Khin Pharmacy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin Pharmacy, Medical and health, Muse, .
Procard ကို ရွေးချယ်သင့်သော အကြောင်းအရင်း
ပရိုကဒ်တွင် သွေးတွင်းရှိ ဟိုမိုဆစ်စတင်း ပမာဏ ကို လျော့နည်းစေသော Folic acid , Vitamin B6 နှင့် Vitamin B12 များပါဝင်ပါသည်။ ဒါ့အပြင် သဘာဝ Vitamin E လဲ ပါဝင်တာကြောင့် ဓာတ် တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိပြီး သွေးကြောများ အဆီပိတ်စေသည့် (LDL) အဆီများကို ဟန့်တားပေးပါသည်။
နှလုံးနှင့်နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွားရန် ရာခိုင်နှုန်းများသည့် သက်လတ်နှင့် သက်ကြီးပိုင်းအရွယ်များအတွက် အထူးသဖြင့် လိုအပ်ပါသည်။
သုံးစွဲပုံအညွှန်း
Procard သည် နှလုံးနှင့်နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွားမှုကို လျော့နည်းစေပြီး နှလုံး ကျန်းမာရေးကို များစွာ အထောက်အကူပြုပါသည်။
Procard (ပရိုကဒ်) တွင် ဗီတာမင် B6၊ B12၊ Folic acid နှင့် ဗီတာမင် E တို့ပါဝင်ပါသည်။
ဗီတာမင် B6၊ B12 နှင့် Folic acid တို့သည် နှလုံးသွေးကြောကျဉ်းရောဂါကို အဓိကဖြစ်စေသော သွေးတွင်းရှိ ဟိုမိုဆစ်စတင်း (Homocysteine) ပမာဏကို လျှော့နည်းစေပါသည်။
သဘာဝဗီတာမင်(E) သည် ဓာတ်တိုးဆန့်ကျင်(Anti-oxidant) အာနိသင်ရှိသောကြောင့် သွေးကြောများ အဆီပိတ်စေသည့် (LDL) အဆီများကို ဟန့်တားပေးပါသည်။
နှလုံးနှင့်နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွားရန် ရာခိုင်နှုန်းများသည့် သက်လတ်နှင့် သက်ကြီးပိုင်းအရွယ်များအတွက် အထူးသဖြင့် လိုအပ်ပါသည်။
ဆေးညွှန်း
Procard (ပရိုကဒ်) ကို တစ်နေ့တစ်တောင့် (သို့မဟုတ်) ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးနိုင်ပါသည်။
ထားသိုသိမ်းဆည်းပုံအညွှန်း
အပူချိန် (၂၅) ဒီဂရီ စင်တီဂရိတ် နှင့် (၃၀) ဒီဂရီ စင်တီဂရိတ်ကြားတွင် ထားသိုသိမ်းဆည်းပါ။
ထုပ်ပိုးမှုပုံစံ
ဆေးဘူး (၁) ဘူးတွင် ဆေးတောင့် (၄) တောင့်ပါကတ် (၅) ကတ်ပါဝင်သည်။
ဖော်မြူလာ
ဆေးတောင့် (၁) တောင့်တွင် အောက်ပါအတိုင်းပါဝင်ပါသည်။
Pyridoxine hydrochloride(Vitamin B6) 25mg
Cyanocobalamin (Vitamin B12) 25mcg
Folic acid 500mcg
Natural Vitamin E 400 IU
ကီးမိုစ်.(Kemose) အရောင်ကျဆေး ဆိုသည်မှာ
(Bromelain & Crystallized Trypsin) ပါဝင်ပြီး
အရောင်လျော့စေသော အင်ဇိုင်းများ ဖြစ်သည်။ ဘရိုမီလင်း ၅၀ မီလီဂရမ်နှင့် ထရစ်ပ်စင် ၁မီလီဂရမ် ပေါင်းစပ်ပြီး အရောင်လျော့ဆေးအဖြစ် အသုံးပြုကြသည်...
အသုံးပြုပုံ
ခွဲစိတ်ပြီး လူနာများ၊ ထိခိုက်ဒဏ်ရာရသူများ အရောင်လျော့စေ ရန် အသုံးပြုသည်။ နို့တိုက်မိခင်များ နို့ကြောင်းပိတ်၍ နို့ရောင် ကိုင်းနေခြင်းကို လည်း လျော့စေနိုင်သည်။
ဆေးညွှန်းနှင့် အသုံးပြုပုံ
များသောအားဖြင့် ပထမရက်တွင် ဆေးပြား ၂ပြား လေးကြိမ်သောက်ပြီး နောက်ရက်များတွင် ၁ပြား လေးကြိမ်သောက် ရသည်။ ရောဂါလက္ခဏာပေါ်တည်ပြီး ဆေးချိန် အတိုးအလျော့လုပ်နိုင်သည်။
သတိပြုရန်
အသည်းနှင့် ကျောက်ကပ်ရောဂါ ပြင်းထန်စွာ ခံစားနေရသူများ သတိပြုသုံးရသည်။
ကိုယ်ဝန်ဆောင်များအတွက် စိတ်ချရခြင်း ရှိ မရှိ မသိသေးပါ။ အသက်အရွယ်ကြီးသူများ ဆေးချိန် လျှော့သုံးသင့်ပါသည်။
ဘေးထွက်ဆိုးကျိုး များ
ဆေးမတည့်ခြင်း ဖြစ်နိုင်ပါသည်။ ဝမ်းလျောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ ဝမ်းဗိုက်မအီမ သာဖြစ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊တို့ဖြစ်နိုင်ပါသည်။
နှာခေါင်းသွေးလျှံခြင်း၊ သလိပ်တွင် သွေးပါခြင်း ဖြစ်နိုင်သော်လည်း ရှားပါးပါသည်။
ရှောင်ရန်
ဤဆေးနှင့် မတည့်သူများ၊သွေးမခဲဆေးသောက်နေသူများ အသုံးမပြုသင့်ပါ။
ဝယ်ယူရရှိနိုင်သော ဆေးအမည်အချို့
Chymotase, Kimose,Kontab, Kotase, Protase.
ပုလင်းကြီးဘာကြောင့်ချိတ်ကြတယ်။
(OSK - Online Clinic မှတင်ဆက်ပါသည်။)
အရပ်ထဲမှာ ဆေးဘူးကြီးချိတ်လိုက်ရင်လူလန်းတယ်ဆိုတာပါပဲ။ ဒီနေ့တေ့ာ ဒီဆေးဘူးတွေအကြောင်းနည်းနည်းပြောကြရအောင်ဗျာ။ ဆရာဝန်မဟုတ်လည်းပဲ သိထားတာမမှားပါဘူး။
အရပ်ထဲမှာ ပုလင်းကြီးချိတ်တယ်လို့ပြောကြတဲ့ Drip ဒရစ်လို့ ခေါ်တာတွေက အမျိုးမျိုးရှိတယ်။ သွေးပြန်ကြောထဲ သွင်းပေးရတာတွေကို ခေါ်ပါတယ်။ အများဆုံး သုံးတာတွေသာ ပြောရရင် -
၁။ Dextrose Water = D/W ဒက်စထို့စ်သကြားဓါတ် + ရေ
၂။ Dextrose Saline = D/S ဒက်စထို့စ်သကြားဓါတ် + ဆားရည်
၃။ Normal Saline = N/S ဆား + ရေ
၄။ Ringers Lactate = R/L ရင်ဂါလက်တိတ် = ဓါတ်ဆားရည်
ဘယ်လိုလူကို ဘယ်တော့သွင်းပေးရမလဲ ပြောရတာက နည်းနည်းတော့ရှုပ်ပါတယ်။
R/L ရင်ဂါလက်တိတ် ဓါတ်ဆားရည်ဆိုရင် ဝမ်းလျှောတဲ့သူ အအန်များတဲ့သူကိုသွင်းလေ့ရှိပါတယ်။
အငန်ဓါတ်နဲ့မသင့်သူတွေကို အငန်မပါတာ၊ အချိုဓါတ်နဲ့ မသင့်သူတွေကို အချိုမပါတာကိုလည်းကြည့်ရတယ်။ ဥပမာ - ဆီးချိုသမားတွေဆိုရင် Glucose ပါတဲ့ DS, DW တွေသွင်းလို့မရပါဘူး။
တချို့မှာ ပုလင်းထဲမှာပါနေတာကို လိုလို့မဟုတ်ပဲ သွေးပြန်ကြောထဲကို လိုအပ်တိုင်းဆေးထိုးပေးနိုင်ဘို့ရာ IV line ဒရစ် ချိတ်ပေးထားရတာလည်းရှိတယ်။ (ဥပမာ ဗီတာမင်ဆေးပေးဖို့အတွက် NS ထဲကို ဗီတာမင်ရောထည့်ပြီးသွင်းလေ့ရှိပါတယ်။
ဘယ်လောက်များများဆိုတာလည်းကြည့်ရတယ်။ ကာလဝမ်းလိုဖြစ်နေသူဆိုရင် RL ပုလင်းတွေတလုံးပြီးတလုံး၊ သွေးဖိအားပြန်မတတက်မချင်း (ရေ + ဆား ပြန်မပြည့်မချင်း) အများကြီးသွင်းရတယ်။ အဲတာမျိုးက နှေးရင် အသက်ဆုံးပါးနိုင်တယ်။ တခါတလေ ဘယ်ပြန်ညာပြန်တပြိုင်တည်းသွင်းပေးရတယ်။ သွေးထွက်များတဲ့သူတွေကိုဆိုရင်လည်း NS တွေတစ်လုံးပြီးတစ်လုံး သွင်းရပါတယ်။
သွင်းတဲ့ပုလင်းထဲကို ဗီတာမင်ထိုးဆေးထည့်သွင်းရင်တော့ အဲဒီဗီတာမင်ရမယ်။ ဗီတာမင်ဆိုတာ နည်းနည်းလေးနဲ့ အမြဲလိုနေတာ။ အစားအသောက်တွေထဲမှာ အားလုံးပါနေတာဖြစ်တယ်။
အစာလမ်းခွဲစိတ်ထားလို့ ပါးစပ်ကနေ မစားရသူမျိုးဆိုရင် တနေကုန်သွင်းပေးရတယ်။ များသောအားဖြင့် တစ်ရက်ကို လေးလုံးပေးကြပါတယ်။
မြန်လို့၊ များလို့မကောင်းသူတွေလည်းရှိပြန်တယ်။ နှလုံး၊ အဆုပ်အလုပ်ကောင်းကောင်းမလုပ်သူတွေနဲ့ ကလေးတွေကို များများနဲ့ မြန်မြန်ပေးမိရင် ဘေးဖြစ်စေနိုင်တယ်။ (ဖောလာတာ၊ မောတာကနေ အသက်အန္တရာယ်အထိဖြစ်နိင်ပါတယ်။)
လူတယောက်မှာ သွေးထုထည် ၅ လီတာ (ဒရစ်ပုလင်း ၁ဝ လုံး) ရှိတယ်။ အမြဲတမ်းအဲလိုဖြစ်နေအောင် ခန္ဓာကိုယ်စနစ်ကနေ လုပ်ပေးနေတယ်။ ရုတ်တရက်နည်းသွားရင် အဲတာမျိုး သင့်တာတခုခုရွေးသွင်းပေးရတယ်။
သွေးသွန်လို့ သွေးမရနိုင်သေးခင်မှာ အသက်ဆက်ဖို့လည်းသွင်းရတယ်။ သတိထားဖို့က ၁ ပုလင်းစာ သွေးဆုံးရှုံးလို့ တပုလင်းသွင်းပေးရင် ထုထည်တော့ပြည့်မယ်။ သွေးကကျဲသွားမယ်။ အောက်စီဂျင်ဝမှာမဟုတ်ပါ။ သွေးလိုသူကို သွေးပဲပေးရတယ်။
မလိုအပ်ပဲသွင်းကြလည်း မကြာခဏတွေ့ရတယ်။ ပါးစပ်ကနေ ရေသောက်နိုင်သူ၊ သကြားစားနိုင်သူကို သွင်းပေးရင် သွင်းပေးပြီး ဆီးသွားချင်တာပဲပိုမယ်။ ဒါကွောငျ့ဆရာဝနျတျောတျမြေားမြားက မသွင်းပေးချင်ကြပါဘူး။ တစ်ချို့ကတော့ လူနာကိုအလိုလိုက်ကြတာမျိုးရှိကြပါတယ်။ မလုပ်သင့်ပါဘူး။
Intravenous therapy သွေးပြန်ကြောထဲဆေးသွင်းကုသနည်းကို ၁၈၃၁ ခုနှစ်ကတည်းက Dr Thomas Latta of Leith ကနေ ကာလဝမ်းရောဂါကုသဘို့ စတင်သုံးခဲ့ပါတယ်။ ခုခေတ်မှာတော့ ကုသနည်းတွေများတယ်။
Water and electrolytes ရေ၊ ဓါတ်ဆားတွေသွင်းနည်း၊
Blood transfusion သွေးသွင်းနည်း၊
Medicines ဆေးသွင်းနည်း (ဥပမာ ကင်ဆာဆေး) တွေပေးတယ်။
Volume expanders သွေးထုထည်များစေဘို့ crystalloids နဲ့ colloids တွေသွင်းပေးတယ်။
Blood-based products သွေးထဲကပစ္စည်းတွေခွဲထုတ်သွင်းပေးရတယ်။ ဥပမာ hemophilia ရောဂါရှိသူကို clotting factor သွေးခဲစေတဲ့ဖက်တာသွင်းပေးရတယ်။
Blood substitutes သွေးအစားထိုးသွင်းပေးနည်းဆိုတာ သွေးအတုသွင်းပေးရတာဖြစ်တယ်။
Buffer solutions အဖြစ် acidosis သို့ alkalosis ဖြစ်သူတွေကိုသွင်းပေးတယ်။
Parenteral nutrition အစာအာဟာရဖြည့်ပေးနည်းသုံးရတယ်။
လူနာအတော်များများက ဒရစ်သွင်းပေးရင် အားပြည့်သလို စိတ်မှာမှတ်ယူတယ်။ အဲတာမှားယွင်းတဲ့အယူအဆပါ။ အကြောဆေးပုလင်းကြီးချိတ်တာဟာ ဓါတ်ဆားရေသောက်တာ အာဟာရပြည့်ဝအောင်သောက်တာလောက်အကျိုး မရှိပါဘူး။ ဆရာဝန်ညွန်ကြားတာ ကိုလိုက်နာပါ။
ဒရစ်သွင်းရင် သတိထားစရာတွေကလည်းများတယ်။
Pain ဆေးသွင်းလို့နာတာ၊
Infections ပိုးဝင်တာ၊
Phlebitis သွေးပြန်ကြောရောင်တာ၊
Infiltration / extravasation ဆေးက သွေးပြန်ကြောအပြင်ဖက်ရောက်တာ၊
Fluid overload အရည်ထုထည် လိုတာထက်ပိုတာ၊
Hypothermia ကိုယ်အပူချိန်ကျတာ၊
Electrolyte imbalance ဓါတ်ဆားအချိုးအစားမမျှတာ၊
Embolism သွေးကြောထဲသွေးခဲပိတ်တာ နဲ့ Air bubbles လေပိတ်တာ၊
အဲတာတွေက သေတာအထိ ဖြစ်နိုင်လို့ မလိုအပ်ရင် မသွင်းကြဖို့ မချိတ်ကြဖို့ အရမ်းသတိထားဖို့လိုအပ်ပါတယ်။
ဗဟုသုတ အနေဖြစ်သာ
Marvelon 28 ၂၈ရက် ကိုယ်ဝန်တားဆေးကဒ်
Marvelon ဆိုတာ တားဆေးကဒ်ထဲမှာ အသုံးအများဆုံး တားဆေးတမျိုးဖြစ်တယ်။ ဟော်မုန်းနှစ်မျိုးပါလို့ combined contraceptive pills(COC)လို့ ခေါ်တယ်။ အီစတိုဂျင်နဲ့ ပရိုဂျက်စတိုဂျင် ဟော်မုန်းနှစ်မျိုးကို အချိုးကျပေါင်းစပ်ထားတယ်။ ဒီနာမည်အောက်မှာကို Marvelon 28 နဲ့ 21ဆိုပြီး (၂)မျိုး ထပ်ရှိပြန်တယ်။ နှစ်မျိုးလုံးမှာ ပါဝင်တဲ့ ဟော်မုန်းကတူညီပေမယ့် သောက်ရတဲ့ဆေးလုံး အရေအတွက်က ကွာခြားသွားတယ်။ Marvelon 28က ဆေးလုံး ၂၈လုံးပါတာကြောင့် ၂၈ရက်သောက်ရတယ်။ အထဲမှာ ဟော်မုန်းပါ ဆေးလုံးအဖြူ ၂၁လုံးနဲ့ ဘာဆေးမှမပါတဲ့ ဆေးလုံးအဖြူသေးသေး ၇လုံးပါတယျ။ အမှန်တော့ ဟော်မုန်းဆေးလုံး ၂၁လုံးသောက်ပြီးတဲ့အခါ မမေ့အောင် ဆေးလုံး(၇)လုံးကို အပိုထည့်ပေးထားတာဖြစ်ပါတယ်။ Marvelon 21မှာတော့ မမေ့အောင်သောက်ရတဲ့ အပိုဆေးလုံး ၇လုံး(reminder pills)မပါတော့ဘဲ စုစုပေါင်း ဆေး၂၁လုံးသာ ပါတယ်။ ဒီဆေးတွေကို ၂၁ရက်အပြည့်သောက်ပြီး ၇ရကျတော့ နားရတယ်။ ပြဿနာက အပိုဆေးလုံးမပါဝင်လို့ ဆေးပြန်သောက်ရမယ့်ရက်တွေ မေ့နိုင်မှားယွင်းနိုင်တယ်။ မြန်မာနိုင်ငံမှာတော့ Marvelon 28ကိုသာ အသောက်များ ကြတယ်။
Marvelon 28မှာ ဘာတွေပါလဲ
ဆေး၂၈လုံးအနက် အပေါ်သုံးတန်းက ဆေးလုံး ဖြူဖြူ အလုံးကြီးက ဟော်မုန်းပါတဲ့ဆေးလုံးတွေ ဖြစ်တယ်။ ဆေးတလုံးစီမှာ desogestrel 0.15 mg နဲ့ ethinyl estradiol 0.03 mg ပါဝင်တယ်။ Desogestrel ဆိုတာ progestin ဟော်မုန်းတမျိုးဖြစ်ပြီး ethinyl estradiol ကတော့ estrogenဟော်မုန်းဖြစ်တယ်။ ဟော်မုန်း(၂)မျိုးအစွမ်းနဲ့ ကိုယ်ဝန်တားဆီးတယ်။ အောက်ဆုံးတန်းမှာ ဆေးလုံးဖြူဖြူသေးသေး ၇လုံး ပါဝင်လိမ့်မယ်။ အောက်ဆုံးမှာပါတဲ့ ဆေးလုံးသေးသေး ၇လုံး ဆိုတာကတော့ မမေ့အောင်သောက်ရတဲ့ဆေးဖြစ်လို့ reminder pills လို့ခေါ်ပါတယ်။ အဲဒီဆေးလုံးသေးထဲမှာ ကစီဓာတ်(starch)၊လက်တို့စ်(lactose) စတာတွေသာ ထည့်ထားတယ်။ သတိပြုရမှာက lactose intolerance လက်တို့စ် မတဲ့သူတွေဖြစ်ပါတယ်။
marvelon 21မှာတော့ reminder pillsမပါတာကြောင့် ဆေးလုံး၂၁လုံး သောက်ပြီးတာနဲ့ ၇ရကျ နားထားရတယ်။ ၈ရက်မြောက်နေ့ကျမှ နောက်တကဒ်(၂၁လုံး) ထပ်သောက်ရတယ်။ marvelon 28ကတော့ တကဒ်(၂၈လုံး)ကုန်တာနဲ့ ရာသီသွေးမကြည့်ပဲနောက်တကဒ် ဆက်သောက်ရလို့ ပိုအဆင်ပြေတယ်။ မေ့မှာလည်း မပူရတော့ဘူး။
Steroid (စတီးရွိုက်)
-----------------------------
ရောင်ကိုင်းမှုမျိုးစုံကို ကျစေသောဆေးဖြစ်သည်။ ရောဂါ လက္ခဏာအားလုံးနီးပါး ခေတ္တခဏ သက်သာစေပြီး တကယ်ဖြစ်သော အောက်ခံရောဂါကိုတော့ ကုသနိုင်ခြင်း မရှိပါ။ လူကို နေလို့ထိုင်လို့ ကောင်းစေသည်။ ဆေးဆိုင်၊ ဆေးပေးခန်းများတွင် ဆေးစွမ်းသည်ဟု နာမည်ကြီးချင်ပါက မပါမဖြစ်သော ဆေး ဖြစ်သည်။ 😅
စပ်ဆေး အများစု နှင့် အချို့ တိုင်းရင်းဆေး အမည်ခံ သောက်ဆေး၊ လိမ်းဆေး အများစုတွင်ပါဝင်သည်။
မြန်မာနိုင်ငံတွင် အလွဲသုံးစားမှုအများဆုံး စာရင်းဝင်ဆေး ဖြစ်သောကြောင့် လူတိုင်း သိသင့်ပါသည်။
အသုံး -
ရောင်ရမ်းခြင်း ကြောင့်ဖြစ်သော ရောဂါများ - ပန်းနာရင်ကြပ်၊ လေးဖက်နာရောဂါများ၊ အဆစ်အမြစ်ရောင်ကိုင်းခြင်း၊ နှင့် ကင်ဆာရောဂါအချို့တွင် အသုံးများသည်။
အကြောင်းအရင်းရှာမရသော အဖျား (၂၁ ရက်ကျော်သော်လည်း အကြောင်းအရင်းရှာမရသော ကိုယ်အပူချိန်တက်ခြင်း) တွင်လည်း ပေးစရာဆေး ကုန်ပါက စတီးရွိုက်ပေးလေ့ ရှိသည်။ (ယခုလိုမျိုး နောက်ဆုံးလက်နက်ကို အပြင်ဆေးဆိုင်၊ ဆေးကုခန်းများတွင် ပဲကြီး လှော်ပေးသကဲ့သို့ ပေးနေသောကြောင့် လူတိုင်း သတိထားသင့်သည်၊)
သေခါနီးလူကို သွေးကြောထဲ ထိုးထည့်လေ့ ရှိသဖြင့် အသက်ကယ်ဆေး ဟု လူသိများပြီး နောက်ဆုံး အသက်မကယ်နိုင်လျှင်တောင် အသက်ထွက်တာကို ညင်သာစေသဖြင့် ဆေးရုံများတွင် တော်တော် အသုံးဝင်သော ဆေးဖြစ်ပါသည်။
Steroid အသွင်အမျိုးမျိုးရှိသည်။
1. Dexamethasone (ဒက်ဆာမီသဆုန်း)
2. Methylprednisolone (မီသိုင်းပရက်နီဆိုလုန်း)
3. Prednisolone (ပရက်နီဆိုလုန်း)
4. Cortisone (ကော်တီဆုန်း)
5. Hydrocortisone (ဟိုက်ဒရိုကော်တီဆုန်း)
6. Triamcinolone (ထရိုင်အမ်ဆီနိုလုန်း) ဟူ၍ အဓိက အသွင် (၆)မျိုးနှင့် ရှိသည်။ အသွင် (၁) မျိုးချင်းဆီတွင် ဆေးကုမ္ပဏီအမျိုးမျိုး နှင့် နာမည်အမျိုးမျိုး ရှိပြန်သည်။
သောက်ဆေးနှင့် ထိုးဆေးအပြင်
ရှူဆေး နှင့် လိမ်းဆေးများလည်း ရှိသည်။
ဆေးပမာဏ -
ရောဂါပေါ်မူတည်ပြီး ပေးရတဲ့ ဆေးပမာဏ တစ်ခုနှင့် တစ်ခု မတူပါ။
Dexamethasone (ဒက်ဆာမီသဆုန်း) သောက်ဆေးကို အနည်းဆုံး (၀.၅) မီလီဂရမ်မှ အများဆုံး (၁၂) မီလီဂရမ်ထိပေးလေ့ရှိသည်။
ပမာဏမှာ အသွင်ပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။
ဥပမာ -
Dexa ဒက်ဆာ (၁၀) မီလီဂရမ်တွင်
Methylprednisolone (မီသိုင်းပရက်နီဆိုလုန်း) ၅၃ မီလီဂရမ်၊
Hydrocortisone (ဟိုက်ဒရိုကော်တီဆုန်း) ၂၆၆ မီလီဂရမ်၊
Prednisolone (ပရက်နီဆိုလုန်း) ၆၆ မီလီဂရမ်၊
Triamcinolone (ထရိုင်အမ်ဆီနိုလုန်း) ၅၃ မီလီဂရမ် တို့နှင့် ညီမျှသော စတီးရွိုက်ပမာဏ ပါဝင်သည်။
(*** Dexa ဒက်ဆာ မှာ ဆေးလုံး သေးပင်မယ့် စတီးရွိုက်ပမာဏ များသည်ဟု အကြမ်းဖျင်း ယူဆ၍ရပါသည်)
ဆေးစွဲတတ်ပြီး ရေရှည်သောက်လျှင် ဘေးထွက်ဆိုးကျိုးများသောကြောင့် အနည်းဆုံးနှင့် ခေတ္တခဏသာ ဆရာဝန်ညွှန်ကြားချက်ဖြင့်သုံးသင့်သည်။
သတိထားရန်နှင့် ဘေးထွက်ဆိုးကျိုးများ
ပုံမှန်သောက်နေကျလူတွင် ဆေးကို ရုတ်တရက်ရပ်ပါက အသက်အန္တရာယ်အထိပေးနိုင်သည်။ အဲဒါကြောင့် လျှော့ဖြတ်မှ ရသည်။
ကိုယ်ခံအားနည်းစေသည့်အတွက် ဆေးသောက်နေဆဲ အချိန်တွင် ကူးစက်ရောဂါပိုးပေါင်းစုံ ဝင်ဖို့ ပိုလွယ်သည်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုပေါင်းစုံ။ ကူးစက်ခံရလျှင်လည်း အခြားသူထက် ပိုမိုပြင်းထန်သည်။ ရှိပြီးသားရောဂါများလည်း ကြွလာတတ်သည်။ ဥပမာ - တီဘီရောဂါ၊
ကလေးများတွင် ခန္ဓာကိုယ်ကြီးထွား မှုကိုထိခိုက်စေသည်။
အရိုး၊ အရွတ်၊ ကြွက်သား
အရိုးပွရောဂါ ကြောင့် အရိုးကျိုးခြင်း ဖြစ်လွယ်ပါသည်။ ကြွက်သားအားနည်း ကျုံလှီလာ၍ အရွတ်များ ပြတ်ထွက်တတ်သည်။ အရိုး ဆွေးမြည့်ပုပ်ပွခြင်းကိုလည်း အားပေးသည်။
နှလုံး
သွေးတိုးစေ၍ နှလုံးခုန်မူမမှန်၊ နှလုံးကြီးစေသည်၊ တကိုယ်လုံး ဖောရောင်စေ၍ နှလုံး အမောဖောက်စေသည်။
အစာအိမ်နင့် အူလမ်းကြောင်း
အစာအိမ်အနာဖြစ်၊ အနာမှတဆင့် ပေါက်ထွက်နိုင်၊ သွေးယိုဆီးနိုင်ချေ မြင့်၊ မုန့်ချိုအိတ်ရောင်
အသည်းထိတတ်၊
သွေးချို ဆီးချို ဖြစ်စေသည်၊ ဖြစ်လျှင်လည်း ထိန်းမရ၊
ခန္ဓာကိုယ်အလေးချိန် တက်၊ မျက်နှာပြဲကားပြီး တကိုယ်လုံး ဖောလာ၊😲 (ခန္ဓာကိုယ်အလယ်တွင်ပိုများ)
အရေပြား အကွက်ထွက်၊ သွေးထွက်လွယ်၊ အနာမကျက်၊ ယားယံ၊ အရေပြားပါးလာ၊ တင်းတိပ်မှဲ့ခြောက်၊ သွေးခြည်ဥ
ခေါင်းကိုက်၊ စိတ်မနှံ့၊ စိတ်ကျ၊ ဂယောက်ဂယက်ဖြစ်၊ စိတ်ကြွ၊ စိတ္တဇဖြစ်၊ 😵အိပ်မပျော်၊ ဦးနှောက်အမြှေးရောင်၊ အာရုံကြောမူမမှန် (ထုံ/ကျဥ်/လှုပ်မရ)
မျက်စိတွင် တိမ်အဖြစ်များ ၊ မှိုစွဲ၊
ယောကျ်ားများတွင် ကလေး ရတာကို အနှောင့်အယှက်ဖြစ်တတ် 😥
အမျိုးသမီးများတွင် နှုတ်ခမ်မွှေး မုတ်စိတ်မွှေး များပေါက်တတ်ခြင်း အစရှိသည်များ ဖြစ်ပါသည်။😓
(မှတ်ချက် - လိမ်းဆေးများနှင့် ရှူဆေး စတီးရွိုက်များသည် သောက်ဆေးနှင့် ထိုးဆေး သကဲ့သို့ ဘေးထွက်ဆိုးကျိုး မများသော်လည်း ပမာဏများလျှင် သောက်ဆိုး ထိုးဆေး သကဲ့သို့ ဒုက္ခပေးတတ်ပါသည်)
--------------------------------------------------
ဘာရောဂါ လာလာ ပျောက်စေသောဆေးဖြစ်သောကြောင့် ရောဂါကတော့ ခေတ္တခဏ သက်သာသွားမည်မှာ အသေအချာ ဖြစ်သည်။
၉၆ ပါးရောဂါပျောက်စေ၍ ၉၆ ပါးရောဂါပြန်ဖြစ်စေနိုင်သော ဆေးဟု တင်စားလေ့ရှိသဖြင့် အလျော်အစားကြီးသောကြောင့် ချင့်ချိန်ပြီးမှ သုံးသင့် သောက်သင့်ပါသည်။ ဆရာဝန် မညွှန်ကြားဘဲ မသောက်သင့်ပါ။
Dr. Kevin
M.B.,B.S, MRCP (UK)
ပန်းသေပန်းညှိုးရောဂါကို ကုသရာမှာ သုံးသောဆေးများ
* * * * * * * * * * * * * * * * * * * *
Erectile Dysfunction (ED) ပန်းသေပန်းညှိုးခြင်းကို ကုသရာတွင် အသုံးပြုသောဆေးများမှာ အသုံးအများဆုံးဆေးများမှာ sildenafil (Vi**ra), vardenafil (Levitra), and tadalafil (Cialis) ဆေးများဖြစ်တယ်။ ဆေးတွေက စိတ်ချရတယ်။ အာနိသင်ကောင်းတယ်။ ဆေးတွေက တစ်မျိုးမျိုးနဲ့တစ်မျိုး အနည်းငယ်သာကွာခြားတယ်။ ဘယ်ဆေးကိုရွေးချယ်ရမလဲဆိုတာ ဆေးရဲ့ဈေးနှုန်း၊ ကုန်ကျစရိတ်၊ နေထိုင်မှု့ပုံစံ စတာတွေနဲ့ သက်ဆိုင်တယ်။ Vi**ra ဆေးကတော့ ဈေးအသက်သာဆုံးနဲ့ စိတ်အချရဆုံးဖြစ်ပါတယ်။
Vi**ra ( sildenafil )
* * * * * * * * * * * *
Vi**ra ဆေးက ဈေးသက်သာတယ်။ ကောင်းတယ်။ အစာစားပြီး ၁ နာရီ ၂ နာရီကြာမှာ သောက်ရမယ်။ ဆေးအာနိသင်ရဖို့ ၁၅ မိနစ်မှ ၃၀ မိနစ်ကြာမယ်။ ဆေးအာနိသင် ၃နာရီ မှ ၅ နာရီကြာမယ်။
Levitra (vardenafil)
* * * * * * * * * * * *
Vi**ra ထပ်ပိုကောင်းတာမပါပေမဲ့ ဈေးကြီးတဲ့ ဆေးဖြစ်တယ်။ ဆေသောက်ပြီး ၁၅ မိနစ်မှ ၄၅ မိနစ်အကြာမှာ ဆေးအာနိသင်ကို အမြင့်ဆုံးရတယ်။ ဆေးအာနိသင် ၄ နာရီမှ ၅ နာရီကြာတယ်။ Vardenafil ကို အစာနဲ့တွဲသောက်လို့မရဘူး။ Sildenafil သောက်လို့အဆင်မပြေရင်တော့ Vardenafil ကို သောက်လို့ရတယ်။
Cialis (tadalafil)
* * * * * * * * * *
ဈေးကြီးပြီးကြာရှည်ခံတဲ့ ဆေးဖြစ်တယ်။ အစာနဲ့တွဲသောက်နိုင်တယ်။ တနေ့ ၁ ကြိမ် သောက်ရုံနဲ့လုံလောက်တယ်။
ဆေးတွေရဲ့ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့
ခေါင်းကိုက်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ အစာမကြေခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ကြွက်သားနာကျင်ခြင်းတို့ဖြစ်တယ်။
ဒေါက်တာထွန်းမြတ်ဝင်း (ဆေးဝါးပညာ)
**ra
အရေးပေါ်တားဆေး ဆိုတဲ့အတိုင်း အရေးပေါ်မှသာ သုံးပါ။ ဒါပေမယ့် ကိုယ်သောက်မယ့် ဆေးအကြောင်း အပြည့်အစုံ သိထားဖို့ လိုပါတယ်နော်။
အရွယ်ရောက်လာတဲ့အခါ လိင်မှုဆက်ဆံခြင်းဆိုတာ ရှိလာမှာပါပဲ။ ဒီအခါမှာ တစ်ဆက်တည်း ထည့်စဥ◌်းစားရမှာက သားဆက်ခြားနည်းပါပဲ။ ကိုယ်က ကိုယ်ဝန်ယူဖို့ စိတ်ကူးမရှိဘူးဆိုရင်တော့ သားဆက်ခြားနည်းတွေနဲ့ ပတ်သက်ပြီး စီစဥ◌်ထားရမှာပါ။ သားဆက်ခြားနည်း(ကိုယ်ဝန်တားနည်း)တွေကလည်း အမျိုးမျိုး ရှိတာမလို့ အဲဒီထဲကမှ တစ်ခုဖြစ်တဲ့ အရေးပေါ်တားဆေးအကြောင်း ပြောပြပေးလိုက်ပါတယ်။
အရေးပေါ်တားဆေးကို ဘယ်အချိန်မှာ သောက်သင့်သလဲ
အရေးပေါ်တားဆေးဆိုတာ တကယ့်ကို အရေးပေါ်တဲ့ အချိန်မှာ သုံးသင့်တဲ့ ဆေးဖြစ်ပြီး နေ့စဥ◌်သောက်ဆေးကတ် သောက်ဖို့ မေ့တာမျိုး၊ ကွန်ဒုံးနဲ့ ဆက်ဆံပေမယ့် ပေါက်ပြဲသွားတဲ့ အခါမျိုး၊ ကိုယ်ဝန်ရရှိသွားနိုင်တဲ့ ဆက်ဆံခြင်း အခြေအနေတွေမှာ သောက်သင့်ပါတယ်။
ဘယ်လို သောက်ရမလဲ
အရေးပေါ် #တားဆေး တွေက ဆက်ဆံပြီးနောက်မှ သောက်ရမှာပါ။ မဆက်ဆံခင် ကြိုသောက်ထားလို့ မရပါဘူး။ မဆက်ဆံရင် ကြိုသောက်ရင် #ကိုယ်ဝန် မတားပေးပါဘူး။ အရေးပေါ်တားဆေးသောက်တာကတော့ ကိုယ်ရွေးချယ်တဲ့ ဆေးကုမ္ပဏီပေါ်မှာ မူတည်ပြီး (၇၂) နာရီအတွင်း သောက်ရတဲ့ စေ◌ျးရှိသလို နာရီ(၁၂၀) အတွင်း သောက်ရတဲ့ ဆေးလည်း ရှိပါတယ်။ ဒါကတော့ ဆေးအညွှန်းမှာ ပါပါတယ်။ ဆေးသောက်ရမယ့် ပုံစံကတော့ ဆက်ဆံပြီးနောက် စောနိုင်သမျှ စောစော သောက်ရမှာပါ။ ဆက်ဆံချိန်နဲ့ ဆေးသောက်ချိန် ဝေးလေ ကိုယ်ဝန်တားပေးနိုင်တဲ့ အာနိသင် လျော့လေပါပဲ။ တစ်ကြိမ် ဆက်ဆံလိုက် အရေးပေါ်တားဆေး တစ်ခါသောက်လိုက် မဟုတ်ဘဲ ဆက်ဆံပြီးမှသာ ဆေးကို တစ်ကြိမ်သောက်ရမှာပါ။ တစ်ခု သတိထားရမှာက ဆက်ဆံချိန်နဲ့ ဆေးသောက်ချိန် မဝေးဖို့ပါ။ တချို့ဆေးတွေမှာတော့ တစ်ကတ်ကို (၂) လုံးပါပြီး တချို့ဆေးတွေမှာတော့ တကတ်ကို (၁) လုံးပဲ ပါပါတယ်။ (၂) လုံးပါရင် (၂) လုံးလုံး သောက်ပါ။ အရေးပေါ်တားဆေး သောက်ပြီး (၂) နာရီအတွင်း အန်တယ်ဆိုရင် ထပ်သောက်ဖို့ လိုပါတယ်။
အရေးပေါ်တားဆေး သောက်ပြီးရင် ဘာတွေခံစားရနိုင်လဲ
အရေးပေါ်တားဆေး သောက်ပြီးပြီဆိုရင် သူ့မှာ ဟော်မုန်းပါလို့ ပျို့အန်ချင်တာ၊ခေါင်းကိုက်တာ ခေါင်းမူးတာ၊ ကိုယ်လက် မအီမသာ ဖြစ်တာ၊ ဗိုက်အောင့်တာမျိုး ဖြစ်တတ်ပါတယ်။ မခံနိုင်အောင် ဖြစ်ရင်တော့ ဆေးခန်းသွားဖို့ လိုပါတယ်။
နောက်တစ်ခုကတော့ သူက ဟော်မုန်းပါလို့ ရာသီပုံမှန်လာနေကျ ရက်ထက် စောလာတာ နောက်ကျနေတာ ရာသီသွေးဆင်းတာ နည်းတာ များတာတွေ ဖြစ်တတ်ပါတယ်။ အရမ်းစိတ်မပူပဲ ရာသီလာရက်ကို စောင့်ကြည့်ပါ။
#ကိုယ်ဝန်ရှိ သွားပြီလား ဘယ်လိုသိနိုင်မလဲ
အရေးပေါ်တားဆေး သောက်ပြီးနောက် ဒါမှမဟုတ် နောက်ဆုံး ဆက်ဆံပြီးနောက်မှာ #ရာသီလာ တယ်ဆိုရင် ကိုယ်ဝန် မရှိပါဘူးနော်။ နောက်ဆုံး ဆက်ဆံပြီးနောက် (၁၅) ရက်ကနေစပြီး ချစ်တို့ ဆီးစစ်တံနဲ့ ဆီးစစ်ကြည့်လို့ ရပါတယ်။ ဒီနည်းလမ်း(၂) မျိုးနဲ့ #ကိုယ်ဝန် ရှိလား မရှိလား စစ်ဆေးနိုင်ပါတယ်။
original ✍
အာထရာဆောင်းရိုက်လာပြီး ဘာရေးထားတယ်ဆိုတာနားလည်အောင် ရှာဖွေဖတ်ရှုပြီး ရေးသားပေးလိုက်ပါတယ်။
----------------
"Ultarsound Result"
Number of fetus / foetus (baby) - ကလေးအရေအတွက်
Viable / Viability - အသက်ရှင်(နှလုံးခုန်)လျက်ရှိခြင်း
Gestational sac (GA) - ရေမွှာအိတ်
Crown-rump length (CRL) - ဦးခေါင်းမှတင်ပါးအထိအလျား
Biparietal diameter (BPD) - measures across the head - နားထင်၂ဘက်အကွာအဝေး
Head circumference (HC) - measures around the head - ဦးခေါင်းပတ်ချာလည်အရွယ်
Abdominal circumference (AC) - measures around the abdomen - ဝမ်းခေါင်းပတ်ချာလည်အရွယ်
Femur length (FL) - measures the length of the thigh bone - ပေါင်အရိုးအရှည်
Estimated fetal Weight (EFW) - ခန့်မှန်းကလေးအလေးချိန်
Fetal Presentation - ကလေးအနေအထား
(ပုံတွင်ကြည့်ပါ)
(1) Vertex presentation with longitudinal lie: မိခင်၏တင်ပဆုံအရိုးကွင်းအတွင်းသို့ဦးခေါင်းမူလျက်ဒေါင်လိုက်အနေအထားတွင်ရှိခြင်း
---> (1.1) Left occipitoanterior(LOA) - ကလေးနောက်စေ့က မိခင်၏ဆီးခုံရိုးဘက်သို့တစောင်းရှိပြီး မိခင်၏ဘယ်ဘက်အခြမ်းသို့မျက်နှာမူ
---> (1.2) Right occipitoanterior(ROA ) - ကလေးနောက်စေ့က မိခင်၏ဆီးခုံဆုံရိုးဘက်သို့တစောင်းရှိပြီး မိခင်၏ညာဘက်သို့မျက်နှာမူ
---> (1.3) Left occipitoposterior(LOP) - ကလေးနောက်စေ့က မိခင်၏တင်ပဆုံရိုးဆက်ဘက်သို့တစောင်းရှိပြီး မိခင်၏ဘယ်ဘက်သို့မျက်နှာမူ
---> (1.4) Right occipitoposterior(ROP) - ကလေးနောက်စေ့က မိခင်၏တင်ပဆုံရိုးဆက်ဘက်သို့တစောင်းရှိပြီး မိခင်၏ညာဘက်သို့မျက်နှာမူ
---> (1.5) Occipitoanterior - ကလေးနောက်စေ့က မိခင်၏ဆီးခုံရိုးတည့်တည့်တွင်တည်ရှိ
---> (1.6) Occipitoposterior - ကလေးနောက်စေ့က မိခင်၏တင်ပဆုံရိုးဆက်တည့်တည့်တွင်တည်ရှိ
---> (1.7) Left occipitotransverse(LOT) - ကလေးနောက်စေ့ မိခင်၏တင်ပဆုံရိုးခွေဘယ်ဘက်တွင်တည်ရှိ
---> (1.8) Right occipitotransverse(ROT) - ကလေးနောက်စေ့ မိခင်၏တင်ပဆုံရိုးခွေဘယ်ညာတွင်တည်ရှိ
(2) Breech presentation with longitudinal lie: မိခင်၏တင်ပဆုံရိုးအတွင်းထိုင်လျက်ဒေါင်လိုက်အနေအထားရှိခြင်း
---> (2.1) Left sacrum anterior (LSA) - ကလေးတင်ပါးက မိခင်၏ဆီးခုံရိုးဘက်သို့တစောင်းရှိပြီး မိခင်၏ဘယ်ဘက်အခြမ်းသို့မျက်နှာမူလျက်ထိုင်နေခြင်း
---> (2.2) Right sacrum anterior (RSA) - ကလေးတင်ပါးက မိခင်၏ဆီးခုံရိုးဘက်သို့တစောင်းရှိပြီး မိခင်၏ညာဘက်အခြမ်းသို့မျက်နှာမူလျက်ထိုင်နေခြင်း
---> (2.3) Left sacrum posterior (LSP) - ကလေးတင်ပါးက မိခင်၏တင်ပဆုံရိုးဆက်ဘက်သို့တစောင်းရှိပြီး မိခင်၏ဘယ်ဘက်အခြမ်းသို့မျက်နှာမူလျက်ထိုင်နေခြင်း
---> (2.4) Right sacrum posterior (RSP) - ကလေးတင်ပါးက မိခင်၏တင်ပဆုံရိုးဆက်ဘက်သို့တစောင်းရှိပြီး မိခင်၏ညာဘက်အခြမ်းသို့မျက်နှာမူလျက်ထိုင်နေခြင်း
---> (2.5) Sacrum anterior (SA) - ကလေးတင်ပါးက မိခင်၏ဆီးခုံရိုးတည့်တည့်တွင်တည်ရှိ
---> (2.6) Sacrum posterior (SP) - ကလေးတင်ပါးက မိခင်၏တင်ပဆုံရိုးဆက်တည့်တည့်တွင်တည်ရှိ
---> (2.7) Left Sacrolateral (LSL) - ကလေးတင်ပါးက မိခင်၏တင်ပဆုံရိုးခွေဘယ်ဘက်တည့်တည့်တွင်တည်ရှိ
---> (2.8) Right Sacrolateral (RSL) - ကလေးတင်ပါးက မိခင်၏တင်ပဆုံရိုးခွေညာဘက်တည့်တည့်တွင်တည်ရှိ
(3) Shoulder presentation / Tranverse presentation - သားအိမ်တွင်း ကန့်လန့်အနေအထား
Cord / Funic(ချက်ကြိုးအောက်ကျ)
Amniotic Fluid / Liquor - ရေမွှာရည်
---> Hydramnios (Excessive amount of liquor) - ရေမွှာရည်များ
---> Oligohydramnios (Decreased amount of liquor) - ရေမွှာရည်နည်း
Fetal Cardiatic activity - ကလေးနှလုံးခုန်မှု
S*x - လိင် (Male-ကျား / Female-မ)
Position of the Placenta - အချင်းအနေအထား
---> Anterior - သားအိမ်အရှေ့ဘက် ဝမ်းဗိုက်ဘက်ပိုင်း
---> Posterior - သားအိမ်အနောက်ဘက် ကျောဘက်ပိုင်း
---> Fundal - သားအိမ်အပေါ်ထိပ်
---> Right or Left lateral - သားအိမ်ဘယ် (သို့) ညာ ဘေးဘက်
---> Placenta Praevia - သားအိမ်အဝအောက်ဘက်ပိုင်း
Fetal Anomalies / fetal abnormality - သန္ဓေသားမှုမမှန်မူ
Maternal Organs - မိခင်ကိုယ်တွင်းအင်္ဂါများ
သန္ဓေသားစမြင်ရတဲ့အချိန်ကနေ ဦးခေါင်းနဲ့ကိုယ်လုံးသေချာမကွဲပြားချိန်အတွင်းမှာ Crown-rump length (CRL) - ဦးခေါင်းမှတင်ပါးအထိအလျားနဲ့ ဖော်ပြလေ့ရှိတယ်။ ဦးခေါင်းနဲ့ကိုယ်လုံးသေချာကွဲပြားပြီး လူလုံးပေါ်လာတဲ့အချိန်ကစလို့ တစိတ်တပိုင်းစီ တိုင်းထွာပြီး BPD, HC, AC, FLတွေနဲ့ ဖော်ပြပါတယ်။
--------------------------------------------
Ref --- Moth Lay
Crd..original uploader
အိမ်ထောင်ရှင်အမျိုးသမီးတိုင်းသိထားသင့်တဲ့
သုံးလခံတားဆေးအကြောင်း
သုံးလခံတားဆေးဟာကိုယ်ဝန်တားနိုင်တဲ့နည်းလမ်းများစွာထဲမှာမှထိရောက်မှုရှိပြီးလွယ်ကူရိုးရှင်းတဲ့နည်းလမ်းတခုပါ။ပါဝင်တဲ့ဆေးအမည်ကတော့ medroxyprogesterone acetate 150mg ဖြစ်ပါတယ်။
ဒီဆေးကိုသုံးလတခါ အသားဆေး အနေနဲ့ထိုးပေးရတာမို့သုံးလခံဆေးလို့ခေါ်ကြတာပါ။ဒီနည်းနဲ့စနစ်တကျ ကိုယ်ဝန်တားမယ် ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေ ၀.၃ ရာခိုင်နှုန်းသာရှိပါတယ်။
ဒီသုံးလခံတားဆေးရဲ့အားသာချက်နဲ့အားနည်းချက်
တွေကိုပြောပြပေးချင်ပါတယ်။
အားသာချက်များ
~~~~~~~~~~~
၁။ဆေးပုံမှန်သောက်နေစရာမလိုတဲ့အတွက် အလုပ်များတဲ့အိမ်ရှင်မတွေ၊ဆေးသောက်ရမှာ ပျင်းတဲ့သူတွေအတွက်အဆင်ပြေပါတယ်။
၂။hormone ပါတဲ့ထိုးဆေးဖြစ်လို့ သားအိမ်ပြင်ပနေရာလွဲသန္ဓတေည်ခြင်း၊သားဥအိမ်မှာ ရေအိတ်တည်ခြင်းတို့မှကာကွယ်ပေးပါတယ်။
၃။ရာသီထိမ်သွားစေတာကြောင့်ရာသီလာစဉ် ခံစားရတဲ့ဝေဒနာတွေကိုသက်သာစေနိုင်ပါတယ်။တစ်လတခါအလုပ်ရှုပ်နေရတာမျိုးမဖြစ်တော့ဘူးပေါ့။
၎။သားအိမ်အတွင်းကင်ဆာ endometrial cancer ဖြစ်နိုင်ချေကိုလျော့ကျစေနိုင်ပါတယ်။
၅။နို့တိုက်မိခင်တွေမှာ ကလေးမွေးပီး၄၅ရက် ဆိုလျှင်ဒီဆေးကိုစထိုးလို့ရနိုင်ပါပြီ။ကလေးကိုထိခိုက်မှုမဖြစ်စေပါဘူး။
အားနည်းချက်များ
~~~~~~~~~~~
-ရာသီထိမ်သွားမှာပါ။ဆေးကိုရပ်လိုက်ပြီးနောက်၆လကနေတစ်နှစ်ခန့်ကြာမှ ပုံမှန်ရာသီစက်ဝန်းပြန်ဖြစ်မှာပါ။
-ကိုယ်ဝန်ပြန်ရဖို့နောက်ကျနေတတ်ပါတယ်။
-ဆေးထိုးနေတဲ့အချိန်အတွင်းမှာ ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။
-အရိုးရဲ့သိပ်သည်းဆကိုလျော့ကျစေနိုင်ပါတယ်။
-ပုံမှန်ရာသီသွေးဆုံးချိန်ကိုသတိမထားမိတာ ဖြစ်တတ်ပါတယ်။
ဘယ်လိုသူတွေမှာမသုံးသင့်ဘူးလဲ?
-ဆီးချို၊သွေးတိုးနဲ့ နလုံးသွေးကြောကျဉ်း
ရောဂါရှိတဲ့သူတွေ
-Migrane ခေါ်ခေါင်းတခြမ်းကိုက်ရောဂါရှိတဲ့သူတွေ
-အသည်းရောင်အသားဝါရောဂါ (သို့) အသည်းခြောက်ရောဂါရှိသူတွေ
-ရင်သားကင်ဆာဖြစ်နေတဲ့သူတွေ
-စပျစ်သီးသန္ဓတေည်ရောဂါရှိသူတွေနဲ့
-SLE ခေါ်အရေပြားလေးဖက်နာရောဂါရှိသူတွေမှာ
ဒီဆေးကိုမသုံးသင့်ပါဘူး။ဒါ့အပြင်ဆယ်ကျော်သက်အရွယ် တွေမှာတော့ အခြားကိုယ်ဝန်တားတဲ့ နည်းလမ်းတွေနဲ့ မလုံလောက်မှသာဒီဆေးကိုအသုံးပြုသင့်ပါတယ်။
ကိုယ်ဝန်တားတဲ့နည်းလမ်းတွေတိုင်းမှာအကျိုးအပြစ်ကိုယ်စီရှိကြပါတယ်။မိမိနဲ့အသင့်တော်ဆုံးဖြစ်မဲ့ နည်းလမ်းကိုတတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီးစနစ်တကျရွေးချယ်ရမှာပါ။ရှက်နေစရာ မလိုပါဘူးနော်။ဒါမှသာမမျှော်လင့်ဘဲ ကိုယ်ဝန် ရသွားတာမျိုးတွေမဖြစ်တော့ပဲပိုပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ အ်ိမ်ထောင်ရှင်ဘဝကိုပိုင်ဆိုင်နိုင်မှာပါ။
Dr Zaw Naing Win
Pregabalin (ပရီဂါဘလင်)
------------------
အာရုံကြောပိလို့နာတာ (ခါးနာ၊ လည်ပင်းကျီးပေါင်း) မှာ အသုံးများသည့် ဆေးက
Gabapentin နဲ့ Pregabalin ပါ။
မနေ့က Gabapentin အကြောင်း ပြောပြီး၊ အခု Pregabalin အကြောင်းပြောပါမယ်။
အာရုံကြောနာကျင်မှုတွေက ပါရာစီတမော၊ NSAID တွေ နဲ့ လိုင်းမတူဘဲ အခုလို အာရုံကြော အနာသက်သာဆေး ပေးရတာ ရှိပါတယ်။
Pregabalin
----------------
အသုံးပြုနိုင်သောအခြေအနေများ
(၁) အတက်ရောဂါ
(၂) အာရုံကြောကြောင့် ဖြစ်သောနာကျင်မှု (သွေးချို၊ဆီးချိုရောဂါကြောင့် (သို့) ရေယုန်ရောဂါကြောင့် (သို့) အာရုံကြောညပ်ခြင်းကြောင့်)
(၃) အဖြေရှာမရသော ကြွက်သား နာကျင်ခြင်း
ဆေးညွှန်း -
(၁) အတက်ရောဂါ
တစ်နေ့လျှင် (150) မီလီဂရမ်ကို (2) ကြိမ် သို့မဟုတ် (3) ကြိမ်သောက်နိုင်သည်။ တစ်နေ့ (600) မီလီဂရမ်ထက် မကျော်ရပါ။
(၂) အာရုံကြောကြောင့်ဖြစ်သောနာကျင်မှု နှင့် (၃) အဖြေရှာမရကြွက်သားနာကျင်မှု
တစ်နေ့လျှင် (75) မီလီဂရမ်ကို (2) ကြိမ် သောက်နိုင်သည်၊ စုစုပေါင်း တစ်နေ့ (300) မီလီဂရမ်ထက်တော့ မကျော်ရပါ။
ဆရာဝန် ပြန်သွားပြရမည့်လက္ခဏာများ
- ဖျား + နုံး + ကြွက်သားနာကျင်မှု (သို့မဟုတ်)
- အမြင်နှစ်ထပ်၊ အမြင်ဝေဝါးမှု (သို့မဟုတ်)
- တကိုယ်လုံးဖောရောင်လာခြင်း (သို့မဟုတ်)
- အပြုအမူပြောင်းလဲလာခြင်း (စိတ်ကျရောဂါရှိသူများတွင် သေကြောင်းကြံစည်မှုနှင့် ဆက်စပ်မှုရှိနိုင်သည်)
သတိပြုရန်
အတက်ရောဂါရှိ၍ စွဲသောက်နေသူများတွင် ဆေးကို ရုတ်တရက်မရပ်ရ။ တစ်ပတ်အချိန်ယူပြီး ဖြည်းဖြည်းချင်း လျှော့ရမည်။
တအားအိပ်ချင်၊ ခေါင်းနောက်နိုင်၍ အခြားအိပ်ဆေးများနှင့် သတိထားသုံးသင့်သလို၊ ဆေးသောက်နေဆဲ ကာလအတွင်း အမြင့်တက်ခြင်း၊ ကားမောင်းခြင်း၊ စက်ယန္တရားကြီးများ ကိုင်တွယ်ခြင်း၊ အနားသွားခြင်း၊ အဖော်မပါဘဲ ရေစိမ်ခြင်း၊ ရေကူးခြင်းများ ဆင်ခြင်သင့်သည်။
ဘေးထွက်ဆိုးကျိုးများ 😖
[ဦးနှောက်နှင့်အာရုံကြော]
ခေါင်းနောက်ခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်တိုခြင်း၊ အာရုံစူးစိုက်မှုလျော့ရဲခြင်း၊ မှတ်ဉာဏ်မကောင်းခြင်း၊ ခြေလက်ထုံကျဉ်ခြင်း၊ အလိုလိုစိတ်ပျော်ခြင်း၊ စိတ်ရှုပ်ထွေးနေခြင်း၊ မျက်စိပြာခြင်း
[အစာအိမ်နှင့်အူလမ်းကြောင်း]
အာခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ လေပွခြင်း၊ ခံတွင်းကောင်းခြင်း၊ ဝမ်းသွားခြင်း
[အခြား]
ခြေလက်ဖောရောင်ခြင်း ၊ ကြွက်သား အားလျော့ခြင်း၊ နုံးခြင်း၊ ၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ လက်တုန်ခြင်း ဖြစ်တတ်ပါသည်။
ရှောင်ရန်
ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ နှင့် အသက် (၁၈) နှစ်အောက် လူငယ်များတွင် အချက်အလက်မပြည့်စုံသေး၍ အသုံးမပြုပါ။ (တိရစ္ဆာန်နှင့် စမ်းသပ်မှုတွင် သန္ဓေသားကို ထိခိုက်မှုရှိကြောင်းတော့ တွေ့ထားပါတယ်)
စျေးကွက်ထဲရှိဆေးအမည်များ
Lyrica, Pregabalin
Dr. Kevin
MBBS, MRCP (UK)
Ursodeoxycholic Acid
______________________
Dဆေးဟာ သည်းခြေကျောက်ပျော်စေတဲ့ ဆေးအမျိုးအစားဖြစ်ပီး သည်းခြေပြွန်ကျဥ်းလို့ဖြစ်တဲ့အသည်းခြောက်ရောဂါ သည်းခြေ
ပြွန်ရောင်တာနဲ့ သည်းခြေကျောက်တည်တာတွေမှာ
အသုံးပြုလေ့ရှိတယ်
ဘေးထွက်ဆိုးကျိုး
_________________
ပျို့ အန် ၀မြးလွှော ယားယံတာတာ
သတိပြုရန်
___________
Dဆေးကို သည်းခြေအိတ်ပုံမှန်အလုပ်လုပ်နိုင်ပီး ဓာတ်မှန်မှာမပေါ် မမြင်ရတဲ့ ကျောက်သေးသေးလေးတည်နေတဲ့ လူနာတွေသာ အသုံးပြုသင့်ပီး
သည်းခြေအိတ်မကောင်းတာ သည်ခြေအိတ်လုံး၀အလုပ်မလုပ်တာ သည်းခြေအိတ်ရောင်
တာ ဓာတ်မှန်မှာမြင်ရလောက်အောင် ကြီးတဲ့
သည်းခြေကျောက်တည်တဲ့လူနာ ကိုယ်၀န်ဆောင်နဲ့
အသည်းရောဂါရှိသူများ Dဆေးကို အသုံးမပြုသင့်
__________________________________________
နားလည်တတ်ကျွမ်းသူမပါ၀င်ပဲ Dဆေးကို မိမိသဘောနဲ့ မိမိ အသုံးမပြုသင့်
(ဗဟုသုတ အဖြစ်သာ)
Luma Lay
(ဗီတာမင် စီ)
ရေတွင်ပျော်ဝင်သော ဗီတာမင်တစ်မျိုးဖြစ်သည်။ တွယ်ဆက်တစ်ရှူးများကြံ့ခိုင်မှုနှင့် ဆဲလ်နံရံများတည်ဆောက်မှု အတွက် အရေးပါသည်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိလည်း ရှိသည်ဟုဆိုသည်။ ၎င်းဗီတာမင်ချို့တဲ့လျှင် စကာဗီဟုခေါ်သောရောဂါဖြစ်နိုင်သည်။ သွားဖုံးများရောင်ပြီး သွေးထွက် ခြင်း၊ အရေပြားပေါ်တွင် အနီစက်များပေါ် ခြင်း၊ အနာမကျက်ခြင်း၊ အရေပြားအောက်သွေးယိုထွက်ခြင်းတို့ဖြစ်တတ် ပါသည်။ မျက်မှောက်ခေတ်တွင် ၎င်းရောဂါမှာ မရှိသ လောက်ရှားပါးပါသည် ။
လူတစ်ယောက်အတွက် တစ်နေ့တာဗီတာမင် စီ လိုအပ်ချက် မှာ ၃၀မီလီဂရမ် (30mg) ဖြစ်သည်။ ၎င်းကြွယ်ဝသော အစားအစာများမှာ သံပရာ၊ လိမ္မော်၊ ရှောက်သီး၊ ကျွဲကော သီး ၊ ဆီးဖြူသီးနှင့် ဟင်းသီးဟင်းရွက်များဖြစ်သည်။
> အသုံး
စကာဗီရောဂါ ကုသရန်နှင့် ကာကွယ်ရန် အသုံးပြုသည်။ဗီတာမင် စီ သည် နှာစေး၊ ချောင်းဆိုး၊ အအေးမိခြင်းကို ကာကွယ်နိုင်သည်။ အနာကျက်မြန်စေသည့်ဟူသော အယူအဆ ဖြင့် အသုံးပြုကြသော်လည်း ၎င်းအယူအဆ မှန်ကန်ကြောင်းသက်သေ အထောက်အထား ခိုင်ခိုင် လုံလုံ မပြနိုင်
သေးပါ။
> ဆေးညွှန်းနှင့် အသုံးပြုပုံ
ဗီတာမင် စီ မချို့တဲ့အောင် တစ်နေ့လျှင် ၂၅-၇၅ မီလီဂရမ် (25-75 mg) သောက်ရသည် ။
စကာဗီရောဂါကုသရန် တစ်နေ့လျှင်အနည်းဆုံး ၂၅၀မီလီ ဂရမ် (250mg)ကို အကြိမ်ခွဲပေးနိုင်သည်။
> သတိပြုရန်
ဆေးချိန်များများ ရက်ကြာကြာ သောက်လျှင်ကျောက်ကပ် ထိခိုက်နိုင်သည် ဟုဆိုသည်။
> ဆေးအပြစ်များ
ထူးထူးထွေထွေ မရှိပါ။ ဆေးချိန်များများ သောက်လျှင် ကျောက်ကပ်တွင် ကျောက်တည်နိုင်သည်ဟု ဆိုပါသည်။
> ဝယ်ယူရရှိနိုင်သော ဆေးအမည်အချို့
Appeton Vitamin C, Cece, Ceelin, Cevit,
Chewies Vitamin C, CMyvita C, C-Vion, Nat C,
Orange C 500 mg, Sunlife Vitamin C,
Vita C, Vitacee, Vitamedine C, Vitamex C.
#မှတ်ချက်
ဖော်ပြပါအချက်အလက်များသည် လိုအပ်ချက်များရှိနိုင်ပါသည်။ ဆေးဝါးများကို အသုံးပြုရာတွင် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။ အားလုံး ရောဂါဘယတွေကင်းဝေးကြပြီး ကျန်းမာကြပါစေ။
#ဆေးဝါးအသုံပြုနည်းလမ်းညွှန်
Loratidine (လိုရာတီဒင်း)
အာနိသင်ရှည်ကြာပြီးအိပ်ငိုက်ခြင်း အာခြောက်ခြင်း စသည့်ဆေးအပြစ်များမရှိဟုဆိုသောဟစ်စ်တမင်တုံ့ပြန်ဆေးသစ်ဖြစ်သည်။
အသုံး
ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သောနှာပိတ်ခြင်း နှာချေခြင်း နှာရည်ယိုခြင်း နှာခေါင်းထဲ၌ယားယံခြင်း မျက်စိယားခြင်း မျက်စိပူစပ်ပူလောင်ဖြစ်ခြင်း အင်ပျဥ်ထွက်ခြင်းတို့တွင်အသုံးပြုသည်။ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သောအရေပြာရေားဂါအမျိုးမျိုးတွင်ယားယံခြင်းသက်သာစေရန် အသုံးပြုသည်။
ဆေးညွှန်းနှင့်အသုံးပြုပုံ
လူကြီးနှင့်အသက်ဆယ်နှစ်နှစ်ထက်ကလေးများတစ်နေ့လျှင်၁၀မီလီဂရမ် ဆေးတစိပြားသာသောက်ရန်လိုအပ်သည်။
သတိပြုရန်
မိခင်နိ့ရည်တွင်ဆေးပါဝင်လာနိုင်သဖြင့် နို့တိုက်မိခင်များမသောက်သင့်ပါ။
ဆေးအပြစ်များ
နုံးခြင်း ပျို့ခြင်း ခေါင်းကိုက်ခြင်း တစ်ခါတစ်ရံဖြစ်တတ်ပါသည်
# ဆေးဝါးအကြောင်းသိကောင်းစရာ #
(အိုမီပရာဇော)
အစာအိမ်နံရံဆဲလ်များ၏ ဟိုက်ဒြိုကလိုရစ်အက်ဆစ်ထုတ်လုပ်မှုကိုဟန့်တားသော ဆေးဖြစ်သည်။
> အသုံး
အစာအိမ်မှ အစာရေမျိုသို့ အစာခြေရည်ပြန်ဆန်တက် ရောဂါအတွက် ပထမဦးစားပေး ဆေးတစ်မျိုးဖြစ်သည်။ အစာရေမျို အစာအိမ်အူသိမ်ဦးပိုင်းမှန်ပြောင်းကြည့်ပြီးတွေ့ရှိရသည့် အစာခြေရည်လောင်သွားသော အနာဖြစ်နေသော ကျဉ်းနေသော အစာရေမျိုရောင်ရောဂါအတွက် ပြန် မဖြစ်အောင်ထိန်းထားရန် ကြာရှည်စွာအသုံးပြုလေ့ရှိသည်။
အစာအိမ်ရည်နာဖြစ်စေသော အူသိမ်ဦးပိုင်းအစာခြေရည်နာ တို့တွင်ကာလတိုအသုံးပြုသည်။
အစာခြေရည်နာဖြစ်စေသော ဟယ်လီကိုဘက်တာပိုင်လော် ရီ ဘက်တီးရီးယားအမြစ်ပြတ်ချေမှုန်းရန် ပဋိဇီဝဆေးများနှင့် တွဲဖက်အသုံးပြုသည်။
အင်အက်စ်အေအိုင်ဒီခေါ် စတီးရွိုက် မဟုတ်သောအရောင် လျော့ဆေးကြောင့်ဖြစ်သော အစာအိမ်နာနှင့် အူသိမ်ဦးပိုင်းမှာကာကွယ်ရန်နှင့် ကုသရန်အသုံးပြုနိုင်သည်။
ဇိုလင်ဂါအယ်လီဆင်လက္ခဏာစု ဟုခေါ်သော အစာခြေရည် အထွက်များ၍ဖြစ်သည့် ရှားပါးသောရောဂါတစ်မျိုးအတွက် သုံးနိုင်သည်ဟုဆိုပါသည် ။
> ဆေးညွှန်းနှင့် အသုံးပြုပုံ
စားဆေး ၂၀မီလီဂရမ် (20mg)တစ်နေ့တစ်ကြိမ် သို့မဟုတ်
နှစ်ကြိမ် အူသိမ်ဦးပိုင်းနာအတွက် လေးပတ်၊ အစာအိမ်နာ အတွက်ရှစ်ပတ် ပေးရသည်။ ပြန်မဖြစ်အောင် ၂၀မီလီဂရမ်(20mg) တစ်နေ့တစ်ကြိမ် ဆက်ပြီးသောက် နိုင်သည်။
အင်အက်စ်အေအိုင်ဒီကြောင့်ဖြစ်သော အစာအိမ်နာနှင့် အူ သိမ်ဦးပိုင်းနာအတွက် ၂၀မီလီဂရမ်(20mg) တစ်နေ့ တစ်ကြိမ် လေးပတ်၊ ရှင်းရှင်းမပျောက်သေးလျှင်နောက်ထပ် လေးပတ် သောက်ရပါမည်။ အင်အက်စ်အေအိုင်ဒီ ကိုဆက်သောက်ရန်လိုအပ်သည်ဆိုပါက ကာကွယ်ရန် ၂၀မီလီဂရမ် တစ်နေ့ တစ်ကြိမ် ဆက်သောက်နိုင်သည်။
ဟယ်လီကိုဘက်တာပိုင်လော်ရီ အမြစ်ပြတ်ချေမှုန်းရန် အိုမီ ပရာဇော ၂၀မီလီဂရမ် တစ်နေ့နှစ်ကြိမ်၊ အမောက်ဆီစလင် ၁ဂရမ် (1000mg) တစ်နေ့နှစ်ကြိမ်၊ ကလယ်ရီသရိုမိုင်စင် ၅၀၀ မီလီဂရမ် (500mg) တစ်နေ့နှစ်ကြိမ် တစ်ပတ် သို့မဟုတ် နှစ်ပတ် သောက်ရသည်။
အခြားတစ်နည်းမှာ အိုမီပရာဇော ၂၀မီလီဂရမ် (20mg)
တစ်နေ့နှစ်ကြိမ်၊ အမောက်ဆီစလင် ၅၀၀ မီလီဂရမ် (500mg) တစ်နေ့သုံးကြိမ်၊ မက်ထရိုနီဒါဇော ၄၀၀ မီလီ ဂရမ် (400mg) တစ်နေ့သုံးကြိမ် တစ်ပတ် သို့မဟုတ် နှစ်ပတ်သောက်ရသည်။
နောက်တစ်နည်းမှာ အိုမီပရာဇော ၂၀မီလီဂရမ် တစ်နေ့ နှစ်ကြိမ်၊ ကလယ်ရီသရိုမိုင်စင် ၅၀၀မီလီဂရမ် တစ်နေ့ နှစ်ကြိမ် ၊ မက်ထရိုနီဒါဇော ၄၀၀မီလီဂရမ် တစ်နေ့ နှစ်ကြိမ်တစ်ပတ် သို့မဟုတ် နှစ်ပတ်သောက်ရသည် ။
အစာအိမ်မှ အစာရည်မျိုသို့ အစာခြေရည် ပြန်ဆန်တက်ရောဂါအတွက် ၂၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ်၊ လေးပတ်၊ ရှင်းရှင်းမပျောက်သေးလျှင် နောက်ထပ်လေးပတ် သို့မဟုတ် ရှစ်ပတ်သောက်ရပါသည်။
ဇိုလင်ဂါ၊ အယ်လီဆင်လက္ခဏာစု အတွက် ၆၀မီလီဂရမ် တစ်နေ့တစ်ကြိမ် စပေးသည်။ ထို့နောက် ၂၀-၁၂၀ မီလီဂရမ် အတွင်းဆေးကိုချိန်ဆ ပေးရသည်။ တစ်နေ့အတွက် ၈၀ မီလီဂရမ် နှင့်အထက်ပေးရန် လိုအပ်လျှင် နှစ်ကြိမ် ခွဲပေးသင့်သည်။
အစာခြေအက်ဆစ် အထွက်များ၍ဖြစ်သော ရင်ပြည့် ရင် ကယ်ခြင်းအတွက် ၁၀-၂၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ် ၂-၄ ပတ် ရောဂါသက်သာသည်အထိ သောက်နိုင်သည်။
ထိုးဆေးလည်းရှိသည်။ အစာခြေရည်နာကြောင့် အစာလမ်းကြောင်း သွေးယိုထွက်ခြင်း၊ သုံးလေ့ရှိသည်။ ၄၀မီလီ ဂရမ် တစ်နေ့ ၁-၃ကြိမ် အကြောဆေးအဖြစ်ထိုးရသည်။
> သတိပြုရန်
ဆေးကို ဝါးမစားရပါ။ ရေဖြင့်မျိုချရပါမည်။ အသည်းရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရသူများ တစ်နေ့ ၂၀မီလီဂရမ် ထက်ပိုမသောက်သင့်ပါဟုဆိုသည်။
ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များအတွက် စိတ်ချရသည် ဟူသော အာမခံချက်မရှိပါ။ ကလေးငယ်များအတွက် ဆေးရုံပေါ်တွင်သာ သတိထားသုံးသင့်သည်။
နာတာရှည်အစာခြေရည်နာများကို ကင်ဆာမဟုတ်ကြောင်း သေချာအောင် အစာအိမ်မှန်ပြောင်း ကြည့်ခြင်း၊ အသားစယူခြင်းတို့ ပြုလုပ်သင့်ပါသည်။
သို့မဟုတ်ပါက ဤဆေးဖြင့် ရောဂါလက္ခဏာများကို ဖုံးကွယ်ထားသလိုဖြစ်ပြီး ကင်ဆာမှန်းသိသည့်အချိန်တွင် ကုသရန် အလွန်နောက်ကျသွားတတ်ပါသည်။
> ဆေးအပြစ်များ
ပျို့ ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ရင်ကယ်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းတို့ဖြစ်တတ်ပါသည်။ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ အာခြောက်ခြင်း၊ အိပ်ငိုက် ခြင်း၊ အိပ်မပျော်ခြင်း၊ မျက်စိပြာခြင်း၊ ယားယံခြင်း၊ အဖု အ ပိမ့်ထွက်ခြင်းတို့ ဖြစ်နိုင်ပါသည်။
ခြေလက်ထုံကျဉ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ယောကျ်ားများ နို့စူ လာခြင်းတို့လည်း ဖြစ်နိုင်ပါသည်။
> ရှောင်ရန်
ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ ရှောင်သင့်ပါသည်။
> ဝယ်ယူရရှိနိုင်သော ဆေးအမည်အချို့
Apdiz, Cezol, Gizol, Locid, Lomac, Lomit, Losec, Ocid, Omac-20, Omax, Omecelo, Omecil-20, Omedin, Omepo, Omepraz, Omeprazole, Omepren, Omeprez, Omeprol, Omeroz, Ometab, Omez, Omezol, Omezole, Omicap, Omizac, Omzol, Potoloc, Pylobact (တီနီဒါဇော၊ ကလယ်ရီသရိုမိုင်စင်တို့နှင့် တွဲ၍), Seclo, Sumicef, Zep, Zerocid, Zfcid, Zolcer, Zosec, Omedom (With Domperidone), Omeper (With Domperidone).
#မှတ်ချက်
ဖော်ပြပါအချက်အလက်များသည် လိုအပ်ချက်များရှိနိုင်ပါသည်။ ဆေးဝါးများကို အသုံးပြုရာတွင် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။ အားလုံး ရောဂါဘယတွေ ကင်းဝေးကြပြီး ကျန်းမာကြပါစေ။
#ဆေးဝါးအသုံပြုနည်းလမ်းညွှန်