Design-Matters

Design-Matters

Repository about Universal x User-Centric UI/UX and Product Design

Photos from Design-Matters's post 16/10/2023

Who are the Winners!!!

Hello! UXUIverse ကြီးထဲ လှည့်လည်လေ့လာကြတဲ့ “Spaceship To UXUIverse Mission 001: Exploring the UXUI Cosmoses ပွဲကြီးလည်း ပြီးသွားခဲ့ပြီဖြစ်သလို ပညာတွေအများကြီးလည်းရခဲ့ကြမယ်လို့ ယူဆပါတယ်။

ကဲဒါဆို ကျွန်တော်တို့ပွဲရဲ့ နောက်ဆုံးအစီအစဉ်လေးဖြစ်တဲ့ Engagement Competition နဲ့ AR Filter Competition တို့မှာ ဆုရရှိသွားတဲ့သူတွေကို ကြေညာပေးပါရစေ 🥳

အောက်ကပိုစတာမှာ ဖော်ပြထားတဲ့ ၁၀ ယောက်က Engagement Competition Winner ၅ ယောက်နဲ့ AR Filter Competition Winner ၅ ယောက်တို့ပဲဖြစ်ပါတယ်။

Congratulations ပါ 🤩

ကဲ ဆုရရှိတဲ့သူတွေအနေနဲ့ Messenger ကိုလာရောက်ပြီး Delivery ပို့ဆောင်ဖို့အတွက် လိုအပ်တဲ့ Info လေးတွေကို ဒီအပတ် ဗုဒ္ဓ​ဟူး​နေ့နောက်ဆုံးထားပြီး လာပေးလို့ရပါပြီခင်ဗျ။

ဆုအနေနဲ့တော့ အစောပိုင်းကကြေညာထားတဲ့ ဒီပွဲအတွက်အထူးထုတ် Coffee Mug လှလှလေးကို ပေးအပ်သွားမှာဖြစ်ပြီး နောက်တစ်ပတ်ထဲမှာ အကုန်ပို့ဆောင်ပေးသွားမှာပါ။

ဒီတခါကံမထူးခဲ့တဲ့သူတွေလည်း နောက်ပွဲတွေလုပ်တဲ့အခါ ကံထူးကြပါစေခင်ဗျာ 🙏
နောက်ထပ်ပွဲတွေမှာ ပြန်လည်ဆုံတွေ့ကြမယ်နော် 🤗

09/10/2023

Spaceship To UXUIVerse
Mission 001 : Exploring UXUI Cosmoses ကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။

ကျွန်တော်တို့ ပွဲနဲ့ ပက်သက်ပီးပဲဖြစ်ဖြစ် Speaker တွေကိုပဲဖြစ်ဖြစ် အမှတ်တရတွေ ရေးပေးချင်ရင်ရေးပေးလို့ရအောင် memory board လေးတွေစီစဥ်ထားပါတယ်။

Memory လေးတွေ မျှော်နေပါမယ်နော်။
https://www.figma.com/file/6z0UJZ2cuhzeAGVlKiewOM/Memories-board?type=whiteboard&node-id=6%3A9096&t=ZJmivvPke979mawI-1

Feedback Form For Event Day 1 08/10/2023

Event Day 2 လဲ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာ။
ဒီနေ့ Session တွေကနေတစ်ဆင့် တစ်ခုခု အကျိုးအမြတ်ရမယ်လို့မျှော်လင့်ပါတယ်။
ကျွန်တော်တို့ကိုကူညီဖို့်အတွက် Feedback Form ကို ကူပြီး ဖြည့်ပေးဖို့ အကူအညီတောင်းချင်ပါတယ်ခင်ဗျာ။

Feedback Form For Event Day 1

08/10/2023

Ready For Day 2 Networking Session?
Event Day 2 အတွက် Networking Session 8:30 PM - 9:00 PM မှာရှိပါမယ်။ UXUI Designer တွေ ကျွန်တော်တို့နဲ့တူတူ စကားတွေပြောကြမယ်။ Portfolio Sharing တွေတူတူလုပ်ကြပါမယ်။
ဒီလင့်ကနေ ဝင်လာခဲ့လို့ရပါတယ်နော်
Topic: Day 2 Networking
Time: Oct 8, 2023 08:30 PM - 9:00PM Asia/Yangon
Join Zoom Meeting
https://us06web.zoom.us/j/86044600662?pwd=TOYKuVlAVw5au9uaL7q5gDP2zvoxk3.1

Let Phyu Mon know how she did 08/10/2023

မဖြူမွန်ပေးတဲ့ survey form ကို နှိပ်လို့ အဆင်မပြေရင် ဒီကနေလဲ သွားပေးလို့ရပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Link Copy ကူးလာပေးပါတယ်။

Let Phyu Mon know how she did Hello hello 👋 thank you for attending today. I'm excited to hear about what you learned from the session and how I can improve in the future.

08/10/2023

Day 2 စနေပါပီနော်

07/10/2023

Here is AR Filter Competition 🤩

ကဲ ကျွန်တော်တို့ရဲ့ UXUIverse ကြီးထဲကို လှည့်လည်လေ့လာကြတဲ့ “Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses” ပထမနေ့ကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။

တက်ရောက်နားဆင်သူတွေရော၊ ဝင်ရောက်ဆွေးနွေးသူတွေရော မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စိတ်ဝင်တစား ပါဝင်ပေးခဲ့တဲ့အတွက်လည်း ကျွန်တော်တို့ Design-Matters Team တစ်ခုလုံးက ကျေးဇူးတင်ကြောင်းပြောပါရစေ။

ဒီလို ပါဝင်ခဲ့သူတွေအတွက် အမှတ်တရရှိစေဖို့ rangoon.tech ရဲ့ အကူအညီနဲ့ AR Filter လေးနဲ့အတူ Giveaway လေးစီစဉ်ပေးထားပါတယ်။ တက်ရောက်နားဆင်ခဲ့သူတိုင်း ပါဝင်နိုင်ပြီး ✨ AR Filter Link [https://www.facebook.com/fbcameraeffects/tryit/986151429132975/] ထဲဝင်ကာ ကိုယ့်ကိုယ်ကို ဓာတ်ပုံလေးရိုက်
✨ အောက်မှာပေးထားတဲ့ Hashtag လေး “ ” နဲ့ Public မှာ တင်ပြီး
✨ ဒီအောက်မှာ Comment လာမန့်ပေးရုံပါပဲ။
(ပုံကလို ပြုံးပြုံးကြီးတော့ ရိုက်‌လာကြနော် 🤭)

Comment ထဲကနေမှ ၅ ယောက်တိတိကို ဒီပွဲအတွက် အထူးထုတ်ထားတဲ့ Coffee Mug လေးမဲဖောက်ပေးပြီး အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်။ ဆုရရှိတဲ့သူတွေကိုတော့ Design Matters ဘက်မှ ရက်ပိုင်းအတွင်းကြေညာပေးမှာဖြစ်ပါတယ်။

ကဲ Good Luck & Have Fun! ပါဝင်ပေးကြပါဦးခင်ဗျာ။

Feedback Form For Event Day 1 07/10/2023

Event Day 1 ကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာ။

ဒီနေ့ Session တွေကနေတစ်ဆင့် တစ်ခုခု အကျိုးအမြတ်ရမယ်လို့မျှော်လင့်ပါတယ်။

ကျွန်တော်တို့ကိုကူညီဖို့်အတွက် Feedback Form ကို ကူပြီး ဖြည့်ပေးဖို့ အကူအညီတောင်းချင်ပါတယ်ခင်ဗျာ။

Feedback Form For Event Day 1

07/10/2023

Ready For Day 1 Networking Session?

Event Day 1 အတွက် Networking Session 7:00 PM နောက်ပိုင်းမှာရှိပါမယ်။ UXUI Designer တွေ ကျွန်တော်တို့နဲ့တူတူ စကားတွေပြောကြမယ်။ Portfolio Sharing တွေတူတူလုပ်ကြပါမယ်။
ဒီလင့်ကနေ ဝင်လာခဲ့လို့ရပါတယ်နော်

Topic: Day 1 Networking
Time: Oct 7, 2023 07:00 PM Asia/Yangon

Join Zoom Meeting
https://us06web.zoom.us/j/89912470846?pwd=IgiE90g7PsIUnpkGiBxO85K84O8HWB.1

06/10/2023

အာကာသထဲလှည့်ပတ်ရင်း UXUIကိုလေ့လာနိုင်မဲ့အပြင် Portfolio Sharing session လည်း “Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses” မှာ ပါဝင်လာပါပြီ။ 🚀🚀🚀

ဒီ Profile sharing sessionမှာဆိုရင်တော့
- Name
- Position
- Portfolio / resume link အစရှိတာတွေထည့်နိုင်မှာဖြစ်ပါတယ်။

Profile Sharing ကနေ ဘာတွေကောင်းကျိုးရနိုင်မလဲ ဆိုရင်တော့
🚀 Event မှာစီးပွားရေးလုပ်ငန်းရှင်တွေ၊ Hiring Levelကလူတွေပါ ပါဝင်တဲ့အတွက်ကြောင့် ကိုယ့်portfolio/resumeကနေတဆင့် ဆက်သွယ်လာနိုင်ပါတယ်။ အဲ့တာတွေအပြင် FounderကိုHarryတို့ Teamမှာဆိုရင်လည်း Designerတွေခေါ်ယူဖို့ရှိနေတဲ့အတွက်ကြောင့် အတူတူတွဲလုပ်ဖို့ အခွင့်အရေးကောင်းလည်းဖြစ်လို့နေပါတယ်။

🚀 ဒါအပြင် ဒီကနေတဆင့် networking ကောင်းကောင်းရလာနိုင်တဲ့အတွက်ကြောင့် မမေ့မလျော့ Portfolio Sharing Boardမှာ ကိုယ့်Portfolio/Resumeတွေsharingလုပ်ဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ

Portfolio/Resume Sharing Boardကို အောက်က lInk ကနေတဆင့် ခုကစ ဖြည့်လို့ရပါပြီခင်ဗျာ
https://www.figma.com/file/2gshNb5lhQyuyBDMDOx0Y6/Portfolio-Sharing?type=whiteboard&node-id=0%3A1&t=pygzcsf7y3GBUCBm-1

Adminကတော့ စိတ်လှုပ်ရှားစွာနဲ့ Eventစဖို့ စောင့်နေပါပြီဗျို့ 🤩🤩

06/10/2023

မနက်ဖြန် အာကာသထဲသွားပီးတော့ Speaker တွေပြောတာတွေပဲ ထိုင်နားထောင်နေရုံတင်မဟုတ် အကုန်လုံးပါဝင်လို့ ရနိုင်မယ့် Engagement Plan လဲ စီစဥ်ထားပါတယ်။

အဲ့တာတွေကတော့
1. AR Filter Competition
2. Engagement Competition
3.Networking နဲ့ Design-Matters ကနေ Community အတွက် ထပ်လုပ်မယ့် လုပ်ငန်းစဥ်တွေအတွက် ကူညီ အားဖြည့်ပေးခြင်းတို့ဖြစ်ပါတယ်။

1. AR Filter Competition
Event နေ့ရက်တိုင်းအတွက် rangoon.tech အကူအညီနဲ့ AR Filter စီစဥ်ထားပါတယ်။ AR နဲ့ ဓာတ်ပုံရိုက်၊ မိမိ Social Media ပေါ်တင်ပြီး Campaign မှာ ပါဝင်ပေးခြင်းဖြင့် ဆုရရှိနိုင်ပါတယ်။

2. Engagement Competition
Event ပွဲမှာ တက်ရောက်တဲ့ Session တိုင်း၊ မေးမယ့်မေးခွန်းတိုင်းအတွက် အမှတ်တွေ ပေးသွားမှာဖြစ်ပါတယ်။ များများတက် များများမေးလေ အမှတ်တွေပိုရလေဖြစ်မှာပါ။ အများဆုံး ၅ ယောက်ကိုလဲ ဆုတွေပေးသွားမှာပါ။

ဆုကတော့ Merchandise Coffee Mug ဖြစ်ပီး AR Filter Competition အတွက် 5 ခုကို Lucky Draw, Engagement Competion အတွက်ကို အမှတ်အများဆုံး 5 ယောက်စာ စုစုပေါင်း ၁၀ ခုပေးသွားမှာဖြစ်ပါတယ်။

တတိယ အစီအစဥ်ဖြစ်တဲ့ Networking မှာဆို ဒီဇိုင်နာများ အချင်းချင်း Portfolio Sharing လုပ်ပေးခြင်း၊ Design Matters ကို အားဖြည့် ကူညီဖို့ကတော့ နောက် Event မှာပြောစေချင်တဲ့ Topic တွေ Vote ပေးခြင်း၊ လက်ရှိ Event အတွက် Survey ဖြေပေးခြင်းနဲ့ Design Matters ကလုပ်နေတဲ့ AI Product အတွက် Data ဖြည့်ကူပေးခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။

အသေးစိတ်ကိုတော့ တစ်ခုချင်းစီ ထပ်ပြီး ကြော်ငြာပေးသွားပါမယ်ခင်ဗျာ။

Photos from Design-Matters's post 06/10/2023

Are you ready, UXUIers ? 👀

မနက်ဖြန် မနက် ၉ နာရီကနေ စလို့ Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses” ပွဲကို အောက်ပါအချိန်ဇယားအတိုင်းကျင်းပသွားမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့နဲ့ ၈ ရက်နေ့ နှစ်ရက်တိုင်တိုင် ပြုလုပ်မယ့် ဒီပွဲမှာ စုစုပေါင်း Session 17 ခုပါဝင်မှာဖြစ်ပြီး ကိုယ်တက်ရောက်ချင်တဲ့ Session ကို မတက်လိုက်ရတာမျိုးမဖြစ်ရလေ‌‌အောင် အောက်ကအချိန်ဇယားလေးကို သေချာကြည့်လာဖို့ မမေ့ကြနဲ့နော်။

ပြီးတော့ တက်ရောက်ဖို့ ရွေးချယ်ခံရသူတွေကိုလည်း Ticket တွေပို့ပေးပြီးပြီဆိုတော့ . . .

See you tomorrow! 👋

06/10/2023

Memory... is the diary that we all carry about with us.

ကျွန်တော်တို့ Event စီစဥ်ရင်း ကုန်ကျစားရိတ်တစ်ချို့ကို ကာဗာဖြစ်အောင် လက်မှတ်မရောင်းချင်တာကြောင့် Merchandise လေးတွေရောင်းဖို့ စီစဥ်လိုက်ပါတယ်။
ဒီ Event အချိန်မှာပဲမှာလို့ရပီး ဒီ Event အတွက်ပဲသီးသန့် Customized လုပ်ရောင်းမယ့် Coffee Mug and Tote Bag လေးတွေဖြစ်ပါတယ်။

Merchandise လေးတွေကို ဝယ်ယူခြင်းက အမှတ်တရပစ္စည်းလဲရစေနိုင်သလို ကျွန်တော်တို့ Design-Matters Team ကိုလဲ ကူညီရာရောက်ပါတယ်။

Coffee Mug လေးက 7,000 ကျပ်သာ ကျသင့်မှာဖြစ်ပီး Tote Bag လေးကတော့ 9,000 ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။ ဝယ်ယူချင်တယ်ဆိုရင် page messenger မှာ လာရောက်မှာယူလို့ရပါတယ်ခင်ဗျာ။ အော်ဒါကောက်ပီးရင် Customized အပ်ပီး တစ်ပတ်အတွင်းမှာ ပို့ပေးဖြစ်ပါမယ်ခင်ဗျ။

ကျွန်တော်တို့နဲ့အတူတူ ဒီ Event ရဲ့ အမှတ်တရလေးတွေ သိမ်းဆည်းထားရလိုက်အောင်နော်။

06/10/2023

ကျွန်တော်တို့ရဲ့ အာကာသပတ်ပြီး UXUI လေ့လာမယ့် “Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses” မှာ Media Partner အနေနဲ့ အားဖြည့်ကူညီပေးသွားမှာကတော့ rangoon.tech ပဲဖြစ်ပါတယ်။

rangoon.tech ဆိုတာကတော့ မြန်မာနိုင်ငံက လူငယ်တွေ အခြေပြုပြီး ဖွဲ့စည်းထားတဲ့ Interactive Technologies Service Provider တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မှာရှိတဲ့ နည်းပညာ နဲ့ Creative ကို စိတ်ဝင်စားတဲ့ လူငယ်တွေနဲ့၊ လူငယ်ပညာရှင်တွေကို အတူတူဖွံ့ဖြိုးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီအားပေးနေတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ ဒီလိုမျိုး လူငယ်တွေစုပေါင်းပြီး ပြုလုပ်တဲ့ Design-Matters ရဲ့ UXUI ပွဲမှာလည်း ပါဝင်ကူညီအားဖြည့်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ကူညီပေးတဲ့အတွက် Design-Matters Team မှလည်း rangoon.tech ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ 🥰

ကဲ DM Team နဲ့အတူ UXUIverse ကြီးထဲ ခရီးဆက်ဖို့ Ready ပဲလားဗျို့ 👀

06/10/2023

ကျွန်တော်တို့ရဲ့ အာကာသပတ်ပြီး UXUI လေ့လာမယ့် “Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses” မှာ အဓိကနေရာကနေ Main Sponsor အဖြစ် ပါဝင်ကူညီအားဖြည့်‌ပေးထားတာကတော့ EMQ2 ဆိုတဲ့ စင်ကာပူအခြေစိုက် Techology Service ကုမ္ပဏီမှပဲဖြစ်ပါတယ်။

UX Community ထဲမှာ ဆန်းသစ်တီထွင်မှု၊ ဖန်တီးမှု၊ ပူးပေါင်းလုပ်ကိုင်မှု‌တို့ကို မြှင့်တင်မေးချင်တဲ့ ဆန္ဒရှိတဲ့ EMQ2 ဟာ ပထမဆုံးအကြိမ်အဖြစ် မြန်မာပြည်ရဲ့ UXUI Event မှာ ပါဝင်ကူညီခဲ့ပါတယ်။ အခုလို မြန်မာပြည် UXUI Community ကို ကူညီအားပေးတာကနေ Design လောကအတွက် လိုအပ်နေတဲ့ ဆန်းသစ်တီထွင်မှုတွေ၊ တိုးတက်ပြောင်းလဲမှုတွေဖြစ်လာဖို့ EMQ2 ဘက်က ယုံကြည်မှုရှိပါတယ်။ ဒီလိုပွဲတွေကနေမှတစ်ဆင့် အနာဂတ် UXUI လောကအတွက် ဦးဆောင်မယ့်လူငယ်တွေ၊ ပညာရှင် Designer တွေနဲ့ပါ ရင်းနှီးခင်မင်ပြီး၊ မြန်မာပြည်ရဲ့ UXUI အနာဂတ်ကို အတူတူဖော်ဆောင်သွားဖို့ ဒီလိုမျိုး လူငယ်တွေစုပေါင်းပြီး ပြုလုပ်တဲ့ Design-Matters ရဲ့ UXUI ပွဲမှာ ပါဝင်ကူညီအားဖြည့်ပေးခဲ့တာ ဖြစ်ပါတယ်။

EMQ2 are passionate about fostering creativity, innovation, and collaboration within the UXUI community. That’s why we are thrilled to announce our sponsorship of Myanmar’s first-ever UXUI event! We believe that nurturing the UXUI community in Myanmar is essential for driving innovation and excellence in design. We hope that through our support we can play an impactful role in the industry’s journey towards excellence. We are proud to support this event and look forward to connecting with fellow design enthusiasts, professionals, and thought leaders. Together, let’s shape the future of UXUI design in Myanmar!

အခုလို ကူညီပေးတဲ့အတွက် Design-Matters Team မှလည်း EMQ2 ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ 🥰

ကဲ DM Team နဲ့အတူ UXUIverse ကြီးထဲ ခရီးဆက်ဖို့ Ready ပဲလားဗျို့ 👀

05/10/2023

Event တက်ဖို့ Invite Mail တွေပို့လိုက်ပါပီခင်ဗျာ

Ticket တွေယူဖို့နဲ့ Event တက်ဖို့ အတွက် လင့်ပါပါမယ်ခင်ဗျာ
Event တက်ဖို့က Mail မှာပါတဲ့ Link ကနေပဲ တက်လို့ရမှာဖြစ်တာကြောင့် Mail တွေစစ်ဆေးဖို့ တစ်ချက်တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

တကယ်လို့ mail ရှာမတွေ့ခဲ့ရင် Spam ထဲ တစ်ချက်စစ်ကြည့်ဖို့အတွက်လဲ အကြံပေးလိုပါတယ်။

05/10/2023

Hello ကျွန်တော် Admin Harry ပါ။

ကျွန်တော်တို့ရဲ့ Spaceship To UXUIVerse Event Series ရဲ့ ပထမဆုံး Event ဖြစ်တဲ့ Mission 001: Exploring The UXUI Cosmoses ကို တက်ရောက်ဖို့အတွက် Registration Form ကို ပိတ်လိုက်ပါပီခင်ဗျာ။

အယောက် 650 လောက်ထိ Registration လုပ်ပေးကြလို့လဲကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ညမှာ Event ကို တက်ရောက်နိုင်မယ့် Event Link နဲ့ တက်ရောက်ဖို့ လက်မှတ်ယူတဲ့နည်းလမ်းတွေကို Email ကနေတစ်ဆင့် ပို့ပေးသွားပါမယ်ခင်ဗျာ။ ဆိုတော့ ဒီညနဲ့ မနက်ဖြန်ကို Email လေးတွေ စစ်ပေးဖို့ Request လုပ်ချင်ပါတယ်။

မနက်ဖြန်မှာတော့ Time Table ရယ် Event မှာ Knowledge Sharing Session တွေအပြင်စိ တ်ဝင်စားဖို့ ကောင်းမယ့်ဘယ်လိုမျိုး Activity တွေရှိဦးမလဲဆိုတာ ထပ်ပြီး ကြော်ငြာပေးသွားပါမယ်။

ပွဲနေ့မှာ တွေ့ကြပါမယ်နော်။

05/10/2023

ဘယ်အလုပ်မဆို Teamwork ရှိရပါတယ်။ Design မှာလည်း အဲ့လိုပါပဲ . . .
ဒါဆို Design Team တစ်ခုကို ဘယ်လိုဖွဲ့စည်းကြမလဲ? 🤔

ကျွန်တော်တို့ "Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses" ရဲ့ နောက်ဆုံးကြေညာပေးချင်တဲ့ Panel ကတော့ “Building Effective Design Team” ဆိုတဲ့ Panel Discussion Session ပဲဖြစ်ပါတယ်။ ပါဝင်မယ့်သူတွေကတော့ Trienpont International Bangkok ရဲ့ Senior UX Designer ဖြစ်သူ မအေးပပမျိုး၊ ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Experience, Product and Service Designer ဖြစ်တဲ့ မငယ်ဦးမွန်တို့နဲ့အတူ ကျွန်တော်တို့ Design-Matters ရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကိုကောင်းမြတ်ဟိန်း (Harry) တို့ဖြစ်ပါတယ်။ 😍

မအေးပပမျိုးဟာ လက်ရှိ Trienpont International Bangkok မှာ Senior Design အနေနဲ့လုပ်ကိုင်နေသလို UXUI Designer အနေနဲ့လည်း ၅ နှစ်ကျော်အတွေ့အကြုံရှိသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိကုမ္ပဏီမှာ Design Team Lead အနေနဲ့ နိုင်ငံတကာက Team တွေနဲ့အတူတူ ပူးပေါင်းလုပ်ကိုင်နေပါတယ်။ ဆက်ဆံရေးကောင်းမွန်သူတစ်ဦးဖြစ်ပြီး၊ သူနဲ့အလုပ်တွဲလုပ်တဲ့သူတွေဆီကလည်း ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေရရှိထားတဲ့ မအေးပဟာ ပညာရပ်ပိုင်းမှာလည်း ထက်မြက်သူတစ်ဦးဖြစ်ကြောင်း အကောင်းဆုံးသက်သေပြလျက်ရှိပါတယ်။

နောက်ထပ်တစ်ယောက်ဖြစ်တဲ့ မငယ်ဦးမွန်ဟာလည်း ၆ နှစ်ကျော်၊ ၇ နှစ်ခန့် အတွေ့အကြုံရှိတဲ့ Product Designer တစ်ဦးဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားနဲ့ မြန်မာနိုင်ငံတို့မှာ လုပ်ကိုင်ဖူးသူတစ်ယောက်ဖြစ်ပြီး၊ လက်ရှိထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နေထိုင်နေသူတစ်ဦးဖြစ်ပါတယ်။ Ethic ရှိပြီး ကောင်းမွန်ပြည့်စုံတဲ့ Design တွေကို လူမှုအဖွဲ့အစည်းအတွက် အကျိုးရှိအောင် ပူးပေါင်းဖန်တီးချင်စိတ်ရှိသူတစ်ဦးဖြစ်ပါတယ်။

နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ ကို Harry ကလောလောဆယ်မှာတော့ Redes Solution ဆိုတဲ့ UXUI Design Agency တစ်ခုကို တခြား Designer တွေနဲ့တူတူ တည်ထောင်ထားတဲ့အပြင်
✨ Local Designer တွေအတွက် Mentorship တွေ၊
✨ Local Product တွေက Design Team တွေအတွက် Design Consultant and Coach အနေနဲ့ ကူညီပေးနေပါတယ်။

အတွေ့အကြုံရင့်သူတွေဖြစ်သလို ဦးဆောင်တဲ့အတွေ့အကြုံတွေပိုင်ဆိုင်ထားတဲ့ သူတို့ ၃ ယောက်ရဲ့ “Building Effective Design Team” ဆိုတဲ့ Panel Discussion အချိန်လေးကတော့ အောက်တိုဘာလ ၈ ရက်နေ့၊ 4:30 PM ပဲဖြစ်ပါတယ်။ ⏳

Are you ready !!! Stay Tuned 🥳

05/10/2023

အလုပ်ခွင်ရောက်ရင် ကိုယ့်စီနီယာက ကိုယ့်ကိုဘာတွေမျှော်လင့်ထားလည်း သိချင်ကြတဲ့ ဂျူနီယာလေးတို့အတွက် ဒီ Panel ကနေ စောင့်ကြိုနေပါမယ်နော်။ 🤩

"Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses" ရဲ့ ၄ ခုမြောက် Panel Discussion ကတော့ “Senior Expectatios on Junior” ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးပေးကြမှာကတော့ BIM Group of Companies ရဲ့ Senior UXUI Designer/Product Designer တစ်ယောက်ဖြစ်တဲ့ မရွှန်းရတီဇော်၊ Wave Money ရဲ့ UX Specialist တစ်ယောက်ဖြစ်တဲ့ ကိုမင်းနန္ဒဈာန် စတဲ့စီနီယာတွေနဲ့အတူ ဂျူနီယာဒီဇိုင်နာတွေဖြစ်တဲ့ SaNit မှ မသီရိဖြိုးနိုင်နဲ့ Dinger မှ မအိသော်ဇင်တို့ပဲဖြစ်ပါတယ်။ 😘

BIM Group of Companies ရဲ့ Senior Designer တစ်ယောက်ဖြစ်တဲ့ မရွှန်းရတီဇော်ဟာ Design Experience အနေနဲ့ In House Software Development Company နဲ့ Corporate Company တွေမှာ လုပ်ကိုင်ဖူးတဲ့သူတစ်ယောက်လည်းဖြစ်ပြီး Project Type အနေနဲ့ Website Rebranding, B2B classified platform, Admin Portal, E-commerce, Multipurpose Classified App, Queue Management System, Loyalty Program, Self Service Kiosk System , POS System နဲ့ Client project တွေမှာ အဓိကအတွေ့အကြုံရှိပါတယ်။ Design-Matters ကလူတွေက Mushroom လို့ ချစ်စနိုးခေါ်လေ့ရှိတဲ့ မရွှန်းဟာ လက်ရှိမှာ Design ဆွဲတာအပြင် Design Community Event တွေမှာလဲ Facilitator အနေနဲ့ ပါဝင်အားဖြည့်ပေးလျက်ရှိပါတယ်။

နောက်ထပ် Senior တစ်ဦးကတော့ Wave Money မှာလက်ရှိလုပ်ကိုင်နေတဲ့ UX Specialist တစ်ယောက်ဖြစ်တဲ့ ကိုမင်းနန္ဒဈာန်ပါ။ ကိုဈာန်လို့ အများက အဖျားစွတ်ခေါ်လေ့ရှိတဲ့ သူဟာ UXUI လောကမှာ ၅ နှစ်နီးပါးလုပ်ကိုင်လာသူတစ်ယောက်ဖြစ်ပြီး အတွေ့အကြုံရှိတဲ့ Senior တစ်ယောက်ဆိုလည်းမမှားပါဘူး။ Designer တွေ့ဆုံပွဲတွေမှာလည်း ဦးဆောင်ပါဝင်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး၊ အတွေ့အကြုံတွေကို ဝေမျှလေ့ရှိသူပါ။

Dinger မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မအိသော်ဇင်ကလည်း မူလ အီလက်ထရောနစ် နယ်ပယ်ကနေမှ UXUI ကိုဝင်ရောက်လာသူပါ။ အခုလက်ရှိမှာလည်း သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီး၊ စီးပွား‌‌ရေးအရလည်း အဆင်ပြေတဲ့ Digital Product တွေကို ဖန်တီးဖို့ စိတ်အားထက်သန်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။

နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ မသီရိဖြိုးနိုင်က လက်ရှိ SaNit ဆိုတဲ့ Startupတစ်ခုမှာ UXUI Designer အဖြစ် Remote လုပ်ကိုင်နေသူတစ်ယောက်ပါ။ Web Development ဘက်ကနေပြောင်းလာတဲ့ မသီရိဟာ Userတွေရဲ့ Behaviour, Desire, Problem တွေကိုလေ့လာရတာသဘောကျပြီး UX Research ပိုင်းကိုစိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ မသီရိ‌ရော မအိသော်ဇင်ပါ ကျွန်တော်တို့ရဲ့ ဒီ Event မှာ Volunteer အနေနဲ့ ပါဝင်ကူညီနေကြသူများလည်းဖြစ်ပါတယ်။

ကဲ ဒီလို စီနီယာတွေနဲ့ ဂျူနီယာတွေအတူတူပါဝင်ဆွေးနွေးသွားမယ့် “Senior Expectations on Junior” ဆိုတဲ့ Panel Discussion အချိန်လေးကတော့ အောက်တိုဘာလ ၇ ရက်နေ့၊ 4:30 PM ပဲဖြစ်ပါတယ်။ ⏳

Registration က ယနေ့ညနေ ၆ နာရီမှာ ပိတ်တော့မှာဖြစ်လို့ စာရင်းမသွင်းရသေးရင် မြန်မြန်လေး စာရင်းသွင်းးနိုင်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့ တက်‌ရောက်ခွင့်ရမယ့်သူတွေကိုလည်း မကြာမီရက်ပိုင်းအတွင်း ဆက်သွယ်ပေးသွားပါ့မယ်။

Are you ready !!! Stay Tuned 🥳

05/10/2023

6 နာရီပဲ လိုတော့တယ်ဗျို့ 🙄

"Spaceship to UXUIverse🌟😘🌟😘Mission 001: Exploring the UXUI Cosmoses" အတွက် Registration က ယနေ့ညနေ ၆ နာရီမှာ ပိတ်တော့မှာဖြစ်ပါတယ်။

စာရင်းမသွင်းရသေးရင် မြန်မြန်လေး စာရင်းသွင်းပြီး အောက်တိုဘာ 7 ရက်နဲ့ 8 ရက်မှာ Design-Matters Team နဲ့အတူတူ UXUIverse မှာ လှည့်လည်လေ့လာလိုက်ရအောင် ✨

ကဲ DM Team နဲ့အတူ UXUIverse ကြီးထဲ ခရီးဆက်ဖို့ Ready ပဲလားဗျို့ 👀

04/10/2023

Freelancing ကိုစိတ်ဝင်စားရင် ဒီတတိယမြောက် Panel က သင့်အတွက်ပါ။ 🤩

ဟုတ်ပါတယ်။ "Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses" ရဲ့ တတိယမြောက် Panel Discussion ကတော့ “Freelancing Journey” ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ Design-Matters ရဲ့ Mentoring Session မှာပါဝင်တဲ့ Member တစ်ဦးဖြစ်တဲ့ ကို Ricky, Cooperate တစ်ခုမှာလက်ရှိလုပ်ကိုင်နေတဲ့ မခင်ယု (Angelina) နဲ့ Compass ရဲ့ Former Design Executive တစ်ဦးဖြစ်တဲ့ ကိုခန့် (Berry) တို့ပဲဖြစ်ပါတယ်။ 😍

စီးပွားရေးပညာရပ်နောက်ခံရှိပြီး နည်းပညာရပ်မှာ စိတ်အားထက်သန်သူတစ်ယောက်ဖြစ်တဲ့ ကို Ricky ဟာ UXUI ကို ကိုယ့်ဘာသာကိုယ် လေ့လာခဲ့တဲ့ Designer တစ်ဦးဖြစ်ပါတယ်။ သုံးစွဲသူများအတွက် လွယ်ကူပြီး Interactive ဖြစ်တဲ့ Design ကိုဖန်တီးရတာ စိတ်အားထက်သန်သလို User-Centric Design တွေအများအပြား ပြုလုပ်ခဲ့ဖူးပါတယ်။ ဒါ့အပြင်
လူအများနဲ့ ပူးပေါင်းလုပ်ကိုင်တဲ့ ကိစ္စတွေမှာလည်း ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိထိုင်းနိုင်ငံမှာနေထိုင်ပြီး Freelancing လုပ်ကိုင်နေသူတစ်ယောက်ဖြစ်သလို၊ ကျွန်တော်တို့ Design-Matters ရဲ့ Mentoring Session မှာလည်းပါဝင်ပြီး၊ အတွေ့အကြုံတွေဝေမျှပေးနေတဲ့ Member တစ်ဦးဖြစ်ပါတယ်။

နောက်ထပ်တစ်ယောက်ဖြစ်တဲ့ မခင်ယုဟာ လက်ရှိ UXUI Designer အနေနဲ့ Corporate Company တစ်ခုမှာ အလုပ်လုပ်နေသလို အရင်နှစ်တွေပိုင်းမှာလည်း IT Company တချို့နဲ့ Angency တွေမှာလည်း Freelance အနေနဲ့ရော Remote အနေနဲ့ပါ လုပ်ကိုင်ခဲ့ဖူးတဲ့အတွေ့အကြုံပြည့်ဝသူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း UXUI သာမက Art and Creation နယ်ပယ်ကနေရောက်ရှိလာသူဖြစ်တဲ့အတွက် ဖြတ်သန်းလာခဲ့ရတဲ့ အချိန်တွေကြားထဲကမှ ကိုယ်တိုင်ကြုံခဲ့ရတာတွေ၊ သင်ယူခဲ့ရတာတွေကို ခု UXUI နယ်ပယ်ထဲကို ဝင်လာမယ့်သူတွေအတွက် ပိုမိုသိရှိပြီး ပိုပြီးကောင်းတဲ့အခွင့်အရေးတွေကို ပိုမြန်မြန်သိစေချင်တဲ့စေတနာရှိသူတစ်ယောက်ဖြစ်ပါတယ်။

နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ ကိုခန့် (Berry) ဟာ Compass ရဲ့ Former Design Executive တစ်ယောက်ဖြစ်သလို လက်ရှိမှာလည်း Freelancer တစ်ယောက်အနေနဲ့ UXUI Career ကိုဖြတ်သန်းနေတဲ့ Designer တစ်ဦးဖြစ်ပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ လူငယ်တစ်ဦးဖြစ်ပေမယ့် အတွေ့အကြုံတွေများတဲ့ Designer တစ်ယောက်ဖြစ်သလို MarTech(Marketing Technology)Company မှာလည်း နှစ်နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူတို့ ၃ ယောက်လုံးဟာ Freelancer တွေဖြစ်တာနဲ့အညီ ဒီတစ်ခေါက် Panel မှာလည်း Freelancing လုပ်တဲ့အခါ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သူတို့ ၃ ယောက်ဆွေးနွေးသွားမယ့် Panel အချိန်ကတော့ အောက်တိုဘာလ ၈ ရက်နေ့၊ 3:15 PM ပဲဖြစ်ပါတယ်။ ⏳

Event အတွက် Registration မလုပ်ရသေးရင် Comment က Link ကတစ်ဆင့် စာရင်း‌ပေးသွင်းနိုင်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့ တက်‌ရောက်ခွင့်ရမယ့်သူတွေကိုလည်း မကြာမီရက်ပိုင်းအတွင်း ဆက်သွယ်ပေးသွားပါ့မယ်။

Are you ready !!! Stay Tuned 🥳

04/10/2023

Second Panel Discussion is . . . 🤩

"Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses" ရဲ့ ဒုတိယမြောက် Panel Discussion ကတော့ “Unlocking the Realities of Remote Work Life: A Candid Discussion” ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။

ဆွေးနွေးသွားမယ့်သူတွေကတော့ Design-Matters ရဲ့ Mentoring တွေမှာ ပါဝင်ကူညီနေသလို DM ရဲ့ အဖွဲ့ဝင်တွေလည်းဖြစ်တဲ့ မအေးဖြူ (AP) နဲ့ မသဉ္ဇာအောင်၊ EMQ2 Company ရဲ့ UI Designer တစ်ယောက်ဖြစ်တဲ့ ကိုဘိုဘိုလင်းနိုင်နဲ့အတူ Redes ရဲ့ Freelancer တစ်ယောက်ဖြစ်တဲ့ မရွှေလမင်းအေးတို့ပဲဖြစ်ပါတယ်။ 🥰

မအေးဖြူ(AP)ကတော့ TreeDots Company မှာ လုပ်ကိုင်နေတဲ့ Senior UX/UI Designer တစ်ယောက်ဖြစ်ပြီး၊ User တွေ လွယ်ကူကာ ရင်းနှီးမှုရှိပြီး၊ အမြင်လည်းတင့်တယ်စေမယ့် Product တွေကိုဖန်တီးဖို့ စိတ်အားထက်သန်တဲ့ လူငယ် Designer တစ်ယောက်ဖြစ်သလို UIUX နယ်ပယ်မှာ ၅ နှစ်တာ အတွေ့အကြုံရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။

နောက်ထပ် DM member တစ်ဦးဖြစ်တဲ့ မသဉ္ဇာအောင်ကတော့ AYA Bank နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ Freelancer တစ်ဦးဖြစ်ပြီး၊ B2B, B2C Product Design တွေမှာ အတွေ့အကြုံ အမြောက်အမြား ပိုင်ဆိုင်ထားသလို SaaS solutions, Admin Portals, Mobile Designs, Web Designs, Website Rebranding နဲ့ App Redesign Projects စတာတွေကို Co-Operate အနေနဲ့ရော၊ In-House အနေနဲ့ပါ လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။

အတူတူပါဝင်ဆွေးနွေးမယ့် နောက်ထပ်တစ်ယောက်ကတော့ EMQ2 ရဲ့ Remote UI Designer တစ်ဦးဖြစ်သူ ကိုဘိုဘိုလင်းနိုင်ပါ။ ကိုဘိုဘိုလင်းနိုင်က ထူးခြားစွာပဲ ဆေးပညာနယ်ပယ်ဘက်ကနေမှ ဝင်ရောက်လာသူတစ်ယောက်ဖြစ်ပြီး မူလက INGOs တွေရဲ့ HIV and Primary Health Care programs တွေမှာ Medical Officer အဖြစ် ၂ နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီလိုမတူညီတဲ့ နယ်ပယ်ကနေ UXUI လောကကိုဝင်ရောက်လာခဲ့တာက သုံးစွဲသူတွေရဲ့ Usability ပြဿနာတွေကို ရှာဖွေဖော်ထုတ်တာတွေနဲ့ တခြားသော UXUI ကိစ္စရပ်တွေမှာ သူ့အတွက် အဆင်ပြေခဲ့ပါတယ်။

နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ မရွှေလမင်းအေးကလည်း Redes မှာ Freelance လုပ်ကိုင်နေတဲ့ Designer တစ်ဦးဖြစ်သလို၊ အရင်ကလည်း စင်ကာပူကုမ္ပဏီတစ်ခုဖြစ်တဲ့ 8xpand, US အခြေစိုက် 500 Designs တို့မှာလုပ်ကိုင်ဖူးပြီး အတွေ့အကြုံရှိ Freelance Designer တစ်ယောက်ဖြစ်ပါတယ်။ Web Applications, Web Design, Mobile Applications တွေပြုလုပ်ရာမှာ ကျွမ်းကျင်မှုရှိသလို၊ ဂျပန်၊ အမေရိကန်၊ ဩစတြေးလျနိုင်ငံက Clients တွေနဲ့ တွဲဖက်ပြီးလည်း Freelance Projects တွေအောင်မြင်အောင်လုပ်ကိုင်နိုင်ခဲ့ပါတယ်။

၄ ယောက်လုံးက Remote Work တွေမှာအတွေ့အကြုံရှိကြသူတွေဖြစ်တဲ့အလျှောက် ဒီ Panel မှာလည်း Remote Work လုပ်တဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေကို သူတို့ရဲ့ အလုပ်အတွေ့အကြုံတွေကို အခြေခံပြီး ပြောပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ သူတို့ ၄ ယောက်ဆွေးနွေးသွားမယ့် Panel အချိန်ကတော့ အောက်တိုဘာလ ၈ ရက်နေ့၊ 2:00 PM ပဲဖြစ်ပါတယ်။ ⏳

Event အတွက် Registration မလုပ်ရသေးရင် Comment က Link ကတစ်ဆင့် စာရင်း‌ပေးသွင်းနိုင်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့ တက်‌ရောက်ခွင့်ရမယ့်သူတွေကိုလည်း မကြာမီရက်ပိုင်းအတွင်း ဆက်သွယ်ပေးသွားပါ့မယ်။

Are you ready !!! Stay Tuned 🥳

03/10/2023

500 . . . တကယ်ကို လုံးဝ Amazing ပါပဲဗျာ 😱

“Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses” မှာ လာရောက်စာရင်းပေးထားသူအရေအတွက်က အယောက် ၅၀၀ ကို ကျော်လွန်သွားပြီဖြစ်ပါတယ်။ 🥳

စာရင်းမသွင်းရသေးရင် မြန်မြန်လေး စာရင်းသွင်းပြီး အောက်တိုဘာ 7 ရက်နဲ့ 8 ရက်မှာ Design-Matters Team နဲ့အတူတူ UXUIverse မှာ လှည့်လည်လေ့လာလိုက်ရအောင် ✨

ကဲ DM Team နဲ့အတူ UXUIverse ကြီးထဲ ခရီးဆက်ဖို့ Ready ပဲလားဗျို့ 👀

03/10/2023

Speaker တွေပြီးတော့ Panel တွေအလှည့်ဗျို့ 🤩

"Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses" ရဲ့ ပထမဆုံး Panel Discussion အနေနဲ့ "Fidelities in Different Stages of Product Design" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားကြမှာပါ။

ဒီ Panel မှာတော့ စင်ကာပူအခြေစိုက် Codigo Mobile App Development Company မှာ လက်ရှိလုပ်ကိုင်နေကြတဲ့ Designer တွေဖြစ်တဲ့ ကိုရဲမင်းထွန်း (Alex)၊ ကိုဖြိုးဟိန်းကျော်၊ ကိုအောင်ဖြိုးဝင်းနဲ့ တို့နဲ့ Codigo ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Rezeve မှာ လုပ်ကိုင်နေတဲ့ ကိုရှိန်းမင်းဇော်တို့က ပါဝင်အားဖြည့် ဆွေးနွေးပေးသွားမှာပါ။ 🥰

Software Engineering နောက်ခံလည်းရှိထားပြီး လက်ရှိမှာလည်း Codigo Mobile App Development Company ရဲ့ UX Designer တစ်ယောက်ဖြစ်တဲ့ ကိုရဲမင်းထွန်းဟာ UX Research ပိုင်းမှာ စိတ်အားထက်သန်တဲ့ လူငယ် Designer တစ်ယောက်လည်းဖြစ်ပါတယ်။
သူနဲ့အတူ ဒီ Panel မှာပါဝင်အားဖြည့်ပေးသွားမယ့် ကိုအောင်ဖြိုးဝင်းနဲ့လည်း ပြည်တွင်းမှာရှိတဲ့ Product Designer တွေအတွက် Xers ဆိုတဲ့ Education Platform ကို အတူတူတည်ထောင်ထားပါတယ်။

ကိုအောင်ဖြိုးဝင်းကလည်း Graphic Design လောကကနေတစ်ဆင့် Product Designer ဘက်ကို ဝင်ရောက်လာသူဖြစ်ပြီး သူရဲ့ ဖန်တီးမှုအားကောင်းတဲ့ အတွေ့အကြုံတွေနဲ့အတူ Codigo Mobile App Development Company မှာ UI Designer အဖြစ် လက်ရှိအလုပ်လုပ်ကိုင်နေပါတယ်။

နောက်ထပ်တစ်ယောက်ဖြစ်တဲ့ ကိုဖြိုးဟိန်းကျော်ကလည်း Codigo Mobile App Development Company မှာအလုပ်လုပ်ကိုင်နေတဲ့ UI Designer တစ်ယောက်ဖြစ်သလို နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ ကိုရှိန်းမင်းဇော်က Web Development ဘက်ကနေ UI Designer အဖြစ်ပြောင်းရွှေ့လာသူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ Codigo ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Rezeve မှာ လုပ်ကိုင်နေသလို၊ Freelance Designer တစ်ယောက်လည်းဖြစ်ပါတယ်။

Codigo နဲ့ ဆက်စပ်သူတွေကြီးပဲဖြစ်တာမို့ Team Codigo လို့လည်းခေါ်လို့ရတဲ့ သူတို့ ၄ ယောက်ရဲ့ Panel မှာတော့ Product တစ်ခုကို ဖန်တီးတဲ့ အဆင့်တစ်ဆင့်စီအလိုက် မတူညီတဲ့ Fidelities တွေအကြောင်းကို ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။ သူတို့ ၄ ယောက်ဆွေးနွေးသွားမယ့် Panel အချိန်ကတော့ အောက်တိုဘာလ ၈ ရက်နေ့၊ 5:45 PM ပဲဖြစ်ပါတယ်။ ⏳

Event အတွက် Registration မလုပ်ရသေးရင် Comment က Link ကတစ်ဆင့် စာရင်း‌‌ပေးသွင်းနိုင်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့ တက်‌ရောက်ခွင့်ရမယ့်သူတွေကိုလည်း မကြာမီရက်ပိုင်းအတွင်း ဆက်သွယ်ပေးသွားပါ့မယ်။

Are you ready !!! Stay Tuned 🥳

02/10/2023

Again . . . From Design-Matters Team

ဟုတ်ပါတယ်။ ကျွန်တော်တို့ Design-Matters ရဲ့ "Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses"ပွဲမှာ ၁၂ ယောက်မြောက် Speaker ကတော့ Design-Matters ရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကို Harry ပဲဖြစ်ပါတယ်။

ကို Harry ရဲ့ နာမည်အရင်းက ကိုကောင်းမြတ်ဟိန်းပါ၊ ဒါပေမယ့် ကို Harry လို့ပဲ သိတာများပါတယ်။ လောလောဆယ်မှာတော့ Redes Solution ဆိုတဲ့ UXUI Design Agency တစ်ခုကို တခြား Designer တွေနဲ့တူတူ တည်ထောင်ထားတဲ့အပြင်
✨ Local Designer တွေအတွက် Mentorship တွေ၊
✨ Local Product တွေက Design Team တွေအတွက် Design Consultant and Coach အနေနဲ့ ကူညီပေးနေပါတယ်။

အဲ့တာအပြင် Knowledge Sharing တွေလုပ်ပေးဖို့အတွက် Design-Matters ဆိုတဲ့ Community တစ်ခုကို တည်ထောင်ထားပါတယ်။ အကို့ရဲ့ ရည်ရွယ်ချက်ကတော့
✅ Local မှာ ရှိတဲ့ Designer တွေ International Market ဆီကို ဝင်တိုးနိုင်တဲ့အထိ Skillful ဖြစ်လာအောင်၊
✅ ကြုံတွေ့နေတဲ့ ပြသနာတွေကို ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်အောင်၊
✅ တကယ်အသုံးဝင်ပီး User Centered Design တွေပေါ်ပေါက်လာအောင် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လက်ရှိအချိန်မှာ Mentor and Coach လုပ်ပေးနေပါတယ်။

ပွဲနေ့မှာလည်း User-Centered Design တွေပေါ်ပေါက်လာစေချင်တဲ့သူ့ရဲ့ ဆန္ဒအတိုင်း “You =/= User” ဆိုတဲ့ခေါင်းစဉ်နဲ့ Designer တွေကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ ကို Harry ဆွေးနွေးတင်ဆက်ပေးသွားမယ့် အချိန်ကတော့ အောက်တိုဘာလ ၇ ရက်နေ့၊ 2:00 PM ပဲဖြစ်ပါတယ်။ ⏳

Event အတွက် Registration မလုပ်ရသေးရင် Comment က Link ကတစ်ဆင့် စာရင်း‌‌ပေးသွင်းနိုင်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့ တက်‌ရောက်ခွင့်ရမယ့်သူတွေကိုလည်း မကြာမီရက်ပိုင်းအတွင်း ဆက်သွယ်ပေးသွားပါ့မယ်။

Are you ready !!! Stay Tuned 🥳

02/10/2023

Our 11th Speaker is . . . 🤩

11 ယောက်မြောက်အဖြစ် "Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses"ပွဲမှာ ပြောကြားပေးသွားမယ့် Speaker ကတော့ PADC Training Center ရဲ့ Founder ဖြစ်တဲ့ ကိုအောင်ပြည့်ဖြိုးပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံက SAAS တွေဖြစ်တဲ့ Digi-Zay, Digi-Learn တို့ကို တည်ထောင်ခဲ့တဲ့ ကိုအောင်ပြည့်ဖြိုးဟာ အခုဆိုရင် Singapore နိုင်ငံရဲ့ FinTech Startup တစ်ခုမှာ Lead Technical Product Manager အနေနဲ့ လုပ်ဆောင်နေပါတယ်။ Industry Experiences အရလဲ Software Design & Development Sector မှာ ၁၂ နှစ် ကျော် အတွေ့အကြုံရှိတဲ့ Professional တစ်ယောက်လည်းဖြစ်ပါတယ်။

2010 ခုနှစ်ကစပြီး Software Engineer အနေနဲ့ စတင်ခဲ့တဲ့ ကိုအောင်ပြည့်ဖြိုးဟာ 2013 - 2016 အတွင်း Singapore က Aleph (Digital Agency) နဲ့ HonestBee (Startup) တို့မှာ Senior Software Engineer အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။ 💁

2016/17 အရောက်မှာတော့ မြန်မာနိုင်ငံမှာ ပြန်လည်အခြေချခဲ့ပြီး PADC.com.mm နဲ့ mm-digital-solutions.com တို့ကို တည်ထောင်ခဲ့ပါတယ်။ digi-zaay.com.mm နဲ့ digi-learn.com.mm တို့ဟာ mm-digital-solutions.com ရဲ့ ကိုယ်ပိုင် SaaS Product တွေအဖြစ် ဦးဆောင်တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။ 💁

ပွဲနေ့မှာတော့ Startup အနေနဲ့ Digital Products တွေအတော်များများကို တည်ဆောက်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေပေါ်မူတည်ပြီး “Understanding Product Design” ဆိုတဲ့ ခေါင်းစဥ်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ Product Design ကိုပြောတဲ့အခါမှာ Product ဘက်ခြမ်းက အရေးအကြီးဆုံး အချက် ၂ ချက်ဖြစ်တဲ့ “အသုံးဝင်ဖို့” နဲ့ “အမြတ်ကျန်ဖို့” စတာနဲ့အတူ Design ဘက်ခြမ်းက ‘Make it work efficiently’ အကြောင်းတို့ကို အဓိကထားပြီး ပြောသွားမှာဖြစ်ပါတယ်။

ကိုအောင်ပြည့်ဖြိုး ဆွေးနွေးတင်ဆက်ပေးသွားမယ့် အချိန်ကတော့ အောက်တိုဘာလ ၇ ရက်နေ့၊ 12:45 PM ပဲဖြစ်ပါတယ်။ ⏳

Event အတွက် Registration မလုပ်ရသေးရင် Comment က Link ကတစ်ဆင့် စာရင်း‌‌ပေးသွင်းနိုင်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့ တက်‌ရောက်ခွင့်ရမယ့်သူတွေကိုလည်း မကြာမီရက်ပိုင်းအတွင်း ဆက်သွယ်ပေးသွားပါ့မယ်။

Are you ready !!! Stay Tuned 🥳

01/10/2023

ဒီဇိုင်နာတွေပဲ မဟုတ်ဘူးနော် 👀

ဆယ်ယောက်မြောက်အဖြစ် ကျွန်တော်တို့ရဲ့ "Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses" မှာ ပါဝင်သွားမယ့်သူကတော့ Frontend Developer တစ်ယောက်ဖြစ်တဲ့ ကိုလွင်မိုးပိုင်ပဲ ဖြစ်ပါတယ်။

ကိုလွင်မိုးပိုင်ဟာ လက်ရှိ Binary Lab မှာ Senior Frontend Engineer အဖြစ်လုပ်ကိုင်နေပြီး Dev Career မှာ အတွေ့အကြုံ ၅ နှစ်ခန့်ရှိတဲ့ ဝါရင့် Developer တစ်ဦးလည်းဖြစ်ပါတယ်။ ✨

UAB Bank နဲ့ Shwe Bank ရဲ့ MO Money တို့မှာ Senior React Native Developer အဖြစ်လည်း လုပ်ကိုင်ဖူးသူ ကိုလွင်မိုးပိုင်ဟာ ယခုလက်ရှိ Beginner တွေအဆင်ပြေစေဖို့ Absolute Beginner တွေအတွက် HTML & CSS စာအုပ်ကိုလည်း ရေးသားလျက်ရှိပါတယ်။

ပွဲနေ့မှာလည်း
✅ Developer တစ်ယောက် Designer တွေဆီကနေ ဘယ်အရာတွေ လေ့လာသွားလို့ရမလဲ
✅ ဘယ်လို ပြန်ပြီး အသုံးချနိုင်မလဲ
✅ Designer တွေဆီက တွန်းအားတွေကို စွမ်းအားအဖြစ် ဘယ်လိုလောင်ကျွမ်းမလဲ စတဲ့ အကြောင်းအရာတွေကို "The Art of Learning From Designers as a Developer" ဆိုပြီး ပြောပြပေးသွားမှာပါ။ အတွေ့အကြုံရင့်တဲ့ Developer တစ်ယောက်ဆီက စကားသံတွေကို နားဆင်နိုင်မယ့်အချိန်ကတော့ အောက်တိုဘာလ ၈ ရက်နေ့၊ 11:30 AM ပဲဖြစ်ပါတယ်။ ⏳

Event အတွက် Registration မလုပ်ရသေးရင် Comment က Link ကတစ်ဆင့် စာရင်း‌‌ပေးသွင်းနိုင်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့ တက်‌ရောက်ခွင့်ရမယ့်သူတွေကိုလည်း မကြာမီရက်ပိုင်းအတွင်း ဆက်သွယ်ပေးသွားပါ့မယ်။

Are you ready !!! Stay Tuned 🥳

30/09/2023

Who is our No.9 . . .
He is Ko Alvin 😍

ဟုတ်ပါတယ်။ ကျွန်တော်တို့ Design-Matters ရဲ့ "Spaceship to UXUIverse Mission 001: Exploring the UXUI Cosmoses" ရဲ့ နဝမမြောက် Speaker ကတော့ အားလုံးသိကြတဲ့ ကိုလမင်းသော် (Alvin) ပဲဖြစ်ပါတယ်။ 🥰

အကိုက မြန်မာနိုင်ငံမှာ UX နဲ့ ပတ်သက်တဲ့ အသိပညာတွေကို ဝေမျှပေးနေတဲ့ UXMM Community ရဲ့ Co-Founder တစ်ဦးလည်းဖြစ်ပြီး လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး Company တစ်ခုဖြစ်တဲ့ Capital Diamond Star Group ရဲ့ UIUX Manager တစ်ဦးအနေနဲ့ Citizen Pay အစရှိတဲ့ Application တွေကိုပါ တာ၀န်ယူ လုပ်ကိုင်နေပါတယ်။

ခရီးသွား၀န်ဆောင်မှူမှာ အခရာဖြစ်တဲ့ Oway ရဲ့ Senior UX တစ်ယောက်အဖြစ်လုပ်ကိုင်လုပ်ကိုင်ခဲ့ပြီး Assistance Vice President (UIUX Design), အနေနဲ့လည်း MAB Bank မှာတာ၀န်ထမ်းဆောင်ခဲ့ပါတယ်။

ကိုလမင်းဟာ Digital Product ဖန်တီးထုတ်လုပ် စီမံခန့်ခွဲမှုနယ်ပယ်မှာ (10) နှစ်ကျော် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်ပြီး Teaching Experience ရှိသူ တစ်ယောက်လည်း ဖြစ်သလို လက်ရှိမှာ UX နဲ့ ပတ်သက်တဲ့ အခွင့်အလမ်းတွေကိုလည်း မျှဝေပေးနေပါတယ်။ ❣️

ပွဲနေ့မှာလည်း များပြားလှတဲ့သူ့ရဲ့ အတွေ့အကြုံတွေနဲ့အတူ “Senior Year” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပြောပြပေးသွားမှာပါ။ ကိုလမင်း ဆွေးနွေးတင်ဆက်ပေးသွားမယ့် အချိန်ကတော့ အောက်တိုဘာလ ၈ ရက်နေ့၊ 7:00 PM ပဲဖြစ်ပါတယ်။ ⏳

Event အတွက် Registration မလုပ်ရသေးရင် Comment က Link ကတစ်ဆင့် စာရင်း‌‌ပေးသွင်းနိုင်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့ တက်‌ရောက်ခွင့်ရမယ့်သူတွေကိုလည်း မကြာမီရက်ပိုင်းအတွင်း ဆက်သွယ်ပေးသွားပါ့မယ်။

Are you ready !!! Stay Tuned 🥳

Videos (show all)

Hello Everyone, Team DM bring something awesome again. ဒီနေ့မှာတော့ အားလုံးစောင့်မျှော်နေလောက်မယ့် Program တစ်ခုကို Anno...
📣📣 Announcement 📣📣UXMM နဲ့ Design-Matters တို့ Collaboration လေးလုပ်ဖို့ရှိတယ်ဆိုတာ အားလုံးလဲ သိပြီးလောက်မယ်လို့ ထင်ပါတယ...
အခုတစ်လော Design Matters Team Active ဖြစ်တာနည်းနေတာသတိထားမိမယ်ထင်ပါတယ်။ တကယ်တော့ DM Team က Plan အကြီးတစ်ခုအတွက်ဝိုင်းကြိ...
Chit Chat Episode 3
Chit Chat on Design - Episode 2

Website