Naunk Hark

Naunk Hark

www

01/08/2021
Photos from Naunk Hark's post 19/06/2021

𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗢𝘂𝗿 𝗟𝗲𝗮𝗱𝗲𝗿

June 19, 2021ရက်နေ့မှာ ကျရောက်မဲ့ ​မွေး​နေ့မှစပြီး ​နောင်နှစ်​ပေါင်းများစွာထိ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အသက်ရှည်ပါစေ အမေ ♡︎

#𝙵𝚛𝚎𝚎𝙾𝚞𝚛𝙻𝚎𝚊𝚍𝚎𝚛𝚜
#𝚁𝚎𝚓𝚎𝚌𝚝𝙼𝚒𝚕𝚒𝚝𝚊𝚛𝚢𝙲𝚘𝚞𝚙𝙼𝚢𝚊𝚗𝚖𝚊𝚛
#𝚂𝚊𝚟𝚎𝙼𝚢𝚊𝚗𝚖𝚊𝚛
#𝚆𝚑𝚊𝚝𝙷𝚊𝚙𝚙𝚎𝚗𝙸𝚗𝙼𝚢𝚊𝚗𝚖𝚊𝚛

Photos Credit.

28/04/2021

လူတယောက်သတ်ရင်
ထောင်ကျတယ်

လူဆယ်‌ယောက်သတ်ရင်
စိတ္တဇဆေးရုံပို့တယ်

လူရာချီသတ်တော့
စာပွဲဝိုင်းမှာဆွေးနွေးကြတယ်။

ဘယ်လောက် သာယာအံ့ဩဖွယ်ကောင်းတဲ့ ကမ္ဘာကြီးပါလိမ့်။

If you kill someone,
go to jail.

If you kill tens,
send to mental hospital.

If you kill hundreds,
invite you to discuss at the round-table.

what a wonderful world!


CreditOriginalWriter

28/04/2021
28/03/2021

Clean Yangon က ကမကထ လုပ်ပေးတဲ့ အမှိုက်သပိတမ ဝိုင်းဝန်းပါဝင်ပေးကြပါ။

Silent Strike တုန်းကလဲ ပြောပြီးပြီ။ သာဝကြောက်တာက campaign မဟုတ်ဘူး။ လူညီတာကို ကြောက်တာ။ စည်းလုံးနေတာကို ကြောက်တာ။

Clean Yangon ဆိုတာ ကိုယ်ကျိုးမရှိ အနစ်နာ ကြိုးစားလာတဲ့ ပရဟိတအဖွဲ့။ ရန်ကုန်ကို သန့်ရှင်းအောင်လုပ်ပေးနေတဲ့ အဖွဲ့ကို ဒီတစ်ခါတော့ ဝန်းရံပေးလိုက်။

လာမယ့် ၃၀ ရက်နေ့ အမှိုက်‌တွေနဲ့ ဝေဆာနေရင်ပြီးတာပဲ။ လစ်ရင်လစ်သလိုတာ သွားပစ်ကြ။ International media မှာ ပါရင်ရပြီ။

မှတ်ချက် ပုဂံ အင်းလေး တို့လို environmental ထိန်းသိမ်းထားတဲ့ မြို့တွေကိုရှောင်ပြီး ကျန်မြို့များ ပါဝင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

အမှိုက်သပိတ်

ဒီသပိတ်က အိမ်ရှင်မများအပါအဝင် လူတန်းစားမျိုးစုံက တက်တက်ကြွကြွ ပါဝင်ဆင်နွှဲလို့ရပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း၊ အလိုမရှိကြောင်းကို လွှင့်ပစ်ရမယ့် အမှိုက်တွေနဲ့ သပိတ်တစ်ခု ဆင်နွှဲကြရအောင်ပါ။

အာဏာလုစစ်ကောင်စီရဲ့ ယန္တရားပျက်ယွင်းစေဖို့ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တွန်းလှန်နေရပါ့မယ်။

လုပ်ဆောင်ရန်
မိမိတို့အိမ်က ပစ္စည်းအဟောင်းများ နှင့် ထွက်ရှိသမျှ မီးဖိုချောင်အမှိုက်အပါအဝင် အမှိုက်မျိုးစုံကို အိတ်ဖြင့်ထည့်ပီးမီးပွိုင့်လမ်းဆုံနဲ့ ကားလမ်းမများမှာ သွားချပေးပါ​။
(လူနေအိမ်တွေနဲ့အလှမ်းဝေးရင်ပိုကောင်းပါတယ်။)

နေ့ရက်
30.3.2021

အချိန်
မနက်အစောပိုင်း (စောလေအန္တရာယ်ကင်းလေ)

တစ်အိမ်တစ်ယောက် အမှိုက်တစ်ထုပ်သာပါဝင်ပေးရင် စစ်အုပ်စုလိုလားတဲ့ ပုံမှန်အခြေအနေအတိုင်း သွားလာနေကြပါတယ်ဆိုတာမျိုးကို အနည်းနဲ့အများ ထိခိုက်စေမှာပါ။

ပြည်သူ့အာဏာ ပြည်သူတွေပြန်ရတဲ့အခါ ကျွန်တော်တို့တွေက ဘယ်လောက်ထိစည်းကမ်းရှိကြောင်းပြန်ပြကြတာပေါ့

တို့ပြည်သူတွေ ညီရဲ့လားဟေ့ !!!

အမှိုက်သပိတ်ကို ပူးပေါင်းပါဝင်ပေးကြပါ။
လက်ဆင့်ကမ်းပြောပြပေးကြပါ။

သင်ဖတ်မိရင် တစ်ယောက်တည်းသိမယ်
သင်ကူးတင်ရင် လူများများသိမယ်။

#အမှိုက်သပိတ်
#အရေးတော်ပုံအောင်ရမည်

07/02/2021

အသက်အပိုပါလို့ ဖင်ယားနေတာမဟုတ်ပါ*

1990s-2010s အတွင်း
မွေးဖွားခဲ့တဲ့သူတွေကို
Gen Zလို့ခေါ်ပါတယ်🇲🇲🇲🇲🇲🇲

အခုအချိန် Generation Z တွေ
ဘာလို့ အကုန်ပါဝင်ကြလဲသိလား
သူတို့မှာအိမ်မက်တွေအများကြီးနဲ့မလို့ဗျ အားတိုင်းယားတိုင်း
တင်နေကြတာမဟုတ်ဘူး
ရိုင်းရိုင်းပြောရရင်
ဖင်ယားနေကြတာမဟုတ်ဘူး

အာဏာသိမ်းလိုက်ရင်
အသက် ၄၀ ကျော်၊ ၅၀ကျော်တွေအနေနဲ့
ဘာမှမဖြစ်ပေမယ့်
ကျောင်းသားလူငယ်တွေက
အနာဂတ်တွေပျက်ပြားကုန်မှာ

အကယ်၍ တံခါးပိတ်မူဝါဒသာပြန်ကျင့်သုံးရင်
(၁) Online Shopping တွေအကုန်ရပ်သွားနိုင်တယ်
(၂) Scholarship program တွေလုံးဝမရှိနိုင်တော့ဘူး
(၃) UFL တက်နေတဲ့လူတွေအကုန် အလုပ်လက်မဲ့ဖြစ်သွားနိုင်တယ်
(၄) တစ်ကမ္ဘာလုံးနဲ့အဆက်အသွယ်ပြတ်သွားမယ်
(၅) ဒုတိယမြောက်ကိုရီးယားနိုင်ငံလိုဖြစ်သွားမယ်
(၆) Facebook နဲ့ရပ်တည်နေတဲ့ စီးပွားရေးတွေ၊ advertising & marketing agencies တွေ၊ social influencer တွေ အကုန်ရပ်ကုန်မယ်

ဒီ ရက်အတွင်းမှာတောင်
scholarship program
တွေရုတ်သိမ်းခြင်းခံရတယ်။
ဒေါ်လာဈေးတွေ၊
ဝမ်ဈေးတွေကလဲ တက်လာပြီ။
ကျွန်တော်တို့အနာဂတ်က
ကျွန်တော်တို့အခုလုပ်‌ဆောင်မှုတွေ၊
ဆောင်ရွက်ချက်တွေနဲ့
အများကြီးပတ်သက်နေတယ်။
ပတ်သက်နေလို့ လုပ်ဆောင်နေတာ။
ဒီဆောင်ရွက်ချက်တွေက
ကျွန်တော်တို့မှမဟုတ်ဘူး
နိုင်ငံသားအားလုံးနဲ့ပတ်သက်နေတာကို
လျစ်လျုရှူပြီး နေနေကြတဲ့
လူတွေကိုလဲ ဒေါသထွက်ပါတယ်။

လူတိုင်းပါဝင်ရမယ့်အချိန်ပါ။
ဖာသိဖာသာနေရမယ့်အချိန်မဟုတ်ပါဘူး။
ဖာသိဖာသာနေခဲ့ပြီးပြီလေ။
အခုလိုမျိုး post တွေတင်တဲ့
လူတိုင်းကိုဖမ်းမယ်ဆို
လာသာဖမ်းလိုက်ပါ။
တောင်ပံကျိုးမယ့်ငှက်တစ်ကောင်တော့
အဖြစ်မခံနိုင်ပါ၏

စစ်အာဏာရှင်စနစ်မုချကျဆုံးပါစေ



Credit original post

04/02/2021

Taunggyi Uni Geology Family ရဲ့သဘောထားထုတ်ပြန်ပါသည်။

❌ 1.2.2021 ရက်နေ့တွင် အဓ္ဓမ နည်းလမ်းဖြင့်သိမ်းယူခဲ့သော အာဏာရှင်များ၏ လုပ်ရပ်အား ကန့်ကွက်ရှံ့ချပါသည်။

❌ နောင်လာမည့် အနာဂတ် လူငယ်များ၏ ပညာသင်ကြားရေးစနစ် နှောင့်နှေး‌စေနိုင်သည့်အတွက် အာဏာသိမ်းမှုကို ကန့်ကွက်ပါသည်။

✔️ ဆန္ဒထုတ်ဖော်နေသော ပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး မတရားသော လုပ်ရက်များကို ဆန့်ကျင်သွားပါမည်။


#အာဏာရှင်စနစ်ကျဆုံးပါစေ

Website