𝑺𝑴𝑪 - 𝑴𝒂𝒅𝒆 𝒊𝒏 𝑩𝒖𝒓𝒎𝒂

𝑺𝑴𝑪 - 𝑴𝒂𝒅𝒆 𝒊𝒏 𝑩𝒖𝒓𝒎𝒂

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝑺𝑴𝑪 - 𝑴𝒂𝒅𝒆 𝒊𝒏 𝑩𝒖𝒓𝒎𝒂, Food Delivery Service, .

23/07/2022

🧡

လေဆိပ်သွားရင် မျက်စိမလည်ဖို့ 📝

နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိမ်တဲ့စိတ် အနည်းနဲ့အများ ရှိကြမယ်ထင်တယ်၊ ကျွန်တော်တို့လို ခရီးခဏခဏ သွားတဲ့သူတွေတောင် ခုချိန်ထိ လေဆိပ်အတွင်း Sign တွေလိုက်ကြည့်ပြီးပဲ သွားရတာပါ။ Dubai, Doha နဲ့ Kuala Lumpur တို့လို Transit အဝင်အထွက်များတဲ့ Airport တွေဆို Terminal တစ်ခုနဲ့တစ်ခုကူးဖို့ လေဆိပ်အတွင်း Bus နဲ့ Mini Train တွေတောင် ရှိတတ်ပါသေးတယ်။ ဒါပေမယ့် နိုင်ငံတကာက လေဆိပ်တွေအားလုံးရဲ့ အဆင့်ဆင့်ဖြတ်ကျော်ပုံက အတူတူပဲမို့ အထောက်အကူဖြစ်အောင် ဒီ Content လေး ရေးပေးလိုက်ပါတယ်၊ အသုံးလိုတဲ့အခါ ထုတ်ကြည့်လို့ ရအောင်ပေါ့...။

အဆင့် (၇) ဆင့်ကို အလွတ်မှတ်ထားပါ

၁။ Check-in Counter သွားမယ်

အရင်ဆုံး ကိုယ့်လေယာဥ် ဘယ် Terminal ကစီးရမှာလဲ သိရမယ်၊ အဲ့တာကလည်း Flight Ticket ထဲ ပါမှာမို့ စိတ်ပူစရာမလိုပါ။ ထွက်ခွာဆို Departure ကိုသွားပြီး ဆိုက်ရောက်က Arrival ပါ။ Departure Terminal အတွင်း ကြိုက်တဲ့ Gate ကဝင်ပြီး အရင်ဆုံးလုပ်ရမှာ Airline Check-in Counter ရှာရပါမယ်၊ လေဆိပ်တွေမှာ အပေါက်ဝဝင်ဝင်ချင်း LED Board တွေနဲ့ ဘယ် Airline Counter ကတော့ ဘယ် Roll မှာ A, B, C စသဖြင့် ရေးထားလို့ အဲ့မှာကြည့်ပြီး Sign အတိုင်းလိုက်သွားပါ၊ ကိုယ်စီးရမယ့် Flight နံပါတ် ပြထားတဲ့ Counter တွေ့ရင် တန်းစီ Passport ပေးပြီး Luggage အပ်၊ Check-in ဝင်ပါ။ Luggage အပ်တဲ့အခါ ကွဲတတ်တာတွေပါရင် တစ်ခါတည်းပြောပါ၊ Battery ပါတဲ့ Power Bank လို ပစ္စည်းတွေကတော့ ကိုယ်နဲ့အတူ လေယာဥ်ပေါ် Hand Carry သယ်သွားပါ။ မတော်တဆပါသွားခဲ့ရင် လေယာဥ်ပေါ်ရောက်ပြီးမှ ကိုယ့်နာမည်ခေါ်ပြီး ပြန်လာထုတ်ခိုင်းလို့ အရမ်းကို အလုပ်ရှုပ်တဲ့အပြင် လေယာဥ်ပါ Delay ဖြစ်နိုင်တာမို့ အထူးဂရုစိုက်ပါ။ (ခုက Traditional နည်းပဲ ရေးထားပါတယ် Online နဲ့ Self Check-in နည်းတွေပါရေးရင် ရှည်သွားမှာမို့ ဒီလောက်ပဲမှတ်ထားရင် ရပါပြီ)

၂။ Immigration ဖြတ်မယ်

Check-in ဝင်ပြီးပြီဆို ကိုယ်လေယာဥ်စီးရမယ့် လက်မှတ် Boarding Pass ရလာပါမယ်၊ အဲ့တာရပြီးပြီဆို လူဝင်မှုကြီးကြပ်ရေး Immigration ဆိုပြီး ရဲပုံလေးနဲ့ Sign နောက်ကို သွားပါ၊ ဒါမှမဟုတ် To Gates ဆိုတာနောက် လိုက်သွားလည်း ရပါ၏၊ ကိုယ်ဒီနိုင်ငံက ထွက်ခွာသွားပြီဆိုတဲ့ တုံးထုပေးဖို့ပါပဲ စိတ်ပူစရာမလို ကြောက်စရာမလို။ ကိုယ်သွားမယ့်နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် Visa လိုတယ်ဆို ဒီနေရာမှာ စစ်ပါတယ်၊ မြန်မာပြည်က Departure Card ဆိုတာ ဖြည့်ရလို့ Check-in Counter မှာရလာတဲ့ Card ကိုဖြည့်ပြီး Immigration မှာပေးခဲ့ပါ။

၃။ Security စစ်မယ်

Immigration ကို ဖြတ်လာပြီးရင်တော့ လေယာဥ်စီးရမယ့် Gate တွေကို မရောက်ခင် ကိုယ့်ကိုရော လေယာဥ်ပေါ်ယူသွားမယ့် Hand Carry ကိုပါ Security စစ်ပါမယ်၊ ဒီနေရာမှာ အရည်ပါတဲ့ပစ္စည်းတွေ 100ml ထက်ပိုပြီး သယ်မရပါ Skincare ဘူးကြီးတွေဆိုလည်း အကုန်ထားခဲ့ရမှာမို့ Luggage အကြီးထဲထည့်ပေးလိုက်ဖို့ မမေ့ပါနဲ့။ လိုအပ်ချက်ပေါ် မူတည်ပြီး ဖိနပ်၊ ဦးထုပ်၊ အနွေးထည်နဲ့ ခါးပတ်တွေပါ ချွတ်ခိုင်းမှာမို့ သူတို့တောင်းဆိုတဲ့အတိုင်း လုပ်ပေးပြီး အစစ်ဆေးခံပါ။

၄။ စီးရမယ့် Gate ရှာမယ်

ဒီနေရာကို ရောက်လာပြီဆို စိတ်နည်းနည်းအေးရပါပြီ... To Gates ဆိုတဲ့ ဆိုင်းဘုတ်တွေနောက် လိုက်သွားပါ၊ Boarding Pass ပေါ်က ကိုယ်စီးရမယ့် Gate နံပါတ်ကို လိုက်ရှာပြီး Boarding Time မခေါ်ခင်ထိ Duty Free Area ထဲ သွားချင်တဲ့နေရာသွားပြီး စျေးဝယ် မုန့်စား ကော်ဖီသောက်ရင်း စောင့်ဆိုင်းရုံပါပဲ။ တစ်ခုသတိထားရမှာက Last Minute မှ Gate ပြောင်းတတ်လို့ ကိုယ့် Gate ကိုတော့ အမြဲ Check နေပါနော်။

၅။ လေယာဥ်ပေါ်တက်မယ်

Boarding ခေါ်တဲ့အခါ အသံနဲ့ကြေငြာပါတယ်၊ အများအားဖြင့် Business Class က အရင်ဝင်ရပြီး Economy Class ကတော့ သူပြီးရင် ဝင်ရပါတယ်၊ လေယာဥ်အတွင်းရောက်ပြီဆို ကိုယ့်ရဲ့ Seat နံပါတ်အတိုင်း လိုက်ရှာပြီး ထိုင်ပါ။ ကိုယ် Window Seat ဆို ကိုယ့်နံပါတ်ဘေးမှာ လေယာဥ်ပြတင်းပေါက်ပုံလေး ပြထားပါလိမ့်မယ်၊ မဟုတ်ရင်တော့ ဆန့်ကျင်ဘက်ခုံပေါ့။

၆။ Immigration ဖြတ်မယ်

Landing ဖြစ်ပြီး လေယာဥ်ပေါ်က ပြန်ဆင်းရပြီဆို Arrival ဆိုတဲ့ Sign အတိုင်းလိုက်သွားပါ၊ အရင်ဆုံး Immigration ဖြတ်ရမှာအပြင် တခြားမရှိပါ၊ ကိုယ့်မှာပါတဲ့ စာရွက်စာတမ်းတွေပြ၊ Officer က တုံးထု၊ လိုအပ်တဲ့ Scan ဖတ်တာတွေလုပ် ပြီးရင် သူတို့နိုင်ငံအတွင်း ဝင်လို့ရပါပြီ။ လေဆိပ်သွားရင် သပ်သပ်ရပ်ရပ်ဝတ်စားသွားဖို့ အရေးကြီးတယ်ဆိုတာ ဒီနေရာမှာ အရမ်းစကားပြောပါတယ်၊ ကိုယ့်ကိုမသင်္ကာရင် မသင်္ကာသလို ရစ်နိုင်လို့ ကိုယ်ကကြောက်နေတဲ့ပုံ မနေသင့်ပါဘူး၊ ပုံမှန်အားဖြင့်တော့ ဒီတိုင်းတုံးထုပေးပြီး မစစ်လိုက်တာများပါတယ်၊ ကျန်တာတော့ ကိုယ့်ကံပေါ့။

၇။ Baggage Claim မယ်

နောက်ဆုံးအဆင့်ရောက်ပါပြီ၊ Immigration က ထွက်တာနဲ့ ကိုယ့်ရဲ့ Flight က ဘယ်နံပါတ်မှာ Luggage တွေ ချပေးမလဲဆိုတာ ကြည့်ရမယ့် LED Board ကို ရှာပါ။ အဲ့မှာကြည့်ပြီး အထုပ်စောင့်ယူပြီးပြီဆိုရင်တော့ လိုအပ်တဲ့ Sim Card ဝယ်၊ ကိုယ်ဆက်သွားမယ့်နေရာ ဆက်သွားနိုင်ပါပြီ။

ဒီအဆင့်တွေအားလုံးက ကျော်စရာလည်းမလိုသလို ကျော်လို့လည်း မရပါဘူး... စိတ်ချမ်းသာပြီး အရာရာ အဆင်ပြေတဲ့ ခရီးစဥ်တွေ ဖြစ်ကြပါစေခင်ဗျာ။

With Love 💕
Kyaw Soe Lwin

29/06/2022

ကဲ မင်မင်တစ်ခုမေးကြည့်မယ်နော်
မြန်မာပြည်မှာနေတဲ့သူလေးတွေ
မြန်မာဆန်ဆန်နာမည်လှလှလေးတွေ သို့မဟုတ်
အသုံးနှုန်းလေးတွေ
ဘယ်လောက်သိလဲကြည့်ရအောင် မန့်ခဲ့ပေးနော်😍
မြန်မာဆန်ဆန်နာမည်- ဥပမာ ပျိုမေ,လုံမေ,ညိုမြ
အသုံးအနှုန်း- လုံမလေး,ပျိုပျိူမေ

27/06/2022
Photos from 𝑺𝑴𝑪 - 𝑴𝒂𝒅𝒆 𝒊𝒏 𝑩𝒖𝒓𝒎𝒂's post 26/06/2022

အရင်တုန်းအကြွေးမဆပ်နိုင်ရင်
နောင်ဘဝ ငါ့ဆီမှာခွေးလာဖြစ်လေ့မယ်ပြောတယ်
အခုခေတ် ဝုတွေက အကြွေးမဆပ်နိုင်လို့ ဝုလာဖြစ်လဲအေးဆေးပဲ ဘာလို့ဆိုဝုတို့သခင်ဆိုတာ
ဝုကိုကျွေးဖို့ ဝုကိုဝတ်ဖို့ ဝုကိုအလှဆင်ဖို့ရှာရတာ
နဲ့တင်သူ့မှမလောက်နိုင်ဘူးလေ😁
ဝုတို့ကတော့ ဟိုး ဘဝကအကြွေးမဆပ်နိုင်လို့
ဝုဖြစ်နေလဲ ဝု ဘဝမှာ ဝုတို့ကအေးဆေးပါပဲနော်😎
တစ်ကယ်တော့ သခင်က ဟိုဘဝက ဝုဆီအကြွေးတင်နေလို့ ဝုဆီမှာလာဆပ်ရတာပဲနေမှာပါ😂ဟုတ်လား ဝုသခင်တို့​ရေ😂😍🥰

Photos from 𝑺𝑴𝑪 - 𝑴𝒂𝒅𝒆 𝒊𝒏 𝑩𝒖𝒓𝒎𝒂's post 22/06/2022

အချစ်ဆိုတာက အတူတူအကြာကြီးရှိနေခဲ့ရင်တောင် ရိုးမသွားတာမျိုးလေ 😍🥰
ဒီနေ့တော့ ဒီလူသားလေးနှစ်ယောက်အတွက်ပျော်ပေးလိုက်ရအောင်😍😍
photo credit -Nan Thuzar Facebook Acc

21/06/2022

ခုချိန်ထိလိုင်းပေါ်ရှိနေသေးရင် အကောင်ပဲ
ဘာကောင်လဲသိလား??????မန့်ခဲ့လိုက်😁
နေဖင်ထိုးအောင်အိပ်မယ့်အကောင်😂🤣

20/06/2022

ချစ်စရာလေး 😍🥰
Credit-video

𝑺𝑴𝑪 - 𝑴𝒂𝒅𝒆 𝒊𝒏 𝑩𝒖𝒓𝒎𝒂 18/06/2022

ဒီဆန်ကြမ်းမစားနိူင်တော့လို့😁😁😁

𝑺𝑴𝑪 - 𝑴𝒂𝒅𝒆 𝒊𝒏 𝑩𝒖𝒓𝒎𝒂

𝑺𝑴𝑪 - 𝑴𝒂𝒅𝒆 𝒊𝒏 𝑩𝒖𝒓𝒎𝒂 12/06/2022

နင့်အမေအကြွားသန်လား 😂😂😂

𝑺𝑴𝑪 - 𝑴𝒂𝒅𝒆 𝒊𝒏 𝑩𝒖𝒓𝒎𝒂

𝑺𝑴𝑪 - 𝑴𝒂𝒅𝒆 𝒊𝒏 𝑩𝒖𝒓𝒎𝒂 08/06/2022

ဖုန်းကိုမသုံးရဘူး 😅😅😅

𝑺𝑴𝑪 - 𝑴𝒂𝒅𝒆 𝒊𝒏 𝑩𝒖𝒓𝒎𝒂

Website