Khin ChoTint

Khin ChoTint

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin ChoTint, Health/Beauty, .

19/08/2023

တင်းတိတ်အမဲစက်တေဖုံးခြင်ရင်

B.me လိမ်း

ဆွဲဆောင်မှုရှိရှိလှသွားမယ်

Photos from Khin ChoTint's post 01/08/2023

⚡ ဘယ်နေရာရောက်ရောက်အလှပဆုံးဖြစ်နေချင်တဲ့ချစ်တို့ရှိလား

⚡ ဒါပေမဲ့ ကိုယ်လိမ်းလိုက်တဲ့မိတ်ကပ်သားက နေပူထဲရောက်ရင် ချွေးထွက်/ အဆီပြန် /ပြာတာ/ ကွက်တာ တွေဖြစ်နေတယ်😔

⚡ ကဲ...ဒါဆိုရင်တစ်နေကုန်ခံပြီး ပူခြင်း/ ပြာခြင်း/ ကွက်ခြင်း မရှိတဲ့မိတ်ကပ်မျိုးလိမ်းကြမယ်😍

⚡ 🅱Ⓜ e ကြွေပုလဲမိတ်ကပ်ရည်လေးက ကြွေပုလဲပေါင်ဒါပါဝင်တာကြောင့် တစ်နေကုန်အဆီပြန်ခြင်းကင်းဝေးပြီး Glowing Effect လေးရစေပါတယ်ရှင့်😍

⚡ အဆီပြန်ခြင်းထိန်းချုပ်ပေးပြီးတစ်နေကုန်ခံတယ်ဆိုမှတော့ အလှပဆုံးဖြစ်ချင်တဲ့ချစ်တို့က

⚡ B.Me ကြွေပုလဲမိတ်ကပ်လေးသုံးလိုက်တော့နော်😘

.me Myanmar
.me Foundation

20/07/2023

**e_သောက်တာက_ဆေးလိပ်လိုအန္တရာယ်မရှိဘူးမလား
#မီးခိုးငွေ့လည်းမထွက်တော့_ဘေးကလူတွေလည်း_အန္တရာယ်မဖြစ်ဘူးထင်တယ်

**ng (e-cigarette Smoking)

Cigarette သောက်ခြင်းကနေ ကင်ဆာရောဂါမျိုးစုံအပါအဝင် သွေးတိုးရောဂါ၊ အဆုတ်ပွရောဂါ ၊ လေဖြတ်ခြင်း ၊ နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ခြင်း စတဲ့ရောဂါတွေဖြစ်သလို
Cigarette သောက်နေတဲ့သူ မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ရှူခြင်းကနေလည်း ဆေးလိပ်သောက်တဲ့သူနှင့်တန်းတူ အထက်ပါရောဂါတွေ အစုံဖြစ်တတ်တယ်ဆိုတာ ကျွန်တော်တို့ သိပြီးဖြစ်ကြပါတယ်။

အခု လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြားထဲ မှာ ခေတ်စားလာတာကတော့ e-cigarette ဒါမှမဟုတ် V**e သောက်ခြင်းပါပဲ။

#မေးစရာရှိလာတာက_e_cigarette_သောက်တာအန္တရာယ်ကင်းလား ❓

V**e ကနေ ထွက်ပြီး ကျွန်တော်တို့ ရှူရှိုက်ကြတာဟာ V***r- ရေငွေ့ဖြစ်ပါတယ်
မီးခိုးငွေ့မဟုတ်လို့
တချို့ စားသောက်ဆိုင်တွေက ဆေးလိပ်ပေးမသောက်ကြသော်လည်း V**e တော့ ခွင့်ပြုကြပါတယ် 😢

V**e အကြောင်းပြောရရင်
1. V***r_ရဲ့_အကျိုးအပြစ်
2. Flavor_liquid_ရဲ့_အကျိုးအပြစ်
3. Ni****ne_ရဲ့_အကျိုးအပြစ် ဆိုပြီး (၃) မျိုး ပြောပြသွားပါမယ်

1. ***r_ရဲ့_အကျိုးအပြစ်

V**e ကနေ ရှိုက်လိုက်တဲ့ V***r ထဲက ဓာတ်ပစ္စည်းတွေကြောင့်
- နှလုံးနှင့်သွေးလှည့်ပတ်မှု ထိခိုက်စေပါတယ်
- အဆုတ်ကို ထိခိုက်စေပါတယ်
- သွားနှင့်ခံတွင်းကိုပျက်စီးစေပါတယ်
- ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်

Va**ng တစ်ရှိုက်ရှူလိုက်ရုံနဲ့ နှလုံးခုန်နှုန်းတက်လာသလို ၊ သွေးပေါင်လည်း အနည်းငယ်တက်ပါတယ် ၊ အဲ့ဒါကြောင့် နှလုံးခုန်မြန်ခြင်း/မမှန်ခြင်းဖြစ်ခြင်း ၊ သွေးပေါင်တက်ခြင်းတို့ကြောင့်
👉 နှလုံးရောဂါ ၊ နှလုံးသွေးကြောကျဉ်းရောဂါ
👉 သွေးတိုးရောဂါ
👉 လေဖြတ်ခြင်း စတဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

V***r မှာပါတဲ့ ဓာတ်ပစ္စည်းတွေကြောင့် အဆုတ်နှင့်အသက်ရှုလမ်းကြောင်းကို
👉 oxidation ဓာတ်တိုးစေခြင်း
👉 inflammation ရောင်ရမ်းမှုဖြစ်ခြင်း စသည်တို့ဖြစ်စေပါတယ်။
ပြင်းထန် ငဗစ်ဖြစ်ပြီး ဒုတိယအပတ်ဆို Oxygen ကျပြီး အသက်ဆုံးရှုံးခြင်းဟာ oxidation ဓာတ်တိုးစေခြင်း၊ inflammation ရောင်ရမ်းမှုဖြစ်ခြင်း တို့ကြောင့် အဆုတ်ကို ပျက်စီးစေတာဖြစ်ကြောင်း မှတ်မိကြမယ်ထင်ပါတယ်။

ခံတွင်းက အမြှေးပါးလေးတွေကိုပျက်စီးမှုတွေဖြစ်စေသလို သွားရဲ့အပေါ်ယံကြွေလွှာကို ပျက်စီးစေလို့ သွားပိုးစားခြင်း၊ အခေါင်းပေါက်ဖြစ်ခြင်း စသည်တို့ဖြစ်စေပါတယ်

ဦးနှောက်အာရုံကြောဖွံဖြိုးမှုကိုလည်း oxidation ဓာတ်တိုးစေခြင်း၊ inflammation ရောင်ရမ်းမှုဖြစ်ခြင်း တို့ဖြင့် ထိခိုက်စေပါတယ်။

V**e က ၂၀၀၃ ခုနှစ်ကမှ စပြီးပေါ်လာတာဖြစ်လို့ နှစ် ၂၀ တောင်မပြည့်သေးတဲ့အတွက် သူ့ရဲ့တခြားမသိရသေးတဲ့ ဆိုးကျိုးတွေ အများကြီးရှိနိုင်ပါသေးတယ်
ဥပမာ ။ ။ oxidation ဓာတ်တိုးစေခြင်း inflammation ရောင်ရမ်းမှုဖြစ်ခြင်း တို့ဟာ DNA ပျက်စီးမှုကိုဖြစ်စေလို့ Cancer ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။
__________

2. ဲ့_အကျိုးအပြစ်

Coffee , Chocolate, almond, bread, berry, camphor, caramel စသဖြင့် flavors မျိုးစုံရှိသလို အဲ့ဒီ flavors တွေရအောင် ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အတွက် ခန္ဓာကိုယ်တစ်ခုလုံးကို oxidation ဓာတ်တိုးစေခြင်း inflammation ရောင်ရမ်းမှုဖြစ်ခြင်း တို့ ဖြစ်စေပါတယ်။
အနည်းဆုံး အာခေါင်ခြောက်တာ၊ ချောင်းဆိုးတာ ကစလို့ အသက်ရှူလမ်းကြောင်းကိုပျက်စီးစေပါတယ်
__________

3. ****ne_ရဲ့_အကျိုးအပြစ် ဆိုပြီး (၃) မျိုး ပြောပြသွားပါမယ်

ဆေးလိပ်စွဲရတဲ့ အဓိက အကြောင်းရင်းက Ni****ne ပါ။ V**e မှာမှ Ni****ne ပါထည့်ပြီး သုံးစွဲကြရင်တော့ V**e စွဲပါလိမ့်မယ်
V**e ရဲ့ ကုန်ကျစားရိတ်ကများတော့
V**e လေး လည်ပင်းစွဲပြီး Style ထုတ်ကြရင်း Refill ဖိုးတွေ မနိုင်ကြတဲ့အခါ ဆေးလိပ် ဘက်ကူးကြပါလိမ့်မယ်။
ကြုံတုန်းပြောရရင် ကြိုက်တဲ့ကင်ဆာပြောဆေးလိပ်နဲ့ မပတ်သက်တဲ့ ကင်ဆာမရှိပါဘူး ( အဲ့လောက်ကို ကြောက်ဖို့ကောင်းပါတယ်)
__________
နောက်ဆုံးကတော့ V**e ကနေ ထွက်တဲ့ V***r ဟာ အန္တရာယ်မကင်းပါဘူးဗျာ (မွှေးတော့မွှေးပေမယ့် 😅) အဲ့ဒီ V***r ကို ရှူမိတဲ့သူတွေလည်း V**e ရှိုက်တဲ့သူတွေ နီးပါး အန္တရာယ်ဖြစ်ကြောင်းပါဗျာ

မရ ရအောင် ယှဉ်ပြောရရင်တော့ V**e သောက်တာဟာ ဆေးလိပ်သောက်တာလောက် အန္တရာယ်မကြီးပေမယ့်
- နှလုံးရောဂါ နှလုံးသွေးကြောပိတ်ရောဂါ
- သွေးတိုးရောဂါ လေဖြတ်ရောဂါ
- အဆုတ်ရောင် အဆုတ်ပွရောဂါ စတာတွေဖြစ်လို့ ဘာမှတော့ ထူးပြီး ကောင်းမနေဘူးဆိုတာ သိကြစေဖို့ ရေးသားလိုက်ပါတယ်။

ဒီဆောင်းပါးဖတ်ပြီး
၁။ ဆေးလိပ် ပဲ ပြန်သောက်တော့မယ်တို့
၂။ ဆေးလိပ် က မှ တော်သေးတယ် တို့ ဆိုတဲ့ တချို့ ရေးကြတဲ့ comments တွေ ကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်
ကျွန်တော့ရည်ရွယ်ချက်က
🚨 ဆေးလိပ်ဟာ လုံးဝ လုံးဝ ကောင်းကျိုးမပေးပါဘူး
🚨 ခုထိသုတေသနတွေ အရ V**e ကလည်း ဆေးလိပ်လောက် မဆိုးပေမယ့် ဆိုးကျိုးတွေပဲ ပေးလို့ ဆေးလိပ်၊ V**e (၂) မျိုးလုံးကို ရှောင်ကြဉ်ရမှာပါ။

(Original Post; Nov,2022 👉 https://m.facebook.com/story.php?story_fbid=561508702468418&id=100058278781320&mibextid=qC1gEa)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

07/07/2023

ဆီးကျောက်တည်ခြင်း

ဆီးကျောက်တည်ခြင်း ဆိုတာဟာ ကျောက်ကပ်မှာ ကျောက်တည်တာကိုပဲ ပြောတာမဟုတ်ပါ။ ကျောက်ကပ် (Kidney)၊ ဆီးပို့ပြွန် (Ureter)၊ ဆီးအိမ် (Bladder) စတဲ့ ဆီးလမ်းကြောင်းတလျှောက် တည်တဲ့ ကျောက်တွေအားလုံးကို ဆီးကျောက်လို့ ခေါ်ပါတယ်။

အများအားဖြင့်တော့ ဆီးကျောက်တွေ အတော်များများက ကျောက်ကပ်မှာ စဖြစ်တာများပါတယ်။ ကျောက်ကပ်မှာ စဖြစ်ပြီးတော့မှ ဆီးလမ်းကြောင်းတလျှောက် ဆီးပို့ပြွန်၊ ဆီးအိမ်တွေဆီ ရောက်သွားတာပါ။ ကျောက်ရှိတဲ့ နေရာပေါ်မူတည်ပြီး အခေါ်အဝေါ်တွေ အနည်းငယ် ကွာနိုင်ပါတယ်။

ကျောက်ကပ်မှာရှိတဲ့ ကျောက်ကို ကျောက်ကပ်ကျောက် (Renal Stone or Nephrolithiasis) လို့ခေါ်ပြီး ဆီးပို့ပြွန်ထဲမှာရှိတဲ့ ကျောက်ကိုတော့ ဆီးပို့ပြွန်ကျောက် (Ureteric Stone or Ureterolithiasis) လို့ခေါ်ပါတယ်။ ဆီးအိမ်မှာရှိတဲ့ ကျောက်ကိုတော့ ဆီးအိမ်ကျောက် (Bladder Stone) လို့ခေါ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဆီးထဲမှာ ဓါတ်ဆားဓါတ်တွေ များလာတဲ့အခါမှာ ဆီးပျစ်လာပါတယ်။ ထို့နောက် များနေတဲ့ဓါတ်ဆားဓါတ်တွေ တဖြည်းဖြည်းအနည်ကျစုပေါင်းလာတဲ့အခါ ဆီးကျောက်တည်ခြင်း ဖြစ်လာပါတယ်။

ဆီးကျောက်တည်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဓါတ်ဆားဓါတ်တွေကတော့ ကယ်လ်စီယမ်အောက်ဆဲလိတ် (Calcium oxalate)၊ ယူရစ်အက်စစ် (Uric acid)၊ စစ်စတင်း (Cystine)၊ မဂ္ဂနီဆီယမ် (magnesium)၊ အမိုနီယမ် (Ammonium)၊ ဖော့စဖိတ် (Phosphate) စသဖြင့်ဖြစ်ပါတယ်။

အနည်ကျတဲ့ ဓါတ်ဆားဓါတ်ပေါ်မူတည်ပြီး ဆီးကျောက်တွေကို အမျိုးအစားခွဲထားပါတယ်။ ကယ်လ်စီယမ် အောက်ဆဲလိတ် ဓါတ်ဆားများ အနည်ကျခြင်းကြောင့် ဖြစ်ပေါ်လာသော ဆီးကျောက်ကို Calcium oxalate stone လို့ခေါ်ပြီး ယူရစ်အက်စစ်ဓါတ်ဆားများ အနည်ကျရာမှဖြစ်လာသော ဆီးကျောက်ကိုတော့ Uric acid stone လို့ခေါ်ပါတယ်။

မဂ္ဂနီဆီယမ် အမိုနီယမ် ဖော့စဖိတ် ဓါတ်ဆားများ စုပေါင်းအနည်ကျခြင်းကြောင့် ဖြစ်လာတဲ့ ဆီးကျောက်ကိုတော့ Struvite stone လို့ခေါ်ပါတယ်။ ကယ်လ်စီယမ်နဲ့ ဖောစဖိတ် ဓါတ်ဆားတွေရောပြီး အနည်ကျရာမှ ဖြစ်လာတဲ့ဆီးကျောက်ကိုတော့ Mixed stone လို့ခေါ်ပါတယ်။

ဒီထဲမှာမှ Calcium oxalate stone ဆီးကျောက်အမျိုးအစားက အဖြစ်များပြီး Uric acid stone ဆီးကျောက်အမျိုးအစားကတော့ တွေ့ရနည်းပါတယ်။

ဆီးကျောက်တည်ခြင်းဟာ ………

– အသက် ၄၀ ကျော်အရွယ်တွေ
– အမျိုသားတွေ
– မျိုးရိုးရာဇဝင်ထဲမှာ ဆီးကျောက်ဖြစ်ဖူးတဲ့သူရှိတဲ့သူတွေ
– အသားစားများတဲ့သူတွေ
– ဆား၊ သကြား လွန်ကဲစွာစားတဲ့သူတွေ
– ရေသောက်နဲပြီး ဆီးသွားနဲသူတွေ
– ရောဂါအခံတခုခုရှိသူတွေ (ဥပမာ ပါရာသိုက်ရွိုက်ဟော်မုန်းအထုတ်များတဲ့ရောဂါ Hyperparathyroidism)
– အဝလွန်တဲ့သူတွေ
– ဝရာကနေချက်ချင်းပိန်သွားတဲ့သူတွေ သို့မဟုတ် အဆီချခွဲစိတ်မှုခံယူတဲ့သူတွေ
– တချို့သောကင်ဆာဆေး၊ တချို့သောဆီးဆေးသောက်နေရတဲ့သူတွေမှာပိုဖြစ်နိုင်ခြေများတယ်လို့ သုတေသနတွေအရသိရပါတယ်။

ရောဂါလက္ခဏာအနေနဲ့ကတော့ ကျောက်ရဲ့ အရွယ်အစားနဲ့ တည်နေရာပေါ် မူတည်ပါတယ်။ ခံစားရတာသိပ်မရှိပါ။ ဘာလို့လဲဆိုတော့ အရွယ်အစားသိပ်မကြီးတဲ့ ကျောက်တွေ (3mm အောက်ကျောက်တွေ) ဟာ ဘာမှဒုက္ခပေးတာမျိုးမရှိဘဲ ဆီးနဲ့အတူ အပြင်ကိုရောက်သွားနိုင်ပါတယ်။

အရွယ်အစားကြီးမားတဲ့ ကျောက်တွေကတော့ အဲ့လိုဆီးနဲ့အတူ အပြင်မရောက်နိုင်ဘဲ ဆီးလမ်းကြောင်းတနေရာမှာ ပိတ်ဆို့မှုဖြစ်စေပြီး

– ခါးနာတာ (နာတဲ့အခါနာကျင်မှုကခါးနေရာကနာကျင်မှုကပေါင်ခြံနေရာထိရောက်တာ(Loin to groin)လူးလှိမ့်နေအောင်နာတာနာရီဝက် သို့မဟုတ် တနာရီလောက်ကြာပြီးမှသက်သာတာသက်သာပေမယ့်လည်း နောက်ထပ်တခါပြန်နာတာ မျိုးဖြစ်နိုင်ပါတယ်။)

– ဆီးထဲသွေးပါတာ၊
– ပြည်ပါတာ
– ဆီးပူဆီးကျင်ဆီးအောင့်တာ
– အန်တာ၊
– ချမ်းတုန်ဖျားတာ စသဖြင့်ပါဖြစ်နိုင်ပါတယ်။

ဒီလိုတွေခံစားရပြီဆိုရင်တော့ ဆီးကျောက်တည်တာ ဟုတ်မဟုတ်သေချာအောင် နီးစပ်ရာဆေးခန်းပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။

– အာထရာဆောင်းရိုက်တာ၊
– ဓါတ်မှန်ရိုက်တာ၊
– CTရိုက်တာ၊
– MRI ရိုက်တာ၊
– သွေးစစ်တာ၊
– ဆီးစစ်တာ စသဖြင့်လိုအပ်သလိုလုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေ၊ ကျောက်အရွယ်အစားနဲ့ လူနာကျန်းမာရေးအခြေအနေတွေပေါ် မူတည်ပါတယ်။ အရွယ်အစားသေးငယ်ပြီး (5mm အရွယ်အောက်) ဘာရောဂါလက္ခဏာ ကြီးကြီးမားမားမှ မပြသေးတဲ့ ကျောက်အမျိုးအစားတွေဆိုရင်တော့ သူဘာသာသူဆီးပေါက်ရင်းနဲ့ ထွက်ကျသွားနိုင်တဲ့အတွက် ရေများများသောက်ခိုင်းပြီး စောင့်ကြည့်တာလုပ်ပါတယ်။

နာကျင်ကိုက်ခဲတာတွေရှိရင်တော့ အကိုက်အခဲပျောက်ဆေးတွေလည်း လိုနိုင်ပါတယ်။အရွယ်အစားကြီးတဲ့ကျောက်တွေ (5mm အထက်) ဆိုရင်တော့ သူ့ဘာသာသူထွက်နိုင်ခြေနည်းလို့

– tamsulosin or calcium channel blockers စတဲ့ဆေးတွေပေးပြီး ထွက်ကျအောင် လုပ်တာ
– Extracorporeal Shock Wave lithotripsy(ESWL) ခေါ် ပြင်ပကနေ စွမ်းအင်မြင့်လှိုင်းတွေသုံးပြီးချေဖျက်တာ
– Ureteroscopy and laser lithotripsy ခေါ် ဆီးလမ်းကြောင်းတလျှောက် မှန်ပြောင်းထည့်ပြီး လေဆာနဲ့ကျောက်ချေတာ
– Percutaneous nephrolithotomy ခေါ်အရေပြားမှာ အပေါက်လေးဖောက်ပြီး ပြွန်ထည့်ပြီး ဆီးကျောက်ကိုထုတ်ယူတာ
– Surgical removal ခေါ် ခွဲစိတ်ပြီး ထုတ်ယူတာစတဲ့နည်းတွေကို လူနာအခြေအနေနဲ့ရောဂါပြင်းထန်မှုအခြေအနေပေါ်မူတည်ပြီး လိုအပ်သလို သုံးရနိုင်ပါတယ်။

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း ဖြစ်နိုင်ခြေနဲအောင် ရေများများသောက်ပါ။ တနေ့ကို တလီတာ ရေသန့်ဗူး သုံးဗူးမှ လေးဘူးအထိ သောက်ပါ။ ရေသန့် သို့မဟုတ် ရေကိုကျိုချက်သောက်ပါ။ ဖရဲသီးများများစားပေးပါ။ လိမ္မော်ရည်၊ ရှောက်ရည်သောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်၊ အသင့်စားအစားစာတွေ၊ စည်သွပ်ဘူးတွေ၊ ဆား၊ သကြား၊ အဆီများတဲ့အစားစာတွေကို တတ်နိုင်သလောက်လျှော့စားပါ။ အသားအလွန်အကျွံစားတာ၊ အရက်ဘီယာ အလွန်အကျွံ့သောက်တာတွေကို ရှောင်ပါ။

အမိုင်နိုအက်စစ်ဓါတ်ပါတဲ့ အားဆေးတွေ၊ ဗီတာမင်ဒီ၊ ဗီတာမင်စီ စတဲ့အားဖြည့်ဗီတာမင်ဆေးတွေကို ညွန်ကြားထားတဲ့အတိုင်း မဟုတ်ဘဲ မိမိသဘောနဲ့မိမိ အလွန်အကျွံ့သောက်သုံးခြင်းမျိုးကိုရှောင်ပါ။ လို့ အကြံပေးချင်ပါတယ်။

Crd # Dr 528

23/06/2023
23/06/2023
26/03/2023

သားသားမီးမီးတို့အတွက် စိတ်အချရဆုံးနဲ့ တိုက်ကျွေးသင့်ဆုံး ဓာတ်စာ COWDEYS DHAပါ
တိုက်ကျွေးတဲ့မိဘတွေဆီကရတဲ့ customer's feedback တွေက လုံးဝကိုစိတ်ကျေနပ်စေပါတယ် 😍

Videos (show all)

တင်းတိတ်အမဲစက်တေဖုံးခြင်ရင် B.me လိမ်း ဆွဲဆောင်မှုရှိရှိလှသွားမယ်
Line ပေါ်မတက်ဖြစ်ပေမယ့်Cowdeys တဘူး 19000 ဝယ်သူမပြတ်လက်မလည်အောင်ရောင်းနေရတာပဲလေ😍😍😍😍😍

Website