Tokutei Kaigo Sharing
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tokutei Kaigo Sharing, Health/Beauty, .
👉စာအုပ်ထဲကစာအရှည်ကြီးကြည့်မဲ့အစားဒီတိုင်းလေးလေ့လာကြမယ်
↔️သွေးပေါင်ချိန်တက်ခြင်းကြောင့်ဖစ်တက်တဲ့ရောဂါများ
(1) ဦးနှောက်သွေးကြောပိတ် ( လေဖြတ်/ငန်းရောဂါ/တစ်ရှူးများသေ)
⬇️
(2) ဦးနှောက်သွေးကြောပေါက် ( ဦးနှောနဲ့ အမှေးပါးကြား သွေးယို)
⬇️
(3) ဦးနှောက်တွင်းသွေးယို
(4) ဦးနှောက်သွေးကြောကျဉ်း ( ရင်ဘက်အောင့် )
(5)ဦးနှောက်သွေးကြောပိတ် ( ကြွက်သားပုတ်)
(6) မြင်လွှာသွေးကြောထိခိုက် ( အမြင်အာရုံချို့ယွင်း)
(7) သွေးကြောကျဉ်းရောဂါ
အတိုကောက်လေးမှတ်ကြရအောင်
သွေးပေါင်ချိန်တက်လာမည့်အချိန်များ
( သွေး၊ အိပ်၊ ၀မ်း၊ စိတ် ၊ အပူချိန်ပြောင်း၊ ကိုယ်လက်လှုပ်ရှား၊ ဆီး၀မ်းချုပ်ထား )
သွေး ( သွေးဆူနေချိန်)
အိပ် ( အိပ်ရေးမ၀ခြင်း )
၀မ်း ( ၀မ်းသွားပီး ဗိုက်ကိုညှစ်တဲ့အချိန် )
စိတ် ( စိတ်လှုပ်ရှားချိန်)
အပူချိန်ပြောင်း ( ရုတ်တရက်အပူချိန်ပြောင်းမှု)
ကိုယ်လက်လှုပ်ရှား( ရုတ်တရက်ကိုယ်လက်လှုပ်ရှားမှု)
ဆီး၀မ်းချုပ်ထား (ဆီးသွားချင်မှုကိုထိန်းချုပ်)
လေ့လာရလွယ်ကူစေရန် အစဉ်အတိုင်းလေးကြည့်သွားပေးပါနော်။
အားရင်အားသလိုကြိုးစားပြီးတင်ပေးပါမယ်။
↔️သွေးခုန်နှုန်းဆိုတာ နှလုံးခုန်မှုကနေ သွေးလွှတ်ကြောအတွင်းကူးစက်လာတဲ့အရာ
↔️အသက်ငယ်ရင် သွေးခုန်နှုန်းအကြိမ်များ
အသက်ကြီးရင် သွေးခုန်နှုန်းအကြိမ်နည်း
↔️သွေးခုန်နှုန်းအား အကြိမ်ရေ၊စည်းချက်၊ အပြင်းအပျော့ကိုလေ့လာရမည်။
↔️သွေးခုန်နှုန်အကြိမ်ရေက အသက်ရွယ်၊လှုပ်ရှားမှုအခြေနေ၊စိတ်အခြေနေ၊ရောဂါရှိမရှိစတဲ့ အကြောင်းရင်းကြောင့်ပြောင်းလဲ
↔️သွေးခုန်နှုန်းတိုင်းလို့ရတဲ့နေရာများ
လက်မောင်း
လက်ကောက်၀တ်
နားထင်
လည်ပင်း
ပေါင်ရင်း
ခြေဖမိုးတိုတွင်စမ်းသပ်နိုင်သည်။
ကိုယ်အပူချိန်တိုင်းသောနေရာနှင့်သတိပြုရန်အချက်များ
↔️ချိုင်း ( သာမိုမီတာ၏အဖျားပိုင်းကို ချိုင်းကြားတွင်ထားရမည်။ တိုင်းနေစဉ် ချိုင်းကိုတင်းကြပ်စွာဖိထား )
↔️နဖူးနှင့်နားတွင် တိုင်းလို့ရတဲ့ သာမိုမီတာလည်းရှိ
↔️လေဖြတ်ထားရင် လေမဖြတ်တဲ့ဘက်ကတိုင်းရမည်။
↔️အသက်ရှုခြင်းဆိုတာ (အောက်ဆီဂျင်ကိုရှုပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုထုတ်တာ )
↔️အသက်ရှူခြင်းက အသိစိတ်မလို သူ့ဘာသာစနစ်တကျလုပ်ဆောင်နေ
↔️အသက်ရှူနှုန်းက အသက်အရွယ်၊ လှုပ်ရှားမှုအခြေအနေ၊ စိတ်အခြေနေ၊ခန္ဓာကိုယ်အခြေနေ၊ရောဂါရှိမရှိစသောအကြောင်းကြောင့်လည်းပြောင်းလဲ
↔️အသက်ရှုလျှင် ချွဲကျပ်ခြင်း၊ပင်ပမ်းခြင်း၊အသံထွက်နေခြင်းရှိမရှိစစ်ဆေးရ
↔️အသက်ရှူရခက်ရင် နှုတ်ခမ်းနဲ့ လက်သည်းအရောင်ကခရမ်းပြာရောင်သမ်းလာတယ်၊ အဲ့ဒါကို ပြာနှမ်းခြင်း( Cyanosis ) လို့ခေါ်တယ်။
↔️လူကြီးဆိုရင် တစ်မိနစ်ကို 12-18
ရှူသွင်းရှူထုတ်တာက တစ်သမတ်တည်းဖြစ်
↔️ ကိုယ်တွင်းအားမျှခြေစနစ်ဆို
ဆိုသည်မှာ ပတ်၀န်းကျင်ပြောင်းလဲပေမဲ့ ခန္ဓာကိုယ်အခြေအနေကိုတစ်သတ်မှတ်ထဲဖြစ်အောင်ထိန်းညှိပေးသော ဇီ၀ဗေဒစနစ်ကိုခေါ်သည်။
ဥပမာ။ ။ ပူအိုက်ရင်ချွေးထွက်စေပြီးခန္ဓာကိုယ်အပူချိန်ကိုထုတ်ကာ ပုံမှန်
အခြေနေပြန်ရောက်စေသည်
↔️Vital Signs ဆိုသည်မှာ ကိုယ်အပူချိန်၊သွေးခုန်နှုန်းအသက်ရှုခြင်း၊ သွေးဖိအားစသော လက္ခဏာကိုဖြစ်ခြင်းဖြစ်သည်။ကျန်းမာရေးအခြေနေ ပုံမှန်မဟုတ်တာကို ပြသတဲ့လက္ခဏာဖြစ်သည်။
↔️ ကိုယ်အပူချိန်က 1 ရက်တာစည်းချက်ရှိပြီး
နေမှာတက် - ညမှာကျ
↔️လိုအင်ဆန္ဒဆိုသည်မှာ-တစ်ခုခုလိုချင်ပြီးစဉ်းစားကြံစည်သောအခြအနေဖြစ်သည်။
↔️စိတ်ပညာရှင် Maslaw A .Hရဲ့ ဆင်ကဲသီအိုရီအရအ
ဆင့် (5)ဆင့်ရှိ
(1) ဇီ၀ကမ္မဆိုင်ရာ လိုအင်ဆန္ဒ
(2) ဘေးကင် လုံခြုံရေးလိုအင်ဆန္ဒ
(3) ပိုင်ဆိုင်ရရေးနဲ့ အချစ်လိုအင်ဆန္ဒ
(4) ရိုသေးလေးစားခံရေးလိုအင်ဆန္ဒ
(5) ကိုယ်ပိုင်အရည်အချင်းတွေကိုထုတ်ပြလိုသော
လိုအင်ဆန္ဒ
1+2 က အခြေခံကျသောလိုအင်ဆန္ဒဖြစ်ပြီး
3+4+5 လူ့အဖွဲ့အစည်းပိုင်းဆိုင်ရာလိုအင်ဆန္ဒ
မှတ်ညဏ်အမျိုးအစား(2)မျိုး
မြန်မာပိုင် အပိုင်း (၂)
အခန်း(၁)
- စိတ်ဖိစီးမှုသည် မျက်နှာအမူအရာနဲ့ဟန်အမူအရာတို့တွင်ပေါ်လွင်
- စိတ်ဓာတ်တက်ကြွမှုသည်တစ်ခုခုကိုပိုမိုလုပ်ချင်သောခံစားချက်
- စိတ်ဖိစီးမှုသည် စိတ်နဲ့ကိုယ်တွင်ဖြစ်ပွားသော ပူပန်မှု
- စိတ်ဖိစီးမှုအကြောင်းအရာများတွင်
( ဆူညံသံ/အပူချိန်စသောသက်မဲ့ပိုင်းဆိုင်ရာများ )
( ပင်ပမ်းနွမ်းနယ်ခြင်း/ ဗိုက်ဆာခြင်း စသောခန္ဓာ
ကိုယ်ပိုင်းဆိုင်ရာများ)
(သွေးဆူခြင်း/ကြောက်ရွံ့ခြင်းစသောလူ့အဖွဲ့စည်း
ဆိုင်ရာများ) ပါ၀င်သည်
-မှတ်ဉာဏ်ရဲ့လုပ်ငန်းစဥ်
မှတ်သား.⏭️.ထိန်းသိမ်း⏭️အောက်မေ့သတိရ
- စောင့်ရှောက်ခံဘိုးဘွားရဲ့ အခြေနေ
ကိုမကြာခဏလေ့လာကြည့်ရှု့ရမယ်၊
- စောင့်ရှောက်ခံဘိုးဘွားအ၀တ်ထည်နဲ့ဖိနပ်ကိုစစ်ဆေးရမယ်၊
- အကူကိရိယာ အသုံးမပြုမီစစ်ဆေးရမယ်၊
- ပတ်၀န်းကျင်ကိုစစ်ဆေးရမယ်၊
ကွင်းထိုးဖိနပ်သည် ကျွတ်လွယ်ပြီးခြေချော်လွယ်
ကြမ်းပြင်ရေစိုလျှင် ခြေချော်
ဘောင်းဘီရှည်လျှင်ခလုပ်တိုက်
မြန်မာပိုင်းအခန်း (၃)အဆက်
(လက်ဆေးဆောင်ပုဒ်)
- ဖဝါး-ဖမိုး-လက်ခေါက်ချိုး-လက်ကြား-လက်မမကျန် စေရ
ကုတ်၍ခြစ်ပါလက္ခဏာ- လက်ကောက်ဝတ်မှာအဆုံးသတ်ပါ။
မြန်မာပိုင်း အခန်း (3) အဆက်
- ကူစက်ရောဂါအင်ဂါရပ် (၃)ရပ်
ကွင်းဆက်ဖြတ်တောက်ခြင်းဆိုသည်မှာ-
(၁) ကူးစက်ရာမူလဇစ်မြစ်-ဖယ်ရှား ( ဇီဝရေားဂါ/စွန့်ထုတ်အညစ်အကြေး )
(၂) ကူးစက်ရာလမ်းကြောင်း-တားစီး (သွေး/တံတွေး/နှာရည်.... )
(၃) လက်ခံသူရဲ့ ကိုယ်ခံအား- မြင့်တင် ( လူ/တိရိစာန် )
- ကူးစက်မှုကိုထိန်းချုပ်ရန်အခြေခံအချက်(၃)ချက်
(၁) သွင်းမလာရ
(၂)ထုတ်မသွားရ
(၃)အကျယ်ပြန့်စေရ
- ကူးစက်ရာလမ်းကြောင်းအမျိူးအစား
(၁)လွင့်စင်ကူးစက် ( တုတ်ကွေး)
(၂)လေမှတစ်ဆင့်ကူး ( တီဘီ/ဝက်သက် )
(၃)ထိတွေ့မိပြီးကူး ( နိုရိုဗိုင်းရပ်/အီကိုလိုင်ပိုး )
- ခန္ဓာကိုယ်အတွင်းမှအရည် / အညစ်အကြေးများကို လက်အိတ်ဖြင့်မဖြစ်မနေ ပြုစုပေးရမည်။
- နှာခေါင်းစည်းကိုနှာခေါင်းမှမေးစေ့အထိဖုံးရမည်
- ညစ်ပေသွာသောလက်အိတ်ကိုအတွင်းမှထား စွန့်ပစ်၊
- သတ်မှတ်ထားသောနေရာမှာစွန့်ပစ်၊
- ကိစ္စတစ်ခုလုံးသုံးပြီးတိုင်းလဲ၊
- ညစ်ပေလွယ်သောအပိုင်းများ
လက်ချောင်း ( ထိပ်/ကြား )/ လက်ဖမိုး/လက်မအောက်ခြေ/လက်ကောက်ဝတ်
မြန်မာပိုင်း အခန်း (3) အဆက်
- ရောဂါဖြစ်ပွားတဲ့အကြောင်းရင်းမှာ ဗိုင်းရပ်စ်/
ဘက်တီးရီးယား/မှိုနှင့်ကပ်ပါးကောင်
- စောင့်ရှောက်ခံဘိုးဘွားတွင်ရောဂါလက်ခနာ တွေ့လျှင် ဆေးကုသရေးဝန်
ထမ်းသို့တင်ပြရမည်
မြန်မာပိုင်းအခန်း (3)
- လေ့လာကြည့်ရှု့ရေးဆိုသည်မှာ ဘိုးဘွားရဲ့ အခြေနေကိုသိရန်အတွက် လေးနက်စွာကြည့်ရှု့ခြင်းဖြစ်သည်
- လေ့လာကြည့်ရှု့ခဲ့သည်များကိုမှတ်တမ်းတင်ပြီး ဝန်ထမ်းအားလုံးကိုအသိပေး မျှဝေရမည်
- စောင့်ရှောက်ခံဘိုးဘွားနဲ့ ပတ်သက်ဆက်ဆံခြင်း/တိုင်းတာခြင်းအားဖြင့် သတင်းအချက်အလက်များရနိုင်သည်
- ပြုစုစောင့်ရှောက်ရေးဝန်ထမ်းကိုယ်တိုင်မကျန်းမာလျှင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပြုလုပ်နိုင်မည်မဟုတ်ပါ
- ပြုစုစောင့်ရှောက်ရေးဝန်ထမ်းက ခါးနာတက်သဖြင့်မှန်ကန်သောကျင့်သုံးဆောင်ရွက်မှုဖြင့်ခါးနာခြင်းကိုကြိုတင်ကာကွယ်နိုင်သည်
- ခန္ဓာကိုယ်ယန္တရားစနစ်ဆိုတာ အရိုးစုနဲ့ကြွက်သား အပြန်အလှန်ဆက်စပ်မှုဖြင့်ဖြစ်ပေါ်လားသော ခန္ဓာကိုယ်လှုပ်ရှားပုံစနစ်ဖြစ်သည်
- ပြုစုစောင့်ရှောက်ရေးဝန်ထမ်းကိုယ်တိုင် ကျန်းမာရေးထိန်းသိမ်းရန်လိုအပ်သည်စိတ်သောကနဲ့ပူပန်မှုကိုတစ်ယောက်ထဲခံစားခြင်းမပြုစေလို
- ကူးစက်ရောဂါဆိုတာ ခန္ဓကိုယ်အတွင်းပိုးဝင်ရောက်ပြီး ရောဂါလက္ခဏာ အ မျိုးမျိုးပေါ်ပေါက်စေသောရောဂါ
- စောင့်ရှောက်ခံဘိုးဘွား အားနည်းသောအချိန်တွင်လူစုဝေးပြီးစားသောက် လျှင်ရောဂါဖြစ်လွယ်
- အဖွဲ့လိုက်ပြုစုစောင့်ရှောင်ရေး
( Team Approach ) ဆိုသည်မှပြုစု
စောင့်ရှောက်ရေး၀န်ထမ်းအပြင် အတက်ပညာရှင်မျိုး
စုံမှ အဖွဲ့လိုက် ပြုစုစောင့်ရှောက်ပေးခြင်းဖြစ်သည်။
- ပြုစုစောင့်ရှောက်ရေး၀န်ထမ်းက ဆေးဝါးကုသလို့မရ၊
ဆရာ၀န်နဲ့ သူနာပြု၀န်ထမ်းများရှိကြတယ်၊
- ပြုစုစောင့်ရှောက်ရေး၀န်ဆောင်မှု အမျိုးအစား(3)မျိုးရှိ
- အိမ်တိုင်ရာရောက်၀န်ဆောင်မှု( Home Service )
- ဂေဟာသို့နေ့ဘက်သွားရတဲ့၀န်ဆောင်မှု( DayService)
- ဂေဟာမှာနေရတဲ့ ၀န်ဆောင်မှု
- စောင့်ရှောက်ခံဘိုးဘွားတစ်ဦးချင်းစီရဲ့ ပြုစောင့်ရှောက်
ရေးစီမံချက်ကိုရေးဆွဲရမည်။
မြန်မာပိုင်း အခန်း ( 2 ) အဆက်
(4) ညှင်းပန်းနှိပ်စပ်ခြင်းဆိုသည်မှာ
စောင့်ရှောက်ခံဘိုးဘွား၏ လူ့အခွင့်ရေးကိုချိုးဖောက်ခြင်းဖြစ်သည်။
မြန်မာပိုင်း အခန်း ( 2 )
1.
(1) စောင့်စောင့်ခံဘိုးဘွားအရှက်မရစေရန် ၀န်ထမ်းကကိုယ်ရေးလွတ်လပ်ခွင့်ကို ထည့်သွင်းစဉ်းစားဖို့အရေးကြီးသည်။
(2) စောင့်ရှောက်ခံဘိုးဘွားနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်ကိုသဘောတူညီမှုမရပဲ social ပေါ်တွင်မတင်ရ/မပြောရ ။
(3) ခန္ဓာကိုယ်အားဖမ်းစီးချုပ်ထားခြင်းဆိုသည်မှာ
ဘိုးဘွားရဲ့ ခန္ဓာကိုယ်လွတ်လပ်မှုကို လုယူဖျက်စီးခြင်းဖြစ်သည်။ ထိုကဲ့သို့မပြုလုပ်ရ။
မြန်မာပိုင်း - အခန်း (1)
***********************
1.(1) ပြုစုစောင့်ရှောင့်ရေး၀န်ထမ်းက နေထိုင်စားသောက် ရေးမှာ အခက်အခဲရှိသူတွေကို သူ့ဘ၀နဲ့သူနေထိုင်သွားနိုင်ဖို့ ကူညီပေးတဲ့ အတက်ပညာရှင်ဖြစ်တယ်။
(2)နေထိုင်စားသောက်ရေးကို စောင့်ရှောက်ခံဘိုးဘွားကိုယ်တိုင် ဦးဆောင်ပြုလုပ်ရမည်၊
သူ့ဘ၀နဲ့သူနေထိုင်စားသောက်နိုင်ရန်ကူညီပေးရသည်မှာ
ပြုစုစောင့်ရှောက်ရေး၀န်ထမ်းရဲ့ အဓိကအချက်၊
(3) QQL ( Quality Of Life ) - QQL ဆိုတာ လူ့ဘ၀အရည်အသွေးနဲ့ ဇီ၀အသက်အရည်အသွေးဟုခေါ်သည်။
(4) ပုံမှန်ဘ၀ပြန်ရခြင်း ( Normalization ) - ပုံမှန်ဘ၀ပြန်ရခြင်းဆိုတာ စောင့်ရှောင့်ခံဘိုးဘွားတွေကို နှိမ့်ချစရာမလိုပဲ ပုံမှန်အတိုင်းနေထိုင်စားသောက်ခြင်းဖြစ်သည်။
2. (1) ကိုယ့်အားကိုယ်ကိုးနိုင်ရန် ကူညီပေးရေဆိုသည်မှာ-စောင့်ရှောက်ခံဘိုးဘွားကိုယ်တိုင်က မည်သို့နေနိုင်စားသောက်မည်ကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပြီးကိုယ့်ဘ၀နဲ့ကိုနေထိုင်စားသောက်နိုင်ဖို့ ကူညီပေးခြင်းဖြစ်တယ်၊
- သူကိုယ်တိုင်ခွန်အားဖြင့် လုပ်နိုင်သည်ကိုတိုးပွားစေကာအောင်မြင်မှုအရသာခံစား နိုင်စေရန်ကူညီပေးရမယ်။
(2) နေထိုင်စားသောက်ရေးကို ဦးဆောင်ပြုလုပ်ရမှာက ဘိုးဘွားကိုယ်တိုင်ဖြစ်တယ်
ဥပမာ -မေး။ ဒီနေ့ဘာအင်ကျီ ၀တ်မလဲ ၊
ဖြေ။ ဟိုဆွယ်တာလေး၀တ်မယ် ၊
- ကိုယ့်အားကိုယ်ကိုးနိုင်ရန် အပိုင်း 2ပိုင်းရှိ
ခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုယ့်အားကိုယ်ကိုးခြင်နှင့်
စိတ်ပိုင်းဆိုင်ရာ ကိုယ့်အားကိုယ်ကိုးခြင်းဖြစ်သည်။
3. (1) နေထိုင်စားသောက်ရေးမှာ နိုင်ငံအလိုက် ယဉ်ကျေးမှုအလိုက်ကွဲပြားမှုရှိ၊
(2) ၀န်ထမ်းကစောင့်ရှောက်ခံဘိုးဘွား၏ စိတ်ဓာတ် တက်ကြွမှု့ကိုဖော်ထုတ်ပေးရမယ်။