စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စိတ်ဓာတ်ကျတိုင်းဖတ်ဖို့, Author, .

17/04/2023

☘ ဆိတ်တစ်ကောင်က မြည်းတစ်ကောင်ကို
ကြိုက်မိသွားတယ်။

☘ မြည်းကပြောတယ်... " ငါ နင့်ကိုငေါက်တာ၊
ကန်တာ နင်ခံနိုင်ရင် နင် ငါ့ကိုတကယ်
ချစ်လို့ပေါ့" တဲ့။

☘ ဒီလိုနဲ့ဆိတ်ဟာ မြည်းအလိုကိုလိုက်ခဲ့တယ်၊
သည်းခံခဲ့တယ်။ မြည်းငေါက်တာ
ကန်တာကို လက်ခံခဲ့တယ်။

☘ တစ်နှစ်... နှစ်နှစ်... ဆယ်နှစ်အကြာမှာတော့
မြည်းကို ဆိတ်ထားခဲ့လိုက်တော့တယ်။

☘ ဆယ်နှစ်တောင် စွဲစွဲမြဲမြဲရှိခဲ့တာပဲ ဘာလို့
တစ်သက်တာအထိ မထိန်းထားသလဲလို့
ဆိတ်ကိုတချို့ကမေးတော့ ဆိတ်က..

☘"ဆယ်နှစ်တာကာလနဲ့ ငါ့ရဲ့စစ်မှန်ခြင်းကို
ငါသက်သေပြခဲ့ပြီးပြီ။ အခုလက်ကျန်အချိန်နဲ့
ငါ့ရဲ့ဂုဏ်သိက္ခာကို ငါကာကွယ်ရမယ်"

☘ နင့်ကို ငါဘယ်လောက်မြတ်နိုး၊
နင့်အပေါ် ငါဘယ်လောက်ကောင်းလည်း
ငါ့ကို နင်တန်ဖိုးမထားရင်
ငါလည်းလက်လွှတ်တတ်၊ စွန့်ပစ်တတ်တယ်။

☘ စီးပွားရေးပဲဖြစ်ဖြစ်၊ သူငယ်ချင်း၊ အချစ်၊
ဒါမှမဟုတ် အိမ်ထောင်ရေးပဲဖြစ်ဖြစ်
အရာအားလုံး အားလုံးက တန်ဖိုးထားတတ်မှ
ပိုင်ဆိုင်ဖို့ထိုက်တယ်။

☘ သင့်အလိုလိုက်လျောသူဟာ
မစဉ်းစား မတွေးခေါ်တတ်သူမဟုတ်ဘူး။
သင့်အနား မခွာရက်နိုင်သူပါ။

☘ ဘာမဆို သင့်ကိုလုပ်ခွင့်ပေးသူဟာ
ငတုံးငအ,မဟုတ်ပါဘူး။ သင့်ကို
အလေးထားသူပါ။

☘ နေကောင်းလား၊ ဘာလုပ်နေလဲမကြာခဏ
မေးသူဟာ ပြောစရာစကားမရှိလို့ မဟုတ်ပါဘူး။
သင့်ကို ဂရုစိုက်သူပါ။

☘ သင့်အပေါ်ကောင်းတာဟာ
သင့်ကို ပေးဆပ်စရာရှိလို့မဟုတ်ပါဘူး။
သင့်ကို ဆွေမျိုးသားချင်းလိုသဘောထားလို့ပါ။

☘ စစ်မှန်သူအချင်းချင်းက
လျှောက်ရင်းလှမ်းရင်း ရင်ထဲတိုးဝင်ကြတယ်။

☘ ဟန်ဆောင်သူက လျှောက်ရင်းလျှောက်ရင်း
မြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်။

☘ လူလူချင်း တွေ့ဆုံဖို့အတွက်
ကံတရားလိုတယ်။

☘ လူလူချင်း ပေါင်းသင်းဆက်ဆံဖို့အတွက်
ရိုးသားစစ်မှန်ခြင်းလိုအပ်ပါတယ်။

#နိုင်နိုင်းစနေ

#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

စိတ်ခွန်အားပေးစာပေများဖတ်ရှုရန် Group ကို Join ကြပါ

https://www.facebook.com/groups/3316970245242050/?ref=share&mibextid=NSMWBT

22/01/2023

"ကြည့်ပါ"

လူတစ်ယောက်ရဲ့ အပြစ်တွေထက်
ကောင်းခဲ့တာတွေကို မြင်အောင် ကြည့်ပါ။

လူတစ်ယောက်ရဲ့ အပြုံးကို.
ရှာဖွေနေတာထက်
သူ့ရင်ထဲက ခံစားချက်တွေကို.
ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ပါ။

လူတစ်ယောက် ပြောင်းလဲလာတာကို.
ရှာဖွေနေတာထက်
ကိုယ့်အားနည်းချက်တွေကို.
မြင်အောင် ကြည့်ပါ။

လူတစ်ယောက်ရဲ့ အတ္တ တွေကို.
ရှာဖွေနေတာထက်
ကိုယ့်အတ္တကြောင့် .
သူဘယ်လောက်ပူလောင်သွားသလဲဆိုတာကို
မြင်အောင် ကြည့်ပါ ။

လူ့သဘာဝက ကိုယ့်အမှားထက်.
သူများအမှားတွေကို ပိုမြင်တတ်ကြတယ်။
သူများခံစားသွားမှာထက်.
ကိုယ်ခံစားရမှာကို သေမတတ်ကြောက်ကြတယ်။

အဲ့ဒါတွေက ဘာလို့ဖြစ်လာသလဲဆိုတော့ "အတ္တ "ပါ
အတ္တတွေဖုံးလွမ်းလာလေ.
အမှန်တရားနဲ့ ပိုဝေးကွာလာပီး
ကိုယ်ချင်းစာစိတ်ဆိုတာကလည်း.
မှူန်ဝါးနေရအုံးမှာပါ။

ထို့ကြောင့်.....သူများအမှားကို မြင်အောင်ကြည့်သလို
ကိုယ့် အားနည်းချက်တွေကိုလည်း.
မြင်အောင်ကြည့်ပါနော်။


#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

စိတ်ခွန်အားပေးစာပေများဖတ်ရှုရန် Group ကို Join ကြပါ

https://www.facebook.com/groups/3316970245242050/?ref=share&mibextid=NSMWBT

18/01/2023

▪️သိပ်ကောင်းတဲ့စာတစ်ပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ…

ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့ …

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။

ဘဝမှာအခက်အခဲကြုံလာရင်
"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ..


#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

စိတ်ခွန်အားပေးစာပေများဖတ်ရှုရန် Group ကို Join ကြပါ

https://www.facebook.com/groups/3316970245242050/?ref=share&mibextid=NSMWBT

17/01/2023

စိတ်ညစ်ရင် ဒီစာလေးကိုဖတ်ပါ

မာနတွေ သိပ်မထားပါနဲ့ ...
မထားသင့်တဲ့ မာန်မာနက
သင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။

လူတွေကို အပြုံးနဲ့ စတင်နှုတ်ဆက်ဖို့
ဘယ်တော့မှဝန်မလေးပါနဲ့
အပြုံးတွေက
တစ်ဖက်လူကို ပျော်ရွှင်စေသလို
ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။

လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ
အမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်း
မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။

ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့
မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ
အဆိုးတွေပြီးရင် အကောင်းဆုံးတွေ
တစ်ကျော့ပြန်လှည့်လာမှာပါ။

ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ
ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ
အချိန်တစ်ခုကြာတော့လည်း
အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာ
တစ်ခါပြန်ကံကောင်းလာမှာပါ။

အရေးကြီးတာက
ဘယ်အရာတွေကိုပဲဖြစ်ဖြစ်
ရင်ဆိုင်ရဲတဲ့စိတ်နဲ့
ရင်ဆိုင်ချင်စိတ်လေးရှိဖို့လိုတယ်။

တစုံတစ်ယောက်ဆီက
မျှော်လင့်ချက်တွေ
ထင်သလို ဖြစ်မလာတဲ့ အခါ
မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ

အကြိမ်များစွာ သင် မျှော်လင့်သလို
မတုန့်ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ
သူ့မပေးနိုင်ဘူးဆိုတာ
သင့် နားလည်ထားဖို့ လိုတယ်။

သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊
သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့
မတ်ေတာသာထားလိုကျပါ

မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလို
ရောင်ပြန်ဟပ်စေပါတယ်
သင့်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲ
အခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ
အပြည့်အဝ ရစေနိူင်ပါတယ်။

သင့်ကိုဂရုစိုက်သူ
အလေးထားသူတွေကိုပဲ
တတ်နိုင်သလောက်မမေ့လျော့ပါနဲ့ ...
သူတို့ရဲ့တန်ဖိုးထားမှုကို
အသိအမှတ်ပြုပြီး တုန့်ပြန်ပါ။

ဘာလို့လဲဆိုတော့
သူတို့က ကိုယ့်ရဲ့အသက်ရှင်
ရပ်တည်မှုကိုပိုပြီး အဓိပ်ပါယျရှိအောငျ
လုပ်ပေးတဲ့သူတွေမို့ပါ။

ဖြစ်ချင်တာတွေ
တစ်ထပ်ချင်းဖြစ်အောင်
ဖြည်းဖြည်းချင်းလုပ်ယူပါ
အရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့...
ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲ
နေ့တိုင်းအကျိုးရှိစွာ
လုပ်ဆောင်နေဖို့သာအဓိကပါ။

နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ
သင့်စိတ်ညစ်နေရင်
ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ။

ဥပမာ။ ။ ဟာသ VDယိုလေး၊
ရီမောစရာကာတွန်းလေးတွေ ၊
ရီစရာပြောတတ်သောသူငယ်ချင်းတွေ
အစရှိသဖြင့်
ပြုံးရီစရာလေးတွေနဲ့
အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။

လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့
ဘဝဆိုတာ အမြဲရှိပြီးသားပါ

တချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာ
စိတ်ညစ်စရာလုံးဝမရှိလို့မဟုတ်ဘူး

သူတို့ကိုယ်တိုင်က
ပျော်ပျော်နေတတ်လို့ပါ
ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ
သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။

ကိုယ့်ကိုယ်ကို ကံအဆိုးလို့
ဘယ်တော့မှမတွေးပါနဲ့
သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ
ကိုယ့်ထက်ဆိုးရွားတဲ့လူတွေ
ကိုယ့်ထက်ကံဆိုးတဲ့သူတွေ
ဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။

အတွေးလေးတစ်ခု
ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။

နောက်ဆုံးတစ်ခုကတော့

ကံဆိုတာအလုပ် အလုပ်ဆိုတာ ကံပါ။
ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲ
ကြုံတွေ့နေရမှာပါ။

ဒါကြောင့် သင်အမြဲကောင်းတာတွေ
လုက်ကိုင် ကြံစည်လုပ်ကိုင်နေရင်
တနေ့တော့ သင်အမြဲ
ကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲ ။ ။

ပြီးပါပြီ။ ။

ဒီလောက်ဆို စာဖတ်သူတွေ
ဖတ်လို့ဝပြီး ဖတ်ရကျိုးနပ်မှာပါ။
ကိုယ့်စာလေးက စာဖတ်သူတွေအတွက်
အားတက်စရာဖြစ်ပါစေ။ ။


#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

16/01/2023

"လူချင်းတူသော်လည်း"

ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ
စာနာတတ်ခြင်း ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်


မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ
လူကိုလူလို ဆက်ဆံ တတ်တဲ့သူက
ပိုပြီး လူသားဆန်တယ်


လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စု နှစ်ခုကြားမှာ
အမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့
ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်


အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက် သိက္ခာကို
ချနင်းနေသူထက်
အများအကျိုး အတွက်
အသက်ကို စတေးရဲ သူတွေက
ပိုပြီး လူသားဆန်တယ်


ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာ
စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူက
ပိုပြီး လူသားဆန်တယ်


ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာ
ဘဝ ရေဆန်ကို အားမာန်နဲ့ ကူးနေသူက
ပိုပြီး လူသားဆန်တယ်


အရှက်တရား မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်
လူသားမဆန်တဲ့သူတွေက
လုပ်ချင်ရာလုပ်တတ်တယ်

ဒါပေမယ့်....။


ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာ
ကိုယ့်အကျိုးအတွက်
တစ်ခြားသူတွေကို
ထိခိုက်နစ်နာအောင်
မလုပ်တတ်တဲ့ ကိုယ်ကျင့်တရား ရှိသူက
ပိုပြီး လူသားဆန်ပါတယ်... ။


#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

15/01/2023

အကြွေး

********

ငွေနဲ့ပက်သက်ပြီး သစ္စာရှိပါ
သူတစ်ပါးဆီက တစ်ကျပ်ယူထားရင်
တစ်ကျပ်ပြန်ပေးပါ။

မရှိသေးဘူးဆိုရင်
ရှိအောင်လုပ်ပါ...။
မပေးနိုင်သေးဘူးဆိုရင်
ပေးနိုင်အောင်လုပ်ပါ။

အများကြီး ယူထားပြီး
အားလုံးကိုပြန်မဆပ်နိုင်လျှင်တောင်
နည်းနည်းချင်း ခွဲဆပ်ပါ။

ကိုယ်ယူထားတာ
ပေးရမယ့် အချိန်ရောက်ရင်
တောင်းစရာ မလိုဘဲ ပေးပါ ။
အဆင်မပြေဘူးဆိုတဲ့ တစ်ခုထဲ
အဆင်မပြေတဲ့ အကြောင်းပြချက်
ခဏ...ခဏ.....မပြောမိစေနဲ့။

ဘာဖြစ်လို့ အခုလိုပြောနေရတာလဲ
အကြောင်းရှိပါတယ်...
အရမ်းလည်း အဓိပ္ပါယ်ရှိပါတယ်။

ကိုယ်ယူထားတဲ့ငွေဟာ
သူတစ်ပါး အနေနဲ့
သူ့ရဲ့ကြိုးစားမှုနဲ့ ရထားတာပါ ။
သူ့ရဲ့ ကိုယ်စွမ်း/ဥာဏ်စွမ်းနဲ့
ခက်ခက်ခဲခဲ ရှာဖွေထားရတာပါ။

သင် သူတစ်ပါးဆီက
ယူထားတဲ့ငွေဟာ ချွေးစက်တွေနဲ့
ရှာထားတာလည်း ဖြစ်နိုင်ပါတယ်
မအိပ်မနေ ညနက်သန်းခေါင်အထိ
ရှာဖွေထားတာလည်း ဖြစ်နိုင်တယ်။

သူ့ကိုယ်ကျိုးအတွက် မသုံးစွဲရက်ဘဲ
ယုံကြည်မှုနဲ့ ကိုယ့်ကိုပေးခဲ့ခြင်းဖြစ်တယ်
အဲဒီယုံကြည်မှုကို ဘယ်တော့မှ
လွယ်လွယ်လေး မချိုးဖျက်မိပါစေနဲ့။

ကိုယ်ပိုက်ဆံချေးထားတဲ့သူက
ချမ်းသာနေလို့ အဆင်ပြေနေလို့
ပြန်မပေးဘဲနေလို့ မရပါဘူး ။
သူချမ်းသာတာက
သူ့ကြိုးစားမှုနဲ့ သူ့အပိုင်း...
ကိုယ်ယူထားတာက ကိုယ့်အပိုင်းပါ။

ပိုင်းရှင်မတောင်းသေးလို့ မပေးသေးဘူးဆိုပြီး
မနေပါနဲ့ ကိုယ့်မှာရှိနေရင် ပြန်ပေးလိုက်ပါ
ယခုဘဝအကြွေးက နောင်ဘဝ ဝဋ်ကြွေးဆပ်ရမယ်

ငွေအပေါ်သစ္စာရှိဖို့ လိုပါတယ်...
ငွေအပေါ်သစ္စာရှိမှ ငွေကလည်း
ကိုယ့်အပေါ်သစ္စာရှိမှာပါ။

သူးများ ပိုက်ဆံကို ပြန်ပေးဖို့ ဆန္ဒမရှိတဲ့
နေ့ကစ၍ သင်ဘာလုပ်လုပ်
အဆင်မပြေတော့ဘူးဆိုတာ
သိတားလိုက်ပါ

သူတစ်ပါးငွေကြေး ပစ္စည်းဥစ္စာကို
ချေးငှားပြီး ပြန်မဆပ်တဲ့သူဆိုတာ
ယခုဘဝရော လာမည့်ဘဝတွေ အထိပါ
ပြောင်ပြောင်ရောင်ရောင် မရှိဘဲ
ဆင်းရဲနေမှာပဲ......


#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

Photos from စိတ်ဓာတ်ကျတိုင်းဖတ်ဖို့'s post 14/01/2023

တစ်ချို့က....
(ဓာတ်ဗူး) နဲ့ တူတယ်
အပြင်မှာသာ အေးတာ
အတွင်းက ပူလောင်နေတတ်တယ် ..

တစ်ချို့က....
(ထန်းပင်) နဲ့ တူတယ်....
ကိုယ်တိုင်ပဲ အမြင့်တက်သွားချင်တာ
ဘယ်သူ့ကိုမှ အရိပ်ပြန်မပေးချင်ဘူး ..

တစ်ချို့က...
(ပုတ်သင်ညို) နဲ့ တူတယ်....
ပြောသမျှ ခေါင်းငြိမ့်ပြီး
အခြေအနေပေါ်မူတည် အရောင်ပြောင်းတယ်..

တစ်ချို့က...
(တံမြက်စည်း) နဲ့ တူတယ်....
အားလုံးအတွက် အမြဲရှင်းလင်းပေးပေမယ့်..
သူကိုယ်တိုင်ကျ ချောင်ထိုးခံထားရတယ် ..

တစ်ချို့က...
(Price Tape) နဲ့ တူတယ်....
သူများကိုသာ တန်ဖိုးလိုက်ဖြတ်နေတာ
သူတို့ကိုယ်တိုင်ကျ ၂၀၀/-ကျပ်ထဲ.....

သည်းခံတယ်...
လူပါးဝလာတယ်..

နားလည်ပေးလိုက်တယ်...
ပိုပြီးရောင့်တက်လာတယ်..

လိုက်လိုက်လျောလျောဆက်ဆံတယ်...
ခေါင်းကိုပါ တက်နင်းချင်လာတယ်..

မျက်နှာသာပေးတယ်....
မလေးမစားလုပ်လာတယ်..

စေတနာထားတယ်...
စော်ကားမော်ကား လုပ်လာတယ်..

နေရာပေးတယ်
မာန်တွေ တက်လာတယ်..

အဲ့ဒီလိုလူတွေနဲ့တွေ့ဆုံရပြီဆိုရင်
ကိုယ့်စိတ်ကို သက်သာရာရအောင်
လုပ်စရာက တစ်ခုပဲရှိတော့တယ်..
အဲ့ဒါကတော့ ဥပေက္ခာပြုထားခြင်း
(လျစ်လျူရှုခြင်း)ပဲပေါ့..

အစဥ်လေးစား ချစ်ခင်နေလျှက် .......


#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

13/01/2023

ဟန်ဆောင်ကောင်းမှ
လူလေးစားခံနေရတဲ့ ခေတ်မှာ
အရှိကိုအရှိအတိုင်းနေတတ်တဲ့
သင်ဟာ အရာမဝင်တဲ့သူတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

အပြောကောင်းမှ
လူအထင်ကြီးခံနေရတဲ့ ခေတ်မှာ
အမှန်ကိုအမှန်အတိုင်းပြောတတ်တဲ့
သင်ဟာ လူ့ကန့်လန့်တစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ပေးနိုင် ကမ်းနိုင်မှ
မျက်နှာကောင်းရနေတဲ့ခေတ်မှာ
ဝမရွိဘဲ ဝိမလုပ်တတ်တဲ့
သင်ဟာ အပယ်ခံတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ကပ္ဖား ရပ်ဖားလုပ်မှ
နေရာကောင်းရနေတဲ့ ခေတ်မှာ
ကိုယ့်လမ်းကိုယ်ဖောက်ဖို့ကြိုးစားနေတဲ့
သင်ဟာ လူရယ်ချင်စရာ
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

သူတစ်ပါးကိုနင်းခွနိုင်မှ
အထက်ကိုရောက်နိုင်တဲ့ခေတ်မှာ
ကိုယ့်ထက်နိမ့်ကျသူတွေကို
တတ်နိုင်သလောက်တွဲယူချင်နေတဲ့
သင်ဟာ လူနုံလူအတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

သူတစ်ပါးကို တွန်းတိုက်ပြီးမှ
အောင်မြင်နိုင်တဲ့ခေတ်မှာ
လိပ်ပြာသန့်သန့်နဲ့အသက်ရှင်နေထိုင်
နိုင်အောင်ကြိုးစားနေတဲ့သင်ဟာ
လူတွေနဲ့အံမဝင်သူတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ဒါပေမယ့်...
လူရာမဝင်လို့လည်း
အားငယ်မနေပါနဲ့။

ဖယ်ကျဉ်ခံနေရလို့လည်း
သိမ်ငယ်မနေပါနဲ့။

အလှောင်အပြောင်ခံနေရလို့လည်း
ဒေါသထွက်မနေပါနဲ့။

ကဲ့ရဲ့ခံနေရလို့လည်း
စိတ်ဓာတ်ကျမနေနဲ့။

မထီမဲ့မြင်အပြုခံနေရလို့လည်း
ဝမ်းနည်းမနေပါနဲ့။

မသမာသူတွေရဲ့ စည်းအပြင်ဘက်ကို
ရောက်နေလို့လည်း ပူပန်မနေပါနဲ့။

သင် ငယ်ငယ်တုန်းက
အရမ်းကြိုက်နှစ်သက်ခဲ့ကြတဲ့
စင်ဒရဲလားပုံပြင်လေးကိုမှတ်မိဦးမယ်
ထင်ပါတယ်။

စိတ်ထားယုတ်မာတဲ့မိထွေးနဲ့
ညီအစ်မတွေကြားမှာ ဝိုင်းဝန်း
လက်ညိုး အထိုးခံပြီးကြီးပြင်းလာရတဲ့
စင်ဒရဲလားလေးဟာနောင်တစ်ချိန်မှာတော့
ပျော်ရွှင်စရာတွေနဲ့ ဇာတ်သိမ်းခဲ့ရပါတယ်။

ဒါက ပုံပြင်ထဲမှာပဲလေ
အပြင်လောကမှာတော့
ဒီလောက် ကံမကောင်းနိုင်ဘူးလို့
စောဒကမတက်လိုက်ပါနဲ့။

သင့်ကံကြမ္မာဆိုတာ
သင့်လက်ထဲမှာရှိတဲ့ သင်ပိုင်ဆိုင်တဲ့
အဖိုးတန်ရတနာတစ်ခုပါ။

သင်ကောင်းရင် သင့်ကံလည်း
ကောင်းနေမှာဖြစ်သလို
သင်ဆိုးရင်တော့ သင့်ကံလည်း
ဆိုးနေပါလိမ့်မယ်။

လက်ရှိအခြေအနေမှာ
မအောင်မြင်ခြင်း၊ဆုံးရှုံးခြင်း၊
အနှိမ်ခံရခြင်းတွေအတွက်
စိတ်ပျက်နေစရာမလိုပါဘူး။

ဘယ်သူ့ကိုမှ၊လဘယ်အရာကိုမှ
အပြစ်တင်နေဖို့လည်းမလိုပါဘူး။

"သူကောင်းဖို့မလိုပါ။
ကိုယ်ကောင်းဖို့သာလိုပါတယ်"
ဆိုတဲ့စကားလေးအတိုင်းပါပဲ။

သင်ကသူတစ်ပါးအပေါ်
ကောင်းနေပါလျှက်နဲ့
တစ်ဖက်သားကသင့်အပေါ်
မကောင်းတာတွေနဲ့ကြုံရတဲ့အခါ
ဒီစကားလေးကိုသတိရလိုက်ပါ။

သူ မကောင်းတာက
သူ့ရဲ့တာဝန်ပါ။
သင် ကောင်းဖို့ကတော့
သင့်ရဲ့တာဝန်ပဲပေါ့။

သူ မကောင်းလို့သင်လည်းတုံ့ပြန်ပြီး
မကောင်းတာတွေပြန်လုပ်မယ်ဆိုရင်
သင်လည်းသူနဲ့အဆင့်တူ၊
မကောင်းတဲ့လူဖြစ်သွားမှာပါပဲ။

အရေးကြီးဆုံးကတော့
လောကမှာကိုယ့်တာဝန်
ကိုယ်ကျေပွန်အောင်
ထမ်းဆောင်တတ်ဖို့လိုပါတယ်။

လောကမှာ တာဝန်ကျေပွန်တဲ့
သူဟာ သေတာတောင်မှ
နောင်တနဲ့မသေရတတ်ပါဘူး။


#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

12/01/2023

အကယ်၍ အသက်ရှည်ရှည်
နေခွင့်ရခဲ့မယ်ဆိုရင်ပေါ့ .....
==================

အိုမင်းမစွမ်းလို့ ဘယ်သူကမှ
ကူမထမ်းချင်တဲ့
အရွယ်အနေအထားထိလည်း
အသက်အိုးအိမ်ခန္ဓာကို မရှည်လိုပါဘူး .....

သြကာသ ကန်တော့ချိုးနဲ့
ငါးပါးသီလကို ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ရွတ်ဆိုရှိခိုးနိုင်တဲ့ အရွယ်အစားထိပဲ
နေသွားချင်တယ် .....

ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ဆွမ်းတော် ပန်းတော်ကပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် ....

ကိုယ့်လက် ကိုယ့်ပါးစပ်နဲ့
ရေတော် မီးတော်ကပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

ကိုယ့်ခြေ ကိုယ့်လက်နဲ့
ခူးခပ်စားနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် ....

ကိုယ့်ခြေ ကိုယ့်လက်နဲ့
အိပ်ရာပြင်အိပ်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

ကိုယ့်ခြေ ကိုယ့်လက်နဲ့
ရေအိမ်တက်နိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

ကိုယ့်ခြေ ကိုယ့်လက်နဲ့
ရေခပ်ချိုးနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ် .....

အိုမင်းမစွမ်းဖြစ်သွားလို့ဆိုပြီး
တစ်ဦးတစ်ယောက်ရဲ့
ပမာမခန့်ပြုတာမျိုးကို မခံချင်သလို
တစ်ဦးတစ်ယောက်ရဲ့
ငြိုငြင်ပြစ်တင်တာမျိုးကိုလည်း မခံချင်ဘူး.....

ကိုယ့်ကြောင့်
ဘယ်ကလေးသူငယ်တွေကိုမှ
အပြစ်မဖြစ်စေချင်သလို
ဘယ်ကလေးသူငယ်ကြောင့်မှလည်း
ကိုယ်ဟာ အပြစ်အဖြစ်မခံနိုင်ဘူး.....

ကိုယ့်ချေးဝတ် သေးဝတ်တွေကို
ဘယ်သူ့ကိုမှ မလျှော်ဖွပ်စေချင်လို့
ချေးလွတ်သေးလွတ်နဲ့ သတိမလွတ်သေးတဲ့
အရွယ်အစားလောက်ပဲ နေသွားချင်တယ် .....

အကယ်၍ အသက်ရှည်ရှည်
နေခွင့်ရခဲ့မယ်ဆိုရင့်ပေါ့....

ရတနာသုံးပါးကို ရတနာသုံးပါးလို့
အသိအမှတ်ပြုနိုင်တဲ့
အရွယ်အစားထိပဲ နေသွားချင်တယ်.....

အသိသတိလွတ်ပြီး
ရင်ထဲမှာ ဘုရားတရားမရှိ
ကိုယ်ခန္ဓာမှာ ဘာအဝတ်အစားမှ
မရှိတဲ့အထိတော့ နေမသွားချင်ဘူး .....

ကိုယ်မှီခိုရမယ့်
ပတ်ဝန်းကျင်ကို အားနာတယ်
ကိုယ့်ကြောင့် သူတို့
မနိုင်မနင်းဖြစ်ရှာမှာစိုးတယ် .....


#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

10/01/2023

"ထပ်ခါထပ်ခါ ပြန်ဖတ်ကြည့်ပါ"
==========================

လောကမှာ ဖုံးကွယ်လို့မရတဲ့ အရာ (၃) ခု

၁။ ပညာမတတ်တာ
၂။ ဆင်းရဲတာ
၃။ ချစ်တာ

အဲ့ဒီ သုံးခုက ဖုံးကွယ်လေလေ ပေါ်လွင်လေလေမို့ပါ

လောကမှာ လက်မလွှတ်သင့်တဲ့ အရာ (၃) ခု

၁။ ယုံကြည်မှု
၂။ မျှော်လင့်ချက်
၃။ ရိုးသားမှု

လက်လွှတ်လိုက်လေလေ (နောင်တ)ရလေလေမို့ပါ

လောကမှာ ဆိုင်းငံထားလို့မရတဲ့ အရာ (၃) ခု

၁။ အသက်
၂။ အချိန်
၃။ ချစ်ခြင်း တရား

ဆိုင်းငံ့ထားလေလေ ဝေးကွာလေလေမို့ပါ

လောကမှာ ဆောင်ထားရမယ့် အရာ (၃) ခု

၁။ ရိုးသားမှု
၂။ လေးစားမှု
၃။ ခင်မင် ဖော်ရွေမှု

ဆောင်ထားလေလေ (နောင်တ) ကင်းလေလေမို့ပါ

လောကမှာ ရှောင်ရှားသင့်တဲ့ အရာ (၃) ခု

၁။ မလိုတမျိုးလိုတမျိုးသူငယ်ချင်း
၂။ ကွယ်ရာမကောင်းပြောတဲ့ မိတ်ဆွေ
၃။ နှုတ်မစောင့်စည်းသော အပေါင်းအသင်း

ရှောင်ရှားနိုင်လေလေ စိတ်အေးချမ်းလေလေမို့ပါ ။

လောကမှာ နောက်ကိုမရွေ့သင့်တဲ့ အရာ (၃) ခု

၁။ အလှုအတန်း
၂။ မိဘ ကျေးဇူး ဆပ်ခြင်း
၃။ တရား ဘာဝနာ

နောက်ရွေ့လေလေ နောင်တရလေလေ မို့ပါ

လူတိုင်းအတွက်အကျိုးရှိမယ်လို့
ကျွန်တော် ထင်ပါတယ်
လူတိုင်းဖတ်လိုသောစိတ်သိလိုသော
စိတ်နဲ့ ကျွန်တော် တင်ပေးရခြင်းဖြစ်ပါတယ်ဗျာ




#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

09/01/2023

ဖတ်ဖြစ်အောင် ဖတ်ပေးနော်
မဖတ်ဖြစ်ရင်တောင်မှ Save ထားပေါ့
အားလပ်ချိန် ပြန်ဖတ်လိုရအောင်
အောက်ကရေးထားတဲ့ စာသားနဲ့
အပြင်မှာ တညီထဲဖြစ်ဖူး ကြုံဖူးကြမှာပါ :-)

ညနေ တစ်ခုမှာ
ဆိတ်လေး တစ်ကောင်ဟာ
တောင်ကုန်းပေါ်မှာ ဆော့နေတယ်။

ရုတ်တရက်
သစ်ပင် ခြုံကြားထဲက
ဝံပုလွေတစ်ကောင် ရောက်လာပြီး
ဆိတ်ကို စားမယ်ပြင်တယ်။

ဆိတ်လေးဟာ
အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို
အကူအညီ လှမ်းတောင်းတယ်။

နွားက
သစ်ပင်ခြုံထဲက တစ်ချက်လှမ်းကြည့်ပြီး
ဝံပုလွေကို မြင်တော့ ပြေးပါလေရော။

မြင်းက
ခေါင်းငုံပြီး တစ်ချက်ကြည့်၊
ဝံပုလွေကိုတွေ့တော့ ဝှစ်ကနဲကိုပြေးပြန်ရော။

၀က်ကလည်း
ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့
ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။

တောင်အောက်မှာရှိတဲ့ ခွေးလေးက
ဆိတ်အော်သံ ကြားတော့
ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲက ဖြတ်ပြီး
ဝံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။

ဝံပုလွေ နာလွန်းလို့ ထအော်တယ်၊
ခွေးမာန်ဖီ လိုက်တော့
လန့်ပြီး ပြေးပါလေရော။

အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေ
အားလုံး ရောက်လာတယ်။

နွားက
နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ..
ငါ့ဂျိုနဲ့ သူ့ဗိုက်ပေါက်အောင် လုပ်ပစ်မှာပေါ့။

မြင်းက
နင်က ဘာလို့ ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့။

ဝက်က
နင် ငါ့ကို ခေါ်ရောပေါ့
ငါတစ်ချက် ပက်လိုက်ရင်
သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ။

အဲ့လို ပြောသံတွေကြားမှာ
ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ်ဆိုတာ
စကားအလှတွေ သုံးနေစရာမလိုပါဘူး။

တစ်ကယ် လိုအပ်ချိန်မှာ
မင်းကို လက်လှမ်း ကူညီတဲ့သူဟာ
မိတ်ဆွေစစ်ပါ။

************************

အနားမှာရှိနေတဲ့ သူငယ်ချင်းတွေ၊
ခင်မင်နေတဲ့ သူငယ်ချင်းတွေဟာ
သူငယ်ချင်းအစစ် ဟုတ်မဟုတ်
မသေချာသေးပါ။

တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်း
ပေါင်းသင်းနေတာ မဟုတ်ပေမယ့် မင်းတစ်ကယ် အကူအညီ လိုအပ်နေချိန်မှာ
အပိုမပြောပဲ ကူညီတဲ့သူ ဂရုစိုက်တဲ့ သူသာ
တစ်ကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်ပါပဲ။

ဘ၀မှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ
သူငယ်ချင်းကောင်းများ ပိုင်ဆိုင်ကြပါစေ....


#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

08/01/2023

ကိုယ့်မှာ ပိုက်ဆံ မရှိတဲ့ အချိန်
တစ်ယောက် ထဲ နေပါ....

ကိုယ့်မှာ ပိုက်ဆံ မရှိရင် လက်ဖက်ရည် ဆိုင် ၊
ထိုင် ပြီ တခြား သူ တွေ ငါ ရှင်း လိုက်မယ် ၊
သူရှင်း လိုက်မယ် ပြော နေ ချိန် .
မျက်နှာ ငယ်လေး နဲ့ မင်း၊
ကြည့် နေရ လိမ့် မယ် .....

ကိုယ့် မှာ မရှိတဲ့ အချိန် မင်း ကို စားပါအုံး လို့၊
ပြော တဲ့ လူ တွေ ရဲ့ အသံ ကို ၊
ဝတ်ကျေ တန်းကျေ အသံ လောက် ပဲ ၊
မင်း ကြား ရလိမ့်မယ် ....

ကိုယ့် မှာ မရှိတဲ့ အချိန် မင်း ကို ၊
တစ်ခု ပေး တစ်ခု ကျွေး ပြီး၊
ပညာသား ပါ တဲ့ လူ တွေ က ၊
မင်း ကို ပညာသား ပါ ပါ တခုခု၊
ပြန် ခိုင်းတာ ခံ ရတတ် တယ်....

ကိုယ့် မှာ မရှိတဲ့ အချိန် မင်း ကို ၊
ဘယ်သူ မှ ကြိုဆို နေ ကြမှာ မဟုတ်ဘူး

အဲ့လူ တွေ ကို လဲ အပြစ် မတင်လိုက်ပါနဲ့၊

မင်း လဲ အပြစ် မရှိပါဘူး

လောက နိယာမ သဘာဝကိုက၊

ဘယ်သူမှ လွန်ဆန်လို့မရပါဘူး

ကိုယ့် မှာ မရှိရင်
တစ်ယောက်ထဲ နေခြင်း ဟာ ၊
မျက်နှာ မငယ်ရတော့ ပါဘူး ...

မျက်နှာ ငယ်ခံ ပြီး စားရတာ ထက် ၊
အငတ် ခံ လိုက်တာ က ပို ပြီ အဆင်ပြေပါတယ် ...

ကိုယ့် ကို မကြိုဆို မယ့် ဘယ်နေရာ မှ ၊
မသွား မိ စေ နဲ့၊

ကိုယ့် အတွက် ဝန်လေး စေမယ် ထင်ရင်၊
ဘယ်သူ မှ မသိအောင် ရှောင် ထွက်လိုက် ပါ...

အတတ် နိုင် ဆုံး တစ်ယောက် ထဲ နေ ကြည့်၊
ရှေ့ ဆက် အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစား ၊

ပိုက်ဆံ ရအောင်ရှာ ကိုယ့် မှာ ရှိလာ ပြီ ဆို ကိုယ့် လို ၊
ခံစား ဖူး တဲ့ လူ တွေ ကို ကိုယ်ချင်စာ၊
ဖေး မ ကူညီ ပေးလိုက်ပါ....

#ကျွန်တော်ဖတ်ဖို့

#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

07/01/2023

"မထားသင့်သောပညာမာန"

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ အလွန်တော်တဲ့ ပန်းပုဆရာတစ်ယောက် ရှိပါသတဲ့။
သူ့ရဲ့ပန်းပုပညာဟာ ဘယ်လောက်လက်ရာမြောက်သလဲဆိုရင် အစစ်နဲ့တောင် ခွဲဖို့ ခက်လှပါတယ်။

တစ်ညမှာတော့ ပန်းပုဆရာဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်တယ်။အိပ်မက်ထဲမှာ သေမင်းက နောက် ၁၅- ရက်အကြာမှာ သူ့ကိုလာခေါ်မယ်လို့ အသေအချာပြောသွားတာမို့ ပန်းပုဆရာဟာ အရမ်းတုန်လှုပ်သွားခဲ့တယ်။

ဒါနဲ့ သူနဲ့ပုံစံတူ ပန်းပုရုပ် ( ၉ )ရုပ်ကို နေ့မနား ညမနား ပြီးမြောက်အောင် ထုလုပ်ပါတော့တယ်။သေမင်းလာခေါ်မယ့် နေ့မှာတော့ ပန်းပုဆရာဟာ သူ့ပုံစံတူ ပန်းပု( ၉ )ရုပ်တွေကြားမှာ ရောပြီးဝင်နေလိုက်တယ်။

သေမင်းဟာ ပန်းပုဆရာ ( ၁၀ )ယောက်ကို မြင်လိုက်ရတဲ့ အချိန်မှာ ပန်းပုဆရာလား ရုပ်ထုလား ခွဲခြားမရတဲ့အတွက် အတော်အကြပ်ရိုက်သွားတယ်။

ပန်းပုဆရာကိုလည်း စိတ်ဆိုးဆိုးနဲ့ ထွက်လာဖို့ပြောပေမယ့် ပန်းပုဆရာက မလှုပ်မယှက် ဟန်ဆောင်ထားတဲ့အတွက် အရာမရောက်ဘူး။

အတန်ကြာ စဉ်းစားပြီးတော့မှ သေမင်းကစကားတစ်ခွန်း ပြောလိုက်တယ်။

``ပန်းပုဆရာ သင့်ရဲ့ပန်းပုရုပ်တွေဟာ တကယ့်ကို အစစ်နဲ့မခြား အသက်ဝင်လှပါတယ် ဒါပေမယ့် အားနည်းချက်တစ်ခုရှိနေတာကိုတော့ သင်သတိမထားမိခဲ့ဘူး´´

ပန်းပုဆရာဟာ သူ့ပညာနဲ့ ကြံဆထုလုပ်မူအပေါ် ဝေဖန်လိုက်တဲ့ အားနည်းချက်ဆိုတဲ့ စကားကို မခံမရပ်နိုင်ဖြစ်သွားတယ်။

ဒါကြောင့် ရုပ်ထုတွေကြားထဲက ထွက်ပြီးမေးလိုက်တယ်။

``ကျွန်တော့ အားနည်းချက်ဆိုတာ ဘယ်မှာလဲ ပြပါ´´

သေမင်းက သူ့ကိုဖမ်းလိုက်တယ်။ပြီးတော့ ပြောလိုက်တယ်။

``ဒီမှာပဲ´´

တကယ်တော့ ရုပ်ထုတွေ အားလုံးဟာ အားနည်းချက်မရှိအောင် ပြည့်စုံကောင်းမွန်လှပါတယ်။

ပန်းပုဆရာဟာ သူ့ရဲ့ပညာအပေါ်ထားတဲ့ မျက်မာန်ဒေါသကြောင့်ပဲ သေမင်းရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ်။

သင်ခန်းစာ
--------------
အတွေးအခေါ်တွေ ပညာတွေဟာ ပြည့်စုံကောင်းမွန်နေခဲ့ရင်တောင် ဒီပညာအပေါ်ထားရှိတဲ့ မာန်မာန ဒေါသတွေကြောင့် ကျရှုံးသွားနိုင်ပါတယ်။📖

( ဘာသာပြန်ဆိုထားပါသည် )
Credit မှတ်စုကြမ်း
လေးစားစွာဖြင့် 𝐂𝐫𝐞𝐝𝐢𝐭 Original Author & Uploader
စာပေသုတများပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။
#စာပေချစ်သူများဆုံဆည်းရာ

#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

05/01/2023

📖📖📖
ကျွဲတစ်ကောင်ဟာ
သူအရမ်းမြတ်နိုးတန်ဖိုးထားတဲ့
သိပ်လှသောသူ့ရဲ့ဦးချိုလေးကို အိုင်ထဲမှာကြည့်ပြီး
ဝမ်းသာပီတိတွေနဲ့ သူ့ဘဝသူကျေနပ်နေရှာတယ်။

နှစ်အနည်းငယ်ကြာလာတာနဲ့မျှ
တဖြည်းဖြည်းရှည်လာတဲ့သူ့ရဲ့ဦးချိုက ကျောပြင်နဲ့
ဗိုက်အနားတစ်ဝိုက်ကို
စတင်ထိုးစိုက်ဝင်လာခဲ့တယ်။

ဒီလိုနဲ့ပဲ
သွေးယိုစီးနေတဲ့ဒဏ်ရာက နာကျင်နေရပေမယ့်
ဦးချိုကို ချိုးထုတ်လိုက်ရင်
ဒီထက်ပိုနာကျင်လေမလားဆိုတဲ့အတွေးနဲ့
မချိုးထုတ်ရက်ပဲ
နာကျင်မှုတွေနဲ့ နေ့ရက်တွေကိုရှေ့ဆက်နေခဲ့တယ်။

ဒါကို ကျီးတစ်ကောင်ကတွေ့တော့
ကျွဲကိုမေးတယ် ဒဏ်ရာတွေနဲ့ဘဝကိုရှေ့ဆက်နေတာ
မနာကျင်ဘူးလား သင့်ရဲ့ဦးချိုကို
ချိုးထုတ်လိုက်ပါလားတဲ့။

ကျွဲပြန်ပြောတာက
ချိုးထုတ်ချင်ပေမယ့် ဒီထက်ပိုနာကျင်ရမှာကြောက်လို့
ဒီအတိုင်းလေးထားထားတာပါ။

ကျီးကနောက်တစ်ခါ ထပ်ပြောတယ်
သူပြောတာယုံပါ
နာကျင်ခံပြီးအဓိပ္ပါယ်မဲ့နေတာနဲ့စာရင်
ချိုးထုတ်လိုက်စမ်းပါ
ဒီတော့မှကျွဲက ကျီးစကားကိုနားထောင်ပြီး
ချိုးထုတ်လိုက်တော့
ဒဏ်ရာက ရက်အနည်းငယ်အတွင်း
သိသိသာသာ သက်သာသွားခဲ့တယ်။

နောက်ဆုံးတော့ ကျွဲဟာ ဦးချိုကို
စွန့်လွှတ်ဆုံးရှုံးလိုက်ရပေမယ့်
နာကျင်ဒဏ်ရာတွေလည်း အချိန်နဲ့မျှ
သက်သာသွားခဲ့တယ်လေ။

ဘဝမှာ
ကိုယ်အရမ်းမြတ်နိုးတန်ဖိုးထားပြီး
မျှော်လင့်ထားတဲ့
အရာတွေက တခါတရံမှာကိုယ့်အတွက်
နာကျင်စရာတွေ
ဖြစ်မှန်းမသိ ဖြစ်နေတတ်သလို
အဆိပ်အတောက်တွေလည်းဖြစ်နေတတ်ပါတယ်။

နာကျင်ရမှာကြောက်လို့
ဆုပ်ကိုင်ထားလေ ပိုနာကျင်ရလေပါပဲ
အစွဲအလမ်းကြီးလွန်းတဲ့စိတ် တက်မက်လွန်းတဲ့
စိတ်ကိုပြင်ပြီး
နာကျင်စရာတွေကြားမှာ
စွန့်လွှတ်သင့်တာကို ပြတ်ပြတ်သားသားစွန့်လွှတ်နိုင်မှ
ဘဝဟာ ပိုတန်ဖိုးရှိမှာပါ။

လေးစားစွာဖြင့်မျှဝေခြင်းဖြစ်ပါသည်
(မူရင်းဘာသာပြန်ရေးသားသူ)အားလေးစာလျှက်


#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

02/01/2023

မိဘအပေါ်မှာ သိတတ်ပါ
********************
ဖတ်ကြည့်နော်…

သား သမီးတွေ အနေနဲ့
မိဘအပေါ်မှာ သိတတ်ခြင်းက…

မိဘကို
ပီတိပေးတာနဲ့ အတူတူပါပဲ၊
ကုသိုလ်ပေးတာနဲ့ အတူတူပါပဲ။

သား သမီးတွေရဲ့ သိတတ်မှုက…
မိဘတွေအတွက်
ပီတိကမ္ဘာကြီးပါပဲ၊

သား သမီးတွေရဲ့ သိတတ်မှုက…
မိဘတွေအတွက်
ကုသိုလျစကျွာဝဠာကွီးပါပဲ။

လိမ်မာတဲ့ သား သမီး
သိတတ်တဲ့ သား သမီးတွေကို
အကြောင်းပြုပြီးတော့
မိဘတွေမှာ
ပီတိတွေ ဖြစ်ကြရတယ်၊

မေတ္တာကုသိုလ်တွေ
တိုးပွားရရှိကြတယ်။

ကိုယ့်ရဲ့ သား သမီးလေးတွေများ
မိဘအပေါ် သိတတ်ကြရင်

မိဘတွေကလေ…

#သြော်…
" ငါ့သားလေးက လိမ္မာလိုက်တာ
သိတတ်လိုက်တာ,

ငါ့သမီးလေးက လိမ္မာလိုက်တာ
သိတတ်လိုက်တာ"ဆိုပြီး

ဂုဏ်ယူမဆုံး ပျော်တပြုံးပြုံးနဲ့
ပျော်ရွှင် ကြည်နူးကြတယ်၊
ဝမ်းသာပီတိ ဖြစ်ကြတယ်၊
အကြိမ်ကြိမ် သာဓုခေါ်ကြပါတယ်။

"ငါ့သားလေး ကျန်းမာပါစေ
ချမ်းသာပါစေ
ဘေးရန်ကင်းပါစေ,

အသက်ရှည်လို့ ဘုန်းကြီး
ဘုန်းကြီးလို့ အသက်ရှည်ပါစေ,

ငါ့သမီးလေး ကျန်းမာပါစေ
ချမ်းသာပါစေ
ဘေးရန်ကင်းပါစေ,

အသက်ရှည်လို့ ဘုန်းကြီး
ဘုန်းကြီးလို့ အသက်ရှည်ပါစေ-
စသည် စသည်ဖြင့်
မေတ္တာတွေ
ဗလဝ ပို့သနေတတ်ကြပါတယ်။

ဒါကြောင့်…
မိဘအပေါ်မှာ သိတတ်ပါ။

အရှင်တေဇနိယ(သပြေလှ)

Credit-
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်
မေတ္တာဖြင့်…DNTZ..🙏🙏🙏

#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

01/01/2023

✅ " မိတ်ဆွေ ခင်ဗျား စိတ်ညစ်နေတယ် "..တဲ့လား ✅
⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹

" ကျွန်တော် စိတ်တွေ ညစ်နေတယ်"...
"ကျွန်တော့်ဘဝ က အခုအချိန်မှာ အရမ်းကို အထီးကျန်နေတယ်"...
"ကျွန်မ မပျော်မရွှင် ဖြစ်ပြီး စိတ်ဓာတ်တွေ ကျနေတယ်"...
" ငါ လေးက တော်တော် ကံဆိုးတာပဲ "...
" ငါ့ အတွက် ဘယ်အရာမှ ကံမကောင်းပါဘူး"...
"လောကကြီးက မတရားဘူး"...

ဒါက ကျွန်တော့်တို့ လူမှု အသိုင်းအဝိုင်း တွေကြားမှာ ကြားနေရတဲ့စကားတွေပါ။

အမြဲတမ်းပဲ ကြားနေရတဲ့စကားတွေဆိုရင်လည်း မမှားပါဘူး။

ကျွန်တော် က အဲ့လိုမျိုး ငြီးတွားနေကြတဲ့ လူတွေရဲ့ အသံတွေကို ကြားတိုင်း "သူတို့ဘာတွေကြောင့်များ စိတ်ညစ်နေတာကြတာလဲ " ဆိုတာကို ကြည့်ဖြစ်တယ်။

အဲ့လို ကြည့်လိုက်တဲ့ အခါတိုင်းလည်း ( ငြီးတွားနေတဲ့လူ အများစု ) က ..,
သူတို့ရဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ကောင်းကြတယ်။
သူတို့မှာ နေစရာအိမ်လေး တစ်လုံးရှိတယ်။
သူတို့မှာ ဖုန်းလေး တစ်လုံးရှိတယ်။
သူတို့မှာ မျက်လုံးကောင်းသေးတယ်။
သူတို့ စကားပြောနိုင်တယ်။
သူတို့မှာ လက်တွေ ၊ ခြေတွေ ရှိတယ်။
သူတို့မှာ မိသားစုတွေရှိတယ်။
သူတို့မှာ ဆွေးမျိုးတွေရှိတယ်။

စသည်ဖြင့် တော်တော်များများ သူတို့မှာ ရှိနေကြတာကို တွေ့ရတယ်။

❗️အဲ့လိုတွေ ရှိနေတာကိုတောင်မှပဲ ဘာကြောင့်များ စိတ်ညစ်နေကြတာပါလဲ...⁉️

❗️

လွန်ခဲ့သော တစ်နှစ်ခန့်က ကျွန်တော်နဲ့ မိတ်ဆွေအချို့
"မိဘမဲ့ကလေးကျောင်း" လို့ခေါ်တဲ့ အခြေအနေအမျိုးမျိုးကြောင့် မိဘ ၊ ဆွေမျိုး အသိုင်းအဝိုင်း က စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကလေးလေးတွေ ၊ အဖေ အမေ ဘယ်သူမှန်းတောင် မသိတဲ့ကလေးလေးတွေ ကို ပြုစုစောင့်ရှောက် နေတဲ့ နေရာ ကို ရောက်ခဲ့တယ်။

" ဘိုးဘွာရိပ်သာ / တစ်နည်းအားဖြင့် ( လူအိုရုံ) " လို့ ခေါ်တဲ့ အခြေအနေအရပ်ကြောင့် သား/သမီး ၊ ဆွေမျိုး အသိုင်းအဝိုင်း က လာရောက်ထားကြတဲ့ အဘိုးအဘွားတွေ ၊ အိပ်ခြေရာမ့ဲ ၊ ကူညီရာမဲ့ ၊ ရောဂါဘယ ထူပြောနေ တဲ့ သက်ကြီးရွယ်အိုတွေ ကို ပြုစုပေးနေတဲ့ နေရာကို ရောက်ခဲ့တယ်။

အဲ့ဒီက လူတွေရော ပျော်နေမယ်လို့ ခင်ဗျားထင်လား။
ခင်ဗျားရဲ့ အဖြေ က "No" ဆိုရင်တော့ ခင်ဗျား အဖြေမှားတယ်လို့ပဲ စိတ်မကောင်းစွာနဲ့‌ ပြောပါရစေ။

ဘာလို့လဲဆိုတော့..
သူတို့တွေရဲ့မျက်နှာတွေမှာ (မိဘမဲ့ကလေးတွေနဲ့၊ ကူညီရာမဲ့ အဘိုးအဘွားများ) ကျွန်တော် အစောပိုင်းကပြောခဲ့သလို စိတ်ညစ်ပါတယ်ဆိုပြီး ငြီးတွားနေတဲ့ လူတွေရဲ့ မျက်နှာတွေလို စိတ်ညစ်တဲ့ အရိပ်အယောင်တွေ မတွေ့ရလို့ပါ။

သူတို့တွေ ရဲ့ မျက်နှာတွေမှာ ဖြူစင်တဲ့ ပြုံးရိပ်တွေ ၊ ပျော်နေကြတဲ့ အမူအရာတွေ ရှိနေတယ်။

အဲ့လိုလူတွေတောင် ပျော်အောင်နေနိုင်သေးတာ ၊ ခင်ဗျားက စိတ်ညစ်နေတယ်..တဲ့လား။
(အဲ့လိုလူတွေကို နှိမ့်ချ ခြင်း မဟုတ်ပါ)

❗️

( ကျွန်တော် အခု ဆက်ပြောမဲ့ အကြောင်းတွေက ခင်ဗျား အောက် က လူတွေကိုငုံကြည့်ပြီး အပြစ်တင်ဖို့ ပြောတာ မဟုတ်သလို ၊ သူတို့နဲ့ သွားပြီးနှိုင်းယှဥ်ခိုင်းတာလဲ မဟုတ်ဘူး ဆိုတာကို ခင်ဗျားကိုသဘောပေါက်
စေချင်ပါတယ်)

ကျွန်တော် တို့ဆက်ပြီး ကြည့်ရအောင်ပါ။

ဆိုတော့ဗျာ။
ခင်ဗျား အနေနဲ့ အဲ့ဒီလို မိဘမဲ့ ဂေဟာ ကို တစ်ခါလောက် သွားရောက်ဖူးမယ်ဆိုရင် ကျွန်တော် ဘာကို ဆိုလိုချင်တာလဲ ဆိုတာကို သဘောပေါက်မယ် ထင်ပါတယ်။

- ခင်ဗျား ဒီစာကို ဖတ်နေကတည်းက ခင်ဗျားမှာ ဖုန်း တစ်လုံး ရှိတယ်ဗျာ။

ဆင်းရဲ ချို့တဲ့ပြီး ၊ လမ်းပန်းဆက်သွယ်ရေးမကောင်း ၊
ညစာထမင်းစားဖို့ အတွက်ကို နေ့လည်နေပူထဲမှာ မနားမနေ အလုပ်လုပ်နေရတဲ့ သူတွေ ၊ စားစရာဘာမှ မရှိလို့ ရေသောက်ပြီး လှဲအိပ်နေရတဲ့သူတွေ ၊ တစ်နေ့လုပ်မှ တစ်နေ့စားရပြီး ၊ အလုပ် တစ်နေ့မလုပ်တာနဲ့ဘာမှ စားစရာမရှိအောင် ဆင်းရဲမွဲတေနေတဲ့ သူတွေ က ခင်ဗျား လို ဖုန်းလေး တစ်လုံးလောက်ရှိမယ်ထင်လို့လား။

- ခင်ဗျား စာဖတ်နေတယ်ဆိုကတည်းက ခင်ဗျား စာတတ်တယ်ဗျာ။
လမ်းဘေးမှာ အမှိုက်ကောက်ပြီး မိသားစု ထမင်းဝိုင်းကို ပံ့ပိုးပေးနေရတဲ့ ကလေးငယ်လေး တွေက ခင်ဗျားလို စာဖတ်တတ်ဖို့ကျောင်းတက်ခဲ့ရမယ် ထင်လား။

- ခင်ဗျားရဲ့ မျက်လုံးတွေ မြင်လို့သာလျှင် ဒီစာကို ခင်ဗျား ဖတ်နိုင်တာပါ။
မွေးရာပါ မျက်စိမမြင်ရတ့ဲသူတွေ ၊ အကြောင်းအမျိူးမျိုးကြောင့် မျက်စိကန်းသွားတဲ့ သူတွေက ခင်ဗျားလို ဒီစာကို မြင် ရမယ်လို့ ထင်လား။

- ခင်ဗျား လစာ တစ်သိန်းခွဲ (၁၅၀,၀၀၀) (၂၀၀,၀၀၀,)ရလို့စိတ်ညစ်နေတဲ့ အချိန်မှာ ထမင်းတစ်နပ်စားရဖို့ အသဲအသန် ရုန်းကန်နေရတဲ့ သူတွေ ရှိတယ်။

- ခင်ဗျား လမ်းလျှောက်နေရလို့ ငြီးညူနေတဲ့ အချိန်မှာ ဖိနပ်စီးခွင့်တောင် မရတဲ့
ကိုယ်လက်အင်္ဂါ မပြည့်စုံသူတွေရှိတယ်။

" ခင်ဗျားမှာ ဒီလိုတွေ ရှိနေတာကိုတောင်မှ ခင်ဗျားက စိတ်ညစ်နေတယ်..တဲ့လား"

❗️

ပြောချင်တာကဗျာ။ ခင်ဗျားတို့ကို သူတို့နဲ့သွားပြီး နှိုင်ယှဥ်ခိုင်းတာ မဟုတ်ပါဘူး။

ခင်ဗျားတို့ ကိုယ်ကို ခင်ဗျားတို့ စိတ်ညစ်နေတယ်လို့ထင်ရင် သူတို့ကို အားနာဖို့ပါ။

"လောကမှာ ခင်ဗျားတို့ထက် အခြေအနေဆိုးတဲ့သူတွေအများကြီးပဲ ရှိတယ် ဆိုတာကို မမေ့ပါနဲ့ "

အဲ့ဒီတော့ " ခင်ဗျားတို့က ဘာကို စိတ်ညစ်တာလဲ"

ခင်ဗျား စိတ်ညစ်တယ်လို့ ပြောတိုင်း သူတို့ကို အားနာပါ။

ကျွန်တော် ဒီနေရာမှာ မိတ်ဆွေတို့ကို အရေးကြီးတဲ့ စကားလေးတစ်ခုလောက် ပြောပြချင်ပါတယ်။
အဲ့ဒါက ဘာလဲဆိုတော့...

" ခင်ဗျား အထက်ကို မော့ကြည့်လို့
ခေါင်းတွေမူးလာရင် အောက်ကို တစ်ချက်လောက် ငုံ့ကြည့်လိုက်ပါ ၊ အောက်ဘက်မှာ လှပတဲ့ ရှု့ခင်းတွေ ရှိနေပါတယ်"

မိတ်ဆွေ ခင်ဗျား စိတ်ညစ်နေတယ်..တဲ့လား..:?

အဲ့ဒါဆိုရင်တော့ သေချာပြီဗျ။ ခင်ဗျား အထက်ကို မော့ကြည့်လွန်းနေပါပြီ။

ကျွန်တော်တို့ အထက်ကို မော့မကြည့်ရဘူးလို့ မဆိုလိုပါဘူး။
မော့ကြည့်ပါ။ ဒါပေမဲ့ အောက်ဘက်မှာလည်း လှပတဲ့ ရှု့ခင်းလေးတွေ ရှိနေတယ်ဆိုတာကို မမေ့ပါနဲ့။

( ခင်ဗျား အထက်ကို မော့ကြည့်ပြီး စိတ်ဓာတ်ကျနေတာမျိုး ကို မဖြစ်စေချင်သလို ၊ ခင်ဗျား အောက်က လူတွေကို ကြည့်ပြီးလည်း သာယာနေစေချင်တာ မဟုတ်ပါဘူးနော် )

ခင်ဗျား မှာ တစ်ခုခု မပြည့်စုံလို့ မျှော်မှန်းပြီး စိတ်ညစ်နေတယ် ဆိုရင်
ခင်ဗျားလို မျှော်မှန်းဖို့တောင် အခွင့်အရးမရှိတဲ့ သူတွေကို အားနာပါ။

ခင်ဗျား အိမ်မှာ ဟင်းမကောင်းလို့ ငြီးညူနေတဲ့ အချိန်မှာ ထမင်းစားရဖို့တောင် မသေချာတဲ့ လူတွေကို အားနာပါ။

ခင်ဗျား အလုပ်အဆင်မပြေလို့ စိတ်ညစ်နေရင် ဘာအလုပ်အကိုင်မှ မရှိလို့ ဝေတေတေဝါးတားတား ဖြစ်နေတဲ့ သူတွေ ရှိနေတယ်ဆိုတာကို အမှတ်ရပါ။

ခင်ဗျား ရည်မှန်းချက်မအောင်မြင်သေးလို့စိတ်ညစ်နေရင် ခင်ဗျားလိုတောင် ရည်မှန်းချက် မရှိသေးတဲ့ လူတွေ ရှိနေသေးတယ်ဆိုတာကို မမေ့ပါနဲ့။

" ခင်ဗျားမှာ ရှိတ့ဲအရာတွေကို တန်ဖိုးထားပါ ၊ ကျွန်တော်တို့ အဲ့ဒါတွေနဲ့အကောင်းဆုံးကြိုးစားလို့ ရသေးတာပဲလေ"

အဲ့ဒီအရာတွေကို အကောင်းဆုံး လုပ်ဆောက်ပြီး ပျော်ရွှင်အောင် နေပါ။

❗️ ဘာကြောင့် စိတ်ညစ်နေမှာလဲ⁉️

မိတ်ဆွေတို့ ပိုင်ဆိုင်ရရှိထားတဲ့ အချိန်တွေဟာ အရမ်းတန်ဖိုးရှိပါတယ်။ ဒါကြောင့် တန်ဖိုးထားပါ။

အသုံးမဝင်တဲ့ စိတ်ညစ်နေခြင်းတွေမှာ ကုန်ဆုံးစေမဲ့အစား ခင်ဗျားတို့မှာ ရှိနေတဲ့ အရာတွေကို တန်ဖိုးထားပြီး အကောင်းဆုံးကြိုးစားကာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်ဗျ။

😷 အားလုံးပဲ ကျန်းမာရေး ကို ဂရုစိုက်ကြပါ 😷

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။
💛

So.., Everybody Good Luck !,
Thank You and Love You All.

👉👉 #သင့်အတွက် စိတ်ခွန်အား ၊ အားဆေး🍶တစ်ခွက် ဖြစ်ခဲ့လျှင် ပြန်လည် ၊🔄ဝေမျှပေးပါ။

.MyoNyuntNaing
(Motivational Speaker)

#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့စိတ်ခွန်အားပေးစာပေများဖတ်ရှုနိုင်ရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/စိတ်ဓာတ်ကျတိုင်းဖတ်ဖို့-103727735921631/

💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓 စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ 💓

Website