေရင်းနဲ့သင်ယူနိုင်ဖို့ ''ကိုယ်တိုင်သင်ယူနိုင်တဲ့သင်ခန်းစာတွေ''နဲ့

နေအိမ်အခြေပြု/ပြည်သူ့အခြေပြုသင်ကြားပေးနေကြတဲ့ ပြည်သူ့ဘက်တော်သား ပြည်သူမိဘများအားလုံး လေ့လာအသုံးပြုနိုင်ဖို့ ''ကြားကာလ နေအိမ်အခြေပြု/ပြည်သူ့အ‌ခြေပြု အခြေခံပညာသင်ကြားရေး အသိပညာပေးလမ်းညွှန်'' တွေ ထည့်သွင်းပေးထားတဲ့ MBEH Mobile Application လေး ရယူအသုံးပြုနိုင်ပါပြီနော် ...

Download ရယူရန် Links များ >>
Playstore
https://play.google.com/store/apps/details?id=com.moe.mbeh

Playstore အသုံးပြုမရသူများအတွက်
https://www.mediafire.com/download/4xugdmgmigzthp1

https://u.pcloud.link/publink/show?code=XZ9K3pVZiFE5jc2kKA7CRsQawrIY2kKBvW8y

သူငယ်ချင်းလေးတို့နဲ့ ပြည်သူမိဘတွေရဲ့ အသုံးပြုတဲ့အခါ တွေ့ကြုံရတဲ့ ကောင်းခြင်း၊ အဆင်မပြေခြင်း အသံတွေကို နားထောင်ပြီး ပိုမိုကောင်းမွန်တဲ့ Update Version လေး ထပ်မံထုတ်ပေးသွားမှာမို့ ပိုမိုကောင်းမွန်လာစေမယ့် အကြံပြုချက်လေးတွေကို ဒီ ပို့စ်ရဲ့ Comment Box မှာ ရေးပြီး အကြံပြုပေးကြပါဦးနော် ..

အိမ်အိမ့်သူငယ်ချင်လေးတွေနဲ့ ပြည်သူမိဘများအတွက် အမြဲကြိုးစားဖန်တီးပေးနေတဲ့၊ ကလေးတွေရဲ့ပညာရေးကို နည်းပညာနဲ့ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်အောင် အမြဲကြိုးစားပေးနေတဲ့ ‌အခြေခံပညာက CDM Teacher လည်းဖြစ် Application Developer လည်းဖြစ်တဲ့ MBEH Developer Teacher ကိုလည်း အိမ်အိမ်က ကျေးဇူးတင်ဂါရဝပြုအပ်ပါတယ် 🙏🙏🙏🙏🙏

သူငယ်ချင်းလေးတို့နဲ့ အိမ်အိမ်ရဲ့ပြည်သူမိဘများတို့ရေ ..
MBEH Mobile Application လေးကို အသုံးပြုကြည့်ပြီး Comment Box မှာ အသုံးပြုမှုအတွေ့အကြုံလေးတွေ မျှဝေပေးထားကြပါဦးနော် ..

အားလုံးဘေးကင်းကျန်းမာကြပါစေ ..
အားလုံးအတူတူ ပြန်ဆုံကြပါမယ် ...
-------------------------------
📣ပါဝင်သောလုပ်ဆောင်ချက်များ📣

🌟အကောင့်တစ်ခုဖွင့်လိုက်ရုံနဲ့ App ကိုအလွယ်တကူအသုံးပြုနိုင်ခြင်း။
🌟မူလတန်းဆင့်သင်ခန်းစာများကို အစီအစဉ်တကျ မိမိကြိုက်နှစ်သက်ရာ Channel များမှလွယ်ကူစွာလေ့လာနိုင်ခြင်း။
🌟သက်ဆိုင်ရာ‌ ကြားကာလ ကျောင်းသားကိုင်၊ ဆရာကိုင်ပြဋ္ဌာန်းစာအုပ်များ Download ရယူနိုင်သည့် Links များ ပါဝင်ခြင်း။
🌟HBL/CBL Handbook စာအုပ်ကိုပါ ရယူအသုံးပြုနိုင်ရန် ထည့်သွင်းပေးထားခြင်း။
🌟လေ့လာရလွယ်ကူစေရန် အသုံးပြုနည်းကိုထည့်သွင်းပေးထားခြင်း။

📣📣 လိုအပ်ချက်များ 📣📣

🚨 Menu များကို ပြန်လည်ကြည့်ရှုနိုင်ရန် Logout ပြုလုပ်ပေးရန် လိုအပ်ပါသည်။
🚨 Telegram Channels များကိုကြိုတင် Join ထားပေးရန်လိုအပ်ပါသည်။

📣📣အသိပေးချက် 📣📣
🌟 ios application ကိုပါ အသုံးပြုနိုင်ရန် ဖန်တီးလျက်ရှိပြီး မကြာမီအချိန်အတွင်း အလယ်တန်းဆင့်၊အထက်တန်းဆင့်များကိုပါထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

ယခု MBEH Mobile Application နှင့်ပတ်သက်၍ ဆက်သွယ်အကြံပြုလိုသည်များ မေးမြန်းလိုသည်များ ရှိပါက MBEH page Comment Box (သို့မဟုတ်) [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

14/05/2022

~မဂ်လာပါ~
Rapun Education မှ မကြာမီဖွင့်လှစ်မယ့် အတန်းသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

✓ Homeschooling လုပ်နေပေမယ့် သင်ကြားနည်းစနစ်မကျလို့ ထိထိရော‌က်ရောက် သင်ယူတတ်မြောက်မှု မရရှိတဲ့ သားသားမီးမီးလေးများရှိပါသလား?
✓ Rapun Educationက သားသားမီးမီးလေးတို့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ Grade-1 တန်းခွဲသစ်လေး‌ကို ဖွင့်လှစ်ပေးလိုက်ပါပြီနော်။
✓ ပုံမှန်ကျောင်းသင်ရိုး(စနစ်သစ်)အတိုင်း သင်ကြားပေးမှာဖြစ်ပြီး သင်ကြားမည့်ဘာသာရပ်များကတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊သင်္ချာ၊သိပ္ပံ တို့ပဲဖြစ်ပါတယ်။
✓ သင်ကြားပေးမည့် တီချယ်ကတော့ ECCE(cert.)ရရှိထားပြီးကလေးသူငယ်ပြုစုပျိုးထောင်ရေး ပညာရေးစိတ်ပညာ သင်ကြားနည်း အတွေ့အကြုံရှိ ဆရာမတစ်ဦးပဲဖြစ်ပါတယ်။ ဒါ့အပြင် Teaching Children At Home Myanmar နဲ့ တစ်ခြားသော Organization အချို့မှာ စေတနာ့ဝန်ထမ်း ကလေးငယ် သင်ကြားရေးဆရာအဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။
✓ သားသားမီးမီးများရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရမယ့် skillsတွေ တိုးတက်လာစေရန်နှင့် သင်ယူလိုစိတ်များ ထက်သန် တက်ကြွလာစေရန် ရည်ရွယ်၍ ထိရောက်တဲ့သင်ကြားနည်းစနစ်များအသုံးပြုခြင်းဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
✓ သားသားမီးမီးတစ်ဦးချင်းစီကို သေချာအာရုံစိုက်နိုင်ပြီး လိုအပ်ချက်တွေကို စနစ်တကျဖြည့်ဆည်းပေးနိုင်ရန် တန်းခွဲတစ်ခုစီအတွက် ကလေး (၇) ယောက်သာ လက်ခံမှာဖြစ်ပါတယ်။
✓ May 31 ရက်မှာ အတန်းစတင်မှာဖြစ်ပြီး သင်ကြားရေးကာလကတော့ (၇) လခန့်ကြာမြင့်မှာဖြစ်ပါတယ်။
✓ သင်တန်းကြေး- လစဉ် ၃၀၀၀၀ ကျပ်
✓ သင်တန်းအချိန်- 4:00-5:30 P.M.
(Mon,Tue,Wed,Thurs,Fri)
အသေးစိတ်စုံစမ်းလိုပါက -
Ph-09780116081 (or) pg cbသို့ ဆက်သွယ်စုံစမ်း‌နိုင်ပါတယ်။

သားသားမီးမီးလေးတို့ရဲ့ သင်ယူမှုပုံရိပ်လေးများကို အောက်ပါlinkများတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://fb.watch/c-tk1yZ-KL/

https://www.facebook.com/102966469076041/posts/109903105049044/

https://www.facebook.com/102966469076041/posts/111531594886195/

https://fb.watch/c-tuhYdlrq/

https://fb.watch/c-tvIEsuTx/
https://www.facebook.com/102966469076041/posts/118955260810495/

မိဘနဲ့ သားသားမီးမီးလေးတို့ရဲ့ရင်တွင်းစကားသံလေးကို အောက်ပါ linkတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/102966469076041/posts/112349314804423/

13/05/2022

ကလေးတွေရဲ့ အပြုအမူ(behaviour)တွေဟာ ဘာကြောင့် တစ်ယောက်န‌ဲ့တစ်ယောက် မတူကြရတာလဲ။ ‌? မျိုးရိုးဗီဇ (same genes)တူတူ ဘာကြောင့် စရိုက်လက္ခဏာတေ‌ွ ကွဲပြားသွားရတာလဲ။? တစ်ချို့မိဘတွေက ပြောကြတယ် အငယ်လေးက သွက်သလောက် အကြီးက အ နုံလိုက်တာ၊ အကြီးက လိမ္မာသလောက် အငယ်လေးက ဆိုးလိုက်တာ...ဒါတွေက ဘာကြောင့်လဲ????
++++++++++++++++++++++++++
Psychologists ပညာရှငိတွေ က ကလေးတွေရဲ့အပြုအမူ(behaviour)တွေဟာ မိဘတွေရဲ့ ထိန်းကြောင်းမှု၊အုပ်ချုပ်မှုပုံစံ (parenting styles)နဲ့ တိုက်ရိုက် ဆက်နွယ်မှုရှိတယ်လို့ ဆိုထားပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ် ဖွံ့ဖြိုးမှူဆိုင်ရာစိတ်ပညာရှင် Diana Baumrind က 1960ပြည့်နှစ်မှာ Parenting styles (3)မျိုးကို ပြောပြခဲ့ပါတယ်။ 1983 ခုနှစ်ရောက်တော့ ပညာရှင် Eleanor Maccoby နဲ့ Martinတို့က Baumrindရဲ့ လေ့လာချက်ကို ဆက်လက်လေ့လာပြီး နောက်ထပ် တစ်မျိုးထပ်ခွဲထုတ်ခဲ့ရာ Parenting style (4)မျိုးဆိုပြီးဖြစ်လာပါတော့တယ်။ဒါဆို style (4)မျိုးက ဘယ်လိုတွေလဲ ဆိုတာ ဆက်ဖတ်ကြည့်ပါနော်။

(1) Authoritarian Style (အာဏာရှင်ဆန်ဆန်အုပ်ချုပ်မှုပုံစံ)
*Parenting style- ဒီပုံစံလေးမှာဆိုရင် မိဘက အရမ်းကို စည်းစနစ်တကျ စည်းကမ်းတင်းကြပ်ပြီးအုပ်ချုပ်ပါတယ်။ခိုင်းတဲ့အတိုင်းလုပ် ပြန်မပြောနဲ့၊ ပြန်မမေးနဲ့ ၊ဒါဆိုဒါဘဲ ဟိုဟာမလုပ်နဲ့ ကလေးကိုလည်း အထွတ်မတတ်နဲ့ ပြန်မပြောနဲ့ ဆိုတဲ့ မိဘမျိုးပေါ့နော် ။က‌ေလးကိုတစ်သွေး၊တစ်သံ၊တစ်မိန့် နဲ့ ပျိုးထောင်ကြတယ်။ (ဥပမာပြောရရင်- ကလေးက ကတ်ကြေးကစားနေတယ် ဆိုပါစို့။ အဲ့ဒီအခါ မေမေဘာပြောထားလည်း ကတ်ကြေးမကစားရဘူး ပြောထားတယ်မလား။ ပေး ပြန်ပေး အဲ့ကတ်ကြေး ၊ ကလေးက ဘာဖြစ်လို့လည်းလို့ပြန်မေးလာရင် မိဘက မရှင်းပြဘဲ မေမေက မကစားရဘူးဆို မကစားနဲ့ပေါ့ တော်တော် လျှာရှည်တယ် ဆိုပြီး ကလေးကိုနားလည်အောင် ရှင်းပြခြင်းမရှိ၊ မလုပ်နဲ့လို့သတ်မှတ်ထားတဲ့အရာတွေကို ကလေးကို ရွေးချယ်ပိုင်ခွင့်မပေးဘဲ တစ်သွေမသိမ်း နားထောင် စေချင်တဲ့ မိဘမျိူး) ၊ အဲ့လိုမိဘမျိုးတွေက သူတိူ့ကိုယ်သူတိူ့ လူအများရှေ့မှာ သားသမီးက ပြောစကားနားထောင်လို့ သူ့သားသမီးကို လိမ္မာတယ်လို့ချီးမွမ်းတာကို လိုလားချင်ကြတဲ့သူတွေများတာတွေ့ရပါတယ်။ သူများအိမ် ဧည့်သည်သွားလုပ်တဲ့အခါ ကလေးကြောင့် မျက်နှာမပျက်ရ မျက်နှာပန်းလှတယ်ဆိုပြီး ဂုဏ်ယူတတ်ကြပါသေးတယ်။
*Associated Outcomes- အဲ့ဒီလိုအုပ်ချုပ်တဲ့အခါ ကလေးရဲ့ behaviourကဘယ်လိုဖြစ်လာမလည်းဆိုရင် စည်းနဲ့ကမ်းနဲ့ချုပ်ချယ်ပြီးနေလာရတယ်၊ ရွေးချယ်ခွင့်၊ လုပ်ပိုင်ခွင့်မရှိ၊ ရှင်းပြပိုင်ခွင့်မရှိနေလာရတော့
-စိတ်တစ်အားညစ်မယ် (Mental Illness)
-လူမှုဆက်ဆံရေး ညံ့ပျင်းလာမယ်။(poor Social skills)
-ကျောင်းစာတွေမှာလည်း စိတ်ဝင်စားမှူအားနည်းလာမယ်။ (Lower Academic performance)
-စိတ်ကို မထိန်းချုပ်နိုင်၊ အကျိုးသင့်အကြောင်းသင့် စဉ်းစားမှုအားနည်း တဲ့အတွက် အမှားတွေလုပ်မိလာမယ်။(Deliquency)
-စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ မူးယစ်ဆေး၊အရက်သေစာ စွဲသွားနိုင်တဲ့အထိ(Drug/Alcohol Abuse)ပါ ဖြစ်သွားနိုင်ပါတယ်။

2 .Authoritative style (မြေတောင်မြှောက်ပေးတဲ့ပုံစံ)
*Parenting style- ဒီပုံစံလေးမှာ မိဘက ကလေးကို နွေးထွေးမှုပေးတယ် စည်းကမ်းတကျအုပ်ချုပ်တယ်။ဒါပေမယ့် စည်းကမ်းတွေက ကလေးနဲ့လိုက်လျောညီထွေတဲ့ စည်းကမ်းလေးတွေ၊ ကလေးရဲ့ ခံစားချက်ကို အလေးပေးပြီး ထုတ်ထားတဲ့ စည်းကမ်းလေးနဲ့အုပ်ချုပ်တယ်။ ဘာလို့ ဒီလို စည်းကမ်းထုတ်ထားတာကိုလည်း ကလေးနားလည်အောင် အကျိုးအကြောင်းရှင်းပြပေးတယ်။ ကလေးကို အပြစ်ပေးတာ၊ ချီးမြှောက်တာကိုလည်း အလိုက်သင့်လုပ်ပေးတယ်။ punishmentဆိုရင်လည်း အပျော့စားpunishmentကိုဘဲ သုံးတယ်။ (ဥပမာပြောရရင်- ကလေးက သူငယ်ချင်းတွေနဲ့ ကစားချင်လို့ခွင့်တောင်းတဲ့အခါ မိဘကနေ အိမ်စာလေးအရင်လုပ် ၊ပြီးရင် ပေးကစားမယ်။ ကလေးက ဘာဖြစ်လို့လည်း မလုပ်ချင်ဘူးလို့မေးခွန်းထုတ်လာတဲ့ အခါမှာ မိဘကမနက်ဖြန် ကျောင်းဖွင့်တယ်လေ အိမ်စာ မလုပ်ဘဲ ကစားလိုက်ရင် အိမ်စာ မပြီးဘဲနေမယ် သားသားတာဝန် သားသား မပြီးတဲ့အခါ ဆရာမ ရဲ့ ချစ်ခြင်းကိုမခံရတော့ဘူးနော် ၊ သူငယ်ချင်းတွေကအကုန်ပြီးလို့ သားသားကမပြီးရင် သားသားက လူညံ့လေးဖြစ်သွားလိမ့်မယ်နော် ဒါကြောင့်မို့ အိမ်စာအရင်လုပ်ဦးနော် ပြီးရင် ပေးကစားမယ်ဆိုပြီး ကလေးကို အကျိုးသင့်အကြောင်းသင့် ရှင်းပြပြီး ကလေးလက်ခံနိုင်တဲ့ စည်းကမ်းလေးနဲ့ အုပ်ချုပ်တယ်။ အမှားလုပ်မိခဲ့ရင်လည်း ကလေးကိုယ်တိုင် ဖြေရှင်းနိုင်အောင် လမ်းညွှန်ပေးတယ်၊ အမှားကနေ အမှန် သင်ယူလာနိုင်အောင်၊ စိတ်ဓာတ်ပြန်တက်ကြွလာအောင် အားပေးတယ်။ အိမ်စာပြီးသွားရင်လည်း ပြောထားတဲ့အတိုင်း reinforcementပေးတယ် ပေးကစားခွင့်ပြုလိုက်တယ်။ တစ်ကယ်မို့ အိမ်စာမပြီး‌ေသးခဲ့ရင် punishmentအနေနဲ့ မပေးကစားတာမျိုး၊ အိမ်စာလုပ်ပြီးတဲ့အခါတော့ ပြန်ပေးကစားတာမျိုး အဲ့လို အပျော့စားpunishmentနဲ့ အုပ်ချုပ်တဲ့ပုံစံလေးပါ။)
*Associated Outcomes
အဲ့လိုပြုစုခံခဲ့ရတဲ့ ကလေးအများစုဟာ
-စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေ နည်းမယ်(Lower Mental Illness)
-ပြောဆိုခွင့်၊ ရွေးချယ်ခွင့် ပေးခြင်းခံရတာကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကောင်းလာမယ်။(More self-esteem)
-မိဘက အကျိုးသင့်အကြောင်းသင့် ရှငိးပြခြင်းတို့ကြောင့် အရာရာကို ချင့်ချိန် စဉ်းစားတတ်လာမယ်။ ကျောင်းစာတွေမှာလည်း အောင်မြင်မှုတွေရလာမယ်။(Higher Academic outcomes)
- အရာရာကို စဉ်းစားချင့်ချိန်တတ်လို့ အမှားလုပ်မိမှာလည်း နည်းလာမယ်။(Lower delinquency)
-စိတ်ပျော်ရွှင်မှုကို တင်းကြပ်မထားဘဲ အလိုက်သင့် လွတ်လပ်မှုပေးထားသောကြောင့် ပေါင်းသင်းဆက်ဆံရေးမှာလည်း ကောင်းမွန်လာမယ်။(Better social skill)

3. Permissive style(အလိုလိုက် အကြိုက်ဆောင်တဲ့ပုံစံ)
*Parenting style- ဒီပုံစံလေးမှာတော့ မိဘက ကလေးကို တစ်အားအလိုလိုက် ၊စည်းကမ်းတွေလည်း မချမှတ်ထားသလောက် နည်းတယ်ပေါ့နော်၊ ကလေးဘဲ ငယ်သေးတယ် ဆိုပြီး ကလေးအစား မိဘကဘဲ အကုန် လိုက်လုပ်ပေးတဲ့ ပုံစံလေးပါ။ ကလေးက မယဉ်ကျေးတဲ့အပြုအမူ လုပ်ခဲ့ရင်တောင် မိဘက မတားဘဲ လမ်းညွှန်မှု မပေးဘဲ ကလေးဘက်ကနေ ကာစိကာစိ ကာကွယ် ပေးတဲ့ မိဘမျိုးပေါ့နော်။ (ဥပမာပြောရရင်- ကလေးက တစ်ခြားကလေးရဲ့ ကစားစရာယူကစားချင်တဲ့ အခါမှာတောင် သူများဟာ ယူလို့မရဘူး ဆိုတဲ့ အသိကို ကလေးနားလည်အောင် သင်ပြမှုမပေးဘဲ ကလေးရဲ့ အလိုအတိုင်း တစ်ခြားကလေးစီ မိဘကိုယ်တိုင်က ခွင့်တောင်းပေးနေတာမျိုး( မီးမီးလေးရယ် အန်တီ့သမီးကို ခဏ ပေးကစားလိုက်ဦးနော် သူက မရရင် တစ်အားငိုတာ အာ့မို့ ခဏ ပေးကစားလိုက်ပါဦးနော်)ဆိုပြီး မိဘကိုယ်တိုင် တောင်းပေးပြီး ကလေးရဲ့ အလိုကို အမြဲတမ်း ဖြည့်ဆည်းပေးတာမျိုး၊ ကစားပြီးလို့ အရုပ်တွေဖွထားလည်း ပြန်သိမ်းရမယ်ဆိုတာမျိုး မသင်ပြဘဲ ကလေးဘဲ ငယ်သေးတယ် မလုပ်ပါစေဆိုပြီး မိဘကဘဲ ပြန်ကောက်သိမ်းလိုက်တာမျိုး၊ အရာရာကို ကလေးအလိုကျ နဲ့ ပြုစုပျိုးထောင်တဲ့ ပုံစံလေးပါ။)
*Associated outcomes-ဒီလိုပုံစံနဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေမှာဆိုရင် အများအားဖြင့်
-ဖြစ်ချင်တာမှန်သမျှ အကုန်လုပ်လို့ရတယ်ဆိုပြီး ယဉ်‌ကျေးမှု(respect)မရှိဘဲကြီးပြင်းလာမယ်။အဲ့ဒီအခါ ပေါင်းသင်းဆက်ဆံရေး ညံ့လာမယ်။(poor Social skill)
-သူဆက်ဆံရမယ့် relationsတွေမှာလည်း အခက်အခဲ တွေ့နိုင်တယ်။(problematic relationship)
-လုပ်ချင်တာလုပ်ခွင့် ပေးထားသောကြောင့် လုပ်ခွင့်မရှိတဲ့အခါ စိတ်လိုက်မာန်ပါလုပ်တတ်လာမယ်။(Impulsive behaviour)
-လိုချင်တာမှန်သမျှရခဲ့တယ် သူများဘာဖြစ်ဖြစ် သု့အတွက် ပြည့်စုံရင် ပျော်နေတဲ့ အပြုအမူနဲ့ ကြီးပြင်းခဲ့တဲ့အတွက် ကိုယ်ကျိုးဘဲကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းဆန် အတ္တသမားတွေဖြစ်လာမယ်။(Egocentric)
-စိတ်အလိုမကျရင် စိတ်မထိန်းနိုင်၊ ဘယ်အရာမှမှ ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်းမရှိ၊ ကျိုးကြောင်းစပ်ဆက်တွေးခေါ်နိုင်စွမ်း ညံ့လို့ ကျောင်းစာမှာပါ ညံ့ဖျင်းတတ်ပါတယ်။(Struggle Academic subjects)

(4) Uninvolved style(လျစ်လျူရှုတဲ့ပုံစံ)
*Parenting style-ဒီပုံစံလေးမှာတော့ မိဘက ကလေးကို စားဝတ်နေရေးအတွက် ငွေကြေးထောက်ပံ့ပေးရုံကလွဲပြီး ကလေးအ‌ေရးကိစ္စ ဘာမှစိတ်မဝင်စားတဲ့မိဘပုံစံပါ။ကလေးအပေါ်မှာ နွေးထွေးကြင်နာမှုမရှိ၊ စည်းကမ်းပြပေးမှုမရှိ ကလေးလည်းသူ့ဘာသူ မိဘကလည်း သူ့ဘာသူ နေ ကလေးကို လျစ်လျုရှုထားတဲ့ ပုံစံ‌မျိုးလေးပါ။တစ်ခုခုပြဿနာဖြစ်ပြီဆို ကလေးကိုဘဲအပြစ်တင်တဲ့ မိဘမျိုးပါ။(ဥပမာပြောရရင်- ကလေးရဲ့ အရည်အသွေးတိုးတက်မှုကို မလေ့လာနေဘဲ စာမေးပွဲကျလို့ ကျောင်းက မိဘခေါ်တွေ့တဲ့ အခါမှ ကလေးကို ဒီလောက် ပိုက်ဆံအကုန်ခံပြီးကျူရှင်ကောင်းကောင်းထားထားပေးတာ စာမေးပွဲလေးတောင် အောင် အောင် မဖြေနိုင်ဘူးလား အသုံးကို မကျဘူး တွေ့လား သူများသားသမီးတွေ ဘယ်လိုတော်နေတာ နင့်ကျမှ ဘာမှ သုံးစားလို့ကို မရဘူးဆိုပြီး ကလေးကိုဘဲ ဦးတည် အပြစ်တင်တာမျိုး၊ ကလေးက ဘာကြောင့် စာမေးပွဲကျရလည်းဆိုတဲ့ အဖြေကို မဆန်းစစ်ဘဲ အမှားလုပ်မိတာနဲ့ အပြစ်ပြောတော့မယ် ဆိုတဲ့ မိဘမျိုးပေါ့နော်)
*Associated Outcomes-အဲ့လို ပုံစံနဲ့ ကြီးပြင်းလာရတဲ့ ကလေးအများစုးဟာဆိုရင်
-အမြဲတမ်းအပြစ်တင်ခံရ‌ေတာ့ သု့ကိုယ်သူယုံကြည်မှု မရှိဖြစ်လာမယ်။ သူတစ်ပါးကိုလည်း ယုံကြည်ဖို့ခက်လာမယ်။ငါညံ့လို့များလားလို့ အမြဲထင်ယောင်ထင်မှားဖြစ်ပြီး ဘယ်နေရာမှမှ အသုံးမကျတဲ့ တန်ဖိုးမရှိတဲ့ လူလို့ သူ့ကိုယ်သူထင်လာမယ်။(Lower self-esteem)
-စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့အကျင့်လေးတွေဖြစ်လာမယ်။(Impulsive behaviour)
-တိုင်ပင်ဖော်လည်းမရှိသလိုခံစားရပြီး မစဉ်းစားဘဲ အမှားတွေအများကြီး လုပ်မိတတ်တယ်။(Delinquency)
-ပတ်ဝန်းကျင်က ပျော်စရာကောင်းတယ်လို့မခံစားရတဲ့အခါ စိတ်ထွက်ပေါက်‌အနေနဲ့ မူးယစ်ဆေးတွေ သုံးစွဲတတ်လာမယ်။(Drug/Alcohol abise)
-ကျောင်းစာတွေမှာလည်း စိတ်ဝင်စားမှုမရှိတော့ဘဲ ညံ့ဖျင်းလာမယ်။(Lower academic performance)
-စိတ်ခံစားချက် ပြင်းထန်ပြီး ကိုယ့်ကိုကိုယ် သက်သေချင်(suicide)တဲ့ အထိ ပါ ဖြစ်လာနိုင်ပါတယ်။

Psychologistsတွေရဲ့ အဆိုအရ Authoritative styleနဲ့ပြုစုခြင်းက ကလေးတစ်ယောက်ရဲ့ developmental ဖွံ့ဖြိုးမှုတွေမှာ ကောင်းမွန်တဲ့ရလဒ်ကောင်းတွေရတယ်လို့ ဆိုထားပါတယ်။ ကလေးတစ်ယောက်ရဲ့ ဘဝက အစပျိုးပေးမယ့် မိဘ(သို့မဟုတ်) ပြုစုပျိုးထောင်ပေးသူရဲ့ အခန်းကဏ္ဍက ဘယ်လောက် အရေးပါလည်းဆိုတာ ဒီ parenting styles ကနေသိသွားမယ်လို့ ထင်ပါတယ်။မိဘတွေအနေနဲ့လည်း မိမိ ကလေးကို အခုဘယ်လိုပုံစံနဲ့ပြုစုပျိုးထောင်မိနေပြီလဲ။ ဘယ်လိုပုံစံလေးနဲ့ မိမိရဲ့ သားသမီးကို ကြီးပြင်းလာစေချင်လည်းဆိုတာ ဒီ စာလေးကနေ သိသွားမယ်လို့မျှော်လင့်ပါတယ်။ ကောင်းမွန်တဲ့ behaviourတွေ သားသားမီးမီးတွေမှာ ရှင်သန်လာစေဖို့ ရည်ရွယ်ရင်း...
Love,
Tr.Rapun

Videos (show all)

မြန်မာသင်္ချာ(ကိန်း) တွေကို ပျော်ပျော်ပါးပါးလေ့လာသင်ယူနေတဲ့ မီးမီးလေး❣️
Greetings ဆိုတဲ့ သင်ခန်းစာလေးကို လေ့လာကြမလို့ handshake ထိရောက်အောင် warm upလုပ်နေကြတာတဲ့🥳How lovely you all are! 🍒
Heyy..heyy..ရေသူမရေ...ကုန်းလား ရေလားဟေ🧜ဆိုတဲ့ ကစားနည်းလေး ဆော့ကစားပြီး ကမ္ဘာမြေကြီးရဲ့ အကြောင်းကို play dough ပြုလုပ်ပြီ...
KG အသည်းကျော်လေးတွေရဲ့ Five senses သုံးပြီးphysical properties အကြောင်း present လုပ်ပြထားပုံလေးကို မျှဝေပေးလိုက်ပါတယ်။🍑 ...
🍓ချစ်ဖို့ တစ်အားကောင်းတဲ့ KG သားသားမီးမီးလေးတွေက အရာဝတ္ထုလေးတွေရဲ့ physical properties ကို Five senses လေးသုံးပြီးဘယ်လို...

Website