New Future.tv

New Future.tv

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New Future.tv, Health/Beauty, .

18/10/2021

💥💥 လူလတ်ပိုင်းအရွယ်မှာ ဆံပင်ကျွတ်ခြင်း (အသက် ၄၀-၅၀ နှစ်) 💥
📅 လူလတ်ပိုင်းအရွယ်ဝင်လာပြီး ဘဝရဲ့ ဒုတိယအရွယ်ရောက်လာပြီဆိုရင် ခန္တာကိုယ်က ပျက်စီး စပြုလာမယ်၊ ဟော်မုန်းတွေ ကျဆင်းလာမယ်၊ အသက်အရွယ်အိုမင်းလာခြင်းကို ရင်ဆိုင်ရမယ်၊ ရောဂါတွေဝင်လာမယ်၊ ဆံပင်တွေအရောင်ပြောင်းစပြုလာမယ်၊ တစ်နှစ်ပြီးတစ်နှစ် ဆံပင်တွေ ပါးလာမယ်၊
👏 OHIP HAIR SPRAY - ကိုရီးယားနိုင်ငံကထုတ်လုပ်တဲ့ ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးတဲ့ အန္တရာယ်အကင်းဆုံးနဲ့ ထိရောက်မှုအရှိဆုံး ပစ္စည်း
✅ ဆံပင်ကျွတ်ခြင်းကို ထိထိရောက်ရောက်လျော့ချပေးတယ်
✅ ဆံပင်သန်ခြင်းကို အရှိန်မြှင့်ပေးတယ်
✅ ဆံပင်ရဲ့အမြစ်ကနေစပြီး ကုသပေးတယ်
✅ ဆံပင်ဖြူနှေးစေတယ်
👉 ကမ်းလှမ်းချက်တွေရယူဖို့ ဒီမှာဆက်သွယ်ပါ။ https://www.newfuture.website/myanmar


~ရုက္ခဗေဒအမည် -Elettaria cardamomum
~ မျိုးရင်း - Zingiberaceae
~ မြန်မာအမည် - ဖာလာငယ်၊ ဖာလာဖြူ
~English Name - Lesser Cardamon
~ ပါဠိအမည် - ဧလာ
• မြန်မာနိင်ငံ ပူပြင်းစွတ်စိုသော တောင်
ပေါ်ဒေသရှိ သဘာဝအရိပ်ရသော တောင်
ကြား လျှိုမြှောင်ကုန်းစောင်းများတွင် ပေါက်
ရောက်သည်၊ အမြင့်ပေ ၂၅၀၀ မှ ၄၀၀၀ တွင် အကောင်းဆုံး ပေါက်ရောက်ပါသည်။
• စိုက်ပျိုးပင် အမျိုးအစားဖြစ်ပြီး အသုံးပြုသည့် အစိတ်အပိုင်းအဖြစ် ဖာလာစေ့ကို သုံးကြပါသည်။
• ( ဖာလာစေ့၏ အရသာ၊ အကျိုးသွားနှင့်
အာနိသင်တို့မှာ ) .....
• ဖာလာစေ့သည် အေးခါးအရသာ ရှိသည်၊
အနည်းငယ် ပူစပ်သည်၊ မွှေးသည်၊ ဦးခေါင်းကိုစင်ကြယ်စေသည်၊ လေကိုနိင်သည်၊ ဆီးပူ၊ ဆီးနည်း၊ ချောင်းဆိုး၊ ပန်းနာ၊ မြင်းသရိုက်၊ လည်ချောင်းနာခြင်းနှင့်၊ ကျောက်တည်စေသော ဆီးအိမ်၌ ဖြစ်သော ရောဂါများကို သက်သာပျောက်ကင်း စေပါသည်၊ သွေးလေချုပ်ခြင်း၊ ချွေးမထွက်ခြင်း၊ မူးဝေခြင်းတို့ကို သက်သာ ပျောက်က
င်းစေသည်၊ ခံတွင်းနံ့ကောင်းစေခြင်း၊ လေပူ၊ ချွဲပူ တို့ကိုပယ်ပျောက်စေသည်၊ သွေးအညှိ
ဓာတ်၊ သလိပ်ပုပ်ကို ချေဖျက်နိုင်သည်။
~ ဆေးဖက်အသုံးပြုပုံ
~ ဖာလာစေ့ ၃ စေ့ကို မနက်/ ည ၂ ကြိမ်စားပေးပါကခေါင်းကိုက်ရောဂါပျောက်ကင်း
စေသည်။
~ ဖာလာစေ့ကို လှော်၍ အမှုန့်ပြုလုပ်ပါ ၃ ခွက် ၁ ခွက်တင် ကျိုချက်တိုက်ကျွေးပါက ဆီးပူရောဂါကို ပျောက်ကင်းစေပါသည်။
~ ဖာလာစေ့နှင့် ပိတ်ချင်းသီးမြစ်တို့ကို ဆတူယူ၍ အမှုန့်ပြုလုပ်ပါ ၎င်းနောက် ထောပတ်ဖြင့်ရောပါ တခါစားလက်ဖက်ရည်ဇွန်း ၁ဇွန်းစားပေးပါက နှလုံးရောဂါ ပျောက်ကင်းစေသည်၊ သည်း​
ခြေဆေး၊ နှလုံး၊ ဦးနှောက်ဆိုင်ရာ ဆေးများ
ကို ဖာလာမျိုး ၅ ပါးဖြင့် ဖော်စပ်ကြသည်။
~ မီးယပ်ငုပ်ခြင်း၊ ထိမ်ကျန်ခြင်း၊ မီးယပ်
သွေးဆုံးနာများအတွက် ဖေါ်စပ်သောဆေးများတွင် ဖာလာကို ထည့်သွင်း အသုံးပြုပါသည်။
~ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ လည်ချောင်းနာခြင်း ရောဂါများတွင် ပတဲကော၊ ချင်း၊ ဖာလာစေ့ကိုကြိတ်၍ ပျားရည်
နှင့်ရောပြီး လျက်ပေးရပါသည်။
~ ကိုယ်ဝန်နုစဥ်ကာလတွင် ပျို့ခြင်းနှင့် အန်ခြင်းတို့အတွက် ဖာလာစေ့ကို တနေ့ ၃ ကြိမ်မှ ၄ ကြိမ်ထိ ဝါးစားပေးပါ။
~ ဖာလာငယ်စေ့ကို ညက်စွာကြိတ်၍ နှာ
ရှုပေးသော် ချေဆတ်စေ၍ ခေါင်းကိုက်ရော
ဂါကို ပျောက်ကင်းစေသည်။
~ ဆီးပူရောဂါအတွက် ဖာလာစေ့ကို လှော်
၍ သကြားနှင့်ဆတူ ရောစားပေးပါကပျောက်ကင်းစေပါသည်။
~ ဖာလာငယ်စေ့ကို သခွားစေ့ဖြင့် ဆတူအမှုန့်ပြုလုပ်ပြီး စားပေးပါက ကျောက်ကပ်
နှင့် ဆီးအိမ်၌ ကျောက်တည်ခြင်းအတွက်အထူးကောင်းမွန်ပြီး ကျောက်များ တဖြည်းဖြည်းခြင်း ကွဲကြေ၍ ကျဆင်းစေပါသည်။
~ အားလုံး ကျန်းမာကြပါစေ။
Crd
ဆေးမေတ္တာ တိုင်းရင်းဆေး

Photos from New Future.tv's post 18/10/2021

••• တောရဲယိုသီး
မြန်မာ့ဆေးဖက်ဝင် နီးပါးဆေးပင် ခေါ် တောရဲယိုပင်
Item name - Morinda နီးပါးဆေးပင် ခေါ် တောရဲယိုပင်
Category. - Raw material
Botany term - Morinda angustifolia roxb
Species family - Rubiaceae
ပေါက်ရောက်ရာဒေသ - မြန်မာနိုင်ငံ အပူပိုင်းဒေသနင့် ပဲခူးရိုးမ တောင်ခြေများအတွင်း အများအပြားပေါက်ရောက်သည် - ဘဘာဝအလျောက် ပေါက်သည်။
အရွက် အသီး အမြစ် ပဉ္စငါးပါး အသုံးဝင်သည်။ မြန်မာ့ဆေးကျမ်းများအလိုအရ နီးပါးသည် ဝဖြိုးစေ၏
အဖျားကို ပယ်တတ်၏ မီးယပ်ကိုမှန်စေ၏ သွေးဝမ်း. ရိုးရိုး ဝမ်းသက်ခြင်းတို့၌ များစွာ အကျိုးရှိ၏ အသက်ကို ရှည်စေတတ်၏။
•အပင်၏.. အခေါက်မှာ မှာ - အဝါရောင် ဖြစ်ပြီး အတွင်းခေါက်မှာ နီဝါရောင် ရှိသည်။
အရွက် ..အရွက်မှာ ရွက်လွဲထွက်သည် ဘဲဥပုံရှိ၍ အဖျားချွန်သည်။
ရဲယိုရွက်နှင့်တူသည် , သို့သော် အနည်းငယ်သေးသည် , ရွက်ပြားပေါ်တွင် အမွှေးနု
ကလေးများရှိသည်။
ရွက်ရင်းတွင် ရွက်စွယ်ရှိသည်။
အရွက် အသုံး ပြုပုံ ..
၁ - အရွက်ကိုကြိတ်၍ အနာပေါ်တွင်အုံပေးပါက အနာနုလျှင် ပိန်၍ ရင့်လျှင်ပြည် ပေါက်၍ ပျောက်စေ၏ ။
၂ - ကလေးများ သွေးဝမ်းသွားလျှင် အရွက်ကို ပြုတ်ပြီး မုန်ညင်းစေ့နဲ့ရော ၍ တိုက်ပါ။
၃ - အကြောထုံး အကြောတင်း. အဆစ်အဆက်ရောင်ခြင်း နာကျင်ခြင်းတို့အတွက် ..အရွက် (သို့) အခေါက်ကို ကြိတ်၍ ရသောအရည်ဖြင့် နာကျဉ်သည့်နေရာများပေါ်
လိမ်းပေးက ပျောက်ကင်း၏။
အပွင့် ...အဖြူရောင်ရှိသည် မွှေး၏ တန်ခူးလမှ ဝါဆိုလ အတွင်းပွင့်၏။
အသီး ...ရဲယိုသီး အငယ်နဲ့တူသည်. လုံးဝိုင်းသည် အသားထူသည်။
တန်ခူးလမှ ဝါဆိုလအတွင်း သီး၏ ။
အသီး အသုံးပြုပုံ ...
၁ - အသီးကို မီးဖုတ်၍ ဆားသင့်တော်ရုံထည့်ကြိတ်ပြီး သွားတိုက်ဆေးအဖြစ်အသုံးပြုပါက သွားနဲ့ သွားဖုံးများကို ခိုင်ခန့်စေသည်။
၂ - အနာမှ သွေးစိမ်းယိုသောအခါတွင် ၄င်း အသီးခြောက်မူန့်ကို သိပ်ပေးကပျောက်၏။
အမြစ် - အမြစ်ကို ဝမ်းနုတ်ဆေးအဖြစ် ဖော်စပ်အသုံးပြု၏ ။
ဆေးမေတ္တာ တိုင်းရင်းဆေး

Photos from New Future.tv's post 18/10/2021

နီပါးဆေးပင် (တောရဲယို)သည် Rubiaceae မျိုးရင်းတွင် ပါဝင်သည်။ အင်္ဂလိပ်ဘာသာဖြင့် Aal သို့မဟုတ် Indian Mulberry ဟု ခေါ်ကြပြီးအပွင့်ပွင့်သည့် အပင်မျိုးဖြစ်သည်။
Morinda tinctoria Roxb, မျိုးရိုးခွဲခြားခြင်း ...
အခေါက်အဝါရောင်ရှိ ၏ ။ အတွင်းခေါက် နီဝါရောင် ရှိသည်။
အရွက်
ရွက်လွှဲထွက်သည်။ဘဲဥပုံ ရှိ၍ အဖျားချွန်သည်။ ရဲယိုရွက် နှင့်တူသည်။ သို့သော်အနည်းငယ် သေး သည်။ ရွက်ပြားပေါ် တွင် အမွေးနု ကလေးများ ရှိသည်။ ရွက်ရင်းတွင် ရွက်စွယ်ရှိ သည်။
အပွင့်
အဖြူရောင် ရှိ၏ ။ မွှေး၏ ။ တန်ခူးလ မှ ဝါဆိုလ အတွင်းပွင့် ၏။
အသီး
ရဲယိုသီး အငယ်နှင့် တူသည်။ လုံးဝိုင်းသည်။ အသားထူ သည်။ တန်ခူးလ မှ ဝါဆိုလ အတွင်းသီး ၏။
တွေ့နိုင်သောနေရာများ
မြန်မာနိုင်ငံ အပူပိုင်း ဒေသနှင့် ပဲခူး ရိုးမ တောင်ခြေ များ အတွင်း အများ အပြား ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ အာနိသင်
မြန်မာဆေးကျမ်းများအလိုအရ နီပါးဆေးသည် ဝဖြိုးစေ၏ ၊ အဖျားကို ပယ်တတ်၏ ၊ မီးယပ်ကို မှန်စေ၏။ သွေးဝမ်း ၊ ရိုးရိုးဝမ်း သက်ခြင်းတို့ ၌ များစွာ အကျိုးရှိ၏။ အသက်ကို ရှည်စေ တတ်၏။
အရွက်
အရွက်ကို ကြိတ်၍ အနာ ပေါ်တွင် အုံပေးပါ ကအနာ နုလျှင်ပိန် ပြီးရင့်လျှင် ပြည်ပေါက်၍ ပျောက်စေ၏။ အရွက်ကို ပြုတ်သောက်လျှင် မုန်ညင်းစေ့ နှင့် ရောသောက်၍ ကလေးများ သွေးဝမ်း သွားသော်တိုက်ရ၏။ အရွက်ပြုတ် ရည်ကို မုန်ညင်းစေ့ နှင့် ရော၍ကလေးများ သွေးဝမ်းသွားသော် တိုက်ရ၏။ အရွက်သို့မဟုတ် အခေါက်ကို ကြိတ် ၍ရသော အရည်ဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်အဆက်ရောင်ခြင်း ၊ နာကျင်ခြင်း ဖြစ်သော နေရာများပေါ် တွင် လိမ်းပေးပါ က ပျောက်ကင်း၏။
အသီး
အသီးကို မီးဖုတ်၍ ဆားသင့်တော်ရုံထည့်ကြိတ် ပြီးသွားတိုက် ဆေးအဖြစ်သုံးပါက သွားနှင့်သွား ဖုံးများကို ခိုင်ခံ့စေ၏။ အနာမှ သွေးစိမ်းယို သောအခါ တွင်၎င်းအ သီးခြောက်မှုန့် ကို သိပ်ပေးက ပျောက်၏ ။
အမြစ်
အမြစ်ကို ဝမ်းနုတ်ဆေး အဖြစ်ဖော်စပ်အသုံး ပြု၏ ။

18/10/2021

သံပုရာသီးအစွမ်း
မိုးရာသီသည် သံပုရာသီးပေါသည့်ကာလဖြစ်သည်။
သို့ဖြစ်၍ သံပုရာသီးနင့်တိုင်းရင်းဆေးအကြောင်း အနည်းငယ်တင်ပြလိုသည်။
၁) - သံပုရာသီးအစေ့ကို သင့်လျော်အောင်ထောင်း၍ခေါင်းကိုက်ရာအုံပြီး
စောင်ခြုံအိပ်ရင် သက်သာလာမည်။
၂) - ဆံပင်ပြောင်နေပါက အစေ့ကိုသွေးလိမ်းပါ
၃ ) - အဆိပ်မိပါက သံပုရာသီးအစေ့ ၇ စေ့စားပါ
၄ ) - သံပုရာရွက်ကိုကျိုသောက်က အဖျားရောဂါပျောက်သည်။
၅ ) - သွားကိုက်ပါက အရွက်ကိုကျို ငုံသောက်ပါ။
၆ ) - သံစူးပါက အရွက်ညှစ်အရည်နင့်လိမ်းသိပ့်ပေးပါ ။
၇ ) - အကြောအဆစ် အကိုက်အခဲရှိပါက အမြစ်ပြုတ်ရည်သောက်ပေးပါ ။
၈ ) - သံပုရာခေါက်ကို ကျိုသောက်ပါက ဝလာလိမ့်မည်။
၉ ) - အစာမကြေရင်ပြည့် ဗိုက်ကယ်ပါက အရွက်နင့် ငရုပ်သီးနိုင်နိုင်သုပ်စားပါ ။
၁၀ ) - မြွေကိုက်ပါက သံပုရာနဲ့ ကနခိုဆံလိမ်းပေးပါ
၁၁ ) - ကင်းကိုက်ပါက သံပုရာရည်လိမ်းပေးပါ။
၁၂ ) - ပန်းနာရင်ကျပ်ပျောက်နည်း
အာနီဖားပြုတ်ကိုနုတ်နုတ်စင်း နေပြင်းပြင်းမှာ အခြောက်လှန်း သံပုရာသီးနဲ့နယ်လှန်းပြီး
အိုးထဲမှာ ထည့်ပိတ်ဖွဲမီးနဲ့ဖုတ်ပြီးမှ တဖန်ပျားရည်နဲ့ဆတူသောက်ပါ

18/10/2021

ခွေးသေးပန်းပင် ဆေးဘက်ဝင်ခြင်း
ဆေးဘက်ဝင် အပင်တမျိုးဖြစ်သည်။
ရှေးနှစ်ပေါင်းများစွာကပင် စိုးရိမ်ကြောင့်ကြမူများ လျော့ချခြင်း အိပ်ပျော်စေရန်အတွက်နှင့် အစာမကျေခြင်း
များအတွက် အသုံးပြုခဲ့ကြသည် ။
ကိုယ်ခံစွမ်းအားဆိုင်ရာ ဝေဒနာများတွင် အသုံးပြုခဲကြသည် ။
ခွေးသေးပန်းပင် သည်ပူဒီနာအမျိုးအနွယ်ဝင်ဖြစ်သည်။စိတ်တည်ငြိမ်မူကို ပေးစွမ်းနိုင်သည်။
ခွေးသေးပန်းပင်၏ မူရင်းဇာတိမှာ ဥရောပမှ ဖြစ်ပြီး ကမ္ဘာ့အနှံအပြးတွင် ပေါက်ရောက်သည်။
ဆေးဘက်ဝင်အပင်များ စိုက်ပျိုးရာနေရာများတွင် ပေါက် ပါက ပျားများကိုစွဲဆောင်ကာ အခြားသောဥယျာဉ်အတွင်းရှိ အပင်များကို ဝတ်မူန်ကူးရာတွင် အထောက်အကူဖြစ်စေသည် ။
အပင်မှာ ၂ပေခန့်ရှိပြီး အဖြူ ပြာရောင်ဖျော့ဖျော့ ပန်းပွင့်ကလေးများ ပွင့်ပြီး အရွက်သည် စူးရှသော အနံ့ အရသာ ရှိသည်။
အရွက်မှ ထွက်သည့် စူးရှသည့်အနံ့ကို အင်းဆက်ပိုးများ မနှစ်သက်ကြပေ ။
ရှေးဂရိ နဲ့ ရောမလူမျိုးများသည် ပျားနဲ့ အင်းဆက်ပိုး ကိုက်ခြင်းတို့တွင် အသုံးပြုခဲ့ကြသည်။
ခြင်နဲ့ အခြားသော အင်းဆက်နိုင်ဆေးများတွင် ထည့်သွင်း ဖော်စပ်ကြသည်။
အရွက်မှ ထုတ်ယူ ရရှိသောအဆီကို အိပ်မပျော် မျက်စိကြောင်ခြင်း စိတ်လူပ်ရှား ကြောက်ရွံ့မူတို့ လျော့
ချရန် အသုံးပြုကြသည်။
Caffeic acid and rosmarinic အင်တီအောက်ဆီဒင် ကြွယ်ဝစွာ ပါဝင်သည် ။
နာကျင်ကိုက်ခဲခြင်းနဲ့ ရောင်ရမ်းခြင်းကို သက်သာအောင် ပြုလုပ်ပေးနိုင်သော သဘာဝ ဓာတ်တမျိုးဖြစ်သည့်
Eugenol ပါဝင်သည် ။
ထို ဓာတ်တွင် ထူးခြားသော ဘက်တီးရီးယားနှင့် ဗိုင်းရပ်များကို ဆန့်ကျင့် တိုက်ထုတ်ပေးနိင် အစွမ်းသတ္တိရှိသည် ။
နှင်းခူ နာကြောင့် ဖြစ်တတ်သော အသားအရေ ရောင်ရမ်းခြင်းနှင့် ယားယံခြင်းကို လျော့ချပေးနိုင်သည် ။
လည်ပင်းနာခြင်း ရေယုံနဲ့ ပါးချိတ်ရောင်နာတို့တွင် အသုံး ပြုနိုင်ပါသည် ။
👆အထက် ဝေဒနာများအတွက် အရွက် ဆေးအသုံးပြုအသုံးပြုနည် း
👉အရွက်ကို ရေနွေးပူပူတွင် လက်ဖက်ခြောက် ခပ်သကဲ့သိူ့ ၃ ရွက်ခန့်အသုံးပြု သောက်သုံးနိုင်သည် ။ တနေ့လျှင် ၃ ကြိမ်အထိ မှာ တကြိမ်သောက်လျှင် ၁.၅ဂရမ်မှ ၃.၅ ဂရမ်အထိ သောက်သုံးနိုင်သည် ။
👉အရွက် သတ္တုရည်ကို သောက်သုံးလိုလျှင် စတီးဇွန်း ၁ ဇွန်းခန့် သောက်နိုင်သည်။
👉ထိပ်ကပ်နာနဲ့ ခွေးသေးပန်းပင်
ခွေးသေးပန်းရွက် ရေစင်အောင်ဆေး ထောင်းပြီးရရှိသည့်အရည် ၃စက်ခန့် ကို တနေ့ ၂ ကြိမ် ထည့်ရှူပေးပါ။
ခွေးသေးပန်းရွက် ပြုတ်ရည် အငွေ့ကိုရှူပေးခြင်း ထိပ်ကပ်နာဆေးအဖြစ် အသုံးပြုနိုင်သည်။
ကိုယ်ဝန်ရှိသူများနှင့့် နို့တိုက်မိခင် ပမာဏများစွာ မသုံးသင့်ပေ ။
👉 ခွေးသေးပန်းရွက်နဲ့ ချောင်းဆိုးပျောက်ဆေး
👉 ချောင်းဆိုလျှင် ခွေးသေးပန်း ရွက် ကြိတ်ရည် စတီးဇွန်း ၁ ဇွန်း အရည်ထဲ ဆားအနည်းငယ်ထည့် သောက်ခြင်းဖြင့် သက်သာပျောက်ကသ်းစေသည် ။