Burma Action Institute - BAI

Burma Action Institute - BAI

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burma Action Institute - BAI, Nonprofit Organization, .

Photos from The Irrawaddy - Burmese Edition's post 12/06/2023
Photos from Mandalay Free Press - MFP's post 12/06/2023
12/06/2023
Photos from Bangkok Guide For You's post 18/05/2023
18/05/2023

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီသို့ ၂၀၂၃မေလ16ရက်နေ့၌ M A T H နှင့် BAI တို့မှ စစ်ဘေးဒဏ် သင့်
ပြည်သူများဖို့ စားနပ်ရိက္ခာအတွက် အသုံးပြုရန် ငွေကျပ် ၈၃၀၀၀၀ ကျပ် (ရှစ်သိန်း သုံး သောင်း) တိတိကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်

18/05/2023

Breaking News- သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထား‌သော တောင်ငူထောင်တွင် ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးပုဒ်မဖြင့် အမှုဖွင့်ထားသော အကျဉ်းသား များအပါအဝင် ၁၀ ဦးလွတ်မြောက်

■ လက်နက် ၄ လက် ယူဆောင်နိုင်ခဲ့ပြီး ပစ်ခတ်မှုတွင် စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ မေ ၁၈

သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထား‌သော တောင်ငူထောင်တွင် ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးပုဒ်မဖြင့် အမှုဖွင့်ထားသော အကျဉ်းသား များအပါအဝင် အကျဉ်းသား ၁၀ ဦးလွတ်မြောက်ခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန် တောင်ငူအကျဉ်းထောင်အတွင်း တရားရုံးထုတ်၍ အချုပ်ခန်းချိန်းစဉ် အကျဉ်းသား ၁၀ ဦးက ဒုရဲအုပ် အေးသော် ထံမှ ခြောက်လုံးပြူး ၁ လက်၊ ရဲတပ်သား အောင်သူဝင်းထံမှ G-3 တစ်
၁ လက်ကို ယူဆောင်၍ တောင်ငူအကျဉ်းထောင်အတွင်းမှ ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ထွက်ပြေးသွားသော အကျဉ်းသား ၁၀ ဦးကို လိုက်လံဖမ်းဆီးရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ကြပ်ကြီး မောင်မျိုး သေဆုံးပြီး တပ်သား ၁ ဦး၏ ကာဘိုင် ၁ လက်၊ မောင်းပြန် သေနတ် ၁ လက် ထပ်မံပါသွားကြောင်း သိရှိရသည်။

တောင်ငူထောင်တွင် ဒုအရာခံ ရွှေဗျိုင်းက ဦးဆောင်ပြီး ပျူစောထီးများနှင့် ပြည်သူ့စစ်များက စစ်တပ်နှင့်အတူပူးတွဲ လုံခြုံရေး ယူနေခြင်းဖြစ်ပြီး သမ္မတဦးဝင်းမြင့်ကို ချုပ်နှောင်ထားသော ထောင်တစ်ခုဖြစ်ကြောင်း၊ စစ်တပ် အင်အား မရှိ၍ ပြည်သူ့စစ်နှင့် ပျူစောထီးများ၊ စစ်သားဟောင်းများကို တာဝန်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

"လွတ်မြောက်သူတွေက စစ်တပ်က အကြမ်းဖက်ဥပဒေနဲ့ မတရားဖမ်းဆီးထားသူတွေဖြစ်ပါတယ်။ အခု လွတ် မြောက်သူတွေကို ဓာတ်ပုံတွေ နာမည်တွေနဲ့ ဖြန့်ကျက်ပြီး ရှာဖွေနေတာမို့ အမြန်ဆုံး လွတ်မြောက်အောင် ရှောင်ကြဖို့ တိုက်တွန်းချင်ပါတယ်" ဟု ဖရဲသီး သတင်းရင်းမြစ်က ပြောဆိုသည်။

crd

Website