Computer World Myanmar
We share knowledge.
Laptop သေးသေးကျစ်ကျစ်နဲ့ PREMIUM ဆန်ဆန်ကိုင်ချင်တဲ့သူများအတွက် laptop တန်တန်လေးတစ်လုံးရောင်းချင်ပါတယ်။
****အသစ်စျေး 13 သိန်းဝန်းကျင်ရှိတာကို 850000 နဲ့ 99% အသစ်အတိုင်းသန့်လေးတစ်လုံးဗူးပစ္စည်းအစုံနဲ့ရပါမယ်။****
Specification
model - Lenovo Thinkbook 14 G2
cpu - i3 11th gen (i3 1115g4)
ram - 8Gb (DDR4) + 1 Slot free
display - 15.6" FHD IPS Display
gpu - intel iris xe graphic 4Gb
storage - NVME Samsung 256Gg
price - 850.000 mmk
location - mandalay (09 260 121 911)
‼️Admin တို့နေတဲ့မြို့က အရင်အပတ် Sunday ကတည်းက အင်တာနက်ကော Phလိုင်းကောဖျက်ခံထားရလို့ပါရှင့်။
🍁စာလေးတွေတင်ဖို့ အခက်အခဲရှိနေလို့ပါရှင့်။
🍁အခြေအနေတွေကြောင့် နားလည်ပေးကြပါနော်🥺။
🍁လိုင်းပြန်ရရင်သေချာလေးပြန်runပေးပါမယ်နော်။
Adminဒီနေ့နေသိပ်မကောင်းလို့
ဒီနေ့တစ်ရက်နားပါမယ်ဗျ🍁
နိုင်ငံရေးအခြေအနေကြောင့် အရေးကြီးသတင်းတွေဖုံးမှာစိုးလို့ နှစ်ပတ်လောက် တင်တာရပ်ထားပါမယ်။
အားလုံး ကျန်းမာ ဘေးကင်းကြပါစေ။❤
အားလုံးဘဲ မင်္ဂလာပါခင်ဗျာ🙋။
💥Internet ဖျက်မယ် မဖျက်ဘူး သတင်းတွေအခုတလော မြင်မိနေလို့🥺တစ်ကယ်လို့ Internet ဖျက်ရင် မပျင်းရအောင် ဖုန်းနဲ့လည်း ဆော့လို့ရတဲ့ storyline အမိုက်စား graphic အမိုက်စားနဲ့ game နှစ်ခုပြောပြပါ့မယ်။ဆော့ဖူးပီးသားသူတွေကလည်း ထပ်ပီးဆော့ကြပေါ့။
1️⃣. Batman The Dark Knight Rises
✅ဒီ game ကတော့ Batman mobile game တွေထဲမှာ graphic အကောင်းဆုံးဖြစ်ပါတယ်။
✅သူ့မှာ ပေးထားတဲ့ mission တွေလုပ်လိုက်ရပါတယ်။
✅Batman ဆိုတဲ့အတိုင်း အမူတွေကို စုံစမ်းစစ်ဆေးပီး ကိုယ်တိုင် စုံထောက်နေရာက ဝင်ခံစားကြည့်နိုင်ပါတယ်။
✅Batmobile နဲ့ Batwing တွေလည်း စီးလို့ရပီး Free mission တွေလည်း အများကြီးရှိပါတယ်။
download link နဲ့ install လုပ်နည်းကို ဒီမှာရေးထားပါတယ်။
https://drive.google.com/file/d/1Yg69GOWFREvZu1rWg0e7VHua_YkJMi9K/view?usp=sharing
2️⃣. GTA san andreas
➡️ဒီ game ကတော့ ဟိုးအရင် p2 တွေ ခေတ်စားတုန်းက ဆော့ခဲ့ရတဲ့ ကားသူခိုး game ဖြစ်ပါတယ်။
➡️GTA အကြောင်းအများကြီးပြောဖို့လိုမယ်မထင်ပါဘူး။
download link နဲ့ install လုပ်နည်းကို ဒီမှာရေးထားပါတယ်။
https://drive.google.com/file/d/17zdqvWM3ibWKvTl56TA3-3m0579DqGI9/view?usp=sharing
💥Graphic card ကို ဘယ်လိုရွေးမလဲ??(Part-2)
အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။🙋
မနေ့က တင်ထားတဲ့ Graphic card ကို ဘယ်လိုရွေးမလဲရဲ့ အဆက်ဖြစ်ပါတယ်။
📌တကယ်လို့သင်က intregrated graphic နဲ့မလုံလောက်ဘူးဆိုရင် Graphic card ကောင်းကောင်းတစ်ခုရွေးချယ်ဖို့လိုလာပါပီ။
💠Graphic card ကောင်းတာသိဖို့လွယ်ပါတယ်
နောက်ဆုံးပေါ် processer နဲ့ အများကြီးပါတဲ့ memory ဆိုရင် ကောင်းပါတယ်။😁
💠Normal usage တွေမှာတော့ graphic card အကောင်းဆုံးကြီးတွေမလိုပါဘူး intregrated graphic နဲ့ တင်လုံလောက်ပါတယ်။
💠Graphic card လိုပြီဆိုမှတော့ သာမာန်သုံး တာတင်မကတော့ပဲ Video gaming တွေ High resolution video editing တွေ တွေ mining လုပ်တာတွေနဲ့ တခြား graphic အသုံးများတဲ့ software တွေ အသုံးပြုမယ်ထင်ပါတယ်။
💠Video Gamer တွေအတွက်တော့ graphic card က cpu ထက်ပိုအရေးကြီးပါတယ်။
💠Graphic card ရွေးမယ်ဆိုရင် ဘယ်လို monitor မျိုး သုံးမလဲ၊ pc casing ရဲ့ size အရွယ်အစား၊ ဘယ်ဂိမ်းကို ဘယ်setting မှာဆော့မှာလဲ အရင်စဥ်းစားရပါမယ်။
📌ဘယ်လို monitor မျိုး သုံးမလဲ?
💠Monitor က 60 Hz refresh rate ပဲရမယ်ဆိုလို့ရှိရင် graphic card ကအရမ်းကောင်းနေရင်အပိုဖြစ်နေမှာပါ။
💠pc casing ရဲ့ size အရွယ်အစား?
တစ်ချို့ graphic card အရွယ်အစားက casing ထက်ကြီးနေလို့ တပ်မရ ပဲဖြစ်နေတက်ပါတယ်။
💠ဘယ်ဂိမ်းကို ဘယ်setting မှာဆော့မှာလဲ?
Call of duty Warzone ကို 1080 p မှာ 60 fps လောက်ရချင်တာလား စဥ်းစားထားရမှာပါ။
✅✅ကိုယ့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမယ့် graphic card အမျိုးအစားကို ရွေးချယ်ခြင်းအားဖြင့် သင်သုံးလိုက်မယ့် ငွေပမာဏ ကိုက်ညီတဲ့ စွမ်းဆောင်ရည်ကို ရရှိမှာဖြစ်ပါတယ်။💯💯
💥 Graphic card ကို ဘယ်လိုရွေးမလဲ?? (Part - 1)
အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။🙋
Graphic cardမရွေးခင် Graphic cardအကြောင်းလေး အရင်စပြောပါ့မယ်။
💥Graphic card ဆိုတာဘာလဲ?
📌Graphic Card ဆိုတာ လွယ်လွယ်ပြောရရင်
Monitor ပေါ်မှာပြမဲ့ ရုပ်ပုံတွေ ၊ video တွေကို ပိုမြန်မြန် ဖန်တီးနိုင်၊ပြသပေးနိုင်တဲ့ circuit board တစ်ခုပါ။
🔹 MOTHERBOARD တွေမှာလိုပဲ GRAPHIC CARD တွေမှာလည်း BIOS ရှိပါတယ်။
🔹CPU (central processing unit) က data ကို Monitor ပေါ်မှာ မြင်ရအောင်လုပ်ပေးတဲ့အရာပါ။
🔹ကျွန်တော်တို့ Monitor ပေါ်မှာ မြင်ရတဲ့ရုပ်ပုံတွေက Pixels လို့ခေါ်တဲ့အလွန်သေးငယ်တဲ့ အစက်လေးတွေပါ။
🔹ပုံတစ်ခုရဖို့ အဲ့ဒီ pixels တစ်ခုချင်းစီကို ဘာလုပ်ရမယ်ဆိုတာကို cpu ကဆုံးဖြတ်ပေးပါတယ်။
🔹CPU ကလာတဲ့ binary data တွေကို ရုပ်ပုံပြောင်းအောင်လုပ်ဖို့ GPU ( Graphic Processing Unit) ကနေတဆင့် Monitor ပေါ်မှာမြင်ရအောင်လုပ်ပေးတာပါ။
📌အဲ့တာဆို GPU ဆိုတာဘာလဲ မေးလာရပါပြီ။
✅GPU ( Graphic Processing Unit) ဆိုတာကတော့ CPU အတိုင်းပါပဲ။
🔹ဒါပေမဲ့ GPU က Monitor ပေါ်မှာ လိုအပ်တဲ့ ပုံရိပ်တွေပေါ်အောင် ရှုပ်ထွေးတဲ့ ဂျီသြမေတြီ နဲ့
သင်္ချာဆိုင်ရာ တွက်ချက်မှုတွေအတွက်အထူး ဒီဇိုင်းဆွဲထားတာပါ။
🔹ပိုကောင်းတဲ့ GPU တွေက သာမန် CPU တွေထက်ကို transistor တွေပိုများများပါပါတယ်။
🔹GPUတွေက အပူထုတ်လွှတ်မှုများတဲ့ အတွက် heatsink တွေ ပန်ကာတွေတပ်ထားပေးရပါတယ်။
🔹CPU ကနေ လာတဲ့ binary data တွေကို GPU က frame တစ်ခုဆောက်ပြီး texture တွေ lighting တွေ color တွေထည့်ပေးလိုက်ပါတယ်။
🔹တစ်စက္ကန့်ကို frame အကြိမ်အရေပေါင်း 30-144 FPS (frames per second) လောက် graphic card ကထုတ်ပေးပါတယ်။
🔹Frame အရေအတွက်များလေ ကြည့်ရတာ ပို ချောမွေ့လေပါ။
📌အဲ့မှာ video memory (VRAM) လာပါပြီ။
✅GPU ကလာတဲ့ သတင်းအချက်အလတ်တွေကို
Monitor ပေါ်မပြခင် ယာယီသိမ်းထားပေးတဲ့နေရာပါ။
🔹Memory ဆိုတဲ့အတိုင်းများလေကောင်းလေ ဆိုပေမဲ့ GPU Model နဲ့လည်းဆိုင်ပါသေးတယ်။
(Eg- GTX 960 4GB Vs GTX 1060 3GB ဆို GTX 1060 3GB ကပိုကောင်းပါတယ်။)
🔹Entry-level Laptop နဲ့ deskstop တွေမှာတော့
GPU က CPU နဲ့တွဲပြီး ပါတက်ပါတယ်။
✅Intregrated Graphic လို့ ခေါ်ပါတယ်။
🔹ချွင်းချက်အနေနဲ့ တစ်ချို့ Ryzen CPU တွေမှာ intregrated graphic မပါပါဘူး။
📌Gaming laptop နဲ့ Custom deskstop တွေမှာတော့ intregrated graphics တွေထက် ပိုကောင်းပြီးပိုမြန်တဲ့ dedicated graphics တွေအသုံးပြုကြတာပါ။
အားလုံးအဆင်ပြေကြပါစေဗျာ။
✅How to use softether VPN on window?
အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။🙋
ဒီနေ့ပြောပြမှာ က VPN software ကို computer/Laptop မှာသုံးဖို့အတွက် ပြောပြပေးသွားမှာပါ။
💯Softether VPN ဟာ multi-protocol, open source VPN ဖြစ်ပါတယ်။
💯 Softether VPN ကို free net ရဖို့အတွက်အသုံးပြုလို့ရသလို computer မှာ တစ်ခြား vpn တွေနဲ့မတူဘဲ ping ငြိမ် လိုင်းကောင်းပီး secure ဖြစ်ပါတယ်။
💯online game တွေလည်း ဆော့လို့ရပါတယ်။
💯Softether ဟာ Ethernet software အရှည်ကောက်ဖြစ်ပီး အကောင်းဆုံး quality နဲ့အသုံးပြူရတာ လွယ်ပါတယ်။
💗Requirements
1. Softether account
2. Softether software
💗Steps
1️⃣
🔹 Softether account ဖောက်ဖို့အတွက် vpngame.com ကိုသွားပီး account ဖောက်ရပါမယ်။
သုံးနည်းကို ပုံ အောက်မှာ သေချာ ရှင်းပြထားပါတယ် ဝင်ကြည့်ပေးပါ။
🆙How to install window OS from USB?🔥
🖥️PC တစ်လုံးရှိပီဆိုရင် OS(operating system) တစ်ခုတင်ထားဖို့က မဖြစ်မနေလိုအပ်
တွေများစွာရှိပါတယ်။
🪟Window OS , Ubuntu OS, Kali OS , Mac Os စတဲ့ မျိုးကွဲတွေအများကြီးရှိပါတယ်။
🪟အခုတော့ window OS ကို USB ကနေဘယ်လိုတင်ရမလဲဆိုတဲ့ step တွေကိုပြောသွားမှာပါ။
✅Requirements
1️⃣ USB device တစ်ခု (at least 8gb)
2️⃣ window OS ISO file (around 4gb)
https://www.microsoft.com/en-au/software-download/windows10ISO
3️⃣ rufus software (bootable USB လုပ်ဖို့)
https://github.com/pbatard/rufus/releases/download/v3.15/rufus-3.15.exe
လုပ်ကြည့်ရင် အဆင်ပြေအောင် linkလေးပါတစ်ခါတည်းထည့်ပေးထားပါတယ်💕
🔜လုပ်ဆောင်ရမယ့် steps တွေကိုတော့ အောက်မှာပုံနဲ့ ရှင်းပြထားပေးပါတယ်ဗျ🔜⤵️
How to choose CPU for BUDGET PC (part-2)?
မင်္ဂလာပါခင်ဗျာ🙋
အရင်တစ်ပတ်ကပြောသွားတဲ့ BUDGET PC အတွက် CPU တစ်လုံး ဘယ်လို ရွေးရမလဲဆိုတာဆက်ပြောသွားမှာပါ။
✅CPU sockets နဲ့ကိုက်မယ့် motherboard ရွေးချယ်မှုကလည်း အရေးပါပါတယ်။
⭐ဒါကြောင့်မို့ seller တော်တော်များများက CPU + motherboard ကိုတွဲလျက်ရောင်းကြတာပါ။
⭐Lga 1200 socket motherboard မှာဆို comet lake CPU တွေပဲသုံးလို့ရမှာပါ။
⭐အခုဆိုရင် Ryzen 5000 series တွေဟာ single core perfomance မှာကော multi core perfomance မှာပါ intel 10 gen တွေကို ကောင်းကောင်းယှဥ်နိုင်ပါတယ်။
⭐အဲ့လိုပါပဲ intel ကလည်း skylake base architecture ကိုဆက်မသုံးတော့ပဲ rocket lake-S ကို ပြောင်းလဲအသုံးပြုတော့မှာပါ။
✅Intel new chips က sigle core perfomance မှာပိုကောင်းလာပြီး PCIe 4.0 ကို support လုပ်ပါမယ်လို့ပြောထားပါတယ်။
⭐RYZEN ကတော့ အစောထဲက သုံးနေတာပါ။
⭐ဘာအတွက်အသုံးပြုမှာလဲ ဆိုတာ သေချာစဥ်းစားဖို့ Budget သမားတွေအတွက်အရေးကြီးပါတယ်။
⭐CPU ကိုယ်သုံးမဲ့ အပေါ်မူတည်ပြီးရွေးရင် ကျန်တဲ့အစိတ်အပိုင်းတွေအတွက်ပိုသုံးနိုင်ပါလိမ့်မယ်။✨
✅Video ကြည့်ရုံ၊ web browsing သုံးရုံ၊ M Office နဲ့ ပေါ့ပေါ့ပါးပါးသုံးရုံပဲဆို 2 cores or 4 cores လောက်ဆိုရပါတယ်။
✅game ဆော့မယ် ရည်ရွယ်မယ်ဆိုရင်တော့ clock speed ပိုများတဲ့ Ryzen 5 or intel core i5 လောက်ဆို အဆင်ပြေပါပြီ။
⭐ကျန်တဲ့ ငွေကို Graphic card ကောင်းကောင်းသုံးနိုင်တာပေါ့။✨
⭐အခုခေတ် game အများစုက 4 cores နဲ့ 3.2 to 4 Ghz ဆိုရင်ကိုလုံလောက်နေပါပြီ။ (generation ကိုလည်း ကြည့်ရပါဦးမယ်။)
⭐video editing၊ streaming တွေ overclocks တွေလုပ်မယ်ဆိုရင်တော့ ryzen 7 နဲ့ i7 (last gen)တွေရှိပါမယ်။
⭐3D animation တွေ 4K video editing တွေ ကိုမြန်မြန် ဆန်ဆန်သုံးမယ် budget ဘယ်လောက်ဖြစ်ဖြစ် ဆိုရင်တော့ Intel ရဲ့ I9 11900K တွေ ryzen 9 5900X က သင့်အတွက်ပါ✅
✨အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ✨
How to choose CPU for BUDGET PC ???(part-1)
အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။🙋
✅BUDGET PC တစ်လုံးအတွက် cpu တစ်လုံး ဘယ်လိုရွေးရလဲ ဆိုတာကိုပြောပြပေးသွားမှာပါ။
✅CPU (central processing unit) ဆိုတာကတော့ PC တစ်လုံးရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
✅CPU မှာ အဓိက ကြည့်ရတာ performance အတွက်ဆို IPC(CPU generation) , clock speed , core နဲ့ thread တို့ကို အဓိကထားကြည့်ပါတယ်။
TDP , cache တို့ကိုကလည်း အရေးကြီးပါတယ်။
Clock speed နဲ့ core count များလေလေ
Performance ပိုကောင်းတာတွေ game play တွေမှာပိုအဆင်ပြေတာတွေ video editing လုပ်တာနဲ့ streaming မှာပိုကောင်း တာတွေ နဲ့ intensive tasks တွေမှာပိုမြန်စေမှာပါ။
◾စျေးကြီးလေကောင်းလေဆိုတော့ budget ကိုဂရုမစိုက်တဲ့သူတွေအတွက်အဆင်ပြေပေမဲ့
Low budgets မှာဘယ်လိုရွေးကြမလဲ။❓
▪️ one tasks(single software usage) တော်တော်များများမှာ clock speed များ တာက cores counts များတာထက်ပိုကောင်းပါတယ် ။ (eg.gaming)
▪️Core အရေအတွက်များတာက multitasks တွေမှာအချိန် ပိုမြန်စေမှာပါ။
‼️Part 2 ကို နောက်တစ်ပတ်ကျ ဆက်ရေးပေးသွားမှာပါ။
အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။🙋
ဟိုတစ်ပတ်က ကျန်ခဲ့တဲ့🔥 firewall 🔥 အမျိုးအစားတွေထဲမှာ နောက်ဆုံး နှစ်ခု✌️ကိုပြောပါ့မယ်။
4️⃣ Web application firewalls🔥🔥
◾ဒီ firewall အမျိုးအစားဟာ application level firewall အမျိုးအစားဖြစ်ပါတယ်။
◾ဒီ firewall က web server ရဲ့ရှေ့နားကနေ server ထဲကို ဝင်လာတဲ့ http traffic တွေကို monitor လုပ်ပီး ကာကွယ်ပေးပါတယ်။
◾ဘာတွေကို ကာကွယ်ပေးတာလဲဆိုတော့ SQL injection ,cross-site-scripting, file inclusion and improper system configuration စတဲ့ attack တွေကို ကာကွယ်ပေးပါတယ်။
5️⃣NGFW firewalls🔥🔥
◾NGFW (next generation firewall ) ဟာ အပေါ်က
ကျွန်တော်ဖော်ပြခဲ့တဲ့ firewall🔥 အမျိုးအစားတွေကို
upgrade လုပ်ထားတဲ့ ⬆️
✅secure ပိုဖြစ်ပီး
✅performance ပိုရှိတဲ့ firewall အမျိုးအစားဖြစ်ပါတယ်။
◾NGFW က traditional firewall တွေလိုဘဲ packet တွေကို inspect လုပ်ပီး ကာကွယ်ပေးပါတယ်။
◾ ဘာတွေ ကွာသွားလဲဆိုတော့ ဝင်လာတဲ့ packet တွေကို တိုက်ရိုက်မပို့ပေးဘဲ SSL encryption လုပ်ပီးပို့ပေးလိုက်ပါတယ်။
◾ NGFW firewall ကနေမှ SSL decryption လုပ်ပီး safe ဖြစ်တဲ့ဟာတွေကို server ကိုသွားခွင့်ပေးပီး➡️ unsafe ဖြစ်တဲ့ packet တွေကို block လိုက်ပါတယ်။❎
🔥ဒါမျိုးကို traditional firewall တွေမှာ လုပ်ဆောင်လို့မရပါဘူး။🔥
အားလုံးပဲမင်္ဂလာပါခင်ဗျာ။🙋
🌟ဒီနေ့ ပြောပြမှာကတော့ computerနဲ့သက်ဆိုင်တဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်🌟
🔥What is RAM?
❇️ RAM-Random Access Memory ဟာcomputer မှာအရေးပါတဲ့ သတင်းအချက်အလက် တွေကိုယာယီ သိုလှောင်သိမ်းဆည်းပေးတဲ့ ပစ္စည်းတစ်ခုပါ။
✅သီအိုရီတွေအရတော့ RAM ပမာဏများတာက စွမ်းဆောင်ရည်ပိုကောင်းမယ်လို့မှတ်လို့ရပါတယ်။
ဘယ်လောက်လိုတယ်ဆိုတာကတော့ computer နဲ့ ဘာလုပ်မယ် ဘာ software သုံးမယ် ဆိုတဲ့အပေါ်မူတည်ပါတယ်။
®️တကယ်လို့ win 10 မှာ Web browsing လောက် MS office လောက်ပဲသုံးမယ်ဆိုရင် အနည်းဆုံး 4GB လောက်ဆိုလုံလောက်ပေမဲ့ Chrome လိုမျိုး RAM စားတဲ့ software တွေဆို 8GB လောက်မှအဆင်ပြေပါမယ်။
®️ဒီနေ့ခေတ်မှာတော့ 4 GB RAM ကအတော်လေးရှားပါလိမ့်မယ်။
®️Photoshop ၊ Video editing တွေ Gaming တွေမှာ အနည်းဆုံး 8GB လောက်လိုပေမဲ့ 16GB နဲ့ အထက်ဆိုပိုကောင်းပါတယ်။
⬛RAM ရဲ့ စွမ်းဆောင်ရည်ကို သက်ရောက်တာက ဘယ်လောက်ပမာဏရှိလဲ ဆိုတာတင်မကပါဘူး။
⬛RAM ရဲ့မြန်နှုန်း (Frequency-Hz) ကလည်းအရေးကြီးပါတယ်။‼️
⬛RAM ရဲ့မြန်နှုန်းတွေကိုတော့ DDR3 (800-2133 MHz) / DDR4 (2133- undefined MHz) စသည်ဖြင့် သတ်မှတ်ကြပါတယ်။
🔥Ram နှစ်ချောင်းမတူပဲအသုံးပြုလို့ရလား?
®️RAM နှစ်ချောင်း Model frequency. နဲ့ size မတူပဲ အသုံးမပြုသင့်ပါဘူး‼️
®️ Manufacturer model frequency storage အတူတူကိုပဲ အသုံးပြုတာက ပြဿနာနည်းစေပါတယ်။
®️ဒါပေမဲ့ သုံးလို့ရလားဆိုရင် ရပါတယ်။
✅ပထမဆုံး RAM နှစ်ချောင်းက votage တူလား အရွယ်အစား တူလားကြည့်ရပါမယ်။
✅RAM နှစ် ချောင်းက Frequency မတူရင် နည်းတဲ့ frequency ကိုပဲအသုံးပြုပါတယ်။
💥Example: 2400MHz နဲ့ 2666 MHz ဆိုရင် 2400MHz ကိုပဲသုံးမှာပါ။
®️ MB တွေ မှာ RAM Slot တွေ အမျိုးမျိုးလာကြပါတယ် 2 4 8 slots
®️ MB မှာ RAM Slot တွေကို channel နှစ်ခု ခွဲထားပါတယ်။
®️ သီအိုရီအရ RAM နှစ်ချောင်းကို သတ်မှတ်ထားတဲ့ Slot မှာစိုက်တာဟာ Dual Channels မှာအလုပ်လုပ်စေပြီး bandwidth နှစ်ဆဖြစ်စေပါတယ်။
®️အဲ့တာကြောင့် 8GB နဲ့ 4GB ကို Dual Channel မှာသုံးမယ်ဆို 4GB စီ Dual Channel ရပြီး ကျန်တဲ့ 4GB က Single Channel ပဲရစေမှာပါ။✌️
‼️ tomorrow 🔥firewall အဆက်လေးတင်ပေးမယ်နော်🔥🔥
✨အားလုံးကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ✨
အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။🙋
ကျွန်တော် မနေ့က firewall အမျိုးအစားနှစ်မျိုးပြောခဲ့ပါတယ်။ ဒီနေ့မှာတော့ firewall ကျန်တဲ့အမျိုးအစားထဲက တစ်မျိုးကို ထပ်ပြောသွားမှာပါ။
3️⃣ NAT firewalls
🔥NAT firewalls နဲ့ နာမည်အရှည်ကတော့ Network address translation firewalls ဖြစ်ပါတယ်။
🔥 ဒီ firewall ဘယ်လိုအလုပ်လုပ်လဲမပြောခင် NAT ဆိုတာဘာလဲအရင်ပြောပါ့မယ်။
🔥NAT ဆိုတာက private network (eg. LAN or WAN ) ထဲမှာရှိတဲ့ device များကို gateway ကနေတစ်ဆင့် ဖြတ်ပီး public ip တစ်ခုထဲဖြစ်အောင် share ပေးပါတယ်။
🔥ရှင်းပြရလွယ်အောင် local router နဲ့ ပြောပါမယ်။ Network အားလုံးရဲ့ဆက်သွယ်တဲ့ သဘောတရားကတော့ အကုန်အတူတူပါဘဲ။
👇ပုံ ကို ကြည့်ပေးပါ။ 👇
⭐အဲ့ဒီပုံမှာ Router NAT device ဆိုတာ wireless router(wifi စက်) ပါ။
⭐အဲ့ router wifi ကိုချိတ်ထားတဲ့ device တွေမှာ ip တစ်ခုချင်းစီရှိပါတယ်။(eg. 192.168.100.3 , 192.168.100.4 , etc....)
⭐အဲ့ ip ကို DHCP ip လို့ခေါ်ပါတယ်။
device တွေအကုန်လုံး router ရဲ့ gateway ကိုရောက်ပါတယ်။
⭐အဲ့ gateway ကနေမှ ip ကို တစ်ခုထဲဖြစ်အောင်လုပ်လိုက်တာပါ။
အဲ့တစ်ခုထဲဖြစ်တဲ့ ip ကနေမှ တစ်ခြား network တွေကိုဆက်သွယ်ပါတယ်။
⭐အဲ့ဒီသဘောအတိုင်းပါဘဲ isp ဆိုတာ ကြားထဲမှာ router တွေအဆင့်အဆင့်ခံပီး public ip ပေးပါတယ်။
⭐ထို ip နဲ့မှ internet ပေါ်က server တွေကို communicate လုပ်ပါတယ်။
✅ထိုအရာအားလုံးကို NAT ကနေလုပ်ဆောင်ပါတယ်။
💥NAT firewalls ရဲ့လုပ်ဆောင်ချက်တွေ က
🧑💻ထို ipတစ်ခုပေးဖို့ ယုံကြည်ရတဲ့ user ဟုတ်မဟုတ်ကို စစ်ပေးပါတယ်။
🧑💻ယုံကြည်ရတဲ့ user ဖြစ်ပီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် public ip တစ်ခုပေးလိုက်ပါတယ်။
🧑💻မညီရင်တော့ ip မပေးဘဲနဲ့ block ထားပါတယ်။
✅အားသာချက်ကတော့ NAT ရဲ့ connection ဟာ ပို secure ဖြစ်ပါတယ်။
❎အားနည်းချက်ကတော့ NAT ဟာ proxy firewall လိုပြုမှုတဲ့အတွက် connection ကြာပါတယ်။
‼️ကျွန်တော်တို့ရဲ့ pageလေးက Fri Sat Sun အဲ့ 3ရက် တွေမှာ ကျန်တဲ့ firewall နှစ်မျိုးအပြင် PC နဲ့ ပတ်သက်တဲ့ knowledge sharingလေးတွေ လုပ်သွားမှာမို့ Fridayမှာ ပြန်တွေ့ကြပါမယ်ခင်ဗျာ။
အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။🙋
ကျွန်တော်အရင်နေ့က ရေးထားတဲ့အဆက် firewall အမျိုးအစားတွေအကြောင်း ဆက်ရေးမှာပါ။
အများဆုံးမြင်တွေ့နေရတဲ့ firewall အမျိုးအစားတွေကတော့ 5️⃣ မျိုး ရှိပါတယ်။
1️⃣ Packet-filtering firewalls
2️⃣ Proxy firewalls
3️⃣ NAT firewalls
4️⃣ Web-application firewalls
5️⃣ Next-gen firewalls
ဒီနေ့မှာတော့ firewall နှစ်မျိုးကိုဘဲ အရင်ပြောပါ့မယ်၊၊✍️
1️⃣. Packet-filtering firewalls
🔥Packet-filtering firewalls က အခြေခံအကျဆုံး firewalls တစ်ခုဖြစ်ပါတယ်။
🔥ဒီ firewall အမျိုးအစားက သူ့နာမည်အတိုင်းဘဲ ဝင်လာတဲ့ packets တွေကို စစ်ဆေးပီး သတ်မှတ်ထားတဲ့ rule နဲ့မကိုက်ညီရင် block ပစ်လိုက်ပါတယ်။
🔥ဒီ firewalls က packets တစ်ခုလုံးကိုမစစ်ဆေးပါဘူး။ packets ရဲ့ header information ကိုဘဲစစ်ဆေးတာပါ။
ဥပမာ - source and destination IP address, port number, protocol, and other surface-level data.👀
✅ကောင်းကျိုးကတော့ ဒီ firewall အမျိုးအစားဟာ မြန်ဆန်ပါတယ်။ system resources တွေသုံးတာနည်းတော့ system ရဲ့ performance က မြန်ပါတယ်။
❎ဆိုးကျိုးကတော့ ဒီ firewall က simple checking လုပ်တာဖြစ်တော့ vulnerability ပိုများပါတယ်။
2️⃣. Proxy firewalls
🔥Proxy firewalls ကို application level firewalls လို့လည်း ခေါ်လို့ရပါတယ်။
🔥ဒီ firewalls က network traffic ကို application layer မှာ filter လုပ်ပါတယ်။ Proxy firewalls ဟာများသောအားဖြင့် cloud server install လုပ်ကြပါတယ်။
🔥client က ပို့လိုက်သော data တွေဟာ destination server ဆီကိုမရောက်ခင် proxy firewall က packets တွေကို စစ်ဆေးပီး rule နဲ့မကိုက်ညီတဲ့ packets တွေကို block လိုက်ပါတယ်၊၊
✅ကောင်းကျိုးကတော့ data တွေကို သေချာစစ်ဆေးတာဖြစ်လို့ ပိုပီး secure ဖြစ်ပါတယ်၊၊
❎ဆိုးကျိုးကတော့ data တွေဟာ cloud server ကနေစစ်ဆေးခံပီးသွားရတာဖြစ်လို့ speed ကျသွားနိုင်ပါတယ်၊၊
နောက်နေ့တွေမှာ ကျန်ရှိတဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးသွားမှာပါဗျ။✌️
✨အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ။
ဒီနေ့မှာတော့ computerနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။💯💯
❄️Air Cooling Vs Liquid Cooling❄️
Pc တစ်လုံးမှာ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ CPU ဟာအပူထုတ်လွှတ်မှု အတော်လေးများတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် CPU အပူလွန်ခြင်းကနေလျှော့ချနိုင်အောင် အအေးခံစနစ်တွေကို အသုံးပြုပြီး အပူလျှော့ချနိုင်အောင်လုပ်ကြတာပါ။
CPU အတွင်းမှာရှိတဲ့ transistors လေးတွေက အသုံးပြုချိန်မှာ အပူတွေကိုထုတ်လွှတ်ပါတယ်။
ဒီထွက်လာတဲ့အပူတွေကို မလျှော့ချနိုင်တဲ့အခါမှာ CPU ကအပူလွန်ကဲလာပြီး စွမ်းဆောင်ရေကျသွားတာတွေ ပျက်စီးတာတွေ ဖြစ်တက်ပါတယ်။
ဒီလိုအပူချိန်များလာတာကို ကာကွယ်ဖို့ CPU အအေးခံ စနစ်တွေကိုအသုံပြုကြပါတယ်။
CPU အအေးခံတဲ့နည်းတွေအများကြီးရှိပေမဲ့ အသုံးအများဆုံးဖြစ်တဲ့ 1️⃣ Air cooling system နဲ့ 2️⃣ Liquid cooling system အကြောင်းနည်းနည်း ပြောကြည့်ပါမယ်။
နှစ်ခုလုံး အသုံးပြုတဲ့နည်းတွေကတော့အတူတူပါပဲ။
✅ CPU ကနေ အပူကိုစုပ်ယူမယ် ပြီးရင် CPU အဝေးကို ဖြန့်ထုတ်ပစ်မယ် ဒါပါပဲ။✅
▶️System တစ်ခုခြင်းစီရဲ့ အသေးစိတ်ကို ပုံအောက်မှာ ရှင်းပြထားပါတယ်ဗျ ⬇️
📲ကျွန်တော်တို့ရဲ့pageလေးကိုလည်း like & followလေးနဲ့ ကူညီပေးပါဦးဗျ ကျေးဇူးပါဗျ
အားလုံးပဲမင်္ဂလာပါခင်ဗျာ။
ကျွန်တော်တို့ page လေး ကို မမိတ်ဆက် ပေးရသေးလို့ပါ ခင်ဗျ။ 🙋
ဘာအကြောင်းအရာတွေ တင်မယ် ဘာတွေ လုပ်ဆောင်သွားမလဲ ဆိုတာလေးကို announcements‼️လေး လုပ်ချင်လို့ပါဗျ။
ကျွန်တော်တို့ရဲ့pageလေးကနေ တင်သွားပေးမှာက
✅ computer နဲ့သက်ဆိုင်တဲ့ hardware နဲ့ software တွေရယ်။
✅ တစ်ခြားmobile နဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေရယ်ကိုsharingလုပ်ပေးသွားမှာပါဗျ။
ကျွန်တော်တို့ရဲ့ pageလေးက တစ်ပတ်ကို 3ရက် runသွားမှာဖြစ်ပြီးတော့ Friday Saturday Sunday နေ့တွေမှာ postလေးတွေ တင်ပေးသွားနိုင်အောင်ကြိုးစားသွားပါမယ်ဗျ။❤️
အားလုံးဘဲ ကျန်းမာချမ်းသာကြပါစေ။✨
ကျွန်တော်အခုတင်မှာက firewall အကြောင်းပါ။🙋
🔥Firewall ကို ဘာလို့သိသင့်လဲဆိုတော့ သင်သုံးနေတဲ့ smartphone ရဲ့ simcard တိုင်းဟာ သက်ဆိုင်ရာ isp(internet service provider) ရဲ့ firewall ကိုဖြတ်ပီး သင်သွားလိုတဲ့ server ဆီကိုရောက်သွားပါတယ်။
✅ထို့ကြောင့် firewall အလုပ်လုပ်ပုံကို သိခြင်းအားဖြင့် သင်ကိုယ်တိုင် payload နဲ့ header တွေကိုပြင်ပီး firewall ရဲ့ vulnerability တွေကို ရှာကြည့်နိုင်ပါတယ်။
🔥What is a firewall?
Firewall ဆိုတာ သတ်မှတ်ထားတဲ့ security rule တွေအလိုက် incoming connection နဲ့ outgoing connection တွေကို စောင့်ကြည့်ပီးထိန်းချုပ်တဲ့ network security system တစ်ခုဖြစ်ပါတယ်။
🔥How does a firewall works?
☄️Firewall ကို hardware or software or both level မှာ install လုပ်ကြပါတယ်။
☄️client နဲ့ server ဆက်သွယ်ရာမှာ internet ကနေဆက်သွယ်ရင် data တွေအကုန်လုံးကို တစ်ပြိုင်ထဲပို့လို့မရပါဘူး။
☄️data ကို packets လေးတွေအဖြစ်ခွဲပီးပို့ပေးရပါတယ်။ Firewall က အဲ့ဒီ packets လေးတွေကို စစ်ဆေးပီးမှ server ကိုသွားခွင့်ပေးပါတယ်။
🔥What does a firewall inspects?
☄️Packets တစ်ခုချင်းစီတိုင်းမှာ header(control information ) နဲ့ payload(acutual data) ဆိုပီးပါပါတယ်။
☄️header မှာ client server communation အတွက် information တွေအကုန်ပါပါတယ်။ (eg. Host: google.com, User-Agent: Desktop, Content-Type: application/json) စတဲ့ information အကုန်ပါပါတယ်။
☄️ packet တွေဟာ server ပေါ်မရောက်ခင်မှာ firewall ကိုဖြတ်ရပါတယ်။
☄️ထိုဝင်လာတဲ့ packets တွေကို firewall က header ကိုစစ်ကြည့်ပီး server ကို ပို့သင့်မပို့သင့်စစ်ဆေးပါတယ်။
(ဥပမာ- Firewall rule က 192.168.8.1 ဆိုတဲ့ ip ကို ကန့်သတ်ထားရင် ဒီ ip နဲ့လာတဲ့ connection မှန်သမျှကို firewall က ပိတ်ပစ်လိုက်မှာပါ။ firewall အမျိုးအစားပေါ်မူတည်ပီး block လုပ်ပုံတွေလည်းကွဲသွားနိုင်ပါတယ်။)
🌟နောက်ထပ် firewall အမျိုးအစားတွေထပ်ဖော်ပြပေးမှာမို့ like and follow လုပ်ပီး အားပေးကြပါဦးခင်ဗျ။🌟
ဒီနေ့ကျွန်တော်ပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့
💫 How does a VPN work?ဆိုတာလေးနဲ့ပတ်သက်ပြီးပြောပြပေးချင်ပါတယ်ခင်ဗျ
✨ပထမဆုံး VPN တစ်ခု ဘယ်လို အလုပ်လုပ်သလဲ ဆိုတာလေးမပြောခင် ဘာကြောင့် သုံးသင့်တယ် ဆိုတာလေးကို sharingလုပ်ပေးချင်ပါတယ်ဗျ✨
⚡internet အသုံးပြုသူ တစ်ယောက် (client)က mobile data or wifi နဲ့ vpn မပါဘဲ website (server) တစ်ခုကို ကြည့်မယ်ဆိုရင် Client ဟာ secure မဖြစ်ပါဘူး🙅။
⚡isp က သင့်ရဲ့ activity တွေ မြင်နိုင်သလို
website(server)ကနေလည်း သင့်ရဲ့ public ip ကိုသိနိုင်ပါတယ်။
⚡vpn ပါပီး ကြည့်မယ်ဆိုရင် client ဟာ isp က ပေးတဲ့ public ip နဲ့ တိုက်ရိုက် website(server )ဆိီကို မသွားတော့ဘဲ vpn server ကို connect သွားလုပ်ပါတယ်။(ထိုသို့ client နဲ့ vpn server connection tunnel ဟာ encypted လုပ်ထားပါတယ်)။
⚡ထို vpn server ကကြားခံအနေနဲ့ သင်သွားလိုတဲ့ website(server) ကို request ပီး website (server) ကပေးလိုက်တဲ့ response ကို re-routing ပြန်လုပ်ပေးလိုက်ပါတယ်။
☄️How does a VPN work? နဲ့
☄️How data are sent between client and server?အကြောင်းကိုတော့ အောက်မှာ sharingလုပ်ပေးသွားပါ့မယ်ခင်ဗျ
ကျွန်တော် မျှဝေပေးချင်တဲ့ အကြောင်းအရာတစ်ခုရှိပါတယ်ဗျ။ မြန်မာနိုင်ငံသားအားလုံး နည်းပညာနဲ့ မသိကျွမ်းသေးတဲ့သူများအတွက်သာဖြစ်ပါတယ်ခင်ဗျာ။
1️⃣What is Isp?
2️⃣What is internet?
3️⃣how Isp and internet connect??🤷
.စတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်ဗျ
တစ်ခုချင်းစီကို ပုံရဲ့အောက်မှာပြောပြပေးပါ့မယ်ခင်ဗျ