Free Burma Seafarers

Free Burma Seafarers

Civil Disobedience Movement is a nonviolence way to terminate Military Dictatorship.

Photos from Free Burma Seafarers's post 06/03/2024

မကောင်းတဲ့
Mechanism တစ်ခုကို အစားထိုးဖို့ဆိုတာ
ပေးဆပ်မှုရှိတယ်။

Freedom is not free

Photos from Khit Thit Media's post 01/03/2024
20/02/2024

DMAOS (SD) - Self Verification Dept of Marine Administration Online Service (DMAOS) is a simple online gateway where any seafarer, any organization, any company or institution can access information in terms of departure and visa processing, medical fitness verification, seafarer license verfication and certificate validation. By...

Photos from EnH Bangkok Diary's post 20/02/2024
01/02/2024
Photos from Mizzima - News in Burmese's post 21/12/2023
Timeline photos 01/11/2023

ရေကြောင်း တက္ကသိုလ် ညီနောင် ရဲဘော်များ ဆီသို့ သတင်းပုလင်း

အမေရိကန်က ဒဏ်ခတ်အရေးယူလိုက်သည့် စစ်ကောင်စီခန့် ဝန်ကြီး ချာလီသန်း။

Sanctions Against the Myanma Oil and Gas Enterprise and Concerted Pressure with Partners - United States Department of State 31/10/2023

အမေရိကန် အစိုးရရဲ့ မူရင်း ထုတ်ပြန်ချက် -

Sanctions Against the Myanma Oil and Gas Enterprise and Concerted Pressure with Partners - United States Department of State Today, the United States is imposing targeted sanctions on the Myanma Oil and Gas Enterprise (MOGE). As Burma’s most lucrative state-owned enterprise, MOGE provides hundreds of millions of dollars in foreign revenues every year to the military regime’s coffers, which the regime uses to purchas....

Photos from Free Burma Seafarers's post 18/10/2023
CDM ကျောင်းသားများအတွက် အာမခံချက်နှင့်ပတ်သက်သည့် စစ်တမ်း 18/04/2023

CDM ကျောင်းသားများအတွက် အာမခံချက်နှင့်ပတ်သက်သည့် စစ်တမ်း ယခု သုသေတနမေးခွန်းလွှာသည် ‌‌‌"နွေဦးတော်လှန်ရေးကာလ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ်ညီလာခံ" တွင် တင်သွင်းမည့် ...

27/03/2023

မတ်လ ၂၇ ရက်နေ့သည်
တပ်မတော်နေ့ မဟုတ်၊
ဖက်ဆစ်တိုက်ဖျက်ရေး
ဖက်ဆစ်ဂျပန် တော်လှန်ရေးနေ့
ဖက်ဆစ် တော်လှန်ရေးနေ့သာ ဖြစ်သည်။

20/03/2023

🙈

Photos from Overseas Mobile Top-Up's post 15/03/2023
13/03/2023

ရေကြောင်းတက္ကသိုလ်အာဇာနည်ကျောင်းသား
မောင်ထက်မြတ်အောင်
(၂ )နှစ်ပြည့် မြောက်ခြင်း
၁၃.၃.၂၀၂၃

03/02/2023

နိုင်ငံကူး လက်မှတ်များ ဇန်နဝါရီလကုန်တွင် ပြန်ထုတ်ပေးမည်ဟု စစ်တပ် ပြန် ကြားရေး ဇော်မင်းထွန်း ပြောခဲ့သော်လည်း လက်တွေ့မှာ ရုံးဆက်ပိတ်ထား

▪️ မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ပတ်စ်ပို့ ထုတ်ပေးမှု ရပ်နား

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုကို ယမန်နှစ် ဒီဇင်ဘာလမှ စတင်ရပ်ဆိုင်းခဲ့ပြီး ဇန်နဝါရီလကုန်တွင် ပြန်လည် ထုတ် ပေး မည်ဟု စစ်တပ် ပြန်ကြားရေး ဇော်မင်းထွန်းက သတင်းမီဒီယာများသို့ ထုတ် ဖော်ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ နိုင်ငံကူးလက်မှတ်များ ပိတ်ထား ဆဲဖြစ်ကြောင်း ရန်ကုန်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

"ကျနော်တို့က ရုံးဖွင့်၊ မဖွင့် နေ့တိုင်းသွားကြည့်တယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ပြန်စမယ်လို့ ပြောလို့ သွားကြည့်တယ်။ အခုလည်း ဖေဖော်ဝါရီ ၆ ရက်နေ့ ဖွင့်နိုင်တယ်ဆိုပြီး ပြောကြပြန်တယ်။ ပတ်စ်ပို့ရုံးကို နေ့တိုင်းသွားနေတာ အဲဒီနားက စျေးသည်တွေ၊ လုံခြုံရေးစောင့်တဲ့ သူတွေနဲ့တောင် ခင်နေပြီ။ ဘာမှလည်း သေချာ မကြေညာဘူး။ ဒီမနက်လည်း သွားခဲ့တယ်။ ပိတ်ထားတုန်းပဲ။ ကိုယ်လိုပဲ လာကြည့်တဲ့သူတွေလည်းများတယ်" ဟု ရန်ကုန်လူငယ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှုများကို ဒီဇင်ဘာ ၅ ရက် ရပ်ဆိုင်းခဲ့ပြီးနောက် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုများ စတင်ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ ဗုဒ္ဓဂါယာ ဘုရားဖူးပို့ဆောင်ရေး ခရီးသွား အေဂျင်စီတချို့၊ ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ကို နားလည်မှုဖြင့် နိုင်ငံကူးလက်မှတ် လုပ်ပေးမှု များ ရှိသော်လည်း အရေအတွက် အလွန်နည်းပါးကြောင်း၊ ငွေကြေးတောင်းခံမှုများမှာလည်း နိုင်ငံကူးလက်မှတ် တစ်ခုအတွက် ငွေကျပ် ၁၂ သိန်းမှ ၂၀ နီးပါး အထိ တောင်းယူမှုများရှိနေကြောင်း၊ အလိမ်အညာများစွာလည်းရှိနေကြောင်း သိရှိသည်။

"တချို့ ဗုဒ္ဓဂါယာဘုရားဖူးကုမ္ပဏီတွေက PV အလည်အပတ် ပတ်စ်ပို့အတွက် အာမခံနဲ့ လုပ်ပေးမယ်တစ်ဦးကို ၁၂ သိန်း တောင်းတယ်လို့ ပြောတယ်။ လုပ်တဲ့လူလည်း လုပ်ကြတယ်။ ရတဲ့လူလည်း ရတယ်။ ဒါပေမယ့် အလိမ်ခံရတဲ့ ပြည်သူတွေလည်း အရမ်းများတယ်။ ဂျင်းထည့်ပြီး လိမ်ကြတာ။ ပြည်ပ အလုပ် အကိုင် အကိုင်အေဂျင်စီတွေကလည်း PJ နိုင်ငံကူးလက်မှတ်လုပ်ပေးလို့ရတယ် ပြောတယ်။ အဲဒါတွေက အရေအတွက် အင်မတန်ကို နည်းပါတယ်။ ပြည်သူ အားလုံးက နိုင်ငံကူးလက်မှတ် လုပ်မရပါဘူး။ ဆေးကုမယ့်သူ၊ ပညာသင်မယ့် ကျောင်းသားကျောင်းသူ၊ စီးပွားရေး အလုပ်ကိစ္စ သွားချင်တဲ့သူ အားလုံး ဒုက္ခရောက်ရတယ်။ ပြည်တွင်းမှာ လုပ်ကိုင်စားသောက်ရတာ ငွေရှာရတာအရမ်းခက်တယ်။ ပြည်ပလည်း ထွက်မရတဲ့ အခြေအနေမျိုးပါ" ဟု ရန်ကုန်မြို့မှ ပြည်ပ ခရီးသွား Tour ကုမ္ပဏီလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်း၊ အသစ်ထုတ်ခြင်း၊ PJ မှ PV ပြောင်းလဲခြင်း အပါအဝင် နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်သော လုပ်ငန်းစဉ်အားလုံးကို ယနေ့ အချိန် အထိ ရပ်ဆိုင်းထားဆဲဖြစ်ကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ထံသို့ ပြောသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရပ်ဆိုင်းခြင်းသည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက် ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မင်းအောင်လှိုင်က ပြည်ပ နိုင်ငံများသို့ လူငယ် များ ထွက်ခွာနေမှု များပြားနေ၍ တင်းကျပ် ကြပ်မတ်ရန် ယမန်နှစ် ဩဂုတ်လ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာ နေမှု ကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ် စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ် ဆောင် ရွက် ရန်နှင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။

အလားတူ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကလည်း ဖေဖော် ဝါရီလ ၆ ရက်နေ့မှစတင်၍ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို စတင် ရပ် ဆိုင်းမည်ဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် Passport Printer စက် ပြုပြင်ထိန်းသိမ်းမည်ဖြစ်၍ ရပ်နားခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့ရာတွင် မလေးရှားရောက် မြန်မာများကမူ စစ်ကောင်စီအနေဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသားများကို အခက်အခဲဖြစ်စေရန်၊ နွေဦးတော်လှန်ရေးတွင် မပါဝင်စေရန်၊ NUG နှင့် PDF ကို ထောက်ပို့ လှူဒါန်းမှုများ မလုပ်နိုင်ရေးအတွက် နိုင်ငံကူးလက်မှတ်ဖြင့် အကျပ်ကိုင် ခြိမ်း ခြောက် လာခြင်းဟုဆိုသည်။

"ပြည်ပရောက် မြန်မာတွေကို နိုင်ငံကူးလက်မှတ်နဲ့ ထိန်းချုပ်ချင်လို့ ဒီလို ပတ်စ်ပို့ ထုတ်ပေးတာတွေကို ထိန်းချုပ်တာပါ။ ကျနော်တို့ကတော့ စစ်အာဏာရှင် တော်လှန်ရေးအတွက် အမြဲတမ်းလှူသွားမယ်" ဟု ကွာလာလမ်ပူ ၊ တရုတ် တန်း တွင် အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်း ပိတ်ထားသည့် ရန်ကင်းမြို့နယ် ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး။

Photos from National Unity Government of Myanmar's post 02/02/2023
Photos from Myanmar Labour Alliance's post 22/12/2022
21/12/2022
Timeline photos 20/12/2022

An explosion occurred at 7 pm local time (1230 GMT), while a passenger ferry was crossing the Yangon river. The blast happened in the economic capital of Burma, Rangoon.

At least 11 people are injured, also images taken by local media shows blood and scattered debris across the wooden floor.

For more maritime news visit our website - Link in comment

Photos from Free Burma Seafarers's post 16/12/2022

နက်နဲတဲ့ NDAA

NDAA ဆိုတာ ဘာကြီးတုန်း ?
အရှည်ကောက် က
အမေရိကန် နိုင်ငံ
Bill of National Defense Authorization Act

ဘယ်လောက်နက်နဲသလဲ ?

Myanma Oil and Gas Enterprise
Sanction လဲပါလာပြီ။

နောက် ပြီး ဘယ်သူမှ ခြံစည်းရိုးခွထိုင်လို့မရတော့ဘူး။
အကုန်ပါတယ်နော် !
ခွထိုင်တဲ့ EAO ကအစ
American Citizen အမေရိကန် နိုင်ငံသားတောင်
ချန်မထားဘူး။

အမေရိကန် အစိုးရ ပြောင်းရင်တောင် ရှိနေအုံးမဲ့
ဥပဒေ။ အမေရိကန်သမ္မတ ကြိုက်တဲ့ အချိန်
စစ်ကြေငြာလို့
ရတဲ့ အဆင့်ထိ ကို မြေပြင်မှာကြိုပြင်ဆင် ထားတယ်တောင် မြင်မိတယ်။

Non lethal Assistance
နည်းပညာထောက်ပံ့မှုက ပါသေးတယ်။

ကိုယ့် ကိစ္စ သူများအားပေးကူညီလို့ ပွဲသိမ်းတာ
နဲနဲကြားကောင်းသေးတယ်။
ကိုယ်တိုင် လဲ အားစိုက် ညှစ်ကြပါအုံး။

သူများ ကပါ လာညှစ်ပေးနေရရင်တော့
ကြားမကောင်း မြင်မကောင်းတော့ဘူး။
✊တစ်ဦးတစ်ယောက် စီတိုင်း ဝင်ရုန်းပေးကြအုံး။
ညီညွတ်ကြပါ။
ပွဲကသိမ်းတော့မှာ။
💪💪💪

19/11/2022

နာမည်ကြီးတဲ့သူတွေကိုထောင်မှာ
ကောင်းမွန်စွာထား၊ လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးခဲ့ပြီး
သာမာန်နိုင်ကျဥ်းတွေ ကို ထောင်ထဲမှာအသက်သေသည်အထိ ယုတ်မာတာလဲ လူထုကို သွေးခွဲနည်းတစ်မျိုးဖြစ်တယ်၊
ပန်းတိုင် ကိုသာ ရှေ့ဆက်လျောက်ကြ။

21/10/2022

Breaking News- မြောက်ကိုရီးယား၊ အီရန်တို့ကဲ့သို့ မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနှင့်ရာဇဝတ် မှုဆိုင်ရာ ဘဏ္ဍာရေး အမည်ပျက်နိုင်ငံအဖြစ် FATF က ကြေ ညာ၊ ကျပ်ငွေတန်ဖိုး ထိုးကျဖွယ်ရှိပြီး စီးပွားရေး ကသောင်းကနင်းဖြစ်ဖွယ်ရှိဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၁

ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာကြောင်း FATF ဥက္ကဋ္ဌT. Raja Kuma က ယခုညပိုင်းတွင် တရားဝင် ထုတ် ပြန်ကြေညာသည်။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုုဆိုင်ရာ အရေးယူတိုက်ဖျက်ရန် မလုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ဘဏ္ဍာရေး ဆိုင်ရာ အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တိုးတက်မှု မရှိခြင်းများကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ် ကြေညာခြင်းဖြစ်ကြောင်း FATF ဥက္ကဋ္ဌ T. Raja Kuma က ပြောဆိုသည်။

၁၉၈၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် FATF ခေါ် “ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့” က မြန်မာနိုင်ငံသည် အကြမ်းဖက် ရာဇ၀တ်မှုများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးတွင် ကျေနပ်ဖွယ်မရှိသော ရလဒ်များကြောင့် နာမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်ရာ စစ်ကောင်စီ အပါ အဝင် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု၊ နိုင်ငံတကာ ငွေကြေး ကဏ္ဍများတွင် အရေးယူ တားဆီးခံရမှုများရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

FATF က မြောက်ကိုရီးယား၊ အီရန်တို့နှင့်တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာမှုကြောင့် မြန်မာနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ထွက်ခွာဖွယ်ရှိပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအသစ်များ ဝင်ရောက်ရန်လည်း အခွင့် အလမ်းနည်းပါးနိုင်ကြောင်း နိုင်ငံတကာသတင်းတချို့က သုံးသပ်ထားသည်။

ရန်ကုန်အခြေစိုက် စီးပွားရေးသမားတစ်ဦးကမူ FATF က မြန်မာနိုင်ငံကို အရေး ယူလိုက်ခြင်းသည် လက်ရှိ စစ်ကောင်စီက အသည်းအသန် ဖိအားပေး တည် ငြိမ်ရန် ထိန်းနေသော ကျပ်ငွေတန်ဖိုးကို ထိုးကျစေဖွယ်ရှိကြောင်း၊ မြန်မာပြည်ပပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ အပါအဝင် စီးပွားရေး ကဏ္ဍ ကြီးတစ်ခုကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆွဲချ ရိုက်ခတ်ဖွယ်ရှိကြောင်း ပြောဆိုသည်။

"ဒီဂယက်က မြန်မာကျပ်ငွေ တန်ဖိုးအပေါ် အကြီးအကျယ် ရိုက်ခတ်ပါလိမ့်မယ်။ မြန်မာကို အမည်ပျက်နိုင်ငံကြေညာတာက ကောင်းတဲ့ ရလဒ်တော့ရှိမှာမဟုတ်ဘူး။ ပြည်တွင်းစီးပွားရေး တစ်ခုလုံးနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကိုပါ ရိုက်ခတ်ပါမယ်။ ဒီရက်ပိုင်းအတွင်းကို စီးပွားရေး ကသောင်းကနင်းထပ်ဖြစ်တာမျိုး ကြုံရနိုင်ပါတယ်" ဟု ရန်ကုန်စီးပွားရေးသမားက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးဘဏ်ကို စောင့်ကြပ်နေသော အကြမ်း ဖက်ရဲများ။

Photo- AP ။

15/10/2022

ရန်ကုန်လေဆိပ်ကို သွားရင်လေ ...
ခရီးသွားတဲ့ သူက လွဲ လို့ .. လေဆိပ်အထဲ ဝင်ချင်ရင် လိုက်ပို့တဲ့သူ ပဲ ဖြစ် ဖြစ် လေဆိပ်ထဲက Airline counter တွေကို သွားချင်ရင်ပဲ ဖြစ်ဖြစ် .. ဘာကိစ္စပဲရှိရှိ လေဆိပ်ထဲမှာ အလုပ်လုပ်တဲ့ သူ မဟုတ်ရင် ပိုက်ဆံ (Entry Chrages)ပေးရပါတယ် နော် ..
Baggage Claim ကိစ္စနဲ့ ပတ်သတ်ပြီး ရန်ကုန် လေဆိပ် အထဲက Airline Counter တစ်ခု ကို သွား ရဖို့ အကြောင်းဖန်လာပါတယ် ..
(Airline Name ကိုတော့ Privacy အရ ထည့်မပြောတော့ပါဘူးနော်)
လေဆိပ်အထဲ ဝင်ပေါက် အဝ ရောက်တော့ အဝ မှာ စောင့်နေတဲ့ လုံခြုံရေးတွေ ပြီးရင် အရပ်ဝတ်နဲ့ ဦးလေးကြီးက လေဆိပ်ထဲ ဝင်မည့်ကိစ္စကို မေးပါတယ် ..
ကိုယ်ကလည်း Airline အမည် ပြောပြီး Claim လုပ်ဖို့ လာရောက်တာ ဖြစ်ကြောင်း ပြောပြီး သူ့ရှေ့မှာ ပဲ Airline counter ကို ဖုန်းဆက်ပြီး ရောက်နေပြီ ဖြစ်ကြောင်း ပြောပါတယ် ..
အဲဒီမှာ တင် အဲဒီ ဦးလေးက အထဲ ဝင်ချင်ရင် charges ပေးရတယ် မှတ်ပုံတင် ပါလား
charges က ငါးသောင်း ပြီးရင် မှတ်ပုံတင်နဲ့ စာရွက်စာတမ်း ဖောင် ဖြည့် ရမယ် ဆိုပြီး ကိုယ့်ကို ပြောပါတယ် ..
ကိုယ်လည်း စက္ကန့်ပိုင်းမျှတော့ ကြောင်သွားပြီး မှတ်ပုံတင်ပါတယ် Form ဖြည့်ဆိုလည်း ဖြည့် မယ်
ဒါပေမယ့် ပိုက်ဆံတော့ မပေးနိုင်ကြောင်း.. ခရီးသွားတဲ့ သူကို လိုက်ပို့တာ လည်း မဟုတ်သလို Airline Counter ကိုပဲ သွားပြီး Claim လုပ်တာ .. ပြီးတာနဲ့ ပြန်မှာ ဖြစ်ကြောင်း အလွန်ဆုံး နာရီဝက်လောက်ပဲ ကြာမည် ဖြစ်ကြောင်း ကောင်းမွန်စွာ ပြန်ပြောခဲ့ပါတယ် ..
အဲဒီ မှာ စတာပဲ.. အဲဦးလေးက ညည်းဘာသာ ညည်း လေဆိပ်ထဲ ဘယ်သွားသွား အထဲဝင်ချင်ရင် ဝင်ခွင့် charges ပေးရတယ် ဒါအခု ထုတ်ပြန် ထားတယ် ဆိုပြီး အော်ကျယ် အော်ကျယ် ပြောပါလေရော ..
ကိုယ်ကလည်း ထုတ်ပြန် ထားတယ် ဆိုတာ တရားဝင် လား ဘယ် Government Website မှာ ထုတ်ထားတာလဲ လို့ ပြန်မေးခဲ့ပါတယ် ..
အဲဒါက အခြေနေအချိန်ခါ ကြည့်ထုတ်တာ ..
အခုကတော့ ဒီစည်းကမ်းပဲ ဆိုပြီး ဘုကြည့်ကြည့်ပြီး ကိုယ့်ကို ပြောပါတယ်..
အဲဒီ အချိန် ကိုယ် လည်း.. Airline counter ကို ဖုန်းဆက်ပြီး.. အစ်မရေ .. လေဆိပ် အထဲကို ပေးမဝင်လို့ ကူညီဖြေရှင်းပေးပါအုံး .. အထဲဝင်ခွင့် charges ကို တောင်းနေလို့ ... claim လာလုပ်တာ ဝင်မှ ရမှာပေါ့.. အထဲ ဝင်လို့ မရရင် ဘယ်လို လုပ်ပေး မလဲ လို့ ကိုယ် က မေးလိုက်တော့...
အရမ်းကို ကူညီပေးတဲ့ Airline နော် .. ညီမရေ .. အခုက သူတို့ pass ဖြစ်ပေးမှ အထဲဝင်လို့ ရတာ တဲ့ ..
အစ်မ တို့က ဝင်ခွင့်နဲ့ မဆိုင် ဘူးတဲ့.. 😁😁
ကိုယ်လည်း အစ်မရေ ကျွန်မ က အစ်မ တို့ Airline counter ကို လာရမှာ .. အဲဒါကလည်း claim လုပ်ဖို့လေ... အစ်မ တို့ပဲ ရုံးချုပ် မှာ claim လုပ်လို့ မရပဲ လေဆိပ် မှာပဲ claim လုပ်ရမယ်လို့ ပြောလို့ ကျွန်မ လာတာလေ .. အထဲ ဝင်လို့ ရ အောင် လုပ်ပေးဖို့က အစ်မ တို့ တာဝန်ရှိတယ် လေ .. ကျွန်မ ဝင်လို့ မရရင် အစ်မ တို့ ထွက်လာပြီး လာခေါ်ပေးတာ ဒါမှ မဟုတ် အဝ မှာ ပဲ claim process ကို လုပ်ပေးတာပဲ ဖြစ်ဖြစ် လုပ်ပေးပါ.. ကျွန်မ ကတော့ ဝင်ခွင့် charges ပေးပြီးတော့ အထဲ မလာနိုင်ဘူး.. ကျွန်မ ရုံးချုပ်ကို ထပ် ဖုန်းဆက် ပါ့မယ် ဆိုပြီး ပြောပြီး အဲဒီ ဝင်ပေါက်အရှေ့မှာ နေ,နေရတာပေါ့ကွယ် ..
ကိုယ် ဖုန်းပြောလို့ ပြီးတဲ့ အချိန် အဲဒီ အဝမှာ ရပ်နေတဲ့ နောက် လူကြီး တစ်ယောက်ကတော့ ညီမရေ ငါးသောင်း အဆင်မပြေရင် သုံးသောင်း နဲ့ ညှိပေးမယ်
ဝင်သွား ဆိုပြီး ပြောပါတယ် .. ( ဈေးကစားတာ နော် 🤣🤣)
ကိုယ်က ရတယ် .. ကျွန်မ .. Airline ရုံးချုပ်ကို ဖုန်းဆက်ပြီး အဆင်ပြေအောင် လုပ်ကြည့်အုံးမယ် ဆိုပြီး ပြောလိုက်တယ်..
ရမ်းသမ်းလည်း မပြောရဲ ဘူးလေ.. နီးရာဓားလည်း ကြောက်ရတာကိုး...
အဲဒါနဲ့ အတိုချုပ်ရရင် Airline ရုံးချုပ်ကို ဖုန်းဆက်ပြီး complain တက်ပါတယ် .. လေဆိပ်က ဝင်ခွင့် charges အကြောင်းရယ် ကိုယ့်ဘက်က မပေးနိုင်ကြောင်း ဘယ်လို လုပ်ပေး နိုင်မလဲ ဆိုပြီး မေးပါတယ်.. ဆယ်မိနစ်လောက်နေတော့ Airline counter က တာဝန်ရှိတဲ့ သူတစ်ဦးက ဝင်ပေါက် ကနေ လာခေါ်ပေးပြီး ဝင်ပေါက် မှာ မှတ်ပုံတင်နဲ့ form ဖြည့် ပြီး သကာလ charges မပေးရပဲ လေဆိပ် အထဲကို ရောက်သွားပါတော့တယ် ..
(အမှန်ဆို အစကတည်း က Airline Counter က ဖြေရှင်းပေးရင်ရရဲ့ သားနဲ့ ရုံးချုပ်ကို ဖုန်းဆက်မှ လုပ်ပေးတာဆိုတော့ Airline တွေမှာ က Authority မရှိတာလား ဒါမှ မဟုတ် အကျိုးတူ လား ဆိုတာတော့ မပြောတတ်ပါဘူး )
ဒီလို နဲ့ .. Claim ကိစ္စ ပြီး .. Toilet ခန ဝင်တော့ အထဲမှာ အန်တီ ကြီး တစ်ယောက် နဲ့ ဆုံတော့ မေးကြည့်ရာ .. သူက သူတို့ သား ကို လေဆိပ် လိုက်ပို့တာ .. အဝ မှာ တစ်ယောက်ကို သုံးသောင်း နဲ့ မှတ်ပုံတင် ပေးခဲ့ရတယ် လို့ ပြောပါတယ် ... ( အလုပ်ဖြစ်နေတာနော် 😂😂)
ကိုယ်လည်း လေဆိပ်ထဲ စပ်စုကြည့်တော့ အထဲမှာ ခရီးသွားတဲ့ သူကို လိုက်ပို့တဲ့ မိသားစု တစ်ချို့ ကို တွေ့ရပါတယ် ..
(ကိုယ့် အိမ်သား မိသားစု ခရီးသွားတာ ကို လေဆိပ်အထဲ အထိ လိုက်ပို့ ပေးချင်တာကို ခံစားနားလည် ပေးလို့ရပေမယ့် အခုလိုမျိုး အလကားသက်သက် ပိုက်ဆံနဲ့ ပေးဝင် ရတာမျိုးကိုတော့ ကိုယ့် တစ်ဦးတည်း အမြင်အရ မဝင် စေချင်ဘူး)
ဘယ်နိုင်ငံမှ လည်း လေဆိပ်အထဲ ထိဝင်လို့ chrages ကောက်တယ် လို့ မကြားဖူး.. Immigration အထိ ဝင်တာ လည်း မဟုတ်ပဲ.. လေဆိပ် compound ထဲ ဝင်ရုံနဲ့ ပိုက်ဆံ ပေးရတာမျိုး ကတော့ မဖြစ်သင့်ဘူးလေနော်...
Changi Airport တို့ Incheon Airport တို့ဆို Airport Tour Sightseeing တောင် plan လုပ်ပြီးရောင်းနေတာ .. ဒီမှာကျမှ.. မဖြစ်သင့်တာတွေ ဖြစ်နေတာ..
Tourism ကတော့ တစ်ကယ်ကို bad review ဖြစ်နေပါပြီ နော်...

30/09/2022

မင်းအောင်လှိုင်ညွှန်ကြားချက်အရ သင်္ဘောသားများအားလုံး၏ လစာများ အပြည့်အ၀ မြန်မာနိုင်ငံအတွင်းသို့ ပြန်လွှဲရမည်ဖြစ်ပြီး လစာအပြည့် ပြန်မလွှဲသော သင်္ဘောသားများကို သင်္ဘောလိုက်ခွင့် ကန့်သတ်ရန်ရှိဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၈

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ညွှန်ကြားချက်အရ သင်္ဘောသား လစာများအားလုံး အပြည့်အ၀ မြန်မာ နိုင်ငံအတွင်းသို့ ပြန်လွှဲရမည်ဖြစ်ပြီး လစာအပြည့် ပြန်မလွှဲသော သင်္ဘောသားများကို သင်္ဘောလိုက်ခွင့်များ ကန့် သတ်မည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

"ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာနဲ့ သင်္ဘောသားတွေရဲ့ လစာတွေ ပြည် တွင်းကို အကုန် ပြန်ဝင်လာဖို့ အထက် က သေချာလုပ်ရမယ်ဆိုပြီး ညွှန်ကြားချက်တွေ ထွက်လာပါတယ်။ နစက ဥက္ကဋ္ဌ ကိုယ်တိုင် ညွှန်ကြားတာ။ အခုအဲဒါကို လုပ်နေကြပြီ။ သင်္ဘောသားလစာတွေကိုလည်း ပြည်ပ ဒေါ်လာဝင်ငွေ အရင်းအမြစ်အဖြစ် ပြန်ဝင်လာအောင် လုပ်တာပါ" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

သင်္ဘောသားများအနေဖြင့် လစာ အပြည့်အ၀ ပြန်လည် မလွှဲပါက သင်္ဘောသားလုပ်သက်မှတ်တမ်း CDC ၊ သင်္ဘော သား မြန်မာနိုင်ငံကူး လက်မှတ် (သင်္ဘော သားပတ်စ်ပို့) များကို ထိန်းချုပ်ကန့်သတ်မှုများ လုပ်ဆောင်ရန် ရှိနေကြောင်း၊ သင်္ဘောသားများကို လစာ ပြည်တွင်းသို့ ပြန်လွှဲပါမည်ဆိုသော ခံဝန်ချက်များ လက်မှတ်ရေးထိုးခိုင်းရန် လည်းရှိနေကြောင်း သိရှိရသည်။

"သင်္ဘောသားအလုပ်အကိုင်ကတော့ စစ်ကောင်စီရဲ့ခွင့်ပြုချက် ထိန်းချုပ်မှုအောက် မှာ အပြည့်ရှိတယ်။ ဌာနအနေနဲ့ပြောရင်တော့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သင်္ဘောသားဌာနခွဲ က ထိန်းချုပ်ထားတာ။ CDC တို့နိုင်ငံကူးလက်မှတ်တို့ဆိုတာက သူတို့ ထုတ်မပေးရင် မရဘူး။ နောက်ပြီး အခြား အရာရှိလက်မှတ်တွေ၊ အခြေခံ 4 Tickets လို လက်မှတ် တွေကလည်း ဝန်ကြီးဌာနဘက်က ထုတ်ပေးတာဆိုတော့ ကန့်သတ်ချက်တွေ လုပ်ရင်တော့သင်္ဘောသားတွေက လစာအကုန်ပြန်လွှဲကြရမှာပဲ" ဟု ဝါရင့်သင်္ဘောသားတစ်ဦးက ပြောသည်။

လက်ရှိတွင် သင်္ဘောသားများအားလုံးကို လစာများ ပြည်တွင်းသို့ ပြန်လည် လွှဲခိုင်းနေပြီး မဖြစ်မနေ လွှဲပြောင်းရန် ဖိအားပေးနေကြောင်း သိရှိရသည်။

" စကစလက်ထက်မှာ တချို့သင်္ဘောသားတွေက လစာတွေကို နိုင်ငံခြားဘဏ်အကောင့်ထဲထည့်သိမ်းထားတာမျိုးရှိတယ်။ အဲဒါကို မဖြစ်မနေ ပြန်လွှဲခိုင်းတယ်။ ဒေါ်လာ၁ထောင်၂ထောင်လောက်လွဲမယ်ပြောတာမရဘူး။ လစာအပြည့် ဒေါ်လာ ၉၀၀၀၊ ၁ သောင်း ပြန်လွှဲခိုင်းတယ်။ အခုတော့ မဖြစ်မနေ လွှဲရမယ်ဆိုတာမျိုးလုပ်လာတယ်။ စစ်တပ်က လက်နက်ဝယ်ဖို့ ဒေါ်လာလိုနေတာလားမသိဘူး" ဟု ပြည်ပသင်္ဘောလိုင်းဝန်ဆောင်မှုနှင့်ဆက်နွယ်သူတစ်ဦးက ဆိုသည်။

ပြည်တွင်း ပုဂ္ဂလိက ဘဏ်များကလည်း သင်္ဘောသားလစာများကို တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀၀ ပေးမည်ဖြစ်ကြောင်း ကြော်ငြာမှုများ တရားဝင် လုပ်ဆောင်ပြီး ငွေလွှဲကြရန် တိုက်တွန်းမှုများ လုပ်ဆောင်နေကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပင်လယ်ကူးသင်္ဘောသား ၇ သောင်းဝန်းကျင်ရှိပြီး သင်္ဘောသား ၂ သောင်းနှင့် ၃ သောင်းအကြားမှာ ပြည်ပသင်္ဘောများတွင် အလုပ် လုပ်ကိုင်လျက်ရှိသဖြင့် အနည်းဆုံး လစဉ် ဒေါ်လာ သန်း ၃၀ ထက်မနည်း ပြည်တွင်းသို့ ပြန်လည် ပို့ဆောင်စီးဝင်ကြောင်း ဝါရင့်သင်္ဘောသားများသတင်းရပ်ကွက်က ခန့်မှန်းပြောဆိုသည်။

20/09/2022

ရန်ကုန်လေဆိပ်မှာ လက်မထောင်နိုင်ဖို့အတွက်
သက်တမ်းတိုးလေး။

လက်သုံးချောင်းထောင် စီဒီအမ်သမားတွေ အတွက်တော့
စိတ်မကောင်းပါ။

ရေကြောင်းအင်ဂျင်နီယာဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ်(CoC)နှင့် တတ်ကျွမ်းမှုလက်မှတ်(CoP)များသက်တမ်းတိုးဆောင်ရွက်နိုင်ရေးကိစ္စ

Problem Ports: seafarers' stress and subjugation as a result of corrupt practice (English) 17/09/2022

Credit : Mg Ye
ဆိပ်ကမ်းအာဏာပိုင်များကြောင့် သင်္ဘောသားတို့ ဗျာများနေရခြင်း
လုပ်ငန်းခွင် ဆိပ်ကမ်းဆိုင်ရာအကျင့်ပျက်ခြစားမှု စစ်တမ်းများကို ထုတ်ပြန်သင့်ပါသလား။
Cardiff တွင်ရှိသော အပြည်ပြည်ဆိုင်ရာ သင်္ဘောသား သုတေသန ဗဟို ဌာန (Seafarers International Research) မှ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာတစ်လွှား ဆိပ်ကမ်းများ၌ ဗျာများနေရဆဲ သင်္ဘောသားတို့အကြောင်း ဤ 15 မိနစ်စာ ဗီဒီယိုကို ကြည့်ရှုရန် အကြံပြုအပ်ပါသည်။
https://youtu.be/JI5M2T7E4sY
ယမကာကောင်း‌တောင်းနေသည့် ရေကြောင်းပြများ၊ တာဝန်ရှိသူများက အအေးခန်းမှ ကြက်သားများကို ခိုးယူခြင်း၊ လာဘ်ပေးရန် နှင့် လေနှင့်ရောထားသည့် စက်သုံးဆီကိုလက်ခံရန် ငြင်းဆန်သည့် သင်္ဘောများအား ခရီးစဉ်အတွင်းလိုအပ်သည့် ရိက္ခာ တင်မှုကို တာဆီးခြင်းတွေကို လုပ်ကြပါတယ်။
ဖြစ်စဉ်အားလုံးသည် Tanker အော်ပရေတာ စာဖတ်သူများနှင့် ရင်းနှီးပြီးသားပါ။ သို့သော် သင်္ဘောသားများသည် ၎င်းတို့၏ အတွေ့အကြုံအကြောင်း ဗီဒီယိုတွင် ပြောဆိုကြသည့် ဖြစ်စဉ်များကို မြင်တွေ့ရခြင်းသည် အစီရင်ခံစာပါ စာရင်းဇယားများထက် ပိုမိုများပြားစွာ ရိုက်ခတ်လျက်ရှိပါတယ်။
ကျွန်ုပ်တို့ကြားနေရသည့်အတိုင်း၊ အဆိုးဆုံးရိုက်ခတ်မှုမှာ အေဂျင်စီ သင်္ဘောသား ရှာရခက်ခြင်း ဆုံးရှုံးမှုဖြစ်နိုင်သည်။ မှားမှန်းသိပါလျက် ဖိအားပေးလုပ်ခိုင်းတာကို ဘယ်သူမှမကြိုက်ပါ။
လာဘ်ပေးလာဘ်ယူတောင်းဆိုမှုများကို လိုက်နာရန်မှတပါး ရွေးချယ်ခွင့်မပြုသော အကျင့်ပျက်အရာရှိများနှင့် ကုမ္ပဏီ၏မူဝါဒသည် လာဘ်ပေးလာဘ်ယူမလုပ်ဟု ဆိုသော သင်္ဘောပိုင်ရှင်များကြားတွင် သင်္ဘောသားတို့ အညှစ်ခံနေရတာကို ကျနော်တို့ တွေ့နိုင်ပါတယ်။ ထို့ကြောင့် ၎င်းတို့၏ တစ်ခုတည်းသော နည်းလမ်းမှာ ကိုယ်ပိုင် ငွေမှ ပေးချေရန် ဖြစ်နေသည်။
ဖေါ်ပြနိုင်တဲ့ ပြဿနာတစ်ရပ်သည် စူးအက်တူးမြောင်းဆိပ်ကမ်းများကို သွားရောက်တဲ့ သင်္ဘောသား ၅၉ ရာခိုင်နှုန်း က တန်စိုးလက်ဆောင်ပေးကမ်းခြင်း ရခြင်း အဖြစ်ကို မြင်နိုင်ပါတယ်။
အခြားနေရာများတွင်ပါဝင်သော အရှေ့တောင်အာရှ (၅၅%)၊ တရုတ် (၅၄%)၊ အိန္ဒိယတိုက်ငယ် (၅၁%)၊ အနောက်အာဖရိက (၄၉%) ဖြစ်ပေမယ့် EU ဆိပ်ကမ်းတွေကို လာရောက်တဲ့ သင်္ဘောသားတွေရဲ့ 13% ကသာ ထိုအရာကို မြင်တွေ့ခဲ့ရပါတယ်။
ဖြေဆိုသူအများစု (57%) သည် လက်ဆောင်များတောင်းဆိုခြင်း/လက်ဆောင်များပေးခြင်းဆိုင်ရာ အလေ့အကျင့် တိုးလာနေသည်ဟု ယုံကြည်ခဲ့ကြသည်။ တခါတရံ ဆိပ်ကမ်းအရာရှိများသည် ကပ္ပတိန်များထံမှ ငွေသားတောင်းကြသည်။
ကုမ္ပဏီများစွာသည် ကပ္ပတိန်များအား လက်ဆောင်များဝေငှရန် ခွင့်ပြုလင့်ကစား တစ်ခါတစ်ရံ သူတို့အတွက် သီးခြားတန်ဖိုးတစ်ခုအဖြစ် စာရင်းမသွင်းခိုင်းဘဲ အလွန်ခြားနားသော ပုံစံဖြင့် ရည်ရွယ်ချဉ်းကပ်၍ သင်္ဘောများမှ ငွေထုတ်ယူရန် ကြိုးပမ်းလာသောအခါများလည်း ရှိကြပါသည်။
သင်္ဘောသားများ၏ 69% သည် ဆိပ်ကမ်းအရာရှိများက သင်္ဘောပေါ်တွင် ငွေသားတောင်းဆိုမှု အတွေ့အကြုံရှိကောင်း ဖေါ်ပြခဲ့ကြပါတယ်။
ဒီလိုမျိုး ငွေညှစ်မှု အများဆုံး ဖြစ်ပွားတဲ့ ဒေသတွေကတော့
အနောက်အာဖရိက (၃၂%)၊ အရှေ့တောင်အာရှ (၃၀%)၊ အိန္ဒိယတိုက်ငယ် (၂၈%)၊စူးအက်တူးမြောင်း၊ (၂၂%) နှင့် တရုတ် (၂၂%)။
ဆန့်ကျင်ဘက်အားဖြင့်၊ ငွေသားတောင်းဆိုမှုများနှင့်စပ်လျဉ်း၍ ခြိမ်းခြောက်ငွေညှစ်ခြင်းကို တွေ့ရခဲသည့် EU ဆိပ်ကမ်းများတွင် (၃%) ၊ ၇% မှာ တူရကီတွင်သာ ကြုံတွေ့ခဲ့ရပါသည်ဟု ဖြေဆိုကြပါသည်။
SIRC ၏ ဒါရိုက်တာ Helen Sampson က သုတေသီများ၏ သတိထားရမည့် သီးခြားဆိပ်ကမ်းအမည်ပေးခြင်းများရှိနေခဲ့သည်ကို သူမက ဆိုပြီး အဘယ်ကြောင့် ထိုကဲ့သို့ယုံကြည်ရသည်ဆိုသည်မှာ အခြေအနေကောင်းမွန်စေရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ အဆိုပါဆိပ်ကမ်းများတွင် အလုပ်လုပ်နေသူတိုင်းနှင့် ၎င်းတို့၏စီမံခန့်ခွဲမှုက သားကောင်မရှိသော ရာဇဝတ်မှုများ မဟုတ်ကြောင်း ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်စေရန် တွန်းအားပေးခြင်းသည်သာ အခြေအနေကောင်းမွန်စေရန်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သားကောင်မရှိသော ရာဇ၀တ်မှုများမဟုတ်ကြောင်း ပြောကြားခဲ့သည်။
တိကျတဲ့စွပ်စွဲချက်တွေကို ချမှတ်တာဟာ ရန်လိုတဲ့ တုန့်ပြန်မှုကိုသာ ဖြစ်စေပြီး အပြုသဘောဆောင်မှာမဟုတ်ဘူးလို့ သူမက ပြောပါတယ်။
ဒါပေမယ့် ဒါက ထင်မြင်ယူဆချက်တစ်ခုပါပဲ - ရေကြောင်းလုပ်ငန်းတစ်ခုလုံးအနေနဲ့၊ သင်္ဘောပိုင်ရှင်အဖွဲ့အစည်းတစ်ခုကနေ ဖြစ်ဖြစ် ဒါမှမဟုတ် ရေနံ/ရေနံဓါတုတင်သင်္ဘောအသင်းတွေကနေတစ်ဆင့် အချက်အလက်ပိုထုတ်ခြင်းကို စတင်နိုင်မလား၊ ဒါမှမဟုတ် ဆိပ်ကမ်းတွေ ဒါမှမဟုတ် နိုင်ငံတစ်ခုလုံးကို အကဲဖြတ်လို့ရနိုင်မလား၊ အဲဒါကို ပိုပြီးရည်မှန်းချက်ထားပြီး အမည်ဝှက်မထားဘဲ ထားထားနိုင်မလား၊
ကမ္ဘာ့ဘဏ်၏ နိုင်ငံမူဝါဒနှင့် အဖွဲ့အစည်းဆိုင်ရာ အကဲဖြတ်မှု (CPIA) ၏ လမ်းကြောင်းတစ်လျှောက်၊ နိုင်ငံအဂတိလိုက်စားမှုညွှန်းကိန်း ထည့်သွင်းနိုင်မလား။
ရည်ရွယ်ချက်မှာ စင်းလုံးငှားသမားများက အချက်အလက်များကို အလေးအနက်ထား၍ ၎င်းတို့၏ ဆုံးဖြတ်ချက်ချခြင်း တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုရန် ဖြစ်နိုင်ပါက အဂတိလိုက်စားမှုရှိနေသောဆိပ်ကမ်းများမှတစ်ဆင့် ကုန်ပစ္စည်းများ တင်ပို့ခြင်းကို ရပ်တန့်နိုင်ကောင်း ရပ်တန့်နိုင်မသည်။
ဖိစီးမှုအဆင့်များသည် ဘေးကင်းရေးအတွက် ကြီးမားသောအကျိုးသက်ရောက်မှုရှိနိုင်သည့် ဖိစီးမှုအဆင့်အတန်းကို အသိအမှတ်ပြုသောအားဖြင့် ရေနံကုမ္ပဏီများသည် သင်္ဘောပေါ်ရှိ လူသားဆိုင်ရာအချက်များအပေါ် ပိုမိုစိတ်ဝင်စားလာကြသည်။ ထို့အပြင် စိတ်ဖိစီးမှုအဆင့်အတန်းကို တိုးစေသည့် ကမ်းရိုးတန်းအခြေပြု အဂတိလိုက်စားမှုက သိဖို့လွယ်ပါတယ်။
ရင့်ကျက်ပြီး ရေကြောင်းကျွမ်းကျင်သော သင်္ဘောသားဟောင်းများဖြင့် မကြာခဏ ဝန်ထမ်းခန့်ထားသည့် ရေနံကုမ္ပဏီများ၏ ရေကြောင်းဌာနများသည် ရေနံကို
အကျင့်ပျက်ခြစားမှုများအတွက် နာမည်ကောင်းရှိသော ဆိပ်ကမ်းများ၌ အသုံးပြု၍ ကုန်သွယ်မှုပြုရန် ဖိအားပေးနိုင်သည့် နည်းလမ်းရှိပါသလား။
ဥပမာအားဖြင့် ထိုဆိပ်ကမ်းများကို အသုံးပြုရန် ဆုံးဖြတ်သည့် ကုန်သွယ်သူများနှင့် ၎င်းတို့၏ ဆုံးဖြတ်ချက်များသည် သင်္ဘောသားများကို ပိုမိုစိတ်ဖိစီးမှု ဖြစ်စေပြီး မတော်တဆမှုများကို ဦးတည်စေသည့် ဆီကုမ္ပဏီများ၏ ဆိုးရွားမှုကို ထင်ဟပ်စေမည့် လုပ်ရပ်များအား ဖေါ်ထုတ်ခြင်း
TMSA သည် သင်္ဘောများကို ခွဲခြားဆက်ဆံရာတွင် အထောက်အကူဖြစ်စေသော်လည်း ဆိပ်ကမ်းများကို မဟုတ်စေဘဲ ဤပုံစံဖြင့် အလုပ်လုပ်ပါသည်။
ရေနံကုမ္ပဏီများရှိ ရေကြောင်းကျွမ်းကျင်သူများသည် လက်တွေ့လုပ်ပြသည့် နည်းနာ လိုအပ်နေတာက သင်္ဘောတစ်စင်းသည် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသော်လည်း ပိုမိုပေးဆောင်လျက်ရှိသည့် သင်္ဘောများထက် အနည်းငယ်သာ ပေးဆောင်ကြောင်း အခြားသင်္ဘောများကို ဦးစားပေး စင်းလုံးငှားသင့်ပါသည်။
SIRC အစီရင်ခံစာ အပြည့်အစုံကို တွင် ဒေါင်းလုဒ်လုပ်နိုင်ပါသည်။

Karl Jeffery, editor, Tanker Operator
Karl Jeffery၊ အယ်ဒီတာ၊ Tanker အော်ပရေတာ

Problem Ports: seafarers' stress and subjugation as a result of corrupt practice (English) English

16/09/2022

Thai တွင် bank saving account ဖွင့်နည်း
(Seaman version)

ပထမဆုံး Thai bank account ဖွင့်ဖို့ သိထားရမှာကတော့ ကျွန်တော်တို့လို PS (seaman passport ) ကိုင်ထားတဲ့သူတွေ (သို့မဟုတ်) PV (visit passport) ကိုင်ပီး Thai arrival on visa 14 days နဲ့ဖွင့်မယ့်သူတွေ အားလုံးဟာ Bangkok bank တစ်ခုထဲမှာပဲ ဖွင့်လို့ရပါမယ်၊ တခြား ဘဏ်တွေမှာတော့ visit visa နဲ့သူတွေ ကို ပေးမဖွင့်ပါဘူး၊ ဒါကလဲ ဘန်ကောက်မြန်မာသံရုံးနဲ့ Bangkok bank တစ်ခုပဲ MOU ပုံစံ ရှိထားလို့ပါ၊

Bangkok bank ရဲ့ ဘယ် branch မှာမဆို ဖွင့်လို့ရပေမယ့် Bangkok Head Office တခုထဲမှာပဲ mobile banking, iBanking, Master or Unionpay card တွေကို အဆင်ပြေပြေ တခါထဲ နေ့ချင်းပြီးလုပ်လို့ရမှာပါ။ ဘန်ကောက် မြန်မာသံရုံးထဲမှာ Bangkok bank က counter ခွဲ လာဖွင့်ပေးထားပေမယ့် Account ဖွင့်ရာမှာ အထက်ကပြောသလို စုံစုံလင်လင် မရတတ်လို့ Head Office မှာဖွင့်တာက အကောင်းဆုံးဖြစ်မှာပါ။

ကျွန်တော်ကတော့ seaman passport ကိုင်ထားတဲ့ သူတယောက် ဘယ်လိုလုပ်ရသလဲဆိုတာ ရေးပေးမှာပါ။

ပထမအဆင့်အနေနဲ့ ကိုယ် Bangkok ကိုသွားနိုင်မယ့် ရက် (Bangkok မှာ Bank ပိတ်ရက်မဖြစ်မယ့် weekdays ရက် ၂ ရက် သို့မဟုတ် ကိုယ်နေချင်ရင် နေချင်သလို ၁၄ ရက်မကျော်ဘဲ နေနိုင်ဖို့ schedule အရင်လုပ်ပါ၊ သွားမယ့်ရက် သေချာပီဆိုရင် လေယဉ် လက်မှတ်ဝယ်ရပါမယ်၊ လေယဉ်လက်မှတ်ကတော့ ကျွန်တော့်အနေနဲ့ budget သဘော စျေးသက်သာစေဖို့ Air Asia (or) Nok air လိုမျိုးကို စဉ်းစားရွေးချယ်ပါတယ်၊ သူက Baggage မပါဘဲ Handcarry 7kg allowance နဲ့လက်မှတ် ရွေးဝယ်လို့ရလို့ စားရိတ်သက်သာစေပါလိမ့်မယ်၊ ဒီ budget လေယဉ်လေးတွေဟာ Bangkok မှာလည်း Thuwananhum airport မှာ မစိုက်ဘဲ Don Meoung Airport မှာပဲစိုက်ပါတယ်၊ ဘဏ်အကောင့်ဖွင့်မယ့်သူ ၊ ဘန်ကောက် အလည်သွားမယ့်သူမျိုးအတွက် Don Meoung လေဆိပ်က ပိုကောင်းပါတယ်၊ သူက ဘန်ကောက်ရဲ့ လေဆိပ်ဟောင်းဖြစ်ပီးတော့ ဘန်ကောက်မြို့လည်ခေါင်နဲ့ ပိုနီးတဲ့အတွက် ပိုအဆင်ပြေတာပါ၊

လေယဉ်လက်မှတ် ဝယ်ရာမှာလဲ website များ airline application များကနေ ကိုယ်တိုင်ဝယ်နိုင်သလို Travel agent တွေစီကလဲ ဝယ်လို့ရပါတယ်။ လက်မှတ်ဝယ်လို့ရပီဆို ရလာတဲ့ E-Ticket ကို print ထုတ်ထားရင် ပိုကောင်းပါတယ်။

ဘန်ကောက်မှာ ဘဏ်အကောင့်ဖွင့်ဖို့က ဘန်ကောက်မြန်မာသံရုံးကနေ ထောက်ခံစာယူရပါတယ်။ အဲ့ထောက်ခံစာက ကိုယ်တိုင်သွားစရာ မလိုတဲ့အတွက် ကျွန်တော်ကတော့ Bangkok ရှိ မြန်မာ agent နဲ့စီစဉ်ပီးယူလိုက်ပါတယ်၊ ဒီအထိ ကိုယ်က ဘန်ကောက် ရောက်နေစရာ မလိုသေးပါဘူး၊
သံရုံးထောက်ခံစာအတွက်က အောက်ပါ စာရွက်စာတမ်းများလိုအပ်ပါတယ်…
1. Passport ID page copy
2. NRC ရှေ့နောက် copy
3. မြန်မာပြည်လိပ်စာ
4. ထိုင်းမှာနေတဲ့လိပ်စာ (သိရသလောက် Hotel လိပ်စာဆို Bangkok bank က လက်မခံဘူးလို့ပြောကြပါတယ်) ကျွန်တော့် agent စီစဉ်ပေးလို့ ထိုင်းလိပ်စာက အဆင်ပြေခဲ့ပါတယ်။
5. Passport ဓာတ်ပုံ နောက်ခံအဖြူနဲ့ တပုံ
6. မြန်မာဖုန်းနံပါတ်
7. ထိုင်းဖုန်းနံပါတ် (အဲ့ နံပါတ်နဲ့ပဲ နောက် Bank accountဖွင့်ရင် သုံးနိုင်ပါတယ်)
8. မိမိ အလုပ်အကိုင်/ ရာထူး / ကုမ္ပဏီအမည် စတာတွေ လိုပါမယ်။

လေယဉ်လက်မှတ်ရပီးနောက် ကျွန်တော်ကတော့ ဘန်ကောက်မြန်မာသံရုံးထောက်ခံစာအတွက် agent နဲ့ဆက်သွယ်ပီး အလုပ်အပ်ပါတယ်၊ ပုံမှန်အားဖြင့် agent ဝန်ဆောင်ခက ဘတ်၁၅၀၀ ခန့်ရှိပါတယ်၊ အဲ့ဝန်ဆောင်မှုမှာ သံရုံးထောက်ခံစာ၊ သံရုံးသွင်းငွေ ဘတ် ၁၅၀အပါ၊ ဘဏ်ကိစ္စ အကောင့်ဖွင့် ဘာညာ အကုန်ပါပါတယ်၊ သို့သော် အကောင့်ဖွင့် ဘဏ်သွင်းငွေ နဲ့ Master card/unionpay card ဖိုး မပါပါဘူး။
အလုပ်အပ်ရာမှာ ကြိုအပ်ရပါတယ်၊ မြန်မာသံရုံးမှာ ထောက်ခံစာယူသူများတဲ့အတွက် သံရုံးကိစ္စ ၂ ရက်အချိန်ပေးရတဲ့အတွက်ဖြစ်ပါတယ်၊ ကိုယ်က ဘန်ကောက်ရောက်မှ အပ်မယ်ဆို အဆင်မပြေပါဘူး၊ ဘန်ကောင်က မြန်မာ agent တွေကို အနေနဲ့လဲ ငွေကြိုပေးစရာမလိုတဲ့အတွက် စောစော ကြိုလုပ်သွားပါ။

သံရုံးစာ ရထားပီးရင် ဘဏ် အကောင့်ဖွင့်တာ ၁ နာရီလောက်နဲ့ ပီးပါတယ်။

ကျွန်တော်က သံရုံးစာကိစ္စ အပ်ပီးတော့ Seaman passport နဲ့ visit ထွက်ဖို့ online ကနေ DMA စာတင်ရပါတယ်၊ သူကတော့

https://www.dmamyanmar.org/Account/SeafarerLogin
ကနေ Personnel visit Departure section ကနေ ကိုယ်တိုင်ဖြည့်တင်ပီး Seafarer Departure Recommendation ဆိုတဲ့ စာရပါမယ်။
အဲ့စာ ကို print ထုတ်ထားပါ။

အဲ့ဒါပြီးတော့ ဘန်ကောက်မှာ တည်းရမယ့် ဟိုတယ်ရှာပါတယ်၊ ဘန်ကောက်ကိုလေယဉ်စီးရင် လိုအပ်မယ့် အထောက်ထားတွေထဲ ဟိုတယ် booking လည်းပါလို့ဖြစ်ပါတယ်၊
လေယဉ်စီးဖို့လိုတဲ့ စာရွက်စာတမ်းတွေကတော့
1. E-ticket
2. Passport
3. DMA Departure letter
4. Bangkok hotel booking (Thai လဝက တောင်းကြည့်တတ်ပါတယ်)
5. Covid vaccine certificate with English MOHS version (or) Notary version
6. Show money for Thai Baht 20000 (or) equivalent USD

အားလုံးအထက်ပါအတိုင်းအဆင်သင့်ဖြစ်ပီဆို သွားဖို့ စုံသလောက်ဖြစ်ပါပြီ။

ထိုင်းလေဆိပ်အရောက်ကနေ ဆက်ရေးပါမယ်။
ထိုင်းလေဆိပ်ရောက် Immigration ဖြတ်၊ ပီးရင် ကိုယ်ဘဏ်လုပ်ဖို့ ချိန်းထားတဲ့ အချိန်နဲ့ ကိုက်ရင် ဘဏ်ကို တခါထဲ လေဆိပ်ကနေသွား (Bangkok bank head Office ) က မြန်မာသံရုံးနဲ့သိပ်မဝေးပါဘူး၊ ကျွန်တော်ကတော့ ထိုင်းTaxi ဂျင်းမိဖူးလို့ တွေ့ရာ Taxi မစီးဘဲ လေဆိပ်ရောက်မှ Grab Taxi ကို ဖုန်းနဲ့ခေါ်ပီး စီးပါတယ်။
ကိုယ်ဘဏ်ချိန်းတဲ့အချိန်မဟုတ်သေးရင်တော့ တည်းမယ့် ဟိုတယ်ကို သွားပေါ့။

ဆိုပါတော့ ဘန်ကောက်ရောက် agent နဲ့တွေ့ ၊ သူ့စီကသံရုံးစာနဲ့ ကိုယ့်စီက စာရွက်စာတမ်းတွေ စုပီး ဘဏ်မှာ Account ဖွင့်၊ mobile banking, iBanking, Master card တခါထဲပီးပါတယ်။
အရေးကြီးတာတခုက mobile banking အတွက် မြန်မာမှာ roaming ရမယ့် ထိုင်း SIM card တခုလိုပါတယ်၊ ကျွန်တော်ကတော့ သင်္ဘောမှာ သုံးတဲ့ AIS (sim2fly) ပဲသုံးပီးဖွင့်ခဲ့ပါတယ်၊ သတိထားရမှာက AIS card တွေက bill ပုံမှန် မဖြည့်နေရင် expired date နီးနေတတ်တာပါ၊ အဲ့အတွက် AIS application or bill စစ်ဆေးတဲ့ နည်းတွေနဲ့ ကိုယ့် sim က သက်တမ်းမကုန်မယ့်ဟာဖြစ်ဖို့ အရေးကြီးပါတယ်၊ ဘာလို့လဲဆိူတော့ မြန်မာပြည်လို မဟုတ်ပါဘူး၊ သူတို့ ဘဏ်ဖွင့်ပေးလိုက်မယ့် sim number, phone handset, ဘာဆိုဘာမှ မြန်မာပြည်ရောက်ရင် ပြောင်းလို့မရပါဘူး၊ ပြောင်းမယ်ဆို ထိုင်းကို နောင်တခေါက်ပြန်သွားပီး လုပ်မှရတာမျိုးပါ၊ သွားကတည်းက handset ကောင်းကောင်ရယူသွားဖို့လိုသလို၊ ထိုင်း mobile banking သုံးနေတဲ့ ဖုန်း မပျောက်မပျက်ဖို့ကလဲ အရေးကြီးပါတယ်၊ ထိုင်းမှာနေတဲ့သူအတွက်တော့ မလိုပါဘူး၊
နောက်ဆုံး mobile phone account ပျက်တာဖြစ်ဖြစ်၊ ဖုန်းပျောက်တာဖြစ်ဖြစ်ဖ့စ်ခဲ့ရင်တော့ ထိုင်းမသွားချင်ရင် လုပ်လို့ရတာ တနည်းတော့ ကျွန်တော်တွေ့မိပါတယ်။ တကယ်လို့ ဖြစ်ခဲ့ရင် web site မှာ ဒီ link

https://www(dot)bangkokbank(dot)com › Bu...Bualuang iBanking ကနေ
User ID and password နဲ့ ဝင်လို့ရပါမယ်၊ သို့သော် တွေ့ရှိထားတာပဲရှိပါသေးလို့ ကျွန်တော်မစမ်းကြည့်ရသေးပါခင်ဗျာ၊

အထက်ပါ အကြောင်းအရာတွေဖတ်ပီး ထိုင်း Bank account သွားဖွင့်မယ့်သူတွေ အဆင်ပြေအောင် မှီငြမ်းလို့ရပါတယ်ခင်ဗျာ။

မှတ်ချက်။ ဘတ် အကောင့်၊ USD account၊ ငွေသွင်းငွေထုတ်၊ တခြားသိလိုတာများကိုတော့ ထပ်မရေးတော့ပါဘူးခင်ဗျာ၊ ထပ်သိချင်သူများ Bangkok နဲ့ပတ်သတ်တဲ့ Group တွေများစွာရှိရမှာ သွားရောက်ဖတ်ရှု လေ့လာနိုင်ကြပါတယ်

crd...Ba Hein Htun

10/09/2022

သဘော်သား လစာငွေအားတရားမဝင်ဖြတ်တောက်ခြင်း
Exchange rate မမျှတခြင်း လျော့ရခြင်း
ဖြစ်ပါက သဘော် ဆိုက်ရောက်ရာ နိုင်ငံ မှ
Port State Control အား
မမျှတသောငွေလဲနှုန်း ဘဏ်အထောက်အထား
(Daily exchange rate, bank charges calculation) တို့ဖြင့်တိုင်ကြားနိုင်ပြီး ဆိုက်ရောက်နေသော သင်္ဘောကိုdetention ထိန်းသိမ်းပြီး ဖြေရှင်းခိုင်းပါလိမ့်မည်။

Regulation 2.2 - Wages

5. Any charge for the service under paragraphs 3 and 4 of this Standard shall be reasonable in amount and the rate of currency exchange, unless otherwise provided, shall, in accordance with national laws or regulations, be at the prevailing market rate or official published rate and not unfavourable to the seafarer.

Videos (show all)

Black Money
Merchant Ships passing through Panama Canal
တော်လှန်ရေး ထောက်ပို့သမားလေး ကိုစိုးဝင်းနိုင် (ခ)ခေါခေါ

Website