Empowered Finance by Richard

Empowered Finance by Richard

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Empowered Finance by Richard, Educational consultant, .

20/01/2024

ကျွန်တော် page လေးကို အတော်ကြာကြာ မ run ပဲရပ်ထားခဲ့မိတာကို အခု good news လေးတစ်ခုနဲ့ပြန်ဖွင့်ချင်ပါတယ်။ 😃
ပြီးခဲ့တဲ့ Nov 2023 မှာ ကျွန်တော်ဖြေခဲ့တဲ့ CFA level II result ကို အခုသိရပါပြီ။
ကျွန်တော် level II ကိုလည်း self-study နဲ့ first try မှာပဲ အောင်ခဲ့ပြီး ကျွန်တော့ရဲ့ performance က 90th percentile score of all candidates ထဲမှာပါခဲ့ပါတယ်။
နောက်ရက်တွေမှာလည်း ကျွန်တော်ဘယ်လိုပြင်ဆင်ခဲ့လည်းဆိုတာကိုပါ ပြောပြသွားဖို့ရှိပါတယ်။
Step-by-step အသေးစိတ်ဖြစ်တဲ့အတွက် စာနဲ့ပဲရေးပေးရမလား ?
Video content လေးလုပ်ပေးရမလား ? ဆိုတာလေး comment မှာ တစ်ချက်လောက်ပြောသွားစေချင်တယ်ဗျ။

တစ်ဆက်တည်းမှာပဲ ကျွန်တော့အနေနဲ့ February လပိုင်းလောက်ကနေစပြီးတော့ Aug 2024 or Nov 2024 မှာ ဖြေမဲ့ သူတွေအတွက် Guide session တွေ စလုပ်ပါတော့မယ်။
ကျွန်တော့ဘက်က curriculum တစ်ခုလုံးကို သင်ပေးသေးမှာမဟုတ်ပေမယ့် တခြားမှာ သင်တန်းတက်နေရင်း နဲ့ Guide ပုံစံမျိုးလိုချင်တာ သို့မဟုတ် နားမလည်တဲ့ MCQs တွေ ပြန်ရှင်းပြတာ MCQs တွေကို ဖြေနည်းတွေ စဉ်းစားပုံတွေ ကျွန်တော် သိထားတဲ့ shortcut တွေကို sharing လုပ်ရင်း စာအတူတူလုပ်ပေးတဲ့ ပုံစံနဲ့ သွားဖြစ်မှာပါ။
အကယ်၍ CFA level I exam preparation အတွက် စိတ်ဝင်စားတယ် ဆိုရင်တော့ ကျွန်တော့ page chatbox မှာဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

13/03/2023

FYI
CFA ကို စလုပ်ချင်ပြီး ကိုယ်နဲ့ ကိုက်မကိုက်သိချင်ရင် တက်ကြည့်ကြပါ။
ဆက်ပြီး အဆင်ပြေရင်လဲ Part II ဆက်တက်ကြည့်လို့ရပါတယ်။

Finance ဘာသာရပ်ကို စိတ်ဝင်စားသူများ Alpha Institute မှ CFA Foundation Program အတန်းကို March 18 2023 (Sat) တွင် စတင် တက်ရောက်နိုင်ပါပြီ။

ဒီသင်တန်းဟာ Alpha Institute ရဲ့ Popular ဖြစ်တဲ့ CFA Level 1 Exam Preparation အတန်းကို Part I အနေနဲ့ ခွဲထုတ်ပြီး Finance concepts နှင့် အရေးကြီး အခြေခံများကို Exam-Focused မဟုတ်ဘဲ လက်တွေ့ကျကျ သင်ကြားပေးမည့် အတန်းပဲဖြစ်ပါတယ်

Alpha ရဲ့ CFA Foundation Program အတန်းဟာ Official CFA Foundation Curriculum အပြင် အခြား Essential ဖြစ်သော၊ လုပ်ငန်းခွင်တွင် Practically Apply လုပ်နိုင်သော learning sessions များလဲပါဝင်မှာဖြစ်ပါတယ်

ဒီသင်တန်းကို ဘယ်သူတွေတက်သင့်သလဲ ။
၁။ Finance ကို စိတ်ဝင်စားသူ Finance ဘက်ကို Career ကူးပြောင်းချင်သူများ
၂။ ကိုယ်ပိုင်စီးပွါးရေးလုပ်သူများအနေဖြင့် အခြေခံ Finance အကြောင်းကို practical ကျကျလေ့လာချင်သူများ
၃။ မိမိ၏ Career လမ်းကြောင်း ပိုမို Well-Rounded ဖြစ်စေရန် လိုအပ်သော Financial Skills များ ကို စနစ်တကျ လေ့လာချင်သူများ

ဒီသင်တန်းကို ဘာကြောင့်တက်သင့်သလဲ ။
Finance ကိုစိတ်တော့ဝင်စားတယ် စာမေးပွဲတော့ဖြေချင်မှဖြေမယ် ….
Commitment ကြီးကြီးမပေးခင် Exam-focused အသေးစိတ်တွေသင်မယ့်အစား Finance ကို Practical and Essential လောက်ပဲအရင်သင်ကြည့်ပြီးမှ ထပ်တက်မတက်စဉ်းစားမယ် ….
အခြေခံခိုင်အောင်လို့ Foundation ပြီးမှ Exam-Focused ဘက်ကိုဆက်လုပ်မယ် ….
ဒါဆိုရင်တော့ Alpha Institute ရဲ့ CFA Foundation Program သင်တန်းက ကွတ်တိပါပဲနော်

CFA Level 1 စာမေးပွဲဖြေမည့်သူတွေကော တက်လို့ရပါ့မလား ။
ရတာပေါ့။ CFA Foundation အတန်းပြီးရင် စာမေးပွဲဖြေမည့်သူများ အသေးစိတ် ဆက်တက်လိုသူများအတွက် Part II အနေဖြင့် CFA Exam Preparation Course ကိုဆက်လက်ဖွင့်ပေးသွားမှာပါ ။

---------------------
သင်တန်းချိန်က။
Saturday and Sunday
2:00pm – 4:00pm
သင်တန်းကာလ 10 weeks ။

---------------------
ဘယ်လိုသင်မှာလဲ ။
သင်တန်းကို Online Video Conferencing ပုံစံနဲ့စတင် သင်ကြားမှာဖြစ်ပြီးတော့ နောက်ပိုင်းမှာလည်း Online Video Conferencing အပြင် ဆရာတွေနဲ့ပါ လူတွေ့သင်ကြားနိုင်ဖို့ကိုလည်း စီစဉ်နေပါတယ်။ သင်ကြားမှုဆိုင်ရာ Learning Materials, Notes, PowerPoint Slides တွေကို soft copy အနေနဲ့ share ပေးမှာဖြစ်ပါတယ်။

---------------------
ဆရာတွေကကော ။

CFA သင်ကြားမှု ၅ နှစ်အတွေ့အကြုံရှိပြီး CFA Charter Holder ရပြီးသား ဆရာများကိုယ်တိုင် ဦးစီးသင်ကြားပေးမှာဖြစ်ပါတယ်။ Lecturer တွေကတော့ Investment & Finance လောကအတွေ့အကြုံ ၈ နှစ် ကျော် ကိုယ်စီရှိကြပါတယ်။
Kyaw Htoo Naung, CFA _ Daiwa Principal Investment Partners Ltd. CFA Charter Holder (Passed Level 1 in Dec 2015, Level 2 in Jun 2016, and Level 3 in Jun 2017. Passed all 3 levels in the first attempt!) Bachelor of Business Management, Major in Finance and Operation Management, Singapore Management University

Paing Min Htwe, CFA _ Delta Capital Myanmar (Largest Private Equity Fund in Myanmar) CFA Charter Holder (Passed Level 1 in Jun 2017, Level 2 in Jun 2018 and Level 3 in Jun 2019. Passed all 3 levels in the first attempt!) Bachelor of Business Management, Major in Finance, Singapore Management University

---------------------
သင်တန်းကြေးကကော ။
Single Registration: 400,000 per student
Group Registration: 350,000 per student

---------------------
Program Outline

1. Introductory Economics
2. Time Value of Money
3. Basics of Financial Accounting and Analysis
4. Corporate Finance
5. How to Analyze a Business
6. The Process of Fundraising
7. Overview of Investments and Asset Classes
8. Essential Microsoft Excel Lessons for Finance

---------------------

သင်ကြားမှု ထိရောက်စေဖို့ လူဦးရေ ကန့်သတ်ထားတာမို့ Messenger (သို့) ဖုန်းဆက်ပြီး မြန်မြန်လေး စာရင်းသွင်းလိုက်ကြစို့ 09977699666

-------------

CFA Foundation သင်တန်း အကြောင်း အသေးစိတ် နှင့် career development ပိုင်းကို လည်း messenger မှတစ်ဆင့် (or) phone ဆက်ပြီး ဆွေးနွေးမေးမြန်းနိင်ပါတယ်။

20/01/2023

အရင် အပတ်က CFA Level I November 2022 Exam အတွက် Result ထွက်ခဲ့ ပြီး Passed Rate က 36% ပဲရှိပါတယ်။
300 hours ရဲ့ ‌အဆိုအရ MPS ( minimum passing score) က 67% ရှိပါတယ်။
100 မှာ အနည်းဆုံး 67 မှတ်ရမှ အောင်မယ်ကိုဆိုလိုတာပါ။

300 hours website မှာ CFA Exams တွေအတွက် tips and tricks တွေ Free resources တွေ Minimum Passing score တွေကို ခန့်မှန်းပေးတဲ့ website တစ်ခုဖြစ်ပါတယ်။
CFA exam တွေကတစ်ဘာသာချင်းစီမှာမေးတဲ့ မေးခွန်းအရေအတွက် မတူတဲ့အတွက် အောင်စာရင်းမှာ MPS ကို တွက်ရင်လဲ Weighted average Method နဲ့တွက်ပါတယ်။

2022 အတွက် CFA Level 1 passed rate တွေကတော့

Feb 2022 Exam 36% passed
May 2022 Exam 38% passed
Aug 2022 Exam 37% passed
Nov 2022 Exam 36% passed

အားလုံးအဆင်ပြေပြီး ဖြေတိုင်းအောင်ကြပါစေ။

Richard

18/12/2022

အခု နောက်ပိုင်း CFA အကြောင်းကို လာမေးကြတာများလို့ အရင်ကထက်ပိုပြီး အသေးစိတ်လေးပြောပြပေးပါမယ်။
ဒါကိုဖတ်ပြီးရင် CFA ရဲ့အခက်အခဲတွေ က မိမိနဲ့အဆင်ပြေနိုင်မလား ဆိုတာတွေကို ဆုံးဖြတ်ဖို့အတွက် အနည်းငယ်တော့ အထောက်အကူဖြစ်နိုင်ပါတယ်။
အခု ပြောပြထားတာတွေက ကျွန်တော့ ရဲ့အတွေ့အကြုံ ကျွန်တော့အမြင်တွေသာ‌ဖြစ်ပါတယ်။

CFA community က မြန်မာနိုင်ငံမှာ အခုအချိန်ထိ အရမ်းကျဉ်းနေပါသေးတယ်။
Chartered Holder ရထားတဲ့သူဆိုတာလဲ ကျွန်တော့အထင် လက်ချိုးရေလို့ရပါတယ်။
နောက်တစ်ခုက CFA exam preparation class တွေဟာ တခြား Qualification တွေလို များများစားစားမရှိပါဘူး။ ‌သင်တန်းကြေး အားဖြင့်လဲ ဈေးကြီးတယ်လို့ပြောလို့ရပါတယ်။
အထူးသဖြင့် Level II နဲ့ Level III အတွက်ဆို ရှိကိုမရှိပါဘူး။
မြန်မာနိုင်ငံမှာ CFA လုပ်နေတဲ့ သူအများစုက Level I မှာတင် ရှိနေကြပါတယ်။
နောက်ပြီး exam က ခက်တာတစ်ကြောင်း၊ Exam Center မရှိတဲ့ အတွက် တစ်ခြားနိုင်ငံမှာ သွားဖြေရင် ထပ်တိုးကုန်ကျမဲ့ ကုန်ကျစရိတ်တွေနဲ့ အောင်တဲ့ရာခိုင်နှုန်း အလွန်တရာနည်းတာတွေက CFA ကို တစ်ဆင့်ပြီး တစ်ဆင့်လုပ်ဖို့ ခက်ခဲ့စေတာ ဖြစ်ပါတယ်။

CFA level 1 ကို သင်တန်းတတ်ရင်း ဆရာ့ကိုအားကိုးပြီးဖြေလို့လဲ မရပါဘူး။
CFA Curriculum ကစာများတဲ့အတွက် ဆရာ တွေက Concepts တွေ Exam Strategy စတာတွေကို ပဲပြောပြမှာဖြစ်ပါတယ်။
Concept ကိုသေချာနားလည်ပြီး ကိုယ်တိုင်စာကိုစလုပ်ကတည်းက စာမေးပွဲ ဖြေတဲ့အချိန်ထိ commitment တစ်ခုနဲ့ self study ဆက်တိုက်နိုင်နိုင်လုပ်ဖို့ပါပဲ။
ဥပမာ-စာမေးပွဲဖြေဖို့အတွက် နာရီ 450 လောက်လေ့လာရမယ်ဆိုရင် တစ်ပတ်ကို နာရီ 20 လေ့လာတယ်ဆိုရင် 6 လ 7 လဝန်းကျင်လောက်ကြာပါလိမ့်မယ်။ အဲ့အတွင်းမှာ စာမလုပ်ဖြစ်တာတွေ၊ စာကိုရှေ့ကြည့် နောက်မေ့တာတွေကလဲ ရှိပါသေးတယ်။

CFA မှာ ပါတဲ့ Topic တွေဖြစ်တဲ့ Fixed income Derivatives Portfolio Management စတဲ့ဘာသာရပ်တွေဟာ ကျွန်တော်တို့တော်တော်များများနဲ့ ရင်းနှီးမှု မရှိသလို အဲ့အတွက် Market Demand လဲ မရှိတဲ့အတွက် ဒီနိုင်ငံမှာပဲ အမြဲနေပြီး အလုပ်လုပ်မယ်ဆိုရင်တော့ အနည်းငယ်ခက်နိုင်ပါတယ်။
အများစုဟာ တက်ရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် exam မဖြေဖြစ်တာလဲ တော်တော်ကိုများပါတယ်။ အဲ့တာကြောင့် CFA ကိုမစခင်ကတည်းက ကိုယ်ဖြေဖို့ အဆင်ပြေ/မပြေ သေချာလေး research လုပ်စေချင်ပါတယ်။
ဘာလို့လဲဆိုတော့ စိတ်ရော လူပါ devoted လုပ်ထားရတဲ့အတွက် ပင်ပန်းရကျိုးနပ်စေချင်လို့ပါခင်ဗျာ။

တချို့သော Qualifications တွေက မြန်မာနိုင်ငံမှာ အလုပ်ပိုပေါသလို exam pressure နဲ့ စာမေးမွဲအောင်နိုင်ခြေတွေကလဲ CFA ထက်ပိုသာပါတယ်။
ကုန်ကျစရိတ်မှာလဲပိုသက်သာပါတယ်။
ဒါပေမဲ့ ကိုယ်တိုင်က Investment ပိုင်းကို ပိုပြီးစိတ်ဝင်စားတာ Asset Classes တွေဖြစ်တဲ့ stocks and equity, Fixed income, Alternative Investment စတာတွေကို သေချာသိချင်တယ် ဒီနိုင်ငံမှာ နေဖို့ထက် တစ်ခြား CFA demand ရှိတဲ့ နိုင်ငံတွေမှာ ပြောင်းပြီး အလုပ်လုပ်ချင်တယ် ဆိုရင်တော့ CFA ဟာရွေးချယ်စရာကောင်းတစ်ခုဖြစ်မှာပါ။

CFA level I အတွက်ဆိုရင်တော့ Reading 60 ရှိပါတယ် (2022 curriculum) အတွက်ပါ။
ဒါပေမဲ့ curriculum ဟာ တစ်နှစ်မှာ 5% နီးပါးလောက် ပြောင်းတဲ့ အတွက် ကိုယ်က 2022 နဲ့ ကြည့်ပြီး 2023 မှာ ဖြေမယ် ဆိုရင် curriculum ပြောင်းတာလေးတွေကို သေချာ သတိထားရပါမယ်။
CFA level I ရဲ့ topic 10 ခုမှာ Ethic and professional stamdards ကလွဲ ပြီး ကျန်တဲ့ Topic တွေမှာ တွက်စာနဲ့ Theory တွေဟာရောနေပါတယ်။
Ethicမှာ တော့ Finance Professional ဟာ ကိုယ့်ရဲ့ employer, Clients တွေကိုဘယ်လိုဆက်ဆံရမလဲ? Professional တစ်ယောက်အနေနဲ့ လုပ်သင့်တာ မလုပ်သင့်တာ စတာတွေကို Case Study ပုံစံ‌လေးတွေနဲ့ ဖြေရတာပါ။

Quants Fixed income နဲ့ Derivatives တွေမှာ တွက်ရတာကိုများပြီး Alternative investment, portfolio management, Economic စတဲ့ဘာသာတွေမှာတော့ Concepts တွေကို မေးတာများပါတယ်။
ဥပမာ- Econmic မှာဆို Government က Expansionary လုပ်မယ် ဆို ဘယ်လို တွေလုပ်မလဲ Interest Rate တက်တာကျတာ တွေက Expansion or Contraction တွေနဲ့ဘယ်လို ဆက်စပ်နေသလဲ စတဲ့ပုံစံတွေကို လေ့လာရမှာ ဖြစ်ပြီး Exam questions တွေမှာလဲ Theory ပေါ်မူတည်ပြီး အဖြေသုံးခု ပေးထားတဲ့ထဲက မှန်တာ တစ်ခုရွေးတဲ့ ပုံစံမျိုးပါ။

Example Question- Purchase of securities in the open market by the monetary authorities are least likely to increase;
A.Excess reserves
B.Cash in investor account
C.the interbank landing rate

Exam မှာတော့ Level I အတွက် 80 % ဝန်းကျင်လောက်ဟာ Theory ပဲမေးပါတယ်။
အပေါ်ကကျွန်တော်ပြထားတဲ့ Question ပုံစံမျိုးပါ။

နောက်တစ်ပိုင်းကတော့ အကယ်၍ကိုယ်က Exam preparation လဲတက်နေပြီ exam လဲဖြေတော့မယ် ဆိုရင်တော့ Exam ကို ဖြေဖို့ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ပြောပြပါ့မယ်။
အကယ်၍ ကိုယ်က August 2023 မှာ ဖြေမယ် ဆိုရင် Early Registration အတွက်ဆို Feb 2023 ပထမအပတ်လောက်ဆို နောက်ဆုံးလုပ်ရပါတယ်။
လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်ပြီးပိုက်ဆံသွင်းတာတွေ လုပ်ရပါတယ်။ ကြိုက်နှစ်သက်ရာ Visa card/Msater Card စတာတွေနဲ့ လုပ်နိုင်ပါတယ်။
ကိုယ့်ကဒ်နဲ့မှမဟုတ်ပါဘူး။
ပိုက်ဆံသွင်းတာက တခြားအဆင်ပြေတဲ့သူ ကဒ်နဲ့လဲ လုပ်လို့ရပါတယ်။ ဒီအဆင့်တွေပြီးရင်တော့ CFA ကပေးတဲ့ study materialsတွေ Practice Questions စတာတွေကို ကိုယ့် Account နဲ့ ဝင်လို့ရပါပြီ။
နောက်တစ်ခု သတိထားရမှာက Exam register လုပ်ပြီးရုံနဲ့ မပြီးသေးပါဘူး။
Exam date နဲ့ Exam center ကို ရွေးရတာပါ။ Registration ပြီးမှလုပ်ရတာပါ (ဥပမာ- Aug 2023 အတွက်ဆို သူတို့သတ်မှတ်ထားတဲ့ ရက်တွေ အတွင်း ကိုယ်တိုင်ရက်ပြန်ရွှေးရတာပါ)။
တစ်ခါတစ်လေ Exam date မရတာ ဖြစ်နိုင်ပါတယ်။
အဲ့အတွက် Register လုပ်ပြီးတာနဲ့ တန်းပြီးတော့ Exam Date ကို ရွေးလိုက်ပါ။
ဒါဆိုဖြေဖို့ book တာ ready ဖြစ်ပါပြီ။

Preparation အပိုင်းမှာတော့ ၃ ပိုင်းခွဲလို့ ရပါတယ်။
ပထမအဆင့်က Concepts တွေကို သေချာနားလည်ဖို့ပါ။
အလွတ်ကျက်တာဟာ ခဏပဲအဆင်ပြေပါလိမ့်မယ်။
Formula တွေ Concept တွေဟာများတဲ့ အတွက် အားလုံးပေါင်းလိုက်ပြီဆို မေ့မှာပါပဲ။
အဲ့အတွက်သေချာလေး နားလည်အောင် လေ့လာတာအဆင်ပြေပါလိမ့်မယ်။
ရှေ့ကြည့်နောက်မေ့ မဖြစ်ဖို့လဲ စာကြည့်ချိန်တိုင်း ကြည့်ပြီးသားတွေကို ပြန်ပြန်ကြည့်ပေးရင် အဆင်ပြေပါလိမ့်မယ်။
Concepts ကိုသာသေချာနားလည်ရင် Exam questions တွေကိုလဲ ကောင်းကောင်းဖြေနိုင်လာပါလိမ့်မယ်။

ဒုတိယ အဆင့်ကတော့ Practice Questions တွေပါပဲ။
CFA websites ပေါ်မှာ Questions ပေါင်း ၃၀၀၀ နီးပါးလောက်ရှိပါတယ်။
ကျွန်တော်ဖြေတုန်းကတော့ 2000 ကျော်ကျော်လောက်ပဲပြီးပါတယ်။
တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြပါဘူး။
တစ်ချို့တွေဟာ တခြား Exam provider တွေဖြစ်တဲ့ Kaplan Wiley စတဲ့ Questions bank တွေကမေးခွန်းတွေနဲ့ Practice လုပ်ကြပါတယ်။
ဘယ်ဟာပဲဖြစ် သိပ်ကွာမယ်မထင်ပါဘူး။
အဓိကကတော့ သင်ထားတဲ့ လေ့လာထားတဲ့ Concept တွေကို Practice လုပ်ပြီး ပိုသဘောပေါက်နားလည်လာစေဖို့ပါ။
ကျွန်တော့တုန်းကတော့ Kaplan Note တွေကိုသေချာဖတ်တယ် (ကျွန်တော်တတ်တဲ့ သင်တန်းက Kaplan နဲ့သင်တာဖြစ်ပါတယ် တစ်ချို့သင်တန်းတွေလဲ Wileyနဲ့သင်ပါတယ်)။
CFA websites က Questions တွေကို ဖြေရင်းပဲ လုပ်ခဲ့တာပါ။
Questions တွေဖြေရင်တော့ များများမှန်လေ ကောင်းလေဖြစ်ပြီး မှားတာ‌တွေကိုလဲ သေချာ ပြန် Review လုပ်ရင်အဆင်ပြေလာမှာပါ။

နောက်ဆုံး တစ်ပိုင်းကတော့ Mock Exam တွေပါပဲ။
တကယ် Exam မဖြေခင် တစ်ပတ်နှစ်ပတ်လောက် အလိုမှာ လုံးဝဖြေကိုဖြေထားရမှာပါ။
ဒါမှသာ ကိုယ့်ရဲ့ အခြေအနေကိုသေချာသိရမှာ ဖြစ်ပြီးလိုအပ်တဲ့ နေရာတွေကိုပြန်ပြင်နိုင်အောင်လို့ပါ။

CFA websites မှာ Mock Exam နှစ်ခုပေးထားပါတယ်။
အဲ့တာတွေကို Exam ဖြေခါနီး Reading တွေ အကုန်လေ့လာပြီးမှ ဖြေပါ။ တစ်ခုသတိထားရမှာက Mock Exam မှာ Questions တွေက Topic တစ်ခုချင်းစီလာပါတယ် တကယ် Exam မှာတော့ Random ပါ။
ကျွန်တော် ဖြေတုန်းကတော့ Practice Questions မှာ 76% မှန်ပြီး mock exam မှာ 72% မှန်ပါတယ်။ တကယ် exam score ကလဲ mock exam score လောက်ပဲ ရတယ်ထင်ပါတယ်။

CFA level I ရဲ့ အောင်မှတ်ဟာ 100 မှာဆို 70 ဝန်းကျင်ရမှာ အောင်တာဖြစ်ပါတယ်။
တခြား Exam တွေမှာ ဆို distinction ရတဲ့အမှတ်ပါ။
အဲ့တာကြောင့်လဲ Passed rate ကအရမ်းနည်းပြီး Finace Exam တွေမှာ အခက်ဆုံးထဲမှာပါနေတာပါ။

အားလုံးအဆင်ပြေချောမွေ့စွာနဲ့ ဖြေဆိုနိုင်ကြပါစေ။
ကျွန်တော့်စာလေးက တစ်ခုခုအထောက်အကူဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
Disclaimer - အခုပြောထားတဲ့ အကြောင်းအရာတွေဟာ ကျွန်တော် အမြင် ကျွန်တော် အတွေးသာဖြစ်ပြီး မှားကောင်းမှားနိုင်ပါတယ်။

⛔️လွတ်လပ်စွာ share နိုင်ပါတယ်။
စာသားများကူးယူပြန်တင်ခြင်းကိုတော့ လုံးဝ(လုံးဝ) ခွင့်မပြုပါခင်ဗျာ⛔️

Richard

10/10/2022

CFA level 1 ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးဘာသာရပ် ❗️

ဒီနေ့မှာတော့ ကျွန်တော်က CFA ရဲ့စုစုပေါင်း (10) ဘာသာထဲက မျက်လုံးထဲအမြင်လွယ်ဆုံး လက်တွေ့နဲ့အနီးစပ်ဆုံးဖြစ်တဲ့ “Economic (Econ) အကြောင်း ပြောပြချင်ပါတယ်။

CFA level 1 Economic (Econ) မှာ စုစုပေါင်း Reading (7) ခုသင်ရပါတယ်။
Reading တစ်ခု ဆိုတာက အခန်းတစ်ခန်းကိုပြောတာပါ။
Econ မှာနှစ်ပိုင်းထပ်ခွဲပါတယ်။

✅ Micro Economic ( လူတစ်ယောက်ချင်းစီ သို့မဟုတ် အုပ်စုတစ်ခု သို့မဟုတ် Company တစ်ခုခုနဲ့ သက်ဆိုင်တာတွေ)

✅ Macro Economic (National Economy တစ်ခုလုံးနဲ့ ဆိုင်တာတွေ) ဆိုပြီး လေ့လာရတာပါ။

Econ ဟာစိတ်ဝင်စားစရာကောင်းတဲ့အပြင် လက်တွေ့နဲ့ လဲ တော်တော်လေး နီးစပ်တယ်လို့ ပြောနိုင်ပါတယ်။
တစ်ဦးတစ်ယောက်ချင်းစီ ပိုက်ဆံသုံးတာကအစ အစိုးရ policy တွေ ပေါ်ထိ မူတည်ပြီး Economic decision တွေ ပြောင်းသွားတာတွေကို လေ့လာရတာဖြစ်ပါတယ်။
CFA ဖြေဖို့လေ့လာမယ် ဆိုရင်လဲ (ကျွန်တော့ အထင်) အရင်ဆုံးလေ့လာသင့်တဲ့ ဘာသာရပ်တစ်ခုလဲ ဖြစ်ပါတယ်။

ဒါဆိုရင် အခု Econ ရဲ့ chapter (2) ခုအကြောင်းကိုစပြောတော့မယ်ခင်ဗျ...

“Demand and Supply Analysis”

ဒီအခန်းဟာ Econ ရဲ့ အခြေခံပါပဲ။
စျေးကွက်ထဲမှာရှိတဲ့ ဝယ်လိုအား နဲ့ ရောင်းအား (Demand and Supply) ဟာ Product တစ်ခုရဲ့ Price Level တွေကို ဘယ်လိုပြောင်းနိုင်သလဲ ❓
Price level ပြောင်းရင်လဲ demand အပေါ်ဘယ်လိုသက်ရောက်နိုင်လဲ❓

နောက်ပြီး တစ်ချို့ Products တွေဟာ တစ်ခုနဲ့ တစ်ခု ဘယ်လိုဆက်စပ်နေတယ်ဆိုတာတွေကိုပါ လေ့လာရပါတယ်။
( ဥပမာ- အစားထိုးလို့ရတဲ့ Substitute prdoucts တွေဖြစ်တဲ့ ကော်ဖီ နဲ့ လက်ဖက်ရည် ပဲဆိုပါတော့။ တစ်ခုဈေးတက်လိုက်တာနဲ့ အဲ့ဒီတစ်ခုရောင်းအားက ကျသွားပြီး နောက်တစ်ခုက အလိုလိုရောင်းအားတက်တာတွေဖြစ်တတ်ပါတယ်။

Pizza နဲ့ Coca Cola တို့လို အတူတူတွဲသုံး တွဲစားလေ့ရှိကြတဲ့ complement products တွေဟာလည်း တစ်မျိုးရောင်းအားတက်တာနဲ့ နောက်တစ်မျိုးကပါ လိုက်ပြီးရောင်း‌အားကောင်းတာတွေဖြစ်နိုင်တယ်။)

Demand and Supply Analysis ရဲ့နောက်ဆုံးအပိုင်းမှာတော့ Firm တွေဟာ သူတို့ထုတ်တဲ့ Products တွေရဲ့ ပျမ်းမျှဝင်ငွေ၊ ကုန်ကျစရိတ် စတာတွေ အပေါ်မူတည်ပြီးတော့ အမြတ်အများဆုံး(Profit Maximization) ရအောင်ဘယ်လိုလုပ်တယ် ဆိုတာတွေ ကို Graphs တွေဆွဲပြီးလေ့လာသုံးသပ်ရတာပါ။
စိတ်ဝင်စားဖို့ တော်တော်ကောင်းပြီး Business လုပ်သူတိုင်း တိုင်းသိထားသင့်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။

“The Firm And Market structures”

အခု Topic မှာတော့ အဓိကစျေးကွက်တည်ဆောက်ပုံ(Market Structure) ကြီးလေးခုအကြောင်းကို သင်ရမှာပါ။
Market structure တစ်ခုမှာ Firms အရေအတွက် ဘယ်လောက်ရှိလဲ❓
ဈေးနှုန်းသတ်မှတ်ပုံမှာ အားသာချက်ရှိ မရှိ❓ စတာတွေလေ့လာရပါတယ်။

Perfect Competition Market >> ဒီဈေးကွက်မှာတော့ Firms တွေဟာတူညီတဲ့ ထုတ်ကုန်တွေ‌ကို ရောင်းပြီး ဈေးကွက်က သတ်မှတ်ထားတဲ့ ဈေးတိုင်းကိုသာ ရောင်းရပါတယ်။
တစ်ယောက်နဲ့ တစ်ယောက်ဟာ တူညီတာတွေရောင်းတဲ့အပြင် စတင်လုပ်ကိုင်ဖို့ဟာလဲ အရမ်းကိုလွယ်ကူပါတယ်။
ဥပမာ- စိုက်ပျိုးရေးထွက်ကုန်တွေ ဟာ Perfect Competition Market မှာ လုပ်ကိုင်နေရတာဖြစ်ပါတယ်။

Monopolistic Competition >> သူကတော့ Firms တွေဟာအခြေခံ တူတဲ့ထုတ်ကုန်တွေကို ထုတ်ပေမဲ့ Firms တစ်ခုခု နဲ့ တစ်ခုကြား Marketing ဗျူဟာတွေ အနည်းငယ်ကွဲတာရယ် ထုတ်ကုန်တွေကို ပိုကောင်း‌လာဖို့ ပြုပြင်ထားတဲ့အတွက် ဈေးနှုန်းသတ်မှတ်တဲ့အခါ Perfect competition မှာ ရှိတဲ့ Products ထက်အနည်းငယ် ပိုရပါတယ်။ Monopolistic Market structure မှာ ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင်တော့ အရမ်းတော့သိပ်မခက်ပါဘူး။ ဒီ Market ရဲ့အကောင်းဆုံး ဥပမာကတော့ သွားတိုက်ဆေးတွေပါပဲ။မတူညီတဲ့ Brand တွေအများကြီး ရှိပြီး တစ်ခုနဲ့ တစ်ခုဟာ Marketing ဗျုဟာတွေ Products ပုံစံတွေဟာ နည်းနည်းချင်းစီမှာ ကွဲပြားတာတွေ့ရပါတယ်။

Oligopoly Market >> ဒီမှာတော့ ထုတ်လုပ်တဲ့ Firm အရေအတွက်တွေက အနည်းငယ်သာရှိပြီး ဈေးသတ်မှတ်တဲ့အခါလဲ သုံးစွဲသူ တွေအပေါ် ဈေးမြှင့်နိုင်တဲ့ အားသာချက်တွေအတော်များများရှိပါတယ်။
Firm တွေကြားမှာလဲ ဈေးနှုန်း marketing နဲ့ သူတို့ products တွေရဲ့ အနည်းငယ်ကွဲ တဲ့ ဝန်ဆောင်မှုတွေမှာ ပြိုင်ဆိုင်ကြပါတယ်။
Oligopoly ဈေးကွက်က ဝင်ရောက်လုပ်ကိုင်ဖို့နက်နဲပြီး အခက်အခဲတွေများနိုင်ပါတယ်။
ပြောရရင် လုပ်ငန်းစဖို့ အရင်းအနှီးများစွာလိုတာ အစိုးရရဲ့ ခွင့်ပြုမှုစတာတွေပေါ့။
အကောင်းဆုံး ဥပမာကတော့ Telecom Company တွေပါပဲ အရေအတွက်ကလဲ နည်းသလို အရင်းအနှီးလဲ များပြီး အစိုးရရဲ့ ခွင့်ပြုမှု့ကလဲ မရှိမဖြစ်ပါပဲ။

နောက်ဆုံးတစ်မျိုးဖြစ်တဲ့ Monoploly Structure >> သူကတော့ Company တစ်ခုတည်းကနေ ဈေးကွက်တစ်ခုလုံးကို ထိန်းချုပ်လုပ်ကိုင်တာပါပဲ။
နောက်ထပ် Company အသစ်တစ်ခု ဝင်ရောက်ဖို့ဟာ အရမ်းကိုခက်ခဲတဲ့အတွက်လည်း သူတို့အကြိုက်ဈေးနှုန်းသတ်မှတ်ရာမှာလဲ တော်တော်ကြီးကို အားသာချက်အပြည့်အဝရှိပါတယ်။
အဲ့ဒီအတွက် Monopoly company တွေက သူတို့အတွက် အမြတ်အများဆုံးရနိုင်တဲ့အခြေအနေတွေကို သူတို့ဘာသာဖန်တီးပြီးရောင်းချကြပါတယ်။
ဥပမာအနေနဲ့ကတော့ Electricity Company တွေပဲဖြစ်ပါတယ်။

CFA level 1 မှာပါတဲ့ Economic ရဲ့ နှစ်ခန်းစာအတိုချုံးဖြစ်ပါတယ်။
Details သိချင်တာရှိရင်လည်း page chatbox ကနေ အချိန်မရွေးလာမေးလို့ရပါတယ်။
ကျန်တဲ့အခန်းနဲ့ ဘာသာတွေကိုလည်းဆက်ပြီး ရေးသွားပါဦးမယ်။
ဗဟုသုတတစ်ခုခုရသွားမယ်လို့လည်း မျှော်လင့်ပါတယ်။
အားလုံးပဲ ပျော်စရာသီတင်းကျွတ်ဖြစ်ပါစေ။

⛔️လွတ်လပ်စွာ share နိုင်ပါတယ်။
စာသားများကူးယူပြန်တင်ခြင်းကိုတော့ လုံးဝ(လုံးဝ) ခွင့်မပြုပါခင်ဗျာ⛔️

Richard

Photos from Empowered Finance by Richard's post 06/10/2022

Finally, a long awaited journey is over ❗️
မနေ့က CFA Level 1 result ထွက်ခဲ့ပါပြီ❗️

ကျွန်တော်အောင်ပါတယ်။ ✅
Aug 2022 Passed rate က 37% လို့သိရပါတယ်။
Covid ဖြစ်ပြီးနောက်ပိုင်းတွေမှာ တစ်ခါမှ 40% အထက်မကျော်သေးပါဘူး။
ကျွန်တော် mock exam မှာ ရတဲ့ အမှတ်လောက်ပြန်ရတယ်လို့ ထင်ပါတယ်။
ကျွန်တော် CFA websites မှ mock exam နှစ်ခု ဖြေခဲ့ပြီး average 72% ရပါတယ်။

⚠️ဖြစ်နိုင်ရင် တစ်လ လောက်စောပြီး mock exam ကို ဖြေထားတာကောင်းပါတယ်။
ကိုယ့်ရဲ့ အားသာချက် အားနည်းချက်တွေ ကို သိပြီး ပြန်ပြင်နိုင်အောင်လို့ပါ။⚠️

ကျွန်တော် 10 ဘာသာမှာ 6 ဘာသာက (70%) နဲ့ အထက်ရပြီး 3 ဘာသာက 50%-70% ကြားရပါတယ်။
10 ဘာသာမှာ 8 ဘာသာလောက်က mock exam socre နဲ့ တူပါတယ်။
Economic မှာ mock exam results ထက်ကောင်းပြီး Portfolio Management မှာတော့ Mock exam results ထက်အနည်းငယ်လျော့သွားတာ တွေ့ရပါတယ်။
ကံကောင်းတာက Portfolio Management ရဲ့ Exam Weight နည်းနေလို့ အဆင်ပြေသွားပါတယ်။
ဒါကြောင့် Exam ရဲ့အမှတ်ပေးစည်းမျဉ်းပုံစံတွေကိုလည်း သေချာလေ့လာထားဖို့ လိုပါလိမ့်မယ်။

ဖြေဖို့အတွက် ကျွန်တော်ဘယ်လိုပြင်ဆင်ခဲ့သလဲ❓

Exam preparation အတွက်တော့ Kaplan ကိုပဲသေချာကြည့်ဖြစ်ပါတယ်။
CFA Curriculum ကတော့ တစ်ခါတစ်လေ MCQs တွေ ဖြေတာလောက်ပဲ ကြည့်ဖြစ်ပါတယ်။
CFA website မှာ Practice MCQs 3000 နီးပါးလောက်ရှိပြီး ကျွန်တော် ကတော့ 2000 ကျော်လောက်ပဲ ပြီးခဲ့ပါတယ်။
ကျွန်တော့အတွက် အဆင်ပြေစေတာ က lecture videos တွေပါပဲ။
အရင်တစ်ခါကပြောထားသလို ကျွန်တော် Alpha Institute မှာ သင်တန်းတက်ပြီး ကျွန်တော် စာကြည့်ချိန်တော်တော်များများကိုလဲ သင်ပြီးသား video တွေကိုပြန်ကြည့်တာက တော်တော်လေးလဲ အဆင်ပြေပြီး MCQs တွေ ဖြေရာမှာ အဆင်ပြေလာပါတယ်။

CFA website မှာ ရှိတဲ့ Questions တွေဟာ တကယ် Exam ဖြေဖို့ အတွက်လုံလုံလောက်လောက်ရှိပါတယ်။
ကျွန်တော့အမြင်ပြောရရင် 75% လောက်မှန်အောင်ဖြေနိုင် ပြီး မှားတာတွေကိုလဲ သေချာ ပြန်လေ့လာမယ် ဆိုရင်တော့ တော်တော်လေး‌အဆင်ပြေနိုင်ပါတယ်။

CFA က recommend လုပ်တာကတော့ practice Questions တွေက််ို ဖြေတဲ့ အခါ Advanced အဆင့်ထိ ရောက်သင့်တယ်။
နောက်ပြီး 300 hours စာကြည့်ချိန်ရှိရမယ် လို့ပြောပါတယ်။

ကျွန်တော် ကတော့ 400 hours လောက်တောင် ရောက်သွားမယ်ထင်တယ်ခင်ဗျ။
ဒါတောင် ကျွန်တော် Economic Accounting Quantitative Methods နဲ့ တစ်ချို့သော ဘာသာတွေထဲက အခြေခံတွေကို အရင်က သင်ထားဖူးပါတယ်။

(Disclaimer- အခုရေးထားတာတွေဟာ ကျွန်တော့အမြင်သီးသန့်သာ ရေးထားတာ ဖြစ်တဲ့အတွက် လုံးဝမှန်မယ် လို့ မဆိုလိုပါ။
300 hours လေ့လာပြီး အောင်နိုင်သလို 500 hours လေ့လာပြီးလဲ exam ကျနိုင်ပါတယ်။
ကိုယ်မှာ ရှိတဲ့ background knowledge, Time Management,Exam stress စ‌တာတွေပေါ်မူတည်ပြီး အပြောင်းအလဲများဖြစ်နိုင်ပါတယ်။)

အားလုံးအဆင်ပြေချောမွေ့စွာနဲ့ ဖြေဆိုနိုင်ကြပါစေ။
ကျွန်တော့်စာလေးက တစ်ခုခုအထောက်အကူဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

⛔️လွတ်လပ်စွာ share နိုင်ပါတယ်။
စာသားများကူးယူပြန်တင်ခြင်းကိုတော့ လုံးဝ(လုံးဝ) ခွင့်မပြုပါခင်ဗျာ⛔️

Richard

16/09/2022

CFA level I မှာဘာတွေသင်ရပြီး Exam မှာဘယ်လိုမေးသလဲ❗️❗️❗️

(မှတ်ချက် - ယခု ပို့စ် ဟာ ကျွန်တော် အရင်ကရေးထားတာနဲ့ ဆက်စပ် နေတာကြောင့် ယခင် ရေးထားတာကို ဖတ်ပြီးမှ အခုရေးထားတာကိုဖတ်ရင် ပိုနားလည်ပါလိမ့်မယ်။)

CFA level 1 အတွက် Topic (၁၀) ခုလေ့လာရပြီး

စာမေးပွဲဖြေရင်တော့ ပထမအပိုင်းမှာ-

• Ethic and Professional Standards ( 15-20%)
• Quantitative Methods (8-12%)
• Economic (8-12%)
• Financial reporting and Analysis (13-17%)

ဒုတိယပိုင်းမှာတော့-

• Corporate Issuer (8-12%)
• Equity Investment (10-12%)
• Fixed Income (10-12%)
• Derivatives (5-8%)
• Alternative Investment (5-8%)
• Portfolio Management (5-8%)

(နောက် ဆက်ရေးမဲ့ အပိုင်းတွေမှာ တစ်ဘာသာချင်းစီ ရဲ့ overview တွေကို ဆက်ရေးပေးပါ့မယ်)။

ဘာသာရပ်တစ်ခု ရဲ့နောက်က % နဲ့ပြထားတာတွေဟာ စာမေးပွဲမှာ မေးတဲ့ exam weight တွေကိုပြောပြထားတာပါ။
(ဥပမာ- 10 % ရှိတယ်ဆိုရင် စု‌စုပေါင်း 18 MCQs (180*0.1) ဖြေရနိုင်တယ်လို့ပြောတာဖြစ်ပါတယ်) ။

Ethic ရယ် Financial Reporting and Analysis ဟာ CFA Level 1 Exam အတွက် အရမ်းအရေးကြီးတဲ့ ဘာသာတွေဖြစ်လို့ သေချာလေးလေ့လာရပါမယ်။

⚠️နောက်တစ်ခုက (၁၀) ဘာသာမှာ အချိန်မမှီတော့လို့ (ဒါမှမဟုတ်) စာမနိုင်တော့လို့ ဆိုပြီး (၉) ဘာသာပဲ လေ့လာတာတို့ကို မလုပ်သင့်ပါဘူး တက်နိုင်သလောက်ဘာသာအားလုံးကို လေ့လာသင့်ပါတယ်။⚠️

စာမေးပွဲမှာ Ethic and Corporate Issuers မေးခွန်းတွေက တခြားဘာသာတွေနဲ့ မရောပဲ ဆက်တိုက်ဖြေရပါတယ်။ တခြားကျန်တာဘာသာတွေကတော့ Random လာပါတယ်။
စာမေးပွဲတစ်ပိုင်းစီမှာမှာ 50% မေးပြီး ‌မေးခွန်းအရေအတွက်ရော အချိန်ရော အတူတူပါပဲ။
ဒါပေမဲ့ တစ်ဘာသာချင်းမှာ မေးတဲ့ weight မတူတဲ့ အတွက်

✅ပထမပိုင်းမှာ လေးဘာသာဖြေရပြီး
✅ဒုတိယပိုင်းမှာတော့ ခြောက်ဘာသာဖြစ်သွားပါတယ်။

ပထမပိုင်းနဲ့ ဒုတိယပိုင်းကြားမှာ မိနစ် ၃၀ အနားရပြီး နားချိန်ပြည့်တာနဲ့ ဆက်ဖြေရပါတယ်(မနားပဲ ဆက်တိုက်ဖြေမယ်ဆိုရင်လဲရပါတယ်)။

စာမေးပွဲ ကို လေးနာရီခွဲ ငါးနာရီနီးပါးလောက် ဖြေရတဲ့အခါ နောက်ပိုင်းတွေမှာ သိပ်ပြီးတော့မစဉ်းစားနိုင်တာတွေ ကြုံနိုင်ပါတယ်။
အဲ့ဒီအတွက် လေ့ကျင့်ပြီးသားလည်းဖြစ်အောင် နောက်ထပ်မေးတဲ့မေးခွန်းပုံစံတွေနဲ့လည်းရင်းနှီးပြီးသားဖြစ်အောင် CFA နဲ့ တစ်ခြား exam preparation provider တွေဆီက Mock exam တွေက အနည်း နှစ်စုံလောက်သေသေချာချာဖြေသင့်ပါတယ်။

⭐️Exam providers တွေထဲက အခုဆိုရင် UWorld က 90 days free access ပေးနေပါတယ်။ ဘယ်အချိန်ထိရမလဲဆိုတာမသိပေမဲ့ CFA ကိုလေ့လာနေတာ သို့မဟုတ် exam ဖြေမှာဆိုရင် ရတုန်းယူထားလိုက်ပါ။
တကယ်ကောင်းပါတယ်။⭐️

ဒါပေမဲ့ CFA websites က practice questionsတွေ လုပ်ပြီးမှ UWorld က မေးခွန်းတွေလေ့လာတာ ပိုအဆင်ပြေပါလိမ့်မယ်။
ကျွန်တော့် အထင် UWorld က ပိုခက်လို့ပါ။ (မှားကောင်းမှားနိုင်ပါလိမ့်မယ်။ ကျွန်တော် ထင်မြင်ချက်ကို ပြောခြင်းသာဖြစ်ပါတယ်)။

Uworld ရဲ့ User Interfaceက Exam နဲ့အတူတူမလို့ တကယ်ဖြေရတဲ့အခါ ပိုပြီးတော့ အဆင်ပြေပါတယ်။ နောက်တစ်ခုက Uworld မှာ questionsတွေကို Customize လုပ်လို့ရတာပါပဲ (ဥပမာ - ကိုယ်က Quant Econ and Fixed income ပဲကြည့်ရသေးရင်တောင် ကြည့်ပြီးသားတွေ ပေါင်းပြီး Questions တွေကို ၃ ဘာသာပေါင်းပြီးCreate လုပ်ပြီးဖြေလို့ရပါတယ်)။

CFA mock examပုံစံက တကယ့်စာမေးပွဲနဲ့ တော်တော်လေးဆင်ပါတယ်။
Mock Exam မှာ ရတဲ့ Result ပေါ်မူတည်ပြီး ကိုအားနည်းတဲ့ ဘာသာတွေကို သေချာပြန်ဂရုစိုက်လုပ်ရင် မှန်တဲ့ရာခိုင်နှုန်းလဲ တက်လာမှာပါ။

⚠️Exam မှာ ‌နောက်တစ်ခု အရေးကြီးတာက Calculator သုံးတာပါ။
Fixed income Quants ဘာသာတွေမှာ Calculator ကို ကျွမ်းကျင်လေ အချိန်ကုန်သက်သာလေပဲဖြစ်မှာပါ။⚠️

နောက်ဆုံးတစ်ခုကတော့ CFA Concepts တွေကိုသေချာနားလည်ဖို့ပါပဲ။
Exam Questions တွေဟာ တိုက်ရိုက်လာတယ်ဆိုတာက တော်တော်လေး ကိုနည်းပါတယ်။
Concepts ကိုသေချာနားလည်ထားမှသာ မေးတဲ့မေးခွန်းတွေ‌ကို ကောင်းကောင်းဖြေနိုင်မှာ ဖြစ်ပါတယ်။

✅ တစ်ခုခုမေးချင်တာများရှိရင် page chatbox ကနေတစ်ဆင့် ကျွန်တော့ကိုဆက်သွယ်နိုင်ပါတယ်။

(Disclaimer - အခုရေးထားတာတွေက ကျွန်တော့်စာမေးပွဲမတိုင်ခင် ပြင်ဆင်ခဲ့ပုံ စာမေးပွဲအတွေ့အကြုံ ကျွန်တော့်အမြင်နဲ့ CFA websites မှာတင်ထားတွေကို reference ယူရေးထားတာ ဖြစ်တဲ့ အတွက် တစ်ခုခု အမှားပါနိုင်ပါတယ်။
CFA ဖြေတဲ့သူဟာ အရမ်းနည်းလွန်းပြီး မေးစရာလူလဲ နည်းတာကြောင့်ရယ် ကျွန်တော်မဖြေခင်က သေချာသိချင်တာလေးတွေ မသိလိုက်တာတွေကို သိချင်တဲ့ သူတွေ ဗဟုသုတ ရစေရန်သာ ရည်ရွယ်ပြီး ရေးထာခြင်းဖြစ်ပါတယ်။)

အဆင်ပြေကြပါစေခင်ဗျာ...

⛔️လွတ်လပ်စွာ share နိုင်ပါတယ်။
စာသားများကူးယူပြန်တင်ခြင်းကိုတော့ လုံးဝ(လုံးဝ) ခွင့်မပြုပါခင်ဗျာ⛔️

Richard

13/09/2022

Finance career ကို upgrade လုပ်ချင်ပြီလား❓
CFA exam ဆိုတာကရောဘာလဲ❓

Chartered Financial Analyst (CFA) exam က-

✅Financial industry မှာ အခြေချအလုပ်လုပ်ကိုင်ချင်သူတွေ
✅Financial market ကို စိတ်ဝင်စားသူတွေနဲ့
✅career upgrade လုပ်ချင်တဲ့သူတွေအတွက်

အရမ်းကိုသင့်တော်တဲ့စာမေးပွဲ တစ်ခုဖြစ်ပါတယ်။

CFA ကိုလေ့လာမယ်ဆိုရင် Financial industry မှာ မရှိမဖြစ်သိသင့်တဲ့ဘာသာရပ်တွေကို အထူးပြုသင်ယူရင်းနဲ့ Analytical skills တွေကို တိုးတက်လာစေမှာပါ။

Chartered Financial Analyst (CFA) Exam မှာ level 3 ခုရှိပြီး တဆင့်ချင်းကို ဖြေရပါတယ်။

CFA level 1 Exam မှာတော့ investment valuation and Portfolio management ရဲ့ tools and concepts တွေကိုအဓိကထားပြီးတော့မေးပါတယ်။
အခုပြောပြထားတဲ့ content တစ်ခုလုံးက CFA level I အတွက်အဓိကထားပြောပြမှာ ဖြစ်ပါတယ်။

Level I ကို တစ်နှစ်မှာ February May August နဲ့ November လ တွေမှာ ဖြေလို့ရပါတယ်။
exam fee ကတော့ Register လုပ်တဲ့ အချိန်ပေါ်မူတည်ပြီး early registration အချိန်စောပြီးပေးမယ်ဆိုရင် $900 ရှိပြီး standard registration ပုံမှန်ကတော့ $1200 ကုန်ကျပါမယ်။
အကယ်၍ ကိုယ်က အကြောင်းတစ်ခုခု ကြောင့် မဖြေဖြစ်ခဲ့ရင် CFA institute က အချိန်ပြောင်းလို့ရတဲ့ Reschedule date မကျော်သေးရင်တော့ Reschedule fee $250 ပေးပြီး exam ကိုပြောင်းလို့ရပါတယ် (ဥပမာ- November ကနေ February ကို exam ပြောင်းလို့ရပါတယ်)။

သတိထားရမှာတစ်ခုက level I ကို အခုမှ စဖြေပြီး CFA institute မှာ register မလုပ်ရသေးဘူးဆိုရင် နောက်ထပ် registration fee အနေ့နဲ့ $350 ကုန်ကျမှာ ဖြစ်ပါတယ် ( အရင်က early registrationအတွက် $700 CFA institute registration အတွက် $ 450)။

CFA institute မှာ register လုပ်ပြီး Level 1 ကို စဖြေမယ် ဆိုရင် candidate ဟာ University တစ်ခုခုရဲ့ နောက်ဆုံးနှစ်ကျောင်းသား သို့မဟုတ် bachelor degree ရပြီးထားသူ သို့မဟုတ် လေးနှစ် အလုပ်အတွေ့အကြုံရှိရမှာဖြစ်ပါတယ်။

❗️နောက်တစ်ခုက Passport ပါ။
exam ဖြေရင် ဖြစ်ဖြစ် register လုပ်ရင်ဖြစ်ဖြစ်လုံးဝ မရှိမဖြစ်ပါ။❗️

မြန်မာနိုင်ငံမှာ CFA ကို သင်ကြားပေးနေတဲ့ သင်တန်းတွေကတော့
Alpha institute
Martix institute of professional
MIB Myanmar Institute of Business
(တခြားသင်တန်းတွေလဲ ရှိနိုင်ပါတယ် အခုပြောပြထားတာတွေက ကျွန်တော် သိသလောက်နဲ့ သင်တန်းတက်မဲ့သူတွေ စဉ်းစားလို့ရအောင် mention လုပ်ပေးထားရုံသက်သက်ပါ)။

သင်တန်းတွေကတော့ CFA level 1 exam preparation အတွက် (၁၀) သိန်းကနေ သိန်း (၂၀) ဝန်းကျင်အတွင်း ရှိပါတယ်။
ကျွန်တော် အနေနဲ့ ကတော့ ဘယ်သင်တန်းကကောင်းတယ် ဆိုတာထက် ကိုယ်နဲ့ အဆင်ပြေမဲ့ သင်တန်းကသာ အဆင်ပြေဆုံးဖြစ်မှာပါ။
ကျွန်တော် Alpha institute မှာ တက်တာကတော့ သင်တန်းကြေးအနေနဲ့ကတော့ (၁၄) သိန်းကျပါတယ် တစ်ပတ်ကို Saturday Sunday တစ်ရက် နှစ်နာရီဝန်းကျင်လောက်မှာ CFA Reading တစ်ခုလောက်နှုန်းနဲ့ သင်ပါတယ်။

CFA level 1 မှာ က Reading (60) ရှိပြီး သင်တန်းက အားလုံး ပြီးဖို့အတွက် ၈ လ ဝန်းကျင်လောက်ကြာချိန်ရှိပါတယ်။
study time အနေနဲ့ CFA recommend လုပ်ထားတာကတော့ candidate တစ်ယောက်ဟာ exam ဖြေရင် study hours အနည်းဆုံး (၃၀၀) လောက်ရှိသင့်တယ်ပြောပါတယ်။

တကယ်တော့ ကျွန်တေ့ာ်အထင် stocks bonds derivatives တွေနဲ့က အရမ်းစိမ်းတော့ နာရီ (၃၀၀) လောက်နဲ့ အဆင်ပြေဖို့ဆိုတာတော်တော် မလွယ်လှပါဘူး ( ဒါပေမဲ့ ဥပမာ- statistics accounting fixed income တို့လို CFA မှာ ပါတဲ့ Readings တွေကို လေ့လာဖူးရင်တော့ လေ့လာတဲ့ အချိန်က အပြောင်းအလဲရှိနိုင်ပါတယ် မဟုတ်လို့ကတော့ Financial reporting and analysis တစ်ခုနဲ့တင် နာရီ (၁၀၀) လောက်ကုန်သွားနိုင်ပါတယ်)။

နောက်တစ်ခုတော့ exam ပုံစံနဲ့ exam center ပါ။ CFA ရဲ့ Level 1 အတွက် exam ပုံစံက section နှစ်ခု ခွဲပြီး တစ်ခုကို 135 မိနစ်အတွင်းမှာ Multiple Choice Questions အပုဒ် (90) ဖြေရတာပါ။
Concept ကိုသေချာနားမလည်ထားရင် တော်တော်ရွေးရခက်ပါတယ်။
section နှစ်ခုဆိုတော့ (180) ဖြေရပါတယ်။
(နောက်မှ တစ်ဘာသာချင်းစီ ကို အသေးစိတ်ပြန်ရေးပြီးပြောပြပါမယ်)။

တကယ် Exam မှာ မေးတဲ့စာက ကြည့်ရတဲ့ စာနဲ့ဆိုရင် အရမ်းနည်းလွန်းပါတယ်။ နောက်တစ်ခုက MCQ မလို့လွယ်တယ်လို့မထင်လိုက်ပါနဲ့။ အဖြေတစ်ခုရဖို့တွက်ပြီဆို တစ်ပုဒ်တည်းနဲ့ ၁၀ မိနစ်လဲ ကြာနိုင်ပါတယ်။
အဲဒါကြောင့် Time Management ကတော်တော်လေး အရေးကြီးပါတယ်။
ပြီးတော့ Questions တွေက Random ပါ ( Quants Econ FRA လိုမျိုးဆိုတော့ exam ဖြေရင်းဆို Modules (10) ခု Readings အများကြီး နဲ့ တော်တော် လေး တိုင်ပတ်ပါတယ်)။

⚠️အခုကတော့ အဆိုးဆုံးအပိုင်းဖြစ်တဲ့ အောင်စာရင်း result ပါ။
CFA institute ဟာ အောင်မှတ်ကိုတစ်သတ်မှတ် တည်းသတ်မှတ်ထားတာ မရှိပါဘူး။ အများစုပြောတာကတော့ average 70% ကျော်မှန်မှ အောင်တယ်ပြောကြပါတယ်။
exam တစ်ခုတိုင်း အတွက်အမြဲ ပြောင်းနေတာပါ ဖြေတဲ့ သူတွေဟာလဲ ကိုယ်ရတဲ့ အမှတ်ကို အကြမ်းဖျင်း လောက်ပဲသိရတာပါ (ဥပမာ ၅၀ အောက် ၅၀-၇၀ ကြား ၇၀ အထက်)။

CFA level 1 အတွက် ၁၀ နှစ်အတွင်း အောင်တဲ့ ‌average ဟာ 42%( according to CFA websites) ရှိပါတယ်။
ဒါပေမဲ့ အခုနောက်ပိုင်းမှာ သိသိသာသာ ကိုနည်းလာပါတယ်။ နောက်ဆုံး CFA level 1 exam 4 ခုမှာ average က 32% ပဲရှိပါတယ်။ ⚠️

အရင်က CFA exam ကို ရန်ကုန်မှာ ဖြေလို့ရခဲ့ပေမဲ့ ကိုဗစ်ဖြစ်ပြီး ကတည်းက ပိတ်လိုက်တာ အခုထိကိုပြန်မဖွင့်သေးပါဘူး။
(ဒါပေမဲ့ ကျွန်တော် August မှာ exam သွားဖြေတုန်းက Prometric staff ကတော့ ရန်ကုန်မှာ ဖွင့်‌မယ်လို့တော့ပြောပါတယ်)။
မသေချာသေးတော့ အနီးဆုံးနေရာက Bangkok မှာဖြစ်တဲ့ အတွက် အဲ့အတွက်စရိတ်တွေပါထည့်တွက်ရပါမယ်။
လေယာဉ်ခရယ် hotel အတွက်ရယ်က ထပ်တိုးကုန်ပါတယ် အနည်းဆုံး တော့ $300 လောက်ကုန်ပါတယ်။
အဲ့တော့ အားလုံး စုစုပေါင်း registration fee $350 Exam Fee $900 Air ticket and Hotel $300 ဆိုတော့ အနည်းဆုံး $1550 ကုန်ပါမယ်။

exam preparation class တက်မယ်ဆိုရင် (၁၅) သိန်းဆိုရင်တောင် အခု ဒေါ်လာဈေးနဲ့ ဆို သိန်း (၇၀) ဟာအနည်းဆုံး(အနည်းဆုံး)ပါ။
အကယ်၍ exam မအောင်ဘူးဆိုရင်တော့ Exam fee plus air ticket and hotel ကိုနောက်တစ်ခါကုန်မှာ ဆိုတော့ အနည်းဆုံး သိန်း 50 ပါပဲ။
Registration fee တော့ထပ်ပေးစရာ မလိုပါဘူး။

အဲ့တာကြောင့် CFA ကိုစိတ်ဝင်စားပြီး exam ဖြေမယ်စဥ်းစားရင်အရင်ဆုံးတော့ Kaplan စာအုပ်တွေရှာပြီး အရင်ကြည့်ကြည့်ပါ။
နောက်ဆုံးထွက်တဲ့ စာအုပ်တွေ download လုပ်မရရင်တောင် 2019 , 2020 စတဲ့ CFA level I Kaplan စာအုပ်တွေကို အလွယ်တကူ download လုပ်လို့ရပါတယ်။
Exam အတွက်လေ့လာရင်လဲ အများစုဟာ Kaplan Wiley အစရှိတဲ့ Exam preparation provider ဆီက Note တွေနဲ့ပဲ လေ့လာကြတာပါ။

CFA level I မှာ ကျွန်တော်အထင် ခက်တဲ့ဘာသာ တွေက Financial Reporting and Analysis Fixed Income Derivatives တွေဖြစ်ပြီး အချိန်တော်တော် ပေးရပါတယ်။
အရင်းအနှီးများတဲ့ အတွက်သေချာစဉ်းစားစေချင်သလို CFAမှာ စာများတဲ့အတွက် ခဏခဏ မေ့တော့ တော်တော်စိတ်ညစ်ရပါတယ်။
အခုရေးထားတာကို ဖတ်တဲ့သူတွေလဲ CFA နဲ့ ပတ်သတ်ပြီး ဗဟုသုတရလိမ့်မယ်လို့မျှော်လင့်ပါတယ် နောက်မှာ ထပ်ရေးပါဦးမယ်။

(Disclaimer - အခုရေးထားတာတွေက ကျွန်တော့်စာမေးပွဲမတိုင်ခင် ပြင်ဆင်ခဲ့ပုံ စာမေးပွဲအတွေ့အကြုံ ကျွန်တော့်အမြင်နဲ့ CFA websites မှာတင်ထားတွေကို reference ယူရေးထားတာ ဖြစ်တဲ့ အတွက် တစ်ခုခု အမှားပါကောင်းပါနိုင်ပါတယ်။
CFA ဖြေတဲ့သူဟာ အရမ်းနည်းလွန်းပြီး မေးစရာလူလဲ နည်းတာကြောင့်ရယ် ကျွန်တော်မဖြေခင်က သေချာသိချင်တာလေးတွေ မသိလိုက်တာတွေကို သိချင်တဲ့ သူတွေ ဗဟုသုတ ရစေရန်သာ ရည်ရွယ်ပြီး ရေးလိုက်ခြင်းဖြစ်ပါတယ်)။

အဆင်ပြေကြပါစေခင်ဗျာ...

⛔️လွတ်လပ်စွာ share နိုင်ပါတယ်။
စာသားများကူးယူပြန်တင်ခြင်းကိုတော့ လုံးဝ(လုံးဝ) ခွင့်မပြုပါခင်ဗျာ⛔️

Richard

Website