Aung gyi

Aung gyi

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung gyi, Gun Store, .

08/01/2021

ဆေးခြောက်အနွယ်ဝင် စက်မှုလျှော်ပင် (H**p)
ကို 2020 ကစတင်ပြီး တစ်နိုင်ငံလုံးတရားဝင်
စိုက်ပျိုးခွင့်ရမယ်လို့ခန့်မှန်းထားတယ်။

Myanmar H**p Association ဥက္ကဌ
ဦးအောင်စေတိုးနှင့်တွေ့ဆုံမေးမြန်းခြင်း
(ရေးသားသူ - ရွှေထီး )

Weekly Headline News Journal
October 28 2019(Monday),Vol 4,No 145

မေး။ ။လတ်တလောဆောင်ရွက်နေတဲ့အပိုင်းလေး
တွေပြောပြပေးပါ

ဖြေ။ ။လက်ရှိ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး
မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး
ကော်မတီဥက္ကဌ ဦးရန်လင်း ဦးဆောင်ပြုလုပ်
နေတဲ့ စက်မှုလျှော်တရားဝင်ဖြစ်ရေး ဥပဒေပြင်
ဆင်ရေးဆွဲရေးကို အထောက်အကူဖြစ်အောင်
လိုအပ်တဲ့သုတေသအချက်အလက်နဲ့ဥပဒေပိုင်း
ဆိုင်ရာလိုအပ်တဲ့အချက်အလက်တွေကိုကူညီ
လုပ်ကိုင်ပေးနေပါတယ်။နောက်တစ်ခုက ထိုင်း
မှာ သုတေသနပြုစိုက်ခင်းလည်းလုပ်ကိုင်နေပါ
တယ်။

မေး။ ။ထိုင်းမှာလုပ်တာကဘယ်လိုမျိုးလုပ်တာလဲ

ဖြေ။ ။ထိုင်းဘုရင်ရဲ့စိုက်ပျိုးရေးပရောဂျက်တစ်ခု
ပေါ့ အဲဒီမှာ စက်မှုလျှော်သုတေသနဌာနရှိတယ်
အဲဒီကသင်ကြားရေးစင်တာမှာ ကျနော်တို့မြန်မာ
လူငယ်တွေအပါအဝင် လက်တွေ့သင်ကြားမှု
အပိုင်းကိုပြုလုပ်နေပါတယ်။

မေး။ ။အစ်ကိုတို့ကဘယ်လိုအဖွဲ့အစည်းလဲ

ဖြေ။ ။ ကျနော်တို့ကမြန်မာ့စက်မှုလျှော်အသင်းပါ

မေး။ ။ ငါန်းဇွန်မှာဖြစ်သွားတဲ့စက်မှုလျှော်စိုက်
ပျိုးသူအမေရိကန်နိုင်ငံသားနဲ့မြန်မာနှစ်ဦးအဖမ်းခံ
ရတယ်ဆိုတာ ဘာကြောင့်လို့ထင်လဲ

ဖြေ။ ။ အဓိကကတော့ ဥပဒေရဲ့အားနဲချက်ပါ
လုပ်ငန်းရှင်တွေဖက်ကလည်း ဥပဒေအပြောင်း
အလဲမဖြစ်သေးတဲ့ ဒီဖက်ကအခြေအနေကို
ဃဂနဏ မသိပဲ ခိုင်လုံမှုမရှိအလွယ်တကူလုပ်
လိုက်တဲ့ပုံစံအားနဲချက်ရှိတယ် လို့ထင်တယ်
အဲဒါကြောင့်ခုလိုဖြစ်သွားတာပေါ့ ဘာဖြစ်လို့လဲ
ဆိုတော့ ဒီနိုင်ငံရဲ့ မူးယစ်ဆေးဝါးဥပဒေမှာက
ဆေးခြောက်ပင် (Cannabis) လို့ပဲပြဌာန်းထား
ပြီး မျိုးနွယ်တူတွေ ဒီလိုမူးယစ်စေခြင်းမရှိတဲ့
လျှော်ပင်လိုဟာတွေကိုသီးခြားခွဲထုတ်ပြဌာန်း
ထားတာမဟုတ်တော့ ရဲတပ်ဖွဲ့အနေနဲ့လည်း
မမှားဘူးပေါ့ တည်ဆဲဥပဒေအရအရေးယူလိုက်
ရတယ်

မေး။ ။ ဒီအပင် တရားဝင်ဖြစ်ရင်ဘယ်လို
အကျိုးကျေးဇူးတွေရှိလို့ မူးယစ်ဥပဒေကိုပြင်ချင်
တာလဲ

ဖြေ။ ။တရားဝင်ဖြစ်ရင် အရမ်းကောင်းလာမယ်
လို့ပြောရမယ် ယခုလက်ရှိမြန်မာပြည်မှာဆန်စပါး
ပဲမျိုးစုံ ပြောင်း စတဲ့သီးနှံတွေအများဆုံးစိုက်ကြ
ပေမယ့် ဈေးကောင်းမရတာတွေ ဈေးကွက်မခိုင်
တာတွေကြောင့် တောင်သူလယ်သမားတွေအ
ခက်အခဲဖြစ်နေတယ် ဒီစက်မှုလျှော်ပင်ကျတော့
စားသောက်ကုန်တစ်ခုထဲတင်မဟုတ်ဘူး ချည်
မျှင်နဲ့အဝတ်အထည်တွေ စက္ကူတွေ ပလက်စတစ်
အစားထိုးပစ္စည်းတွေ ဇီဝလောင်စာနဲ့ ဆေးဝါး
တွေပါထုတ်ယူနိုင်တာကြောင့် စက်မှုကုန်ကြမ်း
ပင်မျိုးဖြစ်တယ် ယခုလက်ရှိ အမေရိကန် ကနေဒါ
နဲ့ ဥရောပတိုင်းပြည်တွေမှာအရမ်းစိုက်နေတယ်
အိမ်နီးချင်း တရုတ် အိန္ဒိယ ထိုင်းနဲ့လောတို့မှာ
လည်းစိုက်တယ် ။ အမေရိကန်နဲ့ဥရောပတိုင်းပြည်
တွေမှာ တစ်နှစ်ကိုတစ်သီးပဲစိုက်လို့ရတယ်
ကျနော်တို့ဆီမှာတစ်နှစ်ကိုသုံးသီးထိစိုက်လို့ရ
တယ် ဒါကြောင့် အဲဒီဝယ်လိုအားကြီးတဲ့အနောက်
နိုင်ငံကြီးတွေရဲ့ဈေးကွက်လိုအပ်ချက်ကိုဖြည့်
စည်းပေးနိုင်စွမ်းရှိတယ် ကျနော်တို့နိုင်ငံမှာ သိပ်
ကောင်းတဲ့မြေကြီးတွေအများကြီးရှိတယ် စိုက်
ပျိုးရေးနိုင်ငံဖြစ်လို့ တောင်သူတွေအင်အားလည်း
အများကြီးရှိတယ် ဒါကြောင့် ဒီလိုတန်ဖိုးရှိတဲ့
သီးနှံမျိုးသာစိုက်ပျိုးမယ်ဆိုရင်ကောင်းတာပေါ့
နောက်ပြီး ယခုစပါးစိုက်ပဲစိုက်သုံးနေတဲ့ ဓာတု
ဓါတ်မြေသြစာတွေအသုံးပြုလို့ပျက်စီးသွားတဲ့
မြေကြီးကို ဒီအပင်တွေကပြင်ပေးနိုင်တယ် လေထု
ထဲကကာဗွန်ကိုသာမာန်အပင်တွေထက်သူက
4 ဆပိုမိုစုပ်ယူလို့ ကျနော်တို့ရဲ့ညစ်ညမ်းနေတဲ့
သဘာဝပတ်ဝန်းကျင်အတွက်လည်းအထောက်ကူ
ပြုနိုင်တယ်။ စီးပွားရေးအရလည်း ဈေးကွက်
ခိုင်မာပြီးဝယ်လိုအားကြီးတဲ့သီးနှံစိုက်ပျိုးခြင်း
ကြောင့် ပိုပြီးတွက်ချေကိုက်လာလိမ့်မယ်။

မေး။ ။ဒီကိစ္စကိုဆောင်ရွက်တဲ့အခါမှာဘယ်လို
ယုံကြည်ချက်နဲ့လျှောက်လှမ်းခဲ့လည်း

ဖြေ။ ။ ကျွန်တော်တို့ Mahar Legalization
Movement Myanmar ဆိုတဲ့ ပေ့ကိုစတင်
ထူထောင်တဲ့အချိန်ဟာ 2017 ဒီဇင်ဘာလ 18
ရက်နေ့ကဖြစ်ပါတယ် အခုဆိုရင်အချိန် နှစ်နှစ်
ပြည့်တော့မယ်ပေါ့ ပထမတစ်နှစ်တာအတွင်းမှာ
အသိပညာဖြန့်ဝေခြင်းကိုပဲ တစ်စိုက်မတ်မတ်
လုပ်ခဲ့တယ် ဆောင်းပါးတွေ ဘာသာပြန်တွေရေး
တယ် ဖြန့်ဝေတယ် ဒုတိယနှစ်မှာတော့ အစိုးရနဲ့
တွေ့ဆုံတယ် သက်ဆိုင်ရာလူတွေနဲ့ဆွေးနွေးတင်
ပြခဲ့တယ် ယခုဆိုရင် စိုက်ပျိုးရေးကော်မတီက
ဥပဒေပြင်ဖို့လုပ်နေပြီ ဒီဇင်ဘာလနောက်ဆုံး
ထားပြီး တရားဝင်ဖြစ်အောင်ဥပဒေပြင်ဆင်ဖို့
လုပ်နေကြပြီ လာမယ့် ၂၀၂၀ ကစလို့တစ်နိုင်ငံ
လုံးတရားဝင်စိုက်ခွင့်ရပြီလို့ သူတို့ကခန့်မှန်းထား
တယ် တိုးတက်မှုကတော့တော်တော်လေးမြန်
ပါတယ် တရားဝင်ဖြစ်တော့မယ့်ဆဲဆဲပါလို့
ပြောလို့ရနေပါပြီ။

မေး။ ။ တရားဝင်ဖြစ်စေချင်တဲ့အခါမှာ ဥပဒေကို
ဘယ်လိုအချက်တွေပြင်ဆင်စေချင်တာလဲ

ဖြေ။ ။ ဒီအပင်ကိုတရားဝင်ဖြစ်စေဖို့ နံပါတ် ၁
အနေနဲ့ မူးယစ်ဆေးဝါးဥပဒေမှာ Cannabis
လို့ပြဌာန်းထားတဲ့ထဲက H**p ကိုသပ်သပ်ခွဲ
ထုတ်ပေးရမယ် ဒါဟာလည်းရှေ့ကအမေရိကန်
ကနေဒါတို့လုပ်ခဲ့တဲ့နည်းပဲ နံပါတ် ၂ ကတော့
ဒီအပင်စိုက်ပျိုးရေးအတွက် သီးနှံဥပဒေတစ်ခု
ရေးဆွဲပြဌာန်းပေးရမယ် ဒီဥပဒေဟာ လုပ်ငန်း
ရှင်တွေပဲလက်ဝါးကြီးအုပ်တဲ့ပုံစံမျိုးမဖြစ်စေရ
ဘူး အခြေခံ တောင်သူလယ်သမားတွေအထိ
စိုက်ပျိုးရောင်းချခွင့်ရစေပြီး သူတို့တွေရဲ့အကျိုး
ခံစားခွင့်ဖြစ်တဲ့ ဈေးကွက်အာမခံ သီးနှံအာမခံ
တွေရရှိစေမယိ့ ဥပဒေမျိုးဖြစ်ဖို့လိုတယ်။ US
မှာတော့ ဒါကို Industrial H**p Farming
Act လို့ခေါ်တယ် ၂၀၁၈ ကမှသူတို့တွေပြဌာန်း
လိုက်တယ် အဲလိုတွေဖြစ်စေချင်ပါတယ်

မေး။ ။ H**p က မူးယစ်စေတဲ့ပမာဏ 0.3%
ဆိုတော့ သုံးစွဲရင်ဘယ်လိုဖြစ်မလဲ

ဖြေ။ ။ 0.3% အောက်ပဲပါဝင်တဲ့အတွက်
တစ်ရာခိုင်နှုန်းတောင်မရှိလို့ မပြောပလောက်
ဘူးပေါ့ ယစ်မူးစေခြင်းလည်းမဖြစ်စေနိုင်ဘူး
အမေရိကန်မှာဆိုရင် ရာခိုင်နှုန်းပါဝင်မှုကို 0.3%
အောက်လို့သတ်မှတ်ပြီး စိုက်ခွင့်ပြုတယ် ဥရောပ
မှာတော့ 0.2% အောက်ဆိုခွင့်ပြုတယ် အိမ်နီး
ချင်းထိုင်းမှာဆိုရင် 1% အောက်ထိကိုခွင့်ပြုပေး
ထားတယ် ဒီဟာကိုမူးယစ်ဆေးလိုသုံးစွဲလိုမရ
ပါဘူး

မေး။ ။ ဒီဥပဒေပြင်ဆင်ရင် နိုင်ငံတော်အတွက်
ကောဘယ်လိုအကျိုးရှိမလဲ

ဖြေ။ ။ ဒီဥပဒေပြင်ဆင်ရင် ကျနော်တိုနိုင်ငံကိုဝင်ဖို့
တာစူနေကြတဲ့အမေရိကန် ကနေဒါနဲ့သြစတေးလျ
ကကုမ္မဏီကြီးတွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံလာ
မယ် တရုတ်နိုင်ငံကစက်မှုလျှော်လုပ်ငန်းရှင်တွေ
ကလည်းစိတ်ဝင်စားနေကြတယ် ဟိုတစ်လော
ကဆို ရွှေသံလွင်ကုမ္မဏီနဲ့ချိတ်ဆက်ပြီး တရုတ်
ဆေးဝါးကုမ္မဏီကြီးက နေပြည်တော်မှာ ဒေါ်လာ
တစ်ဘီလီယံတန်ဆေးဝါးစက်ရုံဆောက်ဖို့ကိစ္စ
တွေအစိုးရနဲ့ဆွေးနွေးနေတာကြားရပါတယ်
ငါန်းဇွန် မှာလာစိုက်တဲ့ကုမ္မဏီဆိုလည်း အနီး
အနားကတောင်သူတွေကိုစိုက်ပျိုးနည်းတွေ
သင်ကြားပေးတယ် အလုပ်အကိုင်တွေပေးတယ်
စစချင်းတော့ မတတ်သေးပေမယ့် ဒီအပင်စိုက်
တာသိပ်အခက်ကြီးပါဘူး ကျနော်တို့တောင်သူ
တွေဟာ ဒီထက်ခက်ခဲပင်ပန်းတာတွေတောင်
လုပ်နိုင်ကြပါတယ် ဒီလောက်ကတော့သင်ပေး
လိုက်ရင်ခဏလေးနဲ့တတ်တာမျိုးပါ။

မေး။ ။ ဒီဥပဒေပြင်ဆင်ရေးမှာ ဘယ်သူတွေက
တက်ကြွစွာပါဝင်လဲ ဘယ်လိုအခက်အခဲတွေ
ရှိလည်း

ဖြေ။ ။ ဥပဒေပြင်ဆင်ရေးမှာ ပြည်သူ့လွှတ်တော်
စိုက်ပျိုးရေး မွေးမြူရေးနှင့် ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးကော်မတီကဦးဆောင်ပြီး ပြည်ထဲရေး
ဝန်ကြီးဌာနရယ် ရှေ့နေချုပ်ရုံးတို့ကကြိုးစား
ပေးနေကြပါတယ် ပြည်ထဲရေးဝန်ကြီးကလည်း
သဘောတူတယ်ပြောထားတော့ အခက်အခဲ
အများကြီးမရှိပါဘူး မူး/စိတ် ဥပဒေပြင်ရမှာ
ဆိုတော့ အချက်အလက်တွေပြည့်စုံအောင်သူတို့
လုပ်နေတယ် ကျနော်တို့ကလည်း သုတေသန
စာတမ်း ၈ စောင်တင်ပြထားတယ် ဒါတွေက
UNODC နဲ့ WHO ကအသိအမှတ်ပြုထုတ်ပြန်
ထားတဲ့စာတမ်းတွေဖြစ်လို့ ခိုင်လုံတာကြောင့်
သူတို့အမြန်ဆုံးအကောင်အထည်ဖော်နေတာဖြစ်
တယ်

မေး။ ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်ချင်တယ်
ဆိုတာဘယ်အချက်ကိုအခြေခံပြီးပြောတာလဲ

ဖြေ။ ။ ကျနော်တို့နဲ့ နည်းပညာပိုင်း ဗဟုသုတပိုင်း
ဖလှယ်နေတဲ့ နိုင်ငံခြားကကုမ္မဏီကြီးတွေရှိတယ်
အကုန်လုံးကလည်း အမေရိကန် ကနေဒါနဲ့ EU
ကအဖွဲ့တွေချည်းပဲခိုင်မာတယ် ဒီဖက်မှာတရား
မဝင်သေးလို့သာ သူတို့မလာကြသေးတာ သူတို့
ကတရားဝင်ဖြစ်ပြီဆို အစိုးရနဲ့ MOU တွေထိုး
ချင်နေကြပြီ ကျနော်တို့အဆက်အသွယ်အများ
ကြီးရထားပြီးပြီ တရားဝင်ပြီဆိုတာနဲ့အစိုးရနဲ့
ချိတ်ဆက်ဆောင်ရွက်ပေးတော့မှာ

မေး။ ။မူးယစ်ဥပဒေကိုပြင်ဆင်မယ်ဆိုရင်
ဆေးခြောက်နဲ့ပက်သက်လို့ကောဘယ်လိုမြင်လဲ

ဖြေ။ ။ ဆေးခြောက်နဲ့ပက်သက်လို့
ကမ္ဘာလုံးဆိုင်ရာအပြောင်းအလဲတွေဖြစ်
နေတဲ့အချိန်မှာ ကျနော်တို့ဆီမှာလည်းပြောင်းလဲ
သုံးသပ်ပေးဖို့လိုတယ် ဘာဖြစ်လို့လဲဆိုတော့
H**p ကတော့ ယစ်မူးစေခြင်းမရှိလို့ရိုးရှင်း
တယ် တစ်ဖက်က Ma*****na ကတော့
ဥပဒေတွေပြင်းထန်လွန်းတယ်လို့မြင်မိတယ်
ဒါလေးတွေလည်းဖြည်းဖြည်းချင်း သုတေသန
တွေလုပ်ပြီးဖြေလျော့ပေးစေချင်ပါတယ် အခြား
သောပြင်းထန်မူးယစ်ဆေးတွေပေါများနေတဲ့
တိုင်းပြည်မှာ အရက်နဲ့ဆေးလိပ်လောက်တောင်
ဆိုးကျိုးမရှိတဲ့ အရာလေးကိုလိုက်လုပ်နေတာက
လူငယ်တွေကိုလည်းနစ်နာစေပါတယ် အဲဒါကို
လည်း ပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ်တယ်လို့
မြင်ပါတယ်။

Crd Myanmar H**p Association (MHA)

08/01/2021

မြန်မာ့လျှော်ဖြူ ၂၅ တန် ၀ယ်ယူရန် အလွတ်သဘော စာချုပ်ကို ဂျပန်နိုင်ငံ လုပ်ငန်းရှင်းများနှင့် လက် မှတ်ရေးထိုး
==================================================

ဇာလင်းသူ(AMIA)

ရန်ကုန်၊ မတ် ၂၇

မြန်မာ့လျှော်ဖြူ ၂၅ တန် ၀ယ်ယူနိုင်ရန်အတွက် အလွတ်သဘော အနေဖြင့် ဂျပန်နိုင်ငံ Enishi ကုမ္ပဏီမှ ကိုယ် စားလှယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ မြန်မာ့ရွှေဖြူခြံလုပ်ငန်းတို့အကြား လက်မှတ်ရေးထိုး ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က “ မြန်မာ့လျှော်ဖြူစေးကို ပြည်ပကို ကုန်ကြမ်းအတိုင်း ပို့မယ့်အစား တန်ဖိုးမြှင့် ထုတ်ကုန်အနေနဲ့ ငှက်သိုက်ဖျော်ရည်၊ အလှကုန်ပစ္စည်းတွေနဲ့ ဆေးဝါးတွေမှာ ထည့်သွင်းပြီးတော့ တင်ပို့ရောင်းချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ လိုတယ်။ ပြည်ပဈေးကွက် ချိတ်ဆက်နိုင်အောင်လည်း ပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲတွေ လုပ်ပြီးတော့ ပို့ချပေးပါတယ် ” ဟု ပြောသည်။

Enishi ကုမ္ပဏီသည် ဂျပန်၊ ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံများသို့ ဈေးကွက် ဆက်လက်ထိုးဖောက်ဆောင်ရွက် နိုင်စေရန် မြန်မာ့ရွှေဖြူခြံကို နည်းပညာ အကူအညီများ ပေးထားကြောင်း သိရသည်။

မြန်မာ့လျှော်ဖြူကို တရုတ်နိုင်ငံ စန်းကျင်၊ ပေတိုင်း၊ ဟိုင်နန်း၊ ဟိုက်ခို စသည့်မြို့များသို့ တိုက်ရိုက် တင်ပို့ ရောင်းချနိုင်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဆိုသည်။

လျှော်ဖြူထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်မတွင် ဓာတုဆေးဝါးတွေ အလွန်အကျွံ အသုံးပြုမှုအား ရှောင်ရှား ရန်လိုသကဲ့သို့ အရည်အသွေးကိုလည်း ထိန်းထားရန် လိုအပ်နေကြောင်း ကုန်သည်များက ဆိုသည်။
မြန်မာ့ရွှေဖြူခြံ၏ ပိုင်ရှင် ဦးဘသင်းလှိုင်က “ အဓိကတော့ ဈေးကွက်ပေါ့။ အခုဆို ဂျပန်ကလည်း ကူညီပေးလာ တယ်။ ကျွန်တော်ခြံမှာ လျှော်ဖြူကနေ မျက်နှာလိမ်းခရင်၊ ကိုယ်လိမ်းခရင်၊ ဆံပင်တိုနာနဲ့ ငှက်သိုက်ဖျော် ရည်တွေကို တန်ဖိုးမြှင့် ထုတ်လုပ်လာနိုင်ပြီ ဖြစ်ပါတယ် ” ဟု ပြောသည်။

လျှော်ဖြူပင်(ခေါ်) ဆေးကုလားမပင်ကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် စီးပွားဖြစ် ဧကပေါင်း ၁၃,၆၃၃ ဧကအထိ ရှိလာပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ဧကအများဆုံး ဖြစ်သည်။

Photos from Aung gyi's post 10/12/2020

လျှော်ဖြူပျိုးပင်များလဲရနေပြီနော်
ဘော်ဒါတို့

Photos from Aung gyi's post 09/12/2020

လျှော်ဖြူဈေးတွေကောင်းနေပြီတဲ့ဗျာ
ဘယ်လိုအခြေနေရှိလဲပြောကြအုန်းဗျို့

05/12/2020

ok

Photos from Aung gyi's post 05/12/2020

လျှော်ဖြူဈေးလေးပြောကြပါအူးဗျ

28/11/2020

လျှော်ဖြူဈေးကွက်လေးတွေပြောကြပါအုန်း

26/11/2020

လျှော်ဖြူစိုက်တောင်သူများအားထားရာ

Website