Women Affair Committee _ Dagon University Students' Union
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Women Affair Committee _ Dagon University Students' Union, Community Organization, .
#အထူးအသိပေးကြေညာခြင်း
စာမေးပွဲကာလတွေဖြစ်တဲ့ မတ်လ ၁၈ရက်နေ့ကနေ ၂၅ရက်နေ့အတွင်း ကျောင်းသူလေးများ ဓမ္မတာကိစ္စနှင့်ပတ်သတ်၍အခက်ခဲတစ်စုံတစ်ရာ ရှိခဲ့လျှင်
***အမျိုးသမီးလစဉ်သုံးပစ္စည်းများနှင့်အတူ အကိုက်ခဲပျောက်ဆေးများ***ကို (မနက်၁၀နာရီမှနေ့လည် ၂နာရီအထိ) သမဂ္ဂရုံးခန်းသို့လာရောက်ထုတ်ယူခြင်း(သို့) ဖုန်းဖြင့်ဆက်သွယ် တောင်းယူခြင်းများပြုလုပ်နိုင်ပါသည်။
*အမျိုးသမီးလစဉ်သုံးပစ္စည်းများကူညီပေးပါသောSofy_Myanmarအားကျေးဇူးအထူးပင်တင်ရှိပါသည်။*
ဆက်သွယ်ရန် ဖုန်းနံပါတ်များ
09421166813
09401046699
🎶 အဖြူကတစ်မျိုး အနီကတစ်မျိုး 🎶
💦 " ဒဂုံရေသဘင် နှစ်ထောင့်နှစ်ဆယ် " ပွဲတော်တွင် ပျိုမေတို့အနေဖြင့် ဓမ္မတာလာချိန်နှင့်ကြုံခဲ့၍ အမျိုးသမီးလစဉ်သုံး Pad များ
အရေးပေါ်လိုအပ်လာသည်ရှိသော် သင်္ကြန်ကျင်းပရာ မုဒ်ဝအနီးနားတွင် ထားရှိထားသော ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမျိုးသမီးရေးရာကော်မတီ မဏ္ဍပ်သို့ လာရောက်ထုတ်ယူနိုင်ပါသည်ရှင် 💦
အရေးပေါ်အခြေအနေဖြစ်ပါက
ဆက်သွယ်ရန် ဖုန်းနံပါတ်
09401046699
by Eva
"ကမ္ဘာ့အမျိုးသမီးများနေ့ " အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင်များနှင့် ဒဂုံတက္ကသိုလ် ကျောင်းသားကျောင်းသူ
များနှင့်အတူ Each For Equal သင်္ကေတပြုလုပ်ကာ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်
ယနေ့ကျရောက်သော "ကမ္ဘာ့အမျိူးသမီးများနေ့" ကိုကြိုဆိုသောဂုဏ်ပြုသော အားဖြင့် မတ်လ ၆ ရက်နေ့တွင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ အမျိူးသမီးရေးရာ ကော်မတီမှ "ကမ္ဘာ့အမျိူးသမီးများနေ့ အကြိုအထိမ်းအမှတ်ပွဲ" ကို Theater 1 တွင် ကျင်းပပြုလုပ်ခဲ့ကြသည်
"ကမ္ဘာ့အမျိုးသမီးများနေ့ ''
နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) သို့အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာဖော်ထုတ်ရန် အခမ်းအနားများ ကျင်းပလေ့ရှိပါတယ်။
ယင်းနေ့ဟာတော့ စီး ပွားရေးအောင်မြင်မှု၊ နိုင်ငံရေး နဲ့ ပတ်၀န်းကျင်အတွင်း အမျိူးသမီးများရင်ဘောင်တန်းနိုင်ပြီး ကမ္ဘာ့ အဆင့်မီနာမည်ရအမျိူးသမီးများရဲ့ အောင်မြင်ခြင်းများကို အသိအမှတ်ပြုသောနေ့ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဆောင်ပုဒ်တစ်ခုသတ်မှတ်ထုတ်ပြန်လျက် အမျိုးသမီးကဏ္ဍကို မြှင့်တင်ရန် အသိပေးလေ့ရှိပါတယ်။
ကမ္ဘာ့အမျိုးသမီးများနေ့ကတော့ ပိတ်ရုံတစ်ခုမှာအလုပ်လုပ်ကိုင်လျက်ရှိကြတဲ့ အမျိုးသမီး တွေ ကစတင်ခဲ့တာပါ ။ ၁၈၅၇ မတ်လ ၈ ရက်နေ့ မှာ လုပ်အားခတိုးပေးဖို့အလုပ်ရှင်အားတောင်းဆိုရာကနေ ရည်မှန်းထားသလိုမဖြစ်လာပဲနဲ့ မသမာ သူတစ်ချို့တွေရဲ့ စက်ရုံအတွင်းလုပ်ကြံမှုကြောင့် မိန်းကလေး ၁၁၉ ယောက်အသက်ဆုံးရှုံးခဲ့ကြ ရပါ တယ် ။
၁၉၀၇ ခုနှစ်မှာတော့ ဆိုရှယ်လစ်ခေါင်းဆောင်ဂျာမနီ မှအမျိူးသမီးတစ်ဦးက မတ်လ ၈ ရက်နေ့တွင်အမျိုးသမီးများကိုအလုပ်ပိတ်ပေးရန်နှင့် အလုပ်ရှင်များကို တစ်နေ့လျှင် အလုပ်ချိန် ၁၆/၁၇ နာရီလုပ်နေရတဲ့အမျိုးသမီးများကို ၈ နာရီသာအလုပ်ချိန်သတ် မှတ်ပေးရန်တောင်းဆိုခဲ့ပါတယ်. ကိုယ်၀န်သည်၊ အနာတရရသူများအတွက်လည်း အခွင့်အရေးများ တောင်းဆိုပေးခဲ့ပြီး ယောက်ျားလေးများနဲ့ ရင်ဘောင်တန်းနိုင်အောင်လည်း နှိုးဆော်ခဲ့ပါတယ်. သို့ ပေမယ့်အောင်မြင်မှုတော့မရရှိခဲ့ပါဘူး ဒါပေမယ့်ကမ္ဘာ့တစ်ဝှမ်းမှအမျိုးသမီးများကို တန်းတူအခွင့် အရေးရရှိကြရန်နှင့်အခွင့်အရေးများစွာရရှိရန်လမ်းစကို သူမကဖွင့်ပေးနိုင်ခဲ့ပါတယ်
၁၉၁၀ခုနှစ်မှာတော့ နိုင်ငံပေါင်း ၁၇ နိုင်ငံမှအမျိုးသမီးကိုယ်စားလှယ် များဟာ ဒိန်းမတ်နိုင်ငံ ကိုပန်ဟဂန်မြို့တွင် အထွေထွေအစည်းအဝေး ကို ဒုတိယအချိန် တက်ရောက်လာကြပါတယ် ။ ယင်းအစည်းအဝေးပွဲမှာတော့ “၈” နဲ့ညီမျှသော မိန်းက လေးများဟူ၍ အလုပ်လုပ်ချိန် ၈ နာရီ၊ ဗဟုသုတရှာဖွေချိန် ၈ နာရီ၊ အနားယူချိန် ၈ နာရီဟူ၍ တောင်း ဆိုခဲ့ကြပါတယ်. ဒါ့အပြင် မိန်းကလေးများနဲ့ ယောက်ျားလေးလုပ်အားခ တန်းတူရစေရန်နှင့် တန်း တူအခွင့်အရေးများရရှိစေရန်လည်းတောင်းဆိုခဲ့ကြပါတယ်
ဒါကြောင့် ယင်းနေ့ကို ကမ္ဘာ့အမျိုးသမီးများနေ့ဟု မတ်လ ၈ ရက်နေ့တွင်တပြိုင်တည်းသတ် မှတ်ခဲ့ကြပါတယ်
ကျွန်မတို့မြန်မာနိုင်ငံမှာ အမျိုးသမီးအခန်းကဏ္ဍကို အလေးထား လုပ်ဆောင်လျက်ရှိပြီး အမျိုးသားနည်းတူ တန်းတူအခွင့်အရေးပေးထားပါတယ်. အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ဥပဒေနှင့်စီးပွားရေးအခွင့်အရေးများအတူတူ ရရှိကြပါတယ်။
ဇူလိုင်လ ၃ ရက်နေ့တွင်မြန်မာနိုင်ငံရှိအမျိုးသမီးများ၏တိုးတက်မှုအတွက်အမျိုးသားအင်အားစုအဖြစ်ကိုယ်စားပြုနိုင်သောလူမှုအဖွဲ့အစည်းတစ်ခု၏စိတ်ကူးကိုစတင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ မြန်မာအမျိုးသမီးများအားလုံးအတွက်မြန်မာအမျိုးသမီးများနေ့အဖြစ်သတ်မှတ်ခံခဲ့ရတယ်။ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာကျင်းပတဲ့ လေးကြိမ်မြောက်ကမ္ဘာ့အကြီးဆုံးညီလာခံမှပေါ်ထွက်လာတဲ့ ဘေကျင်းလှုပ်ရှားမှုဆိုင်ရာပလက်ဖောင်း (BPFA) အရ ၁၉၉၆ ခုနှစ်တွင်မြန်မာအမျိုးသမီးရေးရာကော်မတီ (MNCWF) ကိုတည်ထောင်ခဲ့ပါတယ်
မြန်မာနိုင်ငံအမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ ခုနှစ်တွင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှုအတွက်ရည်ရွယ်သည့်အစီအစဉ်များကိုစနစ်တကျအကောင်အထည်ဖော်ရန်အတွက်အစိုးရကဖွဲ့စည်းခဲ့ပါတယ်. ယင်းသည် မြန်မာအမျိုးသမီးအစည်းအရုံးတစ်ခုလုံးအတွက်ပြဿနာအမျိုးမျိုးကိုဖြေရှင်းရန်၊ တိုင်းပြည်အတွင်းအမျိုးသမီးကဏ္ဍကိုမြှင့်တင်ရန်နဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်ရန်၊ အမျိုးသမီးများ၏ပညာရေးအဆင့်အတန်းကိုမြှင့်တင်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့်အကြမ်းဖက်ခြင်းမှကာကွယ်ရန်စသဖြင့်တို့ဖြစ်ပါတယ်။
အမျိုးသမီးများ၏စွမ်းရည်ကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကုန်ထုတ်စွမ်းအားများ တိုးတက်မြင့်မားလာမှာဖြစ်ပါတယ်။ အမျိုးသမီးများ တိုးပွားလာမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လုပ်အားဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ အမျိုးသမီးတစ်ဦးချင်းစီ၏ အရည်အချင်း၊ အရည်အသွေး လုပ်ကိုင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ပေးသင့်ပါတယ်
#အမျိုးသမီးတွေတတ်ကြွလုပ်ရှားမှုများကြောင့်နေ့တစ်နေ့အဖြစ်သတ်မှတ်ခံရမှုကိုဂုဏ်ပြုမိပါသည်
#ဒတကသ
#အမျိူးသမီးရေးရာကော်မတီ
⬛ ကမ္ဘာ့အမျိူးသမီးများနေ့ အကြိုအထိမ်းအမှတ်ပွဲ ဖိတ်ကြားခြင်း
ပထမဦးဆုံးအကြိမ် " ကမ္ဘာ့အမျိူးသမီးများနေ့ အထိမ်းအမှတ်နေ့အကြိုဂုဏ်ပြုပွဲ" ကို ဒဂုံတက္ကသိုလ် အမျိူးသမီးရေးရာကော်မတီ မှ ကြီးမှူးကျင်းပသွားမှာဖြစ်ပါတယ်
အချိန်ကတော့ လာမယ့် သောကြာနေ့ ၆ ရက် မနက်10 နာရီကနေ 12 နာရီ ဖြစ်ပါတယ်
နေရာကတော့ Theater 1 (T-1) မှာဖြစ်ပါတယ်
Game တွေ Activity တွေ လက်ဆောင်ပေးမယ့်အစီအစဉ်တွေနဲ့အတူ ပျော်ရွှင်စွာ ကျင်းပသွားမှာဖြစ်ပါသောကြောင့် ဒဂုံတက္ကသိုလ်ရှိ ကျောင်းသူကျောင်းသားများ
မည်သူမဆို လာရောက်ပါ၀င်ဆင်နွဲဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
#ဒတကသ
#အမျိုးသမီးရေးရာကော်မတီ
သတိပေးကြေညာချက်
၂၆.၂.၂၀၂၀ မနက်၁၀ နာရီခန့်တွင် ဒဂုံတက္ကသိုလ်ပရဝုဏ်အတွင်း Y.B.S 25 ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးကျော်စိုးသည် ဒဂုံတက္ကသိုလ်အတွင်းတက်ရောက်နေသော ကျောင်းသူတစ်ချို့အား နှုတ်ဖြင့်ညစ်ညမ်းသောစကားများ ပြောဆို၍ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားပါသဖြင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များဖြင့်သွားရောက်ဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူသည် ယခင်ကလည်းအလားတူဖြစ်ရပ်မျိုး ကျူးလွန်ခဲ့ကြောင်းကို ကျူးလွန်ခံရသည့်ကျောင်းသူ (၄)ဦးမှာလည်းထပ်မံတိုင်ကြား သောကြောင့်ဆက်လက်စစ်ဆေးရာ အဆိုပါယာဉ်မောင်းသည် အထက်ပါပြစ်မှုများကျူးလွန်နေသည်မှာ အချိန် (၁) နှစ်နီးပါးခန့်ရှိသည်ဟုသိရှိရ၍ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မြို့မရဲစခန်းသို့လွှဲပြောင်း၍ တရားဥပဒေအရ ဆက်လက်အရေးယူရန် ဆောင်ရွက်ခဲ့ပါသည်။
ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေဖြင့်နောက်နောင်တွင် အလားတူဖြစ်ရပ်မျိုးမဖြစ်စေရန် ဒဂုံတက္ကသိုလ်အခြေစိုက်ယာဉ်လိုင်းများအားသတိပေးခြင်း Y.R.T.A ရုံးသို့ ပြင်းထန်စွာစစ်ဆေးအရေးယူမှုများ ပြုလုပ်နိုင်စေရန် ကြေညာချက်စာများပို့ခြင်းဖြင့် ကာကွယ်သွားမည်ဖြစ်သည်။
အဆိုပါယာဉ်မောင်းအား ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် ၏အခွဲတစ်ခုဖြစ်သော ၂၅ ယာဉ်လိုင်းမှ တရားဝင်ထုတ်ပယ်ခြင်း၊ Y.R.T.A ရုံးမှ YBS ယာဉ်မောင်းခွင့်ပိတ်ခြင်း၊ ကျောင်းပရဝုဏ်အတွင်းသို့နောက်နောင်တွင် စစ်ဆေးပြီးမှသာ ဝင်ခွင့်ပြုရန်တို့ကိုတင်းကြပ်စွာတောင်းဆိုမှုများပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါယာဉ်မောင်းအားဒဂုံတက္ကသိုလ်ပရဝုဏ်အတွင်း တွေ့ရှိပါက တိုင်ကြားရန်
09401046699(အမျိုးသမီးရေးရာတာဝန်ခံ)
095088325(နယ်/လမ်းတာဝန်ခံ)
#ဒတကသ
ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမျိုးသမီးရေးရာ ကော်မတီအား ဤသို့ဖွဲ့စည်းလိုက်သည် ။
Women Affair Committee_ DUSU
Women Affair Committee _ Dagon University Students' Union's cover photo