Ko Zaw

Ko Zaw

စေတနာကောင်းရင်ကံကောင်းမည်

Photos from Mechanical Engineer's post 25/08/2022

Crd

Photos from Auto Mechanic Book's post 07/08/2022

crd

05/06/2022

Crd

ကားချစ်သူတို့ရေ သင့်ကား၏ ကားပန်ကာကြိုးနံပါတ်ကို သင်သိပါသလား?
အသုံးအများဆုံးကားတွေကို တတ်နိုင်သမျှစုစည်းဖော်ပြပေးလိုက်ပါတယ်။

Toyota - Belta (1300cc) 4PK 1210
Toyota - Belta (1000cc) 6PK 1210
Toyota - Voxy (2000cc) 7PK 1920
Toyota - Harrier (3000cc) 6PK 1050, 4PK 875
Toyota - Probox 4PK1210(Alt), 3PK (850)
Toyota- Vitz 4PK 1210
Toyota- CROWN Royal (3000CC) 7PK 1550
Toyota - WISH (1800CC) 6PK 1693, 6PK 1700
Toyota - RAV 4 5PK998, 5PK1090
Toyota - Passo 2011, (1300cc) 4PK1210
Toyota- Ractis 2009 6PK-1590
Toyota - Ractis (2011 & 2012) 4PK 878 4PK1155 4PK898 4PK1170
Toyota - Corolla Fielder (2010) 1500 cc- 4PK923/4PK1183
Toyota - Corolla Fielder (2010) 1800 cc- 6PK1873
Toyota - Hilux Surf (2000) RECMF 6390
Toyota - ALPHARD(2003) 2400cc 7PK1920
Toyota - Succeed 4PK1183/4PK1170
Toyota - Wish 2000cc 7PK1933
Toyota - Townace (2008) 1500cc 10x875, 10x950, 13x975
Toyota - Corolla (2002) 1500cc RECMF1390 RECMF 1420
Toyota- Fielder (2005) 1.5 4PK923 4PK1183
Toyota - Ipsum (2003) 7PK1920
Toyota - Alphard *G* (2003) 3000cc 6PK1043
Toyota - Premio (2002) 1800cc 6PK1880
Toyota - Mark 2 (1999) 4PK823 4PK833
Toyota - Fielder (2006) 1500cc 4PK923 ,4PK1183
Toyota - Caldina ပဲခြမ်း 4PK 820, 4PK 1080
Toyota - ရွှေငါး 2.04PK1070
Toyota - Rav4 (2000) 1800cc 6PK1540 6PK1888
Toyota - Mark X (2005) 7PK1550
Toyota - Kluger (2002) 7PK1933
Toyota - Corolla (2011) 1300cc 6PK1148 6PK1138
Toyota – Corolla Axio (2007) 1500cc 4PK 920, 4PK1180
Toyota - Premio (2002) 2000cc 7PK1933
Toyota – Hiace Super Custom (3000cc)1KZအင်ဂျင် RECMF 6390
Toyota – Brevis (3000cc) 6PK 1920
Nissan - Vanette (2000CC) 4PK 868(Alt), 3PK 828 (PS), 4PK 850 (AC)
Nissan – Vanette 2007 (ဓာတ်ဆီ) Recmf-6380
Nissan - X-trail (2000CC) 6PK 2245
Nissan- AD Van (1240cc) 5PK1070 3PK670
Nissan - Note (2009) 4PK833 4PK1070 (cr14de ) 7PK1043 7PK1140(hr16de)
Nissan - March (2011) 1200 CC 6PK995
Nissan - Wingroad 1800cc 6PK818 6PK1113
Nissan - Advan 3PK 670 Honda - Fit 5PK 1140
Honda - Civic 4PK 1600
Honda - Insight 4PK 1165
Honda - Fit Hybrid (2011) 4PK1165
Honda – Odyssey 2001 (2300cc) 6PK 930, 6PK 1080
Honda – Odyssey 2001 (3000cc) 6PK 1175
Mazda - Demio 6PK1840 Mitsubishi - RVR 4PK 773
Mitsubishi - Pajero (2500CC/diesel),(13x925), (17x113)
Mitsubishi - PAJERO (3200CC/DIESEL) RECMF1380
Forland402- RECMF 8420 / RECMF6610 ISUZU –
BIGHON (1998) 4jb1 RECMF8410
Suzuki – Carry truck 4PK 868
Suzuki – Swift (1300cc) 4PK 835, 4PK 840
Daihatsu – Hijet (ပုံဟောင်း) 4PK 710, 4PK 705
Daihatsu – Hijet (ပုံသစ်) 4PK 760/765
အထက်ဖော်ပြပါကြိုးများသည် ကားများနှင့် အတတ်နိုင်ဆုံးနီးစပ်သော ပန်ကာကြိုးများကို ဖော်ပြထားသည်။ မှတ်ချက်အနေဖြင့် တစ်ချို့သောကားများသည် ပူလီ သို့မဟုတ် မော်တာများလဲလှယ်ထားသောကြောင့် ကြိုး၏ အရှည်နှင့်နံပါတ်များမှာ လွဲနိုင်ပါသည်။
PK ကြိုးများကို ဖတ်ရှုရာတွင် 6PK 1000ကို 6လိုင်းပူး1000mmဟု ဖတ်ရှုနိုင်သည်။
မူလကြိုးနံပါတ်နှင့် 10mmအတွင်း အတိုးအလျှော့လုပ်၍လည်း တပ်ဆင်နိုင်သည်။

Credit: original upload

#ကားအကြောင်း

23/01/2022

ကားမောင်းတဲ့လူတိုင်း အဆင့်နှစ်ဆင့်ကို
ဖြတ်သန်းရပါတယ် .....

ပထမတစ်ဆင့်ကတော့ ကားမောင်းသင်ရမယ်၊
ဒုတိယကတော့ ကားမောင်းလိုင်စင် ဖြေရပါမယ်။

အောင်ရင် လိုင်စင်ရပြီး ကားမောင်းတတ်ပြီလို့
မထင်လိုက်ပါနဲ့ဦး၊ ကားမောင်းလိုင်စင်ရတိုင်း
ကားမောင်းတတ်တယ်လို့ထင်ရင်
အမှားကြီးမှားသွားနိုင်ပါတယ်။
လိုင်စင်ကိုင်ထားပြီး ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်းမသိသူတွေ ဒုနဲ့ဒေး ပါ။

ဒါကြောင့် ကားတစ်စီးကို ကျွမ်းကျင်စွာ
မောင်းနှင်တတ်ဖို့အတွက်
မသိမဖြစ်သိထားရမယ့်
အခြေခံအကြောင်းအရာလေးတွေကို
ဖော်ပြပေးလိုက်ပါတယ်။

◼️လက်ကိုင်ဂွေကို မှားယွင်းစွာ ကိုင်ဆောင်ခြင်း ၊

မြို့တွင်းမှာမောင်းမယ်ဆိုရင်တော့ ၃ နာရီနဲ့ ၉ နာရီ အနေအထားတွေကို ကိုင်ရမှာဖြစ်ပြီး၊
အမြန်လမ်းမှာဆိုရင်တော့ ၄ နာရီနဲ့ ၈ နာရီ
အနေအထားတွေကိုင်ပြီး မောင်းနှင်ရင်
လူသက်သာပါတယ်။
(၂ နာရီနဲ့ ၁၀ နာရီ အနေအထားတွေကတော့
လေအိတ်မပါတဲ့ကားဟောင်းတွေ၊
လက်ကိုင်ဂွေကြီးမားတဲ့ကားတွေနဲ့
ပါဝါစတီယာရင်စနစ်မပါဝင်တဲ့ ကားတွေအတွက်ပါ) လက်ကိုင်ဂွေကို လက်ဖဝါးနဲ့တွန်းထားတာမျိုးတွေဟာ လက်ချော်တတ်တာကြောင့် လက်နှစ်ဖက်နဲ့
ခိုင်မြဲစွာဆုပ်ကိုင်ပြီး မောင်းပါ။

◼️လက်ကိုင်ဂွေ နှင့် နီးကပ်စွာထိုင်ခြင်း ၊

လူအများစု အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်ကြတဲ့
အကြောင်းအရာလေးတစ်ခုကတော့ လေအိတ်ပါပဲ။ ယာဉ်မတော်တဆမှုဖြစ်လို့ လေအိတ်ပွင့်လာခဲ့ရင်
လက်ကိုင်ဂွေနဲ့နီးကပ်စွာ ရှိနေခဲ့ပါက
နံရိုးကျိုးတာတွေ၊ မီးလောင်သလို
အပူလောင်တာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကားတစ်စီးကိုမောင်းနှင်တော့မယ်ဆိုရင် လက်ကိုင်ဂွေနဲ့ အနည်းဆုံး တစ်ပေခွဲလောက်
အကွာအဝေးရှိနေရပါမယ်။

◼️တာယာလေပေါင် ပုံမှန်မစစ်ဆေးခြင်း ၊

ယာဉ်မောင်းသမား အများစုဟာ
လေချိန်ဖို့ အနည်းငယ်ပျင်းတတ်ကြလေ့ရှိပါတယ်။ အခြားနိုင်ငံတွေမှာလည်း ဆီဆိုင်တွေမှာ
လေချိန်လို့ရတာတောင် ချိန်ဖို့ပျင်းနေတတ်ကြ
ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကတော့
လမ်းမကြုံရင် (သို့) ကားမောင်းနေရင်း
ဆိုင်တွေ့မှ ဝင်ချိန်တတ်ကြပါတယ်။
တာယာဟာ သင့်ကားရဲ့အရေးအကြီးဆုံး
အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက်
ပုံမှန်လေချိန်တာမျိုးတွေပြုလုပ်ပေးသင့်ပြီး
ခရီးဝေးသွားမယ့်အခါမျိုးတွေမှာ
နိုက်ထရိုဂျင်လေထိုးသွားကြဖို့
အကြံပေးလိုက်ပါရစေ။

◼️ဘေးမှန်များ အချိန်အဆလွဲနေခြင်း ၊

လမ်းပြောင်းခါနီးနဲ့ ဘက်ဆုတ်တဲ့ အချိန်တွေမှာ
ဘေးမှန်က အချိန်အဆလွဲနေရင်
မျက်လုံးကန်းနေတဲ့လူ ကားမောင်းနေသလိုပါပဲ။ အခန့်မသင့်ရင် နောက်ဆုတ်တုန်း
လူတိုက်မိတာတို့ ၊လမ်းပြောင်းတုန်း သူများကား သွားပွတ်မိတာတို့ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဘေးမှန်နှစ်ဖက်လုံးကို
နောက်ကော ဘေးကော
နှစ်ဘက်စလုံး ထင်မြင်အောင်
သေချာချိန်ထားဖို့လိုအပ်ပါတယ်ခင်ဗျ

Photos from Ko Zaw's post 04/01/2022

မသိဘူးများအတွက်သာ
Photo

Photos from Ko Zaw's post 04/01/2022

Photo

Photos from Ko Zaw's post 11/03/2021

သတိထားစစ်ဆေးရမည့် CV Joint (သို့) မော်တော်ကားရဲ့ ဒူးဆစ် 🚗🔍🔦🔧

မော်တော်ကားတစ်စီးကို အောက်ပိုင်းစစ်ဆေးပေးတဲ့ အခါမှာ မေ့နေတတ်တဲ့ အရာတစ်ခုက (CV Joint )လို့ခေါ်တဲ့ ဒူးဆစ်ကို စစ်ဆေးပေးဖို့ပါဘဲ ။

ဘာဖြစ်လို့သတိထားစစ်ဆေးရမလဲဆိုတော့⁉

🔴? CV Joint ဆိုတာဘာလဲ ❓
🔴 ဘာလုပ်ပေးတာလဲ ❓

🚘 ရှေ့ယက်ကားတွေ (Front Wheel Drived car)နဲ့ ဖိုးဝီးကား (Four Wheel car) တွေမှာ မဖြစ်မနေသုံးရတဲ့ ပစ္စည်းပါ။ အချို့သော နောက်ယက်ကားဖြစ်တဲ့ Crown ၊ Mark II စတဲ့ (Rear Wheel Drived Car) တွေမှာလဲ သုံးတတ်ပါတယ်။ CV ဆိုတာ (Constant Velocity)ရဲ့ အတိုကောက်လေးပါ။ ကားတစ်စီးရွေ့လျားဖို့ဆိုရင် အင်ဂျင်လည်ရပါမယ်။ နောက်ဂီယာတစ်ခုခုရှိရပါမယ်။ အဲဒီဂီယာနဲ့ချိတ်ဆက်ပြီး ကားဘီးတွေကို လည်ပေးလိုက်မှ ကားက သွားလာလို့ရပါမယ်။ Transaxle လို့ခေါ်တဲ့ ဂီယာဘောက်ကနေ လည်ပေးလိုက်တဲ့အတိုင်း ကားရဲ့ ဘီးတွေက လိုက်ပြီး လည်ပတ်ရပါတယ်။ ဘီးဟာ အတည့်ဖြစ်ဖြစ်၊ ကွေ့နေလို့ပဲဖြစ်ဖြစ်၊ ဘီးက ချိုင့်ထဲကျသွားလို့ပဲဖြစ်ဖြစ်၊ ဘီးက ကမူပေါ်မှာ ရောက်နေလို့ပဲဖြစ်ဖြစ် Transaxle ရဲ့ လည်နှုန်းအတိုင်း လိုက်ပြီး လည်ပေးရပါမယ်။ (ဒါကြောင့် Constant Velocity လို့ခေါ်တာပါ။) ဒါတွေရဲ့အလုပ်ကို CV axle လို့ခေါ်တဲ့ ဒူးဆစ်ရှပ်တန်းကြီးက လုပ်ဆောင်ပေးပါတယ်။ ဒူးဆစ်ရှပ်တန်းမှာ အတွင်းဒူးဆစ် (Inner CV Joint) နဲ့ အပြင်ဒူးဆစ် (Outer CV Joint) ဆိုပြီး ဒူးဆစ်(၂)ခုရှိပါတယ်။
(ပုံမှာကြည့်ပါ) ဒူးဆစ်တွေမှာ အမဲဆီအပြည့်နဲ့ဘောလေးတွေပါပါတယ်။ အဲဒီဘောလေးတွေက မြောင်းတွေထဲမှာ အထိုင်ကျနေပြီး လိုသလို အထက်အောက် ဘေးဘယ်ညာ ကစားလို့ရပါတယ်။ အဲဒီဘောလေးတွေက CV Joint ရဲ့ အရေးပါဆုံးပါဘဲ။

⁉? CV Joint မကောင်းရင် ဘာတွေဖြစ်နိုင်သလဲ ❓
ကားက ဂီယာထိုးပေမဲ့ မရွေ့တော့ပါဘူး။ ကားရမ်းခါနေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ဒူးဆစ်ပြုတ်ထွက်သွားပြီး ကားဘီး အပြင်ကို ကားထွက်သွားတာ၊ အတွင်းကို ဝင်သွားတာတွေဖြစ်နိုင်ပါတယ်။ အရှိန်နဲ့ သွားလာနေတဲ့အခါမှာ တကယ်ကို အန္တရာယ်များပါတယ်။

✅ ဒီလိုတွေဖြစ်နေရင်တော့ CV Joint (ဒူးဆစ်)ကို စစ်ဆေးပြီး လဲလှယ်ဖို့ လိုအပ်ရင် လဲရပါမယ်။
🔭 ဒူးဆစ်သဲကာတွေ ပေါက်ပြဲနေရင် (သို့) ဒူးဆစ် အမဲဆီတွေ အပြင်ကိုထွက်နေရင် (ဒူးဆစ်ကို ပျက်ဆီးစေတဲ့ အဓိက အကြောင်းရင်းပါ)။

🔭 စီယာရင်အဆုံးထိကွေ့ပြီး လီဗာနင်းလိုက်ရင် တောက်တောက် ဆိုပြီး အသံထွက်နေရင်(ဒါက first step ပါ)။

🔭 စီယာရင်ကို အတည့်တိုင်းထားပြီး သွားရင်လည်း ရမ်းခါပြီး တောက်တောက်ဆိုပြီး အသံထွက်ပါမယ်။ဒီအဆင့်ဆိုရင်တော့ တအားကို အန္တရာယ်များသွားပါပြီ.. အချိန်မဆိုင်းဘဲ ဒူးဆစ်ကို လဲရပါမယ်။

အကယ်၍သာ သဲကာပေါက်ပြဲနေတာတို့ အမဲဆီတွေ အပြင်ကို ထွက်နေတာတို့ပဲ ဖြစ်နေသေးရင်တော့ သဲကာလဲပြီး ဒူးဆစ် အမဲဆီကို အသစ်ထည့်ပေးရပါမယ်။ ဒီနေရာမှာ ဒူးဆစ် (CV Joint)အတွက် အမဲဆီက Extreme Pressure Moly ပါတဲ့ အမဲဆီကို သုံးစွဲရမှာဖြစ်ပါတယ်။ ဘောတွေမကောင်းတော့ဘူးဆိုရင်တော့ ယာဉ်အန္တရာယ်ကင်းစေဖို့ ဒူးဆစ်ကို လဲလှယ်ရမှာဖြစ်ပါတယ်။
ဒါကြောင့် အောက်ပိုင်းစစ်ဆေးရင် CV Joint လို့ခေါ်တဲ့ ဒူးဆစ်ကိုလည်း သတိထားစစ်ဆေးဖို့ ဆန္ဒပြုတိုက်တွန်းလိုက်ရပါတယ် ။



(Keep It Safe!)


Naing Tun

11/02/2021
Photos from Ko Zaw's post 27/01/2021

၁၇၁။ Active Sway Bar (လျှပ်စစ် နှုတ်ခမ်းမွှေးတန်း)

အခေါ်အဝေါ်အားဖြင့် Roll Bar, Anti sway Bar, Sway Bar, Stabilizer Bar စသည်ဖြင့်ခေါ်သည့် မြန်မာအခေါ် နှုတ်ခမ်းမွှေးတန်း ဖြစ်ပါသည်။ ကားသမားများအနေဖြင့် Link လဲသည်ဆိုရာတွင် အများအားဖြင့် နှုတ်ခမ်းမွှေးတန်းမှ Link အား လဲရသည်ဖြစ်ပါသည်။ ၄င်းတန်းသည် ကားများ အရှိန်ဖြင့် ရုတ်တရက်ကွေ့သည့်အခါ မယိမ်းသွားစေရန် တပ်ဆင်ထားပါသည်။ အများအားဖြင့် Sway bar ၏ ထိပ်နှစ်ဘက်အား ရှေ့အောက်ပိုင်းရှိ Control Arm (လက်ဝါးတန်း) နှစ်ဘက်တွင် တပ်ဆင်လေ့ရှိပါသည်။ ပထမဆုံး Sway Bar အား 1919 တွင် ကနေဒါ နိုင်ငံသား Stephen Coleman မှ မှတ်ပုံတင်ခဲ့ပါသည်။ သို့သော်လည်း အဲ့ခေတ် ကားများ၏ အောက်ပိုင်းသည် အမာစားများသာဖြစ်သောကြောင့် Sway Bar အားမသုံးခဲ့ကြပေ။ 1950 နောက်ပိုင်းမှသာ Coil Spring Suspension အပျော့များသုံးသည့်အခါမှ ၄င်းအား တပ်ဆင်အသုံးပြုလာပါသည်။ ၄င်း တန်းသည် ကားများ၏ အစွန်းနှစ်ဘက်အား ကားအကွေ့အဝိုက်များတွင်
တစ်ဘက်စောင်းနင်းမဖြစ်စေရန် ထိန်းပေးပါသည်။ Coil Spring / Shock Absorber (ရှော့ဘား) စသည့် ပုံမှန် Suspension အား လိုအပ်သလို ဆွဲတင် ဆွဲချ ပြုလုပ်ပေးပါသည်။ ကားတစ်စီး ဘယ်ဘက်သို့ ဆွဲကွေ့လိုက်သည် ဆိုပါစို့ Centrifugal Force ဆိုသည့် ဗဟိုခွာအား ကြောင့် ကား၏ အလေးချိန်သည် ညာဘက် ဘီးပေါ်သို့ ပို၍ဖိမည်ဖြစ်သည်။ ကားအတွင်းလူများလည်း ညာဘက်သို့ ယိုင်သွားသည်ကို သတိထားမိကြမှာပါ။ အရှိန်အရမ်းပြင်းပြင်းနှင့်သာ ရုတ်တရက် ဘယ်ဘက်သို့ ကွေ့ချလိုက်ပါက ကားမှာ ညာဘက်သို့ လန်ထွက်သွားမည်ဖြစ်သည်။ ထိုသို့ ကားအကွေ့တွင် အဖိခံလိုက်ရသည့် ဘက်ရှိ ရှော့ဘား (Damper/ Shock Absorber) များမှာ ကျုံ့သွားပြီး အခြားတဘက်ရှိ ရှော့ဘားများ ကွိုင်များဟာ ကြွလာပါမည်။ အကယ်၍ Sway Bar တပ်ဆင်ထားပါက ကားအကွေ့တွင် Bar အား လိမ်လိုက်သကဲ့သို့ဖြစ်ပြီး ကြွသွားသည့်ဘက်အား ပြန်ဖိချကာ ကျုံ့သွားသည့်ဘက်အား ပြန်ကြွလာအောင် အားပေးပါမည်။ ထိုသို့လုပ်ပေးနိုင်ရန် Sway Bar သည် စပရင်စတီးသားဖြင့် ပြုလုပ်ထားပြီး အလိမ်ခံနိုင်စေရန် Treatment ကောင်းကောင်းပြုလုပ်ပေးထားပါသည်။ ကားရှေ့ဘီးနှစ်ဘီးအား ဆက်သွယ်ထားသည့်သဘောကြောင့် ဘီနှစ်ဘီး အနိမ့်အမြင့်မညီသည်နှင့် Bar အားလိမ်လိုက်သလိုဖြစ်ကာ ညီအောင်ပြန်ညှိပေးမည်ဖြစ်သည်။ ထို့အပြင် အချို့ Sway Bar များသည် အမာ/အပျော့ အား Bar ၏ထိပ်များကို ရှေ့တိုးနောက်ဆုတ် လုပ်ပေးခြင်းဖြင့် ပြောင်းနိုင်သည့် Adjustable Anti roll Bar များဖြစ်ပါသည်။ ယင်းမှာ ရိုးရိုးနှုတ်ခမ်းမွှေးတန်းဖြစ်ပါသည်။

Active Sway Bar ဆိုသည်မှာ ရိုးရိုး Sway Bar ၏ အလယ်၌ Electric Motor တပ်ဆင်ကာ Bar အား လိုချင်သည့် Torque ရရှိစေရန် လှည့်ပေးမည့် Bar ဖြစ်ပါသည်။ ပထမဆုံး Active Sway Bar အား 1994 တွင် Citroen Xantia Activa ဆိုသည့် ဆလွန်းကား၌ တပ်ဆင်အသုံးပြုခဲ့ပါသည်။ Sway Motor အား Suspension ECU မှ ကားအကွေ့များတွင် လျှပ်စစ်ပေး၍ ထိန်းချုပ်မည်ဖြစ်သည်။ 2001 တွင် BMW မှ Active Roll Stabilization (ARS) ဟူ၍ E65 ကားတွင် တပ်ဆင်အသုံးပြုခဲ့ပါသည်။ ထိုမှ 2005 တွင် Lexus GS430 တွင်လည်းကောင်း၊ Porsche, Mercedes, စသည်ဖြင့် အသုံးပြုလာခဲ့ပါသည်။ Active Sway Bar စနစ်တွင် ရှေ့ နှင့် နောက် ဘီး၂ဘီးကြားတွင် တပ်ဆင်၍ ရှေ့နှင့် နောက် Control Unit နှစ်ခုခွဲကာ Central Control Unit မှထိန်းချုပ်ပါသည်။ 1.5 kW ပါဝါရှိသည့် DC Motor များအသုံးပြု၍ 48V ဗို့အားရှိပါသည်။ Sway Bar အား ဖြတ်ချထားပြီး Motor သည် Sway Bar ၏အလယ်ခန့်မှ ခွ၍ Bar ၂ ပိုင်းကို ပြန်ဆက်ပေးထားသည့်ဒီဖိုင်းဖြစ်ပါသည်။ ၄င်းတွင် Bar ၂ ခု အချိတ်အဆက် Electronic Actuator ပါဝင်ပြီး လည်ပတ်မှုမှ Torque ရရှိစေရန် Reduction Gearbox လည်းတပ်ဆင်ထားပါသည်။ ပုံမှန် Sway Bar ပါသည့်ကားများသည် ကားအကွေ့တွင် တစ်ဖက်သို့ စောင်းသွားပြီးမှ Sway Bar မှ ပြန်လိမ်လိုက်သောအခါ ပြန်၍တည့်သွားပါသည်။ Active Sway Bar စနစ်သည် ထိုသို့အဖြစ်မခံဘဲ Driver မှ Steering လက်ကိုင်အား လှည့်သည်နှင့် Steering Position Sensor, Yaw Sensor, Body Lean Sensor စသည်ဖြင့် Sensor များမှ အချက်အလက်အား ECU တွင် တွက်ချက်၍ Sway Bar ကို Motor ဖြင့် လိုအပ်သည့်ဘက်သို့လိုက်၍ လိမ်ပေးနေခြင်းဖြင့် ကားနှင့် ကားအတွင်းရှိလူများမှာ ကားမည်သည့်ဘက်အား ကွေ့ကွေ့ လိုက်ပါ​၍ မတိမ်းစောင်းတော့ဘဲ သက်တောင့်သက်သာရှိစေပါမည်။ ထို့အပြင် Oversteer နှင့် Understeer ဖြစ်စဥ်များကိုလည်းကာကွယ်ရန် Understeer ဖြစ်နေလျှင် ရှေ့Sway bar အားတင်းပေးကာ၊ Oversteer ဖြစ်နေပါက နောက် Sway Bar အားတင်းပေးခြင်းဖြင့် ထောက်ပံ့ပေးနိုင်သောစနစ်ဖြစ်ပါကြောင်းဖြင့်။ ။LinHtet (EEM)

Oversteer/Understeer အား Post No.၆၅ တွင်ပြန်လည်ဖတ်ရှုနိုင်ပါသည်။ မူရင်းတင်သူအားcrd. Copy

26/01/2021

မေ့တတ်ကြလား ကျွန်တော်ကတော့ မေ့ဘူးတယ် 🔧 ဘယ်သူတွေဘာမေ့ဘူးလဲ မန့်သွားကြပါအုန်းဗျ

Photos from Ko Zaw's post 25/01/2021

Share

Photos from Ko Zaw's post 24/01/2021

အရေးကြီးအခြေအနေမဖြစ်မနေအသုံးပြရမယ်ဆို လိုက်လုပ်ဖို့ရာအကြံပြုချင်ပါတယ်ဗျ

24/01/2021

ကားနဲ့ပတ်သတ်တာသိသမျှတတ်သမျှ မျှဝေပေးသွားပါမယ်ဗျ like&share please

Website