Kawa People Defense Force - KAWA PDF

Kawa People Defense Force - KAWA PDF

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကဝ

Photos from Kawa People Defense Force - KAWA PDF's post 21/07/2024

ကိုအေအန်န်အမ်တီ (ကိုအာနိုး) နှင့် မိတ်ဆွေများမှ ပေးပို့သော ဒရုန်းအတွက် Laptop ရောက်ရှိ ❤️💪😍

#ကဝပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

20/07/2024

တော်လှန်ရေးသမားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ
________________________________________

အသက် ၂၉ မှာ တောခိုတယ်
အိန္ဒိယတိုက်ကြီးကို
အတ္တဝါဒကနေ အနတ္တဝါဒအထိ တော်လှန်ပစ်တယ်

ဝါဆိုလပြည့်နေ့မှာ
ကြေညာချက်ထုတ်ခဲ့တယ်။

◽ကြည်ဇော်အေး

19/07/2024

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ
တာဝန်ခံများ ၊ ရဲဘော်ရဲမေများ ၊ အပတ်စဥ် ၅ သင်တန်းသား/သူ များမှ ၇၇ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား
တောတွင်းတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည် ။

#ကဝပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

18/07/2024

ကျည် ၅၀၀၀ ပြည့်ပြီ ❤️

ကမ်ပိန်းပြီးဖို့ (၁)ရက်အလိုမှာပဲ ထောက်ပို့ပြည်သူတွေရဲ့ စုစည်းညီညွတ်မှုတွေကြောင့် ကျည်(၅၀၀၀) ပြည့်ရုံတင်မကဘဲ ကျော်လွန်သွားခဲ့ပါပြီ။

(၁၀၄%) ရရှိအောင် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ အကြိမ်ကြိမ် ထည့်ဝင်ပေးကြတဲ့ ထောက်ပို့အဖွဲ့အစည်းများနဲ့ ထောက်ပို့ရဲဘော် တစ်ဦးချင်းစီကို လေးလေးနက်နက် ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။ 🙏

မိုးဦးလက်ဆောင် ကျည် (၅၀၀၀) ကမ်ပိန်းကို ယနေ့ ဇူလိုင်(၁၈)ရက်နေ့ညမှာပဲ အောင်မြင်စွာ ပိတ်သိမ်းလိုက်ပါပြီ။

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

18/07/2024

မြေလတ်အသံ ✊

17/07/2024

အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းသား/သူများ၏ သေနတ်ပစ် လေ့ကျင့်မှု ပုံရိပ်အချို့ 💪

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Photos from Kawa People Defense Force - KAWA PDF's post 16/07/2024

တောတွင်းကနေ အဝေးပြေးလမ်းမတွေပေါ် ရောက်လာတဲ့ ဆယ်လ်မွန်ငါးတွေ ❤️

ဒါနဲ့ ကျည်က (၃၀၀)လောက်ပဲ လိုတော့တယ်နော်။ ကမ်ပိန်းက (၁၉)ရက်နေ့ ပြီးမှာမို့ ဘယ်သူတွေ ပြည့်အောင် ဖြည့်ကြမလဲဗျို့ ✊

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

Photos from Kawa People Defense Force - KAWA PDF's post 14/07/2024

(၉၁.၃၁%) ဖြစ်အောင် ဖြည့်ကြတဲ့ ထောက်ပို့ရဲဘော်တွေ

ကမ်ပိန်းက (၁၉)ရက်နေ့အထိဆိုတော့ (၁၀၀%) ပြည့်အောင် ဖြည့်ကြမယ်ဗျို့ 💪😍

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

11/07/2024

ဘာတွေလဲ ?
နှုတ်ခမ်းနီတွေ 💄💄

ကဲ.. ကျည်(၄၂၀၀)ကျော်ပြီ။ ကမ်ပိန်းရက်လည်း သိပ်မကျန်တော့ဘူးဆို‌တော့ လိုတာကို ဒီရက်ထဲ ဖြည့်ကြမယ်။

Fighting ရဲဘော်တို့ 💪

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

Photos from Kawa People Defense Force - KAWA PDF's post 09/07/2024

ကျည်ကမ်ပိန်းစတော့ Nay La Group က

" ညီရေ.. အကိုတို့အဖွဲ့က ကျည်(၂၀၀) တာဝန်ယူမယ်" တဲ့။ ကျည်ကမ်ပိန်းက မပြည့်သေးလို့ ရက်ထပ်တိုးကြမယ်ဆိုတော့ ကျည်(၁၀၀)နဲ့ လစဉ်ထောက်ပံ့တာ ပို့လိုက်မယ်ဆိုပြီး လာပို့သွားတာပဲ။

Nay La Group တခုထဲ မဟုတ်ပါဘူး။ တခြားထောက်ပို့ရဲဘော်တွေလည်း ကျည်ကမ်ပိန်းမှာ နှစ်ကြိမ်၊ သုံးကြိမ်အထိ ပါဝင်ထောက်ပံ့ပေးကြတာ တကယ့်ကို လေးလေးနက်နက် ကျေးဇူးတင်ပါတယ်။

အဲ့ဒီလိုပြည်သူတွေ ရှိနေလို့သာ ကျနော်တို့ ရှေ့ဆက်နေနိုင်တာပါ။ 💪😍🙏

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

09/07/2024

လေ့ကျင့်ရေးမှသည် တိုက်ပွဲအောင်ပွဲသို့ 💪😍

ကျည်တွေ ဖြည့်ကြစို့

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

Photos from Kawa People Defense Force - KAWA PDF's post 08/07/2024

၁၀၀% ပြည့်အောင် ဝိုင်းဖြည့်နေကြတဲ့ ရဲဘော်တွေ 💪❤️

#မိုးဦးလက်ဆောင်_ကျည်၅၀၀၀
#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

06/07/2024

မိုးဦးလက်ဆောင် ကျည် ၅၀၀၀ ကမ်ပိန်းဟာ မူလသတ်မှတ်ကာလ ဇွန်(၅)ရက်နေ့မှ ဇူလိုင်(၅)ရက်နေ့အထိ ကျည် (၃,၇၇၄)တောင့် (၇၅.၄၈%) ရရှိခဲ့ပါတယ်။

ကျည်(၅၀၀၀) မပြည့်မီသေးတဲ့အတွက် ကမ်ပိန်းကာလကို (၆.၇.၂၀၂၄) မှ (၁၉.၇.၂၀၂၄) အထိ (၂)ပတ်တာ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

လိုအပ်နေတဲ့ (၂၅%)ခန့်ကို ပြည့်‌အောင် ဖြည့်ကြစို့ 💪😍

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

05/07/2024

ဇူလိုင်(၄)ရက်နေ့ ည(၁၂)အထိ မိုးဦးလက်ဆောင် ကျည် ၅၀၀၀ ကမ်ပိန်းက ကျည် (၃,၇၆၇)တောင့် (၇၅.၃၄%) ရရှိထားပါတယ်။

ဒီနေ့ဟာ ကနဦးသတ်မှတ်ထားတဲ့ ကမ်ပိန်းနောက်ဆုံးရက်ပါ။ ကျည်(၁,၂၃၃) တောင့် လိုနေပါသေးတယ်။

ပြည့်အောင် ဖြည့်ကြစို့။ ❤️💪

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

04/07/2024

မလေးရောက် ညိုကီတွေ ကျေးဇူးဗျို့ ❤️💪

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

Photos from Kawa People Defense Force - KAWA PDF's post 03/07/2024

Kawa PDF မှ (၆)ကြိမ်မြောက် ထောက်ပို့ထီ (၁၈၀) စောင် ရောင်းချခဲ့ပြီး ကံထူးသူမရှိပါ 🥹

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#ထောက်ပို့ထီ

02/07/2024

ထောက်ပို့ပြည်သူတွေရဲ့ စုစည်းအား‌တွေနဲ့ တယောက်တလှည့် ဝိုင်းဖြည့်ကြတာ ဇူလိုင်(၁)ရက်နေ့ ည(၁၂)အထိ (၇၁.၂၄%) ရောက်ပြီဗျို့

ကမ်ပိန်းကာလက ဇူလိုင်(၅)ရက်နေ့အထိဆို‌တော့ ကျန်နေတဲ့ ရာခိုင်နှုန်းလေးကို ပြည့်အောင် ဒီရက်ထဲ ဆက်ချကြစို့ ရဲဘော်တို့ရေ ✊😍

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

30/06/2024

လိုင်းအခက်အခဲကြောင့် မိုးဦးလက်ဆောင် ကျည် ၅၀၀၀ ကမ်ပိန်း Live က အပိုင်း(၃)ပိုင်း ဖြစ်သွားပါတယ်ဗျ။

တော်လှန်ပြည်သူများအနေနဲ့ သည်းခံကြည့်ရှုပြီး ကျည် ၅၀၀၀ ပြည့်အောင် ထောက်ပံ့ပါဝင်ပေးကြဖို့ မေတ္တာရပ် ခံအပ်ပါတယ်။

ရုပ်ပုံ Screen Shot - တာဝန်ခံ ကိုကျော်နိုင်

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

30/06/2024

မိုးဦးလက်ဆောင်ကျည် 5000 ကမ်ပိန်း Live

30/06/2024

(၂၉.၆.၂၀၂၄) ည(၁၂)အထိ (၆၃.၈၆%) ရရှိထားပါတယ်။ ကျည်တောင့်ရေ (၃၁၉၃)တောင့်ပေါ့။

ရဲဘော်တို့ရေ ... မကြာမီ Live မှာ ဆုံမယ်နော်။
Ready ပဲလားဗျ။ ❤️💪

29/06/2024

မိုးဦးလက်ဆောင် ကျည် ၅၀၀၀ ဆိုတာ ဘာလဲ
ရာခိုင်နှုန်း ဘယ်လောက်ရပြီလဲ
ကျည်တွေ ဘာကြောင့် လိုအပ်နေတာလဲ 🤔

(၃၀.၆.၂၀၂၄) တနင်္ဂနွေနေ့ မနက်ဖြန် နေ့လယ် (၂) နာရီမှာ ရော်ဘဲတွေကိုယ်တိုင် Live လွှင့်မယ်ဗျို့ 📢 📢

တော်ကီတွေ ပွားကြမယ်
သိချင်တာတွေ မေးကြမယ် ဖြေကြမယ်
သီချင်းတွေဆိုကြမယ်

အမျိုးတို့ရေ... ရော်ဘဲတွေနဲ့ မနက်ဖြန် Live မှာ ဆုံမယ်နော် ❤️💪

( Kawa PDF Page ကနေပဲ Live လွှင့်မှာမို့ ကူ Share ပေးကြပါဦး )🙏

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

Photos from Kawa People Defense Force - KAWA PDF's post 28/06/2024

ကျည်တွေနည်းနေသေးလို့ဆိုပြီး (၅၀%) ကျော်အောင် လာဖြည့်ကြတဲ့ ရဲဘော်တွေ ❤️

ကျေးဇူးပါဗျာ 😘

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

26/06/2024

(၂)ရက်တွင်း ပြည်သူ့အားတွေနဲ့ ရာခိုင်နှုန်းတွေ တက်လာပြီဗျို့။ လကုန်ရက်မှာ ၁၀၀% အထိ ခုန်တက်မယ်နော် 😁💪

ဓာတ်ပုံ - ပူးပေါင်းတပ်ဖွဲ့ ရှေ့တန်းစစ်ကြောင်းမှ ရဲဘော်များ

25/06/2024

မိုးဦးလက်ဆောင် ကျည် (၅၀၀၀) ကမ်ပိန်းဟာ ဇွန်လ (၂၃)ရက်နေ့အထိ ( ၄၂.၄၈%) ကျည် (၂၁၂၄.၁၇)တောင့်ပဲ ရရှိပါသေးတယ်။

ပြတ်တုန်းလပ်တုန်း (၂၃)ရက်တွေဆိုတော့ ကျည်ထောက်ပံ့မှုတွေ အတော်ပါးနေပါတယ်ခင်ဗျ။ 🥹

ကမ်ပိန်းကာလက ဇူလိုင်(၅)ရက်နေ့အထိဆိုတော့ တော်လှန်ပြည်သူလူထုရဲ့ ထောက်ပို့မှုအားတွေနဲ့ ပြည့်မယ်ဆိုတာ ယုံကြည်ပါတယ်။

ဆက်ချကြစို့ ရဲဘော်တို့ရေ ✊❤️

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုးဦးလက်ဆောင်_ကျည်၅၀၀၀

23/06/2024

Happy Birthday အိအိ 🎉 🎂🎁
တော်လှန်မွေးနေ့ပါ ရဲဘော်ရေ

22/06/2024

သတင်းထုတ်ပြန်ချက်

(၂၂.၆.၂၀၂၄) ရက်နေ့ ညနေ (၃:၃၀) နာရီခန့်တွင် သိမ်ဇရမ်မြို့ သင်္ချိုင်းကုန်းတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို KNU/KNLA ဦးဆောင်စစ်ကြောင်းနှင့်အတူ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လက်နက်ကြီးအဖွဲ့) က ပူးပေါင်း၍ ၆၀ မမ ဖြင့် (၃)ချက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး လူနာတင်ယာဉ်(၂)စီး လာရောက်ခေါ်ဆောင်သွားခဲ့သည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို KNU/KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိရာ ထိတွေ့မှုများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်ငယ်အဖွဲ့၊ လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များသည် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်လျက်ရှိသည်။

#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ူးပေါင်းစစ်ကြောင်း

20/06/2024

နိုင်ငံတော် သံဃမဟာနာယက ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့

နိုင်ငံတော် သံဃမဟာနာယက ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်း လိုက်ပါလာသောကားကို ငါန်းဇွန် - မြို့သာလမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်ဖွဲ့ဝင်များက ဇွန်လ (၁၉) ရက်၊ ၂၀၂၄ ခုနှစ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း ဆရာတော်ဘုရားနှင့် ကားတစ်စီးတည်း အတူလိုက်ပါခဲ့သူ ကန်သုံးဆင့် ဆရာတော်ဘုရား၏ မိန့်ကြားချက် အရ သိရှိရသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လွန်စွာ ဝမ်းနည်းကြေကွဲ ရပါသည်။

အကြမ်းဖက် စစ်ရာဇဝတ်မှုတစ်ခုကို ဗြောင်ကျကျ ကျူးလွန်ခဲ့ရုံမက အမှန်ကို ဝန်မခံခြင်း၊ နိုင်ငံနှင့် ပြည်သူကို လိမ်ညာလှည့်ဖျား၍ သတင်းထုတ်ပြန်ခြင်း၊ မသက်ဆိုင်သူကို အပြစ်လွှဲချခြင်းသည် အကြမ်းဖက် စစ်ကောင်စီ၏ ဟိရိသြတ္တပ္ပတရား ကင်းမဲ့သော အပြုအမူများ ဖြစ်သည့်အတွက် ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Videos (show all)

Kawa PDF
အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းသား/သူများ၏ သေနတ်ပစ် လေ့ကျင့်မှု ပုံရိပ်အချို့ 💪#ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ...
မိုးဦးလက်ဆောင်ကျည် 5000 ကမ်ပိန်း Live
မိုးဦးလက်ဆောင်ကျည် 5000 ကမ်ပိန်း Live
မိုးဦးလက်ဆောင်ကျည် 5000 ကမ်ပိန်း Live
မိုးဦးလက်ဆောင်ကျည် 5000 ကမ်ပိန်း Live
ရော်ဘဲတွေကိုယ်တိုင် မနက်ဖြန် (၂)နာရီမှာ Live လွှင့်မယ်နော် ❤️📢ဆုံကြစို့ အမျိုးတို့ 💪
မိုးဦးလက်ဆောင် ကျည် (၅၀၀၀) ကမ်ပိန်းဟာ ဇွန်လ (၂၃)ရက်နေ့အထိ ( ၄၂.၄၈%)  ကျည် (၂၁၂၄.၁၇)တောင့်ပဲ ရရှိပါသေးတယ်။ ပြတ်တုန်းလပ်တု...
သတင်းထုတ်ပြန်ချက် (၂၂.၆.၂၀၂၄) ရက်နေ့ ညနေ (၃:၃၀) နာရီခန့်တွင် သိမ်ဇရမ်မြို့ သင်္ချိုင်းကုန်းတွင် ကင်းပုန်းဝပ်နေသော အကြမ်း...
ရှေ့တန်းရဲဘော်တွေ မိုးဦးလက်ဆောင် ကျည်၅၀၀၀ ကမ်ပိန်းအကြောင်း ဘာပြောကြသလဲ။ နားထောင်ကြည့်ပါ။ ပြီးလျှင် နိုင်တဲ့ဝန်ကို ကူညီထမ...
မိုးဦးရေဆန်မှာ ဆယ်လ်မွန်ငါးတွေ ပြန်နေကြပြီ။ လိုအပ်နေတဲ့ကျည်တွေ ဖြည့်ကြစို့။ ရုပ်သံ - တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော...
တာဝန်ကိုယ်စီ ထမ်းဆောင်ကြ ❤️ဆေးဝါးတွေ ဖြည့်ဆည်းကြသလို ရှေ့တန်းရဲဘော်တွေအတွက် နှုတ်ခမ်းနီတွေလည်း ဖြည့်ကြရအောင်ဗျို့ ✊မိုးဦ...