Fundraising Program for HtaNaung

Fundraising Program for HtaNaung

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fundraising Program for HtaNaung, Nonprofit Organization, .

23/07/2024

ဒီလိုနေ့မျိုးက မေ့ဖျောက်၍မရ
နောက်ဆုတ်၍မရ ရပ်တန့်၍မရ

ကိုဂျင်မီ
ကိုဖြိုးဇေယျာသော်
ကိုလှမျိူးအောင်
ကိုအောင်သူရဇော်

20/07/2024

ဒီလမ်းကို ရွေးခဲ့တာ ...
ဒီထက် ခက်ခဲမယ်သာ စိတ်ကမှန်းထားတယ်။

ပဲဟင်းကို ထမင်းပေါ်ဆမ်း..
သင်းသင်းမွှေး လက်ဖက်ချဉ်စပ် တထုပ်နဲ့
ပန်းကန်ရှေ့ချပြီး တိုင်တည်တဲ့ သစ္စာသံ ...

ငါတို့သည် တိုင်းပြည်နှင့် ပြည်သူက
ကျွေးသော ထမင်းကိုစား၍ ..
တိုင်းပြည်နှင့် ပြည်သူ၏ အကျိုးကို
သယ်ပိုး ထမ်းဆောင်ပါမည် ... ။

ဟိန်းထွက်နေတဲ့အသံမှာ ..
နောက်တွန့်သံ တစိုးတစိမှ မခံစားရ။

ငါက ပိုက်ဆံပါသေးတော့ ...
ကော်ဖီမစ် နဲ့ ဖက်ကြမ်းဟာ
ဇိမ်ခံပစ္စည်းအနေနဲ့ ဆက်ရှိနေသေးတယ်။

သင်တန်းကာလအပြီး ရဲဘော်တယောက်က
ငါပန်းသေသွားပြီထင်တယ်လို့ ပြောတော့ ..
ငါတို့ ရီခဲ့ကြတယ်။

ငါ့အိပ်မက်ထဲ ...
ညီမလေးရဲ့ နုတ်ခမ်းတွေကို
မှတ်မိနေသေးတယ် ရဲဘော်ရေ။

16/07/2024

" ဗမာ့ဆိုက်ဘေးရီးယား "

ဘယ်တုန်းကမှ
ကမ္ဘာဟာ ငါတို့ဘက်မှာမရှိခဲ့ဘူး

ကိုယ့်အလံကိုယ်လွှင့်
ကိုယ့်ရွက်ကိုယ်ဖွင့်
ဆန်တက်ခဲ့ရတာချည်းပဲ

စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ
ကမ္ဘာကိုဖျက်တယ်လို့
အဲဒီကဗျာငါဖတ်ဖူးတယ်

မင်းလောင်းလည်းမမျှော်နဲ့
ကယ်တင်ရှင်လည်းအားမကိုးနဲ့
သူ့ဘဝနဲ့သူ
ကိုယ့်ဘဝနဲ့ကိုယ်

ကျည်ဆန်မှာ
နေရပ်လိပ်စာမပါဘူး

ဓားဆိုတာ
မီးနဲ့ဆေးရတာ

တရားဆိုတာ
ကိုယ်တိုင်ကျင့်ရတာ

လေ့ကျင့်ခန်းမှန်မှန်လုပ်ခဲ့ရင်တော့
အမှားနည်းတာပေါ့

ဝမ်းနည်းစရာကောင်းတာက
ကမ္ဘာကြီးဟာ သူ့သမိုင်းကိုပြန်ပြောပြမယ့်
ကဗျာဆရာတစ်ယောက်ကို
ဆုံးရှုံးလိုက်ရတာပဲ

တစ်နေ့နေ့
လက်ဝဲသုန္ဓရလို
အလက်ဇန္ဒားလို
ဇန်နစ်ဇင်လို
ဒီကောင်ပြန်မလာဘူးလို့
ဘယ်သူပြောရဲသလဲ။

ကြည်ဇော်အေး

08/07/2024

‎ကိုယ်ကျိုးစီးပွားလုပ်ရင်း
ပင်ပန်းကြောင်း ငြီးပြကြတဲ့အခါ

နိုင်ငံတွက် အသက်တွေရင်းပီး
အခက်ခဲတွေ ကြုံနေရတဲ့ ကျတော်တို့က

ရင်ဖွင့်ဖို့လမ်းပျောက်နေတယ် "အမေ"

29/06/2024

တော်လှန်ရေးရဲဘော်တစ်ယောက်နဲ့ စစ်ခွေး အယောက် ၁၀၀ မလဲနိုင်ဘူး 🔥

25/06/2024

#မောင်းပြန်တစ်လက်စိန်နားကပ် ကမ်ပိန်းလေးကနေရရှိထားတဲ့ ရံပုံငွေများဖြင့် ယနေ့မှာနေပြည်တော်PDF၊ တပ်ရင်း (805) အတွက် မောင်းပြန်တစ်လက်ဝယ်ယူနိုင်ခဲ့ပါပြီခင်ဗျာ။

မောင်းပြန်တစ်လက် ကမ်ပိန်းကို June 10 2024 ကနေ June 20 2024 အထိ (10) ရက်ကမ်ပိန်းပြုလုပ်ခဲ့ပြီး 100% အောင်မြင်ခဲ့ပါတယ်။ ပါဝင်ကူညီပေးကြတဲ့ ထောက်ပို့တစ်ဦးချင်းကို ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။

ဓာတ်ပုံ- စိန်နားကပ် ကမ်ပိန်းမှ AK တစ်လက်ဖြင့် NPT PDF ရဲဘော်တစ်ဦး

21/06/2024

စိန်နားကပ်ကံထူးသွားတဲ့ နံပါတ် (67) ပိုင်ရှင်အန်တီက နားကပ်ကို ရဲဘော်တွေထံပြန်လှူလိုက်ပါတယ်။ တပ်ရင်း (805) ကလက်ခံရရှိထားပါတယ်။ စေတနာသန့်သန့်နဲ့ ထောက်ပံ့ကူပေးကြလို့ ကျေးဇူးတင်ရပါတယ်ခင်ဗျာ။ ♥

Photos from Fundraising Program for HtaNaung's post 20/06/2024

စိန်နားကပ်ကံထူးရှင်ကတော့ နံပါတ် (67) ဖြစ်ပါတယ်🎉🍀

မိဘပြည်သူများထောက်ပံ့မှုနဲ့ တပ်ရင်း 805 အတွက် မောင်းပြန်တစ်လက်ဝယ်ယူဖို့ ကူညီနိုင်ခဲ့ပါပြီခင်ဗျာ။ ပါဝင်ကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်လေးစားလျက်ပါခင်ဗျာ...♥♥♥

20/06/2024

ဒီနေ့မြန်မာစံတော်ချိန် ည 7:00 နာရီတိတိမှာ နေပြည်တော် PDF တပ်ရင်း (805) မှ ရဲဘော်များမှ စိန်နားကပ်ကံထူးရှင်ကို မဲနှိုက်ရွေးချယ်ပေးသွားမှာပါ။

ဆက်ဆက်စောင့်ကြည့်ပေးကြပါဦးခင်ဗျာ 🙏♥

19/06/2024

(9) ရက်မြောက်နေ့ နံနက်ခင်းမှာတော့ မဲလက်မှတ်တွေအကုန် ရောင်းကုန်ခဲ့ပါပြီခင်ဗျာ။ နေပြည်တော် PDF တပ်ရင်း(805) အတွက် "မောင်းပြန်တစ်လက် စိန်နားကပ်" အစီစဥ်လေးမှာ ပါဝင်ကူညီအား​ဖြည့်ပေးကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

မနက်ဖြန် 20 ရက်နေ့ မြန်မာစံတော်ချိန် ည 7 နာရီတိတိမှာ Live လွှင့်၍ စိန်နားကပ်ကံထူးရှင်ကိုရွေးချယ်ပေးသွားပါမယ်။

ပေါက်ရင် နားကပ်၊ မပေါက်ခဲ့လျှင် ရဲဘော်များအတွက် သေနတ်တစ်လက်ထောက်ပံ့ပေးနိုင်တာဖြစ်လို့ ပါဝင်ကူညီကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို တပ်ရင်း (805) ရဲဘော်များ ကိုယ်စား ကျွန်တော်တို့ FPCR Team မှ လှိုက်လှဲစွာ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။ 🙏✊🔥

#ပေါက်ရင်နားကပ်မပေါက်ရင်သေနတ်

17/06/2024

နေပြည်တော် PDF၊ တပ်ရင်း 805 အတွက် မောင်းပြန်သေနတ်တစ်လက် ဝယ်ယူနိုင်ရန်အတွက် စိန်နားကပ်တစ်ရံကို မဲလေးတွေပြုလုပ် ရောင်းချလျက်ရှိပါတယ်။ ယနေ့ဆိုရင် 7 ရက်မြောက်တိတိရှိနေပါပြီ။ နောက်ထပ် 3 ရက်သာကျန်ပါတော့တယ်😟

📌မဲအစောင်ရေ (120) မှာ (62) စောင်သာရောင်းချထားနိုင်ပါတယ်။ နောက်ထပ် အစောင် (50) ကျော်ကျန်ရှိနေပါသေးတယ်ခင်ဗျာ။

📌ပြည်တွင်းအလှူရှင်များအတွက် NUGPay / Kpay / Wavepay တို့ဖြင့်ဝယ်ယူအားပေးနိုင်ပြီး ပြည်ပအလှူရှင်များအတွက် Japan / Singapore / Thailand / US နိုင်ငံများမှလဲ သက်ဆိုင်ရာ Banking အလိုက် ဝယ်ယူအားပေးနိုင်ပါတယ်။

မြေပြင်မှာ စကစကို ရဲရဲဝံ့ဝံ့ တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်တာကြောင့် မိဘပြည်သူများအနေနဲ့ ကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ ✊🔥

16/06/2024

ရဲဘော်တစ်ယောက်အတွက် သေနတ်တစ်လက်က ဘယ်လောက်အရေးပါလဲဆိုတာ စစ်မြေပြင်မှာတိုက်ပွဲဝင်နေရတဲ့ ရဲဘော်တွေသာအသိဆုံးဖြစ်ပါတယ်။

"မောင်းပြန်တစ်လက် စိန်နားကပ်" အစီစဥ်လေးဟာ 49% သာပြီးမြောက်ပါသေးတယ်။ အချိန်ကာလအားဖြင့် 4 ရက်သာကျန်တော့ကြောင့် ဆက်လက်ဝုန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ ✊🔥

14/06/2024

ဂွတ်မောနင်းပါ အမျိုးတို့ 😍

စိန်နားကပ်မဲလေးတွေ ဝယ်ယူရင်း ရဲဘော်တွေအတွက် မောင်းပြန်သေနတ်တစ်လက် ထောက်ပံ့ကူကြပါဦးဗျို့ ✊🔥

13/06/2024

အိမ်အပြန်လမ်း
--------------

မင်းအိမ်ပြန်ချင်တာ
ငါ ကိုယ်ချင်းစာပါတယ်

ဧရာမ ​တောင်တန်းကြီး​တွေ​တောင်
ဝန်ရိုးစွန်းက သူ့အိမ်ရာဆီ
တစ်နှစ်တစ်ခါ ပြန်ကြတယ်
ငါကြားဖူးတယ်

သူအိမ်ပြန်ရင်
ငလျင်​တော်လည်းသံ
ငါတို့ ကြားရမယ်

အိမ်ပြန်ဖို့
သူဘယ်​လောက် မွတ်သိပ်​နေသလဲ
ကိုယ်ချင်းစာရတယ်

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့
အိမ်ပြန်ချင်စိတ်ဟာ သဘာဝပဲ
ငါ ကိုယ်ချင်းစာပါတယ်

အိမ်မှာ
အ​မေ​တော့ မရှိ​တော့ဘူးတဲ့
အိမ်​ကော ရှိ​သေးရဲ့လား
ဒါလည်း မ​သေချာဘူးတဲ့
သို​သော်
မင်းအိမ်ပြန်ချင်တယ်
သဘာဝကျပါတယ်

ရွာစွန်က
အ​မေ့အုတ်ဂူက​လေးကို​တော့
ပြန်ကန်​တော့မှ ဖြစ်မယ်
ဒီအတွက်
မင်းအိမ်ပြန်ချင်တယ်
ငါ နားလည်ပါတယ်

တကယ်က
ကမ္ဘာဦးအစမှာ
လမ်းဆိုတာ မရှိခဲ့ပါဘူးကွာ

အိမ်အပြန်လမ်းဆိုတာလည်း
သူ့အလိုလို
မိုး​ပေါ်က ကျလာမှာမဟုတ်
ငါတို့အိမ်အပြန်လမ်း
ငါတို့ကိုယ်တိုင် ​ဖောက်ရမယ်
မင်းလည်းသိ ငါလည်းသိတယ်

ငါတို့ခရီး
ငါတို့ သိပြီးသား
ဒီခရီးအတွက်
ဒီလမ်းကို ​ဖောက်ရမယ်

ငါတို့အသိဥာဏ်နဲ့
ငါတို့ကြွက်သား​တွေ
အထပ်ထပ်ခင်းလို့
ဒီလမ်းကို ​ဖောက်ရမယ်

အခုဆို
လမ်းအူ​ကြောင်းကို မြင်ရပြီ
ငါတို့ ဆက်​ဖောက်ကြတာ​ပေါ့
ငါတို့အသိဥာဏ်နဲ့
ငါတို့ကြွက်သား​တွေ
အထပ်ထပ်ခင်းလို့

ဒီလမ်းအတိုင်း
မင်းအိမ်ပြန်ရမှာပဲ
မင်းအိမ်အပြန်ခရီးဟာ
ဒီလမ်း​ပေါ်မှာ ရှိ​နေတယ်

ဒီလမ်း​အတိုင်း
အခု
မင်းအိမ်ပြန်​နေပါတယ်
မင်း​ခြေလှမ်းတိုင်းရဲ့ ​တော်လည်းသံ
တစ်ကမ္ဘာလုံး ကြား​နေတယ်

မင်းအ​မေ
မင်းကို ​စောင့်​နေပါတယ်။

မောင်တင်သစ်
၆​ဖေ​ဖော်ဝါရီ၂၀၂၃။

◼◼◼◼◼◼◼◼

📌နေပြည်တော် PDF တပ်ရင်း (805) အတွက်
"မောင်းပြန်တစ်လက် စိန်နားကပ်" အစီအစဥ်နဲ့ စိန်နားကပ်မဲလေးတွေရောင်းချနေပါတယ်ခင်ဗျာ။ သတ်မှတ်ရက်က ၆ ရက်သာကျန်တော့တာကြောင့် စိန်နားကပ် Ticket လေးတွေလာရောက်ဝယ်ယူရင်း ရဲဘော်တွေအတွက်မောင်းပြန်တစ်လက်ထောက်ပံ့ကူကြပါဦး 👊✊🔥

#မောင်းပြန်တစ်လက်စိန်နားကပ်

12/06/2024

ယခုမောင်းပြန်သေနတ်တစ်လက်ဝယ်ယူဖို့ကြိုးစားနေတဲ့တပ်ရင်း(805) ဟာ ရှမ်း-ကရင်နီနယ်စပ်တွေမှာ မဟာမိတ်တပ်တွေနဲ့အတူပူးပေါင်းပြီး ရန်သူကိုချေမှုန်းလျက်ရှိပါတယ်။

အခုအစီစဥ်လေးမှာ ပါဝင်ကူညီရင်း စိန်နားကပ်ကံထူးနိုင်သလို မပေါက်ခဲ့ရင်တောင် တော်လှန်ရေးမှာအမှန်တကယ်တိုက်ပွဲဝင်နေတဲ့အဖွဲ့ဖြစ်တာမလို့ မိဘပြည်သူတွေ အနေနဲ့ယုံယုံကြည်ကြည် ထောက်ပံ့လှူဒါန်းလို့ရပါတယ်ခင်ဗျာ။

နောက်ထပ် (7)ရက် သာကျန်ပါတော့တယ် 💪🔥

11/06/2024

အခု စိန်နားကပ်လေးကို ထောက်ပို့လုပ်နေကျအမတစ်ယောက်က မွေးနေ့အထိမ်းအမှတ်အနေနဲ့ လှူဒါန်းခဲ့တာပါ။ ဒီစိန်နားကပ်ပိုင်ရှင်ဖြစ်သူအမ first year မှာ ၅ ဘာသာထွက်တုန်းက အဲ့အမရဲ့ အဒေါ် ဆုချထားတဲ့ ၁၂ နှစ်ကျော် အမွေပစ္စည်းလေးဖြစ်ပါတယ်။

စိန်ကအမျိုးအစားက သဘာဝစိန်ဖြစ်ပြီး၊ တစ်လုံးစိန်နားကပ်ဖြစ်ပါတယ်။ Lab လုပ်စိန်မဟုတ်ပါ။
မဲပေါက်သူအား gem certificate နဲ့ တကွအပ်မှာဖြစ်ပါတယ်။

Total Weight: 2.55gm
Clarity grade: VS1 and VS2
Brilliancy: Very good
ကာလပေါက်ဈေး: 18 သိန်း ဝန်းကျင်

ယခုစိန်နားကပ်လေးကို နေပြည်တော်တပ်ရင်း 805 အတွက် မောင်းပြန်သေနတ်တစ်လက်စာ ရရှိစေနိုင်ဖို့ မဲအစောင်ရေ (၁၂၀) ပြုလုပ်ရောင်းချနေပါတယ်။

10/06/2024

"မောင်းပြန်တစ်လက် စိန်နားကပ်" 💎

🌻လက်မှတ်အစောင်ရေ နည်းနည်းနဲ့ စိန်နားကပ်ကိုကံစမ်းရင်း မောင်းပြန်သေနတ်တစ်လက် ထောက်ပို့နိုင်ပါပြီခင်ဗျာ။

🌻ဒီကမ်ပိန်းလေးကနေ နေပြည်တော် PDF၊ အမှတ် ၈၀၅ တပ်ရင်းအတွက် မောင်းပြန်သေနတ်တစ်လက် ကူပေးနိုင်မှာဖြစ်ပါတယ်။

🌻ပြည်သူတစ်ဦး မွေးနေ့အမှတ်တရအဖြစ်လာရောက်လှူဒါန်းထားတဲ့ ကာလပေါက်စျေး ၁၈ သိန်း ဝန်းကျင်ရှိတဲ့ စိန်နားကပ်တစ်ရံကိုမဲဖောက်ပေးမှာပါ။စိန်ကသဘာဝစိန်ဖြစ်ပြီး Lab လုပ် စိန် မဟုတ်ပါဘူးခင်ဗျာ။ ကံထူးသူကို စိန်နားကပ်နဲ့တကွ စိန်စစ်မှန်ကြောင်း(Gem Certificate)ပါ ပေးအပ်မှာဖြစ်ပါတယ်။

📌အစောင်ရေ = ၁၂၀ တိတိသာဖြစ်ပါတယ်။

📌သတ်မှတ်ကာလကတော့ (10.6.2024) ကနေ (20.6.2024)အတွင်းသာဖြစ်ပါတယ်။

📌မဲတစ်စောင်တန်ဖိုးကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

မြန်မာငွေ ၁ သိန်းကျပ်
ထိုင်းဘတ် 1000B
စက်ာပူဒေါ်လာ 35$
US ဒေါ်လာ 30$
ဂျပန်ယန်း 4500

မဲအစောင်ရေများကို FPCR page တွင်လည်းကောင်း၊ တပ်ရင်း 805 ရဲဘော်များထံတွင်လည်းကောင်း ဝယ်ယူနိုင်ပါပြီခင်ဗျာ။

#ပေါက်ရင်နားကပ်မပေါက်ရင်သေနတ်

04/05/2024

၂၀၂၃ခုနှစ် July လမှာ ပြုလုပ်ခဲ့တဲ့ တပ်ရင်း ၈၀၅ အတွက် RPG တစ်လက်ကမ်ပိန်းဟာ August လမှာပြီးမြောက်အောင်မြင်ခဲ့ပါတယ်။ ကမ်ပိန်းပြီးဆုံးသည်
နှင့် RPG တစ်လက်ဝယ်ယူရန်ရှာဖွေခဲ့သော်လည်း ယခု မေလအတွင်းမှ စိတ်တိုင်းကျ RPG7 တစ်လက်ကိုဝယ်
ယူနိုင်ခဲ့ပါတယ်။ ဝယ်ယူပြီးသည်နှင့် တပြိုင်နက် ယခုရှေ့တန်းစစ်မြေပြင်တွင် အကျိုးကျိုးရှိရှိ အသုံးပြုနေပါကြောင်း မိဘပြည်သူများ ပီတိဝေဖြာစေရန် တင်ပြလိုက်ရပါတယ်ခင်ဗျာ။

"ပြည်သူအပေါင်းရွှင်လန်းပါစေ
ရန်သူတကာကြောက်ဒူးတုန်ပါစေ"

08/01/2024

ကျနော်တို့တွေ …

ပြည်သူနဲ့အတူ
အာဏာရှင်ကို မုန်းခဲ့တယ် …
ပြည်သူနဲ့အတူ
စ ခ တွေကို တော်လှန်ခဲ့တယ် …
ပြည်သူနဲ့အတူ
လမ်းကြမ်းတွေလျောက်ခဲ့ကြတယ် …

အခုဆို ကျနော်တို့ …

ပြည်သူနဲ့အတူ
ရောင်နီကို မြင်နေရပါပြီ …

အခုဆို
အရေးကြီးတဲ့ စစ်ဆင်ရေးတွေအတွက်
ကျနော်တို့ လိုအပ်နေတဲ့ ကားနှစ်စီးအတွက်
တော်လှန်ပြည်သူတွေကို အကူအညီ
တောင်းပါတယ်ခင်ဗျာ …

လွတ်လပ်မျှတတဲ့ နိုင်ငံတော်အသစ်ဆီ
ပြည်သူနဲ့အတူ အမြန်ရောက်အောင် သွားကြပါစို့!

ပြည်သူနဲ့အတူ …

ကူညီလှူဒါန်းလိုသူများအနေနဲ့
ကျနော်တို့ Page ရဲ့ Messenger(Chat Box)မှာ
ဆက်သွယ်ပါဝင်ပေးကြပါဦးလို့
မေတ္တာရပ်ခံပါတယ်🙏

ကျနော်တို့ Page နဲ့ Post လေးတွေကိုလည်း
Like, Follow, Share လေးတွေနဲ့ Reach တက်အောင်
ကူညီပေးကြပါဦးခင်ဗျ 🫡

အရေးတော်ပုံအောင်ကို အောင်ရမည် |||


#တပ်ရင်း၈၀၅
#စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့
#ရင်းနှစ်ရင်း_ကားနှစ်စီး_သိန်းတထောင်
#အရေးတော်ပုံအောင်ရမည် |||

04/01/2024

တော်လှန်ပြည်သူများခင်ဗျာ🙏

ST-UG & B-805 Page မှာ
ပါဝင်ကူညီပေးကြပါဦးဗျ🫡


#တပ်ရင်း၈၀၅
#စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့
#ရင်းနှစ်ရင်း_ကားနှစ်စီး_သိန်းတထောင်
#အရေးတော်ပုံအောင်ရမည် |||

Photos from ST-UG & B-805's post 04/01/2024

တော်လှန်ပြည်သူများခင်ဗျား🙏

ကျနော်တို့ကတော့
အမျိုးသားညီညွတ်ရေးအစိုးရ၊
ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊
နေပြည်တော် စစ်တိုင်းဌာနမှ စစ်တောင်းမြို့ပြပြောက်ကျားနဲ့
တပ်ရင်း(၈၀၅)ပဲ ဖြစ်ပါတယ် ...

ကျနော်တို့ရဲ့...
ပူးပေါင်းစစ်ဆင်ရေးတွေမှာ အသုံးပြုဖို့
လိုအပ်နေတဲ့ ကား(၂)စီးဝယ်ယူနိုင်ရေးအတွက်
ရင်း(၂)ရင်း ကား(၂)စီး သိန်း(၁၀၀၀)ကမ်ပိန်းလေးကို
တော်လှန်ပြည်သူများက ဝိုင်းကူပေးကြဦးဗျ ...

တစီးက အစုတ်
တစီးက ပေါင်(၅၀၀)ထိသွားလို့
တာဝန်ဆက်မထမ်းဆောင်နိုင်ကြတော့လို့ပါ ...

၂၀၂၄ ခုနှစ်မှာ ရှယ်ပလန်နဲ့
ကြုံးပွဲတွေဆက်ရမှာမို့ အရေးတကြီးနဲ့
အရမ်းကို လိုအပ်နေပါတယ်ဗျ ...

ဒီ တချီလေးကိုလည်း 100%
အောင်မြင်သွားအောင် ဝိုင်းပြီး
နောက်ကနေ တွန်းပေးကြပါဦးဗျို့ ...

ကျနော်တို့တွေက ရှေ့ကနေပြီး
အားကုန် ရုန်းပေးပါ့မယ် ...

Campaign ကာလလေးကတော့
မနက်ဖြန် လွတ်လပ်ရေးနေ့အထိမ်းအမှတ်
04.01.2024(THU) မှ 29.02.2024(THU) အထိပါဗျ🫡

ကျနော်တို့ Page နဲ့ Post လေးတွေကိုလည်း
Like, Follow, Share လေးတွေနဲ့ Reach တက်အောင်
ကူညီပေးကြပါဦးခင်ဗျ 🫡

ကူညီလှူဒါန်းလိုသူများကို
ကျနော်တို့ Messenger(Chat Box)မှာ
ဆက်သွယ်ပါဝင်ပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်🙏

ဒီ Campaign ကို
ကိုမြင့်သန်းထွန်း၊ ကိုနက၊ ကိုအောင်မြင့်မြတ်၊
မပိုင်ဖြိုးသု နဲ့ မသဇင်ညွန့်အောင်တို့ကလည်း
ဝိုင်းဝန်းကူညီပေးထားကြပါတယ် 🙏

Campaign Video လေးကို
မကြာခင်မှာ တင်သွားပါ့မယ်ဗျ🫡


#တပ်ရင်း၈၀၅
#စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့
#ရင်းနှစ်ရင်း_ကားနှစ်စီး_သိန်းတထောင်
#အရေးတော်ပုံအောင်ရမည် |||

17/10/2023

အနူးအညွတ်တောင်းပန်ခြင်း🙏🙏🙏
"805အတွက် RPG တစ်လက်”ကမ်ပိန်းအစီအစဉ် မှ ပေါက်မဲလက်ဆောင်များကို ကံထူးရှင်ထောက်ပို့ရဲဘော်များဆီ ပို့ဆောင်ရာတွင် မျှော်လင့်မထားသော အခက်အခဲတချို့ပေါ်ပေါက်နေသောကြောင့် အချိန်မှီမရောက်ရှိသည့်အတွက် 805 တပ်ရင်းရဲဘော်များက အနူးအညွတ်တောင်းပန်အပ်ပါသည်။ အမှတ်တရလက်ဆောင်များ ရောက်ရှိရန်အတွက် ကြိုးစားဆောင်ရွက်နေပါသည်။ ပေါက်မဲလက်ဆောင်များအား တပ်ရင်းသို့ ပြန်လည်လှူဒါန်းပေးပါသော ထောက်ပို့ရဲဘော်များအားလည်း အထူးကျေးဇူးတင်ရှိပါသည်။🙏🙏🙏

ရဲဘော်ရန်ကြီး(တပ်ရင်းမှူး)
အမှတ်(၈၀၅)နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်

27/08/2023

ကျပ် သိန်း(၄၅၀)
RPG Campaign
အမှတ်တရလက်ဆောင်ပစ္စည်း ကံစမ်းမဲအစီအစဉ်မှာ ပေါက်မဲနံပါတ်တွေကတော့ ..

No.(01)
ဒါရိုက်တာဏကြီး၊ ပိုင်ဖြိုးသု၊
နောက်ခံဂီတဖန်တီးသူ ကိုမြင့်သန်းထွန်းတို့
လက်မှတ်ရေးထိုးထားတဲ့ "မီ" ရုပ်ရှင်
ဇာတ်ကားကြီးရဲ့ Sound Tracks CD
ပေါက်မဲနံပတ် - 1963

No.(02)
ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့
နှစ်ယောက်လက်မှတ်ရေးထိုးထားတဲ့
ကြည်အေးရဲ့ "မီ" စာအုပ်
ပေါက်မဲနံပတ် - 1932

No.(03)
ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့
နှစ်ယောက် လက်မှတ်ရေးထိုးထားတဲ့
နုနုရည်အင်းဝရဲ့"ခေါင်းမော့လိုက်တော့မင်း
ခေါင်းငုံ့လိုက်တော့သူ" စာအုပ်
ပေါက်မဲနံပတ် - 2558

No.(04)
ဒါရိုက်တာ သည်ခေတ်နေ
လက်မှတ်ရေးထိုးထားတဲ့ ရွာစားစိန်တင်ဟန်ရဲ့
"မြန်မာတို့ဇာတ်ပွဲ" စာအုပ်
ပေါက်မဲနံပတ် - 2010

No.(05)
အဆိုတော် အေသင်ချိုဆွေရဲ့
ဒိုင်ယာရီစာအုပ်နဲ့ ဘောလ်ပင်
ပေါက်မဲနံပတ် - 1990

No.(06)
စာရေးဆရာ/ကဗျာဆရာ
ဝေမှူးသွင် လက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့ "ကြည်ကြည့်ကို ကြည့်နေရတယ်"
ကဗျာစာအုပ်
ပေါက်မဲနံပတ် - 918

No.(07)
စာရေးဆရာ/ကဗျာဆရာ
လင်းခါး လက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့၀တ္ထုရှည် "ရေသေအိုင်" စာအုပ်
ပေါက်မဲနံပတ် - 1555

No.(08)
စာရေးဆရာ/ကဗျာဆရာ
လင်းခါး လက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့ဝတ္ထုရှည် "စမ်းရေကြည်နု"
စာအုပ်
ပေါက်မဲနံပတ် - 2356

No.(09)
စာရေးဆရာ/ကဗျာဆရာ
လင်းခါး လက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့ "တီရှပ်မြစ်" အက်ဆေးစာအုပ်
ပေါက်မဲနံပတ် - 230

No.(10)
စာရေးဆရာ/ကဗျာဆရာ
လင်းခါး လက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့ အရေးအသားဆိုင်ရာ "ဇင်" စာအုပ်
ပေါက်မဲနံပတ် - 653

No.(11)
ABSDF ကျောင်းသားတပ်မတော်
ဗဟိုကော်မတီဝင် ကဗျာဆရာ ရဲဘော်လွမ်းဏီ
လက်မှတ်ရေးထိုးထားတဲ့ လူထုဒေါ်အမာ
နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် တီရှပ်
ပေါက်မဲနံပတ် - 2640

No.(12)
ကဗျာဆရာ Aမွန်
အမှတ်တရလက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့ "ဟိုဘက်နှစ်တွေဟာ သတိစရာ"
ကဗျာစာအုပ်နဲ့ ကဗျာလက်ရေးမူ
ပေါက်မဲနံပတ် - 728

No.(13)
ပန်းချီဆရာ ကိုဖိုး
စုဆောင်းသိမ်းဆည်းထားတဲ့
ရှုခင်းရေဆေးပန်းချီကား
ပေါက်မဲနံပတ် - 53

No.(14)
ပန်းချီဆရာ ကိုဖိုး
စုဆောင်းသိမ်းဆည်းထားတဲ့
"အမေစု" ရေဆေးပန်းချီကား
ပေါက်မဲနံပတ် - 535

No.(15)
ပန်းချီဆရာ Jimmy Thiha ရဲ့
ဆာရီရယ်ပန်းချီကား
ပေါက်မဲနံပတ် - 1731

No.(16)
ရော့ခ်အဆိုတော် နိုဗန်ထူးနဲ့
ဒရမ္မာ ကိုဂျပန်ကြီးတို့ လက်မှတ်
ရေးထိုးထားတဲ့ Drum Stick တစုံ
ပေါက်မဲနံပတ် - 576

No.(17)
Rap အဆိုတော် T Zin
လက်မှတ်ရေးထိုးထားတဲ့
ကိုဇေယျာသော် အမှတ်တရ တီရှပ်
ပေါက်မဲနံပတ် - 2157

No.(18)
စာရေးဆရာ ခက်ဇော်
ဗြိတိသျှကိုကိုမောင် လက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့ The Guys Of Rangoon 1930 စာအုပ်
ပေါက်မဲနံပတ် - 1393

No.(19)
အနုပညာရှင် ကျားပေါက်
(Big Bag) ရေးဆွဲထားတဲ့ တီရှပ်
ပေါက်မဲနံပတ် - 1958
…….
ဝိုင်းဝန်းထောက်ကူကြသူအားလုံးကို
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ..

အီပီဂျာလေး တပ်ရင်းကို ရောက်ရှိဖို့
ကြိုးစားနေပြီဖြစ်ပါကြောင်း…

#လမ်းများအားလုံးနေပြည်တော်သို့

26/08/2023

ရင်ခုန်စိတ်လှုပ်ရှားဖွယ်အစီအစဉ်လေး
မကြာခင်စတင်ပါတော့မယ်ခင်ဗျာ..

26/08/2023

တပ်ရင်း(805)အတွက်
RPG ကမ်ပိန်းဟာ ၉၄.၄% နဲ့
အောင်မြင်စွာ ပြီးဆုံးသွားပါပြီခင်ဗျာ …

ပါဝင်ထောက်ကူပေးကြတဲ့
ထောက်ပို့ရဲဘော်တယောက်ချင်းစီနဲ့
အဖွဲ့အစည်းများ အားလုံးကို
ကျေးဇူးအထူးတင်ရှိပါတယ် …

အနုပညာရှင်များရဲ့
အမှတ်တရပစ္စည်းများကို
လက်ဆောင်ပြန်လည်ပေးအပ်မယ့်
အစီအစဉ်ကို ဒီကနေ့ မြန်မာစံတော်ချိန်
ညနေ(၅)နာရီမှာ တပ်ရင်းမှ ရဲဘော်များက
FPCR page မှာ Live လွှင့်ပြီး
ကျင်းပပေးသွားမှာ ဖြစ်ပါတယ် …

ရဲဘော်တွေကလည်း
အီပီဂျာရတော့မှာမို့ ပျော်နေကြသလို
ထောက်ပို့မိဘပြည်သူများတို့ကလည်း
တော်လှန်အနုပညာရှင်များရဲ့တန်ဖိုးဖြတ်
မရနိုင်တဲ့ မေတ္တာလက်ဆောင်ပစ္စည်းများ
အတွက် ရင်ခုန်စောင့်စားပေးကြပါဦးလို့ …




#လမ်းများအားလုံးနေပြည်တော်သို့

25/08/2023
25/08/2023

တပ်ရင်း(805) အတွက်
RPG ကမ်ပိန်းမှာ လက်မှတ်
အစောင်ရေ(၃၀၀၀) ကျပ်သိန်း(၄၅၀)
မျှော်မှန်းပမာဏ ထားရှိပါတယ် ...

ကမ်ပိန်းကာလ (၁)လအပြင်
ထပ်တိုး(၇)ရက်အချိန်ကာလဟာ
ဒီကနေ့ မြန်မာစံတော်ချိန် ည(၁၂)နာရီမှာ
ကမ်ပိန်းပိတ်သိမ်းရတော့မှာ ဖြစ်ပါတယ် ...

လက်ရှိအချိန်ထိ
လက်မှတ်အစောင်ရေ(၂၈၁၅)စောင်
ရောင်းချခဲ့ရပြီးတော့ ကျပ်သိန်းပေါင်း
လေးရာ့နှစ်ဆယ့်နှစ်သိန်းနှစ်သောင်းငါးထောင်
(၄၂၂၂၅၀၀၀)ကျပ် ရရှိနေပြီဖြစ်ပါတယ် ...

နောက်ဆုံးပွဲသိမ်းအနေနဲ့
လက်ကျန်လက်မှတ်လေးတွေကို
ဝိုင်းဝန်းဝယ်ယူထောက်ကူပေးကြဖို့
နှိုးဆော်အပ်ပါတယ်ခင်ဗျာ ...




#လမ်းများအားလုံးနေပြည်တော်သို့

24/08/2023

ကျပ် သိန်း(၄၅၀)
RPG Campaign အတွက် ...

ဝိုင်းဝန်းပေးကြတဲ့ ထောက်ပို့
ရဲဘော်တွေကို အမှတ်တရ ပြန်လည်
ပေးအပ်ဖို့ လက်ဆောင်ပစ္စည်းတွေကို
ဒီလို စီစဉ်ထားပါတယ် ခင်ဗျာ ...

No.(01)
ဒါရိုက်တာဏကြီး၊ ပိုင်ဖြိုးသု၊
နောက်ခံဂီတဖန်တီးသူ ကိုမြင့်သန်းထွန်းတို့
လက်မှတ်ရေးထိုးထားတဲ့ "မီ" ရုပ်ရှင်
ဇာတ်ကားကြီးရဲ့ Sound Tracks CD

No.(02)
ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့
နှစ်ယောက်လက်မှတ်ရေးထိုးထားတဲ့
ကြည်အေးရဲ့ "မီ" စာအုပ်

No.(03)
ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့
နှစ်ယောက် လက်မှတ်ရေးထိုးထားတဲ့
နုနုရည်အင်းဝရဲ့"ခေါင်းမော့လိုက်တော့မင်း
ခေါင်းငုံ့လိုက်တော့သူ" စာအုပ်

No.(04)
ဒါရိုက်တာ သည်ခေတ်နေ
လက်မှတ်ရေးထိုးထားတဲ့ ရွာစားစိန်တင်ဟန်ရဲ့
"မြန်မာတို့ဇာတ်ပွဲ" စာအုပ်

No.(05)
အဆိုတော် အေသင်ချိုဆွေရဲ့
ဒိုင်ယာရီစာအုပ်နဲ့ ဘောလ်ပင်

No.(06)
စာရေးဆရာ/ကဗျာဆရာ
ဝေမှူးသွင် လက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့ "ကြည်ကြည့်ကို ကြည့်နေရတယ်"
ကဗျာစာအုပ်

No.(07)
စာရေးဆရာ/ကဗျာဆရာ
လင်းခါး လက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့၀တ္ထုရှည် "ရေသေအိုင်" စာအုပ်

No.(08)
စာရေးဆရာ/ကဗျာဆရာ
လင်းခါး လက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့ဝတ္ထုရှည် "စမ်းရေကြည်နု"
စာအုပ်

No.(09)
စာရေးဆရာ/ကဗျာဆရာ
လင်းခါး လက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့ "တီရှပ်မြစ်" အက်ဆေးစာအုပ်

No.(10)
စာရေးဆရာ/ကဗျာဆရာ
လင်းခါး လက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့ အရေးအသားဆိုင်ရာ "ဇင်" စာအုပ်

No.(11)
ABSDF ကျောင်းသားတပ်မတော်
ဗဟိုကော်မတီဝင် ကဗျာဆရာ ရဲဘော်လွမ်းဏီ
လက်မှတ်ရေးထိုးထားတဲ့ လူထုဒေါ်အမာ
နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် တီရှပ်

No.(12)
ကဗျာဆရာ Aမွန်
အမှတ်တရလက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့ "ဟိုဘက်နှစ်တွေဟာ သတိစရာ"
ကဗျာစာအုပ်နဲ့ ကဗျာလက်ရေးမူ

No.(13)
ပန်းချီဆရာ ကိုဖိုး
စုဆောင်းသိမ်းဆည်းထားတဲ့
ရှုခင်းရေဆေးပန်းချီကား

No.(14)
ပန်းချီဆရာ ကိုဖိုး
စုဆောင်းသိမ်းဆည်းထားတဲ့
"အမေစု" ရေဆေးပန်းချီကား

No.(15)
ပန်းချီဆရာ Jimmy Thiha ရဲ့
ဆာရီရယ်ပန်းချီကား

No.(16)
ရော့ခ်အဆိုတော် နိုဗန်ထူးနဲ့
ဒရမ္မာ ကိုဂျပန်ကြီးတို့ လက်မှတ်
ရေးထိုးထားတဲ့ Drum Stick တစုံ

No.(17)
Rap အဆိုတော် T Zin
လက်မှတ်ရေးထိုးထားတဲ့
ကိုဇေယျာသော် အမှတ်တရ တီရှပ်

No.(18)
စာရေးဆရာ ခက်ဇော်
ဗြိတိသျှကိုကိုမောင် လက်မှတ်ရေးထိုးထားတဲ့
သူ့ရဲ့ The Guys Of Rangoon 1930 စာအုပ်

No.(19)
အနုပညာရှင် ကျားပေါက်
(Big Bag) ရေးဆွဲထားတဲ့ တီရှပ်
..

အမှတ်တရတွေ
တကယ်ဖြစ်စေမယ့် လက်ဆောင်တွေပါ..

ကံစမ်းမဲလက်မှတ်
အစောင်ရေ(၂၀၀)ကျော်
ကျန်ရှိနေသေးတဲ့အတွက်
ကမ်ပိန်းလေးအောင်မြင်သွားအောင်
နောက်ဆုံးအချီ ဝိုင်းကူလိုက်ကြပါစို့ခင်ဗျာ…




#လမ်းများအားလုံးနေပြည်တော်သို့

23/08/2023

နိုင်ငံကျော်စာရေးဆရာ ဗြိတိသျှကိုကိုမောင်/ ခက်ဇော်
အမှတ်တရလက်မှတ်ရေးထိုးပေးထားတဲ့ စာအုပ်လည်း
အချိိန်မှီ ရောက်ရှိလာပါတယ်ခင်ဗျာ..

မျှော်မှန်းပမာဏ ပြည့်ဝဖို့လည်း ရာခိုင်နှုန်းအနည်းငယ်ပဲ
ကျန်တော့တာပါ..

အီပီဂျာလေးကလည်း ရှေ့တန်းကိုသွားချင်နေပါပြီ..

လက်ကျန်ရက်(၂)ရက်မှာ ဝိုင်းဝုန်းပေးကြပါအုံးခင်ဗျာ..

#လမ်းများအားလုံးနေပြည်တော်သို့



https://m.facebook.com/story.php?story_fbid=249215491242899&id=100084633495801&mibextid=qC1gEa

22/08/2023

အချိန်မှီရောက်ရှိလာတဲ့ အမှတ်တရလက်ဆောင်ပါ..

တောလှန် အမျိုးသမီးRAPPER တစ်ဦးဖြစ်တဲ့
မ T Zin က ကိုဖြိုးဇေယျာသော်အမှတ်တရ တီရှပ်ပေါ်မှာ လက်မှတ်ရေးထိုးပေးထားပါတယ်..

"အရေးတော်ပုံ အောင်ရမည်”

#လမ်းများအားလုံးနေပြည်တော်သို့


https://www.facebook.com/100084633495801/posts/249215491242899/?mibextid=cr9u03

Videos (show all)

5 ရက်အတွင်း အစောင်ရေ 300 ဖြုတ်ကြစို့ ✊Nay Pyi Taw - PDF တပ်ရင်း 805 ရဲ့ဒီဇင်ဘာကမ်ပိန်းဟာ အခုဆိုရင် Day 57 ကိုရောက်ရှိလာပ...
Real Enemy

Website