Yadanar Knowledge Sharing

Yadanar Knowledge Sharing

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yadanar Knowledge Sharing, Engineering service, .

14/11/2021

အုတ်စီခြင်း ခန်.မှန်းကုန်ကျမည့်စာရင်း
-------------------------------------------
လေးလက်မခွဲ ဆယ်ပေပတ်လည် အုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ
➢ အုတ် ၄၀၀ လုံး
➢ ဘိလပ်မြေ ၃ အိတ်
➢ မြစ်သဲ ၁၀ ကုဗပေ
၉ လက်မအုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ နှုန်း
➢ အုတ် ၇၅၀ လုံး
➢ ဘိလပ်မြေ ၅.၅ အိတ်
➢ မြစ်သဲ ၁၀ ကုဗပေ
၁:၂:၄ ကွန်ကရစ် တစ်ကျင်နှုန်း
➢ ဘိလပ်မြေ ၁၉ အိတ်
➢ မြစ်သဲ ၄၉ ကုဗပေ
➢ မြစ်ကျောက်စရစ် ၉၂ ကုဗပေ
၁:၃:၆ ကွန်ကရစ် တစ်ကျင်နှုန်း
➢ ဘိလပ်မြေ ၁၃ အိတ်
➢ မြစ်သဲ ၄၆ ကုဗပေ
➢ မြစ်သဲကျောက်စရစ် ၉၆ ကုဗပေ
မှတ်ချက်။ ။ ၁ ကုဗပေ = အလျား ၁ ပေ x အနံ ၁ ပေ x အမြင့် ၁ ပေ ။
သဲတစ်ကျင်း = အလျား ၁၀ ပေ x အနံ ၁၀ ပေ x အမြင့် ၁ ပေ = ၁၀၀ စတုရန်းပေ
သဲတစ်ကျင်း = ၁၀၀ ကုဗပေ။
Unicode
အုတ်စီခြင်း ခန်.မှန်းကုန်ကျမည့်စာရင်း
-------------------------------------------
လေးလက်မခွဲ ဆယ်ပေပတ်လည် အုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ
➢ အုတ် ၄၀၀ လုံး
➢ ဘိလပ်မြေ ၃ အိတ်
➢ မြစ်သဲ ၁၀ ကုဗပေ
၉ လက်မအုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ နှုန်း
➢ အုတ် ၇၅၀ လုံး
➢ ဘိလပ်မြေ ၅.၅ အိတ်
➢ မြစ်သဲ ၁၀ ကုဗပေ
၁:၂:၄ ကွန်ကရစ် တစ်ကျင်နှုန်း
➢ ဘိလပ်မြေ ၁၉ အိတ်
➢ မြစ်သဲ ၄၉ ကုဗပေ
➢ မြစ်ကျောက်စရစ် ၉၂ ကုဗပေ
၁:၃:၆ ကွန်ကရစ် တစ်ကျင်နှုန်း
➢ ဘိလပ်မြေ ၁၃ အိတ်
➢ မြစ်သဲ ၄၆ ကုဗပေ
➢ မြစ်သဲကျောက်စရစ် ၉၆ ကုဗပေ
မှတ်ချက်။ ။ ၁ ကုဗပေ = အလျား ၁ ပေ x အနံ ၁ ပေ x အမြင့် ၁ ပေ ။
သဲတစ်ကျင်း = အလျား ၁၀ ပေ x အနံ ၁၀ ပေ x အမြင့် ၁ ပေ = ၁၀၀ စတုရန်းပေ
သဲတစ်ကျင်း = ၁၀၀ ကုဗပေ။

မူရင်းပိုစ့်ပိုင်ရှင်အား Credit ပေးပါတယ်၊၊
photo crd

Photos from Yadanar Knowledge Sharing's post 11/11/2021

ကွန်ကရစ်အကြောင်းသိကောင်းစရာ

Crd #

Photos from Yadanar Knowledge Sharing's post 11/11/2021

#အိမ်ဆောက်ရင် ဖောင်‌ဒေးရှင်း ဘယ်လောက်ချရမလဲ?

♦️အိမ်ဆောက်ရင် ဘယ် Footing ချရမလဲ မေးမေး နေလို့

အဆောက်အအုံအတွက် ဘယ်ဖောင်ဒေးရှင်းကို အသုံးပြုမလဲ ဆိုတာကို မေးလာပါတယ်။ selection of foundation for building တည်ဆောက်မယ့် အဆောက်အအုံအတွက် သင့်တော်တဲ့ ဖောင်ဒေးရှင်းကို ရွေးချယ်ရာမှာ factor အကြောင်းအရာတွေ ရှိပါတယ်။ အဓိကတွေကတော့ soil condition မြေကြီးအနေအထားနှင့် Loads from building အဆောက်အအုံရဲ့ အလေးချိန်၀န်အား တို့ဖြစ်ပါတယ်။

Foundation ရဲ့ အဓိကတာ၀န်က အဆောက်အအုံရဲ ့ load တွေကို သက်ဆိုင်ရာ မြေကြီးက ကောင်းမွန်စွာ ထမ်းထားနိုင်ဖို့ တစ်နည်းအားဖြင့် column တိုင် သို့မဟုတ် wall နံရံက ကျလာတဲ့ အလေးချိန် force အားတွေကို အောက်မှာရှိတဲ့ မြေကြီးထဲကို အန္တရာယ်မရှိပဲ spread ဖြန့်ဆင်း ၀င်သွားနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒါကြောင့် အခြေခံအကျဆုံး isolated footing သို့မဟုတ် pad footing ကို spread footing လို့ ခေါ်တာ ဖြစ်ပါတယ်။

Soil condition ကို သက်ဆိုင်ရာ soil test result တွေအရ သိနိုင်ပါတယ်။ soil result မှာ သက်ဆိုင်ရာ အနက် depth တွေအလိုက် bearing capacity မြေကြီးရဲ့ ခံနိုင်ရည်အားတွေ တွေ့ရပါမယ်။ အပေါ်ယံ မြေကြီးအလွှာတွေမှာ ကောင်းမွန်တဲ့ soil bearing capacity ရှိမယ်၊ အဲဒီ bearing capacity က အဆောက်အအုံရဲ့ တိုင်က ကျလာတဲ့ load ကို ထမ်းမ ထားနိုင်တဲ့ ခံနိုင်ရည်အားလဲ ရှိမယ်ဆိုရင် foundation ကို သိပ်အနက်ကြီး တူးစရာ မလိုတဲ့အတွက် shallow foundation တိမ်တဲ့ဖောင်ဒေးရှင်း ဖြစ်ပါမယ်။ shallow foundation ရဲ့ အခြေခံအကျဆုံးကတော့ isolated footing ပါ။

Isolated footing ရဲ့ အခြေခံသဘောတရားက ဥပမာအားဖြင့် soil test result အရ မြေကြီးအနက် ၆ပေမှာ bearing capacity 10 tons/sq.m ရှိတယ် ဆိုပါစို့။ column တိုင်က ကျလာတဲ့ Load က 10 tons ရှိတယ် ဆိုပါက footing depth 6 feet နှင့် footing pad ရဲ့ size က 1 sq.m ထက်ကြီးရမယ်လို့ အကြမ်းဖျင်း စဉ်းစားလို့ရပါတယ်။

Isolated footing တွေ နေရာအထားအသိုမှာ spacing နီးတာမျိုး မြေကွက်အနေအထားအရ column တိုင်က footing pad နှင့် alignment မကျတာမျိုးတွေမှာ ဒီဇိုင်းလိုအပ်ချက်အရ footing pad တွေကို တစ်ဆက်ထဲသော pad အဖြစ်နှင့် ပုံစံထုတ်ရာက combined footing တွေ ရလာပါတယ်။

တစ်ခါတစ်လေမှာ footing pad တွေ ထိစပ်မနေပေမယ့် ဒီဇိုင်းလိုအပ်ချက်အရ pad သို့မဟုတ် column ကို strap beam နှင့်ဆက်ပြီး တစ်ပေါင်းတစ်စီးထဲ ဖြစ်စေရာက strap footing တွေ ရပါတယ်။

Soil bearing capacity နှင့် building loads တွေအရ footing pad size များ ကြီးလာပြီး တစ်ခုနှင့်တစ်ခုဆက်သွားတဲ့အခါ footing pad တွေက slab ပြင်တစ်ခုလို ဖြစ်သွားရာက mat foundation သို့မဟုတ် raft foundation ဖြစ်လာပါတယ်။ mat ဆိုတာ ဖျာဖြစ်ပြီး raft ဆိုတာက ဖောင် ဖြစ်ပါတယ်။ တကယ်လဲ ဖျာတစ်ချပ်နှင့်တူပြီး မြစ်ရေပြင်မှာ ဖောင်လို ပေါ်နေလို့
နာမည်နှင့် သဘောတရားနှင့် လိုက်တယ် ပြောရပါမယ်။
တည်ဆောက်မယ့် အဆောက်အအုံအတွက် foundation ချရာမှာ earthwork excavation ကို foundation အနက်အထိ တူးရတဲ့ အတွက် shallow foundation ကို open foundation လို့လဲ ခေါ်ပါတယ်။

တစ်ကယ်လို့ အဆောက်အအုံဆောက်မယ့် မြေကြီးက သင့်တော်တဲ့ အနက်မှာ အဆောက်အအုံရဲ ့ load တွေကို ထမ်းမ ထားနိုင်တဲ့ soil bearing capacity မရှိဘူး။ ဒါမှမဟုတ် အဆောက်အအုံက high-rise လိုမျိုး အထပ်မြင့်အဆောက်အအုံဖြစ်လို့ building loads က တအားများမယ် ဆိုတဲ့အချိန်မှာ shallow foundation နှင့် မရတော့ပါဘူး။ အဲလို အပေါ်ယံအလွှာမှာ bearing capacity မကောင်းတဲ့ မြေကြီးရဲ ့ အောက်အနက်တစ်နေရာမှာ bedrock လို ခေါ်တဲ့ အောက်ခံကျောက်အလွှာကြော ရှိတတ်ပါတယ်။ မာကြောတဲ့ အဲဒီအလွှာထိရောက်အောင် ဖောင်ဒေးရှင်းအတွက် ထောက်မမယ့် ကွန်ကရစ် pile တိုင်ကို ရိုက်သွင်းလို့သော်လည်းကောင်း bore တွင်းတူးပြီး ကွန်ကရစ် pile လောင်းခြင်းဖြင့် ပြုလုပ်ရာက pile foundation ဖြစ်လာပါတယ်။

အဲဒီလို အောက်ခံအမာကြောအထိ ထိအောင်ပြုလုပ်တဲ့ pile ကို end bearing pile လို့ခေါ်ပြီး အောက်ခံအမာကြောအထိ မရောက်သော်လဲ မြေသားနှင့် pile နှင့် ထိစပ်မှု friction ပေါ်မှာ အားပြုတဲ့ pile တွေကို friction pile လို့ခေါ်ပါတယ်။ အဲဒီ pile တွေထိပ်မှာ pile cap လုပ်ရာက isolated footing ရဲ ့ footing pad သဘော ဖြစ်သွားပါတယ်။ pile cap တစ်ခုမှာ pile အရေအတွက် တစ်ခုလဲ ဖြစ်နိုင်သလို အများလဲ ဖြစ်နိုင်ပါတယ်။ အဲလို မြေအောက်အနက်ထဲအထိ ချရတဲ့အတွက် pile foundation ကို deep foundation လို့ခေါ်ပါတယ်။

တစ်ခါတစ်လေမှာ bearing capacity ကလဲ နည်း၊ building load ကလဲ သိပ်ကြီးမားပါက pile တွေလဲအများကြီးရိုက်ရ pile cap တွေက တစ်ခုနှင့် တစ်ခုနှင့် ထိစပ်သွားရာက mat ဖြစ်သွားပြီး pile raft foundation ဖြစ်လာပါတယ်။
အဲဒါကြောင့် တည်ဆောက်မယ့် အဆောက်အအုံအတွက် သင့်တော်တဲ့ foundation ရွေးချယ်ရာမှာ soil condition နှင့် building loads တွေကို ကြည့်ပြီး ရွေးချယ်နိုင်တာတွေကတော့

Shallow foundation အနေနှင့်
(1) Spread footing or isolated footing or pad footing
(2) Combined footing
(3) Strap footing
(4) Raft or mat foundation
Deep foundation အနေနှင့်
(1) Pile foundation
(2) Pile raft foundation တို့ဖြစ်ပါတယ်။
ဒါတွေက အခြေခံအားဖြင့် စဉ်းစားမိသလောက်ပါ။ တခြားနည်းလမ်းတွေလဲ ရှိနိုင်ပါသေးတယ်။

Photos from Yadanar Knowledge Sharing's post 09/11/2021

အဝတ်ဗီဒိုပဲလုပ်လုပ် စာအုပ်စင်ပဲလုပ်လုပ်
အတိုင်းအတာ‌တွေ ပါတော့
လေ့လာသူ ဝါသနာရှင်တွေအတွက် အဆင်ပြေတာပေါ့

Photos from Yadanar Knowledge Sharing's post 07/11/2021

ဆန်ပြီးအဖြူသန့်သန့်ကြိုက်သူ​လေး​​တွေအတွက်

Photos from Yadanar Knowledge Sharing's post 07/11/2021

sofa idea

05/11/2021

#ကပ်ထားတဲ့ ကြွေပြားတွေ ဘာကြောင့် ပြန်ကွာရတာလဲ ?

ယနေ့ခေတ် တိုက်တာ အဆောက်အဦးတွေဆောက်တဲ့အခါမှာ ကြွေပြားတွေ ကပ်ပြီးတော့ အလှဆင်လေ့ရှိပါတယ်။ကောင်းမွန်ပြီးတော့ တာရှည်ခံအောင်လို့ ကပ်ကြတာများပါတယ်။ ဒါပေမဲ့ ကြွေပြားကပ်တဲ့သူတွေ အမြဲကြုံတွေ့ကြရတာကတော့ ကြွေပြားတွေ ပြန်ကွာတာတွေ၊ ကြွေပြားတွေက ပြန်ရုန်းကန်ပြီးတော့ ခုံးလာတာတွေ၊ ကပ်ပြီး ၅ လ ၆ လလောက် အကြာမှာ ကြွေပြား အလယ်ကနေ ပြန်ဟ လာတာတွေ၊ လေခိုပြီးတော့ ကြွေပြားတွေ ကြွတက်လာတာတွေ ကို မြင်ဖူးတွေ့ဖူးကြပါလိမ့်မယ်။

ဒီလိုတွေ ဖြစ်လာတာခဲ့ရင် ရုပ်ဆိုးပြီး မလှမပ ဖြစ်နေတတ်ပါတယ်။ ကြွေပြား အကောင်းစား ဝယ်ကပ်ထားတာတောင်မှ ပြန်ကွာတတ်ပါတယ်။ ကြွေပြားတွေ ပြန်ကွာချိန်မှာ တက်နင်းမိခဲ့ရင် ပစ္စည်းလေးတာတွေ တင်မိရင် အက်ကွဲသွားတတ်ပါတယ်။ ကြွေပြားတွေ ဒီလို ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို ကျွန်တော်သိသလောက်မျှဝေပေးပါရစေ။

◾ ကြွေပြားခင်းတဲ့အခါမှာ ကြမ်းခင်းကို သေသေချာချာ
သန့်ရှင်းရေးမလုပ်ရင်လည်း နောက်ကျရင် ကွာတတ်ပါတယ်။ ကြမ်းခင်းမှာ သံချေးတွေ၊ ဆီချေးတွေ၊ ရေညှိတွေ၊ ဘိလပ်မြေဂျိုးတွေ ရှိနေတာကို သန့်ရှင်းရေး မလုပ်ဘဲ ဒီတိုင်းကပ်လိုက်ရင် ကြွေပြားတွေ ပြန်ကွာတတ်ပါတယ်။

◾ ကြွေပြားတွေ မကပ်ခင်မှာ ရေစိမ်ပြီးမှ ကပ်လေ့ရှိပါတယ်။ ကြွေပြားတွေကို သေသေချာချာ ရေဝအောင်မစိမ်ဘဲ ကပ်ခဲ့ရင် ကြွေပြားက ဘိလပ်မြေက ရေကိုစုပ်ယူပြီးတော့ ကျယ်ပြန့် (expand) လာပါတယ်။ ကြွေပြားရဲ့ သဘောက ရေနဲ့ တွေ့ရင် အနည်းငယ်ကြီး လာတတ်ပါတယ်။ အဲဒီအခါ နည်းနည်းစီကြီးလာတာက တစ်ချပ်တည်းကြီးလာရင်တော့ ဘာမှမဖြစ်ပေမဲ့ အချပ်ရေတွေ များလာတဲ့အခါ ကြွတက်လာပြီးတော့ ကြွေပြားတွေ ကွာလာပါတယ်။ အခန်းကျဥ်းတွေမှာ သိပ်ပြီး မကွာတတ်ပေမဲ့ အခန်းကျယ်တွေမှာ ပိုပြီးတော့ ပြန်ကွာလာတတ်ပါတယ်။

◾ ကြွေပြားတွေ ကပ်တဲ့အခါ မျက်နှာပြင် ညီညာဖို့လိုပါတယ်။ ကြွေပြားတွေကို ဘိလပ်မြေနဲ့ ကပ်တာများတော့ အောက်မှာ အဖုလေးတွေရှိခဲ့ရင် ဘိလပ်မြေက ညှိပေးလို့ ညီတယ် ထင်ရပေမဲ့ ကြာလာတော့ အဲအဖုလေးပေါ်မှာ အလေးချိန်များတဲ့ ပစ္စည်းတွေ တင်ခဲ့မိရင် အဲဒီအဖုလေးက ကြွေပြားကို ပြန်ထောက်ပြီးတော့ ကြွေပြားကို ပြန်ကန်တတ်ပါတယ်။

◾ အောက်ခြေမှာ ခဲသေးသေးလေးတွေ ရှိနေခဲ့ရင် လေခိုတတ်ပါတယ်။ လေခိုနေတဲ့ နေရာကို နေရောင်ခြည် ကျရောက်တဲ့အခါ အထဲက လေကပွလာပြီးတော့ ကြွေပြားကို ပြန်ကန်ထွက်လာတတ်ပါတယ်။ ကြွေပြားတွေက တစ်ချပ်ကွာခဲ့ရင် ဘေးကကြွေပြားတွေပါ ထောက်ပြီးတော့ ကွာတတ်ပါတယ်။

◾ ကြွေပြားကပ်ထားတဲ့ အိမ်က မော်တော်ယာဥ်ကြီးတွေ၊ စက်ယန္တယားယာဥ်တွေ၊ စက်ရုံတွေနဲ့ နီးကပ်နေရင် တုန်ခါမှု (vibration) တွေ ရှိနေတဲ့အခါမှာလည်း ကွာတတ်ပါတယ်။

03/11/2021

#တိုက်နဲ့ပဲ နေနေ၊ တဲနဲ့ပဲ နေနေ ဒါတွေ လုံးဝမလုပ်မိကြပါစေနဲ့နော်

တိုက်နဲ့ပဲ နေနေ၊ တဲနဲ့ပဲ နေနေ ဒါတွေ လုံးဝမလုပ်မိကြပါစေနဲ့နော်
လူတိုင်း လူတိုင်း အိမ်မှာ ဒါမျိုးတွေ လုံးဝ မလုပ်မိကြပါစေနဲ့။ (တန်ဖိုးရှိတဲ့ သိမှတ်စရာတွေပါ) အိမ်၌မပြုသင့်မထားသင့်သော ရှောင်ရန်များ သင်သိပြီးရင် မျှဝေပေးခဲ့ဖို့ မမေ့ပါနဲ့နော်
၁။ အိမ်ရှေ့၌ငှက်ပျောပင်မစိုက်အပ်။
၂။ရေစိုအဝတ်များကိုညအချိန်သစ်ပင်ပေါ် အဝတ်တန်းပေါ်မထားရ
၃။ကိုယ်ဝန်ဆောင်များအပြောဆိုမကြမ်းရ
၄။လက်ဖက်သုတ်စားပြီးကလေး၏ ပါးကိုမနမ်းရ
၅။ကတ်ကြေး၊ကွမ်းညှပ်၊ဓားစသည်တို့ကိုညှပ်စရာမပါပဲမညှပ်ရ၊မဖြတ်ရ။
၆။အိမ်ပေါ်၌ဇယ်မခုတ်ရ။
၇။အိမ်သားတစ်ဦးနေမကောင်းဖြစ် စဉ်ခေါင်းမလျှော်ရ
၈။ယောက်မနှင့်ထမင်းအိုးနှုတ်ခမ်းမရိုက်ရ
၉။စလောင်းဖုံးကိုဖိုခနောက်ပေါ်မအုပ်ရ
၁၀။မီးဖိုမှာလူနှစ်ယောက်ပြိုင်တူမီးမမှုတ်ရ
၁၁။ညောင်သားကိုမီးမစိုက်ရ။
၁၂။ကျောက်နီလက်စွပ်ကိုနှစ်ကွင်းထပ်မဝတ်ရ
၁၃။ဖိနပ်ချွတ်သောနေရာတွင်ထီးမထားရ
၁၄။အရေးကြီးသောကိစ္စများပြောစဉ်ဖိနပ်ထိပ်ဦး အားထီးထိပ်ချွန်နှင့်ထောက်၍စကားမပြောရအစီစဉ်ပျက်တတ်သည်
၁၅။ဖျာကိုခေါင်းရင်းမှစပြီးလိပ်၍သိမ်းပါ
၁၆။ဖျာလိပ်ကိုအမြင့်ပေါ်မတင်ရ
၁၇။တိုင်ကပ်နာရီကိုအိမ်ခြေရင်းတွင်မချိတ်ရ
၁၈။မိဘတို့၏ဖိနပ်ကိုမနင်းရ
၁၉။ဓာတ်ခဲအဟောင်းများအိမ်တွင်မထားရ
၂၀။အိမ်၏မျက်နှာစာတွင် ထမင်း ချက်ပြုတ်မစားရ
၂၁။အိမ်ရှိကြည့်မှန်များမကောင်းသောပုံ ရိပ်များထင်ဟပ်သောနေရာတွင်မချိတ်ရ
၂၂။အိမ်ရှေ့တွင်ငြုပ်သီးပင်မစိုက်ရ
၂၃။ထမင်းပန်းကန်များအတွင်းသို့စားပြီးဝါးပြီး အကြွင်းအကျန်များထည့်မသိမ်းရ။

Credit

03/11/2021

#အိမ်နှင်ပက်သက်သောလောကီပညာ
***************************************
အိမ်တစ်အိမ် ဆောက်ရင်
အဓိက ( ၃ ) ချက်ရှိတယ်

အိမ် ပနပ်
အိမ် ဦးရင်တိုင်
လှေကား
အဲ့ဒါ အဓိက ဘဲ။

( မဆောက်ကောင်းသောအိမ်များ )

အိမ်ပျံ
အိမ်ရင်ကွဲ
အိမ်ပလ္လင်
အိမ်ဖိုခနောက်
အိမ်နွား
အိမျပတ်တလား
ကျောင်းနှင့်တူသောအိမ်
မဆောက်ကောင်းပါ ။

ရင်ကွဲ အိမ် (ကွဲ...သေ)
ဝါးခေါင်းထိုးဆက်သောအိမ် (ရန်ဖြစ်)
သစ်ဆက်ဝါးဆက် ဆက်သောအိမ် (ရန်ဖြစ်)

အဲ့အိမ်တွေမှာ
ထုပ်ယောက် မိုက်ဖွဲ့ပြီး
၃နဲ့စားလို့ပျက်ရင်
၃လအတွင်း လူသေဖို့
၁၀၀%ပါ

အိမ် ပတ္တလား နဲ့ အိမ်နွားက
ဆင်းရဲရုံဘဲရှိတယ် လူမခိုက်ပါ

အိမ်မှာ သစ်စုံပါရင်
သစ်မင်း စိုက်ထားပါ။

အိမ်ထက် အိမ်သာ မကောင်းစေသင့်
အိမ်အရင် အိမ်သာ မဆောက်ကောင်း
ခြံစည်းရိုး မရှိဘဲ အိမ်မတည်သင့်ပါ။

အိမ်တိုင်တွေကို
ကြေးပြားမှာ
စည်းချဂါထာ ရေးပြီး
အောက်ကခံရင် ကြီးပွားတိုးတက်စေပါတယ်
မီးမခနိုင်
ဧည့်သည် ကောင်းများလာစေတက်
လောင်မီးစက် မခံ နိုင်
မိစ္ဆာ များမနေနိုင်ပါ။

အိမ်တစ်အိမ်မှာ
ချမ်းသာချင်လည်း လှေကားဘဲ
မွဲချင်လည်း လှေကားဘဲ

လှေကားက အဓိကပါ ဘဲ။

အိမ်နဲ့ပတ်သတ်ပြီး
သိပ္ပံခေတ်မှာ ယုံစရာမလိုဘူး ဆိုလို့
မယုံကြည်ရင်
အိမ်ရဲ့ဘယ်ဘက်ညာဘက် ၂ဘက်လုံး
အဖီ ဆွဲ နေ လေ ။

မွဲ အေးရော ။ အကြားအမြင် ပြည့်ဝကြပါစေ။

လူမှန်သမျှ .အိမ်နှင့်မကင်းနိုင်.
ထိုအိမ်ဆောက်ရာတွင်
အကျိ ု းအပြစ်ကို..စလေဦးပုည၏
ဟောစတမ်းမှ..အကိူးများ၍..အများအကိူး
တွက်..တင်ပေးပါအံ့။................................................

တနင်္ဂနွေ နေ့ အိမ်ဆောက်လျှင်..ဥရုတိုင်
အရပ်ခေါ် ဦးရင်တိုင်၏ စရွေးအောက်မှာ
တစ်ထွာခန့်အမျက်ရှိတတ်၏..
ထိုအမျ က်ကား..အိမ်လူတွေကိုဒုက္ခပေးတတ်၏..
ပယ်နိုင်ကပယ်လိုက်...မပယ်နိုင်လျှ င်ထိုဥရု
တိုင်နှင့် အရှေ့မြောက်ကတိုင်နှင့်လဲ၍စိုက်
စည်းစိမ်ဥစ္စာ တိုးပွား၏။

တနင်္လာ နေ့အိမ်ဆောက်မူ..အနောက်မြောက်
ယက်မအောက်တွင် အမျက်အဆွေးရှိတတ်၏
သားသမီး မြေးမြစ်သေတတ်၏..
ပယ်လိုကပယ်..မပယ်လိုက..အရှေ့တောင်က
သစ်မင်းတိုင်နှင့်လဲ၍စိုက်..
ခြေလေးခြောင်းရကိန်းရှိ၏။

အင်္ဂါ နေ့အိမ်ဆောက်မူ.. မြောက်အလယ်တည့်တည့်..ယက်မအောက်တွင်.. သေချာ
ကြည့်မှမြင်ရသော အမြံအခေါင်းရှိတတ်၏.
အိမ်ရှိ တိရစ္ဆာန် သေတတ်၏
ပယ်လိုကပယ်.. မပယ်လိုက.. တောင်ဘက်စဉ်
စိုက်တဲ့တိုင်တွေထဲမှ အလည်တိုင်နှင့်လဲစိုက်
သမီးရတနာရတတ်၏။

ဗုဒ္ဓဟူး နေ့တွင်အိမ်ဆောက်မူ..အရှေ့မြောက်
ထောင့်ကတိုင်တွင်မြေပေါ်တစ်ထောင်လောက်
အကွာအမျက်ရှိတတ်၏..
ကိုယ်ချစ်ရသူသေတတ်၏
ပယ်လိုကပယ်.. မပယ်လိုက ...ဘူမိအရပ်က
တိုင်နှင့်လဲစိုက်...စုဒ်ကောင်း၀င်လတ္တံ့။

ကြာသာပတေးနေ့တွင် အိမ်ဆောက်လျှ င်
အရှေ့စွန်းက..တိုင်ခွတွင် အခေါင်းပါတတ်၏
ရောဂါရတတ်၏..သောကရောက်တတ်၏
ပယ်လိုကပယ်.. မပယ်လိုက ..အလည်တိုင်နှင့်လဲစိုက်..
ဘုန်းကြီးအံ့။

သောကြာနေ့ တွင်အိမ်ဆောက်မူ..
အလယ်တိုင်၏ဂွအောက်တစ်ထွာလောက်တွင်
အခေါင်းပါတတ်၏..
ရောဂါထူပြောအံ့
ပယ်လိုကပယ်.. မပယ်လိုက.. အလည်ဂွတိုင်
နှင့်လဲစိုက်..
လာဒ်ရအံ့။

စနေနေ့တွင် အိမ်ဆောက်မူ..
အနောက်တောင်ရှိတိုင်ထိပ်၌..စရွေးအောက်မှာ အမျ က်သေးပါတတ်၏..
မိန်းမမသေ ယောက်ျ ားသေတတ်၏..
ပယ်လိုကပယ်.. မပယ်လိုက. အနောက်မြောက်အရပ်ကတိုင်နှင့်လဲစိုက်
လာဒ်ကြီးရလတ္တံ့။

အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သော အပင်များ၊

အိမ်ဆောက်ရက် ရွေးနည်း ၊

အိမ်ဆောက်လ ရွေးနည်း၊

မသုံးအပ်သော သစ် (၈) မျိုး၊

အိမ်၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာများ ။

သစ်ပင် ပန်းမန်ဆိုတာ လူတွေအတွက် ကောင်းမွန်တဲ့ အရာပါ။ သဘာ၀ရာသီဥတုကို သင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ် ပတ်၀န်းကျင် ခြံ ထဲ၊ အိမ် ၀န်းထဲမှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းစေမှာပါ။

ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိ အိမ်၊ ခြံ ထဲမှာ မစိုက်အပ် ၊ မရှိသင့်တဲ့ အပင်တစ်ချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူအဆတွေ ခေတ်မမီတော့ဘူးလို့ဘဲ ဆိုဆို ၊ ရှေးထုံးကိုလည်း မပယ်နဲ့ဆိုတဲ့ စကားပဲ ပြောပြော အိမ်နဲ့ ပတ်သတ်ပြီး ရှေးမြန်မာ အယူတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ။

- အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သောအပင်များ ။

အိမ်၏ အရှေ့ဘက် မျက်နှာဘက်တွင် ညောင် ၊ သပြေပင်များ မစိုက်ရ။ စီးပွားပျက်တတ်သည်။
အနောက်ဘက်တွင် လက်ပံပင် ၊ ထိန်ပင် များ မစိုက်ရ။
တောင်ဘက်တွင် သျှီသျှားပင် ၊ ဖီးခြမ်းငှက်ပျော ၊ သင်္ဘောပင်များ မစိုက်ရ။
မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊သဖန်းပင် နှင့် သျှီသျှားပင် မစိုက်ရ။

အဆိုပါ အပင်များသည် ဖော်ပြပါ အရပ်မျက်နှာများတွင် ရှိနေပါက စီးပွားယုတ်လျော့မည်။ရောဂါဘယ ထူပြောမည်။ အိမ်တွင်း အိမ်ပြင် ဆူပူတတ်သည်။ အလိုအလျောက်ရှိနေပါကလည်း နှုတ်ပစ် ၊ ခုတ်ပစ်သင့်ပါသည်။

- အိမ်ဆောက်ရက် ရွေးနည်း ။

တနင်္ဂနွေ - ဒုက္ခဆင်းရဲ ရောက်တတ်သည်။
တနင်္လာ - နှစ်လမြောက်တွင် သား သမီး ဖွားမြင်သော် ချမ်းသာ ကြွယ်၀မည်။
အင်္ဂါ -ဆန်ရေစပါး ပေါများ ကြွယ်၀မည်။
ဗုဒ္ဒဟူး၊စနေ- သုခ ချမ်းသာရမည်။
ကြာသပတေး - ချမ်းသာ ကြွယ်၀မည်။
သောကြာ - သုံးလ ကြာလျှင် သုခ ပွားမည်။

- အိမ်ဆောက်လ ရွေးနည်း ။

တန်ခူးလ - ချမ်းသာ ကြွယ်၀မည်။
ကဆုန်လ - ဆန်ရေစပါး ပေါများ ကြွယ်၀မည်။
၀ါခေါင်လ - ဥစ္စာ စီးပွား တိုးပွားမည်။
နတ်တော်လ - ထင်ပေါ် ကျော်စောမည်။
ပြာသိုလ - လူအများ ချီးမွမ်းမှု ရမည်။
တပေါင်းလ - ချမ်းသာ ကြွယ်၀မည်။

ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများ
ကြုံရတတ်သည်။

ယနေ့ခေတ်မှာ အိမ်ကို သစ်သား အခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ဒါပေမယ့် အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင် ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာ အိမ်တစ်အိမ်ရဲ့ အဓိက ပါ၀င်ပစ္စည်း ဖြစ်နေပါသေးတယ်။ ရှေးမြန်မာ လူကြီးများကတော့ အိမ်နဲ့ပတ်သတ်ရင် သစ်ကို အလွန်စိစစ်ပါတယ်။

ဗဟုသုတ အလို့ငှာ သိသလောက် ဖော်ပြပေးလိုက်ပါတယ်။

- မသုံးအပ်သော သစ် (၈) မျိုး ။

၁။ ခုတ်ဖြတ်စဉ် တွဲလွဲ ကျနေသောသစ် (သစ်ဆွဲချ)
၂။ သစ်ခွ သစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)
၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီးလူး)
၄။ အရင်းအဖျားရှူး၍ အလယ်တွင် ကြီးသောသစ် (သစ်နပုန်း)
၅။ လမ်းကူး ချောင်းကူးသစ် (သစ်တံတား(ခ) သစ်လမ်းကူး)
၆။ အပင်ချင်း အကိုင်းချင်း ကြိတ်သောသစ် (သစ်ကြိတ်)
၇။ အပင်တွင် နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)
၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)

-အိမ် ၊ ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁) မျိုး ။

၁။ မိကျောင်း
၂။ မအူ
၃။ သခွတ်
၄။ ညောင်
၅။ သျှီသျှား
၆။ သီး(သား)
၇။ သပြေ
၈။ သစ်စိမ်ရေသား
၉။ ကလော
၁၀။ လက်ပံ
၁၁။ လဲ

- အိမ် ၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာများ ။

၁။ တိုင်ဟောင်းကို ပန်းမဆွဲရ ။
၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ ။
၃။ တိုင်တို (ထောက်တို) ကို ကြမ်းပေါ် မပိုစေရ ။
၄။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ ။
၅။ ခေါင်လျှောက်ခွတွင် မပြီးခင် ကြမ်းမဖောက်ရ ။
၆။ တိုင်ထူရာတွင် တိုင်ချင်း မထိရ ။
၇။ အိမ်ဆောက်မပြီးခင် ၀န်း မခတ်ရ ။
၈။ ထုပ် ၊ လျှောက် ၊ ဒိုင်း ၊ မြား ၊ ခါးပန်း တို့ကို အလယ်တည့်တည့်တွင် မဆက်ရ ။
၉။ အမျိုးမတူသော သစ်ချင်း မဆက်ရ ။
၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏ လျှောက်ကို တင်၍ မဆက်ရ ။

တိုးတက်လာသော ယနေ့ခေတ် အနေအထားအရ အထက်ပါ အကြောင်းအရာတို့အား လုံးဝရှောင်ကြဉ်ရန် မဖြစ်နိုင်တော့ပါဘူး ။
ဒါပေမယ့်လို့ " ရှေးထုံးလည်းမပယ်နဲ့ စျေးသုံးလည်း မကြွယ်နဲ့'' စကားလိုမျိုးပါပဲ။ နှစ်ပေါင်းများစွာ တည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မျှဝေချင်တဲ့ သဘောပါ။

ဖတ်ကြည်ရှူ့သူအားလုံး
သာယာချမ်းမြေ့တဲ့ အိမ်ဂေဟာလေးများ
ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ။

Credit

30/10/2021

#အိမ်ဆောက်ချင်သူများ အိမ်တစ်လုံးဆောက်မယ်ဆို
သိထားသင့်တဲ့ အချက် (၈)ချက်။

၁။ ကိုယ်လိုချင်တဲ့ အိမ်အနေအထားကိုအရင်ဦးဆုံးရွေးချယ်ပါ

၂။အခန်းဖွဲ့စည်းပုံ ဘယ်ပုံစံလိုချင်လဲ စဉ်းစားပါ

၃။အိမ်ဆောက်တဲ့အခါ ဘယ်လိုအုတ်သုံးစေချင်သလဲ ဥပမာ ဘိလပ်မြေအုတ်လား။မြေအုတ်လား။CLCလားသေချာ ဆုံးဖြတ်ပါ။

၄။ဘိလပ်မြေက ထိုင်းဆင်လား။ ကြံ့နီလား ။အပါချီလား အယ်ဖာလားအစရှိသဖြင့်ရွေးချယ်ပါ

၅။အဆောက်အဦးက သံကူကွန်ကရစ်အမျိုးအစား(RCC)အဆောက်အဦး လိုချင်တာလား။
သံတိုင်ထောင်ပြီး အုပ်ညှပ်တဲ့ (Ss)Steel Structureလိုချင်တာလား။ သစ်သားတိုင်ထောင်ပြီး အုပ်ညှပ်တဲ့( BNK)ဘင့် နော်ကယ် အမျိုးအစားကို လိုချင်တာလား။ဟော်လို ထောင်ပြီ ကျောက်ပြား ကာတဲ့အိမ်လိုချင်တာလား။

၆။ အိမ်အတွင်းပိုင်းအလှဆင် ဦးမှာလား
ဥပမာ -
ကြမ်းခင်ကို ကြွေပြား ခင်းမှာလား
ပါကေးခင်းမှာလား ပေါလစ်တင်မှာလား
(တမံသလင်းလုပ်ခြင်းကိုပြောပါသည်)
အတွင်းနံရံ ကိုရော ကြွေပြားကပ်မှာလား
ဘယ်နှစ်ပေ အမြင့်အထိကပ်မှာလဲ
ပြတင်းပေါက် အောက်နှုတ်ခမ်းလား
မျက်နှာကျက် အထိ အပြည့်ကပ်ချင်သလား
ကြွေပြားက ကြမ်းခင်းကို တစ်ပေ ပတ်လည်ခင်းမလား ၂ပေပတ်လည် ခင်းမလား တရုတ်ပြားလား ထိုင်းကြွေပြားလား ဗီယက်နမ် ကြွေပြားလား
နံရံမှာရော ၈..လက်မ ၁၀လက်မလား
၈ လက်မ တစ်ပေလား
၂ပေ ၁ပေလား
၂ပေပတ်လည် ကပ်မှာလားစဉ်းစားရပါမယ်

၇။အဆောက်အဦးဆောက်မယ့်မြေနေရာက အုတ်သဲ ကျောက် ကား ဝင်လို့ရနိုင်လားဘယ်လိုအခက်အခဲ ရှိနိုင်မလဲ
မြေကြီး ပျော့လား မာလား မြေပျော့ ရင် ဖောင်ဒေးရှင်းအနက်ပေများမယ် မြေမာရင် မြေကြီး ကြံ့ခိုင်ရင် အနက်ပေသက်သာမယ် အစရှိသဖြင့် စဉ်းစားပါ
၈။အုပ်သဲကျောက်ဒိုင်နဲ့ အိမ်ဆောက်မယ့်နေရာနီးသလားဝေးသလား အိမ်ဆောက်ပစ္စည်းဈေးနှုန်းကရော ဈေးကြီးသလားဈေးသက်သာလား
ဈေးကြီးရင် PAE ဈေးကလဲ တက်သွားမှာဆိုတော့လေ
ဒီအချက်(၈)ချက်ကိုသေချာစဉ်းစားပြီးမှ ဒါတောင် ပြောရရင် အများကြီးရှိသေးတယ်တယ်နော် ပိဋိကတ် သုံးပုံဖတ်ရသလိုနေမှာစိုးလို့ လိုအပ်မယ် ထင်တာလေလောက်ပဲ အရင်ပြောလိုက်တာပါပြီးတော့ ငွေ ဘယ်လောက်သုံးမလဲပေါ့နော်(တစ်ပဲပေးပြီး လှည်းတစ်လေး)လိုချင်လို့လဲ မရဘူးလေ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတာကိုဂဲသေးသေးလေး ရေအိုင်ထဲ ပစ်ချပြီး ပင်လယ်ပြင်က လိူင်းလုံးကြီးတွေလို ဂယက်ထစေခြင်ရင်တော့ ဟိုလူပြောသလိုပဲ (မိုက်လိုက်တာ သမီးရယ်)လို့ပဲပြောရတော့မယ်😁😁😁။

သိန်းတစ်ရာတန်မယ်အိမ်ကိုဆောက်တော့မယ်ဆိုရင် လက်ထဲမှာ ၁၃၀...၁၄၀လောက် ဆောင်ထားပါ

ပြီးတော့ အိမ်ဆောက်တဲ့အိမ်ရှင်နဲ့ ကန်ထရိုက်ယူတဲ့သူနဲ့ ခိုင်မာတဲ့ စာချုပ် (အချက်အလက် ပြည့်စုံတဲ့ စာချူပ်)​။

Online ပေါ်မှာ အလုပ်အပ်တာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အတွင်းသိ အစင်းသိတော့ မဖြစ်နိုင်ပါဘူးသတိထားပါ ငွေမလွန်ပါစေနဲ့။

Onlineပေါ်မှာ တင်ပြီး အိမ်ပုံစံလေးနဲ့ အကျယ်ပေလေးနဲ့ ဒီအိမ်ဘယ်လောက် ရှိလဲ ဈေးမေးတဲ့နေရာမှာ လိုင်းပေါ်က ပြန်ဖြေတဲ့ ကန်ထရိုက်ဆရာတွေက အကြားအမြင်ရနေတာ မဟုတ်တော့
အလျား အနံကို မြောက်ပြီး လက်ရှိဆောက်လုပ်ရေး paeဈေးနဲ့မြောက်ပြီး ပြောလိုက်တာပါ

တကယ်တမ်းမြေပြင်မှာ ဆောက်တဲ့အခါ အိမ်ရှင်လိုချင်တဲ့အနေအထားနဲ့ သုံးမယ့် ပစ္စည်းပေါ် မူတည်ပြီး ဈေးက အနိမ့်အမြင့်ရှိနိုင်ပါတယ် မြန်မာပြည်တွင်းမှာတောင်မှ ဧရာဝတိတိုင်းဘက်မှာ ဆောက်မယ်အိမ်နဲ့ အညာမြေမှာဆောက်တဲ့အိမ်များဟာ ဖောင်ဒေးရှင် ရဲ့ လုပ်ဆောင်ပုံခြင်း မတူညီပါဘူး။

comment မှာ မေးနေတဲ့ အတွက် အသေးစိတ်လဲ
သိရအောင် သူ့စကားအသွားအလာလဲ သိရအောင် စိတ်ဓာတ်နဲ့ ပြောဟန်ဆိုဟန် ပြောတဲ့ လေသံအနိမ့်အမြင့် အလုံးစုံ သိရဖို့အတွက် ဖုန်းနံပါတ် တောင်းပြီ ဖုန်းဆက်ကြည့်လိုက်ပါ
အိမ်တစ်လုံးတောင်ဆောက်မှာပဲ ဖုန်းဘေလေး တစ်ထောင် နှစ်ထောင်ကို တွန့်တိုမနေပါနဲ့
ကိုယ်သိချင်တာ ပြည့်ပြည့်စုံစုံပြောပြီး ပြည့်ပြည့်စုံစုံ သိရတာနဲ့ ဘေးကုန်တာနဲ့ တန်ပါတယ်ဗျာ

အဲလို ဖုန်းဆက်လိုက်လို့ အဲဒီ ကန်ထရိုက်နဲ့ အိမ်ဆောက်မယ် အလုပ်အပ်မယ်လို့ ပြောပီးရင်လဲ ကတိမဖျက်ပါနဲ့
အကြောင်းကြောင်းကြောင့် ကတိပျက်နိုင်ရင်လဲ ကတိ မတည်နိုင်ရတဲ့ အကျိုးအကြောင်းကို သူကျေနပ်တဲ့အထိ့ အလေးအနက်ပြန်ဖြေရှင်းလိုက်ပါ
တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းတွေနဲ့ ရှင်သန်ပါ အမုန်းမပွားပါနဲ့အသက်တွေလဲ ကြီးပြီပဲ ဗျာ လူတစ်ယောက်နဲ့ စကား ၁၀ မိနစ်လောက်ပြောကြည့် သိပါတယ်

စာရှည်သွာပြီ အခုလို ဆုံးအောင်ဖတ်ကတည်းက
သင်ဟာ အကြောင်းအရာတစ်ခုကို စေ့စပ်သေချာစွာ လေ့လာတတ်တဲ့သူ အဖြစ် အသိအမှတ်ပြုပါတယ် ကျေးဇူးပါ

Photos from Yadanar Knowledge Sharing's post 30/10/2021

◾Cover Blockအကြောင်း◾
----------------------------------------------------
🔹Cover block ကို Site Engineer က သူ လုပ်ရမည့် သံလုပ်ကွက်မစမှီ ၁၄ ရက်အလို ကတည်းက လုပ်ထားရပါ မယ်။ Cement နဲ့ ပဲ လုပ်တဲ့ Cover Block က ၂၄ နာရီကျော်ရင် သုံးလို့ရပါတယ်။ဒါပေမဲ့ သူက Compression ဒဏ်အများကြီး မခံနိုင်ပါဘူး။Concrete ထဲ မှာသဲနဲ့ ကျောက်ကသာ Compression ဒဏ် ခံနိုင်ပါတယ်။ ကျောက်ပွင့်လေးတွေလွတ် သွားတဲ့မျက်နှာပြင်နေရာမှာ သဲပွင့်လေးတွေ ကနေရာယူပါ တယ်။ သဲပွင့်လေးတွေ လွတ် သွားတဲ့နေရာမှာ ဘိလပ်မြေ ကရေနဲ့ ဓာတ်ပြုနေရာယူပြီး သူတို့အားလုံးတွဲဆက်အောင် လုပ်ပေးပါတယ်။

🔹ဘိလပ်မြေ နဲ့ သဲ ကို အချိုးကျရောပြီး လိုအပ်တဲ့ Size တွေပုံလောင်းရပါတယ်။ လောင်းပြီးနောက်နေ့ မှာ.ရေစိမ်ရပါတယ်။ ရေစိမ်တဲ့အခါ.သူ့ Size နဲ့ သူ.ခွဲပြီး စိမ်သင့်ပါ တယ်။ ဒါမှသာ အလွယ်တကူသုံးနိုင်မှာပါ။ရေစိမ်ပြီးရင် အဲရေစိမ်ထားတဲ့ကန်မှာမြေဖြူ ခဲကို ရေစွတ်ပြီး ဘယ်လုပ်ကွက်ဘယ် Size ဘယ်နေ့ ကလောင်းတယ်၊ဘယ်နေ့စသုံးလို့ရ ပြီလို့ရေးထားရပါမယ်။

🔹ကိုယ်မဟုတ်တဲ့ တစ်ခြားသူပါ သိအောင်မှား မသုံးမိအောင် ပါ။ အရည်အသွေးညံတဲ့ Cover Block ဒါမှမဟုတ် ဘိလပ်မြေ နဲ့ ပဲလုပ် ထားတဲ့ Cover Block ကိုသုံးမိရင် ဘာဖြစ်မ လဲ?

🔹Slab လုပ်ကွက်မှာဆိုရင် Concrete လောင်းတဲ့ အခါ ကာယလုပ်သားတွေ သံတွေ ပေါ်နင်းမိတော့။ Cover Block ကအောက်မှာ ကြေသွားပါတယ်။ Form Work ခွာတော့ သူ က ကျွတ်ထွက်လာပြီး အဲဒီ အပေါက်က သံ ပေါ် လာပါတယ်။ သူ့ကို ရိုးရိုး ဘိလပ်မြေနဲ့ ပြင်လို့ဖာလို့မရတော့ပါဘူး။

🔹Non Shrink Grout , နဲ့ Bonding Agent ပါ တွဲပြီးမှ ပြင်လို့ဖာလို့ရတယ်။ ဒါတောင်လုပ် တဲ့သူကသေချာမှ Okay တာ ပါ။

🔹Cover Block ထည့် ရတဲ့ အဓိကရည်ရွယ် ချက်က သံတွေကို လိုအပ်တဲ့ Cover ရချင် တာနဲ့ Position အမှန် ရစေချင်တာပါ။

♦️Cover နည်းရင် ဘာဖြစ်မှာလဲ?♦️

🔹Cover နည်းရင် စိုစွတ်တဲ့ရာသီမှာ ပြင်ပစိုထိုင်းမှုကနေ ရေတွေသံဆီရောက်မယ်။ ပြီး ရင်ရေထဲမှာပါလာတဲ့ အောက်ဆီဂျင်နဲ့ သံ တွေ့ပြီး သံချေးတက်မယ်။ သံကသူ နေ
စရာမရှိရင် Concrete ကိုကန်မယ်။ Concrete ကွဲမယ်။ ပြီးရင်ပြိုကျမယ်။

🔹အပြင်မှာ မီး လောင်ရင် သံတွေက မီး
ပြင်းလာရင် အထဲ မှာပုံပျက်လာမယ်။
ပြီးရင် Structure ကျလာမယ်။ နောက်ပြိုကျ မယ်။ လိုတာထက် ပိုထူရင် သံတွေ လိုအပ်တဲ့ Position တွေ၊ Effect တွေ၊ အား တွေ မရဘူး။ အဲဒီအခါ Structure ကျလာမယ်။ Strength ကျလာမယ်။

🔹Cover Block ကို ၃ ပေထက် ပိုစိတ်ပြီးလည်း မသုံးသင့်ပါဘူး။ Space စိတ်လာရင် Concrete Strength ကျလာပါတယ်။ ဒါကြောင့် Cover Block ဆိုပြီး လွယ်လွယ်လေး မလုပ်လိုက်ကျပါနဲ့။ Construction မှာ သူ့နေ ရာနဲ့သူ အားလုံး အရေးကြီးပါတယ်။

Photos from Yadanar Knowledge Sharing's post 29/10/2021

12လက်မ = 1 ပေ
3ပေ = 1 ကိုက်
22 ကိုက် = 1 သံကြိုး
10 သံကြိုး = 1 ဖာလုံ
8ဖာလုံ =1 မိုင်
16 အောင်စ = 1 ပေါင်
14 ပေါင် = 1 စတုန်
2 စတုန် = 1ကွာတ
4 ကွာတ = 1 ဟန်ဒရိတ်
20 ဟန်ဒရိတ်= 1 တန်
2 ရွေးကလေး = 1 ရွေးကြီး
4 ရွေးကြီး = 1 ပဲ
2 ပဲ = 1 မူး
2 မူး = 1 မတ်
2 မတ် = 1 ငါးမူး
2 ငါးမူး = 1 ကျပ်
16 ပဲ = 1 ကျပ်သား
၃၆ ပရမာဏုမြူ = ၁ အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း
၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၄ နှမ်းလုံး = ၁ ဆန်လုံး
၄ ဆန်လုံး = ၁ ချင်းရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၀ ပို = ၁ ပိသာ
၃ လက်ဘက်ရည်ဇွန်း = ၁ စားပွဲဇွန်း
၂ စားပွဲဇွန်း = ၁ အရည်အောင်စ
၂လမြူ = ၁ လမြက်
၂လမြတ် = ၁ လမယ်
၂လမယ် = ၁စလယ်
၂စလယ် = ၁ခွက်(၄ဘူး)
၂ခွက် = ၁ပြည်(၈ဘူး)
၄ပြည် = ၁စိတ်
၂စိတ် = ၁ခွဲ
၂ခွဲ = ၁တင်း
၁တင်းခွဲ = ၁အိပ်
စပါး ၂၅တင်း = လှည်းတစ်စီးတိုက်
ဆန်တစ်အိပ် = ၁၀၈ ပေါင်
မြန်မာအတိုင်းအတာအခေါ်များ -
၁၀ ဆံချည် = ၁ နှမ်း
၆ နှမ်း = ၁ မုယော
၄ မုယော = ၁ လက်သစ်
၈ လက်သစ် = ၁ မိုက်
၃ မိုက် = ၁ တောင်
၄ တောင် = ၁ လံ
၇ တောင် = ၁ တာ
၂၀ တာ = ၁ ဥသာဘ
၂၀ ဥသာဘ = ၁ ကောသ
၄ ကောသ = ၁ ဂါဝုဒ်
၄ ဂါဝုဒ် = ၁ ယူဇနာ
၁ ယူဇနာ = ၁၂ မိုင် ၆ ဖာလုံ ၄ သံကြိုး
၁ တောင် =၁ ပေခွဲ
၁ လံ = ၆ ပေ
၁ မိုက် = ၆ လက်မ
၁ ထွာ = ၉ လက်မ
°F = 1.8 °C+32 (°F to °C)
K =°C +273 (K to °C )

1 Bit = Binary Digit
8 Bits = 1 Byte
1024(B) Bytes = 1 Kilobyte (KB)
1024(KB) Kilobytes = 1(MB) Megabyte
1024(MB) Megabytes = 1(GB) Gigabyte
1024(GB) Gigabytes = 1(TB) Terabyte

1 Bit = Binary Digit
8 Bits = 1 Byte
1000 (B)Bytes = 1(KB) Kilobyte
1000(KB) Kilobytes = 1 (MB)Megabyte
1000(MB) Megabytes = 1(GB) Gigabyte
1000 (GB)Gigabytes = 1(TB) Terabyte
1000 millisecond = 1 second
1000000 microsecond = 1second
1000000000 nanosecond = 1second
1 kilohertz = 1000 hertz
1megahertz = 1000 kilohertz
1 gigahertz = 1000 megahertz
A1 594 x 841 mm 23.4 x 33.1 in
A2 420 x 594 mm 16.5 x 23.4 in
A3 297 x 420 mm 11.7 x 16.5 in
A4 210 x 297 mm 8.3 x 11.7 in
A5 148 x 210 mm 5.8 x 8.3 in
A6 105 x 148 mm 4.1 x 5.8 in
A7 74 x 105 mm 2.9 x 4.1 in
A8 52 x 74 mm 2.0 x 2.9 in
A9 37 x 52 mm 1.5 x 2.0 in
A10 26 x 37 mm 1.0 x 1.5 in
Letter 216 x 279 mm 8.5 x 11.0 in 1:1.2941
Legal 216 x 356 mm 8.5 x 14.0 in 1:1.6471

1 centimetre (cm)= 10 millimetres(mm)
1 metre(m) = 100 centimetres(cm)
1kilometre(km)= 1000 metres(m)
1Inch = 2.54 centimeter
1 m = 3.28 ft
1mile = 1.6090 Km
1 gram (g) = 1,000 milligrams(mg)
1 kilogram (kg) = 1,000 grams (g)
1 Liter (L) = 1000 grams(g)
1 Liter (L) = 1000 milliliter(ml)
1 Liter (L)=1.057 quarts(qt)
1 milliliter(ml) = 1 cubic centimeter (cc)
1 gram(g) = 1 cubic centimeter (cc)
1 pound (lb)= 453.59 grams(g)
2.21 pounds = 1 kilograms
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင်
1Gallon = 2 Viss ( ပိသာ )
1 gallon = 4 quarts
သစ် ၁ တန် = ၅၀ ကုဗပေ
၁ ဟန်ဒရိတ် = ၁၁၂ ပေါင်
၂၀ ဟန်ဒရိတ်( CWT ) = ၁ တန်
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧက = 0.404686 Hectares
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင် ( ၁ ဟန်ဒရိတ် ၊ 1 CWT)
1 Gross= 12 Dozen
Liquid 1 m3 = 218.67 Gallons
1Drum = 50 Gallons
1ft3 = 6.24 Gallons
1 Gallons = 2 viss ( ပိသာ )
1 CWT = 31.11 viss
1 lb = 0.278 viss
Water 1 Gallon = 8.34 lbs
Glue 1 Gallon = 10 .70 lbs
1 Inch = 2.54 centimeter
1cm = 0. 3937 inch
1 ft = 0.3048 meter
1m = 3.28 ft
1m2 = 10.80 ft2
1 yard ( ကိုက် ) =0.9144 m
1m = 1.0940 yards
1 mile = 1. 6090 km
1 km = 0. 6214 mile
1 Gallon =4. 54 liters
1 liter = 0.22 Gallon
1 ounces = 28.53 grams
1 grams = 0.0352 ounce
1 kg = 2.2 lb
1lb = 0.4536 kg
၁ ကျပ်သား = ၁၆ . ၃၂၉၃ ဂရမ်

၁ကျင်း=၁၀၀ ကုဗပေ
အလျား×အနံ×အမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။

1ton = 50 cft
အသား ၅၀ ကုဗပေက်ို တစ်တန်ဟုတွက်သည်။
လက်သမားတွက် သစ်တစ်တန်
ထု ၂၀ လက်မ× ဗြက် ၂၀ လက်မ× အရှည် ၁၈ ပေ
( သို့ )
၄၀၀ လက်မ× အရှည် ၁၈ ပေ
ကိုတစ်တန်ဟုတွက်သည်
( ကျသင့်ငွေ = ထု×ဗြက်×အရှည်×1တန်တန်ဖိုး×အချောင်းရေ÷ 7200)
ဥပမာ 1တန် 720000 ဖြင့် 4"2" အရှည် 9 ပေအချောင်း 50 တန်ဖိုးရှာရန်
ကျသင့်ငွေ= 4×2×9×720000×50÷7200ကျပ်
=360000ကျပ်
၁ဧက = ၄၃၅၆၀ စတုရန်းပေ
၁ဧကရှိသော စတုရန်းပုံအနားတစ်ဖက်=
၂၀၈.၇၁ပေ ( ၂၀၉ )
၁ဧကရှိသော စတုရန်းပုံ ပတ်လည်အနား = ၈၃၄.၈၄
ပေ ( ၈၄၆ )
မြေဧကဖွဲ့နည်း တွက်နည်းနှင့် စိုက်ပျိူးပင် တွက်နည်း
======================
တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း = လျား ၂၀၈.၇၁ ပေ× နံ ၂၀၈.၇၁ ပေ
နှစ်နားညီ စတုဂံ = လျား×နံ÷ 43560
နှစ်နားညီတြာဗီဇီယံ= ပြိူင်နား နှစ်ခုပေါင်း ÷ ၂ ×နံ÷
43560
တြိဂံ = ၀.၅×အခြေ×အမြင့်÷ 43560
တြိဂံ =1/2 အခြေ×အမြင့် ÷ 43560
ထောင့်မှန်တြိဂံ - အခြေ×အမြင့် = ရလာဒ်÷၂÷43560
စက်ဝိုင်း - အချင်းဝက်×အချင်းဝက်×3.1416÷43560
စက်ဝိုင်း - အချင်း× အချင်း×.၇၈၅၄
၀.၇၈၅၄ သည်ပိုင်ကိန်း ၃.၁၄၁၆ကို ( အနားလေးဖက် ) ၄ နှင့်စားပြီး စတုရန်းကွက်ဖေါ်သည်။
အနား၅မျက်နှာ ၆မျက်နှာနှင့်အနားများစွာ =စတုဂံ
စတုရန်း
တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
#ခြံမြေကွက်အကျယ်အ၀န်းအရ_စိုက်ပင်_တွက်နည်း
( ဒေါက်တာချစ် စိုက်ပျိူးရေး စာအုပ်မှ......)
(A)လျား×နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
(B) ခြံကွက်၏ လျား× နံ မြောက်ကိန်း ÷ ပင်ခြား ကွာဝေး မြှောက်ကိန်း
မြေကွက် လျား ၃၀၀× နံ၂၀၀ = ၆၀၀၀၀ စတူရန်းပေ
သစ်ပင် ၁၂ပေခြားစိုက်လျှင် ၁၂× ၁၂= ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ × . ၁၅ = ၆၂
၄၁၆ +၆၂ = ၄၇၈ ပင်
( C ) ဧကပြည့်( ၁ ) ဧကတွက်လျှင်
စိုက်ပင်အကွာအဝေးနှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်အကွာအဝေး ၁၉ ×၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ × . ၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

# crd

Photos from Yadanar Knowledge Sharing's post 20/10/2021

အိမ်တစ်အိမ်မှာသစ်ပင်​တွေရဲ့အလှ​ပေါ်လွင်​အောင်ဒီဇိုင်းဖန်တီးခြင်း

Website