The Next Tech - TNT

The Next Tech - TNT

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Next Tech - TNT, Information Technology Company, .

Photos from The Next Tech - TNT's post 06/09/2024

ဇွန်လ ၂၀၂၄ ကနေ စတင်ခဲ့တဲ့ Samsung Innovation Campus 2024 အတွက် AI Comprehensive Training ကို နာရီ (၄၀) ကြာ အခမဲ့တက်ရောက်ခွင့်ရခဲ့တဲ့ လူငယ်များအတွက် သင်တန်းပြီးဆုံးကြောင်း Certificate များပေးအပ်ခဲ့ပြီး AI Hackathon ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ခဲ့။
Samsung နဲ့အတူ အိပ်မက်များကို ထုဆစ်ပုံဖော်ခွင့်ရမယ့် Galaxy Campus Friends Winner (၅)ဦးကို ရွေးချယ်ခဲ့ပြီး ဆုချီးမြှင့်ခဲ့။
ပိုမိုပေါ့ပါးလာပြီး ထိရုံနဲ့ပွင့်မယ့် Side Fingerprint ပါဝင်တဲ့ “ပေါ့ပါးထိပွင့် Galaxy A06” ဖုန်းအသစ်ကို မြန်မာနိုင်ငံအတွက် မိတ်ဆက်ပေးခဲ့။

စက်တင်ဘာလ (၄) ရက်၊ ၂၀၂၄ ခုနှစ်၊ ရန်ကုန်၊ မြန်မာ - Samsung Myanmar မှ မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးလျက်ရှိတဲ့ Samsung Innovation Campus 2024 (AI Hackathon) အစီအစဉ် နဲ့ Galaxy Campus Friends 2.0 အစီအစဉ်တို့ကနေ အနိုင်ရရှိသူလူငယ်များ ပေါ်ထွက်လာခဲ့ပြီပဲဖြစ်ပါတယ်။ အနိုင်ရရှိသူများကို ရွေးချယ်ကြေငြာပြီး ဆုချီးမြှင့်ပေးအပ်တဲ့အခမ်းအနားကြီးကိုတော့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့က ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ထိရုံနဲ့ မြန်ဆန်စွာပွင့်တဲ့ Side Fingerprint နဲ့ လုံခြုံရေးအပိုင်းကို အဆင့်မြှင့်ပေးထားသလို ပိုမိုပေါ့ပါးလာတဲ့ “ပေါ့ပါးထိပွင့် Galaxy A06” ဖုန်းအသစ်ကိုပါ မြန်မာနိုင်ငံစျေးကွက်အတွက် မိတ်ဆက်ပေးခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကြီးကို Galaxy Campus Friends 2.0 အစီအစဉ်မှာ ပါဝင်အားဖြည့်ပေးခဲ့တဲ့ Professional Content Creators တွေဖြစ်တဲ့ Ko Kyant (Toly Moly)၊ Phyo Pa Pa Aung (Phyopapa Blogs)၊ Samsung Innovation Campus 2024 (AI Hackathon) ရဲ့ မိတ်ဖက်အဖွဲ့အစည်းများ၊ Judges များ၊ Mentors များ၊ အဆိုပါအစီအစဉ်များမှာ ပါဝင်ခဲ့ကြတဲ့ လူငယ်များ၊ စာနယ်ဇင်းမိတ်ဆွေများ၊ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်များနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်တွေနဲ့ အောင်မြင်စွာကျင်းပနိုင်ခဲ့တာပဲဖြစ်ပါတယ်။

AI ကို စိတ်ဝင်စားသူ လူငယ်တွေအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်တဲ့ Samsung Innovation Campus 2024 (AI Hackathon) အစီအစဉ်ကို ပါဝင်ခွင့်ရဖို့ စာရင်းပေးသွင်းသူ အယောက် (၆၀၀) ကျော်အထိ ရှိခဲ့တာဖြစ်ပြီး အရွေးချယ်ခံရလူ လူငယ်အယောက် (၅၀) ဟာ စာသင်ချိန် နာရီ ၄၀ ကြာ အခမဲ့ AI Comprehensive Training ကို တက်ရောက်ခွင့်ရခဲ့ကြတာပါ။ Training ပြီးဆုံးချိန်မှာတော့ AI Hackathon ပြိုင်ပွဲကြီးမှာ အဖွဲ့ပေါင်း ၁၁ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ကြပြီး AI နည်းပညာ အသုံးပြုကာ အစားအသောက်၊ အလှအပ၊ ပညာရေး အစရှိတဲ့ ကဏ္ဍပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံမှာ ပတ်ဝန်းကျင်နဲ့ လူမှု့အဖွဲ့အစည်းအတွက် အထောက်အကူဖြစ်စေမယ့် Apps၊ Projects များကို အကြိတ်အနယ် ဖန်တီးယှဉ်ပြိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

AI Hackathon ပြိုင်ပွဲကြီးမှာ (၃) ရက်ဆက်တိုက် ယှဉ်ပြိုင်မှုအပြီးမှာတော့ Samsung Myanmar ကနေ ပေးအပ်ချီးမြင့်တဲ့ Prize Pool ကျပ်သိန်း (၆၀) ကျော် တန်ဖိုးရှိ ဆုများကို အောက်ပါအဖွဲ့များက ရရှိသွားခဲ့တာပါ။
IT Pout Sa အဖွဲ့က သစ်သီးဝလံတွေ လတ်ဆတ်မှုရှိမရှိ AI Model နဲ့ ဖော်ပြပေးမယ့် Freshify Project နဲ့ ပထမဆု ကျပ်သိန်း (၃၀) ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
IntelliGuides အဖွဲ့ကတော့ Public Health and Safety ကို တိုးတက်စေပြီး Human-to-human Interaction ကို လျှော့ချပေးနိုင်မယ့် Food Delivery Project နဲ့ ဒုတိယဆု ကျပ် သိန်း (၂၀) ရယူနိုင်ခဲ့တာဖြစ်ပြီး၊
Neepanyar Pouthpaw အဖွဲ့က ကျန်းမာရေးနဲ့ ညီညွတ်ပြီး အထောက်အကူဖြစ်စေမယ့် Healthy Foods အကြံပေးနိုင်မယ့် Sarrmal (Food Recommender and Calorie Analyzer) Project နဲ့ တတိယဆု ကျပ် (၁၀) သိန်းတို့ကို အသီးသီး ရရှိခဲ့ကြပါတယ်။

ပထမဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ IT Pout Sa အဖွဲ့က “Winner ဆုကို ရတဲ့အတွက် အတိုင်းမသိဝမ်းသာရပြီးတော့ ဒီလိုမျိုးပွဲကိုကျင်းပပေးတဲ့ Samsung နဲ့ အဖက်ဖက်ကနေ ပွဲတစ်လျှောက်လုံး Supportပေးခဲ့တဲ့ Organizers၊ Instructors၊ Mentors နဲ့ Judgesတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ Ideas တွေကို မျှဝေနိုင်ခဲ့ပြီးတော့ ဒီလိုဆုကိုပါရရှိနိုင်ခဲ့လို့လည်း အားရပီတိဖြစ်ပါတယ်။ နောက်နောင်မှာလည်း AI နည်းပညာနဲ့ ဒီလို Systemတွေ ဖန်တီးပြီးတော့ SDGs တွေနဲ့ Community Development မှာ ဆက်လက်ပါဝင်သွားပါမယ်။” လို့ ပြောပါတယ်။

“အခုလို 1st Runner Up ကို ရရှိခဲ့လို့ တော်တော်လေး ဝမ်းသာမိပါတယ်။ ကျွန်တော်တို့လို လူငယ်တွေကို အခွင့်လမ်းတွေပေးပြီး Career Development ကို အထောက်ကူဖြစ်အောင် အဓိက ကူညီပံ့ပိုးပေးခဲ့တဲ့ Samsung၊ Myanmar Cyber Youth နဲ့ Tee Htwin တို့နဲ့အတူ Judges တွေ၊ Mentors တွေ နဲ့ အဘက်ဘက်က ကူညီပံ့ပိုးပေးခဲ့တဲ့ သူတွေအားလုံးကို အထူး ကျေးဇူးတင်မိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း Team Member တွေနဲ့အတူ AIကို အသုံးပြုပြီး လူသားတွေကို အကျိုးပြုစေမယ့် နည်းပညာတွေကို အကောင်းဆုံး ဆက်လက်ပြီးလုပ်ဆောင်ပေးသွားပါဦးမယ်” လို့ IntelliGuides အဖွဲ့ကလည်း ပြောပါတယ်။

“Experience တွေအများကြီးရခဲ့သလို Skills တွေလည်းတိုးစေတဲ့ ပွဲမှာ ပါဝင်ခွင့်ရခဲ့ပြီး အဖွဲ့သားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဆုရခဲ့ပါတယ်။ နေ့မနား ညမနားကြိုးစားခဲ့ကြတဲ့ အသင်းသားတွေရော ပွဲဖြစ်မြောက်အောင် ကြိုးစားအားထုတ်သူတွေအားလုံးတိုင်းကို အထူးကျေးဇူးတင်မိပါတယ်။ ရှေ့ဆက်ပြီးလည်း ဒီလိုမျိုး program တွေမှာပါ၀င်ကာ AI ကိုအသုံးချပြီး လူသားအကျိုးပြုနည်းပညာတွေကို ဆက်လက်ကြိုးစားလုပ်ဆောင်သွားပါမယ်ဆိုတာကိုလည်း ပြောပြချင်ပါတယ်။” လို့ Neepanyar Pouthpaw အဖွဲ့ကလည်း သူတို့ရဲ့ ရင်တွင်းစကားကို မျှဝေခဲ့ပါတယ်။

Samsung Innovation Campus 2024 (AI Hackathon) အစီအစဉ်ကြီးကို Samsung Myanmar နဲ့အတူ Myanmar Cyber Youths နဲ့ Tee Htwin - CSR တို့ က Lead Organization and Partner အဖြစ် ပါဝင်အားဖြည့်ကာ (၃) လကြာ ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ပါဝင်ခွင့်ရသူ လူငယ်များ အတွက် စွမ်းဆောင်ရည်များပိုမိုကောင်းမွန်စေခဲ့သလို၊ အခွင့်အလမ်းနဲ့ အတွေ့အကြုံကောင်းများကို ဖန်တီးပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Galaxy Campus Friends 2.0 အစီအစဉ်ကိုတော့ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှာပါ ပြုလုပ်ပေးလျက်ရှိတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ဒုတိယအကြိမ် အနေနဲ့ ကျင်းပနိုင်ခဲ့တာပါ။ “Open Your Universe” ခေါင်းစဉ်နဲ့ မိမိ အိပ်မက်တွေကို ချပြရင်း ပြိုင်ပွဲအစီအစဉ်အဆင့်ဆင့်ကို ပါဝင်ခဲ့ကြတဲ့ လူငယ်များထဲကနေ နောက်ဆုံးအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ Winner (၅) ဦး ထွက်ပေါ်ခဲ့ပါတယ်။ Creative Content ကောင်းတွေဖန်တီးပြီး မိမိ Idea ကို ကောင်းမွန်စွာချပြရင်း လူအများနှစ်သတ်အားပေးမှု Voting များကိုရရှိအောင် ကြိုးစားနိုင်ခဲ့တဲ့ အနိုင်ရရှိသူများကတော့ လင်းထက်အောင်၊ ကောင်းခန့်ကျော်၊ သီရိထက်ထက်ဦး၊ ရွှန်းရတီ နဲ့ ထွဋ်အိန္ဒြေအောင် (Emilie) တို့ပဲဖြစ်ပါတယ်။

Galaxy Campus Friends 2.0 အစီအစဉ်မှာ အနိုင်ရရှိခဲ့သူ လူငယ် (၅) ဦးက မိမိခံယူချက်နဲ့ အားပေးစကားများကိုလည်း အောက်ပါအတိုင်း မျှဝေပေးခဲ့ကြပါသေးတယ်။
“ကိုယ့်အိမ်မက်တွေကို အကောင်ထည်ဖော်ဖို့ အစွမ်းကုန်ကြိုးစားပါ။ အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမှာတွေကို မကြောက်ပါနဲ့။” လို့ လင်းထက်အောင် ကပြောပြခဲ့ပြီး၊
"ဘာပဲလုပ်လုပ် လက်မလျော့လိုက်ပါနဲ့။ ဆက်လုပ်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဘာတွေဖြစ်နေနေ လုပ်စရာရှိတာကို ဆက်လုပ်ပြီး ကိုယ့်ရဲ့ ပန်းတိုင်ကို အကောင်ထည်ဖော်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားခဲ့ပါတယ်။” လို့ ကောင်းခန့်ကျော် ကလည်း မျှဝေပေးခဲ့ပါတယ်။
သီရိထက်ထက်ဦးကတော့ “ကိုယ့်ကိုကိုယုံကြည်မှုရှိပြီး မလျှော့တဲ့ဇွဲနဲ့ ကြိုးစားရင် ဘာမဆိုအောင်မြင်နိုင်တာမို့ Dream big, work hard and embrace the journey. This Win presents the power of Hard work and Passion လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
“ရည်မှန်းချက်ဆိုတာ တစ်ခုတည်းထားစရာမလိုအပ်ပါဘူး။ ကိုယ်ရည်မှန်းထားတဲ့အရာတွေဆီ ဇွဲမလျှော့ပဲ ရဲရဲဝံ့ဝံ့လျှောက်လှမ်းလိုက်ပါ တစ်ချိန်ချိန်မှာတော့ အောင်မြင်မှုတွေဆီ အရောက်လှမ်းနိုင်ကြမှာပါ။” လို့ ရွှန်းရတီ က မျှဝေပေးခဲ့ပြီး၊
ထွဋ်အိန္ဒြေအောင် (Emilie) ကတော့ “Content creator ကောင်းကောင်း တစ်ယောက်ဖြစ်ချင်တဲ့ ညီမအတွက် အထောက်အကူ ဖြစ်စေမဲ့ Samsung Galaxy Campus Friends 2.0 Program ရဲ့ Campus Ambassador တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ဘဝရဲ့ ပျော်ရွှင်စရာ မှတ်တိုင် တစ်ခုလို့လည်း သတ်မှတ်လို့ရပါတယ်။ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ content တွေကို လေ့လာဖန်တီးချင်ပါတယ်။ ဒီ program ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ Samsung Galaxy Campus MM ကို ကျေးဇူးတင်ပါတယ်။“ လို့ ကျေးဇူးတင်စကားကို ပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ်။

အခုလို Galaxy Campus Friends 2.0 အစီအစဉ်မှာ အနိုင်ရရှိနိုင်ဖို့ ပထမအဆင့် ယှဉ်ပြိုင်မှုကနေ ဆန်ကာတင် အယောက် (၂၀) ရွေးချယ်မှုထဲ ပါဝင်နိုင်ဖို့ကြိုးစားခဲ့ရတာပါ။ အဲ့ဒီနောက်မှာတော့ Professional Content Creator တွေ ဖြစ်တဲ့ Ko Kyant (Toly Moly)၊ Phyo Pa Pa Aung (Phyopapa Blogs) နဲ့ Lwin Gyi (Do Something Plz) တို့ရဲ့ Workshop session နဲ့ Interview အစီအစဥ်တို့ကို တက်ရောက်ခွင့်ရခဲ့တာဖြစ်ပြီး နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုမှာ အရွေးချယ်ခံရဖို့ အားသွန်ခွန်စိုက်ကြိုးစားခဲ့ကြရတာပါ။

ဆုပေးပွဲအခမ်းအနားကြီးမှာတော့ Galaxy Campus Friends 2.0 မှာ အနိုင်ရရှိခဲ့သူ လူငယ် (၅) ဦးကို Samsung Galaxy A35 ဖုန်း (၁) လုံး၊ Galaxy Campus Friend Winner Certificates၊ Collaboration Fees အနေနဲ့ ၁ လလျှင် ၂သိန်းကျပ်ဖြင့် (၃)လတိတိ Samsung နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခွင့် တို့ကို ပေးအပ်ခဲ့တာဖြစ်ပြီး နောက်ထပ်လည်း Samsung ရဲ့ exclusive events တွေကို တက်ရောက်ခွင့် စတဲ့ အထူးအခွင့်အရေးတွေ ရရှိသွားမှာဖြစ်ပါတယ်။

စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များစွားနဲ့ ကျင်းပခဲ့တဲ့ အဆိုပါအခမ်းအနားကြီးမှာ ဆုပေးပွဲအစီအစဉ်များနဲ့အတူ နောက်ဆုံးပေါ် “ပေါ့ပါးထိပွင့် Galaxy A06” စမတ်ဖုန်းအသစ်ကိုလည်း မြန်မာနိုင်ငံစျေးကွက်အတွက် မိတ်ဆက်ပေးခဲ့ပါသေးတယ်။ ပိုမိုပေါ့ပါးကျစ်လစ်လာတဲ့အပြင် ထိရုံနဲ့ အမြန်ဆုံးပွင့်စေမယ့် Side Fingerprint တို့နဲ့ လုံခြုံရေးအပိုင်းကို အဓိက အဆင့်မြင့်တင်ပေးထားတဲ့ Galaxy A06 မှာ မျက်နှာပြင်အကျယ် ၆.၇”၊ နောက်ကင်မရာ 50 MP၊ 5,000 mAh Battery နဲ့ Helio G85 Processor စတဲ့ စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်တွေပါ ပါဝင်လာတာပဲဖြစ်ပါတယ်။ Galaxy A06 ကို ပိုမိုပါးလွှာတဲ့ ဒီဇိုင်း၊ စွဲဆောင်မှုအပြည့်နဲ့ Light Green, Light Blue နဲ့ Black စတဲ့ ရွေးချယ်စရာ အရောင်တွေနဲ့အတူ အောက်ပါစျေးနှုန်းတွေနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။
Galaxy A06 LTE (6/128 GB) - ၈၂၉,၀၀၀ ကျပ်
Galaxy A06 LTE (4/128 GB) - ၇၃၉,၀၀၀ ကျပ်
Galaxy A06 LTE (4/64 GB) - ၅၈၅,၀၀၀ ကျပ်

Galaxy A06 စမတ်ဖုန်း ကို ဝယ်ယူအားပေးသူတွေအနေနဲ့ Fast Charger, Phone Cover နဲ့ Earphone တွေကို ပစ္စည်းလက်ကျန်ရှိတဲ့အထိ ထပ်တိုးလက်ဆောင်အနေနဲ့ ရရှိနိုင်မယ့်အပြင် Samsung Care+ ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခ + ပစ္စည်းတန်ဖိုး 100% သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခ + ပစ္စည်းတန်ဖိုး 60% သက်သာခွင့် တွေကို ဝယ်ယူတဲ့နေ့မှ ၁ နှစ်အတွင်း ၁ ကြိမ် ခံစားခွင့်ရရှိနိုင်မှာပါ။ Samsung Galaxy J Series နဲ့ ၂၀၂၂ ကနေ အခုအချိန်အထိ ထွက်ရှိထားတဲ့ Galaxy A Series စမတ်ဖုန်း ကိုင်ဆောင်ထားသူတွေအနေနဲ့လည်း ဖုန်းအဟောင်းနဲ့ Trade in လုပ်ပြီး Galaxy A06 ကိုဝယ်ယူမယ်ဆိုရင် ဖုန်းအဟောင်းတန်ဖိုးအပြင် Trade in Discount အဖြစ် ငွေကျပ် ၇၀,၀၀၀ ကို ရရှိနိုင်ဦးမှာပါ။

“မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးလိုတဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးခဲ့တဲ့ Samsung Innovation Campus 2024 – AI Hackathon အစီအစဉ်နဲ့ Galaxy Campus Friends 2.0 အစီအစဉ်တွေကို အောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီအစီအစဉ်တွေမှာ ပါဝင်ခဲ့တဲ့ လူငယ်တိုင်းအတွက် အတွေ့အကြုံကောင်းတွေ ပေးနိုင်ခဲ့လို့ ပီတိဖြစ်မိသလို ဆုရရှိသူတွေကို မြင်ရတဲ့အချိန်မှာလည်း အပျော်တွေကူးဆက်ရပါတယ်။ Samsung Myanmar အနေနဲ့ အခုလို လူထုအတွက် အကျိုးပြုတဲ့ အစီအစဉ်ကောင်းတွေကို ပိုပြီးလုပ်ဆောင်နိုင်အောင် ကြိုးပမ်းသွားပါဦးမယ်။ အသစ်မိတ်ဆက်လိုက်တဲ့ Galaxy A06 စမတ်ဖုန်းမှာလည်း Samsung ချစ်သူတွေ အသုံးဝင်ပြီး ကြိုက်နှစ်သက်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်တဲ့အတွက် အသုံးပြုသူတွေရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ပိုမိုလွယ်ကူအောင် ကူညီပံ့ပိုးပေးသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်တဲ့ ကို တင်မောင်ဝင်းက ပြောပါတယ်။

အခုလို Samsung Myanmar ကနေ ယူဆောင်လာပေးနေတဲ့ အစီအစဉ်ကောင်းများအကြောင်းနဲ့ Samsung Myanmar ရဲ့ ထုတ်ကုန်များအကြောင်းကို အချိန်နဲ့တပြေးညီ သိရှိလိုရင်တော့ Samsung Myanmar page မှာကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

--

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးညဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေးစနစ်များနှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED Solution များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာ သိရှိုနိုင်ရန်နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများနှင့် သတင်းထုတ်ပြန်ချက်များကို သိရှိနိုင်ရန်အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။

Photos from The Next Tech - TNT's post 31/08/2024

Samsung Innovation Campus & Galaxy Campus Friend Program 2.0, featuring the launching of Galaxy A06.

Photos from The Next Tech - TNT's post 29/08/2024

မြန်မာနိုင်ငံဈေးကွက်တွင် OPPO Reno12 5G ကို ၂,၄၉၉,၉၀၀ ကျပ် ဖြင့် လည်းကောင်း၊ OPPO Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း ဝယ်ယူနိုင်ပြီဖြစ်ပြီး ဩဂုတ် ၂၅ ရက်နေ့ မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ Pre-Order စတင်မှာယူရင်း 20,000mAh Power Bank အပါအဝင် အထူးခံစားခွင့်တွေပါရှိတဲ့ လက်ဆောင်များ ရယူနိုင်ပြီ။



For More Reno 12 Series Event Photos - Reno 12 Series Event Photo များ ပိုမိုရယူလိုပါက -https://drive.google.com/drive/folders/1JHg84fN5_Fh2RJmIUCp2jGkDeSeva_dr?usp=drive_link



၂၇ ၊ ဩဂုတ် ၊ ၂၀၂၄ ၊ ရန်ကုန် ။ ။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO က "Your First AI Phone" ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ လူတိုင်းအလွယ်တကူ အသုံးပြု‌နိုင်မဲ့ Flagship Level ရှိ အဆင့်မြင့် AI လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ OPPO Reno12 Series ကို ဩဂုတ်လ ၂၄ ရက်နေ့က Official Launch အနေနဲ့ မြန်မာနိုင်ငံဈေးကွက်မှာ OPPO Reno12 5G ကို ၂,၄၉၉,၉၀၀ ကျပ် ဖြင့်လည်းကောင်း ၊ OPPO Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း တရားဝင် စတင် မိတ်ဆက်ခဲ့ပါတယ်။ OPPO Reno12 Series မှာ OPPO Reno12 5G နှင့် OPPO Reno12 F ဆိုပြီး ကွဲပြားဆန်းသစ်တဲ့ ဒီဇိုင်းအမျိုးအစား နှစ်မျိုး နဲ့ ထုတ်ကုန် နှစ်မျိုး ထွက်ရှိလာပြီး OPPO Reno12 မှာ Astro Silver နဲ့ Matte Brown ၊ OPPO Reno12 F မှာဆိုရင် Amber Orange နဲ့ Matte Grey ဆိုပြီး ကိုယ်စီ အရောင်နှစ်မျိုးစီနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ OPPO Reno12 Series Official Launch Event မှာတော့ OPPO မိသားစုဝင် အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော် Lu Hpring ၊ ဧငြိမ်းဖြူ ၊ ရှိန်းတင်ထူး ၊ Lara Devora ၊ ပြည်ညိမ်းဟန် နဲ့ Rian တို့ တက်ရောက်ခဲ့ကြပြီး OPPO Reno12 Series ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ ဆွေးနွေးပြောပြခဲ့ကြကာ ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်တွေနဲ့အတူ ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။



တိကျပြတ်သားတဲ့ ဖယ်ရှားချက်တွေနဲ့ အသေးစိတ်တဲ့ ခေတ်မီ AI Eraser 2.0

Reno Series တွေတိုင်းက Portrait နဲ့ ပတ်သက်လို့ နာမည်ကျော်ကြားတယ်ဆိုပေမဲ့ ဒီတစ်ခေါက် Reno12 Series မှာတော့ သုံးစွဲသူတွေအတွက် ခေတ်မီတိုးတက်နေတဲ့ နောက်ဆုံးပေါ် AI နည်းပညာတွေကို နေ့စဉ် ဘဝတွေမှာ အလွယ်ကူဆုံး စမ်းသပ်အသုံးပြုစေနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ Flagship Level အဆင့်ရှိ AI လုပ်ဆောင်ချက်တွေကို Reno12 Series မှာ ထည့်သွင်းမိတ်ဆက်လာတာဖြစ်ပါတယ်။ အဲဒီထဲမှာမှ Reno12 5G အတွက်ဆိုရင် ဓာတ်ပုံ ရိုက်ကူးမှုတွေကို အထူးထောက်ပံ့ပေးနိုင်သလို ဓာတ်ပုံထဲမှာ ပါဝင်နေတဲ့ ၊ ကိုယ်မလိုချင်တဲ့ လူ၊ အားလုံးကို One-Click Auto-recognition နဲ့အတူ တစ်ချက်တည်းနှိပ်လိုက်ရုံနဲ့ ဖယ်ရှားပေးနိုင်တဲ့ AI Eraser 2.0 ပါရှိလာတာဖြစ်ပါတယ်။ AI Eraser 2.0 ဟာ လူတွေကို ဖယ်ရှားနိုင်ရုံသာမက အရာဝတ္ထုတွေကိုပါ အသေးစိတ်ကျကျ အရှင်းလင်းဆုံး ဖယ်ထုတ်ပေးနိုင်တဲ့ ခေတ်မီ AI လုပ်ဆောင်ချက်တစ်ခု အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။



အချိန်တိုအတွင်း ကြိုက်နှစ်သက်ရာ ဒီဇိုင်းမျိုးစုံကို ဘေးကင်းစွာ ဖန်တီးနိုင်မဲ့ AI Studio

လူကြီးမင်းတို့ ဘဝမှာ ဓာတ်ပုံတစ်ပုံကို အသုံးပြုလိုက်ရုံနဲ့ သိန်းပေါင်းများစွာသော ပုံစံမျိုးစုံ ၊ ဒီဇိုင်းမျိုးစုံ ကို အချိန်တို အတွင်း ဖန်တီးနိုင်မဲ့ အိတ်ဆောင် ဓာတ်ပုံစတူဒီယို တစ်ခုကို Reno12 Series မှ ယူဆောင်လာပြီဖြစ်ပါတယ်။ OPPO Reno12 Series မှာ ပါဝင်တဲ့ AI Studio က တခြားသော ပြင်ပ Application တွေ နဲ့ မတူတဲ့အပြင် မိမိရဲ့ ပုံတစ်ပုံတည်းကို သုံးပြီး မိမိကြိုက်နှစ်သက်ရာ ဒီဂျစ်တယ် ပုံစံတွေနဲ့ အနုပညာဆန်ဆန် လက်ရာဖန်တီးမှု ဒီဇိုင်းပေါင်းများစွာကို ပြောင်းလဲပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါတင်သာမက မိမိရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ပေါက်ကြားမှု လုံးဝမဖြစ်စေရန် ထိန်းချုပ်ပေးသွားမှာလဲ ဖြစ်တာကြောင့် AI Studio ကို စိတ်ချလက်ချ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။



လူငယ်၊ ကျောင်းသားတွေနဲ့ လုပ်ငန်းခွင်ဝင်ရောက်နေသူတွေအတွက် အထူးသင့်လျော်တဲ့ AI Toolbox

ဒီတစ်ခေါက် OPPO Reno12 Series မှာဆိုရင် လုပ်ငန်းခွင်ဝင်နေတဲ့ လူငယ်တွေအတွက် အစည်းအဝေးအတွက် အသံသွင်းယူထားတဲ့ ဖုန်းခေါ်ဆိုမှုတွေ ၊ အစည်းအဝေးအတွင်း ပြောကြားထားသမျှ အကြောင်းအရာတွေ အားလုံးအတွက် အသံပြန်လည်ဖမ်းယူထားရုံနဲ့ အကြောင်းအရာအကျဉ်းချုပ်ကို အချိန်တိုအတွင်း ထိထိမိမိ ပြန်လည် အတိုချုပ်ပေးကာ စာဖြင့် နားလည်စေအောင် အကျဉ်းချုံ့ဖော်ပြပေးနိုင်မဲ့ AI Recording Summary လုပ်ဆောင်ချက်ကို လူတိုင်း အလွယ်တကူ နဲ့ နေ့စဉ်ဘဝမှာ အသုံးပြုနိုင်စေဖို့ ၊ အသုံးဝင်စေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖန်တီး ထည့်သွင်းထားတာ ဖြစ်ပါတယ်။

နေ့စဉ်ဘဝမှာ အသုံးတည့်တဲ့ AI Recording Summary လုပ်ဆောင်ချက်အပြင် ကျောင်းသားကျောင်းသူတွေနဲ့ လူငယ်တွေအတွက် အထူးသင့်တော်တဲ့ AI Toolbox လုပ်ဆောင်ချက်ပါ ထပ်မံ ပါရှိလာပါတယ်။ AI Toolbox ရဲ့ လုပ်ဆောင်ချက်အနေနဲ့ အချက် ၃ ချက် ပါရှိလာပြီး AI Speak , AI Summary နဲ့ AI Writer ဆိုပြီး အမျိုးအစား ၃ မျိုးခွဲထားတာဖြစ်ပါတယ်။

ကျောင်းသားကျောင်းသူများအတွက် အထူးသင့်တော်စေပြီး အကြောင်းအရာ အရှည်ကြီးတွေနဲ့ စာအရှည်ကြီးတွေကို အတိုချုပ် ချုံ့ပေးနိုင်တာကြောင့် အချိန်ကုန်သက်သာစေပြီး နားလည်မှု လွယ်ကူစေရန် အထောက်အကူပြုတာကတော့ AI Toolbox ထဲက AI Summary ဖြစ်ပါတယ်။

AI Toolbox ထဲက AI Speak ဆိုတာကတော့ ခုနက အတိုချုပ်ထားတဲ့ အကြောင်းအရာကို မိမိကိုယ်တိုင် ဖတ်နေစရာမလိုတော့ဘဲ မိမိကို ပြန်လည်ဖတ်ပြနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါတင်သာမက ဖတ်ပြတဲ့ အသံကို ကိုယ်ကြိုက်နှစ်သက်ရာအဖြစ် အမျိုးသား အသံနှင့် အမျိုးသမီးအသံ ဆိုပြီး မိမိကြိုက်နှစ်သက်ရာ အသံနဲ့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

AI Summary နဲ့ AI Speak တို့အပြင် ကိုယ်လိုချင်တဲ့အကြောင်းအရာကို ကြိုက်နှစ်သက်ရာ ပုံစံမျိုးစုံ စာပြန်လည်စီကာ ရေးထုတ်ပေးမဲ့ AI Toolbox ထဲက AI Writer လဲ ထပ်မံပါရှိလာပါတယ်။



အဖွဲ့လိုက်ဓာတ်ပုံတွေတိုင်းကို ဖျက်ဆီးတတ်တဲ့ အနှောင့်အယှက်ကို ပြုပြင်ပြောင်းလဲပေးနိုင်မဲ့ AI Best Face

အသစ်အသစ်သော တီထွင်ဖန်တီးနိုင်မှုတွေပါရှိတဲ့ ဓာတ်ပုံပြုပြင်ခြင်းကိရိယာတွေကို ပိုမိုထူးခြားစေတာကတော့ OPPO Reno12 5G မှာ ပါရှိလာတဲ့ AI Best Face လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ အဖွဲ့လိုက် ဓာတ်ပုံတွေရိုက်ကြတဲ့အခါ တစ်စုံတစ်ယောက်က ရုတ်တရက်ဆိုသလို အခြေအနေအကြောင်းကြောင်းကြောင့် မျက်လုံးပိတ်သွားတတ်ပါတယ်။ ဒါကြောင့် အဖွဲ့လိုက်ပုံတွေရိုက်တဲ့အခါ ထပ်ခေါက်ထပ်ခါ ထပ်တလဲလဲ ပြန်လည်ရိုက်ကူးရတာ၊ ဒါမှမဟုတ် ဒီလိုမျက်လုံးမှိတ်သွားတဲ့အတွက် ရိုက်ကူးခဲ့ရတဲ့ အမှတ်တရပုံရိပ်တွေကို ဖျက်လိုက်ရတာမျိုး မဖြစ်ရလေအောင် AI Best Face က မျိုးဆက်သစ် GenAI နည်းပညာကို အသုံးပြုကာ ဓာတ်ပုံတွေထဲမှာ မျက်လုံးပိတ်နေတတ်တဲ့လူတွေကို အလိုအလျောက် သတ်မှတ်ပြီး မျက်လုံးပြန်လည်ဖွင့်ပေးဖို့အတွက် လုပ်ဆောင်ပေးမှာ ဖြစ်တာကြောင့် အဖွဲ့လိုက် ဓာတ်ပုံတွေအနေနဲ့ ပစ်ရက်စရာ တစ်ပုံမှ ရှိတော့မှာ မဟုတ်သလို အလှပဆုံး အမှတ်တရတွေကို ထာဝရ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။



ပုံရိပ်ကောင်းတစ်ခုကို ချစ်နှစ်သက်တဲ့ Reno ချစ်သူတွေအတွက် Ultra-Clear Camera System

Reno Series တွေတိုင်းက Portrait ပုံရိပ်ကောင်း ရလဒ်တွေနဲ့ အမြဲရေပန်းစားကျော်ကြားလေ့ရှိတာကြောင့် ဒီတစ်ခေါက်မှာလဲ သုံးစွဲသူတွေအကြိုက်တွေ့စေနိုင်မဲ့ Ultra-Clear Camera System နဲ့အတူ Reno12 Series က ထွက်ရှိလာခဲ့ပါပြီ။ တကယ့်ကို Professional Portrait အရည်အသွေးရရှိဖို့အတွက် Reno Series တိုင်းမှာ ကြိုးစားလာခဲ့သလို ဒီတစ်ခေါက် Reno12 Series မှာလဲ Sony LTY-600 Sensor နဲ့ OIS ပါဝင်တဲ့ 50MP Main Camera ၊ OV02B10 Sensor နဲ့အတူ 2MP Macro Camera ၊ ၁၁၂ ဒီဂရီ နဲ့အတူ မြင်ကွင်းကောင်းကောင်းတွေကို မလွတ်တမ်း ရိုက်ကူးနိုင်မဲ့အပြင် Sony IMX 355 Sensor ပါဝင်တဲ့ 8MP Ultra-Wide-Angle Camera တို့ အပြင် autofocus ပါရှိတဲ့ 32MP selfie camera ကြောင့် ဓာတ်ပုံရိုက်ကူးမှုတွေက သုံးစွဲသူတွေအတွက် စိတ်တိုင်းကျဖြစ်စေမဲ့အပြင် Professional Portrait အရည်အသွေးကို ရရှိမှာ ဖြစ်ပါတယ်။ Pro Portrait Mode ပါဝင်မှုကြောင့်လဲ သဘာဝကျပြီး လှပပြတ်သားတဲ့ Bokeh Effect ပါဝင်လာတဲ့အတွက် တစ်ချက်တည်းနဲ့ ထိထိမိမိ ပုံကောင်းတစ်ပုံကို ရရှိမှာဖြစ်ပါတယ်။ AI Portrait Retouching ပါဝင်တဲ့အတွက် အလင်းအမှောင်ပေါ်မူတည်ကာ အသားအရေ အရောင်အလိုက်ပါ ပြန်လည်ပြုပြင်ပေးနိုင်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ OPPO Reno12 Series နဲ့အတူ Professional Portrait အရည်အသွေးကိုသာမက သဘာဝအဆန်ဆုံး ပုံရိပ်တွေကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။



Reno12 Series ရဲ့ ကောင်းမွန်ထူးခြားတဲ့ စွမ်းအင် နဲ့ လုပ်ဆောင်နိုင်စွမ်းရည်

Reno12 Series အတွက် Battery ကိုတော့ 5000mAh Battery နဲ့အတူ Reno12 5G မှာတော့ 80W SUPERVOOC Flash Charge ဆိုပြီး ပါဝင်လာမှာ ဖြစ်ပါတယ်။ Reno12 5G က 4nm MediaTek Dimensity 7300-Energy mobile Platform ကို အသုံးပြုလာတဲ့ ပထမ ဦးဆုံးသော စမတ်ဖုန်းဖြစ်သလို MediaTek နဲ့ OPPO တို့ရဲ့ ပေါင်းစည်းမှုက ပိုပြီးကောင်းမွန်လာတဲ့ လုပ်ဆောင်နိုင်စွမ်းကို ပေးပို့နိုင်ဖို့ဖြစ်တာကြောင့် အသစ်စက်စက်သော octa-core platform မှာ အကောင်းဆုံးထောက်ပံ့မှု ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Android 14 နဲ့အတူ ColorOS 14.1 ပါဝင်မှုကြောင့် အသုံးပြုသူတွေ အဆင်ပြေချောမွေ့စေမှာဖြစ်ပြီး Dual-Stereo Speaker ပါဝင်မှုဟာလဲ Reno12 Series ရဲ့ အားသာချက်တစ်ခုလို့ ဆိုနိုင်မှာပါ။ ဖုန်ဒဏ် ၊ အထူးသဖြင့် ရေစိုမှုဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ IP Rating တွေ ပါဝင်လာပြီး Reno12 5G အတွက် IP65 Rating တင်သာမက Splash Touch ထပ်လောင်းပါရှိမှုကြောင့် ရေဘယ်လောက်စိုစို ဖုန်းကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်သာမက သတ္တုရဲ့ နဂိုမူလခံနိုင်စွမ်းကို မြင့်မားစေပြီး မာကျောမှု ၊ အပူဒဏ်နဲ့ တိုက်စားခံရမှု ဒဏ်တွေကို ခုခံနိုင်တဲ့ All-Round Armour ပါဝင်လာတာအတွက် သာမန်ထက်ပိုမိုမာကျောပြီး အကြမ်းခံနိုင်မဲ့ ဒီဇိုင်းအဖြစ် တည်ရှိနေမှာ ဖြစ်ပါတယ်။

Flagship Level အဆင့်ရှိ AI လုပ်ဆောင်ချက်များစွာနဲ့အတူ ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်း ၊ အကြမ်းပတမ်းခံတဲ့ ကိုယ်ထည် တို့နဲ့အတူ ဖန်တီးထားတဲ့ Reno12 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း တရားဝင် Reno12 5G ကို ၂,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း၊ Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း မိတ်ဆက်ခဲ့ပြီး အရောင်အားဖြင့် Reno12 5G မှာ Astro Silver နဲ့ Matte Brown ဆိုပြီး ထွက်ရှိထားကာ Reno12 F မှာ Amber Orange နဲ့ Matte Grey ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Reno12 Series ကို ဩဂုတ်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ Pre-Order စတင်မှာယူနိုင်မှာ ဖြစ်ကာ Reno12 5G အတွက်ကို Pre-Order မှာယူတဲ့ သုံးစွဲသူတိုင်းအတွက် စုစုပေါင်း ၉ သိန်းကျပ်တန် တန်ဖိုးရှိတဲ့ လက်ဆောင်တွေအနေနဲ့ Product Ambassador ပိုင်တံခွန်ပုံ ပါဝင်တဲ့ postcard ၊ 20,000mAh Power Bank တို့နဲ့အတူ ထပ်ဆောင်း ATOM Package များ ၊ Reno12 F ကို Pre-order မှာယူတဲ့သူတွေအတွက် စုစုပေါင်း ၇ သိန်းကျပ်တန် တန်ဖိုးရှိတဲ့ လက်ဆောင်တွေအဖြစ် Product Ambassador ပိုင်တံခွန်ပုံ ပါဝင်တဲ့ postcard 20,000mAh Power Bank တို့နဲ့အတူ ထပ်ဆောင်း ATOM Package တွေအပြင် Reno12 Series ဝယ်ယူသူတိုင်းအတွက် အထူး အခွင့်အရေးအနေနဲ့ after sale service တွေ ဖြစ်တဲ့ VIP hotline မှ တစ်ဆင့် Online Customer Service Team ထံမှ မြန်ဆန်သောတုံ့ပြန်မှုရရှိခြင်း ၊ နှစ်စဉ် တစ်နှစ်လျှင် မှန်ကပ်အခမဲ့ ကပ်ခွင့်ရှိခြင်း ၊ ဖုန်း အနေနဲ့ တစ်ခုခု ချို့ယွင်းမှုရှိလို့ Service Center မှာ ဖုန်းလာပြုပြင်မယ်ဆိုရင် ဖုန်းပြုပြင်နေစဉ် အတွင်း ဖုန်းသုံးခြင်းအဆက်မပြတ်သွားအောင် High-end Backup Phone များကို ပံ့ပိုးပေးခြင်း ၊ ဘက်ထရီအတွက် 4 နှစ်အာမခံ ထားရှိပေးခြင်း ၊ ဖုန်း ပြုပြင်ဖို့ အတွက် အသွားအပြန် Delivery ခ အခမဲ့ ထားရှိပေးခြင်း၊ ပရော်ဖက်ရှင်နယ် မိုဘိုင်းလ်ဖုန်း ပိုးသတ်ခြင်းနှင့် ဖုန်းသန့်ရှင်းရေး ဝန်ဆောင်မှုများကို ခံစားနိုင်ခြင်း ၊ အခမဲ့ software upgrade ဝန်ဆောင်မှုများခံစားခွင့်ရှိခြင်း အစရှိတဲ့ အထူးခံစားခွင့်တွေနဲ့အတူ မှန်ကွဲအာမခံများ ထားရှိပေးမှာဖြစ်တာကြောင့် အသေးစိတ်ကို ဆိုင်တွေမှာ မေးမြန်းနိုင်မှာဖြစ်ပါတယ်။



ခေတ်မီဆန်းသစ်တဲ့ ပထမဆုံး AI ဖုန်း OPPO Reno12Series နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official page - https://bit.ly/3XVzoFb ၊ Website - https://bit.ly/4dx4nfA ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram - https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ပါတယ်။

Photos from The Next Tech - TNT's post 25/08/2024

Oppo Reno 12 series consumer launch event

Photos from The Next Tech - TNT's post 21/08/2024

OPPO Reno12 Series ဟာ ဈေးနှုန်းတူ ဖုန်းတွေအကြား Flagship Level AI Function တွေ ပါဝင်လာတဲ့ တစ်ခုတည်းသော ဖုန်းဖြစ်ပါတယ်။



၁၉၊ ဩဂုတ်၊ ၂၀၂၄၊ ရန်ကုန် ။ ။ ယနေ့ခေတ်မှာ နည်းပညာနဲ့ ပတ်သက်လို့ သိသိသာသာ တိုးတက်ပြောင်းလဲ လာသလို ခေတ်မီနည်းပညာဖွံ့ဖြိုးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ AI နည်းပညာကိုပါ လူတိုင်းအသုံးပြုနေကြပြီ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ဖုန်းတွေမှာလဲ နည်းပညာတိုးတက်ပြောင်းလဲမှုတွေကြောင့် AI နည်းပညာတွေကို စမတ်ဖုန်းတွေမှာပါ ထည့်သွင်းဖို့ ကြိုးစားနေကြပါပြီ။ ဒါကြောင့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO ကလဲ အခုတစ်ခေါက်မှာ Flagship Level AI Function တွေကို Reno Series မှာ ထည့်သွင်း အဆင့်မြှင့်တင်လာမှာဖြစ်ပြီး Your First AI Phone ဆိုတဲ့ ဆောင်ပုဒ်နဲ့ OPPO Reno12 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း မကြာမီ စတင်မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။



၂၀၁၉ ခုနှစ်၊ ဧပြီလက The Portrait Expert ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ စတင်ထုတ်လုပ်ခဲ့တဲ့ OPPO Reno Series ဟာ “The Portrait Expert” ရဲ့ အားသာချက်တွေကို အသုံးပြု၍ ခေတ်မီတိုးတက်ပြီး ဖန်တီးမှုအား ပိုမိုကောင်းမွန်လာစေနိုင်တဲ့ ခေတ်မီ မျိုးဆက်သစ် AI နည်းပညာတွေကို လူတိုင်း အလွယ်ကူဆုံး အသုံးပြုစေနိုင်မဲ့ ရည်ရွယ်ချက်ကြောင့် အခုမိတ်ဆက်လာမဲ့ Reno12 Series မှာ Flagship Level ရှိတဲ့ AI function တွေကို ထည့်သွင်းကာ “AI Portrait Expert” ဆိုပြီး ပြောင်းလဲအဆင့်မြင့်လာခဲ့တာ ဖြစ်ပါတယ်။



တောက်ပြောင်ပြီး မာကျောတဲ့ ဒီဇိုင်းနဲ့ Reno12 Series

OPPO Reno12 Series မှာဆိုရင် စနစ်တကျ သေသေသပ်သပ်ရှိပြီး ဒေါင်လိုက်ပုံစံ ကင်မရာ ဒီဇိုင်း 3D Curved Screen နဲ့ OPPO Reno12 5G ၊ Cosmo Ring ပါရှိတဲ့ Flagship ဒီဇိုင်း ပုံစံ နဲ့အတူ ခေတ်ဆန်ဆန် Halo Light ပါဝင်လာတဲ့ OPPO Reno12 F 4G ဆိုပြီး ထွက်ရှိလာမှာ ဖြစ်ပါတယ်။ OPPO Reno12 5G မှာဆိုရင် Futuristic Fluid Design ၊ OPPO Reno12 F 4G မှာဆိုရင် Flagship ပုံစံ ဒီဇိုင်းတို့နဲ့အတူ အားကောင်းတဲ့ သတ္တုစပ် ကိုယ်ထည် High-Strength Alloy Farmework နဲ့ All-round Armour ပါဝင်ပြီး ရေစိုဒဏ်ကို ခံနိုင်တဲ့အထိ ကြံ့ခိုင်အောင် ပုံဖော်ထားတာကြောင့် သုံးစွဲသူတွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်မှာ ဖြစ်ပါတယ်။ Reno12 နဲ့ Reno12 F နှစ်မျိုးစလုံးဟာဆိုရင် အရင် Reno Series တွေနဲ့ မတူ ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းအသီးသီး နဲ့ ဖန်တီးထုတ်လုပ်ထားတဲ့အပြင် မတူညီတဲ့ အလှတရားနဲ့ အတူ ‌ မိမိကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်နိုင်အောင် ဖန်တီးပေးထားတာကြောင့် သုံးစွဲသူတွေအနေနဲ့ မိမိရဲ့ အကြိုက်ပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။



တိကျရှင်းလင်းစွာ အသေးစိတ် ဖယ်ရှားနိုင်ပြီး သဘာဝဆန်ဆန် ပြန်လည်ဖြည့်စွက်ပေးနိုင်မဲ့ AI Eraser 2.0

ဒီတစ်ခေါက် OPPO Reno12 Series မှာ နေ့စဉ်ဘဝမှာ အလွယ်တကူ လူတိုင်းအသုံးပြုနိုင်တဲ့ AI Eraser လုပ်ဆောင်ချက် ပါဝင်လာပြီဖြစ်ပါတယ်။ မိမိရိုက်ကူးမဲ့ပုံရဲ့ နောက်ခံမှာ ရှုပ်ထွေးနေလို့ပဲဖြစ်စေ ၊ လူတွေ အရာဝတ္ထုတွေနဲ့ တအားရှုပ်ယှက်ခတ်နေလို့ပဲဖြစ်‌စေ OPPO Reno12 5G မှာ ပါရှိတဲ့ AI Eraser 2.0 ရဲ့ One-click Auto-recognition နဲ့သာဆိုရင် တစ်ချက်တည်းနှိပ်လိုက်ရုံနဲ့ ရှုပ်ယှက်ခတ်နေတဲ့လူအားလုံးကို တစ်ခါတည်း ဖယ်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိမလိုချင်တဲ့ အရာဝတ္ထုတွေအတွက်လဲ ဝိုင်းလိုက်ရုံနဲ့ ဖယ်ထုတ်ပေးနိုင်တာဖြစ်သလို ဘယ်လိုအရာတွေကို ဖယ်ရှားပစ်ပါစေ ၊ နောက်ခံက လစ်ဟာသွားတဲ့ နေရာတွေကို ပြန်လည်ဖြည့်ပေးတဲ့အခါ သဘာဝအဆန်ဆုံး ဖြည့်တင်းပေးတာကြောင့် OPPO Reno12 Series ဟာ AI ချစ်သူ ၊ AI ကို စမ်းသပ်သုံးစွဲလိုသူတွေအတွက် နိစ္စဓူဝ အသုံးဝင်လာမဲ့ AI လုပ်ဆောင်ချက်တွေ ပါဝင်လာမဲ့ ဖုန်းဖြစ်ပါတယ်။



တစ်ပုံတည်းနဲ့ ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ဖန်တီးနိုင်မဲ့ AI Studio

OPPO Reno12 Series မှာ သုံးစွဲသူတွေအကြိုက်တွေ့လာဦးမဲ့ AI လုပ်ဆောင်ချက်တွေထဲက တစ်ခုကို ဖော်ပြပါဆိုရင်တော့ AI Studio ပါဝင်လာမှာဖြစ်ပါတယ်။ AI Studio ဆိုတာ ကိုယ့်ရဲ့ Selfie ပုံတစ်ပုံရှိနေရုံနဲ့ မတူညီတဲ့ ဒီဇိုင်းပုံစံများစွာကို ပြောင်းလဲပေးနိုင်မဲ့ AI လုပ်ဆောင်ချက် ဖြစ်ပါတယ်။ တစ်ယောက်တည်း ပဲဖြစ်ဖြစ်၊ နှစ်ယောက်တွဲပဲဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ ပုံကို ပြုပြင်ဖန်တီးနိုင်မှာဖြစ်ပြီး AI Studio မှာဆိုရင် အာကာသယာဉ်မှူးပုံစံက စလို့ ရိုးရာ ဝတ်စားဆင်ယင်မှုနဲ့ ဒီဇိုင်းတွေအထိ ဘီလီယံချီတဲ့ ဒီဇိုင်းပေါင်းများစွာ ထဲကမှ မိမိ ကြိုက်နှစ်သက်ရာ ဒီဇိုင်းပုံစံကို ဖန်တီးပြုပြင်နိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက သာမန် Application တွေမှာလို ကြော်ငြာတွေ အထူးတလည် ကြည့်နေစရာ မလိုတဲ့အပြင် ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက်လဲ အထူးစိတ်ချရမဲ့ Built-in ပါဝင်လာတဲ့ AI လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။



လူငယ်တွေအားလုံးအတွက် လုပ်ငန်းသုံး ကျောင်းသုံး ကြိုက်ရာသုံးနိုင်မဲ့ AI Toolbox

အသံသွင်းယူမှုတွေနဲ့ အသံသွင်းထားတဲ့ ဖုန်းခေါ်ဆိုမှုတွေမှာ ပြောကြားထားတဲ့အကြောင်းအရာတွေအတွက် အထိမိဆုံး ပြန်လည်အတိုချုံ့ကာ စာဖြင့် ဖော်ပြပေးနိုင်တဲ့ လက်ရှိမြန်မာဈေးကွက်ထဲမှာ ရှိနှင့်ပြီးသား AI Recording Summary က OPPO Reno12 5G မှာ ပါရှိလာမှာ ဖြစ်ပါတယ်။

ဒါတင်သာမက လေ့လာရေး အတွက် အထူးသင့်တော်ပြီး သုံးရလွယ်ကူစေတဲ့ AI လုပ်ဆောင်ချက်အဖြစ် AI Tool Box ကို OPPO Reno12 5G မှာ ထည့်သွင်းလာပါတယ်။ AI Toolbox မှာမှ မိမိ ဖတ်ချင်တဲ့ စာတွေ အားလုံးကို ဖတ်နေစရာ မလိုဘဲ အကုန်လုံး ရွတ်ပြဖတ်ပြပေးတဲ့ AI Speak ပါဝင်လာမှာ ဖြစ်ပြီး ဖတ်ပြတဲ့ အသံကိုလဲ အမျိုးသား အသံ နဲ့ အမျိုးသမီး အသံဆိုပြီး မိမိကြိုက်နှစ်သက်ရာ အသံအဖြစ် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ စာပိုဒ်အရှည်ကြီးတွေ၊ ရှည်လျားတဲ့ စာမျက်နှာတွေကို ထိထိမိမိ အကျဉ်းချုပ်ဖြစ်အောင် ချုံ့ပေးကာ စာဖြင့် ပြန်လည်ဖော်ပြပေးတဲ့ AI Summary လဲ ထပ်မံ ပါဝင်လာပါတယ်။



ဈေးနှုန်းတူ ဖုန်းများအကြား ရေစိုဒဏ်ခံနိုင်တဲ့ AI ဖုန်း

OPPO ရဲ့ Splash Touch နည်းပညာက သုံးစွဲသူတွေရဲ့ လက် သို့မဟုတ် စိုစွတ်နေတဲ့ ဖုန်းမျက်နှာပြင်ပေါ်မှာ မျက်နှာပြင်လုပ်ဆောင်ချက်တွေကို လွဲ‌ချော်မှု မရှိဘဲ မှန်မှန်ကန်ကန်နဲ့ ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ OPPO A60 မှာဆိုရင် U.S Military Grade Shock-Resistance လက်မှတ်ရရှိထားသည့်တိုင်အောင် ထုတ်လုပ်လာခဲ့ပြီး A60 နောက်ပိုင်းကနေ စတင်ကာ OPPO ဟာ Durability ပိုင်းမှာ သေချာဂရုစိုက် လာသလို Splash Touch နည်းပညာကိုလဲ ဂရုတစိုက် ထည့်သွင်းလာတာ ဖြစ်တဲ့အတွက် ရေစိုမှုနဲ့ ပတ်သက်လို့ အခုအချိန်ထိ ဘယ်လို လုပ်ဆောင်ချက်မျိုးကိုမဆို ထိခိုက်ပျက်စီးစေခြင်း မရှိသေးတာကိုလဲ မြင်တွေ့ရမှာဖြစ်ပါတယ်။ IP65 rating ပါဝင်လာမှုကြောင့် Reno12 5G မှာ ရေစိုမှုဒဏ်ကို ခံနိုင်ရည်ရှိမှာ ဖြစ်ကာ ဖုန်းရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ အားသွင်းပေါက် ၊ Speakers ၊ USB-C Port နဲ့ SIM card အပေါက်တွေကိုလဲ ခါတိုင်းထက် ပိုပြီး ရေစိုခံနိုင်စေဖို့အတွက် ထောက်ပံ့ပေးထားပါတယ်။



OPPO Reno12 Series ကို လာမဲ့ ဩဂုတ်လ ၂၄ ရက်နေ့၊ Junction City မှာ Consumer Launch အနေနဲ့ တရားဝင်မိတ်ဆက်မှာ ဖြစ်ပြီး အဆိုပါပွဲမှာ OPPO မိသားစုဝင် အနုပညာရှင်တွေဖြစ်ကြတဲ့ Lu Hpring ၊ ဧငြိမ်းဖြူ ၊ ရှိန်းတင်ထူး တို့နဲ့ အတူ Lara Devora ၊ ပြည်ညိမ်းဟန် နှင့် Rian တို့ အားလုံး ပါဝင်မဲ့ ပျော်ရွှင်စရာ အစီအစဉ်တွေ ရှိနေမှာဖြစ်ပါတယ်။



OPPO Reno12 Series နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official page - https://bit.ly/3XVzoFb ၊ Website - https://bit.ly/4dRypup ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram - https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

Photos from The Next Tech - TNT's post 08/08/2024

Samsung Myanmar ရဲ့ Galaxy Campus Friends 2.0 Program အတွက် နောက်ဆုံး ဆန်ကာတင် အယောက် (၂၀) နဲ့ Samsung Innovation Campus 2024 ကို တက်ရောက်ခွင့်ရရှိတဲ့ လူငယ် အယောက် (၅၀) ထွက်ပေါ်လာ

Samsung နဲ့အတူ ကိုယ်ပိုင် အိပ်မက်များကို အကောင်အထည်ဖော်ရင်း ရည်မှန်းချက်ပန်းတိုင်များကို အရောက်လှမ်းနိုင်မယ့် Galaxy Campus Friends 2.0 အတွက် Finalists အယောက် (၂၀) ဦး ‌ရွေးချယ်
AI Comprehensive Training ကို အခမဲ့တက်ရောက်ခွင့်ရပြီး AI Hackathon ပြိုင်ပွဲမှာ ပါဝင်ရင်း Prize Pool ကျပ်သိန်း (၆၀) အထိ ပိုင်ဆိုင်နိုင်ခွင့်ရမယ့် လူငယ် (၅၀) ဦး ပေါ် ထွက်လာ

ဇူလိုင်လ (၃၁) ရက်၊ ၂၀၂၄ ခုနှစ်၊ ရန်ကုန်၊ မြန်မာ - ဆန်းသစ်တီထွင်မှုတွေနဲ့ ကမ္ဘာ့နည်းပညာလောမှာ ဦးဆောင်နေသလို လူမှုအကျိုးပြု လုပ်ငန်းတွေကို အစဉ်တစိုက် ပြုလုပ်ပေးလျက်ရှိတဲ့ Samsung ဟာ အခုတစ်ခါမှာလည်း မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနေတဲ့ အစီအစဉ်ကောင်းတွေကို ပြုလုပ်ပေးနေပါတယ်။ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှာပါ ပြုလုပ်ပေးလျက်ရှိတဲ့ Galaxy Campus Friends 2.0 အစီအစဉ် နဲ့ Samsung Innovation Campus 2024 (AI Hackathon) အစီအစဉ်တို့ကို လက်ရှိမှာ ပြုလုပ်ပေးနေတာဖြစ်ပြီး ပါဝင်ခွင့်ရခဲ့တဲ့ လူငယ်များကလည်း မိမိအိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရနိုင်ဖို့ အားတက်သရော ကြိုးပမ်းလျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ပြုလုပ်ပေးနေတာဖြစ်တဲ့ Galaxy Campus Friends 2.0 အစီအစဉ်မှာ “Open Your Universe” ခေါင်းစဉ်နဲ့ မိမိ အိပ်မက်တွေကို ချပြရင်း ပါဝင်ခဲ့တဲ့ လူငယ်များထဲကနေ ဆန်ကာတင် အယောက် (၂၀) ရွေးချယ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ နောက်တဆင့်တက်လှမ်းသွားတဲ့ လူငယ် အယောက် (၂၀) အနေနဲ့ ပိုမိုကောင်းမွန်တဲ့ Idea တွေ ဝေမျှရင်း ယှဉ်ပြိုင်နိုင်ဖို့အတွက် Professional Content Creator တွေ ဖြစ်တဲ့ Ko Kyant (Toly Moly)၊ Phyo Pa Pa Aung (Phyopapa Blogs) နဲ့ Lwin Gyi (Do Something Plz) တို့ကနေ Workshop Session နဲ့ Interview အစီအစဥ်တွေ Samsung နဲ့ အတူပြုလုပ်ပေးခဲ့ပြီး Exclusive Galaxy Gift Boxes တွေလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါသေးတယ်။

အသစ်ထွက်ရှိထားတဲ့ Foldable စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy Z Fold6၊ Galaxy Z Flip6 တို့နဲ့အတူ Wow Moment တွေကို ခံစားနိုင်ဖို့ ပြုလုပ်ပေးခဲ့တဲ့ Galaxy Experience Space ပွဲကြီးမှာလည်း နာမည်ကျော်အနုပညာရှင်တွေနဲ့အတူ Galaxy Campus Friends Finalist လူငယ်များလည်း ပါဝင်တက်ရောက်ခွင့်ရခဲ့တာဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်အစီအစဉ်တွေမှာ ပျော်ရွှင်တက်ကြွစွာပါဝင်ခဲ့ကြပါသေးတယ်။

Galaxy Campus Friends 2.0 အစီအစဉ်ရဲ့ Finalists များထဲက တစ်ဦးဖြစ်သူ Addison က “Content Creator လုပ်ဖို့ဝါသနာပါပြီး Samsung ရဲ့ products တွေကိုအရမ်းချစ်တဲ့ ကျွန်တော့်အတွက်ကတော့ ဒီ Program ကအရမ်းကိုတန်ဖိုးရှိတဲ့ အရာလေးတစ်ခုဖြစ်ပါတယ်။ Finalists 20 Selection Celebration and Workshop နေ့မှာဆိုရင်လည်း Samsung ရဲ့ နွေးထွေးတဲ့ကြိုဆိုမူတွေ နဲ့ Content Creator ကောင်းတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ သင်ခန်းစာတွေက အရမ်းကိုတန်ဖိုးရှိခဲ့တဲ့အချိန်လေးတွေဖြစ်ခဲ့ပါတယ်။ ဖိတ်ကြားပေးတဲ့ Event တစ်ခုချင်းဆီဟာလည်း အရမ်းကိုတန်ဖိုးရှိပြီး ပျော်ဖို့ကောင်းတဲ့အတွက် Samsung နဲ့အတူတူလက်တွဲပြီး ကမ္ဘာကြီးနဲ့ Community ကို ပြောင်းလဲမူတစ်ခုဖြစ်စေတဲ့ရလဒ်တစ်ခုကို ယူဆောင်လာနိုင်မယ်လို့မျှော်လင့်ပါတယ်။” လို့ သူ့ရဲ့ ရင်တွင်းစကားတွေကို မျှဝေပေးခဲ့ပါတယ်။

“Samsung က ဒီလို program လုပ်ပေးတော့ ညီမတို့လိုကျောင်းတစ်ဖက်နဲ့ ကျောင်းသူ/သားတွေအတွက် ကိုယ်ဖြစ်ချင်တဲ့ Passion နဲ့ ကိုယ့်အရည်အချင်းတွေ ဖန်တီးနိုင်စွမ်းတွေကို ချပြခွင့်ရလိုက်တာမို့ တကယ်ကျေနပ်တယ်။ ဒီ Program မှာပါဝင်ဖြစ်တော့ ညီမ လူတွေအများကြီးနဲ့ စကားပြောဆိုရတဲ့အပိုင်းတွေ Collaboration အပိုင်းတွေ သိသိသာသာပိုတိုးတက်လာတယ်။ Samsung က ဖိတ်လို့ တက်ဖြစ်ခဲ့တဲ့ Galaxy Experience Space ပွဲမှာဆိုလည်း နောက်ဆုံးထွက်ထားတဲ့ Galaxy Zflip6 နဲ့ Galaxy Zfold 6 ရဲ့ နောက်ဆုံးပေါ် Innovative Advancements တွေကို မြင်ရတော့ သဘောကျမိတယ်။ အခုလိုလူငယ်တွေအတွက် Program တွေ စီစဥ်ပြီး ညီမတို့မှာရှိနေတဲ့ Skill ကို အရင်ကထက်ပိုတိုးတက်လာအောင် မြှင့်တင်ပေးတဲ့ Samsung ကို အထူးကျေးဇူးတင်မိပါတယ်။” လို့ Galaxy Campus Friends 2.0 အစီအစဉ်ရဲ့ နောက်ထပ် Finalist တစ်ဦးဖြစ်သူ သီရိထက်ထက်ဦး ကလည်း ပြောပြခဲ့ပါသေးတယ်။

အခုလို အိပ်မက်တွေကို အသက်သွင်းရင်း Universe အသစ်တစ်ခုကိုဖန်တီးချင်တဲ့ လူငယ်များရဲ့ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုကနေ Galaxy Campus Friends (၅) ဦးကို ရွေးချယ်ပေးသွားမှာဖြစ်ပြီး Samsung Galaxy A35 ဖုန်း (၁) လုံး၊ Galaxy Campus Friend Winner Certificates၊ Collaboration Fees အနေနဲ့ ၁ လလျှင် ၂သိန်းကျပ်ဖြင့် (၃) လတိတိ Samsung နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခွင့် နဲ့ Samsung ရဲ့ exclusive events တွေကို တက်ရောက်ခွင့် စတဲ့ အထူးအခွင့်အရေးတွေကို ပေးအပ်သွားမှာပဲဖြစ်ပါတယ်။

AI ကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်တိုင်းအတွက် အခွင့်အလမ်းအသစ်တွေယူဆောင်လာတဲ့ Samsung Innovation Campus 2024 (AI Hackathon) အစီအစဉ်ကြီးမှာလည်း ပါဝင်ခွင့်ရဖို့ စာရင်းပေးသွင်းသူ အယောက် (၅၀၀) ကျော်အထိ ရှိခဲ့ပြီး ထိုလူငယ်များထဲမှ အယောက် (၅၀) ကို ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရပါတယ်။ အရွေးချယ်ခံရသူ လူငယ်အယောက် (၅၀) ဟာ လက်ရှိမှာတော့ IT & Programming ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် သင်ကြားပေးနေတဲ့ စာသင်ချိန် နာရီ ၄၀ ကြာ အခမဲ့ AI Comprehensive Training ကို တက်ရောက်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ (၁၅) ရက်နေ့ကနေ ဩဂုတ်လ (၁၅) ရက်အထိ ပြုလုပ်ပေးသွားမယ့် အခမဲ့ AI Comprehensive Training မှာ Coding အတွေ့အကြုံပြင် ကိုယ်တိုင် Intelligence App များကို ဖန်တီးနိုင်မယ့်အတွေ့အကြုံတွေကို ရရှိနိုင်စေမယ့် အောက်ပါ သင်ခန်းစာများကို သင်ကြားပေးနေပါတယ်။
Introduction to Al Machine Learning and fine-tuning
NLP and LLM apps
Using OpenAI/Gemini API key for various projects
Computer Vision: OpenCV, YOLO
GitHub
Streamlit for UI
Learn how to copy-paste (Kaggle, GitHub), and prompt instructions

သင်တန်းကာလပြီးဆုံးရင်တော့ သင်တန်းပြီးဆုံးကြောင်း Certificate နဲ့ ဆုများ ပိုင်ဆိုင်နိုင်ခွင့်ရနိုင်အပြင် မိမိ Ideas များကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် AI Hackathon ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်နိုင်ဦးမှာပါ။ AI Hackathon ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ရင်တော့ ပထမဆု ကျပ်သိန်း (၃၀) ၊ ဒုတိယဆု ကျပ်သိန်း (၂၀) နဲ့ တတိယဆု ကျပ်သိန်း (၁၀) စသဖြင့် စုစုပေါင်း Prize Pool ကျပ်သိန်း (၆၀) က စောင့်ကြိုလျက်ရှိနေတာပဲဖြစ်ပါတယ်။

AI နည်းပညာမှာ ကမ္ဘာ့ထိပ်တန်းကနေ ဦးဆောင်နေတဲ့ နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Samsung နဲ့အတူ Myanmar Cyber Youths နဲ့ Tee Htwin - CSR တို့ က Lead Organization and Partner အဖြစ် ပါဝင်အားဖြည့်ပေးထားတဲ့ ဒီအစီအစဉ်ကနေ အတွေ့အကြုံရှိ Mentor များ၊ Judges များရဲ့ အနီးကပ် Mentorship တွေနဲ့ အတွေ့အကြုံကောင်းတွေလည်း ရရှိနိုင်တာကြောင့် မိမိစွမ်းဆောင်ရည်တွေကို ပြသပြီး Career Opportunities များကို ဖန်တီးနိုင်ခွင့်တွေလည်း ပိုမိုတိုးတက်လာစေဦးမှာပါ။

“Samsung Innovation Campus Program မှာ ပါ၀င်ခွင့်ရတာ အတွေ့အကြုံ‌ တကယ်ရပါတယ်။ ဒီ Program က Knowledge ရရုံသက်သက်မဟုတ်ဘဲ ကိုယ့် Ideas တွေကို ဆွေးနွေးခွင့်ရတဲ့အပြင် ကိုယ့် Peers တွေဆီက အကြံဉာဏ်ကောင်းတွေကိုလဲ နားထောင်ရတဲ့အတွက် စိတ်၀င်စားစရာလဲ ကောင်းပါတယ်။ Mentor တွေကလဲ ကိုယ့် Ideasတွေကို အကောင်အထည်ဖော်ဖို့ ကူညီဆွေးနွေးပေးတဲ့အတွက် တကယ်မိုက်ပါတယ်။ ဒီ Program က ကျွန်တော့် Career ကို အထောက်အကူဖြစ်စေမယ့် Program ဖြစ်လို့ ပါ၀င်ခွင့်ရတာ ၀မ်းသာပါတယ်။“ လို့ AI Comprehensive Training ကို တက်ရောက်လျက်ရှိသူ ကိုကောင်းမင်းဆက် က သူ့အတွေ့အကြုံကို ဝေမျှပေးခဲ့ပါတယ်။

Myanmar Cyber Youths ရဲ့ Founder ဖြစ်သူ ကိုအောင်မြတ်မိုး ကလည်း “Samsung Innovation Campus လို အကျိုးရှိတဲ့ အစီအစဉ်ကောင်းတစ်ခုကို မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ပေးတဲ့အတွက်ရော၊ ကျွန်တော်တို့ Myanmar Cyber Youths နဲ့အတူ ယုံယုံကြည်ကြည်လက်တွဲပြီးလုပ်ပေးတဲ့အတွက်ရော Samsung ကို အထူးကျေးဇူးတင်ပါတယ်။ Samsung လို နည်းပညာ Company ကြီးတစ်ခုကနေ ဒီနိုင်ငံရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ IT Sector နဲ့ Software Development Sector ကိုလည်း အားဖြည့်ပေးတာကြောင့်မလို့ ကျွန်တော်တို့ Software Engineers တွေအနေနဲ့လည်း ဝမ်းသာကျေနပ်မိပါတယ်။“ လို့ ဝမ်းမြောက်စွာ ပြောကြားခဲ့ပါတယ်။

“Samsung Myanmar က မြန်မာနိုင်ငံကို ယူဆောင်ပေးလာတဲ့ Samsung Innovation Campus နဲ့ AI Hakathon အစီအစဉ်က လူငယ်တွေအတွက် တကယ်လိုအပ်နေတဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနေတာဖြစ်လို့ ပါဝင်ခွင့်ရတဲ့ လူငယ်တွေအတွက်လည်း တကယ်ကို အကျိုးရှိစေမှာပါ။ ဒီပြိုင်ပွဲမှာ ဆုတွေရယူနိုင်ရုံသက်သက်မဟုတ်ဘဲ ဒီအစီအစဉ်ကနေရတဲ့ အတွေ့အကြုံတွေကြောင့် အရည်အချင်းကောင်းတွေ ပိုတိုးလာပြီး သူတို့တွေရဲ့ Career အတွက် အလှည့်အပြောင်းကောင်းတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ Hakathon ပြိုင်ပွဲတွေ အရမ်းရှားနေတဲ့ ခုလိုအချိန်မှာ Samsung Myanmar နဲ့အတူ လက်တွဲပြီး AI Hakathon ကို ကျင်းပခွင့်ရမှာ ဖြစ်တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။“ လို့ Tee Htwin - CSR ရဲ့ founder ဖြစ်သူ ကိုဇင်ဝေယံ ကလည်း ပြောပြပေးခဲ့ပါတယ်။

အခုလို Samsung Myanmar ကနေ လူငယ်တွေအတွက် ထူးခြားကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ယူဆောင်ပေးနေတဲ့ အစီအစဉ်ကောင်းများအကြောင်းကို အချိန်နဲ့တပြေးညီ သိရှိလိုရင်တော့ Samsung Myanmar page (https://www.facebook.com/SamsungMyanmar) မှာကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

--

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးညဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေးစနစ်များနှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED Solution များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာ သိရှိုနိုင်ရန်နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများနှင့် သတင်းထုတ်ပြန်ချက်များကို သိရှိနိုင်ရန်အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။

Videos (show all)

Samsung Galaxy Z Flip 6
Samsung Galaxy S24 Ultra  First Impression
Samsung Galaxy A14 First impression
Samsung Galaxy A34 and A54 First impression
Vivo Y22 Firstimpression By The Next Tech - TNT#TheNextTech#TNT#vivoY22
Oppo A 77s Full Review
S23 frist impression \The Next Teach
Redmi Note 12Pro Full Review ကိုဖက်တီး Fatty Mobile - ဖုန်း/လတ်တော့ပ်ရောင်းဝယ်ရေး#TNT #redminote12pro5g
Samsung Galaxy A04e  Full Review By The Next Tech - TNT #Samsung #SamsungGalaxyA04E #TNT
Samsung Galaxy S23 Ultra Concept Design #Samsung #TheNextTech #TNT #conceptdesign

Website