fold.seven

fold.seven

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from fold.seven, Musician/Band, .

25/12/2020

Merry Christma!!

15/12/2020

ႁူမ်ၸူမ်းႁပ်ႉတွၼ်ႈပီႊမႂ်ႇတႆး 2115

Happy Shan (Tai) New Year 2115

#နတ်တော်လဆန်_၁_ရက်ရှမ်းနှစ်သစ်ကူးရက်နေ့သတ်မှတ်ထားသောသမိုင်း

#နတ်တော်လဆန်း ( ၁ ) ရက်နေ့ သည် ရှမ်းတိုင်းရင်းသားတို့၏ နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိသည့် နေ့ဖြစ်သည်။ ရှမ်းနှစ်သစ်ကူးကို ပီမောင်တိုင်း ဟု ခေါ်သည်။ ရှေးက ဤနှစ်သစ်ကူး အခါသမယ ကျရောက်တိုင်း ပွဲလမ်း သဘင်များ စည်ကား သိုက်မြိုက်စွာ ကျင်းပခြင်း၊ သူရဲကောင်းများအား ဘွဲ့များ ချီးမြှင့်ခြင်း၊ စာပေ ဂီတ အနုပညာရှင်များအား ဆုပေးခြင်း၊ သက်ကြီး ရွယ်အိုများအား ဂါရဝပြုခြင်း အစဉ်အလာများ ရှိခဲ့သည်။

#ရှေးရိုးရာ ထုံးတမ်းအရ နှစ်သစ်ကို ကြိုဆိုရာတွင် #အချက် ( ၄ )ချက် ပါဝင်သည်။

(၁) ကြိုဆိုခြင်း
(၂) နှစ်သစ်ကို ဂါရဝပြုခြင်း
(၃) ရိုးရာ အစားအစာဖြင့် ဧည့်ခံခြင်း၊ ကုသိုလ်ကောင်းမှု ပြုခြင်း
(၄) ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်း ဟူ၍ ဖြစ်သည်။

ထို့အတူ နှစ်သစ်ကူး မီးဆုခံထွက်ခြင်းသည်လည်း အိမ်ရှင်ကို ဂါရဝပြုခြင်း၊ နှစ်သစ်တွင် ဆုမွန်ကောင်းများ လာရောက် တောင်းပေးခြင်း၊ ဆွေမျိုး သားချင်း သဘောဆောင်ခြင်း ဟူသော အနက်ကို ဆောင်သည့် ရှေးရိုးရာ အစဉ်အလာကို ထိန်းသိမ်းခြင်း ဖြစ်သည်။

#သျှမ်းနှစ်သစ်ကူးသမိုင်း

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်းက ရှမ်းလူမျိုးတို့သည် ဂန္ဓလရာဇ်တိုင်းဟု ခေါ်သော ယခု တရုတ်ပြည် ယူနန်နယ်၏ အနောက်ဖက်နှင့် မြောက်ဖက် ရွှေလီမြစ်ဝှမ်းဒေသတွင် အင်အား စုစည်းကာ ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံဖြင့် နေထိုင်ခဲ့ကြသည်။ ထို့နောက် အင်အား တောင့်တင်း ခိုင်မာသော နန်ချို လက်နက် နိုင်ငံတော် (Nan Chao AD 649-1253) ကို တည်ထောင်ခဲ့ကြသည်။

သာသနာ သက္ကရာဇ် ၄၅ဝ (BC 94) တွင် စဝ်ဦးတည်ဖ ဘုရင်မင်းမြတ်သည် ဗုဒ္ဓသာသနာတော်ကို ယုံကြည် ကိုးကွယ်လိုသည် ဖြစ်၌ သားတော် စဝ်ခွန်စိုင်းအား သီဟိုဠ် (ယခု သီရိလင်္ကာနိုင်ငံ) သို့ စေလွတ်ပြီး ပိဋကတ် သုံးပုံကို ပင့်ဆောင် စေခဲ့ပါသည်။ ဗုဒ္ဓ သာသနာတော်ကြီး နန်ချိုပြည်သို့ စတင် ရောက်ရှိလာသည့် ထိုနှစ် ထိုလ (နတ်တော်လ) မှ စ၍ ရှမ်းသက္ကရာဇ်ကို ရေတွက် သတ်မှတ်ခဲ့သည်။ ရှေးအခါက ရှမ်းနက္ခတ္တ ပညာရှင်များသည် နှစ်သစ်ကူးနေ့ကို သတ်မှတ်ရာတွင် နေ-လ-ကြယ်-နက္ခတ်တို့ကို ကြည့်ပြီး အချိန်နာရီ အတိအကျဖြင့် သတ်မှတ်ကြသော်လည်း ယခုအခါတွင် နတ်တော်လဆန်း (၁) ရက်နေ့ကို နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ထားသည်။

27/05/2020

ဂီတကြၽန္

Website