Nintendo-Switch Myanmar

Nintendo-Switch Myanmar

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nintendo-Switch Myanmar, Video Game Store, .

Photos from Nintendo-Switch Myanmar's post 17/12/2022

Nintendo Switch Oled ( Good Second )

Win mobile ကဝယ်ထားတဲ့ဘောင်ချာပါပါမယ်
ဝယ်ထားတာ၁ လမပြည့်သေးပါ အာမခံ ၁ နှစ်ပါပါတယ်
အပွန်းအဆင်း error ကင်း
ဘူးပစ္စည်းစုံ မှန်မကွဲကပ်ပြီး
ဘုစွတ် / Bag ပါမယ်

Price - 730000 Ks

Switch Lite / V2 Switch / PS4 Slim or Pro
အလုံးသန့် error ကင်းများနဲ့အလဲအထပ်လဲရပါတယ်

အမှတ် ၂၂ ခေမာသီ ၁ လမ်း မြောက်ဥက္ကလာပမြို့နယ်
ရန်ကုန် ။

CB or Ph - 09787499534 / 09685982790

Photos from Nintendo-Switch Myanmar's post 17/12/2022

Nintendo Switch Oled ( Good Second )

အပွန်းအဆင်း error ကင်း
ဘူးပစ္စည်းစုံ မှန်မကွဲကပ်ပြီး
ဘုစွတ် / Bag ပါမယ်

Price - 650000 Ks

Switch Lite / V2 Switch / PS4 Slim or Pro
အလုံးသန့် error ကင်းများနဲ့အလဲအထပ်လဲရပါတယ်

အမှတ် ၂၂ ခေမာသီ ၁ လမ်း မြောက်ဥက္ကလာပမြို့နယ်
ရန်ကုန် ။

CB or Ph - 09787499534 / 09685982790

17/12/2022

Nintendo Switch Good Second Games

Zelda - 85000 Ks
Mario - 85000 Ks
Animal Crossing - 80000 Ks
FIFA 23 - 80000 Ks
Little NightMares 2 - 50000 Ks
Jump Force - 50000 Ks
Immortal FENYX Rising - 50000 Ks

Royal Express နဲ့ ပစ္စည်း
ရောက်ငွေချေမှာယူလို့ရပါတယ်ခဗျာ

မြောက်ဥက္ကလာ ၊ ရန်ကုန် ။
Cb or Ph 09787499534 / 09685982790

17/12/2022

FIFA 23 - 80000 Ks
Lite Bag - 15000 Ks ( Like New )

မြောက်ဥက္ကလာ
Ph - 09787499534

Photos from Nintendo-Switch Myanmar's post 15/12/2022

Nintendo Switch Lite ( 99% Like New )
( Dialga & Palkia Edition )

ဒီထက်သန့်မှကြိုက်ရင်တော့အသစ်ပဲပြေးဝယ်ပါ 😁🎮
ဘူးပစ္စည်းစုံ အသန့်အပွန်းအဆင်းမရှိ ဘောင်ချာပါပါမယ်
၁ ပတ်ကျော်လောက်ပဲသုံးရသေးတယ် မှန်မကွဲကပ်ပြီး

Nintendo Switch Lite & Silicon Case - 400000 Ks
FIFA 23 - 80000 Ks

အမှတ် ၂၂ ခေမာသီ ၁ လမ်း မြောက်ဥက္ကလာပမြို့နယ်
ရန်ကုန်။
Ph - 09 787499534 / 09 685982790

14/09/2022

အကုန်အသစ်အတိုင်းကိုင်ရမယ်
အပွန်း အဆင်း error မဲနေတာမရှိ

Wirless Controller - 90000 Ks
Controller ပါထည့်ရ Bag - 30000 Ks
Switch အခွေ တစ်ခွေ - 40000 Ks
Oled TPU - 15000 Ks

မြောက်ဥက္ကလာ ဝဇီယာ
Cb or Ph 09787499534

07/09/2022

😍😍 လူကြီးမင်းတို့ ငွေလိုလို့ပဲဖြစ်ဖြစ် အသုံးမလိုလို့ပဲဖြစ်ဖြစ် ပြန်လည်ရောင်းချလိုသော

PS2 Slim / PS3 Model3000.4000 / PS4 Slim Or Pro / Psvita Slim / Nintendo Switch lite .V2.Oled

အလုံးသန့် error ကင်းဂိမ်းစက်များ ဝယ်ယူပါတယ်ခဗျာ
Cb or Ph 09787499534 /09699762047 သို့ဆက်သွယ်နိုင်ပါတယ်

အမှတ်စ/၃၃၃ မြေညီ
မြောက်ဥက္ကလာ ဝဇီယာ မှတ်တိုင် ၊ ဝဇီယာ ၅ လမ်း

Photos from Nintendo-Switch Myanmar's post 29/08/2022

🎮🎮🎮

Nintendo Switch V2

ဘူးပစ္စည်းစုံ အလုံးသန့်
အပွန်းအဆင်းကင်း No Error
မှန်မကွဲကပ်ပြီး ၊ ကာဗာ၊ ဘုစွတ် ၊ Bag ပါပါမယ်
PS3 / PS4 / Nintendo Switch lite တွေနဲ့
အလဲအထပ်လဲရပါတယ်

Price - 500000 Ks

ပြန်လည်ရောင်းချလိုသော
PS2/PS3/PS4/Nintendo Switch- Model အမြင့်များလဲပြန်လည်ဝယ်ယူပါတယ်ခဗျာ

အမှတ် စ/၃၃၃ မြေညီ မြောက်ဥက္ကလာ ဝဇီယာ ၅ လမ်း
Cb or Ph 09787499534 / 09685982790
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခဗျာ

26/05/2022

Nintendo Switch Oled Neno ( like New 99% )😍😍😍

ဘူးပစ္စည်းစုံ ကျွတ်ကျွတ်အိတ်ကအစပါမယ်

အသစ်တိုင်းသန့် အပွန်းအဆင်းမရှိ No error

မှန်မကွဲ / ဘုစွတ် / အိတ် / Controller Grip / ကာဗာ

ဘောင်ချာပါပါမယ် ၁ လမပြည့်သေးပါ

Price - 650000 Ks 🥰🥰🥰

အလဲအထပ်
PS3 / PS4 / Nintendo Switch V2 / lite
တွေနဲ့အလဲအထပ်ရပါတယ်ခဗျာ

မြောက်ဥက္ကလာ ဝဇီယာ ၅ လမ်း
CB or Ph 09787499534

15/05/2022

To Nintendo Customers…👋

တကယ့် policy ဆို Primary ဆိုရင် Wifi ချိတ်ပြီး ဆော့လို့လဲ ရသလို မချိတ်ဘဲနဲ့လဲ ဆော့လို့ရပါတယ်။ Non-primary မှာ airplane mode on ခိုင်းတယ်ဆိုတာ ban ခံရမှာစိုးလို့ လံုးဝမဟုတ်ပါ။ user တိုက်ပြီး game ထဲကနေ ထွက်သွားရင် စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ airplane mode လေး on ခိုင်းတာပါ။ တခြား issue မရှိပါ။ အဲ့တာကြောင့်လဲ Play with Thomas ဆီမှာ Non-primary တွေက ဆော့လို့အဆင်ပြေတဲ့အပြင် စျေးတန်လို့ ရောင်းအားအကောင်းဆံုးဖြစ်နေတာပါ။

အခုက cracked account တွေကို oversea telegram တွေ ဆီကနေဝယ်နေခြင်းက “Nintendo ကို မင်းဆရာကြီးလား” လို့မေးနေတာနဲ့အတူတူပါဘဲ။ အဲ့လို cracked account တွေကို ဝယ်ဆော့လို့ EShop Ban ခံရတဲ့သူတွေရှိပါတယ်။ ဒါ့အပြင် software jail တွေ လုပ်ပြီး အဲ့လိုမျိုး မေးခွန်းတွေမေးခဲ့ဖူးလို့ EShop ban ခံလိုက်ရတဲ့ စက်တွေလဲ ရှိခဲ့ဖူးပါတယ်။ အဲ့တာကြောင့် Nintendo Console တွေကို စျေးကြီးပေး chip ထည့် jail နေရတာပါ။ ပြောချင်တာ Nintendo က Microsoft တို့ SONY တို့ထက် security တင်းကြပ်ပါတယ်။

အဲ့လိုတွေဆော့မယ်ဆို Gp တွေထဲ ပတ်မေးတာထက် group admin တွေကို မေးပါ။ သူတို့မှာ experience တွေရှိပါတယ်။ တခြား Nintendo Knowledge Sharing Page တွေမှာလဲ မေးမြန်းဆွေးနွေးလို့ရပါတယ်။ (မင်မင့်လဲ လာမေးလို့ရတယိနော်…မင်မင်ကိုယ်တိုင်လဲ playstation မှာ အဲ့လိုမျိူးတွေခံခဲ့ဖူးတယ်။ 😁💕)

နောက်ဆံုးပြောချင်တာက…စျေးတန်တာကို စိတ်ချလက်ချဆော့ချင်ရင် Play with Thomas က အမြဲ service ပေးနေပါတယ်။ တခြား local page တွေဆီကနေလဲ ဝယ်ယူအားပေးလို့ရပါတယ်။ အဲ့လိုမဟုတ်လဲ sec အခွေဝယ်ဆော့ ဆော့ပြီးရင် ပြန်ရောင်း လိုချင်တာပြန်ဝယ်။ အဲ့နည်းနဲ့လဲ အဆင်ပြေပါတယ်။ သို့သော် Nintendo မှာ sec အခွေတွေက ရောင်းရင် အထွက်မြန်ပေမယ့် ပြန်ဝယ်ဆိုရင် တချို့အခွေတွေဆို ရွှေထက်တောင် ရှားပါတယ်။ အဲ့လို crack တွေ ဝယ်ဆော့မယ့်အစား jail တာကို ပိုပြီး အား​ပေးပါတယ်။

အဲ့လိုမှမဟုတ်ဘူး။ Telegram တွေကနေ cracked account တွေဝယ်ပြီး ကံပေါ်ဘဲ ရပ်တည်ချင်တယ်ဆိုရင် Jail ဖိုး သံုးသိန်းတော့ ကြိုစုထားသင့်ပါတယ်။ 😢💕

- play_with_thomas

15/05/2022

Good Second လေးတွေရောင်းပေးပါမယ်

Nintendo Switch Oled ( like New 99% )😍😍😍

ဘူးပစ္စည်းစုံ ကျွတ်ကျွတ်အိတ်ကအစပါမယ်

အသစ်တိုင်းသန့် အပွန်းအဆင်းမရှိ No error

မှန်မကွဲ / ဘုစွတ် / အိတ် / Controller Grip

ဘောင်ချာပါပါမယ် ၁ လပဲသုံးရသေးပါတယ်

Price - 650000 Ks 🥰🥰🥰

အလဲအထပ်
PS3 / PS4 / Nintendo Switch V2 / lite
တွေနဲ့အလဲအထပ်ရပါတယ်ခဗျာ

အမှတ် စ/၃၃၃ မြေညီ ဝဇီယာ မှတ်တိုင်
ဝဇီယာ ၅ လမ်း မြောက်ဥက္ကလာပမြို့နယ်

CB or Ph 09787499534 /

12/05/2022

Old topic ပါ အရင်ကလဲ မေးနေကျ မေးခွန်းပါ PS4 ဝယ်ရမလား Switch ဝယ်ရမလား

အရင်ဆုံး ကိုကိုယ် ကို မေးခွန်းထုတ်ပါ ဘာဆော့ချင်တာလဲ exclusive games တွေကိုအရင်ကြည်ပါ

1 - ကိုယ်က Graphic ကောင်းကောင်းနဲ first party titles GOW,Uncharted Series, Horizon တို Bloodbone တိုဆောချင်တာလား

2 - ဒါမှမဟုတ် Pokemon,Zelda,Mario,Donkey Kong,Super Smash bros,Animal Crossing, Xenoblade နဲ Metriod ဆောချင်တာလား motion base game တွေဖြစ်တဲ 1-2 Switch, Arms နဲ Ringfit ဆောချင်တာလား

3 - third party games တွေလား PS4 တွက် Fifa,GTA V, Resident Evil series ( up-to-date ), Assassin Creed series,Red dead ,Far Cry series,Days Gone,Persona 5,Nioh series,Dark Soul series နဲ Soul games တွေ Witcher 3 နဲ COD ဆောချင်တာလား

4 - third party games တွေပါပဲ switch တွက်ကတော့ အရင် PS3 era နဲ Xbox 360 ကဟာတွေ ပြန် port တာများပါတယ် Witcher 3,fifa,GTA collection,Assassin Creed 3 & Blackflag collection, Resident Evil series,Story Of season, SMT V,Rune Factory 4 အစရှိသဖြင့် ထို game တွေဆောချင်တာလား

အဲ လေးမျိုးထဲက ကိုယ်က ဘာဆောချင်လဲ အရင်မေးပါ Switch ဝယ်ပီး GOW ဆောချင်လိုမရသလို PS4 ဝယ်ပီး Zelda ဆောချင်လို မရပါ

ကိုယ်က GOW ကိုကြိုက်သလို GTA V တို Red dead တိုလို Call Of Duty တိုလို FPS ကောင်းကောင်း Third party game ကောင်းကောင်းတွေကြိုက်တယ် Performance ကောင်းကောင်း At least 1080P တို 4K တို Frame rate ကောင်းကောင်းနဲဆို PS4 ပဲအဆင်ပြေပါမယ်

Sport game Fifa လိုဟာမျိုး Crazy ဆို PS4 ပဲအဆင်ပြေပါမယ်

ကိုယ်က Zelda/AC/Pokemon နဲ Mario ကြိုက်တယ် မိသားစုနဲ motion games တွေဖြစ်တဲ့ 1-2 switch တို Mario Party တိုဆောမယ် graphic မကောင်းလဲရတယ် အချိန်သိပ်မပေးနိင်ဖူး အားတဲချိန် Handheld ဆောမယ် ပေါ့ပေါ့ပါပါးပဲဆို Switch ကိုရွေးရမှာပါ

နောက်တစ်ခုက Jailbreak မဟုတ်ပဲ Official ပဲဆို Second ခွေပါပဲ PS4 ကနံမည်ကြီးတော်တော်များများကို သုံးသောင်းဝန်းကျင်နဲဆောလိုရပါတယ်

Switch က နံမည်ကြီးတော်တော်များများကို ၆ သောင်းဝန်ကျင်ပေးမှာသာဆောလိုရမှာပါ

ဆိုင်ပေါက ခွေအသစ်စက်စက်ဆို နစိခုလုံး မြောက်ပါတယ်

PS4 ကော Switch ကော နစ်ခုလုံး Jailbreak ရသလို ခုထိ up-to-date latest games တွေ Jailbreak နဲဆောလိုရပါတယ်

PS4 ရဲအားသာချက်ကတော့ ခွေဈေးသက်သာတယ် performance ကောင်းတယ် ဂိမ်း library ပိုကောင်းပါတယ် better hardware ဖြစ်လိုပါ

Switch ရဲအာသာချက်ကတော Portable ဖြစ်တာတစ်ခု on the go ရမယ် innovative gameplayတွေ ဖြစ်တဲ motion based party game ကောင်းကောင်းတွေဆောလိုရတာပါပဲ Nintendo LABO dead သွားလိုမဖော်ပြတော့ပါဖူး

ခွေဈေးကတော PS4 ထက်စာရင်မြောက်ပါတယ်

နစ်ခုစလုံး အာသာချက် အားနည်းချက်ရှိပါတယ်
တတ်နိင်ရင် နစ်ခုစလုံးရှိတာပိုအဆင်ပြေပါတယ်

PS Plus နဲ Nintendo Online Membership နစ်ခုစလုံးက Cloud Save လည်းရပါတယ်

PS Plus ကတော Cloud save , monthly free game, exclusive membership discount နဲ Online play ဖို Offer လုပ်ထားပါတယ်

Nintendo Switch Membership ကတော Cloud save, Snes,Nes and Nintedo 64 game တွေ free ပေးတယ် အလျင်းသင့်သလို retro game ကောင်းကောင်းလေးတွေထည့်ပေးတယ် တစ်ခါတစ်ရံ full game တွေကို deadline တစ်ခုနဲ ပေးဆော့တာတွေပေးတယ် Online ဆောဖို offer ပေးထားပါတယ်

PS Plus ကတောပိုကောင်းသလို ရှိပေမယ် ပေးရတဲဈေးကွာပါတယ်

PS4 ရှိပီးသားဘက်ဂျက်လဲ သိပ်မသုံးချင်ဖူးဆိုရင် exclusive လေးတွေဆောချင်တာဆို Switch Lite လေးဝယ်ပါ

Switch V2/ OLED ရှိပီးသား ဘက်ဂျက်နည်းနည်း န​ဲ GOW တို Red dead တိုလို game တွေ Chill ချင် PS4 Slim လောက်နဲလုံလောက်ပါတယ်

ဒါဖတ်ပီး အဆင်ပြေမယ်လိုလဲယူဆပါတယ် တစ်ကယ်ထည်ထည့်ဝငိ့ဝငိ့ရေးရင် အများကြီးပါ

By Leo
Kyaw Tun Tun

Photos from Nintendo-Switch Myanmar's post 12/05/2022

Switch OLED JB မလုပ်ခင်သိရမယ်အချက် သတိထားရမယ် အချက်ပါ

Switch OLED တစ်လုံးရဲ တန်ဖိုးက ၇ သိန်း ဝန်ကျင်ပါ စက်အသစ်ပါ

OLED chip V3 တစ်ကဒ်ရဲ တန်ဖိုးကတော့ ၂ သိန်း ၇ သောင်း ဝန်းကျင်ပါ SD Card တန်ဖိုးမပါပါ လက်ခကတော ၅ သောင်း ဝန်းကျင်ပါ

OLED chip အမျိုးအစားကတော့ HWfly ပါ

နောက်တစ်မျိုးလဲရှိပါတယ်

ကိုယ်က စက်ကို JB လုပ်မယ်ဆိုရင် ဆိုင်ကိုသေသေချာမေးပါ ဘာ Chip အသုံးပြုမှာလဲဆိုတာ Chip အမျိုးအစားနစ်မျိုးရှိတယ် အတွက် ကျနော် ပုံနစ်မျိူး ပထမ တစ်ပုံကို A ဒုတိယ ပုံကို B လိုတင်ပေးထားပါတယ်

ကျနော်ကတော ပုံ A အမျိုးအစားကိုပဲ recommend ပေးပါတယ် ပုံ B အမျိုးအစားကို Recommend မပေးပါဖူးပုံ A အမျိုးအစားကသာ Modchip ကို PC ဖြင့်သော်၄င်းကောင်း Toolbox ဖြစ်သော်လည်း update လုပ်လိုရလိုပါ

ပုံ A အမျိုးအစားကတော့ HWfly OLED Chip with QFN FPGA ပါ ( Modchip ကို Update လုပ်လိုရပါတယ် )

ပုံ B အမျိုးအစားကတော့ FPCB cable နဲလာတာပါ ( Modchip ကို update လုပ်လိုမရပါ secured လုပ်ထားတဲ့ chip ပါ )

ဘာလို ပုံ A အမျိုးအစား Hwfly OLED Chip with QFN FPGA ကို recommend ပေးသလဲဆိုရင် chip ကို update လုပ်လိုရလိုပါ update လုပ်ရင် Chip ရဲ Toolbox feature ရပါမယ်

Toolbox feature ကတော့ SD Card မလိုပဲနဲ Official Firmware ကို ဖွင်လိုရတာပါ လိုကိုလိုတဲ့ Feature ပါ modchip error ရှိတာနဲ Chip ကို reset ချလိုရပါတယ် chip ရဲ CPU Glitch တာကို မြန်နိင်သမျ မြန်အောင် Train လိုရတဲ mode လဲပါပါတယ်

Switch OLED တွေမှာ mainboard part provider နစ်ဦးရှိပါတယ် Samsung နဲ Micron ပါအထူးသဖြင့် Ram Chip ပါ တစ်ချိုစက်တွေက Samsung Ram နဲလာသလို တစ်ချို စက်တွေမှာ Micron Ram နဲလာပါတယ် Samsung Ram နဲလာတဲစက်တွေကို JB လုပ်ပီး SD card မထည့်လဲ NO SD card ဆိုတဲ စာနဲ ဒုံးပျံ ပုံးလေးပေါပါတယ်
ဒါပေမယ် Micron Ram နဲလာတဲစက်တွေမှာ JB လုပ်ပီး SD Card မထညိ့ရင် Black screen ပေါပီး စက်က ဘာမှမပေါပဲ background မှာ run နေမှာပါ အဲချိန်မှာ Battery zero ထိကျသွားရင် console damage ဖြစ်ကောင်းဖြစ်နိင်ပါတယ် risk လဲများပါတယ် Micron Ram နဲလာတဲ့စက်တွေကို JB လုပ်ထားရင် SD card မထည့်လဲ Toolbox feature နဲ OFW ကိုဖွင်လိုရဖို modchip ကို update လုပ်ဖိုလိုပါတယ်

ကိုယ်စက်က ပုံ A အမျိုးအစားနဲ JB ဆိုရင် update လုပ်လိုရပေမယ် ပုံ B အမျိုးအစားနဲဆို Update လုပ်လိုမပါဖူး Out Of Luck ပါ

နောက်တစ်ခုက ပုံ B အမျိုးအစား Modchip မှာ Random redlight issue ရှိပါတယ် ကျနော်ကိုယ်တွေမဟုတ်ပါ နိငိငံခြားက OLED ကို ပုံ B အမျိုးအစားနဲ အလုံးရေ ၆၀ ကျော် mod ဖူးတဲ modder တစ်ယောက်ပြောတာပါ

နောက်တစ်ခု အိမ်မှာ Game အလွယ်တစ်ကူ ပြန်သွင်းလိုရမရ Fat 32 နဲလုပ်ပေးတာလား Exfat လုပ်ပေးတာလားမေးပါ fat32 နဲလုပ်ပေးတာဆိုရင်file ဆိုဒ် 4Gထက်ကျော်ရင် PC နဲကြားခံ software တစ်ခုခံရပါမယ် Exfat နဲ ဒေါင်းပီး copy paste sd ထဲတန်းလုပ်လိုရပါတယ်

အားလုံးအဆင်ပြေကြပါစေ အခွေဖြင့်ဆော့ကစားခြင်းသာ အကောင်းဆုံးပါ

Kyaw Tun Tun

12/05/2022

Digital Games

Digital ဝယ်ယူမယ်ဆို သက်ဆိုင်ရာ Region အလိုက် Eshop Acc ဖွင်ရပါမယ်

Credit Card နဲဖြစ်စေ Top-up cards ( aka ) Gift card နဲဖြစ်စေ မိမိရဲ Eshop Acc ထဲကို Top up လုပ်ရပါမယ်

မိမိကြိုက်နစ်သက်တဲ Game ဝယ်ယူလိုရပါပီ

ဝယ်တဲ Game ကို နောက်တစ်ယောက်နဲ ထပ် share လိုရပါတယ်

ပထမ Game ဝယ်သူ Owner က Primary User ပါ နောက်တစ်ယောက်ကို ထပ်ပေးလိုက်တဲ ဟာက secondary user ပါ

Secondary User အနေနဲ Share ထားတဲ Game ကို ဝင်ဆောရင် connection တောင်းပါတယ် တောင်းရတဲ အကြောင်းအရင်းက Primary user ဝယ်ထားတဲ့ Game ကို Online တက်ဆောနေလား မဆောတာလား Check လုပ်တာပါ

Cryto Wallet နဲ ဝယ်တဲ Acc တွေကကောဘာလဲ ?

Ownership ရှိတဲ Acc တွေကို ခိုး ဟက် ထားပီးပြန်ရောင်းတာမဟုတ်ပါဖူး

အထူးသဖြင့် Foreign က Bank Acc တွေကို owner မသိအောင် Hack Eshop acc ဖွင့် အဲ ဟက် ထားတဲ bank acc ကငွေနဲ Game တွေလိုက်ဝယ်တာပါ ပီးရင် Eshop acc တွေကို ပြန်ရောင်းစားတာပါ

Risk အနေနဲကတော အဲ acc ကနေပါလာတဲ့ Game တွေ Locked ကျနိင်ပါတယ် ပိုဆိုးမယ်ဆိုရင် စက်ရဲ eshop access ကို Ban ခံရနိင်ပါတယ်

အရင် ၂၀၁၇ ၂၀၁၈ လောက်က ကျ နော်အသိထဲကဝယ်ဆောတာ Game တွေ နောက်ပိုင်း Lock ကျသွားပါတယ်

ဈေးသက်သာတယ်ဆိုတာ သက်သာရတဲ အကြောင်းအရင်းတွေရှိပါတယ်

Switch မှမဟုတ်ဖူး PS4 မှာလဲ အဆောပိုင်းကတည်းကအဲလိုဟာမျိုးတွေရှိပါတယ်

Do it at your own risk ပါပဲ

နောက်ပိုင်းusedစက်ပြန်ဝယ်မယ်သူတွေ Eshop ဝငိလိုရမရပဲ check လုပ်ဖိုအကြံပေးချင်ပါတယ်

ခွေဖြင့်ဆောကစားခြင်းသာအကောင်းဆုံးပါပဲ

Kyaw Tun Tun

12/05/2022

MARIO အကြောင်း
open topic ဖြစ်လို့ လူတိုင်း ရေးနိုင်ပါ တယ်
ရှာဖတ်ကြည့် တာ မတွေ့ဘူး ဖြစ်နေတယ်
အပျင်းပြေ
Mario နဲ့ ပတ်သက်တဲ့ ခံစားချက်လေး ပြောသွားပါ

1.Mario ရဲ့ ဖြစ်ပေါ်လာပုံ
2.Mario ရဲ့ အစွမ်းမျိုးစုံ
3.Mario ဂိမ်း တွေ မှာ ရှိတဲ့ Mario များ
4.Mario ရဲ့ သူငယ်ချင်းများ
5 Mario ဘာကြောင့် အောင်မြင် နေတာ လည်း
6. Mario နဲ့ ပြိုင် ဘယ်သူ နိုင်မလဲ

၁၉၈၇ ခုနှစ်မှာ Game လောကရဲ့ နတ်ဘုရားတစ်ဆူဟာ Nintendo နဲ့အတူ စင်ပေါ်ကို စတင် ရောက်ရှိလာပါတယ်။ Gunpei Yokoi ရဲ့ လက်အောက်မှာ ဝင်အလုပ်လုပ်နေတဲ့ ကျောင်းသားလေး Shigeru Miyamoto ဟာ Nintendo အတွက် ဂိမ်းတွေကို ဒီဇိုင်းဆွဲပေးခဲ့ပါတယ်။ Shigeru ရဲ့ အဖေဟာ ကုမ္ပဏီပိုင်ရှင် Hiroshi နဲ့ ရင်းနှီးသလို Shigeru ဖန်တီးထားတဲ့ အရုပ်လေးတွေကို Hiroshi က သဘောကျတာကြောင့် ၁၉၇၇ ခုနှစ်မှာ Nintendo ရဲ့ သမိုင်းတလျှောက် ပထမဆုံး ဖန်တီးမှု အနုပညာရှင်အဖြစ် စတင်အလုပ်ဝင်ခဲ့ပါတယ်။

Shigeru ဟာ Ninendo အတွက် ပထမဆုံး ဂိမ်းအဖြစ် Sheriff ဂိမ်းကို အကြွေစေ့ ဂိမ်းစက်တွေအတွက် ဒီဇိုင်းပိုင်းမှာ ပါဝင်ကူညီပေးခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်က ဂျပန်မှာ အောင်မြင်သွားခဲ့တဲ့ Radar Scope ဆိုတဲ့ အကြွေစေ့ဂိမ်းကိုလည်း ပါဝင်ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် Radar Scope ကို အမေရိက ဈေးကွက်ဆီ တင်ပို့ရောင်းချတဲ့အခါမှာ မအောင်မြင်ပဲ Nintendo အတွက် အထိနာစေခဲ့ပါတယ်။ မရောင်းရပဲ ပုံနေတဲ့ ဂိမ်းစက်တွေကို အမြန်ဆုံး ဖြေရှင်းဖို့ လိုအပ်နေပြီး မဖြေရှင်းနိုင်ခဲ့ရင် ကုမ္ပဏီပါ ဒေဝါလီခံရမယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။ Hiroshi လည်း ကြံရာမရတဲ့အဆုံး Radar Scope ဂိမ်းကို အခြားဂိမ်းအဖြစ် ပြောင်းလဲရောင်းချနိုင်ဖို့ ကြိုးစားရပါတယ်။ သူ့ဆီမှာလည်း တခြား ပညာရှင်တွေ အရံသင့် မရှိတာကြောင့် Shigeru ကိုပဲ ပြင်ခိုင်းရပါတယ်။ လူငယ်လည်း ဖြစ်ပြန်၊ အလုပ်သင် ကျောင်းသားလည်း ဖြစ်နေပြန်သေးတဲ့ Shigeru ဟာ ဒီဂိမ်းကို ပြင်ဆင်ပေးမယ့်သူ လိုက်ရှာပေမယ့် နောက်ဆုံး ဘယ်သူမှ မရှိတော့တာကြောင့် သူပဲ ကြိုးစားပြီး ပြင်ဆင်ရပါတယ်။ အဲဒီ ပရောဂျက်ကို Gunpei က ကြီးကြပ်ပေးပါတယ်။

ဂိမ်းအသစ်အတွက် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး ဖန်တီးဖို့ Shigeru က ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်က အမေရိကန်မှာ ကျော်ကြားနေတဲ့ Popeye ကို လိုင်စင်ရဖို့ Nintendo က ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်တာကြောင့် ဇာတ်ကောင်အသစ်တွေကို Shigeru ကိုယ်တိုင် ဖန်တီးရပါတယ်။ Shigeru ဟာ Programmer မဟုတ်တာကြောင့် နည်းပညာ အခက်အခဲတွေကို နားမလည်သလို ဂိမ်းရဲ့ ဒီဇိုင်းနဲ့ အကောင်ပုံစံတွေလောက်ပဲ ဖန်တီးတတ်တာကြောင့် Programmer တွေနဲ့ ခဏခဏ ငြင်းခုံရပါတယ်။ Popeye ထဲက သုံးပွင့်ဆိုင် ဇာတ်လမ်းရယ်၊ Beauty and the Beast ကာတွန်းဇာတ်လမ်းရယ်၊ King Kong ရယ်ကို ရောသမမွှေထားတဲ့ ဂိမ်းအသစ်လေးကို ဖန်တီးပြီး အဓိက ဗီလိန်နေရာမှာ လူဝံတစ်ကောင်ကို ထားလိုက်ပါတယ်။ အဲဒီအချိန်က ဂိမ်းအများစုဟာ Program ရေးဆွဲသူတွေ ဖန်တီးနိုင်တဲ့ ဘောင်အတွင်းကနေသာ ဖန်တီးလေ့ ရှိကြတာမို့ ဂိမ်းဇာတ်လမ်းတွေဟာ Programmer ရဲ့ ဘောင်အတွင်းမှာသာ တဝဲလည်လည် ရှိကြပေမယ့် Shigeru ကတော့ ဇာတ်လမ်းအသားပေး ဂိမ်းကို ကမ္ဘာ့ပထမဆုံး အနေနဲ့ စတင် ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာက ဒီဇာတ်လမ်းကို ဆီးဆောပေါ်မှာ အခြေပြုဖို့ Gunpei က အကြံပေးတဲ့အခါ Programmer တွေက မရေးနိုင်ကြပါဘူး။ နောက်ဆုံး Shigeru ရဲ့ အမြင်သစ်အရ တိမ်းစောင်းနေတဲ့ ပလက်ဖောင်းပေါ်မှာပဲ တည်ဆောက်လိုက်ကြရပါတယ်။ ဂိမ်းကို အဆင့်အများကြီး ထည့်သွင်းဖို့ ကြိုးစားပေမယ့် ခဏခဏ ထပ်ပြန်တလဲလဲ ပြန်ကျော့ဖို့မှာ ပြဿနာရှိတာကြောင့် ဒီဂိမ်းကို ရေးဆွဲခဲ့တဲ့ Programmer လေးယောက်ဟာ Shigeru နဲ့ အငြင်းအခုံ ဖြစ်ကြပါတယ်။

ဂိမ်းအချောသပ် ထွက်လာတော့လည်း အမေရိက ဈေးကွက်မန်နေဂျာတွေနဲ့ အရောင်းမန်နေဂျာတွေက အပြင်းအထန် ကန့်ကွက်ကြပါတယ်။ အမေရိကမှာ ရောင်းအားကောင်းနေတာက အပစ်အခတ် ဂိမ်းတွေနဲ့ ပဟေဠိတွေ ဝင်္ကပါဂိမ်းတွေ ဖြစ်တာကြောင့် ရုပ်ရှင်စွန့်စားခန်းဆန်ဆန် ဂိမ်းကို ရောင်းချဖို့ ငြင်းဆန်ကြပါတယ်။ ဒါပေမယ့် သူတို့ကပဲ ဒီဂိမ်းထဲက ဇာတ်ကောင်တွေကို နာမည်ပေးခဲ့ကြပြီး Pauline ၊ Donkey Kong နဲ့ Jumpman တို့ရဲ့ သုံးပွင့်ဆိုင် ဂိမ်း Donkey Kong အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဂိမ်းဟာ ဂိမ်းလောကရဲ့ လမ်းကြောင်းကို တဆစ်ချိုး ပြောင်းလဲသွားစေခဲ့ပြီး ဂိမ်းအကြောင်း နကန်းတစ်လုံးမှ မသိတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ဖန်တီးမှု စစ်စစ်လည်း ဖြစ်ပါတယ်။ ဒီဂိမ်းထဲက ဇာတ်ကောင် Jumpman ဟာ နောင်တချိန်မှာ Nintendo ရဲ့ လာဘ်ကောင် Mario ဖြစ်လာခဲ့ပါတယ်။



Hein Htet

Website