Bhone Min Thant - Rain

Bhone Min Thant - Rain

Entrepreneur, Educator, Life Long Leaner

08/02/2024

နည်းလမ်းမှန်ကန်ပြီး စည်းကမ်းရှိရှိကြိုးစားရင်တော့ နှေးတာ၊ မြန်တာကလွဲလို့ တစ်ချိန်တော့ကိုယ်ဖြစ်ချင်တဲ့အရာ ဖြစ်လာနိုင်တဲ့အခွင့်အရေးရှိတယ်။

ကြိုးစားရင်တောင် အပြည့်အဝဖြစ်မြောက်
ဖို့အခွင့်အရေးပဲရှိတယ်ဆိုရင် မကြိုးစားရင်
ဘယ်လိုအခြေအနေရောက်သွားနိုင်လဲ
ကိုယ်တိုင် တွေးကြည့်ပေါ့။

Rain @ Bhone Min Thant

08/02/2024

က်ိုယ့်ကို မလုပ်နိုင်ဘူးလို့ပြောတဲ့လူတစ်ချို့က ဖြစ်မြောက်သွားရင်တောင်
လက်မခံနိုင်တဲ့သူတွေရှိတယ်။
လိုက်ခံစားနေရင် ကိုယ်ပဲပင်ပန်းပြီး
အရှေ့ရောက်မှာမဟုတ်ဘူး။

Rain @ Bhone Min Thant

06/02/2024

လူတိုင်းမှာတန်ဖိုးထားတယ်ဆိုတဲ့အရာတွေက အများကြီးရှိပါတယ်။
ကျွန်တော့်အတွက်ဆိုရင်တော့ အချိန်၊ငွေ၊ကျန်းမာရေး၊ စိတ်၊ ခွန်အား၊ မိသားစု၊
စတာတွေပေါ့။

ဒါတွေထဲကမှလူတွေက ငွေကိုပဲအာရုံစိုက်တာများပြီး ကျန်တာတွေမေ့နေတတ်ကြတယ်။ တန်းဖိုးရှိတဲ့အရာတွေကိုလည်း မလိုအပ်တဲ့နေရာတွေမှာသုံးပြစ်ကြတာများတယ်။ ဥပမာ မလိုအပ်တဲ့နေရာတွေမှာ ငွေဖြုန်းတာတွေ၊ အကျိုးမရှိတဲ့အရာတွေကိုလုပ်ပြီး အချိန်ဖြုန်းတာတွေပေါ့ဗျာ။
လိုရင်းတိုရှင်းပြောရရင် တန်ဖိုးရှိတဲ့အရာတွေကိုသုံးပြီး တန်ဖိုးရှိတာတွေထက်ရလာအောင်လုပ်ဖို့အရေးကြီးတယ်။

Rain @ Bhone Min Thant

06/02/2024

ဒေါသကြီးတာ အင်အားကြီးတာမဟုတ်ဘူး။

ဒေါသကြီးတဲ့သူကစိတ်ပိုင်းဆိုင်ရာအားနည်းနေသေးတယ်ဆိုတာပြနေတာပါ။
ဒေါသမထွက်တဲ့သူမရှိဘူး ဒေါသကြီးတာနဲ့ နည်းတာပဲကွာတယ်။

ဒေါသမထွက်အောင်လုပ်လို့မရဘူး၊ ထွက်နေမှန်းသိပြီးနည်းအောင်ပဲလုပ်လို့ရမယ်။ ဒါကို
self awareness လို့ခေါ်တာပေါ့ဗျာ။

Rain @ Bhone Min Thant

05/02/2024

ကိုယ့်ဘဝအတွက်အချိန်ကာလတစ်ခု…

04/02/2024

ဘဝအတွက်အကောင်းဆုံး ယတြာပေးမယ်ဆိုဘယ်လိုလဲ? 😅

၁။ တိုးတက်ချင်ရင် လေ့လာ၊ စာဖတ်၊ လက်တွေ့အသုံးချ။
၂။ ကျန်းမာရေးကောင်းချင်ရင် exercise လုပ်၊ အစားအသောက်ကိုစနစ်တကျစား။
၃။ စိတ်ကြည်ပြီး အတွေးတွေပိုထိရောက်ချင်ရင် ကိုယ့်အတွေးကိုဂရုစိုက်၊ meditation လုပ်။

ဟုတ်လား၊ မဟုတ်လားတော့ကိုယ့်ကိုယ်ကို စဉ်းစားကြည့်ပေါ့။

Rain @ Bhone Min Thant

02/02/2024

ကျွန်တော်နားလည်တဲ့ Relationship ဆိုတာ…

ဘယ်လို Relationship ပဲဖြစ်ဖြစ်တည်ဆောက်ပြီးရင် ထိန်းသိမ်း (maintain) လုပ်နိုင်ဖို့အရေးကြီးတယ်။ ကျွန်တော်ကတော့ Relationship ကို ငွေကြေးတစ်ခုလိုမြင်တယ်။ ကိုယ်ကသုံးလိုက်ရင် ကုန်သွားသလို၊ ကိုယ်တိုင်လည်းကုန်အောင်မသုံးမိဖို့အရေးကြီးတယ်။ ဒါတွေက မေတ္တာ၊ နားလည်မှု၊ ဂရုစိုက်မှု၊ ဖေးမကူညီမှု တစ်မျိုးပြောရင် supporting ပေါ့။

သူ့ဘက်ကပေးတာတွေကိုပဲလိုချင်နေရင် တစ်နေ့မပေးနိုင်တော့တဲ့အခါ ကိုယ်ပဲပူလောင်ရမယ်။ ငွေလိုပဲ ရှိတုန်းလွယ်လွယ်သုံးမိရင်
မရှိတော့တဲ့အခါရှာဖို့အလွန်ခက်တယ်။

Rain @ Bhone Min Thant

01/02/2024

တစ်ချို့ ကိုယ်လိုချင်တဲ့အရာတွေက
ကိုယ်မလုပ်ချင်တဲ့ ပျင်းစရာကောင်း၊
ခဏတာစိတ်ညစ်စေတဲ့ အလုပ်တွေကိုလုပ်ပြီးမှ
ရနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

Rain @ Bhone Min Thant

31/01/2024

Daily Reminder🔥

30/01/2024

လူတိုင်းမှာ ကိုယ့်ဘဝအတွက်ပေးရမဲ့ အချိန်ကာလတစ်ခုရှ်ိတယ်ဗျ။ ဒီကာလက ၁ နှစ်ဖြစ်ချင်ဖြစ်မယ်၊ ၁၀ နှစ်ဖြစ်ချင်ဖြစ်မယ်။

ဒီကာလက ကိုယ့်ရဲ့ အရည်အချင်း၊ စိတ်၊ ကျန်းမာရေး နဲ့ ခန္ဓာကိုယ်ကို တိုးတက်
အောင်လုပ်ရမဲ့အချ်ိန်လို့ပြောလို့ရတယ်။
အထီးကျန်တာတွေ၊ စိတ်ညစ်စရာတွေလည်းအများကြီးတွေ့နိုင်တယ်။ ကိုယ်အမြဲထိတွေ့နေကြဆိုပေမဲ့ ကိုယ့်တိုးတက်မှုကိုပိတ်ပင်စေတဲ့ သူတွေကိုရှောင်ဖို့လိုတယ်။ ကိုယ့်မလုပ်ချင်ပေမဲ့အကျိုးရှိစေမဲ့အလုပ်တွေကိုလည်း လုပ်နိုင်အောင်လေ့ကျင့်ရမယ်။

ဂူအောင်းပြီးတရားကျင့်သလိုပေါ့
အချိန်မတန်ခင်ထွက်လာရင်တော့ တရား
ရမှာမဟုတ်ဘူး။

Rain @ Bhone Min Thant

28/01/2024

စိတ်ပ်ိုင်းဆိုင်ရာကို သူများကိုအားကိုးနေတုန်းလား

27/01/2024

ဒီအရာ ၄ ခုကိုပြောင်းလဲနိုင်ရင် ပြဿနာတော်တော်များများကို ဖြေရှင်းနိုင်မယ်။

Rain @ Bhone Min Thant

26/01/2024

သင် A ကနေ Z အထိအလွတ်ရတယ်ဆိုပြီး
လူတိုင်းကို လိုက်ကြွားနေမယ်မထင်ဘူး။
ဒီလိုပဲ ဘဝမှာဘယ်အရာမဆို
လိုက်ကြွားနေရင် တကယ်မရှိ၊
တကယ်မတတ်သေးလို့။

Rain @ Bhone Min Thant

24/01/2024

ဟန်ဆောင်ပြီးတိုးတက်နေရင် အလကားပဲ။

23/01/2024

စာဖတ်တယ်ဆိုတဲ့အဆင့်မှာပဲ ရပ်နေလို့မရဘူး သူများထက်သာချင်ရင် ဒါတွေသိထားဖို့လိုတယ်။

Reading Tips

- စာဖတ်တယ်ဆိုတဲ့ အဆင့်မှာပဲရပ်မနေပါနဲ့။
ကိုယ့်ရဲ့အတွေးခေါ်ကို မြှင့်နိုင်အောင်တွေးဖို့လိုတယ်။

- စာဖတ်ရင်း notes taking လုပ်ရင်သူများထက်တစ်ဆင့်သာမယ်။

- လက်တွေ့ပြန်အသုံးချချင်ရင်
သေးသေးလေးကစလုပ်၊ ပိုအဆင်ပြေတယ်။

- ကိုယ်ဖတ်ထားတာတွေပိုမှတ်မိချင် ရင်
သူများတွေကို ပြန် Sharing လုပ်။

စေတနာဖြင့်
Bhone Min Thant

21/01/2024

ကိုယ်လုပ်နေတာ စီးပွါးရေးလား၊ လုပ်ငန်းလား?

စီးပွါးရေး
စီး = Cash Flow, Running with a System
ပွါး = Net Profit
ရေး = Work

စနစ်တစ်ခု (System) နဲ့လည်ပတ်နိုင်ပြီး အမြတ်ငွေ (Net Profit) ရနေမှ စီးပွါးရေးဗျ။
အမေ့ဆွဲကြိုး ရောင်းပြီးလုပ်နေရရင်
စီးပွါးရေးမဟုတ်ဘူး လုပ်ငန်းပဲရှိသေးတယ် 😅

Rain @ Bhone Min Thant

20/01/2024

လောဘမရှိလို့ မချမ်းသာချင်တော့ဘူးဆိုတဲ့စကားကိုကြားဖူးကြလား?

လောဘရှ်ိတိုင်း ချမ်းသာမယ်ဆိုရင်လူတိုင်းချမ်းသာနေပြီပေါ့ဗျာ။
အဓိပတိပစ္စယောအရပြောရရင်
ပညာ၊ ဆန္ဒ၊ ဝီရိယ၊ စိတ် ဆိုတဲ့အရာတွေ
လိုတယ်။ လောဘနဲ့ကတော့ ပိုတောင်ဆင်းရဲနိုင်သေးတယ်။

Rain @ Bhone Min Thant

19/01/2024

ကျွန်တော့်ဘဝမှာ ကိုယ့်ကိုယ်ကို
တည်ဆောက်ဖို့လိုက်နာတဲ့ စည်းကမ်း
တစ်ချို့ရှိတယ်။

၁။ ကိုယ့်ရဲ့ညဏ်ကို အသိပညာနဲ့
တည်ဆောက်။
၂။ ကိုယ့်ရဲ့စိတ်ထားကို မာန နဲ့ အတ္တကိုတတ်နိုင်သမျှ လျော့အောင်ကြိုးစားပြီး
တည်ဆောက်။
၃။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို မှန်ကန်တဲ့အလေ့
အကျင့်တွေလုပ်ပြီး တည်ဆောက်။
၄။ ကိုယ့်ရဲ့နှလုံသားကို စွဲလမ်းမှုထက် မေတ္တာနဲ့တည်ဆောက်။

စေတနာဖြင့်
Bhone Min Thant @ Rain

18/01/2024

ကိုယ့်ကိုယ်ကို ဆရာကြီးလို့ထင်နေတဲ့
အတ္တကို ကျော်လွှားပြီးအောက်ကျို့ဖို့ကလည်း လွယ်တဲ့အလုပ်မဟုတ်ဘူး။
လုပ်န်ိုင်တဲ့နေ့က next level ရောက်စေတဲ့နေ့ပဲ။

နောက်ဆုံးမှာ ကိုယ်သိ၊ က်ိုယ်တတ်ဆိုတဲ့ဆရာကြီးတွေပဲကျန်ခဲ့လိမ့်တာ။
AI နဲ့အကုန်နည်းပါး ခိုင်းလို့ရတဲ့ခေတ်မှာ
ကိုယ့်ကိုယ်ကို Level up ဖြစ်အောင်
မလုပ်ရင် ကျန်နေခဲ့ဖို့များတယ်။

Rain @ Bhone Min Thant

17/01/2024

သူများထက်သာချင်ရင် ဒီ 3M ကိုထိန်းနိုင်မှရမယ်။

1. Mouth
ကိုယ်ရဲ့ စကားတွေကိုထိန်းနိုင်ဖို့
အလွန်အရေးကြီးတယ်။ မလိုအပ်တဲ့နေရာ၊
မလိုအပ်တဲ့အကြောင်းအရာတွေကို ပြောနေလို့ အလကားပဲ။ မှန်တိုင်းလည်း ငြင်းနေဖို့မလိုဘူး။

2. Mind
ကိုယ့်ရဲ့စိတ်ကိုနိုင်ဖို့ကအဓိကပဲ။
လုပ်ရမဲ့အလုပ်ကို စိတ်ပါမှလုပ်မယ်ဆိုရင်လုပ်ဖြစ်ဖို့မသေချာဘူး။ စိတ်ကိုမနိုင်ရင်
အခြားအရာတွေကိုလည်းနိုင်ဖို့ခက်မယ်။

3. Money
ရှိတိုင်းလွယ်နေရင် မရှိတဲ့အခါကြခက်မယ်။ သုံးသင့်တဲ့နေရာတွေမှာ မသုံးတာကိုတော့ ချွေတာတယ်မခေါ်ဘူးဗျ။

Rain @ Bhone Min Thant

16/01/2024

Balance Life ဖြစ်ချင်ရင် ဒီ Framework ကို
သိထားမှရမယ်။

အလုပ်ချည်းပဲလုပ်ပြီး ကိုယ့်ရဲ့အသိပညာက
မတိုးတက်ရင် ပင်ပန်းတာပဲရှိမယ်
ပိုကောင်းတဲ့အရာတွေ တီထွင်ဖို့မလွယ်ဘူး။
ကိုယ်က အသိပညာလည်းရှိတယ်၊
အလုပ်ကိုကြိုးစားချင်ပေမဲ့ ကျန်းမာရေးက
မကောင်း၊ ရောဂါတွေများနေရင်လည်း
အဆင်မပြေဘူး။

အရေးကြီးဆုံးတစ်ခုက Idea ကောင်းတွေထွက်ဖို့၊ ကျန်းမာနေဖို့ လုံလောက်တဲ့
အနားယူမှုလိုတယ်။

Rain @ Bhone Min Thant

15/01/2024

ပြောင်းလဲဖို့ဆိုရင် ကျွန်တော်သုံးတဲ့ Formula ကတော့ E + H = Change.
ကိုယ့်ရဲ့ (Environment) ပတ်ဝန်းကျင်က
ကိုယ့်ပြောင်းလဲမှုအတွက် ကိုက်ပါ့မလားဆိုတာကြည့်ပြီး ပတ်ဝန်းကျင်ပြောင်းသင့်ရင်ပြောင်းရမယ်။ ပတ်ဝန်းကျင်ပြောင်းပြီးရင်
(Habits) အလေ့အကျင့်တွေတည်ဆောက်ပြီး စည်းကမ်းရှိဖို့လိုတယ်။

Bonus tip - မှန်ကန်တဲ့ပတ်ဝန်းကျင်ရောက်ရင် အလေ့အကျင့်ကောင်းတွေတည်ဆောက်ဖို့
မခက်တော့ဘူး။

Rain @ Bhone Min Thant

14/01/2024

လူတိုင်း ၂၄ နာရီ ရကြတာတူပေမဲ့
ကိုယ်ပိုင်အချိန်ကို သုံးတဲ့အပေါ်မူတည်ပြီး
ဘဝတွေကွာသွားကြတယ်။
အလုပ်ခွင်မှာလည်း အလုပ်ကို နာရီမကြည့်ပဲလုပ်နိုင်ဖို့အရေးကြီးတယ်။

Rain @ Bhone Min Thant

13/01/2024

ဘဝမှာ က်ိုယ်ချစ်တဲ့ဝါသနာ ၄ ခုလိုတယ်။

၁။ ကိုယ့်ကိုပိုက်ဆံပေးတဲ့ဝါသနာ
၂။ ကိုယ့် ကျန်းမာရေးကို ကောင်းစေတဲ့ဝါသနာ
၃။ ကိုယ့်ရဲ့ mindset ကို level up ဖြစ်စေတဲ့ဝါသနာ
၄။ ကိုယ့်ရဲ့အသိညဏ်ကို တိုးတက်စေတဲ့ဝါသနာ

Rain @ Bhone Min Thant

12/01/2024

အတိတ်မှာအောင်မြင်ခဲ့တာတွေကိုပဲ
ဂုဏ်ယူပြီးရပ်နေလို့မရဘူး
ဆက်ပြီးထိန်းထားနိုင်ဖို့က ပိုအရေးကြီးတယ်။

Rain @ Bhone Min Thant

11/01/2024

ဘဝမှာ အထာကျကျနေနိုင်ဖို့သိထားသင့်တဲ့ 3P’s

11/01/2024

ဟန်ဆောင်ပြီး ကြိုးစားနေရင်
ဘဝမှာအမြဲဟန်ဆောင်ပြီး နေနေရလိမ့်မယ်။

Rain @ Bhone Min Thant

10/01/2024

ကိုယ်လုပ်တုန်းကမဖြစ်ပဲ သူတို့လုပ်မှဖြစ်
တယ်ဆိုပြီး ကံကောင်းတယ်ဆိုတဲ့သူတွေကိုမြင်ဖူးကြလား။

ဘယ်အရာမဆို ရလဒ်ထွက်ဖို့က Timing ကအရမ်းအရေးကြီးတယ်။
ကိုယ်က စည်းကမ်းရှိရှိ၊ နည်းလမ်းအမှန်ကိုလုပ်နေရင် Timing ကိုက်တဲ့အချ်ိန်ရောက်သွားတဲ့အခါ လူတွေကကံကောင်းတယ်ပြောကြတယ်။ ကံဆိုးတယ်ဆိုတဲ့သူတွေကတော့
ခဏလောက်ပဲလုပ်ပြီး ရပ်လိုက်ကြတဲ့သူတွေပေါ့။

Rain @ Bhone Min Thant

09/01/2024

အမြဲတမ်း ကိုယ်မှန်ကြောင်း၊ သိကြောင်းပြောနေဖို့မလိုဘူး။ တကယ်မှန်ရင်တောင်
နားထောင်တဲ့သူရဲ့ ခံယူချက်နဲ့ ညဏ်ရည်နဲ့လည်း ဆိုင်သေးတယ်။
မလိုအပ်တဲ့နေရာတွေမှာ စကားနဲ့ရှင်းပြနေတာထက် အလုပ်နဲ့သက်သေပြဖို့လိုတယ်။

Rain @ Bhone Min Thant

08/01/2024

ကိုယ်ယုံကြည်ရတဲ့သူ၊ တိုင်ပင်လို့ရတဲ့သူတွေကို အနည်းအကျဉ်းပဲထားတာအကောင်းဆုံးပဲ။
အဲ့ထက်အရေးကြီးတာကတော့
ကိုယ်လွှမ်းမိုးနိုင်တဲ့သူ၊ ကိုယ့်ရဲ့
ပရိတ်သတ်ကိုတော့ များသထက်များအောင်လုပ်ဖို့လိုတယ်။ ကိုယ့်ကိုလူတိုင်းကြိုက်မယ်လို့ထင်နေရင်တော့ အဲ့အတွေးကိုပြင်ဖို့လိုနေပြီ။

Rain @ Bhone Min Thant

Videos (show all)

ကိုယ့်ဘဝအတွက်အချိန်ကာလတစ်ခု…
စိတ်ပ်ိုင်းဆိုင်ရာကို သူများကိုအားကိုးနေတုန်းလား
#improvewithrain
ဘဝမှာ အထာကျကျနေနိုင်ဖို့သိထားသင့်တဲ့ 3P’s #improvewithrain #bhoneminthant
ကိုယ်ကသူများမရသေးတဲ့အရာကိုရချင်ရင် သူများမလုပ်နိုင်တဲ့အရာ၊ တစ်ခါလောက်နဲ့လုပ်လို့မဖြစ်ရင်အရှုံးပေးတဲ့အရာတွေကို လုပ်နိုင်ဖ...
အချိန်ဆွဲတဲ့အကျင့်က်ို ပြင်ဖို့အကောင်းဆုံးနည်း?? ကျွန်တော် ညီလေးတစ်ယောက်ကို Coaching လုပ်တုန်းက ပြောပေးခဲ့တာတွေထဲမှာ တစ်...
Interview with Pika (Episode 1)Improve with Rain x Pika sharing#PikaSharing #selfdevelopment #youth #improvewithrain
ရုပ်ဆိုးတယ်ဆိုတဲ့ ယောကျ်ားမရှိဘူး🔥#selfdevelopment #mindset #money #Myanmar
အခု ၅ မိနစ်ပဲပျော်မလား တစ်သက်လုံးပျော်မလား#selfdevelopment #discipline #motivation

Website