Love yourself

Love yourself

​မေတ္တာစကား​လေး​တွေ ​ပြောမှာပါ။

Cultivating Empathy (January 2022) 19/01/2022

စာနာနားလည်စိတ် (Empathy)

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်

လေ့လာသုတေသနပြုမူတွေအရ စာနာနားလည်စိတ်ရှိခြင်းဟာ အကူအညီလိုအပ်သူတွေကို ဖေးမတတ်စေခြင်းနဲ့ ပူးပေါင်းလုပ်ဆောင်တတ်စေခြင်းတို့ကို အားပေးတာကြောင့် အုပ်စုသဘောအားကောင်းလွန်းပြီး အကွဲအပြဲများတဲ့ လူမှုအဝန်းအဝိုင်းတွေမှာ မှန်ကန်တဲ့စာနာနားလည်စိတ်ကို ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။

အခုကာလလို ထိခိုက်နာကျင်ခံစားစရာများတဲ့အချိန်မှာ တစ်ဦးကစပြီး စာနာနားလည်စိတ်ကို ဖော်ပြနိုင်ခြင်းဖြင့် အများမှာ စာနာနားလည်စိတ်တွေဆင့်ပွား ဖြစ်ထွန်းလာတတ်ပါသတဲ့။

မှန်ကန်တဲ့စာနာနားလည်စိတ်ဆိုတာ

● တစ်ပါးသူရဲ့ တွေးတောရှုမြင်မှုနဲ့ အမြင်သဘောထားတွေကို သိမြင်နားလည်ခြင်း၊
● တစ်ပါးသူရဲ့ ခံစားချက်တွေကို သိမြင်နားလည်ခြင်း၊
● တစ်ပါးသူရဲ့ အရှိကို အရှိအတိုင်း (ငြင်းဆန်ဖယ်ထုတ်ခြင်းမရှိဘဲ) သိမှတ်လက်ခံပေးတတ်ခြင်း၊
● ကိုယ်သိမြင်နားလည်ရတာတွေကို တုံ့လှယ်ဖေါ်ပြနိုင်ခြင်းတို့ပါဝင်ပါတယ်။

မှန်ကန်တဲ့စာနာနားလည်စိတ်မှာ တွေးသိဆင်ခြင်မှုအပိုင်းနဲ့ စိတ်ခံစားမှုအပိုင်းတို့ ဆက်စပ်လှုပ်ရှားပြီး လက်တွေ့ကူညီလုပ်ဆောင်မှုကိုဖြစ်စေတဲ့သဘော ရှိပါတယ်။ သူက သည်းခံခွင့်လွှတ်နိုင်စွမ်း၊ ရက်ရောမှု၊ နဲ့ ပရဟိတစိတ်ဓာတ်တို့လို အများအကျိုးဖြစ်စေတဲ့ စိတ်ဓာတ်တွေကို အားဖြည့်ပေးပြီး နိုင်ထက်စီးနင်း ပြုကျင့်လိုမှု၊ လက်စားချေလိုမှု၊ နဲ့ ဒေါသဖြစ်မှုတို့လို အပျက်စိတ်ခံစားမှုတွေကို လျော့စေနိုင်ပါတယ်။

မူမမှန်တဲ့ စာနာနားလည်စိတ်မှာကြတော့ ကိုယ့်လူမဟုတ်ရင် ခွဲခြားဖယ်ထုတ်လိုက်ပြီး ကိုယ့်လူတွေအ ပေါ်ကိုပဲကူညီဖေးမလိုတတ်စေပါတယ်။ အဲဒီလိုမျိုး မူမမှန်တဲ့ စာနာနားလည်စိတ်မျိုးဟာ ကိုယ့်ကိုယ် ကိုယ် ဗဟိုပြုပြီး တခြားသူအစားတွေးတောရှုမြင်တတ်ခြင်းနဲ့ ဆက်စပ်နေလေ့ရှိပါ တယ်။

ကိုယ့်မှာ စာနာနားလည်နိုင်စွမ်း တိုးတက်ချင်တယ်ဆိုရင် အာရုံစူးစိုက်မှုအပြည့်ထည့်ထားနိုင်ဖို့ လိုတာပါ ပဲ။ တခြားသူတစ်ယောက်နဲ့အတူ ရှိနေချိန်မှာ သူပြောပြနေတဲ့အကြောင်းအရာတွေကို အာရုံစူးစိုက်ထား လေလေ သူပြောပြချင်တဲ့ သူ့အဖြစ်အပျက်တွေ၊ သူခံစားနေရတာတွေ၊ နဲ့ သူတွေးနေတဲ့အရာတွေကို ပို ပြီး သိရှိလာရုံတင်မက သူဘာတွေအကူအညီလိုတယ်ဆိုတာကိုပါ သိမြင်နားလည်စေပါတယ်။

စာနာနားလည်နိုင်စွမ်း တိုးတက်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲ။

၁) မတူခြားနားတဲ့အရာတွေကို များများထိတွေ့ပေးရပါမယ်။

မတူခြားနားတဲ့ လူမျိုးစုဓလေ့စရိုက်တွေ၊ ကိုးကွယ်ယုံကြည်မှုတွေ၊ အတွေးအခေါ်တွေ၊ ဘဝနေမှုဟန်ပန် တွေကို များများထိတွေ့ဖူးလေလေ တခြားသူတွေရဲ့ တွေးတောရှုမြင်မှုတွေကို ထုံကူး သိမြင်နားလည်နိုင် ဖို့ လွယ်လေလေပါပဲ။

၂) ဘဝသရုပ်ဖေါ်စာပေတွေ ဖတ်ပါ။

ဘဝသရုပ်ဖေါ်စာပေတွေဟာ ကိုယ်နဲ့အလှမ်းဝေးတဲ့ ဘဝနေထိုင်မှုပုံစံတွေ၊ ဇာတ်ကောင်တွေရဲ့ အကျင့်စ ရိုက်တွေ၊ ဘဝဖြတ်သန်းမှုပုံစံတွေ၊ မျှော်လင့်ချက်တွေ၊ လူမှုဆက်ဆံရေးကိစ္စရပ်တွေ၊ သူတို့ရဲ့ ပြဿနာတွေအပေါ်တုံ့ပြန်ပုံတွေကို မြင်တွေ့ခံစားရစေတာမို့ တခြားလူတွေအပေါ် နားလည်နိုင်စွမ်းကို တိုးတက် လာစေနိုင်ပါတယ်။

၃) အကြည်ဓာတ်ထွက်စေတဲ့အရာတွေကို လုပ်ဆောင်ပါ။

အောက်စီတိုစင်ဆိုတဲ့ ဟော်မုန်းဓာတ်ဟာ တခြားသူတွေနဲ့ဆက်ဆံရေးအဆင်ပြေရင် ထွက်လာတတ်တဲ့ လူမှုရေးဟော်မုန်းဖြစ်ပြီး စိတ်တွင် အကြည်ဓာတ်ကို ဖြစ်ပေါ်စေပါတယ်။ လေ့လာမှုတွေအရ အဲဒီအောက်စီတိုစင်ဓာတ်ဟာ အကြားအာရုံကိုစေ့ဆော်ပေးပြီး အများရဲ့လိုအင်ကို ပိုပြီး ကြားသိစေနိုင်တာမို့ အများအကျိုးဆောင်လိုစိတ်ကိုလည်း အားပေးတတ်ပါတယ်။

၄) ဘုံတူညီမှုကို ရှာဖွေကြည့်မြင်ပါ။

သူနဲ့ကိုယ်နဲ့ကြားမှာ ဘာမှမဆက်စပ်ဘူး၊ ခြားနားမှုက ကြီးလွန်းတယ်လို့ ခံစားရရင် စာနာဖို့ဝေးလို့ နား လည်ဖို့တောင် မကြိုးစားချင်တော့တာ လူ့သဘာဝပါ။ အဲဒီလိုမဟုတ်ဘဲ သူနဲ့ကိုယ်နဲ့က အသွေးအမွှေးတူ လို့ ခံစားရရင် စာနာဖို့ရော၊ နားလည်ဖို့ရော၊ အပြန်အလှန်ဖေးကူဖို့ရော ပိုပြီး အခွင့်အလမ်းများပါတယ်။ ဒါကြောင့် မတူကွဲပြားတဲ့အရာတွေအပေါ် အာရုံစိုက်တာထက် တူညီဆက်စပ်လို့ရတဲ့အရာတွေအပေါ်အလေးထားပါ။

၅) တစ်ဖက်သားအပေါ် စိတ်ဝင်စားပါ။

တစ်ဖက်သားရဲ့ ခံစားချက်နဲ့ အတွေးတွေကို စိတ်ဝင်စားပါ။ သူ့ရဲ့ တွေးတောရှုမြင်မှုကို သိမြင်နားလည်ပါ မှ အမှန်တကယ် စာနာနားလည်နိုင်မှာဖြစ်တယ်။ လူတွေရဲ့ မျက်နှာအမူအယာကိုကြည့်ပြီး သူ့မှာဖြစ် ပေါ်နေတဲ့ ခံစားချက်တွေကို သိမြင်နိုင်အောင်လည်း ကြိုးစားကြည့်သင့်ပါတယ်။ သူ့ရဲ့ စိတ်အတွေး နဲ့ ခံ စားချက်တွေကို ဖွင့်ထုတ်ခွင့်ပေးတဲ့ မေးခွန်းမျိုးတွေကို မေးပေးပါ။ အဲဒီလိုမေးခွန်းမျိုးက ကိုယ့်ရဲ့ စိတ် ဝင်စားမှုကိုဖေါ်ပြပေးတဲ့အပြင် သူ့ကိုပိုနားလည်သိမြင်နိုင်ဖို့ အခွင့်အရေးကိုလည်း ရရှိစေပါတယ်။

၆) ကိုယ့်စိတ်ထဲအဆင်မပြေ ခက်ခဲတတ်တာတွေကို ကျော်လွှားနိုင်ဖို့ လေ့ကျင့်ယူပါ။

ကိုယ်က ဘယ်လိုလူတွေအပေါ်ဆိုရင် စိတ်အလိုမကျဖြစ်တတ်သလဲ၊ ဘယ်လိုလူတွေကိုဆိုရင် ကိုယ့်လူ လို့ အလွယ်တကူ ခံစားရတတ်သလဲ၊ ဘယ်လိုအခြေအနေမျိုးမှာဆိုရင် စိတ်ကသိကအောက်ဖြစ်တတ်သ လဲ အစရှိတဲ့ ကိုယ့်ရဲ့စိတ်ပုံစံတွေကို သိနေအောင် လုပ်ထားပါ။ ပြီးရင် ကိုယ်သိပ်အစေးမကပ်တတ်တဲ့ သူ တွေရဲ့ အဖြစ်အပျက်တွေ၊ ခံစားမှုတွေ၊ နဲ့ အတွေးအမြင်တွေကိုပါ သိမြင်နားလည်နိုင်ဖို့ ကြိုးစားကြည့်ပါ၊ အဲဒီလိုလုပ်ဆောင်နေတဲ့အချိန်မှာ ကိုယ့်စိတ်ထဲ ကသိကအောက် ဖြစ်တာမျိုး ရှိခဲ့ရင်တောင် တစ်ဖက်သား အဆင်ပြေပြေဆက်ပြောနေနိုင်စေဖို့ ဘယ်လိုတုံ့ပြန်ရမလဲ ပြင်ဆင်ကြိုးစားပါ။

၇) ကိုယ့်အတွေးကိုယ့်အမြင်တွေတိုင်းကိုနှစ်ခါပြန်ဆင်ခြင်သုံးသပ်ပါ။

တစ်ခါတစ်ရံမှာ ဖြစ်ပျက်ကြုံတွေ့ရတဲ့ကိစ္စတွေအပေါ် ကိုယ့်ရဲ့ ခံစားသိမြင်မှုက အဖြစ်မှန်ကို မထင်ဟပ်နိုင် တာမျိုးရှိတတ်တာမို့ တစ်ခုခု မှတ်ချက်မပြုခင်မှာ နှစ်ခါပြန်ဆင်ခြင်သုံးသပ်ကြည့်တာမျိုး လိုအပ်ပါတယ်။ "သူနောက်ကျတာ ငါ့ကို မလေးစားလို့ပဲ ဖြစ်ရမယ်" လို့အလျင်အမြန်ကောက်ချက် မချခင်မှာ "ကားပိတ် တာ ဒါမှမဟုတ် တခြား အခက်အခဲတစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်တယ်" လို့တွေးကြည့်တာမျိုး အလေ့ အကျင့်လုပ်ရပါမယ်။

စာနာနားလည်စိတ်ကို လေ့ကျင့်ပျိုးထောင်ထားသူတွေဟာ

● ဘဝကို ပိုမိုပေါ့ပါးစွာ ဖြတ်သန်းနိုင်သူတွေ ဖြစ်လာကြပါတယ်။
● တစ်ဖက်သားရဲ့ ဘဝအမြင်ကို နားလည်လေးစားနိုင်ပြီး ကိုယ်နဲ့ အမြင်မ မတူတာကို စိတ်ဆိုးစရာ ပြဿနာလို့ မမြင်တော့တဲ့သူတွေ ဖြစ်လာကြပါတယ်။
● ကြုံတွေ့ရတတ်တဲ့ ဝေဖန်မှုတွေနဲ့ မတူခြားနားတဲ့ တွေးခေါ်ပုံတွေကိုလည်း အေးအေးဆေးဆေး လက်ခံနိုင်သူတွေ ဖြစ်လာကြပါတယ်။

မှီငြမ်း
https://www.apa.org/monitor/2021/11/feature-cultivating-empathy

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးစိုးရ (NUG)
https://moh.nugmyanmar.org/donate/

International Society of Myanmar Scholars and Professionals
https://ismsp-mm.org/
------------------------------

စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို တိုင်ပင်ဆွေးနွေးနိုင်ရန်-

👉 တယ်လီကျန်းမာ ဆေးခန်း (နေ့စဉ် နံနက် ၈ နာရီမှ ၆ နာရီအထိ)
https://m.me/telehealthmm

👉 တိုင်ပင်ဖော် ဝန်ဆောင်မှု
https://facebook.com/taingpinphaw

#တယ်လီကျန်းမာ #တိုင်ပင်ဖော်

Photos from တိုင်ပင်ဖော်'s post 29/12/2021

မိမိကိုယ်ကိုယ် အလွန်အကြူးအပြစ်​တင်​နေမိလား

Photos from တိုင်ပင်ဖော်'s post 12/12/2021

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ 🥰

Photos from Ministry of Health, National Unity Government of Myanmar's post 09/12/2021

စိတ်ဖိစီးမှုအတွက် ... 🥰

Photos from Love yourself's post 19/11/2021

အပိုင်း ၂ လာပါပြီ.. မိန်းက​လေး​တွေအတွက် အဓိကထား​ပေမယ့် လူတိုင်းလိုက်လုပ်နိုင်တဲ့ Self love အ​လေ့အကျင့်​တွေပါပဲ။ ​ပျော်ရွှင်မှုကို ကိုယ်တိုင်ကိုယ်ကျရယူဖို့ တိုက်တွန်းလိုက်ပါတယ်​နော်... 😊😊

အသက် ၁၆ နှစ်က​နေ ၃၀ ဝန်းကျင်အပိုင်းအခြားအမျိုးသမီး​လေး​တွေအတွက် ကိုယ့်ကိုယ်ကိုယ်ပိုချစ်လာဖို့ အလွယ်တကူ​လေ့ကျင့်သွားနိုင်တဲ့ Simple Selflove practice တွေကို ​​Love yourself က​နေဝေမျှ​ပေးလိုက်ပါတယ်​နော်..

တကယ်လို့ ကိုယ့်သူငယ်ချင်း​တွေထဲ ဒီအချက်​လေး​တွေကို သိဖို့လိုအပ်​နေတဲ့သူရှိရင်လည်း ချစ်ခြင်း​တွေကို လက်ဆင့်ကမ်း​ပေးတဲ့အခါ ပိုပြီး​ပျော်စရာ​ကောင်းမှာပါ။

ဖတ်ပြီးရင်လည်း ဘယ်လို​ပြောင်းလဲမှု​လေးတွေလုပ်ချင်လဲ ​ပြောပြသွားပါ​နော်။

အပိုင်း ၂ဖြစ်ပါတယ်
အပိုင်း ၁ link https://m.facebook.com/story.php?story_fbid=217591783821391&id=102979078615996

((တစ်ပုံချင်းစီမှာ အ​ကြောင်းအရာ​တွေပါ ပါတယ်။ ကျန်ရှိတဲ့ အပိုင်း​တွေကို​နောက်ရက်​တွေမှာ ဆက်တင်သွားမှာမို့ Love yourself ကို ဒီရက်ပိုင်း ​စောင့်ကြည့်​နိုင်ပါတယ်))

www.theeverygirl.com မှ 16 easy ways to practise self-love ကို မှီးပါသည်။

Photos from Love yourself's post 13/11/2021

⭐​ပျော်ရွှင်မှုကို ကိုယ်တိုင်ကိုယ်ကျဖန်တီးမယ့် အမျိုးသမီး​လေး​တွေအတွက် အ​လေ့အထ​ကောင်း​လေး​တွေ⭐

အသက် ၁၆ နှစ်က​နေ ၃၀ ဝန်းကျင်အပိုင်းအခြားအမျိုးသမီး​လေး​တွေအတွက် ကိုယ့်ကိုယ်ကိုယ်ပိုချစ်လာဖို့ အလွယ်တကူ​လေ့ကျင့်သွားနိုင်တဲ့ Simple Selflove practice တွေကို ​​Love yourself က​နေဝေမျှ​ပေးလိုက်ပါတယ်​နော်..

တကယ်လို့ ကိုယ့်သူငယ်ချင်း​တွေထဲ ဒီအချက်​လေး​တွေကို သိဖို့လိုအပ်​နေတဲ့သူရှိရင်လည်း ချစ်ခြင်း​တွေကို လက်ဆင့်ကမ်း​ပေးတဲ့အခါ ပိုပြီး​ပျော်စရာ​ကောင်းမှာပါ။

ဖတ်ပြီးရင်လည်း ဘယ်လို​ပြောင်းလဲမှု​လေးတွေလုပ်ချင်လဲ ​ပြောပြသွားပါ​နော်။

(အပိုင်း ၁ ဖြစ်ပါတယ်။ တစ်ပုံချင်းစီမှာ အ​ကြောင်းအရာ​တွေပါ ပါတယ်။ ကျန်ရှိတဲ့ အပိုင်း​တွေကို​နောက်ရက်​တွေမှာ ဆက်တင်သွားမှာမို့ Love yourself ကို ဒီရက်ပိုင်း ​စောင့်ကြည့်​နိုင်ပါတယ်)

www.theeverygirl.com မှ 16 easy ways to practise self-love ကို မှီးပါသည်။

Photos from Mental Health by the Psychiatrist's post 27/09/2021

With Love

Love yourself 26/09/2021

Love yourself page ရဲ့ ထူးခြားချက်က​တော့ CB ကိုလာဖူးတဲ့သူ​တွေက ​ပျောက်မသွားပဲ သတိတရပြန်ပြန်လာနှုတ်ဆက်ကြတာ ​ပျော်ရွှင်မှု​လေး​တွေကို ပြန်လာ​ဝေမျှတာပဲ။
မင်မင်တစ်​ယောက်က​​တော့ ဒါ​လေး​တွေကိုတန်ဖိုးထား​ပျော်ရွှင်​နေမိပြီ​လေ။.. 🥰

Love yourself ​မေတ္တာစကား​လေး​တွေ ​ပြောမှာပါ။

21/09/2021

စိုးရိမ်စိတ်ကို ​စောင့်ကြည့်မယ် 😊

🫒Anxiety Disorder "စိုးရိမ်​ကြောင့်ကြမှု​တွေ​ကြောင့်ဖြစ်လာတဲ့ ​နောက်ဆက်တွဲပြသနာ​တွေ" နဲ့ ကျမတို့​တွေရင်ဆိုင်ဖူးကြပါတယ်။ တချို့က​တော့ စိုးရိမ်ပူပန်မှု​တွေ ရင်ထဲဝင်​ရောက်​နေတာကို ​တော်​​တော်နဲ့ ဂရုမပြုမိကြပါဘူး။ တချို့များဆို ​နောက်ဆက်တွဲပြသနာတက်လာတဲ့အဆင့်အထိ သတိမထားမိတတ်ကြပါဘူး။ ဒါဟာ လူအ​​တော်များများအတွက် ဖြစ်ရိုးဖြစ်စဥ်ပါပဲ။

အဲ့ဒီလို သတိမထားမိတတ်တာ​ကြောင့်ပဲ Anxiety ဟာ လူအ​​တော်များများရဲ့ ဘဝ​ပျော်ရွှင်မှုနဲ့ ဘဝအဓိပ္ပါယ်အ​​ပေါ်ကို ဆိုးဆိုးရွားရွား ထိခိုက်​နေတာပါ။ စိတ်ကျန်းမာမှုကို နှိမ့်ချပြစ်ရုံမက ကိုယ်ကျန်းမာမှုကိုပါ တိုက်ခိုက်ပါတယ်။ ကိုယ့်ရဲ့အဖိုးတန်အချိန်​တွေကို တိုက်စားပြစ်တာလည်း သူပါပဲ။ ကိုယ်ဟာ ကိုယ်မဟုတ်​တော့တဲ့ သူတစ်​ယောက်ဖြစ်လာ​အောင်တဆင့်ချင်းတွန်းပို့တာလည်း သူပါပဲ။

💔 ကျမတို့အများစုရဲ့ အ​မေ​တွေကို ကြည့်ရင်..သူတို့တွေဟာ အလွန်အမင်းစိုးရိမ်ပူပန်တတ်ကြတယ်။ တပြစ်​တောက်​တောက်​ပြောတတ်ကြတယ်။ အ​ကြောက်လွန်ကြတယ်။ ​ဒေါသကြီးကြတယ်။ ခံစားထိရှလွယ်ကြတယ်၊ အိမ်ပြင်ထွက်ကာနီးရင် မီး​တွေပိတ်ထားရဲ့လားဆိုတာကို လိုတာထက်ပိုပြီး စစ်​ဆေး​နေတတ်ကြတယ်.. အဲ့ဒီအရာ​တွေဟာ anxiety အ​သေးအဖွဲ​တွေက​နေ စလိုက်တဲ့အရာ​တွေပါပဲ။

ရာနှုန်းအ​​တော်များများဟာ အိမ်​ထောင်ပြုက​လေး​မွေးတဲ့အရွယ်ကစပြီး ဘဝတ​လျှောက်လုံးကို ပိတ်ရက် နားရက် မရှိ မနိုင်ဝန်ကို ကြိတ်မှိတ်ထမ်းရင်းနဲ့ anxiety ရလို့လည်း ရ​နေမှန်းမသိပါဘူး။ အစိုးရိမ်လွန်လာတာ၊ တခုခုဆို စိတ်လှုပ်ရှားမှု​တွေအရမ်းဖြစ်ပြီး စိတ်အလိုမကျလာတာ၊ စကား​တွေများလာတာ၊ တိတ်တိတ်​လေး ဝမ်းနည်း​နေတတ်တာလိုမျိုး disorder ​တွေပြလာတဲ့အခါလည်း ငါ​တော့ anxiety ဖြစ်​နေပြီ disorder လက္ခဏာပြ​နေပြီလို့ မသိတတ်ကြပါဘူး။ နာတာရှည်ကြီးလိုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာ​ရေးနဲ့ ဘဝ​ပျော်ရွှင်မှုကို ကြီးကြီးမားမားထိခိုက်ခံရင်း ကုန်ဆုံးသွားကြတာ အများကြီးပါပဲ။ ကျမဟာအိမ်​ထောင်သည်အမျိုးသမီးတစ်​ယောက်မို့ ဒီဥပမာကို ​ပေးရ​ပေမယ့် အမျိုးသား​တွေမှာလည်း anxiety disorder ​တွေရှိ​နေတာပါပဲ။

🫒စိုးရိမ်ပူပန်စရာ​တွေ အရမ်းများလာတဲ့အခါ anxiety ဟာ ရုပ်ကျန်းမာ​ရေးအပိုင်းကိုပါ ပြသနာရှာပါတယ်။ anxiety စဝင်လာတာနဲ့ မျက်နှာဟာညှိုးသွားတယ်၊ မျက်​မှောင်ကျုံ့၊ နှုတ်ခမ်း​စူလာပြီး မျက်နှာက အ​ရေး​ကြောင်း​တွေထင်းလာမယ်။ အာရုံစူးစိုက်နိုင်စွမ်းကျလာပြီး စိတ်မရှည်​တော့ဘူး။ ရန်လိုလာတယ်။ ဒီထက်ပြင်းထန်လာရင် မနက်ခင်း​တွေက မလန်းဆန်း​တော့ဘူး။ ရင်​တွေတုန်မယ်။ အိပ်​ပျော်ဖို့ခက်မယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မရ​တော့ဘူး။ အိပ်ယာထဖို့ ခက်ခဲမယ်။ အားကုန်ချိနဲ့မယ်။ ဗိုက်​အောင့်မယ်။ အစာအိမ်ထိပါ ပြသနာဖြစ်လာမယ်။ တခြားပြသနာ​တွေလည်း အများကြီးပါပဲ။

စိုးရိမ်ပူပန်စရာများလို့ anxiety disorder ဖြစ်တဲ့အခါ ပြင်းထန်ရင်​တော့ ဂရုစိုက်မိတတ်ကြပါတယ်။ ​နောက်ဆက်တွဲ ရုပ်ပိုင်းဆိုင်ရာပြသနာ​တွေနဲ့ကြုံရင်​တော့ ရုပ်ကိုချည်းကုရမှာမဟုတ်ပဲ စိတ်ကိုပါကုဖို့လိုအပ်တယ်လို့ နားလည်လာတဲ့သူ​တွေက​ ဆရာဝန်ဆီ​ပြေးသွားကြပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်ရဲ့ ကုသမှုကို ယူကြပါတယ်။

⭐Anxiety ကို ကုသမှုယူကြတဲ့အခါ ကျွမ်းကျင်သူရဲ့ ကုသမှုအပြင် နှစ်သိမ့်​ဆွေး​နွေး​ပေးမှုကိုလည်း ရယူနိုင်ပါတယ်။ ဒါ​ပေမယ့် အ​ရေးအကြီးဆုံးက​တော့ ကိုယ်ကိုယ်တိုင်ရဲ့ ပြင်ဆင်မှု ​လေ့ကျင့်မှုပါပဲ။

⭐Anxiety ဟာ ဘဝမှာ ငြင်းဆန်လို့ ရတဲ့အရာမဟုတ်ပါဘူး။ ​ရှောင်ပြီး​နေလို့လည်း မရပါဘူး။ အ​လေးဂရုပြုပြီး အတူ​နေသွားရမယ့် အရာပါ။ သူဝင်လာတာနဲ့ ဝင်လာမှန်းသိမယ်၊ သူ့ရဲ့ tempo အမြင့်အနိမ့် ကို ​လေ့လာကြည့်မယ်၊ ပြီးရင်​တော့ ​ဖြေ​ဖျောက်ဖို့ကြိုးစားမယ်။

⭐Meditation practise တရားထိုင်တဲ့ အ​​လေ့အကျင့်ရှိသူ​တွေက​​တော့ တရားထိုင်ခြင်းနဲ့ anxiety ကို ​ဖြေ​ဖျောက်ကြပါတယ်။ စိတ်ငြိမ်မှုကို ရတဲ့အခါ အင်မတန်မှ​ပေါ့ပါး​အေးချမ်းတာကိုး။ တရားထိုင်ကျင့်မရှိသူက​တော့ anxiety ဝင်တဲ့အချိန်မှာ တရားထိုင်လိုက်ဖို့ဆိုတာ အင်မတန်ခက်ပါတယ်။

⭐ Breathing exercise နဲ့ ဝင်သက်ထွက်သက်​လေ့ကျင့်ခန်းလုပ်မယ်၊ လုပ်​နေချိန်မှာ ​ပေါ့​ပေါ့ပါးပါးပြုံးမယ်၊ ရယ်​မောမယ် ဆိုလည်း anxiety ကို​လျော့ပါး​စေပါတယ်။

⭐Guided imaginary က​တော့ ဘယ်သူ့အတွက်မဆို ကျမအ​နေနဲ့ ​ထောက်ခံချက်​ပေးချင်တဲ့ ​လေ့ကျင့်ခန်းပါပဲ။ Guided imaginary အ​ကြောင်းဖတ်ကြည့်ချင်ရင် ဒီ link က​နေ သွား​ပေးပါ။
https://www.facebook.com/102979078615996/posts/110661101181127/

⭐ကိုယ့်မှာစိတ်ဝင်စားတဲ့ ဝါသနာတစ်ခုခုရှိရင် အဲ့ဒီဝါသနာကိုလည်း ​မွေးမြူ​လေ့ကျင့်သင့်ပါတယ်။ crochet ကို စိတ်ဝင်စားရင်၊ ဒါမှမဟုတ် ပန်းချီဆွဲတာ၊ သီချင်းနား​ထောင်တာ၊ တူရိယာတစ်ခုခုကို တီးတာ၊ ရုပ်ရှင်ကြည့်တာ ဘာကို စိတ်ဝင်စားစား ငါစိတ်အပန်း​ပြေ​ပျော်ရွှင်ဖို့ လုပ်တယ် ဆိုတဲ့ ရည်မှန်းချက်​လေးပါ ထားပြီး လုပ်​ပေးတာက anxiety ကို သက်သာ​စေပါတယ်။

⭐စိတ်ပိုင်းဆိုင်ရာ ပြသနာ​တွေဟာ ကိုယ်တိုင်အားထုတ်မှ ​​ကောင်းစွာ​ကျော်လွှားနိုင်တာပါ။ ငါ့မှာ anxiety ရှိ​နေပြီလို့ သတိထားတာဟာ ပထမဆုံးလုပ်ရမယ့် အရာပါ။ ဘာကိုစိုးရိမ်​နေတာလဲ၊ ဘာ​ကြောင့်စိုးရိမ်​နေတာလည်း၊ ​ဖြေရှင်းလို့ မရ​လောက်​အောင် ဆိုးတာလား၊ ​ဖြေရှင်းစရာနည်းရှိလား၊ ငါ့စိုးရိမ်မှုဟာ ငါ့မျက်နှာ၊ ငါ့အ​ပြောအဆို၊ ငါ့ခွန်အားကို ထိခိုက်​နေပြီလား လို့ ဆင်ခြင်တာနဲ့တင် anxiety ကို control လုပ်နိုင်လာပါတယ်။

⭐ ​နောက်တဆင့်က disorder ဖြစ်တာကိုပါ ​လေ့လာတာပါ။ ငါအိပ်မ​ပျော်ဘူး၊ ငါ​တော့ တပြစ်​တောက်​တောက်လုပ်မိ​နေပြီ၊ ငါ့စိုးရိမ်စိတ်​ကြောင့်ဖြစ်လာတဲ့ ​ဒေါသကို သူများအ​ပေါ်ပုံချ​နေပြီ ဆိုတဲ့ ဖြစ်စဥ်​တွေကို ထိန်းချုပ်ကွပ်ကဲဖို့ ကြိုးစားကြည့်တာပါ။ ​

⭐Anxiety ဟာ အမြဲထကြွ​နေတာမဟုတ်ပါဘူး။ သူမရှိတဲ့အချိန်မှာ ကိုယ့်စိတ်ကိုယ် anxiety ​ကြောင့် ဆိုးရွားစွာထိပါးမခံပဲ သဟဇာတဖြစ်ဖြစ်​နေတတ်​အောင်ကြိုတင်​လေ့ကျင့်​နေလို့ရပါတယ်။ ကိုယ့်အတွက် အပန်း​ပြေမယ့်အရာ​တွေကို ​လေ့ကျင့်၊ ​လေ့လာမယ်၊ ​ပျော်ရွှင်မှုငြိမ်းချမ်းမှုကို ခံစားမှတ်တမ်းတင်အ​​လေးဂရုပြုမယ်ဆို anxiety ခံတပ်တစ်ခု ​ကောင်း​ကောင်း​ဆောက်နိုင်လာမှာ​သေချာပါတယ်။

​🫒နောက်တစ်ခုက စိုးရိမ်ပူပန်တဲ့အခါ လုပ်နိုင်စွမ်းအားကျလာပါတယ်။ ဒါဟာ သဘာဝပါပဲ။ အဲ့ဒီလိုကျလာရင် ငါက​တော့ ​လောကဓံကို သူများ​တွေလိုမခံနိုင်ပါလား၊ သူများ​တွေက ငါ့ထက်​တော်တယ်ဆိုပြီး ​တွေးမိတတ်တာမျိုးလည်းရှိပါတယ်။ တကယ်က​တော့ anxiety ဟာလူတိုင်းခံစားရတဲ့အရာပါ။ လူတိုင်းမှာ သူ့ limit နဲ့ သူ့ တန်ဖိုးထားမှုပုံစံနဲ့ရှိတာမို့ မတူတာ​တွေ​လည်း ရှိပါတယ်။ မခံနိုင်တာ ရှက်စရာလည်း မဟုတ်သလို ​ပျော့ညံ့မှုလည်း မဟုတ်ပါဘူး။ ​ရှောင်လွှဲ​နေတာကမှ မှားယွင်းတဲ့အပြုအမူပါ။

Anxiety အတွက်​သေချာပြင်ဆင်ထားမယ်ဆိုရင် လူတိုင်းဟာ ကိုယ့်ရဲ့ anxiety shield ကို တဆင့်ချင်းတိုးမြှင့်သွားနိုင်မှာ​သေချာပါတယ်။ ကိုဗစ်ကို ရင်ဆိုင်သလို၊ ကိုဗစ်နဲ့ အတူ​နေထိုင်သလိုသ​ဘောပါပဲ။

အားလုံးကိုချစ်ပါတယ်။
​ပြောချင်တာ​တွေရှိရင် ကျမကလည်း နား​ထောင်ချင်​နေသူပါ။ ❤

03/07/2021

🍲ပျော်စရာ​ကောင်း​အောင် စားကြမယ်... 🥗
(Mindful eating)

🍚 Mindful eating ဆိုတာ self awareness practise ရဲ့ အစိတ်အပိုင်းပါပဲ။ "သတိနဲ့စားတယ်" "ကိုယ်လုပ်​နေတဲ့ အာဟာရဖြည့်ဖြစ်စဥ်ကြီး တစ်ခုလုံး​အ​​ပေါ်မှာ ​သတိနဲ့ စောင့်ကြည့်တယ်​​" ပေါ့။

🥬တကယ်​တော့ Mindful eating အ​လေ့အကျင့်ဟာ ကမဌာန်း အားထုတ်ဖူးတဲ့သူ​တွေ၊ meditation လုပ်ဖူးသူ​တွေနဲ့ သိပ်မစိမ်းလှပါဘူး။ မြင်ရင်မြင်တယ်၊ စားရင်စားတယ်၊ ဝါးရင်ဝါးတယ်၊ ​ကောင်းရင်​ကောင်းတယ်၊ မျိုရင်မျိုတယ်၊ ဗိုက်ပြည့်ရင် ဗိုက်ပြည့်တယ်လို့ မှတ် ဆိုတဲ့ သ​ဘောနဲ့ အ​တော်ဆင်ပါတယ်။

🥦Mindful eating ဟာ လက်​တွေ့လုပ်ငန်းတစ်ခုပါပဲ။ စိတ်ဖြစ်စဥ်တစ်ခုကို ​စောင့်ကြည့်တဲ့၊ ကိုယ့် soul ရဲ့ needs and wants ​တွေကို နားလည်​အောင်ကြိုးစားတဲ့ အ​​လေ့အကျင့်ပါပဲ။ ဘာသာ​ရေးလုပ်မှ လုပ်ရမယ့်သီးသန့်အလုပ်တစ်ခုမဟုတ်သလို၊ ကုသိုလ်ဖြစ်​နေတာလား၊ အကုသိုလ်ဖြစ်​နေတာလား လိုက်ပြီး ​ဝေဖန်ပိုင်းခြား​နေရမယ့် process တစ်ခုထက်အများကြီး ပိုမိုသာလွန်​လက်​တွေ့ကျပါတယ်။

🍜ကိုယ်ဟာ အစားကို ဘယ်လိုစား​နေတတ်သလဲ။
🍜ကိုယ့်ရဲ့အစားစားတဲ့ အ​လေ့အကျင့်အ​​ပေါ် ဘာ​တွေက လွှမ်းမိုး​နေတာလဲ။
🍜ကိုယ့်ရဲ့ အစားအ​သောက်စားတဲ့ အ​​လေ့အကျင့်အ​ပေါ် ကိုယ်​ကျေနပ်​နေရဲ့လား။
🍜ကိုယ့်ရဲ့အစားစားတဲ့ ပုံစံဟာ ကိုယ့်ရဲ့ ကိုယ်အ​လေးချိန် နဲ့ ကျန်းမာ​ရေးအ​​ပေါ် အဆိုးဘက်က သက်​ရောက်​နေတယ်လို့ ယူဆလား။ ဒါမှမဟုတ် အ​ကောင်းဘက်က သက်​ရောက်​နေတယ်လို့ ယုံကြည်ထားပြီလား။
🍜ကိုယ့်ရဲ့ အစားစားမှု ပုံစံကို ပြင်သင့်ပြီလို့ ထင်လား၊
🍜ဘယ်လို target ထားပြီး ပြင်မှာလဲ၊ ကိုယ်​ရောက်ချင်တဲ့ target အတွက် ဘာ​တွေလုပ်ရမယ်ဆိုတာ​ကော နည်းမှန်လမ်းမှန် စနစ်တကျ သိ​နေပြီလား၊
🍜လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးပြီလား။ ဒါမှမဟုတ် လုပ်လိုက် မလုပ်လိုက်ဖြစ်​နေတာလား။ ပြင်ချင်တဲ့ စိတ်ကို မရှိ​သေးတာလား။

🍎အ​​​ပေါ်က ​မေးခွန်း​တွေဟာ mindful eating ကို စတင်ချင်တဲ့ သူ​တွေအတွက် ကိုယ့်ကိုယ်ကိုယ် နားလည်​အောင် ကိုယ့်ရဲ့ အတွင်းပိုင်းကိုဆန်းစစ်ရ​အောင် ​​ဖြေကို​ဖြေရမယ့် ​မေးခွန်း​တွေပါပဲ။

🍎ဒီ​မေးခွန်း​တွေအတွက် အ​​ဖြေထုတ်နိုင်တာဟာ mindful eating ရဲ့ ပထမ ​​ခြေလှမ်းပါ။

​🫑နောက်ထပ်​​ခြေလှမ်းက​တော့ တ​နေ့တ​နေ့ ငါ အစားကို ဘယ်လိုစားမလဲလို့ ဆုံးဖြတ်တာပါ။ ထမင်းတစ်နပ်နဲ့ တစ်နပ်ကို အချိန်ဘယ်​လောက်ခွာစားမလဲ။ အစားတစ်ခုခုကို ဘယ်အချိန်​နောက်ဆုံးထားစားမလဲ၊ ထမင်းအနပ်တိုင်းမှာ ဘာ​တွေပါ​အောင်စားမလဲ၊ ဘာ​တွေမပါ​အောင် စားမလဲ၊ ဘယ်အစားအ​သောက်​တွေက​တော့ စိတ်အလိုလိုက်ပြီးစား​နေမိတာလဲ၊ ဘယ်အစားအ​သောက်​တွေကို​တော့ မဆာပဲစား​နေမိတာလဲ ဆိုတာ​တွေကို ​သေချာ ဆန်းစစ်ရ​တော့မှာပါ။

🍏စားခါနီးတိုင်း ငါဘယ်​လောက်ဗိုက်ဆာ​နေလဲ၊ ငါဘာစားချင်​နေလဲ​စဥ်းစားကြည့်တာ၊ စား​နေတုန်းမှာ စားလို့​ကောင်းလား၊ အငန်​တွေများ​နေလား သုံးသပ်ကြည့်တာ၊ စားတာရပ်ဖို့ သင့်ပြီဆိုလည်း တဝတပြဲကြီး မဖြစ်ခင် ဘရိတ်အုပ်တာတို့က ​နောက်ထပ်တဆင့်ပါ။

🍎တကယ် ​သေ​သေချာချာ လုပ်ဖို့ ကြံစည်ထားရင်​တော့ Mindful eating အတွက် မှတ်စုတစ်ခုဟာ လိုအပ်လာမှာပါပဲ။ တ​​နေ့လုံးစားတဲ့ အစားအ​သောက် နဲ့ စားချိန်​တွေလည်းပါမယ်။ စားခါနီး ဗိုက်ဆာတဲ့ အဆင့်လည်းပါမယ်။ ဘယ်​လောက်စားလိုက်လဲ ဆိုတာလည်းပါမယ်​ပေါ့။ (အရမ်းအလုပ်များတဲ့သူ​တွေက​တော့ ချမ​ရေးထားလည်း စိတ်နဲ့ လုပ်သွားလို့ရပါတယ်။ စနစ်တကျဖြစ်ချင်သူ​တွေက​တော့ ချ​ရေးတာ ပိုထိ​ရောက်ပါတယ်။ )

🥦ကျမက​တော့ ဗိုက်ဆာတဲ့အဆင့်ကို ၁ က​နေ ၁၀ အထိ သတ်မှတ်ပါတယ်။ အရမ်းကို ဗိုက်ကတင်းကား​နေတယ်ဆို ၁ လို့သတ်မှတ်ပြီး အသား​တွေတုန်​အောင်၊ ဗိုက်ထဲက​အော်​နေ​​အောင်၊ အာရုံစိုက်လို့မရ​လောက်​​အောင် ဆာတာကို​တော့ ၁၀ လို့ သတ်မှတ်တာပါ။ ၅/၆ က​တော့ စားလည်းဖြစ်တယ် မစားလည်း ဖြစ်တယ်ဆိုတဲ့ ​အ​ခြေအ​နေပါ။ အချိန်ကျ​နေရင် စားပါတယ်။ ၃/၄ အဆင့်မှာ​တော့ ဘယ်​လောက်စား​ကောင်းတာ​တွေရှိရှိ မစားပါဘူး။ ဗိုက်ဆာတဲ့အဆင့် ၉ / ၁၀ ​ရောက်​အောင်လည်း မ​စောင့်ပါ။ မ​ရောက်ခင်မှာစားပါတယ်။

🍇ဒါ​တွေဟာ awareness ပါပဲ။ ကျမက အစားအ​သောက်ဆိုင်ရာပညာရှင်တစ်​ယောက်မဟုတ်သလို၊ ဝတဲ့သူပိန်​အောင်၊ ပိန်တဲ့သူ ဝ​အောင် အကြံဥာဏ်​ပေးနိုင်တဲ့ diet planner တစ်​ယောက်လည်း မဟုတ်ပါဘူး။ ကျမ ​ပေးချင်တာက ကိုယ့်ကိုယ်ကိုယ် နားလည်​အောင်ကြိုးစားတဲ့၊ ​စောင့်ကြည့်တဲ့ စိတ်ဖြစ်စဥ်တစ်ခုထဲက "​ပျော်စရာ​ကောင်း​အောင် စားတဲ့နည်းပါ"
ကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့ပေါ်မူတည်ပြီး ဥာဏ်ရှိသလို အသုံးချနိုင်ပါတယ်။

🌻Mindful eating လုပ်လိုက်ခြင်းအားဖြင့် ကျမမှာ​​​​တော့ energy တိုးလာပါတယ်။ သတိပို​ကောင်းလာပါတယ်။ conscious ဖြစ်တဲ့ အ​နေအထား ​ကောင်းလာပါတယ်။ self esteem တိုးလာပါတယ်။ ကိုယ့်ကိုယ်ကိုယ် ငါလုပ်နိုင်သားပဲဆိုတဲ့ positive self comp​assion တစ်ခုရလာပါတယ်။ ငါစားတဲ့အရာ​တွေက ငါ့ကျန်းမာမှုကို အ​ထောက်အကူပြု​နေတယ်ဆိုတဲ့ စိတ်ကလည်း စိတ်ချမ်းသာ​စေပါတယ်။ ကိုယ်လိုချင်တဲ့ရည်ရွယ်ချက်တစ်ခုကို ​ရောက်တဲ့အခါမှာလည်း ပန်းတိုင်ကို ရတဲ့ ​ရောက်တဲ့ ခံစားချက် feeling complete ကိုရပါတယ်။ အဲ့ဒီအပြင် ဒါကိုငါဆက်လုပ်သွားရမယ် ဆက်လုပ်သွားနိုင်တယ်ဆိုတဲ့ self confidence လည်းရပါတယ်။ ဒါ့​ကြောင့် energy တိုးလာပါတယ်။

🥬လူ​တွေက ကြိုက်တဲ့အရာ​တွေကို စား​နေကြ​ပေမယ့် ​နောက်ဆက်တွဲစိုးရိမ်ပူပန်မှု​တွေနဲ့ပါ။ ငါများ ဝ လာမလား၊ ငါ​တော့ မတည့်တာ​တွေစားမိပြန်ပြီဆိုတဲ့ စိတ်နဲ့စား​နေကြတာများပါတယ်။ eating in anxiety လို့ ​ခေါ်ရမယ်ထင်ပါတယ်။

​🍒စားတာ​ပျော်စရာ​ကောင်းလားဆိုရင် ​ပျော်စရာ​ကောင်း​အောင်စားပါ၊ ​ပျော်ရပါတယ်။ တကယ်​ပျော်​အောင်စားပါလို့ပဲ​ပြောချင်တာပါ။ စိတ်​ကျေနပ်မှုရတာဟာ ဘာနဲ့မှ မတူပါဘူး။

🍇ဖြည့်စွက်​ပြောချင်တာက mindful eating ဟာ ကမဌာန်း​ကျောင်းမှာပဲ ​လေ့ကျင့်ရတဲ့ practise မဟုတ်ပါဘူး။ လက်​တွေ့ဘဝမှာ ကျင့်သုံးသင့်တဲ့ practise ပါ။ self love practice ​တွေဟာ ​လေ့ကျင့်ရတာပါ။ မ​လေ့ကျင့်ပဲနဲ့ မလုပ်တတ်ပါဘူး။

❣အများကြီး ချစ်ပါတယ်။ ❣

22/06/2021

🪴ကျေးဇူးတင်စုဘူး gratitude jar🪴

"Gratitude" ကို ဘာသာပြန်ကြတဲ့အခါ ကျမတို့က ​"ကျေးဇူးတရား" လို့ပဲ အလွယ်တကူပြန်လိုက်ကြပါတယ်။

​🌿ကျေးဇူးတရားဆိုတာ ဘာလဲလို့ဆက်​​တွေးလိုက်ရင်​​တော့ လူအများစုရဲ့​​ခေါင်းထဲကို ပထမဆုံးရောက်လာမယ့် အ​​တွေး​တွေက "မိဘ​ကျေးဇူးတို့ ဆရာသမား​ကျေးဇူး" တို့ပါပဲ။ ဒါ​တွေက tradition လို့​ခေါ်တဲ့ ရိုးရာက​နေ သင်​ပေးလိုက်တဲ့ ​ကျေးဇူး​တွေပါ။ မိဘ​တွေဟာ ကိုယ်​​တွေအ​ပေါ်မှာ​ ဆပ်လို့မကုန်နိုင်​အောင် ကျေးဇူးအများကြီးရှိတယ်၊ ဆရာ၊ဆရာမ​တွေဟာလည်း ပညာသင်​ပေးတဲ့​ကျေးဇူး​တွေများတယ်၊ မင်းစ​ရေးလိုက်တဲ့ ဝ လုံးတစ်လုံးဟာ တစ်သက်လုံးသုံးရဖို့ ဖြစ်တယ် ဆိုတဲ့ ဘဝနီတိ​တွေကို က​လေးဘဝကတည်းက ကျမတို့ကို တဖွဖွမှာလိုက်ကြတယ်။

🌿ဒီအခါမှာ ကျမတို့ စိတ်ထဲ ​ကျေးဇူးတရားဆိုတာ ကိုယ်ကလက်ခံထားတဲ့ အရာတစ်ခုအတွက် ​ပေးသူကို ပြန်လည်သိတတ်ရခြင်းလို့ပဲ သ​ဘော​ပေါက်​တော့တယ်။ ​ကျေးဇူးတရားမှာ ချစ်ခြင်းတရားနဲ့ ရစ်ပတ်ဆက်နွယ်မှု​တွေက​ နောက်တန်း​ရောက်ကုန်ပြီး ဝန်ထုပ်ဝန်ပိုးတစ်ခုအသွင်ကို ​​ဆောင်မှန်းမသိ​ဆောင်လာ​တော့တယ်။

လက်ခံရရှိတဲ့သူက ​မေတ္တာနဲ့​ပေးကမ်းတဲ့လက်တစ်စုံအ​ပေါ် ​"ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စိတ်အပြင် "ငါ​တော့​ကျေးဇူးဆပ်ရ​တော့မယ်" ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုကိုပါ ထမ်းယူမိလျက်သားဖြစ်သွားတယ်။ ​​

ပေး​ဝေမျှတဲ့ သူကလည်း တုန့်ပြန်မှုကို မ​မျှော်လင့်ဘူးဆိုရင်​​တောင် "ငါက​ကျေးဇူးပြုဖူးသူဖြစ်တယ်" ဆိုတဲ့ တဆင့်မြင့်​နေရာကို ယူလိုက်မိတယ်။ "..ငါတို့လှူတာစိတ်ပြတ်တယ်.." ဆိုတဲ့စကားမှာ​တောင် "...ငါကအလှူရှင် ဒါ​ပေမယ့် နင်ပြန်မ​ပေးလဲ ရတယ်.. ငါ့​ကျေးဇူးကို ​စော်ကားရင်​တောင်ငါကခွင့်လွှတ်​နေအုံးမှာ.." ဆိုတဲ့ အသာစီးယူမိမှုက​နေ လုံးဝမကင်းနိုင်ကြပါဘူး။

​ကျေးဇူးတရားကို အဓိပ္ပါယ်ဖွင့်ဆိုမှုကျဥ်း​မြောင်းလွန်းတဲ့အခါ နှစ်လိုဖွယ်ရာ အရာတစ်ခုဘဝက​နေ ဝန်​လေး​စေတဲ့စကားလုံးအဖြစ်ကို ​ရောက်ရ​တော့တယ်။

🌿တကယ်တမ်းမှာ​တော့ ​gratitude ရဲ့ အဓိပ္ပါယ်​ကော အနှစ်သာရမှာပါ burden ဆိုတဲ့ ဝန်ထုပ်ဝန်ပိုး ပါမ​​နေပါဘူး။ ချစ်ခြင်း​မေတ္တာနဲ့ခံယူရရှိလိုက်တဲ့အရာရယ်၊ ချစ်ခြင်း​မေတ္တာကို ပြန်လည်​ဝေမျှတဲ့ အပြုအမူရယ်ဆိုတာပဲ ရှိပါတယ်။

🌿မနက်ခင်းရဲ့ လေညင်း​လေးကို ခံစားမိပြီးရလာတဲ့ ​အေးချမ်းမှုဟာ ကျမတို့လက်ခံရရှိတဲ့ချစ်ခြင်းတရားပါ။ အဲ့ဒါဟာ gratitude ဆိုတဲ့ ​ကျေးဇူးတရား​ပါပဲ။ အဲ့ဒီကရလာတဲ့ ​ကောင်းခြင်းတရားကို ကျမတို့ရဲ့ စိတ်အဟုန်ကတဆင့် တခြားသူ​တွေအ​ပေါ် ဖြန့်ကျက်ခြင်းဟာ ​ကျေးဇူးတုံ့ပြန်ခြင်းတစ်ခုပါပဲ။ အဲ့ဒီ​လောက်ကို ရိုးရှင်းတာပါ။

🌿ဒီ​​တော့ ​ကျေးဇူးတရားဆိုတာဟာ ".. ​ကောင်း​သောအရာကို လက်ခံရရှိခြင်း နဲ့ ထိုအ​ကောင်းတရားကို ပြန်လည်​ဝေမျှခြင်း.." ပါပဲ။ burden ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုမဟုတ်သလို၊ debt ဆိုတဲ့ အ​​​​ကြွေးလည်း မဟုတ်ပါဘူး။ အင်မတန်လှပတဲ့ သဘာဝဆက်နွယ်မှုတစ်ခုသာပါပဲ။ ကိုယ်လက်ခံလိုက်ရတဲ့ အ​လေးအပင်လည်းမဟုတ်သလို သူများကို​ပေးလိုက်တဲ့ လွှတ်ချရခက်တဲ့အထုပ်လည်းမဟုတ်ပါဘူး။

🌿ကိုယ်​ကျေးဇူးတင်ရတဲ့အရာဟာ ..
🐣"ကိုယ့်ရဲ့အ​ကောင်းမြင်တတ်တဲ့စိတ်​လေးဖြစ်နိုင်သလို" 🌻"ကိုယ့်ကို စိတ်အနား​ပေးလိုက်တဲ့ ပန်းပွင့်​လေးတစ်ပွင့်လည်းဖြစ်နိုင်ပါတယ်" 🐕"ကိုယ့်ကို အမြှီး​လေးနန့်ပြီးကြိုတဲ့​ခွေး​​လေးတစ်​ကောင်လည်း ဖြစ်နိုင်သလို" 👨‍👦‍👦 "ကိုယ့်ကို အရှိအတိုင်းလက်ခံချစ်​ပေးတဲ့ က်ုယ့်ရဲ့​ဖေ​ဖေ" လည်းဖြစ်နိုင်ပါတယ်။

🌿ဒါ​လေး​တွေအကုန်လုံးကို 🍯 gratitude jar🍯 ​လေးထဲ ထည့်ထည့်သွားလို့ရပါတယ်။
တချို့ရဲ့ gratitute jar ​လေးဟာ ​နေ့အလိုက်ရက်စွဲ​လေးနဲ့ မှတ်တမ်းတင်ထားတဲ့ 📜စာရွက်​လေးတစ်ရွက်၊ 📒စာအုပ်​လေးတစ်အုပ်၊📑 ဖုန်းထဲက note ​လေးတစ်မျက်နှာ ဖြစ်န်ုင်သလို..
လက်​တွေ့ဆန်ဆန် .. စုဘူး​လေးတစ်ခုထဲက ​"ကျေးဇူးတင်ရတဲ့အရာ​တွေနဲ့ ​ကျေးဇူးတင်ရတဲ့ အ​ကြောင်း​​တွေ" ရေးထားတဲ့ စာရွက်အပိုင်းအစ​လေး​တွေလည်း ဖြစ်နိုင်ပါတယ်။

🌿ကျမရဲ့ gratitude jar ​လေးထဲ ထည့်ခဲ့မိတဲ့ အကြင်နာအပိုင်းအစ​လေး​တွေထဲမှာ

❣ကိုယ့်ကိုယ်ကိုယ်​စောင့်ကြည့်ဖို့အချိန်​ပေးတတ်တဲ့ကျမရဲ့စိတ်လည်းပါတယ်
​❣ဘေးအိမ်က​ခွေး​လေးလည်းပါတယ်
❣ဂရုစိုက်​နော်ဆိုတဲ့သူငယ်ချင်းရဲ့စကား​လေးလည်းပါတယ်
❣ချစ်တယ်ဆိုတဲ့ ချစ်သူရဲ့ စကား​လေးလည်းပါ ပါ တယ်..

🌻Self love ရဲ့ အ​လေ့အကျင့်​တွေဟာ နူးညံ့ပါတယ်။ ခံစားမိဖို့ အားစိုက်စူးစမ်းရတဲ့၊ ကိုယ့်ရဲ့အတွင်းနက်နက်ထဲက အရာ​တွေအထိ တူး​ဖော်၊အ​ရေးလုပ်၊ စိတ်ဝင်စားရတဲ့ အ​လေ့အကျင့်ပါပဲ။ အကြမ်းထည်ကြီး​တွေမှာပဲ ​ရောက်​နေတဲ့စိတ်ကို ပြုပြင်​ပြောင်းလဲတဲ့လုပ်ငန်းစဥ်​တွေပါဝင်ပါတယ်။ ဒီထဲက တစ်ခုက gratitude affirmation ပါ။

🌻ကိုယ့်ရဲ့​ပျော်ရွှင်မှုအတွက်၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတယ်၊ ကိုယ့်ကိုယ်ကိုယ်ချစ်နိုင်စွမ်းရှိတယ်ဆိုတဲ့ စိတ်တစ်ခုအတွက်၊ အ​ထောက်အပံ့ ဖြစ်​စေတဲ့ အရာ​တွေ၊ လူ​တွေ နဲ့အတူ တခြား​သောသဘာဝ အရာများစွာကို ဂရုတစိုက်လိုက်ကြည့်အသိအမှတ်ပြုတဲ့ အ​​လေ့အကျင့်ပါပဲ။

ချစ်ခြင်းဆီက အားယူပါ ❣

Self love : Gratitude affirmation , Gratitude Jar

02/06/2021

😇ဘာသာ​ရေးက​ပေးတဲ့ စိတ်ခွန်အား 😇

Religious belief
🌼ဘာသာ​ရေးယုံကြည်မှုကလည်း စိတ်ရဲ့ခွန်အားကို အများကြီး အ​ထောက်အကူပြုပါတယ်။

ကိုးကွယ်ရာ ဘာသာတရားရှိသူတစ်​ယောက်အ​နေနဲ့ ဘာသာ​​ရေးအ​​ပေါ်မှာ ထားရှိတဲ့ ယုံကြည်မှု​တွေက​နေ ကိုယ့်အတွက်စိတ်အင်အားကို တိုးမြှင့်နိုင်ပါတယ်။ ဒါဟာ အလွယ်ဆုံးနဲ့ ထိ​ရောက်မှု အရှိဆုံးနည်းတစ်ခုပါပဲ။

ဘာသာ​ရေး​ခေါင်းစဥ်တစ်ခု​အောက်မ​နေနဲ့သူ​တွေမှာလည်း သူတို့ရဲ့ strong belief တစ်ခုခုက သူတို့ရဲ့စိတ်ခွန်အားကို ​စောင့်​ရှောက်ပါတယ်။

🌼 Religious belief ဟာ Spritual belief (စိတ်ဝိဥာဥ်ရဲ့ ယုံကြည်မှု) ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Spiritual belief ရဲ့ နယ်ပယ်ဟာ အင်မတန်မှ ကျယ်ပြန့်ခမ်းနားတာမို့ religious belief အ​ကြောင်းရယ်လို့ ပဲ ​ပြောပါရ​စေ။

💥ဒီ​နေရာမှာ ကျမအ​နေနဲ့ ​ပြောလိုတာက ဆက်​ပြောသွားမယ့် အ​ကြောင်းအရာ​တွေဟာ ဘာသာ​ရေး​တွေအ​ကြောင်းလည်း မဟုတ်သလို၊ ဘာသာ​ရေးနဲ့ပတ်သက်တဲ့ ယုံကြည်​တွေး​ခေါ်မှု နိမ့်ခြင်းမြင့်ခြင်း အ​ကြောင်း​တွေလည်း မဟုတ်ပါဘူး။

💥Love yourself ရဲ့ ​ဘောင်အတိုင်း ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့၊ ​စောင့်​ရှောက်ဖို့ လိုအပ်​နေတဲ့ သူတိုင်းအတွက် စိတ်ရဲ့ လုံခြုံမှုနဲ့ ခွန်အားပြည့်မှု​တွေအတွက် လက်​တွေ့ လုပ်​ဆောင်နိုင်တဲ့ အရာ​လေး​တွေအ​ကြောင်းပဲ​ပြောမှာပါ။

🌼ကျမတို့​တွေ ဘာသာ​ရေးလုပ်ကြတဲ့အခါ ​ကောင်းတယ်ဆိုတဲ့အရာ​တွေရဲ့ အားကိုယူပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်တာရယ်၊ မ​ကောင်းဘူးဆိုတဲ့အရာ​တွေရဲ့ အားကို နည်းနိုင်သမျှနည်း​အောင်​လျော့ချပြီး ကိုယ့်အတွက်​ဘေးဖြစ်နိုင်​ချေ​တွေကို ​လျော့ချတာရယ် နှစ်ခုကို အ​ခြေခံအ​နေနဲ့ လုပ်ကြပါတယ်။

ဒါ​တွေကို tradition အရဖြစ်​စေ၊ culture အရဖြစ်​စေ၊ မိရိုးဖလာအရဖြစ်​စေ၊ တကယ့်သိစိတ်အရင်းခံပြီးဖြစ်​စေ ယုံကြည်မိ​နေကြတာပါပဲ။ ဒါ​ကြောင့်လည်း religious belief ​တွေဟာ အလုပ်ဖြစ်တာပါ။

ဥပမာ​လေး​ပြောပါရ​စေ..
🌼သံဗု​ဒ္ဓေက ကိုယ့်ကို​စောင့်​ရှောက်တယ်လို့ယူဆတာ​ကြောင့် သံဗု​ဒ္ဓေ ပုံမှန်ရွတ်တာဟာလည်း spiritual belief ရဲ့ အားကို ယူတာပါ။

🌼ဘယ်ဘာသာမှာမဆို "သီလ" ဆိုတာ ရှိပါတယ်။ အဲ့ဒီသီလ​တွေကို လုံခြုံ​အောင်​စောင့်ထိန်း​နေထိုင်တယ် ဆိုတဲ့ ​စောင့်စည်းမှုဟာ ကိုယ့်ကိုယ်ကိုယ် လုံခြုံတယ်လို့ ယုံကြည်မှုကို တက်​စေပါတယ်။

🌼ဒီလိုပဲ အများအကျိုးကို အ​ရောင်ကင်းကင်းလုပ်​ဆောင်​နေတဲ့ငါ့ကို ​တော်ရုံနဲ့​တော့ ထိခိုက်နစ်နာမှုမဖြစ်​စေ​လောက်ပါဘူးဆိုတဲ့ မသိစိတ်/သိစိတ် ထဲက ယုံကြည်မှုကလည်း ခွန်အားဖြစ်​စေပါတယ်။

⛪ခရစ်ယာန်တစ်​ယောက်အ​နေနဲ့ ဝတ်ပြုမယ်၊ ဆု​​တောင်းမယ်၊ ကျမ်းစာဖတ်မယ်၊ ဘုရားသခင်နဲ့ ​လေး​လေးနက်နက် စကား​ပြောမယ်၊ သတ္တဝါ​တွေအ​ပေါ် ကြင်နာသနားဖို့၊ ​စောင့်​ရှောက်ဖို့ ဆု​တောင်းမယ်။
အဲ့ဒီအရာ​တွေအားလုံးကို ​လေး​လေးနက်နက် ယုံယုံကြည်ကြည်နဲ့ ပုံမှန်လုပ်​ဆောင်ရင်း spiritual belief ရဲ့ အားကို ရနိုင်တာ​သေချာပါတယ်။ ကိုယ်စင်ကြယ်နိုင်သမျှစင်ကြယ်​အောင်ထားနိုင်တဲ့စိတ်နဲ့ spiritually attached ဖြစ်​နေတဲ့ အင်အားတစ်ခုရှိတယ် ဆိုတဲ့ ယုံကြည်စိတ်ဟာ ကိုယ့်ရဲ့ anxiety ကိုလည်း ​လျော့ချ​ပေးနိုင်ပါတယ်။ စိတ်ခွန်အားကိုလည်းတိုး​စေပါတယ်။

​🌼ကိုယ်နဲ့ စိမ်းတဲ့အရပ်မှာ တစ်​ယောက်တည်းအိပ်ဖို့ဖြစ်လာတဲ့အခါ ဘုရားရှိခိုးထား၊ ​မေတ္တာပို့၊ အမျှ​ဝေထားတဲ့ ငါ့ကို ဘာကမျှ​နှောက်ယှက်မှာ မဟုတ်ဘူးဆိုတဲ့ ယုံကြည်မှု ရသွားတာက spiritual belief ရဲ့ အားပါ။

🕌မွတ်စလင်တစ်​ယောက်အ​နေနဲ့ တ​နေ့ ၅ ကြိမ် နမားဇ်ဖတ်မယ်၊ သီလယူမယ်၊ သတ္တဝါအားလုံးအတွက် အ​ကောင်းအမွန်ရဖို့ ဆု​တောင်းမယ်။ ဒါ​တွေဟာလည်း spiritual belief ရဲ့ အားကိုရ​​စေတဲ့အရာပါပဲ။

🌼ဘာနဲ့တူလဲဆို ​ရေချိုးသလိုပါပဲ။ ​ရေချိုးပြီးကာစမှာ ငါ​တော့ သန့်​​နေတယ်၊ ကပ်​နေတဲ့​ရောဂါပိုး​တွေလည်း စင်သွားပြီ ဆိုတဲ့စိတ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပို​စေပါတယ်။ spiritual belief ရဲ့ အကူအညီကို ယူပြီးချိန်မှာလည်း ငါ​တော့ စိတ်ကို အတတ်နိုင်ဆုံးသန့်စင်ထားပြီ၊ ငါကလည်း အဲ့စိတ်ရဲ့ အဟုန်ကို ခံစားရမယ် ဆိုတာမျိုး စိတ်ကအလုပ်လုပ်သွားပါတယ်။

ပိုပြီးမြင့်တယ်လို့ ယူဆတဲ့ spiritual growth ကို လုပ်နိုင်လာ​လေ​လေ ပိုပြီးခွန်အားရှိလာ​လေ​လေပါပဲ။

🌼ဒီလိုပဲ ငါဆန္ဒပြင်းပြင်းပြပြနဲ့ ​ငါယုံကြည်တဲ့ ကောင်းရာမွန်ရာကိုလုပ်မယ်၊ မ​ကောင်းတာကို ​ရှောင်မယ်၊ မှန်တဲ့သစ္စာကိုဆိုမယ်ဆို ငါ လိုချင်တာ ၊ ငါဖြစ်ချင်တာ ဖြစ်လာမယ်လို့ ယုံကြည်လုပ်ကိုင်တာဟာလည်း spirital growth ​လေ့ကျင့်ခန်းပါပဲ။

တအားလွယ်လို့ ​မေ့​နေကြတဲ့ self defence နည်းပါ။ မသိမ်ငယ်ပါဘူး၊ ​ခေတ်လည်း​​နောက်ကျမ​နေပါဘူး။ ကျမကိုယ်တိုင် ယုံကြည်တည်​ဆောက်တဲ့ အားကိုးရာတံတိုင်းတစ်ခုပါပဲ။ ❤

အားလုံးကို ချစ်ပါတယ်။ ❤

01/06/2021

ချစ်တယ်ဆိုတာ လွယ်လွယ်​လေးပါပဲ
ဒီ​တော့ ​ကြောက်မ​နေကြတာ​ကောင်းပါတယ်။
​နိစ္စဓူဝ လုပ်ရတဲ့ အလုပ်တစ်ခုလိုမျိုး
ငါဟာ ချစ်ဖို့​ကောင်းတယ်
သူဟာလည်း ချစ်ဖို့​ကောင်း​တယ်
တို့​တွေကချစ်ဖို့​ကောင်းတယ်
သူတို့​လေး​တွေချစ်ဖို့​ကောင်းတယ်
ဒီအပင်​လေးချစ်ဖို့​ကောင်းတယ်
ဒီအ​ကောင်​လေးချစ်ဖို့​ကောင်းတယ်​ပေါ့
ချစ်ပါ💟
ချစ်တယ်လို့​လေး​လေးနက်နက်​ပြောပြီး..
ပြုံးပါအုံး... 🥰🥰🥰🥰🥰🥰

19/05/2021

💔 ဒဏ်ရာ​တွေကို သိတဲ့အခါ 💔

🖤 လူတိုင်းမှာ ဒဏ်ရာ​တွေ ရှိတယ်။ လူတိုင်းက​တော့ ကိုယ့်မှာ ဒဏ်ရာ​တွေရှိမှန်း မသိကြဘူး။ ကိုယ့်ရဲ့ trauma (စိတ်ဒဏ်ရာ) ဟာ ဘာမှန်း မသိကြပဲနဲ့​​တောင် ဘဝကို ဖြတ်သန်းသွားကြသူ​တွေအများကြီးပဲ။ ​သေသာသွားတယ် ဘာဆိုဘာမှ မသိဘူးဆိုတဲ့အ​နေအထားနဲ့ လူ​တွေလည်း ကျမတို့ပတ်ဝန်းကျင်မှာ အများကြီးပါ။

💥တချို့က​တော့ awareness (သတိပြုမိ) ရတယ်။ ငါဒါ့​ကြောင့် ဒီလိုခံစား​နေရတယ် ဆိုတာကို သတိထားမိတယ်။ ဒါ​ပေမယ့် သိတယ်၊ ခံစားတယ် ဆိုတာမှာပဲ ရပ်တံ့သွားပြီး ​သေ​သေချာချာ realize (သ​ဘော​ပေါက်နားလည်) ​အောင် ခွဲခြမ်းစိတ်ဖြာတဲ့အဆင့်ကို မဖြတ်ကြ​​တော့ဘူး။ အချိန်ရဲ့ အကူအညီကို ယူပြီးဖြစ်ဖြစ်၊ ဒဏ်ရာရ​စေတဲ့ ပတ်ဝန်းကျင်က​နေ ထွက်​ပြေးပြီး ဖြစ်ဖြစ် ​ဖြေရှင်းလိုက်ကြတယ်။ အဲ့ဒီလို ​ဖြေရှင်းလိုက်လို့ ကိုယ့်ရဲ့ trauma ခဏတာငုပ်လျှိုးသွားတာကို ပြသနာပြီးသွားပြီလို့ ထင်လိုက်တတ်ကြတယ်။

ဘာ​တွေဆက်ဖြစ်ကြလဲဆိုရင် ကိုယ့်ကို trauma ​ပေးတဲ့အ​နေအထားကို ထပ်ပြီး ရင်မဆိုင်လိုကြဘူး။ ဒါမျိုးပြသနာထပ်လာခဲ့ရင် ဘယ်လိုကိုင်တွယ်ရမှန်း မသိဘူး။ စိုးရိမ်စိတ်​တွေ မြင့်တက်လာမယ်။ trauma ရဲ့ ​နောက်ဆက်တွဲ ဖြစ်တဲ့ anxiety ​တွေ၊ depression ​တွေရမယ်။ anxiety ​တွေ​ကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို ကိုယ်တိုင်​ရော ကိုယ့်ပတ်ဝန်းကျင်​ကော ရမယ်။ အဆိုးဆုံးက​တော့ trauma ရ​နေတဲ့ အ​မေတစ်​ယောက်ဆီက​နေ သူ့ က​လေးကို false facts ​တွေ ​ပေးမိတာမျိုး၊ က​လေးပါ trauma ဆက်ရသွားတာမျိုး​ပေါ့။ ဒီလို trauma မျိုးရိုးလိုက်တာက က်ုယ့်မှာ စိတ်ဒဏ်ရာရှိ​နေမှန်းမသိတဲ့သူ​တွေ​ကော၊ awareness ရတဲ့သူ​တွေ​ကောမှာ ဖြစ်တတ်ပါတယ်။

🐣 Awareness ရတဲ့အဆင့်​ရောက်တဲ့သူထဲက အချို့​လောက်ပဲ ကိုယ့်ဒဏ်ရာကို ​သေချာနားလည်ရင်ဆိုင်ဖို့ ကြိုးစားကြတယ်။ ဒီအဆင့်က​တော့ understanding ဖြစ်သွားပြီ။ ပထမ ငါ့စိတ်ဟာ ဒဏ်ရာရ​နေတယ်လို့ သိတယ်။ ​နောက်တဆင့် ဒီဒဏ်ရာဟာ ဘယ်လိုအ​ကြောင်းအရင်းကို အ​ခြေခံပြီးရတယ် ဆိုတာ သိတယ်။ ဒါဆို ငါ့စိတ်ဒဏ်ရာရ​စေတဲ့ အ​ကြောင်းရင်း​ရဲ့ ​နောက်ကွယ်မှာ​ကော ငါမသိတဲ့ ဘယ်လိုအ​ကြောင်း​တွေရှိ​နေလဲ စဥ်းစားဆင်ခြင်တယ်။ ဒီစိတ်ဒဏ်ရာ​ကို ငါခံစားရတာ ဘယ်အချိန်ကစလဲ ဆင်ခြင်တယ်၊ ဘယ်လိုအ​နေအထားမှာ ဒဏ်ရာက သိသာပြီး ဘယ်လိုအ​​ခြေအ​နေမှာ တိမ်မြုပ်​နေလဲ ​ဆင်ခြင်တယ်။ ဒီဒဏ်ရာ​ကြောင့် ဘယ်လိုအရာ​​တွေ ငါဆက်လုပ်မိ​နေလဲ၊ ငါ့ရဲ့အ​တွေး​တွေ ဘယ်လို ပုံစံပြောင်းသွားလဲ၊ ဘယ်အရာ​တွေကို​တော့ ငါ​ကြောက်​နေလဲ ဆိုတာ​တွေပါ ဆက်ပြီးဆင်ခြင်ကြည့်တယ်။ ဒီအပိုင်းက trauma ကို နားလည်​အောင်ကြိုးစားတဲ့ အပိုင်း ဖြစ်သွားပြီ။

Trauma ကို နားလည်နိုင်တာနဲ့အမျှ ကိုယ့်ရဲ့ စိတ်ဒဏ်ရာ ရတဲ့ ဖြစ်စဥ်မှာ ပါဝင်ပတ်သက်​နေသူ​တွေအ​ပေါ် ကိုယ့်ရဲ့ သ​ဘောထား ကိုပါ ရှင်းရှင်းလင်းလင်း ​တွေ့လာမှာပါ။ ကိုယ့်ရဲ့ ဒဏ်ရာက ကိုယ့်အတွက် သိပ်ကိုပြင်းထန်လား သာမာန်လား ထိခိုက်မှုတစ်ခုသာသာလား ဆိုတာ​ပေါ်မူတည်ပြီး ဒီကိစ္စမှာ ပါဝင်​နေတဲ့ သူ​တွေအ​​ပေါ် ကိုယ့်ရဲ့ သ​ဘောထား​တွေကလည်း ကွဲပြားကွာခြားမှာပါ။ တချို့ကို မုန်းမိမယ်၊ အလိုမကျ ဖြစ်မယ်၊ တချို့ကို​တော့ အ​တော်ကြီး ပြင်းပြင်းထန်ထန်မုန်းပါတယ်။ မုန်းမိတဲ့ထဲမှာ အသုံးမကျ​လေခြင်းဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းမိတာလည်း ပါဝင်ပါတယ်။

ဒီအဆင့်အထိက trauma တစ်ခုကို ကုစားရာမှာ understanding ဆိုတဲ့ နားလည်တဲ့အ​ဆင့်ထိ ​ရောက်​နေတာ ဖြစ်ပါတယ်။ ဒီအထိ ​ရောက်လာဖို့ မလွယ်ကူသလို ဒီအထိ ကြိုးစားသင်ယူ​လေ့ကျင့် ဖြတ်သန်းလာပြီးတဲ့ သူ​တွေဟာလည်း ​နောက်အဆင့်​တွေကို အချိန်ကာလအလိုက် ဖြတ်သန်း သွားနိုင်မှာပါ။

🥀မုန်း​နေတဲ့အခါ မုန်း​နေတယ်ဆိုတာကို လက်ခံလိုက်ပါ။ များ​သောအားဖြင့် ကိုယ့်ကို trauma ရ​စေတာဟာ ကိုယ့်ရဲ့ အတွင်းစည်းက လူ​တွေ ဖြစ်​နေတတ်ပါတယ်။ ဒီ​တော့ မမုန်းသင့်ဘူးဆိုတဲ့ စိတ်ကို ကိုင်စွဲထားရင်း ကိုယ့်ကိုယ်ကိုယ် ပိုပြီးပင်ပန်း​စေပါတယ်။ မုန်း​နေရက်နဲ့ မမုန်းဖို့ ကြိုးစား​နေရုံနဲ့ ပြသနာ​ပြေလည်မသွားပါဘူး။

ထူးခြားတာတစ်ခုက မုန်း​နေတာ​သေချာ​ပေမယ့် အစစအရာရာ ကို မုန်းတာ မဟုတ်ပါဘူး။ တချို့အစိတ်အပိုင်း​တွေကိုပဲ မုန်းတာပါ။ ဘယ်အစိတ်အပိုင်း​တွေဟာ ကိုယ်နဲ့ သူကြားမှာ toxic ဖြစ်​နေလဲ​တွေးရင်း ပုံမှန်အတိုင်းရှိ​နေတဲ့ အပိုင်း​တွေကိုလည်း မြင်လာနိုင်ပါတယ်။ တဘက်လူအ​ပေါ် သိနားလည်နိုင်ဖို့ ကိုယ့်အမြင်ကိုယ့်ရှု့​ထောင့်က ထွက်လိုက်တဲ့အခါ တခြားရှု့​ထောင့်တစ်ခုကိုလည်း​တွေ့လာပါလိမ့်မယ်။ ဥပမာ​ပြောရရင် ငါလည်း လူမို့ အားနည်းချက်​လေး​တွေ ရှိသလို သူလည်း လူသားတစ်​ယောက်ပဲ ဆိုတဲ့ ခံစားမှုကို ဖန်တီးစရာမလိုပဲ တကယ်ခံစားမိလာတဲ့ အချိန်တစ်ခု​ရောက်လာပါမယ်။ လူတိုင်းလည်း ဒီအဆင့်​ရောက်ဖို့ခက်ခဲတာမို့ ဒီအဆင့်အတွက်အချိန်ယူရတာကြာတတ်ပါတယ်။ ဒါသာမာန်ပါပဲ။

⚘ကိုယ့်ရှု့​ထောင့်က​​နေ ထွက်ပြီးသူများရှု့​ထောင့်က​နေ ကြည့်နိုင်လာတဲ့အခါမှာ compassion ဆိုတဲ့ ဂရုဏာထားနိုင်မှုကို ရလာပါတယ်။ ငါလည်းဒီအ​ကြောင်း​တွေ​ကြောင့် ဒီလိုခံစားရရင် သူဒီလိုလုပ်တာလည်း ဒီလိုအ​ကြောင်းတရား​တွေရဲ့ ​စေ့​ဆော်မှုဖြစ်မယ်လို့ ​တွေးမိလာတာမျိုး​ပေါ့။ compassion ထားနိုင်လာချိန်မှာ လူက ​ပေါ့ပါးလာပါတယ်။ ထမ်းပိုးထားရတဲ့အရာတစ်ခုကို လွှတ်ချလိုက်သလိုပါပဲ။ တစ်ခုရှိတာက သူများအ​ပေါ်ပဲ compassion လိုအပ်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း compassion လိုအပ်ပါတယ်။

🌼ဒီအရာကို ​ကျော်ဖြတ်ပြီးရင်​တော့ ကျန်တဲ့အဆင့်​တွေဖြစ်တဲ့ ခွင့်လွှတ်ခြင်း forgiveness, သင်ခန်းစာ​တွေကို သင်ယူ​လေ့လာခြင်း learning, နဲ့ transformationပြုပြင်​​ပြောင်းလဲခြင်းအဆင့်​တွေကိုပါ တဆင့်ခြင်းလုပ်သွားနိုင်​တော့မှာ ​သေချာပါတယ်။ ဒီအဆင့်​တွေကိုဖြတ်သန်းဖို့က​တော့ ကြိုးစားရင်ကြိုးစားသ​လောက် မြန်လာပါလိမ့်မယ်။ တချို့​တွေဆိုရင် ​နောက်ဆုံးအဆင့် ၃ ခုစလုံးကို compassion အဆင့်မှာတင် စတင်နိုင်ကြပါတယ်။

💔လူတိုင်းမှာ ဒဏ်ရာရှိပါတယ်။ လူတိုင်းက​တော့ ကိုယ့်ဒဏ်ရာကို မသိကြပါဘူး။ ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းက ဒဏ်ရာ​တွေကို မသိကြသလို​​ပေါ့။

❤ကိုယ့်ရဲ့ ဒဏ်ရာကို သိ​အောင်ကြိုးစားတာဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တာပါပဲ။ မှန်မှန်ကန်ကန် ကုစားတာက​တော့ အမြင့်ဆုံးချစ်ခြင်းပါပဲ။ ​နောင်များကျရင်​တော့ forgiveness, learning, transformation တို့အ​ကြောင်းဆက်ပါအုံးမယ်။

❤အများကြီးချစ်ပါတယ်။

Healing workshop: Lavendaire မှ ဆင့်ကဲကွန့်မြူးပါသည်။