OSK - Online Clinic

OSK - Online Clinic

အင်တာနက်ပေါ်မှာ ကျန်းမာရေးအတွက်ဆွေ

25/09/2023

ရာသီတုတ်ကွေးအကြောင်း သိကောင်းစရာ

မင်္ဂလာပါ။ OSK - online clinic မှကြိုဆိုပါတယ်။

လက်ရှိကာလမှာ လူအတော်များများ ဖျားနာကိုက်ခဲ၊နှာစေ၊ချောင်းဆိုး မကြာခဏဖြစ်နေကြပါတယ်။ ဒီလိုခက်ခဲနေတဲ့ အချိန်ကာလမှာ ကျန်းမာရေးမကောင်းခြင်းကလည်း လူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာနိုင်ပါတယ်။

လက်ရှိခေါင်းထောင်၊ အဖြစ်များနေတဲ့ ရာသီတုတ်ကွေးကြောင့် စိတ်မညစ်ရ‌လေအောင် ဒီခေါင်းစဉ်လေးကိုရေးပေးရခြင်းဖြစ်ပါတယ်။ အားလုံးပဲ တူတူဖတ်လိုက်ကြရအောင်။

⏩⏩ ရာသီတုတ်ကွေးဆိုတာဘာလဲ။

☑️ ‌ရာသီတုတ်ကွေး (common cold, acute viral infection) ဟာ virus ပိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကျွန်တော်တို့ အသက်ရှူလမ်းကြောင်းစနစ်အပေါ်ပိုင်း (နှာခေါင်း လည်ချောင်း) စတာကို တိုက်ခိုက်ပါတယ်။ ရာသီတုတ်ကွေးကိုဖြစ်စေတဲ့ virus ပေါင်း ရာနဲ့ချီရှိပါတယ်။

☑️ ကျန်းမာနေတဲ့ အရွယ်ရောက်ပြီးသားလူတစ်ယောက်တောင် တစ်နှစ်ကို သုံးခါအထိအအေးမိနိုင်ပါတယ်။

☑️ တစ်ပါတ်ကနေ ဆယ်ရက်အထိကြာမြင့်တတ်ပြီး ဆေးလိပ်သောက်တဲ့သူတွေမှာတော့ လက္ခဏာတွေကျန်ခဲ့နိုင်ပါတယ်။

⏩⏩ ဘယ်လို လက္ခဏာတွေပြနိုင်ပါသလဲ။

👉 နှာရည်ယို နှာစေးခြင်း
👉 လည်ချောင်းနာခြင်း
👉 ချောင်းဆိုးခြင်း
👉 နှာခေါင်းပိတ်ခြင်း
👉 ကိုယ်လက်ကိုက်ခဲခြင်း
👉 ခေါင်းကိုက်ခြင်း
👉 နှာချေခြင်း
👉 နေထိုင်ရမကောင်းခြင်း
👉 အားနည်းခြင်း
👉 နူံးခြင်း
👉 အစားအသောက်ပျက်ခြင်း
စသည်တို့ပြတတ်ပါတယ်။

ကိုယ်ခံအားနည်းတဲ့သူတွေမှာ လက္ခဏာပိုပြင်းထန်ပြီး ရံဖန်ရံခါ secondary bacterial infection လို့ခေါ်တဲ့ ပိုးဝင်တတ်တာ နမိုးနီးယား (အဆုတ်ရောင်) ဖြစ်တတ်ပါတယ်။ ဒီလိုလူတွေကတော့ ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။

⏩⏩ ဘာကြောင့် ရာသီတုတ်ကွေးဖြစ်လဲ။

Virus ပိုးပေါင်း ၂၀၀ ကျော်က ရာသီတုတ်ကွေးကိုဖြစ်စေပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲ virus တစ်မျိုးမျိုး ဝင်ရောက်လာတဲ့အခါ ကိုယ်ခံအားက တိုက်ပါတယ်။ ကိုယ်ခံအားက မတိုက်နိုင်တဲ့အခါ လက္ခဏာတွေ ပေါ်ပေါက်လာရပါတယ်။

⏩⏩ ဘယ်လိုလူတွေ ရာသီတုတ်ကွေး ပိုဖြစ်လဲ။

👉 အသက်အရွယ် ကြီးတဲ့သူတွေ
👉 ကလေးသူငယ်တွေ
👉 ဆောင်းရာသီမှာ
👉 တုတ်ကွေးဖြစ်ဖူးတဲ့သူနဲ့ အနီးကပ်နေထိုင်တဲ့သူတွေ
👉 ဆေးလိပ်သောက်တဲ့သူတွေ

စတာတွေက တုတ်ကွေးကို ပိုဖြစ်စေပါတယ်။

(ကြော်ငြာ စာပိုဒ် 🙏🙏 ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်လိုပါကလည်း ကျွန်တော်တို့ OSK - Online Clinic မှာ သင့်တင့်မျှတသော နှုန်းထားဖြင့် ဆွေးနွေးနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။)

⏩⏩ နောက်ဆက်တွဲဆိုးကျိုးများ

👉 နမိုးနီးယား (အဆုတ်ရောင်ခြင်း)
👉 လေပြွန်ရောင်ခြင်း
👉 နားစည်အတွင်းပိုင်းရောင်ခြင်း
👉 လည်ချောင်းနာခြင်း
👉 အာသီးရောင်ခြင်း
👉 အသံအိုးရောင်ခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။

⏩⏩ ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြမလဲ။

✏️ ဖျားတာ ဆယ်ရက်ကျော်လာတဲ့အခါ
✏️ ၃ လ‌အောက်ကလေးဖျားတဲ့အခါ
✏️ ခံစားရတဲ့ တုတ်ကွေးလက္ခဏာတွေက အရမ်းပြင်းထန်တဲ့အခါ
✏️ အဖျားအရမ်းကြီးတဲ့အခါ မျိုးဆိုရင် ဆရာဝန်နဲ့ ဘယ်လိုနေနေပြသသင့်ပါတယ်။

⏩⏩ ဘယ်လို ကာကွယ်ကြမလဲ။

☑️ ဖျားတဲ့သူနဲ့ဝေးဝေးနေပါ။
☑️ လတ်ဆတ်တဲ့ အသီးအရွက် အသီးအနှံများများစားပါ။
☑️ ချောင်းဆိုး နှာချေတဲ့အခါ တစ်ရှုး၊ လက်ကိုင်ပုဝါ အသုံးပြုပါ။ တစ်ရှူးကို သေချာ စွန့်ပစ်ပါ။
☑️ လက်ကို ဆပိပြာနဲ့ စက္ကန့် ၂၀ ကြာအောင်ဆေးကြောပါ။ တစ်ခုခုကိုင်တွယ်ပြီးတိုင်း
☑️ မျက်နှာ ကိုတတ်နိုင်သမျှ လက်နဲ့မထိတွေ့ပါနဲ့ (အထူးသဖြင့် မျက်လုံး နှာခေါင်း ပါးစပ်)

⏩⏩ ဖြစ်လာရင် အိမ်မှာ ဘယ်လို နေထိုင်ကြမလဲ။

☑️ ရေဓာတ်ခန်းခြောက်မှုမဖြစ်စေဖို့ ရေများများသောကိပါ။
☑️ အနားယူပါ။
☑️ လည်ချောင်းနာပါက ဆားရေနွေးနဲ့ပလုတ်ကျင်းပါ။
☑️ နှာရည်ယို နာပိတ်ပါက ရေနွေးငွေ့ရှူပေးပါ။

ဒီလောက်ဆိုရင်တော့ ရာသီတုတ်ကွေးအကြောင်းကိုသိတန်သလောက်သိပြီလို့ ယူဆပါတယ်။ ဖျားတိုင်း Covid_19 မဟုတ်သလို Covid_19 မဖြစ်နိုင်ဘူးလို့လည်း ယူဆလို့မရပါဘူး။ ပေါ့လို့မရပါဘူး။

ဖျားတာနဲ့ နားလည်တတ်ကျွမ်းသူဆီက အကြံဉာဏ်ရယူပါ။ တစ်ခြားသူတွေနဲ့ ခပ်ခွာခွာနေပါ။ အားလုံး ကျန်းမာပျော်ရွှင်စွာနဲ့ ကျော်ဖြတ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်။

ကျန်းမာရေးဆိုင်ရာဆောင်းပါးများဖတိရှူလိုပါက page ကို Like and follow လုပ်ထားဖို့ အကြံပေးပါရစေ။

ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်လိုပါကလည်း ကျွန်တော်တို့ OSK - Online Clinic မှာ သင့်တင့်မျှတသော နှုန်းထားဖြင့် ဆွေးနွေးနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

OSK online clinic မိသားစု

Photos from OSK - Online Clinic's post 21/05/2023

မြန်မာနိုင်ငံမှာ လူဖြစ်ရတာ အင်မတန်ဝဋ်ကြွေးကြီးကြပါတယ်။

ခေတ်မကောင်းတဲ့အချိန်မှာ နေရာဝင်ယူ Google က အချက်အလက်တွေရှာ ပိုစ့်လေးတွေတင် follower များလာတော့ ဆေးကု

ဘယ်မှာလည်း ဆေးကုသခွင့် ဘယ်မှာလည်းအရည်အချင်းစစ်ဆေးမှု

ဘယ်ဆရာဝန်မှ ၁၀၀ ရာခိုင်နှုန်းအာမခံနဲ့မကုသလို ဘယ်ဆရာဝန်မှလည်း မိနစ်ပိုင်းအတွင်းရောဂါမရှာပေးပါဘူး

‌ရောဂါရှာတယ်ဆိုတာ လူနာရဲ့ ရောဂါရာဇဝင် ကိုယ်ခန္ဓာစစ်ဆေးမှု သွေးစစ်ဆေးမှုမှတ်တမ်း လိုအပ်ရင် ဓါတ်မှန် ultrasound CT စတာတွေကိုအခြေခံပြီးမှ ကောက်ချက်ချအဖြေထုတ်ရတာပါ ဒါတောင်မှ အဖြေလွဲလို့ အဖြေမှားလို့ ပြဿနာဖြစ်နေတာကဒုနဲ့ဒေး

ယုံမှတ်လို့ ပုံအပ်မိကာက ဗျာများရတဲ့ လူစာရင်းထဲ ကိုယ်မပါချင်ဘူးဆို ဥာဏ်နဲ့ ချင့်ချိန်ကြပါ။

နောက်ဆုံးတခု ဆီးချိုဆိုတာ လေဖြတ်နိုင်တဲ့ ဇုန်ကနေလွတ်သွားပြီဆိုတာမရှိပါဘူး ဆီးချိုကောင်းသွားပြီဆိုတာ မရှိပါဘူး တသက်လုံး မသေမချင်းသေချာမကုရင် အချိန်မရွေး ဆီးချိုဆောင့်တက်သေနိုင်ပါတယ် လေဖြတ်နိုင်ပါတယ် နှလုံးသွေးမရောက်ပဲ နှလုံးပုတ်နိုင်ပါတယ် ခြေလက်ဖြတ်ရနိုင်ပါတယ်။

Facebook မှာရေးတိုင်းမယုံကြဖို့ပဲအရေးကြီးပါတယ်။ ကျွန်တ်ောပြောတာလည်း မယုံလို့ရတယ်။ ဘယ်အချိန်ရောက်ရောက်ကိုယ်တိုင်ဆန်းစစ်ပါ။ ကိုယ့်ရဲ့ တခေျာင်းပဲပါတဲ့အသက်ကိုတော့ အဲလို့ရမ်းကုကိုမအပ်ပါနဲ့ပေ့ါခင်ဗျာ။

11/10/2022

ဆေးဝါးကျွမ်းကျင်သင်တန်း သုံးလပြီးတဲ့နောက်..........

ဒီပိုစ့်ကိုရေးတဲ့အချိန်မှာရည်ရွယ်ချက်နှစ်ခုပဲရှိပါတယ်။
၁. အွန်လိုင်းကနေ ကြုံရာလူကိုမေးမြန်းသင့်သလားဆိုတာရယ်
၂. ဖြေတဲ့သူကကော တာဝန်ယူမှု တာဝန်ခံမှုရှိသင့်သလားဆိုတာရယ်

ပုံမှာပါတဲ့ဆေးက အများနားလည်အောင်ပြောပြရရင်နှလုံးခုန်နှုန်းမြန်တဲ့အခါမှာ သုံးတာပါ။ နှလုံးခုန်နှုန်းကိုနှေးစေပါတယ်။ သူရဲ့အဓိက မသုံးရမယ့်နေရာ တခုရှိပါတယ်။

ဒါကတော့ ရင်ကျပ်သမား အထူးသဖြင့်ပန်းနာရင်ကျပ်သမားတွေ
ဆေးရဲ့ Side effect (ဆိုးကျိုးတခုက) လေပြွန်လေးတွေကိုကျဥ်းသွားစေပြီး အသက်ရှုကျပ်စေပါတယ်။ ဒါကြောင့် ပန်းနာရင်ကျပ်သမားတွေအဓိကရှောင်ဖို့လိုတယ်လို့ ကိုရေးထားပြီးသားပါ။

ကြုံရာလူတယောက်က ရင်ကြပ်မှာသုံးတယ်လို့ ရေးထားတာဖြစ်တဲ့အတွက်တွေ့တဲ့သူထဲက တယောက်ယောက်ကရင်ကြပ်တဲ့အချိန် သောက်မိခဲ့ရင်....?

အကယ်လို့များ ဒီလူ တခုခုဆိုးဆိုးရွားရွားဖြစ်ခဲ့ရင်

ဘယ်သူတာဝန်ယူမလဲ။ ဘယ်သူတာဝန်ခံမလဲ။

ဒါတွေက ဒီဘက်ခေတ်မှာတအားဖြစ်ကြတဲ့ပြဿနာပါ။ facebook ပေါ် တက်သမျှကို အမှန်လို့မယူဆစေချင်ပါ။

သင်တန်းဖြစ်ဖြစ်တက်ခဲ့ရင်လည်း ကိုယ်သင်ယူတဲ့အရာမှန်သမျှကိုနားလည်တတ်ကျွမ်းအောင်သင်ယူပါ။ တခုခုဖြေမယ်ဆိုရင်လည်း ဒါက သေချာတယ်ဆိုမှ ဖြေစေချင်ပါတယ်။ ကိုယ်က စာလေးသုံးလေးလုံးပေမယ့် ဟိုဘက်မှာလူ့အသက်ဖြစ်သွားနိုင်လို့ပါ။

အဓိကမှာချင်တာကတော့

၁. နားလည်တတ်ကျွမ်းသူလို့ ယုံကြည်ရတဲ့သူရေးထားတာကိုပဲအမှန်ယူပါ။ (အဲဒီသူလည်းမှားနိုင်ပါတယ်)
၂. တတ်နိုင်သမျှ facebook ပေါ်တင်မေးတာကိုတော့ recommend မပေးပါဘူး။ (အဆင်မပြေလို့ မေးရတာမျိုးရှိရင်လည်း ယုံကြည်ရတဲ့သူဖြေတာမျိုးကိုပဲ လက်ခံပါ။)
၃. စိတ်ထဲမသင်္ကာရင် double check ပါ။ (Second opion ယူတာမျိုး)
၄. ဟိုလူကဒါလုပ်လိုက်ကောင်းပေမယ့် ကိုယ်နဲ့ကကောင်းချင်မှကောင်းမှာပါ။

ခေတ်မကောင်းတဲ့အထဲ အသက်ဥာဏ်စောင့်ဖို့အရေးကြီးပါတယ်။

ဒီပိုစ့်က မည်သူ့ကိုမျှ မည်သည့်အဖွဲ့အစည်းကိုမှ မည်သည့်သင်တန်းကိုမျှ ရည်ရွယ်ခြင်းမရှိပါ။ သတိထားမိစေရန်အလို့ငှာအတွက်သာ

29/08/2022

ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်ခြင်း(Alopecia)သည် သင့်ဦးရေပြားကိုသာမက သင့်ခန္ဓာကိုယ်တစ်ခုလုံးကိုလည်းပဲ အခိုက်တန့်ဖြစ်စေ၊အမြဲတမ်းဖြစ်စေ ထိခိုက်စေနိုင်သည်။မျိုးရိုးလိုက်ခြင်း၊ဟော်မုန်းပြောင်းလဲခြင်း၊ဆေးဘက်ဆိုင်ရာအခြေအနေများ သို့မဟုတ် အသက်အရွယ်အိုမင်းလာခြင်းတို့ကြောင့် မည်သူမဆို ဆံပင်ကျွတ်နိုင်သော်လည်း အမျိုးသားများတွင်မူ ပို၍ အဖြစ်များတတ်ကြသည်။

ထိပ်ပြောင်ခြင်းသည် ပုံမှန်အားဖြင့် သင့်ဦးရေပြားမှ အလွန်အမင်း ဆံပင်ကျွတ်ခြင်းကို ရည်ညွှန်း‌နေသည်။ထိပ်ပြောင်ခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းမှာ အသက်ကြီးလာသည်နှင့်အမျှ မျိုးရိုးလိုက်၍ ဆံပင်ကျွတ်ခြင်း‌ကြောင့်ဖြစ်သည်။အချို့‌သောသူများသည် ဆံပင်ကျွတ်ခြင်းကို ကုသရန်ထက် ဖုံးကွယ်ထားရသည်ကို ပိုမိုနှစ်သက်ကြသည်။ဆံပင်တုများ၊မိတ်ကပ်များ၊ဦးထုတ်များ၊ပဝါများဖြင့် ဖုံးကွယ်တတ်ကြသည်။အချို့သောသူ‌များကမူ ဆံပင်ကျွတ်ခြင်းကို ထိန်းသိမ်း၍ ဆံပင်ပြန်လည်ပေါက်စေရန် ကုသမှုနည်းလမ်းများထဲမှ တစ်ခုခုကို ရွေးချယ်တတ်ကြသည်။

ဆံပင်ကျွတ်ခြင်းအတွက် ကုသမှုမခံယူခင် သင့်အနေနှင့် ဆံပင်ကျွတ်ရခြင်းအကြောင်းရင်းနှင့် ရွေးချယ်စရာ ကုသမှုနည်းလမ်းများကို သင့်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

‌ရောဂါလက္ခဏာများ

အကြောင်းရင်းပေါ်မူတည်ပြီး ဆံပင်ကျွတ်ခြင်းသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နိုင်သည်။ဆံပင်ကျွတ်ခြင်းက သင့်ဦးရေပြားကိုသာမက သင့်ခန္ဓာကိုယ်တစ်ခုလုံးကို အနှေးနှင့်အမြန်ဆိုသလိုပင် ထိခိုက်နိုင်သည်။

ဆံပင်ကျွတ်ခြင်း၏ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ကြသည်။

၁.ဦးခေါင်းထိပ်မှဆံပင်များ တဖြည်းဖြည်းပါးလာခြင်း-အသက်ကြီးလာသည်နှင့်အမျှ လူအများစုတွင် ကြုံတွေ့ရသော ဆံပင်ကျွတ်ခြင်းတစ်မျိုး ဖြစ်သည်။အမျိုးသားများတွင် နဖူးစပ်ရှိ ဆံစလိုင်းများတွင် မကြာခဏဆိုသလို ဆံပင်နုများ ပေါက်တတ်ကြသည်။အမျိုးသမီးများတွင်မူ အမျိုးသားများထက် ပုံမှန်အားဖြင့် နဖူးစပ်ဆံစလိုင်းများက ပို၍ ရှည်လျားကြသည်။အသက်ကြီးသည့် အမျိုးသမီးများတွင် ရှေ့ဘက်ဆံပင်ကျွတ်ခြင်း(frontal fibrosing alopecia)က အဖြစ်အများဆုံးဖြစ်သည်။

၂.စက်ဝိုင်းပုံ သို့မဟုတ် အကွက်လိုက် ပြောင်ခြင်း-အချို့လူများ၏ ဦးရေပြား၊မုတ်ဆိတ်၊မျက်ခုံးမွှေးများ၌ ဆံပင်များ ကျွတ်၍ စက်ဝိုင်းပုံ သို့မဟုတ် အကွက်လိုက်ပြောင်နေတတ်ကြသည်။ဆံပင်ကျွတ်ခြင်းမတိုင်မီ သင့်အရေပြားသည် ယားယံခြင်း သို့မဟုတ် နာကျင်ခြင်းများ

ဆက်လက်ဖတ်ရှုရန် >>> https://www.oskclinic.com/?p=2523

25/08/2022

အာသီးရောင်ရမ်းခြင်း

အာသီးရောင်ခြင်းဆိုသည်မှာ လည်မြို၏နောက်ဘက်၊ တစ်ဖက်တစ်ချက်စီတွင်ရှိသော ဘဲဥပုံသဏ္ဍာန် တစ်ရှူးနှစ်ချပ် ရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။အာသီးရောင်ခြင်း၏လက္ခဏာများမှာ အာသီးရောင်ရမ်းခြင်း၊လည်ချောင်းနာခြင်း၊အစာမျိုရခက်ခဲခြင်းနှင့် လည်ပင်းနှစ်ဘက်၌ နာကျင်စေ‌လောက်သည့် ပြန်ရည်ကြောအကျိတ်များ ပေါ်ထွက်လာခြင်းတို့ဖြစ်သည်။

အာသီးရောင်ခြင်းအများစုသည် အဖြစ်များသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်‌သော်လည်း တခါတရံ ဘက်တီးရီးယားပိုးဝင်ခြင်းမျိုးကလည်း အာသီးရောင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

အာသီးရောင်ခြင်းအတွက် သင့်လျော်သောကုသမှုသည် အာသီးရောင်ခြင်းကို ဖြစ်ပေါ်စေသော ‌အကြောင်းရင်းပေါ်တွင် မူတည်သောကြောင့်၊ တိကျမှန်ကန်သော ရောဂါအရင်းအမြစ်ကို ရှာ‌ဖွေတွေ့ရှိရန် အရေးကြီးလှပါသည်။မကြာခဏဆိုသလို အာသီးရောင်တတ်ခြင်း၊ဆေးဝါးများဖြင့် ကုသ‌သော်လည်း အလျင်းမပျောက်ခြင်း၊အာသီးရောင်ခြင်းကြောင့် ဆိုးရွားသော နောက်ဆက်တွဲများဖြစ်ပေါ်လာခြင်း အစရှိသည့် အခါမျိုးတွင်မူ အများအားဖြင့် အာသီးကိုခွဲစိတ်၍ ဖယ်ထုတ်ခြင်းကို ပြုလုပ်လေ့ရှိကြပါသည်။

အာသီးရောင်ခြင်းသည် မူကြိုအရွယ်ကလေးများနှင့်ဆယ်ကျော်သက်အရွယ်များကြားတွင် အဖြစ်အများဆုံးဖြစ်သည်။အဖြစ်များသော ရောဂါလက္ခဏာများမှာ

👉အာသီးရောင်ရမ်းခြင်း
👉အာသီးပေါ်တွင် အဖြူသို့မဟုတ်အဝါကွက်များ ပေါ်လာခြင်း
👉လည်ချောင်းနာခြင်း
👉အစာမြိုရခက်ခြင်း၊အစာမြိုလျှင် နာကျင်ခြင်း
👉ဖျားခြင်း၊ကိုယ်ပူခြင်း
👉လည်ပင်းရှိ ပြန်ရည်ကြောအကျိတ်များ ကြီး၍နာကျင်ခြင်း
👉အက်ရှရှအသံ၊လည်ချောင်းသံထွက်လာခြင်း
👉ခံတွင်းနံ့မကောင်းခြင်း
👉ဗိုက်အောင့်ခြင်း
👉လည်‌ပင်းနာခြင်း၊ သို့မဟုတ် လည်ပင်းတောင့်တင်းလာခြင်း
👉ခေါင်းကိုက်ခြင်း

တို့ဖြစ်ကြသည်

ဆက်လက်ဖတ်ရှုရန် >>> https://www.oskclinic.com/?p=1277

Abdominal pain - OSK Clinic 24/08/2022

Abdominal Pain by OSK-Online Clinic

Abdominal pain - OSK Clinic Everyone experiences abdominal pain from time to time. Other terms used to describe abdominal pain are stomachache, tummy ache, gut ache and bellyache. Abdominal pain can be mild or severe. It may be continuous or come and go. Abdominal pain can be short-lived (acute) or occur over weeks, months or....

Hair loss - OSK Clinic (Alocepia) 22/08/2022

Hair Loss (ဆံပင်ကျွတ်ခြင်းနှင့်ပါတ်သက်သမျှ) - English Version

Hair loss - OSK Clinic (Alocepia) Hair loss (alopecia) can affect just your scalp or your entire body, and it can be temporary or permanent. It can be the result of heredity, hormonal changes, medical conditions or a normal part of aging. Anyone can lose hair on their head, but it's more common in men.

17/08/2022

သွေးလွန်တုတ်ကွေး

ခြုံငုံမိသမျှ

သွေးလွန်တုတ်ကွေးဆိုတာ ခြင်မှတဆင့်ကူးစက်တတ်သောရောဂါတစ်ခုဖြစ်ပြီး စွတ်စိုသောအပူပိုင်းဒေသများတွင် အများဆုံးတွေ့ရလေ့ရှိပါသည်။ သွေးလွန်တုတ်ကွေးပြင်းထန်ပါက သွေးထွက်လွန်ခြင်း သွေးပေါင်အလွန်အကျွံကျတာ shock ရနိုင်ခြင်း ‌ဖြစ်ကာ အသက်သေဆုံးသည်အထိဖြစ်နိုင်ပါသည်။

တနှစ်ကိုသွေးလွန်တုတ်ကွေးကြောင့် လူသန်းပေါင်းများစွာသေဆုံးလျက်ရှိပါသည်။ အများအားဖြင့် အရှေ့တောင်အာရှဒေသ,အနောက်ပစိဖိတ်ကျွန်းဆွယ်များနှင့် လက်တင်အမေရိက အာဖရိကတို့တွင်အဖြစ်များလေ့ရှိပါသည်။ တခါတလေ ဥရောပနှင့် အမေရိကန်တောင်ပိုင်းဒေသများတွင်လည်း ရောဂါဖြစ်ပွားမှုပြင်းထန်စွာပေါ်ပေါက်တတ်ပါသည်။

သွေးလွန်တုတ်ကွေးအတွက် ကာကွယ်ဆေးများထုတ်လုပ်လျက်ရှိသော်လည်း အကောင်းဆုံးသော ကာကွယ်ခြင်းမှာ ခြင်မကိုက်ခံရအောင်နေထိုင်ခြင်းနှင့် ခြင်ပျံ့ပွားမှုကို တားဆီးခြင်းပင်ဖြစ်ပါသည်။

လက္ခဏာများ

များသောအားဖြင့် လက္ခဏာမပြတတ်ပေ။ လက္ခဏာပြသောအခါတွင်လည်း အခြားသော တုတ်ကွေးရောဂါစသည်တို့နှင့် တူလေ့ရှိတတ်သည်။ ရောဂါပိုးပါသော ခြင်ကိုက်ခံရပြီး ၁၀ ရက်မြောက်နေ့တွင် စတင်ပြီး သွေးလွန်တုတ်ကွေး‌ကိုခံစားရလေ့ရှိပါသည်။

များသောအားဖြင့်အဖျားကြီးခြင်း (၁၀၄ ဒီဂရီခန့်အထိ) နှင့်လာတတ်ကာအောက်ပါလက္ခဏာများပါ ယှဥ်တွဲခံစားရတတ်ပါသည်။

👉👉 ခေါင်းကိုက်ခြင်း
👉👉 ကြွက်သား နှင့် အရိုးအဆစ်နာကျင်ခြင်း
👉👉 ပျို့ခြင်း
👉👉 အန်ခြင်း
👉👉 မျက်လုံးတဝိုက်နာကျင်ခြင်း
👉👉 အကျိတ်များကြီးလာခြင်း
👉👉 အနီကွက်ထခြင်း

အများစုမှာ တစ်ပါတ်အတွင်း သက်သာသွားလေ့ရှိပြီး တစ်ချို့သူတွေကတော့ ပိုဆိုးလာတတ်ကာသေဆုံးတတ်ပါသည်။ ဒီလိုဖြစ်လာသည်ကို ပြင်းထန်သွေးလွန်တုတ်ကွေး (severe Dengue), ‌သွေးလွန်တုတ်ကွေးကြောင့် သွေးလန့်ခြင်း (Dengue Shock Syndrome) ဟုခေါဆိုပါသည်။

ပြင်းထန်သွေးလွန်တုတ်ကွေးဖြစ်သောအခါ သွေးကြောများထိခိုက်ပျက်စီးကာ ‌ယိုပေါက်များဖြစ်ပေါ်လာသည်။ သွေးဥမွှားအရေအတွက်လည်းရုတ်တရက်ကျဆင်းလာပါသည်။ ထိုအချက်မျာ‌းကြောင့် သွေးလန့်ခြင်း ကိုယ်တွင်းသွေးယိုစီးခြင်း နှင့် ကလီစာများပျက်စီးကာသေဆုံးတတ်ပါသည်။

ရှေ့ပြေးအရေးပေါ် လက္ခဏာများ ကိုသိရှိရန်လိုအပ်ပြီး အချိန်အနည်းငယ်အတွင်းမှာပင်ပိုမိုဆိုးရွားလာတတ်ပါသည်။

👉👉 အပြင်းအထန်ဗိုက်အောင့်ခြင်း (ရင်ညွန့် တဝိုက်)
👉👉 ဆက်တိုက်အန်ခြင်း
👉👉 သွားဖုံးနှင့်နှာခေါင်းမှသွေးယိုစီးခြင်း
👉👉 ဆီးဝမ်းတွင်သွေးပါခြင်း
👉👉 အသက်ရှုကျပ်ခြင်း မြန်လာခြင်း
👉👉 နှုန်းခြင်း
👉👉 ဂဏှာမငြိမ်ဖြစ်ခြင်း

ဘယ်အချိန်မှာဆရာဝန်နှင့်ပြရမှာလဲ။

ဆက်လက်ဖတ်ရှုရန် >>> https://www.oskclinic.com/?p=2513
(မြန်မာဘာသာဖြင့်ဖတ်ရှုရန် ပုံလေးကိုနှိပ်ပါဆိုတာတာလေးကိုနှိပ်ပြီးမြန်မာလို့ဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)

Dengue Fever - OSK Clinic (Mosquito-borne illness) 17/08/2022

Overview

Dengue (DENG-gey) fever is a mosquito-borne illness that occurs in tropical and subtropical areas of the world. Mild dengue fever causes a high fever and flu-like symptoms. The severe form of dengue fever, also called dengue hemorrhagic fever, can cause serious bleeding, a sudden drop in blood pressure (shock) and death.

Millions of cases of dengue infection occur worldwide each year. Dengue fever is most common in Southeast Asia, the western Pacific islands, Latin America and Africa. But the disease has been spreading to new areas, including local outbreaks in Europe and southern parts of the United States.

Researchers are working on deng.........

Read More >>> https://www.oskclinic.com/?p=2513

Dengue Fever - OSK Clinic (Mosquito-borne illness) Dengue (DENG-gey) fever is a mosquito-borne illness that occurs in tropical and subtropical areas of the world. Mild dengue fever causes a high fever and flu-like symptoms. The severe form of dengue fever, also called dengue hemorrhagic fever, can cause serious bleeding, a sudden drop in blood press...

Type 2 diabetes - OSK Clinic 01/08/2022

Type 2 diabetes - OSK Clinic Type 2 diabetes is an impairment in the way the body regulates and uses sugar (glucose) as a fuel. This long-term (chronic) condition results in too much sugar circulating in the bloodstream. Eventually, high blood sugar levels can lead to disorders of the circulatory, nervous and immune systems.

01/08/2022

ဆီးချိုသမားဘာစားလို့ရသလဲ။

ဒီရက်ပိုင်းကတော့အမေးများနေတဲ့ဆီးချိုသမားဘာစားသင့်လဲဆိုတာလေးကိုရေးပေးဖို့စဥ်းစားမိပါတယ်။ဆီးချိုသမားဘာစားသင့်လဲဆိုတာရယ် (Diabetic Plate)လို့ခေါ်တဲ့ ဆီးချိုသမားစားသင့်တဲ့ ထမင်းပန်းကန်ဆိုပြီးနှစ်မျိုးခွဲပေးမှာဖြစ်ပါတယ်။ (ဒီထဲမှာ ဘာမစားသင့်ဘူးဆိုတာကိုပါ ကြားညှပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။) ဒီရက်ပိုင်းကျွန်တ်ောတို့ OSK မှာလာပြတာဆီးချိုလူနာတော်တော်များပါတယ်။ အများအားဖြင့် ကိုဗစ်ဖြစ်ပြီးကာမှ ဆီးချိုရှိမှန်းသိတဲ့အုပ်စုဖြစ်ပါတယ်။ အရင်ဆီးချိုရှိပြီးသားတွေကတော့ သူတို့ဘာသာ ဆေးတွေသောက်နေပြီးသားဆိုတော့ ပြဿနာမရှိပါဘူး။ အခုမှဖြစ်တဲ့အုပ်စု ဖြစ်မှန်းသိတဲ့အုပ်စုကျတော့ ဘာစားရမလဲ ဘာမစားသင့်ဘူးလဲ ဆိုတာက Quite challenging ဖြစ်လို့နေပါတယ်။

ဆီးချိုသမားဆိုတာနဲ့ တစ်ချို့က ချိုတာမှန်သမျှဘာမှမစားတော့ပါဘူး။ ထမင်းကျတော့စားပါတယ်။ ဒါတော်တော်မှားယွင်းတဲ့အယူအဆပါ။ အောက်က ဘာတွေမစားသင့်ဘူးလဲဆိုတာကိုအရင်ပြောပြီးမှ ကျန်တာဆက်ပြောပြပါ့မယ်။ ဆီးချိုသမားတစ်ယောက်ဆိုတာသွေးထဲမှာရှိတဲ့သကြားဓတ်ကရှိသင့်တာထက်ပိုများနေတာပါ။ မနက်အစောကြီးအစာမစားခင် ဆို 80 mg/dl နေ့လည်(သို့) ညစာစားပြီးနှစ်နာရီဆို 220 mg/dl ထက်များနေတာကိုဆိုလိုတာပါ။ ဒီထက်မများဘူး လုံလောက်တဲ့ ပမာဏတစ်ခုမှာထိန်းနိုင်တယ်။ ဆေးလည်းမှန်မှန်သောက်တယ်။ ကိုယ်လက်လှုပ်ရှားအားကစားလည်းလုပ်တယ်ဆိုရင် ဘယ်အရာမျိုးကိုမဆိုသင့်တင့်စွာစားသုံးလို့ရပါတယ်။

အလွန်အကျွံမစားသင့်သောအစားအစာများ

1. ကစီဓာတ်များသောထမင်း၊ ဂျုံ၊ ပြောင်း

ကစီဓာတ်များသောထမင်း၊ ဂျုံ၊ ပြောင်းတို့ဟာ သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေတာကြောင့် အမျှင်ဓာတ်မြင့်မားစွာပါ၀င်တဲ့ ဆန်လုံးညို၊ ဆန်ကြမ်း၊ ပေါင်မုန့်အကြမ်း(အညို)တို့ကိုသာစားသုံးပေးသင့်ပါတယ်။ ဒီနေရာမှာ တစ်ချို့က ဆီးချိုဆန် ဆိုပြီးတော့ ဆီးချိုမတက်ဘူးဆိုပြီး အများကြီးစားတာမျိုးလုပ်လေ့ရှိကြပါတယ်။ အဲတာမှားယွင်းပါတယ်။ ဘယ်လိုဆန်စားစား အများကြီးစားရင် ဆီးချိုတက်ပါတယ်။ မစားရင်မတက်ပါဘူး။

2. Blended Coffee

Blended Coffee၊ Milkshake စတဲ့ အစားအသောက်တွေမှာ ကယ်လိုရီအများအပြား ပါ၀င်တာကြောင့်.........

ဆက်လက်ဖတ်ရှုရန် >>> https://www.oskclinic.com/?p=996

Vitamin D - OSK Clinic 01/08/2022

Vitamin D - OSK Clinic Vitamin D is a nutrient your body needs for building and maintaining healthy bones. That's because your body can only absorb calcium, the primary component of bone, when vitamin D is present. Vitamin D also regulates many other cellular functions in your body. Its anti-inflammatory, antioxidant and....

01/08/2022

Vitamin D အကြောင်းသိကောင်းစရာ
OSK _ Online Clinic မှတင်ဆက်ပါသည်။

မင်္ဂလာပါ။ ဒီနေ့တော့ ပျင်းပျင်းရှိတာနဲ့ Vitamin D အကြောင်းကိုရှာရှာဖွေဖွေရေးလိုက်ရပါတယ်။ ဟိုတလောက Vitamin D နဲ့ပါတ်သက်ပြီး‌ရေးတော့ အမြင်မတူတဲ့သူတွေလာမန့်ကြတာလည်းဖတ်လိုက်ရပါတယ်။ မိမိကိုယ်ခန္ဓာမိမိသဘောဆိုပေမယ့် ကိုယ်သောက်နေတဲ့အားဆေးရဲ့ ကောင်းကျိုးဆိုးကျိုး စတာတွေကိုသိခဲ့ရင်ပိုအကျိုးရှိမယ်ယူဆလို့ ရေးသားပေးလိုက်ပါတယ်။ အားလုံးလည်းဖတ်ပြီးတော့အကျိုးတစ်ခုခုရမယ်လို့မျှော်လင့်ပါတယ်။

Vitamin D ဆိုတာဘာလဲ

Vitamin D ဆိုတာ အဆီမှာပျော်ဝင်နိုင်သော ဗီတာမင်အုပ်စုထဲတွင်ပါဝင်ပြီး ကျွန်တ်ောတို့ ခန္ဓာကိုယ် အရေပြားမှတဆင့် နေ‌ရောင်ခြည်ကိုအသုံးပြုပြီး ထုတ်လုပ်နိုင်သော ဗီတာမင်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း Sunshine Vitamin (နေရောင်ခြည်ဗီတာမင်)လို့ ခေါ်ကြပါတယ်။

ကျွန်တ်ောတစ်ခုပြောချင်တာက အခုရေးတဲ့ဆောင်းပါးမှာ D လို့ပြောရင် Vitamin D3 ကိုပဲမြင်စေချင်ပါတယ်။ Vitamin D2 ဆိုတာလည်းရှိသေးလို့ပါ။ ဒါပေမယ့်အခု အများကြီးသောက်နေကြတဲ့ Vitamin D3 အကြောင်းကိုအဓိကပြောချင်လို့ပါ။

ဗီတာမင်ဒီပါဝင်တဲ့အစားအစာတော့အများကြီးမရှိပါဘူး။ ဒါပေမယ့်
⏩ ပြုပြင်ထားသော နို့နဲ့နို့ထွက်ပစ္စည်းများ
⏩ ပြုပြင်ထားသော စီရီရယ်၊
⏩ အဆီများတဲ့ငါးတွေဖြစ်တဲ့ ဆောလ်မွန်ငါး ဆာဒင်းငါးတွေမှာ Vitamin D ပါဝင်ပါတယ်။

👉👉 ကျွန်တ်ောတို့အရေပြားမှာရှိတဲ့ 7-dehydrocholesterol ဟာနေရောင်ခြည်မှာပါတဲ့ UV B (ခရမ်းလွန်ရောင်ခြည် ဘီ) နဲ့ ထိတွေ့တဲ့အခါ Cholecalciferol ဆိုတဲ့ Active vitamin D3 အဖြစ်ကိုရရှိနိုင်ပါတယ်။ (ဒီနေရာမှာ ရရှိပုံအသေးစိတ်ကိုတော့ ရှုပ်နေမှာစိုးလို့မရေးတော့ပါဘူး)

Vitamin D ဟာ ဘာကောင်းကျိုးတွေရှိသလဲ
သင့်တင့်တဲ့ပမာဏကိုသောက်သုံးရင်တော့ Vitamin D ဟာကောင်းကျိုးကိုပေးစွမ်းနိုင်ပါတယ်။
☑️ အရိုးနဲ့သွားကို ကြံ့ခိုင်အောင်လုပ်ဆောင်ရာမှာကူညီပေးပါတယ္
☑️ သွေးထဲမှာရှိတဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖောရပ် ပမာဏတွေကိုထိန်းညှိပေးပါတယ်
☑️ တုတ်ကွေးရောဂါကို ကာကွယ်ရာမှာလည်.......

ဆက်လက်ဖတ်ရှုပါရန် >>> https://www.oskclinic.com/?p=813

How To overcome Menstrual Irregularity? - OSK Clinic (irregular menstruation) 01/08/2022

How to overcome Menstrual Irregularities?

https://www.oskclinic.com/?p=2492

How To overcome Menstrual Irregularity? - OSK Clinic (irregular menstruation) Most of the girls in the world have been facing problems like irregular menstruation. Here are some solutions to overcome menstrual irregularities.

01/08/2022

ပျိုမေတို့ ရာသီစက်ဝန်းမှန်စေဖို့

ဟိုနေ့က ကျွန်တော်တို့ ရာသီမမှန်ခြင်းအကြောင်ကဆွေးနွေးကြတဲ့အခါမှာ စိတ်ဝင်စားမှုများသွားလို့ မေးခွန်းတွေလည်းအများကြီးမေးကြပါတယ်။ ရာသီမမှန်တာရဲ့အကြောင်းကိုလည်း ကျွန်တောတို့ပြည့်ပြည့်စုံစုံဖော်ပြပေးပြီးဖြစ်လို့ မဖတ်ရသေးတဲ့သူတွေကလည်း website ကနေသွားရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

ပထမဆုံးပြောပြချင်တာက ရာသီမမှန်တိုင်း စိတ်ပူရလားဆိုရင်တော့ မပူရပါဘူးခင်ဗျာ။ တစ်ချို့က နှစ်လလောက်နေမှလာတယ်။ တစ်ချို့က သုံးလလောက်နေမှလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်နိုင်တယ်။ ဒါကိုတွေးပြီးစိတ်ပူမနေဖို့အဓိကပြောချင်ပါတယ်။ စိတ်ပူလေ ရာသီမမှန်လေဖြစ်တတ်ပါတယ်။

နောက်တစ်ခု ရာသီလာတာ နည်းနေလို့ ဘာလုပ်ရမလဲဆိုတာ

မြန်မာတွေက အယူအဆတစ်ခုရှိပါတယ်။ ရာသီနည်းနေရင်အပုတ်တွေကျန်နေမယ် နေမကောင်းဖြစ်မယ်ဆိုတဲ့ကိစ္စ၊ ဒါမဟုတ်ပါဘူး။ ရာသီသွေးဆင်းတယ်ဆိုတာ မျိုးအောင်ခွင့်မရလိုက်တဲ့ သားဥလေးနဲ့အတူ သားအိမ်နံရံလေးတွေက လစဥ် လတိုင်း ကွာကျပြီးဆင်းတာပါ။ သူရှိသလောက်ပဲဆင်းမှာပါ။ မရှိရင်မဆင်းပါဘူး ဒါကို သွေးဆင်းအောင် လာတာများအောင်ဆိုပြီးဆေးတွေလျှောက်သောက်စရာမလိုပါဘူး။

နောက်ပြီးရာသီသွေးဆင်းတာနည်းရင် ငုတ်နေတယ်၊ ဝက်ခြံထွက်တယ်၊ အပုတ်တွေအောင်းနေတယ်ဆိုတာ အယူအဆမှားတွေဖြစ်ပါတယ်။ ရာသီသွေးမှန်မှ အသားအရေစိုပြေလှပတယ်ဆိုပြီးတော့လည်း ယူဆနေကြတာတွေရှိပါတယ်။ ဒါဟာ ယေဘူယျအားဖြင့်မမှန်ပါဘူး။

ဆက်လက်ဖတ်ရှုနိုင်ပါသည်။ >>> https://www.oskclinic.com/?p=2492

Photos from OSK - Online Clinic's post 28/07/2022

သိပ်ကိုရက်စက်လွန်းတဲ့ ဆေးတွဲတွေ

ပြည်သူတွေဟာ ကျပ်တည်းလာကြပါတယ် ကျပ်တည်းလာတာနဲ့အတူ အလုပ်ကြမ်းလုပ်ရတဲ့သူတွေဟာ ကိုက်ခဲ ညောင်းညာတဲ့အခါ ဆေးမြီးတိုတွေရှာကြပါတော့တယ်။

ငွေကလည်း တတ်မနို်ငတော့ စျေးသက်သာတဲ့ဆေးတွဲတွေကို ရှာဝယ်ကြပါတော့တယ်။ အောက်ကပုံထဲက ဆေးတတွဲကိုသောက်ကြည့်လိုက်ပါ။ ညောင်းညာကိုက်ခဲနေတာတွေက ငါးမိနစ်အတွင်း ယူပစ်သလိုပျောက်သွားပါလိမ့်မယ်.... (တကယ် ငါးမိနစ်အတွင်းပါ။) နောက်ပြီး စားဝင်မယ်အိပ်ပျော်မယ် လူကလန်းဆန်းနေမယ် အလုပ်ပိုလုပ်နိုင်မယ်။

ဒါပေမယ့်

ရေတိုအကျိုးသက်ရောက်မှုအနေနဲံ

၁. မျက်နှာအမ်းတန်းတန်းဖြစ်မယ်။
၂. ခေါင်းထိုးမယ်
၃. တစ်ချို့ ဗိုက်အောင့်မယ်

ရေရှည်အကျိုးသက်ရောက်မှုအနေနဲ့

၁. ဗိုက်နာ ကြာရှည်ရာကနေ အစာအိပ်သေွးကြောပေါက် သွေးအန်မယ်။ ၂. ဆီးချို သွေးတိုးဝင်လာမယ်
၃. အရိုးပွမယ်
၄. လူဝလာမယ်
၅, ဆေးမသောက်ရရင် လူမလန်းဘူး သွေးပေါင်ကျလာမယ်။
၆. ကျောက်ကပ်ပျက်စီးမယ်
၇ အသည်းထိမယ်

ဘာလို့လဲ ဆိုတော့ ဒီဆေးထုတ်ထဲမှာ ဒီလိုဆိုးကျိုးမျိုးကိုဖြစ်စေနိုင်တဲ့

၁. Steroid လို့ခေါ်တဲ့ အရောင်ကျဆေး (ဆရာဝန်‌တောင် အရမ်းမပေးရတဲ့ဆေး) နဲ့
၂. အကိုက်အခဲပျောက်ဆေး သုံးလေးမျိုးကိုရောထည့်ထားလို့ပဲဖြစ်ပါတယ်။

ဒါ ကိုယ့်ပိုက်ဆံ ကိုယ်အကုန်ခံပြီး သတ်သေနေကြတာပါ။ ခဏတာသက်သာမှုကိုကြည့်ပြီး ရေရှည်မှာ ကုသရခက်တဲ့ ကုလို့မရနိုင်တဲ့ ရောဂါပေါင်းစုံစွဲကပ်လာနိုင်မယ့် ဒီလိုဆေးမျိုးကိုရှောင်ရှားနိုင်ကြပါစေလို့ မေတ္တာဖြင့်အကြံပြုအပ်ပါတယ်။

(တချို့သော မြန်မာဆေးမှုန့်များဟာလည်း အထက်ပါ ဆေးများကို ထောင်းထည့်ထားတာမျိုးရှိတတ်လို့ သတိနဲ့ယှဥ်သောက်သုံးစေလိုပါတယ်။)

ကျွန်တော်တို့ OSK online clinic တွင်လည်း အထွေထွေရောဂါအထူးကုသမားတော် အထွေထွေရောဂါကုဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးနိုင်ပြီဖြစ်ပါကြောင်အသိပေးအပ်ပါတယ်။

Dr. Kaung

OSK - Online Clinic

ဖုန်း၊ ကွန်ပြူတာအသုံးများလို့ မျက်ရိုးကိုက်ရင် ဘာလုပ်သင့်လဲ / (Computer Vision Syndrome) 14/07/2022

ဖုန်း၊ ကွန်ပြူတာအသုံးများလို့ မျက်ရိုးကိုက်ရင် ဘာလုပ်သင့်လဲ / (Computer Vision Syndrome)

ဖုန်း၊ ကွန်ပြူတာအသုံးများလို့ မျက်ရိုးကိုက်ရင် ဘာလုပ်သင့်လဲ / (Computer Vision Syndrome)

03/07/2022

ကလေးတွေဆိုတာ ကာကွယ်ဆေးကလွဲပြီး ဆေးထိုးဖို့မလိုတတ်တဲ့အမျိုးတွေပါ။

ဆေးခန်းသွားလို့ ဆရာ အဖျားမကျလို့ ကလေးကို ဆေးထိုးပေးပါဆိုတဲ့သူတွေကလည်း ကိုယ့်ကလေးကို ကိုယ်သတ်နေသလို

လိုလိုမလိုလို ဆေးထိုးပေးနေတဲ့ဆရာဝန်တွေကလည်း ရမ်းကုထက် မသာနေပါဘူး (ရမ်းကုထက်တောင်နိမ့်ကျပါတယ်)

14/05/2022

အခုတလော လမ်းတိုင်းနီးပါး လက်ညှိုးထိုးမလွဲ ဆေးခန်းလေးတွေပေါ်လာတာ သတိထားမိတယ်…။
ဆေးခန်းလေးတွေကြည့်လိုက်ရင် ဘယ်လိုမှ စံမမီတဲ့အပြင်အဆင်(ကျွန်တော်ဆိုလိုတာ သပ်ခါရပ်ခါ လေး ကြည့်ပျော်ရှုပျော်လေး ကိုဆိုလိုတာပါ…ဟီးဟီးထနေအောင်လုပ်ထားတာကိုမဆိုလိုပါ)
ဆေးခန်းက ကန်တော့ပါရဲ့ဗျာ အိမ်သာ သာသာလောက်အခန်းကျဉ်းလေး….လူနာစမ်းသပ်ဖို့နေရာ…လက်ဆေးရန်နေရာ စသည်တို့တောင် ပါမည်မထင်လောက်အောင် ဖြစ်ကတတ်ဆန်းတွေနဲ့ဖွင့်လာကြတာ….service တွေကိုလဲ vinyl အကြီးတွေနဲ့ အပေါက်ကျဉ်းကျဉ်း ဆေးခန်း ဝ ပိတ်သည်အထိ ကြေငြာထားကြတာ…နားဖောက်သည်…သွေးစစ်သည်…အိမ်တိုင်ယာရောက် လိုက်ကုသပေးသည်…စသည်ဖြင့်…ဆရာဝန်လို့သာဆိုတယ်…ဒီရုပ်ဒီရည်နဲ့ ဒီအပြင်အဆင် ဒီ confident level တွေက ဘယ်လိုမှ ဆရာဝန်လို့ သတ်မှတ်လို့မရ..(ကျွန်တော် body shaming လုပ်ခြင်းမဟုတ်ပါဘူး…နားလည်ပေးပါခင်ဗျာ)…နောက်တစ်ခုက ဆေးခန်းလို့သတ်မှတ်လို့မရအောင် ကျဉ်းလှ ဖြစ်ကတတ်ဆန်းနိုင်လှတဲ့နေရာမှာ ဆေးဆိုင်လေးပါ တွဲလျက်ဖွင့်လာကြတာပဲ….။တင်ထားတဲ့ဆေးတွေကြည့်ဦးမလား… ကွမ်းယာဆိုင်မှာတောင်ရတဲ့ အပေါစား အင်္ဂလိပ်ဆေးအချို့နဲ့ FDA approved မရှိတဲ့ တိုင်းရင်းဆေး ကခပ်များများ…တကယ်ဆို ကိုယ်ကဆေးခန်းပါတွဲဖွင့်ထားတာပဲဗျာ…ကိုယ့်ဆေးခန်းမှာအသုံးများတဲ့ ဆေးကို အဓိကထားပြီးတင်တဲ့အပြင် အခြား လူသုံးများတဲ့ OTC drug တွေတင်ထားမှာပေါ့….။

ငစစ်နဲ့ငဗစ်(အထူးသဖြင့် third wave)ဖြစ်ပြီးနောက်ပိုင်းမှာ ကျန်းမာရေးဖက်က ဘယ်လောက်အကျိုးအမြတ်ရတယ်ဆိုတာ လူတိုင်းသိပါတယ်…။ဆေးကုသပေးနေတဲ့ ဆရာဝန်တွေတောင် ဘယ်လောက်အကျိုးအမြတ်ရသွားလဲဆိုတာ ရပ်ကွက်ထဲမယ် ဟိုးလေးတကျော်ကျော်ဖြစ်လို့…။ (C နေတဲ့သူတွေ…FOC လုပ်ပေးတဲ့သူတွေ….ethic လိုက်နာတဲ့သူတွေကို မဆိုလို သလို အသက်နဲ့ရင်းပြီး လူနာကြည့်ပေးရတာပဲ…ဒီလောက်တော့ ယူရမှာပေါ့ဆိုတဲ့သူတွေကိုလဲ ကျွန်တော်ဘာမှ မပြောလိုပါ..ကိုယ့်ခံယူချက်နဲ့ကိုယ်ဆိုတော့လေ)။ third wave မှာ medical related persons လိုအပ်ချက်ဘယ်လောက်များလဲဆိုတာ သိကြတော့ ဆေးဝါးအကူသင်တန်းတွေ(ရှေးမဆွကတည်းက စည်းလွတ်ဝါးလွတ်ဖွင့်နေကြတာပါ)..သူနာပြုအကူသင်တန်းတွေ မှိုလိုပေါက်သထက်ပေါက်လာကြပါတယ်…သူ့ထက်ငါအပြိုင်အဆိုင်သင်တန်းတွေဖွင့်လာကြတယ်…။ အဲဒီအကျိုးဆက်ရဲ့ကောင်းကျိုးက ဆေးရုံဆေးခန်းတွေမှာ လိုအပ်တဲ့ အခြေခံ လူ့စွမ်းအား အရင်းအမြစ်တခုကို စံမမီသော်လဲ အထိုက်အလျောက်ဖြည့်စီးပေးနိုင်တယ်ပေါ့….။ ဆိုးကျိုးကတော့ အပ်ပုန်း ရမ်းကု မွေးထုတ်ပေးရေးက အရှိန်အဟုန်နဲ့ကြီးထွားလာတယ်ပေါ့…။ဝေးလံခေါင်သီတဲ့ ကျေးလက်တောရွာမပြောနဲ့ မြို့ကြီးပြကြီး ရန်ကုန်မြို့ပေါ် ဆင်ခြေဖုန်းရပ်ကွက်တွေမှာတောင် ထိန်းမနိုင်သိမ်းမရအထိတောင်ဖြစ်လာနေပြီ…။ ခေတ်ကပျက် တာဝန်ယူဖြေရှင်းရမယ့် အဖွဲ့အစည်းတွေကလဲ ငွေယူခွင့်ပြုရုံကလွဲလို့ ဘာမှ မလုပ်…သိသော်လဲတိုင်းကြားပေးမည့် သူတွေအတွက် ရန်ပြန်ရှာမယ့် အန္တရာယ်ကလဲရှိတော့ မတိုင်ရဲကြ…တိုင်ဖို့ကြိုးစားသည့်တိုင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကလဲ ငွေယူချစားကြတာကလွဲလို့သောက်ဖြစ်မရှိ..အရေးမယူပေးဆိုတော့…ကျန်းမာရေးအသိမရှိကြတဲ့ ကျန်းမာရေးအသိနည်းပါးလွန်းတဲ့ မိအေးတဖြစ်လဲ ပြည်သူတွေကတော့ အဖန်ဖန်တလဲလဲ နာကြရတော့မှာပေါ့…😔
မြန်မာပြည်မှာ အပေါဆုံးက ကျုပ်တို့ရဲ့ အသက်တွေပဲမဟုတ်လား..။
ဒီအကျိုးဆက်တွေက ဘယ်သူ့ကြောင့်လဲဆိုတာ အားလုံးအသိမို့ မရေးတော့ပါဘူး…။
ခေတ်ပျက်မှာ မလျော်ကန်တဲ့နည်းနဲ့ အသက်မမွေးကြပါနဲ့လို့ပဲ…ဆန္ဒပြုတယ်။

Crd - ဆရာ Soe Moe

ဖျားနေတုန်းရေချိုးလို့ရသလား - Is taking a bath okay during fever? 25/03/2022

ပထမဆုံး လုပ်ဖြစ်တဲ့ Youtube Vide လေး

channel လေးကတော့ အခုလောလောဆယ် ရောသမမွှေဖြစ်နေတာတော့ သည်းခံပေးပါခင်ဗျာ

သဘောကျရင် subscribe နဲ့ Like and share လေး ကူခဲ့ပါဦးခင်ဗျာ

ဖျားနေတုန်းရေချိုးလို့ရသလား - Is taking a bath okay during fever? တော်တော်များများ မှတ်ယူထားတဲ့ ရေချိုးခြင်းနှင့်ဖျားခြင်း နဲ့ ပါတ်သက်ပြီးထင်မြင်နေတာတွေကို နည်းနည်းလေးပြ....

Photos from OSK - Online Clinic's post 24/03/2022

သိပ်ကိုဆိုးလွန်းတဲ့ များများသောက် မြန်မြန်လူ့လောကက ထွက်ခွာရမယ့် ရသေ့ဆေး

ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးလို့ မြန်မာပြည်သားတွေ သိကြတဲ့ ထိုင်းနိုင်ငံကသွင်းတဲ့ တိုင်းရင်းဆေး ထုတ်လုပ်တဲ့နေရာကို ထိုင်းရဲတပ်ဖွဲ့ဝင်များနဲ့ FDA မှ တာဝန်ရှိသူများဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဆေးရပုလင်းတစ်ပုလင်းမှာ စတီးရွိုက်ဆေးပြား အပြား၇၀ နဲ့ အကိုက်အခဲပျောက်ဆေးပြား အပြား ၃၀ ထိ ထည့်သွင်းထားတာတွေ့ရပါတယ် ။ အဲဒီဆေးဟာ မြန်မာနိုင်ငံမှာလဲ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချ သုံးစွဲနေကြပြီး ရောဂါသက်သာမှုလျှင်မြန်တာကြောင့် ဒူးနာ ခါးနာ အရိုးအကြော သမားတွေအပြင် ရောဂါ အမျိုးမျိုးအတွက် အသုံးပြုနိုင်တယ်လို့ ကြော်ညာရောင်းချနေတာကြောင့် ရေပန်းစားနေပါတယ် ။ ဆေးပုလင်းမှာ ပမာဏများပြားစွာပါဝင်တဲ့ ဆေးပြားတွေကြောင့် သောက်သုံးပြီးအစမှာရောဂါသက်သာသလိုရှိပေမဲ့ နောက်ပိုင်းမှာ ကျာက်ကပ်ကိုဆိုးရွားစွာ ထိခိုက်ပျက်ဆီးစေနိုင်ပြီး အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ် ။ ကျေးဇူးပြုပြီးတော့ မိမိတို့ရဲ့မိဘဆွေမျိုးတွေ နဲ့ မိတ်ဆွေတွေ ဒီဆေးသုံးစွဲနေတာတွေ့ရင် ဒီသတင်းလေးပြောပြပေးကြပါ။

Thai FDA page မှကူးယူဖော်ပြပါသည်
မူရင်းလင့်
https://www.facebook.com/100067846073593/posts/295596919378508/?d=n

Can You Drink Rainwater, and Should You? - OSK Clinic 24/03/2022

Can You Drink Rain Water and should You?

An article by me...

I'm sorry that burmese language is still not available because I don't know whether Google adsense allows me to post Burmese articles or not.

Can You Drink Rainwater, and Should You? - OSK Clinic Water is an essential component of nearly all forms of life. In fact, water comprises approximately 60% of the human body.

Tuberculosis - OSK Clinic 22/03/2022

TB အကြောင်း

Tuberculosis - OSK Clinic Tuberculosis (TB) is a potentially serious infectious disease that mainly affects the lungs. The bacteria that cause tuberculosis are spread from person to person through tiny droplets released into the air via coughs and sneezes.

Antibiotics: Are you misusing them? - OSK Clinic 21/03/2022

Antibiotics: Are you misusing them? - OSK Clinic (bacterial infections). Antibiotics can prevent the spread of disease. And antibiotics can reduce serious disease complications.

Abdominal Pain – OSK Clinic 20/03/2022

Abdominal Pain by OSK - Online Clinic

Abdominal Pain – OSK Clinic Abdomen Abdominal Problems Abdominal Problesm Symptoms  Abdominal Pain September 6, 2021March 20, 2022 KaungYeLin 156 Views 0 Comments abdominal pain, symptoms Definition Everyone experiences abdominal pain from time to time. Other terms used to describe abdominal pain are stomachache, tummy ach...

တုတ်ကွေးရောဂါကိုခံနိင်ရည်ရှိစေနိုင်သော ကိုယ်ခံစွမ်းအားကိုမြှင့်တင်‌ပေးနိုင်သော နည်းလ 17/03/2022

ကိုယ်ခံစွမ်းအားမြှင့်တင်နိုင်သော နည်းလမ်း (၉) သွယ်

တုတ်ကွေးရောဂါကိုခံနိင်ရည်ရှိစေနိုင်သော ကိုယ်ခံစွမ်းအားကိုမြှင့်တင်‌ပေးနိုင်သော နည်းလ common cold flu Generl Health Knowledge  တုတ်ကွေးရောဂါကိုခံနိင်ရည်ရှိစေနိုင်သော ကိုယ်ခံစွမ်းအားကိုမြှင့်တင်‌ပေးနိုင်သော နည်းလမ်.....

High blood pressure (hypertension) - OSK Clinic 16/03/2022

သွေးတိုးအကြောင်း

High blood pressure (hypertension) - OSK Clinic Overview High blood pressure (hypertension) is a common condition in which the long-term force of

ရာသီမမှန်ခြင်း (သို့) မလာခြင်း – ColorMag Health Blog 16/03/2022

ရာသီမမှန်ခြင်း (သို့) မလာခြင်း – ColorMag Health Blog Menstruation Women's Health  ရာသီမမှန်ခြင်း (သို့) မလာခြင်း March 10, 2022March 12, 2022 KaungYeLin 18 Views 0 Comments menstrauation ရာသီမမှန်ခြင်းဟုဆိုရာမှာ တလမှစ (သို့) လပ.....

High blood pressure (hypertension) – OSK Clinic 16/03/2022

High Blood Pressure (Hypertension)

everything you need to know about Hypertension

Read more at https://www.oskclinic.com/?p=1546

High blood pressure (hypertension) – OSK Clinic Uncategorized  High blood pressure (hypertension) March 14, 2022March 16, 2022 KaungYeLin 8 Views 0 Comments Overview High blood pressure (hypertension) is a common condition in which the long-term force of the blood against your artery walls is high enough that it may eventually cause health probl...

10/03/2022

ရာသီမမှန်ခြင်း (သို့) မလာခြင်း

ရာသီမမှန်ခြင်းဟုဆိုရာမှာ တလမှစ (သို့) လပေါင်းများစွာ ရာသီမလာခြခြင်းကိုဆိုလိုပါသည်။
ရာသီမလာခြင်းမှာ Primary နှင့် Secondary ဆိုပြိးအမျိုးအစားနှစ်မျိုးအဖြစ်သတ်မှတ်လေ့ရှိကြပါသည်.

Primary ‌amenorrhoea ဆိုသည်မှာ ငယ်စဥ်အပျိုဖော်ဝင်ကတည်းက လုံးဝမလာခြင်းမျိုးကို ဆိုလိုပြီး
Secondary ကတော့ အရင်ရာသီလာနေကျအမျိုးသမီးမှ သုံးလ (သို့) သုံးလထက်ပိုပြိးရာသီမလာခြင်းမျိုးကိုဆိုလိုပါသည်။

👉👉ဘာလက္ခဏာတွေကြုံတတ်သလဲ။

ရင်သားမှနို့ရည် (သို့) အရည်ကြည်ထွက်လာခြင်း
ဆံပင်ကျွတ်ခြင်း
ခေါင်းကိုက်ခြင်း
မျက်နှာအမွှေးထူလာခြင်း
အမြင်အာရုံပြောင်းလဲခြင်း
ဝက်ခြံထွက်ခြင်း စသည်တို့နှင့်တွဲလျက်ကြုံရနိုင်ပါသည်။

👉👉ဘာကြောင့်ရာသီမမှန်တာလဲ

များသောအားဖြင့် သဘာဝအတိုင်းကြောင့်ဖြစ်တတ်ပါသည်။ ဆေးကြောင်း (သို့မဟုတ်) ရောဂါတစ်ခုခုကြောင့်လည်း ရာသီမမှန်ဖြစ်တတ်ပါသည်။

(၁)သဘာဝအလျှောက်ရာသီမမှန်ခြင်း

ကိုယ်ဝန်ရသွားခြင်း
ကလေးနို့တိုက်ခြင်း
သွေးဆုံးခြင်း စသည်တို့ဖြစ်ပြီး ........

ဆက်လက်ဖတ်ရှုပါရန် >>> https://www.oskclinic.com/?p=1528

Videos (show all)

ကျန်းမာရေးဆောင်းပါးများ ဖတ်ချင်ပါသလား👉👉 www.oskclinic.comဆေးခန်းပြဆရာဝန်နဲ့ ဆွေးနွေးချငိပါသလား👉👉 Page message box

Opening Hours

Monday 07:00 - 22:30