Burmese Tech Cafe
Bringing quality technology content to you every week exclusively in Burmese. In this podcast channel, we will cover new tech, gadgets and crypto.
Weekly episodes will be brought to you by two tech enthusiasts with occasional guest experts.
Right to Repair ဆိုတာဘာလဲ?
အကြောင်းအရာက နည်းနည်းလေး စိမ်းနေကောင်းစိမ်းနေနိုင်သေးတယ်။ ဒါပေမယ့် US နဲ့ Europe မှာတော့ movement တွေ advocacy campaign တွေတော့တော်တော်လေး တွေ့နေရပါတယ်။
အဓိကပြောချင်တာက ကိုယ်ဝယ်လိုက်တဲ့ စက်ပစ္စည်းတွေ ဖုန်းတွေကို ဝယ်ပြီးတဲ့နောက်ပိုင်း လွတ်လပ်စွာပြင်ဆင်ပိုင်ခွင့်၊ စျေးသက်သက်သာသာနဲ့ လျင်မြန်စွာ ပြင်ဆင်ပိုင်ခွင့် အစရှိတာတွေကို company တွေဘက်ကနေ လွတ်လပ်ခွင့် အပြည့်အဝ မပေးတာတွေ၊ တစ်ချို့ဆို စက်တွေကို မပျက်ပျက်အောင်လုပ်ထားတာတွေ၊ အသစ်တွေရောင်းချင်တော့အဟောင်းတွေပြင်ချင်ရင် စျေးတွေကို အသစ်နီးပါးတင်ထားတာတွေ အစရှိတာတွေကို ဒီ podcast လေးမှာဆွေးနွေးထားပါတယ်။
ဒီ episode လေး record လုပ်နေတုန်း Apple ကနေပြီး self service repair ဆိုတဲ့ program လေးကိုလည်း announce လုပ်လာတာတွေ့ရတော့ နောက်ပိုင်းမှာတော့ အသုံးပြုသူတွေအတွက် ရသင့်ရပိုင်ခွင့်တွေကို ပိုပြီးရလာနိုင်မယ်လို့လည်းမျှော်လင့်ရပါတယ်။
Listen Now
Spotify - https://spoti.fi/314CKtW
Apple Podcast - https://apple.co/3rkUtID
Google Podcast - https://bit.ly/3paj0NO
Apple Announcement - https://www.apple.com/newsroom/2021/11/apple-announces-self-service-repair/
One Plus ရဲ့ ယခင်ပူးတွဲတည်ထောင်သူ Carl Pei မိတ်ဆက်လိုက်တဲ့ အသွင်ထူး Nothing Ear 1
Apple ရဲ့ airpods product line တစ်ခုတည်းက ဝင်ငွေက ဒေါ်လာ ၃၀ ဘီလီယံ ကျော်ရှိတယ်။ ဒါဟာ တစ်ခြား နည်းပညာ company တွေဖြစ်တဲ့ Spotify, Uber, Adobe တို့ထက်ပိုများတယ်။ smart phone တွေပြီးတာနဲ့ earbuds တွေ headphone တွေဟာ ဒုတိယ လူသုံးအများဆုံး products တွေဖြစ်ပါတယ်။ ဖုန်းထုတ်တဲ့ company တော်တော်များများကလည်း နားကြပ်ပေါက်တွေဖျောက်လိုက်တော့ ကြိုးမဲ့နားကြပ်တွေဟာ မရှိမဖြစ်လိုအပ်လာတာကိုတွေ့ရတယ်။ နောက်ပိုင်း phone company တွေအားလုံးနီးပါးလည်းကိုယ်ပိုင် earbuds တွေထုတ်လာပြီး သူတို့ရဲ့ဖုန်းတွေနဲ့ တွဲသုံးလို့ရတဲ့ အပိုင်းကိုပိုပြီးအာရုံစိုက်လာတာကိုတွေ့ရပါတယ်။
ဒီနေ့ episode မှာတော့ consumer space ထဲကို အသွင်မတူ ထူးခြားပြီး အတွင်းပိုင်းကိုရှင်းရှင်းလင်းလင်း မြင်ရတဲ့ earbuds တစ်ခုကို nothing ဆိုတဲ့ company ကမိတ်ဆက်လိုက်တဲ့ အကြောင်းကို အဓိကထားဆွေးနွေးထားပါတယ်။ nothing ကိုတော့ One Plus ရဲ့ အရင် cofounder Carl Pei ကတည်ထောင်ထားတာဖြစ်ပြီး earbuds တွေအပြင်တစ်ခြား product line တွေကိုလည်း အနာဂတ်မှာထုတ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။
နားထောင်ရန် link -
Spotify - https://spoti.fi/2Y2io3n
Apple Podcast - https://apple.co/3iclQ2e
Google Podcast - https://bit.ly/3zFYZSJ
Foldables ဖုန်းတွေက Smart Phones တွေရဲ့ အနာဂတ်ဖြစ်လာမှာလား
Listen Now
Spotify - https://spoti.fi/2XLJBHg
Apple Podcast - https://apple.co/3lFvtY3
Google Podcast - https://bit.ly/39qBAtu
ကျွန်တော်တို့ ပုံမှန်သုံးနေတဲ့ ဖုန်းတွေဟာ အမြဲတမ်းလိုလို လေးထောင့်ပုံဆန်အတိုင်းပဲ ရှိခဲ့ပါတယ်။ အရင်တုန်းက keypad ဖုန်းတွေသုံးတုန်းကတော့ ခေါက်လို့ရတယ်ပေါ့။ အခုနောက်ပိုင်းတော့ ဖုန်းတွေရဲ့ structure ကို ကပုံမှန်ထက်ပိုပြီး တီထွင်ဆန်းသစ်မှုတွေလုပ်လာပါတယ်။
လူပြောအများဆုံးက အခုနောက်ပိုင်း Samsung က တစ်နှစ်ပြီးတစ်နှစ် ပိုပြီးအဆင့်မြင့် ထုတ်လာတဲ့ foldable phones တွေပေါ့။ ဒါပေမယ့် တစ်ခြား company တွေကလည်း စမ်းပြီးထုတ်ထားတာတွေရှိပါတယ်။ Microsoft က screen ၂ ခုနဲ့ ခေါက်လို့ရတဲ့ note book ပုံစံဖုန်း Microsoft Duo, TCL က ၃ ခေါက်အထိ ချိုးလို့ရတဲ့ ဖုန်း၊ OPPO ကထုတ်ထားတဲ့ လိပ်လို့ရတဲ့ဖုန်း စသဖြင့် ဖုန်းတစ်လုံးရဲ့ အခြေခံ ထုထည်ကို ပြောင်းပြီးထုတ်လာတာတွေရှိပါတယ်။
ဒီနေ့ podcast စကားဝိုင်းလေးမှာတော့ Samsung က နောက်ဆုံးထုတ်ထားတဲ့ Galary Folds တွေနဲ့ တကွ foldable phones တွေအကြောင်းကို ဆွေးနွေးထားပါတယ်။ foldable phones တွေဟာ တကယ်ပဲ စျေးကွက်ထဲမှာ တစ်ခြား industry leader တွေကို ယှဉ်နိုင်တဲ့ အနေအထားတစ်ခုကို ရောက်လာပြီလား၊ hardware ပိုင်း software ပိုင်းစိတ်ချရတဲ့ အဆင့်တစ်ခုကို ရောက်ပြီလား အစရှိတာတွေကို နားထောင်လို့ရပါပြီ။
Guest speaker အနေနဲ့ ပါဝင်ဆွေးနွေးပေးသွားတဲ့ မ Honey ကိုလည်းကျေးဇူးတင်ပါတယ်။ Honey Bee page မှာလည်း Galaxy Fold Review လေးတွေကြည့်လို့ရပါတယ်။ https://www.facebook.com/HoneyBeeWithLove
Apple အကြောင်းမပြောတော့ ဘူးလား။ ပို့စ်တင်တာ နောက်ကျသွားတယ်။ မတတ်နိုင်ဘူးလေ၊ ကြားရက်တွေမှာ ဝမ်းရေးက ရုန်းရသေးတယ်။
Apple ကတော့ ထုံးစံအတိုင်း သူ့ပွဲကို မိုးပျံနေအောင်လုပ်သွားတယ်။ ဒါပေမယ့် update တွေက ဝယ်သင့်လား မဝယ်သင့်လားဆိုတာကို ကြည့်ရမယ်။ ဒေါ်လာစျေးအကြောင်းတော့ ထည့်မပြောတော့ဘူး၊ ထည့်ပြောလိုက်တာနဲ့ ဘာတစ်ခုမှ ဝယ်ဖို့ကို မသင့်တော့ဘူး။
အိုင်ဖုန်း ၁၃
ဘာမှ သိပ်မပြောင်းသွားဘူး၊ ဒါပေမယ့် Apple ကတော့ထုံးစံအတိုင်း ရေးကြီးခွင်ကျယ်တွေလျောက်ပြောမှာပဲ။
အဓိက ကြည့်ရမှာကတော့ display နဲ့ ကင်မရာ။ ကျွန်တော်တို့ podcast မှာပြောခဲ့သလိုပဲ 120 Hz, promotion ဆိုပြီးပါလာတယ်။ 13 မှာတော့ မပါဘူး၊ 13 pro မှာပဲပါတယ်ဆိုတော့ လူတွေ 13 pro ကိုပဲပိုပြီးဝယ်ကြမလားကြည့်ရမယ်။ သူက 10 Hz ကနေ 120 Hz ကိုလိုသလိုပြောင်းမှာဆိုတော့ battery ကိုလည်း သိပ်မထိဘဲ ၂ နာရီခွဲတောင်ပိုခံမယ်လို့ ပြောထားတယ်။ လက်ထဲရောက်မှ သူတို့ပြောတာ ဟုတ်မဟုတ် စမ်းကြည့်ကြပေါ့။
ကင်မရာကတော့ cinematic mode ပါလာတယ်။ smart phone လောကမှာ iPhone ကင်မရာ က အကောင်းဆုံးလို့ပြောလို့ရတယ်၊ အဲဒီမှာ focus ကို auto သို့ manual ကြိုက်သလို ချိန်လို့ရတဲ့ feature ထည့်လိုက်တော့ professional ပိုဆန်သွားတာပေါ့။ နောက်တစ်ခုက pro res နဲ့ရိုက်လို့ရမယ်ဆိုတော့ editor တွေအကြိုက်ပေါ့။ 128 Gbs မှာတော့ မရဘူး။ Pro res လိုချင်ရင် အနည်းဆုံး 256 Gbs တော့ရှိမှရမယ်။ 4K ကို 30 FPS နဲ့ရိုက်လို့ရမယ်။
Summary လုပ်ရမယ်ဆိုရင် အိုင်ဖုန်း 11 တို့ 12 တို့ ကိုင်နေရင် update လုပ်မနေနဲ့။ အရမ်းထူးသွားတာ သိပ်မပါဘူး။ iPhone X ဝန်းကျင်ကိုင်ထားတယ်ဆိုရင်တော့ update လုပ်ဖို့ စဉ်းစားကြည့်ပေါ့။
iPad
အသစ်မိတ်ဆက်လာတဲ့ iPad ကအရင်ကတည်းကကောင်းနေပြီးသား။ အဲတာကို center stage feature တွေ၊ နောက်ဆုံးပေါ် iPad OS 15 တွေတင်ထားတော့ ပိုတောင် ကောင်းသွားသေးတယ်။ စျေးကိုလည်း သက်သက်သာသာ လုပ်ထားပေးတော့ tablet ကောင်းကောင်းတစ်လုံးရှာနေသူတွေအတွက် နှစ်ခါမစဉ်းစားဘဲ မျက်စိမိတ်ဝယ်လို့ရတယ်။
iPad mini
iPad mini ကတော့ iPad Air ပုံစံဖြစ်သွားပြီ။ home button မပါဘဲ screen size ကြီးကြီး၊ bezel သေးသေး၊ compact ဖြစ်ပြီး performance ကောင်းတဲ့ tablet တစ်လုံးရှာနေတယ်ဆိုရင်တော့ iPad mini ကိုစဉ်းစားစေချင်တယ်။ စျေးကနည်းနည်းမြင့်မယ် နောက် 60 Hz နဲ့ပဲလာမယ်ဆိုပေမယ့် တစ်ခြားဘာမှပြောစရာသိပ်မလိုဘူး။
Watch
Screen ပိုကြီးသွားတာက လွဲရင်ဘာမှမထူးဘူး။ Apple watch တွေက အရင်ကတည်းက စွတ်လန်းနေပြီးသား။ industry မှာအကောင်းဆုံးလို့ပြောလို့ရတယ်။ အဲတော့ update နည်းနည်းနဲ့လည်း အဆင်ပြေနေတော့ ရှိနေပြီးသား Apple watch ကိုပဲဆက်သုံး။ အသစ်ဝယ်ချင်တယ်ဆိုလည်း watch SE တို့ တစ်ခြား series တွေကစျေးပိုပြီးသက်သာတယ်။
ကယ်။ ဒီလောက်ပဲ။ မကြာခင် iOS 15 ရတော့မယ်။ version မြင့်ဖို့မမေ့ကြနဲ့အုံး။ FaceTime ကို Android နဲ့ browser ကနေသုံးလို့ရလာမယ်၊ နောက်ထပ် စိတ်ဝင်စားစရာ feature တွေလည်းပါလာမယ်။ version အသေးစိတ်ကို နောက်တစ်ပတ်ထဲမှာ ဝမ်းရေးဖူလုံပြီဆိုပြန်ပြောပြပေးမယ်။ စောင့်ချင်လဲစောင့်၊ မစောင့်လဲသူများတွေတင်ကြမှာပဲ။
COVID နဲ့ Coup ကြောင့် မြန်မာနိုင်ငံရဲ့ digital Landscape အပြောင်းအလဲ က မြန်လွန်းလှပါတယ်။ Facebook လို မြန်မာနိုင်ငံမှာ လူသုံးအများဆုံး social media က blacklist စာရင်းထဲပါသွားတော့ တစ်ခြား social media တွေကိုသိသိသာသာလူသုံးများလာတာတွေ့ရတယ်။ အထူးသဖြင့် telegram တို့ signal တို့ကိုပိုသုံးလာတာပေါ့။
အဲဒါအပြင် တစ်ခြားဘယ်လိုအပြောင်းအလဲတွေဖြစ်လာသလဲ။ ဒီနှစ်ထဲမှာ social media နဲ့ digital communication ပိုင်းမှာ ဘာတွေကိုသတိထားသင့်လဲ စတာတွေကို Vero ရဲ့ Myanmar Communication Landscape 2021 အပေါ်အခြေခံပြီး Vero က expert တွေနဲ့အတူစကားဝိုင်းဖွဲ့ပြီး Clubhouse မှာ audio only နဲ့ဆွေးနွေးသွားမှာပါ။
စိတ်ဝင်စားရင် မည်သူမဆိုလာနားထောင်လို့ရပါတယ်။ audio only ဆိုတော့ ကိုယ်တစ်ခြားအလုပ်တစ်ခုခုလုပ်ရင်း နားထောင်လို့ရသလို ကိုယ်ကိုယ်တိုင်လည်း share စရာရှိတယ်ဆိုရင် ဝင်ရောက်ဆွေးနွေးလို့ရပါတယ်။ အောက်က link လေးနှိပ်လိုက်ရုံပါပဲ။
https://www.clubhouse.com/join/burmese-tech-cafe/IkHRtMLX/mWE23w5Y
စက်တင်ဘာလ ၁၄ ရက်နေ့မှာ iPhone အသစ်ထွက်မယ်ဆိုတာ သေချာသွားပါပြီ။ အခုနောက်ပိုင်း နှစ်တွေမှာ ဖုန်းအသစ်မထွက်ခင် ကြိုတင်မှန်းဆမှုတွေဟာ အရင်ထက်ပိုပြီး တိကျလာပါတယ်။
ဆိုတော့ ဒီလာမယ့် iPhone အသစ်မှာ ဘာတွေပါလာမလဲ။ မနှစ်က ဖုန်းနဲ့ယှဉ်ရင် ဘယ်လောက်အထိ ပြောင်းလဲသွားမလဲဆိုတာတွေကို Tech ကဖေးက ပေါ့ပေါ့ပါးပါးလေး ဆွေးနွေးပေးထားပါတယ်။ ၁၅ မိနစ်စာ ဒီ episode လေးကိုနားထောင်ပြီး ၁၄ ရက်ညကျရင်တော့ တကယ် မှန်မမှန်ဆန်းစစ်လို့ရပြီပေါ့။
နားထောင်ရန် link
anchor - https://anchor.fm/burmesetechcafe
Spotify - https://bit.ly/btciphone13
မိမိနားထောင်နေကျ app တွေဖြစ်တဲ့ Spotify, Google Podcast, Apple Podcast နဲ့ Pocket Cast တို့ကနေတစ်ဆင့်လဲ Burmese Tech Cafe လို့ရိုက်ရှာပြီးနားထောင်နိုင်ပါတယ်။