Good Health
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Good Health, Medical supply store, .
အမျိုးသမီးတို့ သတိပြုဖို့ "သားအိမ်အလုံးတည်ခြင်း" 𝐅𝐢𝐛𝐫𝐨𝐢𝐝𝐬 (𝒍𝒆𝒊𝒐𝒎𝒚𝒐𝒎𝒂 𝒐𝒓 𝒎𝒚𝒐𝒎𝒂) အကြောင်း
-----------------------------------------------------------------------------
ဘွားဘွား၊ ဒေါ်ဒေါ်၊ မမ၊ ညီမလေးတို့အားလုံး သတိပြုသင့်တဲ့ Uterine Fibroids "သားအိမ်အလုံးတည်ခြင်း" အကြောင်းကို တယ်လီကျန်းမာက မျှဝေပေးလိုပါတယ်။
"သားအိမ်အလုံးတည်ခြင်း" ဆိုတာ အမျိုးသမီးများရဲ့ သားအိမ်မှာ ချောမွေ့တဲ့အသားပိုအလုံး တွေ့ရှိရခြင်းကို ခေါ်ပါတယ်။ သားအိမ်အလုံးဟာ ပဲစေ့အရွယ်ကစလို့ အရွယ်အစားအမျိုးမျိုး တွေ့ရတတ်ပါတယ်။ သားအိမ်အတွင်းပိုင်း၊ သားအိမ်နံရံပေါ်၊ သားအိမ်နံရံရဲ့အပြင်ဘက် စတဲ့နေရာတွေမှာ အလုံး တည်တတ်ပါတယ်။
❓သားအိမ်မှာ အလုံးတည်ရတဲ့အကြောင်းအရင်းတွေက ဘာတွေလဲ
• သားအိမ်ထဲမှာ ဘာလို့ဒီလိုအလုံးတည်ရသလဲဆိုတဲ့အဖြေ အတိအကျမရှိပါဘူး။
• ဒါပေမယ့် သွေးဆုံးချိန်မှာ သားအိမ်အလုံးတွေ ကျုံ့သွားတာ၊ ထပ်မံမကြီးထွားတော့တာတို့ကို တွေ့ရတဲ့အတွက် S*x Hormones တွေ (အထူးသဖြင့် Oestrogen နဲ့ Progesterone) တို့နဲ့ ဆက်စပ်နေတယ်လို့ ဆိုနိုင်ပါတယ်။
• ကိုယ်ဝန်ဆောင်ချိန်မှာလည်း သားအိမ်အလုံးရဲ့အရွယ်အစား ကြီးမားလာတတ်ပါတယ်။
• အပျိုဖော်မဝင်သေးတဲ့ အမျိုးသမီးများမှာတော့ ဖြစ်လေ့ဖြစ်ထသိပ်မရှိပါဘူး။
❓သားအိမ်အလုံးတည်ခြင်းနဲ့ပတ်သက်တဲ့ ယေဘုယျ သိမှတ်ဖွယ်ရာတွေက ဘာတွေလဲ
• အသက် ၃၅နဲ့ ၄၅ နှစ်ကြား အမျိုးသမီးတွေမှာ အဖြစ်များပြီး၊ အသက် ၄၀ ကျော်အမျိုးသမီးတွေရဲ့ ၄၀% ကျော်မှာဖြစ်လေ့ရှိပါတယ်။
• အများစုက လက္ခဏာပြလေ့မရှိပါဘူး။
• သားအိမ်အလုံးတည်သူ အမျိုးသမီးအယောက် 800 မှာ တစ်ယောက်ကသာ ကင်ဆာဖြစ်နိုင်ခြေ တွေ့ရှိရပါတယ်။
❓ရောဂါလက္ခဏာတွေ
သားအိမ်အလုံး အရွယ်အစားပေါ်မူတည်ပြီး
• ဓမ္မတာချိန်မှာ ပုံမှန်ထက် ရာသီသွေးပမာဏများပြားစွာဆင်းတာ
• ဓမ္မတာရက်ရှည်တာ
• ဓမ္မတာ ပြီးသွားသည့်တိုင် ဓမ္မတာရက် မဟုတ်တဲ့ ကြားရက်တွေမှာ သွေးဆင်းတာ
• ဓမ္မတာလာနေစဉ်မှာ နာကျင်ကိုက်ခဲတာ
• လိင်ဆက်ဆံချိန်မှာ နာကျင်တာ
• တင်ပါးဆုံရိုးတဝိုက် နာကျင်တာ (နောက်ကျော၊ ဝမ်းဗိုက်၊ ဆီးခုံနေရာတွေမှာ လေးလံနေတာ)
• ဝမ်းဗိုက်အောက်ပိုင်း လေပွသလို ဖောင်းနေတာ
စတာတွေ ခံစားရလေ့ရှိပါတယ်။
❓နောက်ဆက်တွဲ ဆိုးကျိုး
• မျိုးဆက်ပွားဖို့ ခက်ခဲတာ
• သွေးအားနည်းတာ
• ခါးလှည့်ချိန်တွေမှာ နာကျင်တာ
• ကိုယ်ဝန်ပျက်ကျနိုင်တာ
• မီးဖွားရာမှာ အခက်တွေ့တာ စတာတွေ ဖြစ်တတ်ပါတယ်။
❓သားအိမ်မှာ အလုံးတည်/မတည်ကို ဘယ်လိုစစ်ဆေးကြမလဲ
• Ultrasound အာထရာဆောင်းရိုက်တာ၊
• Hysteroscopy သားအိမ်အတွင်း မှန်ပြောင်းဖြင့်ကြည့်တာ
• သွေးစစ်တာ
• Biopsy အသားစစစ်ဆေးတာတွေ ပြုလုပ်နိုင်ပါတယ်။
❓ကုသနိုင်မယ့်နည်းလမ်းတွေက ဘာတွေလဲ
• သားအိမ်အလုံးက ကြီးကြီးမားမား လက္ခဏာမပြသေးရင် သေချာစောင့်ကြည့်ပေးဖို့လိုပါတယ်။
• ၆ လတစ်ကြိမ် (သို့မဟုတ်) ၁ နှစ်တစ်ကြိမ် စမ်းသပ်စစ်ဆေးသင့်ပါတယ်။
• ဟော်မုန်းဆေးတွေ ပေးနိုင်တဲ့အပြင် သားအိမ်အလုံးကို ခွဲထုတ်ပစ်လိုက်တာ၊ မှန်ပြောင်းကြည့်ပြီး ဖယ်ထုတ်တာ (hysteroscopic resection)၊ သားအိမ်တစ်ခုလုံး ထုတ်တာ (hysterectomy)၊ သားအိမ်အလုံးဆီ သွေးစီးဆင်းမှု ရပ်တန့်သွားစေဖို့ သားအိမ်သွေးကြောကို ပိတ်လိုက်တာ (Uterine Artery Embolization) စတာတွေနဲ့ ကုသဖယ်ရှားနိုင်ပါတယ်။
ခုလောက်ဆို သားအိမ်အလုံးတည်ခြင်းအကြောင်း အခြေခံဗဟုသုတ ရရှိကြမယ်လို့ မျှော်လင့်ပါတယ်။
" အမျိုးသမီးများ သားအိမ်အလုံးတည်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ " ☘️☘️☘️
Reference 📚
Murtagh,J , 2016. Murtagh's patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.82.
myoma
“ဝှေးစေ့ကင်ဆာ အဖြေရှာ ၊ မရှက်ကြောက်ဘဲ ဆွေးနွေးတိုင်ပင်ပါ " Testicular Cancer
++++++++++++++++++++++++++++++++++++
• ဝှေးစေ့ (Te**es) ဆိုတာကတော့ အမျိုးသားတို့ရဲ့ လိင်အင်္ဂါ (P***s) နားမှာရှိပြီး ကပ်ပယ်အိတ် (sc***um) ကဖုံးအုပ်ပေးထားတဲ့ ဘဲဥပုံသဏ္ဍာန် အင်္ဂါနှစ်ခုကို ဆိုလိုပါတယ်။ ဝှေးစေ့မှာ ဖြစ်တဲ့ ကင်ဆာကို ဝှေးစေ့ကင်ဆာ (Testicular Cancer) လို့ခေါ်တာပါ။
• အဖြစ်များတဲ့ကင်ဆာအမျိုးအစား မဟုတ်ဘဲ အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ အန္တရာယ်ရှိတဲ့ အကျိတ်အမျိုးမျိုးထဲမှာမှ ၁-၂% လောက်သာ ဝှေးစေ့ကင်ဆာဖြစ်နိုင်ပါတယ်။
• ငယ်ရွယ်သန်စွမ်းတဲ့ အမျိုးသားတွေမှာ အဖြစ်များပြီး ၁၅-၄၅ နှစ်ဝန်းကျင် အမျိုးသားတွေမှာတော့ ပြင်းထန်တဲ့ရောဂါအခြေအနေကို တွေ့ရတတ်ပါတယ်။
ဝှေးစေ့ကင်ဆာ ဘယ်နှစ်မျိုးရှိတာလဲ?
• ဝှေးစေ့ကင်ဆာ (၂)မျိုးရှိပါတယ်။
- အသက် ၂၅-၅၀ ဝန်းကျင်အမျိုးသားတွေမှာ တွေ့ရတဲ့ Seminoma နဲ့
- အသက် ၃၅ နှစ်အောက် အမျိုးသားတွေမှာ တွေ့ရတဲ့ non-seminoma အမျိုးအစားတို့ ဖြစ်ကြပါတယ်။
ဝှေးစေ့ကင်ဆာ လက္ခဏာတွေက ဘာတွေလဲ?
• ဝှေးစေ့မှာ နာကျင်မှုမရှိတဲ့ အကျိတ်အဖုတွေ စမ်းမိတာ၊
• အထိအတွေ့ကို မခံစားရတာ၊
• ကပ်ပယ်အိတ် လေးလံနေတာ၊
• ကိုက်ခဲ နာကျင်တာ၊
• ဝှေးစေ့ ရောင်နေတာ /ဖောင်းနေတာ စတာတွေတွေ့ရှိရတတ်ပါတယ်။
ဝှေးစေ့ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ?
• ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေစုပေါင်းမိရာကနေ တဖြည်းဖြည်းပွားများလာပြီး အကျိတ်အဆင့်ထိ ရောက်လာ တာဖြစ်ပါတယ်။ ဘာကြောင့်ရယ်လို့တော့ အတိအကျမပြောနိုင်ပေမယ့် ဖြစ်နိုင်ခြေတွေက
- ဝှေးစေ့ အောက်ကို ဆင်းမလာတာ
- ဝှေးစေ့ အောက်ကိုမဆင်းလာတဲ့အတွက် ခွဲစိတ်ကုသမှုခံယူထားရတာ
- ရောဂါကူးစက်မှု တစ်ခုခုကြောင့် ဝှေးစေ့ သိမ်နေတာ/ ချည့်သွားတာ
- မျိုးရိုးလိုက်တာ
- ဝှေးစေ့မှာ ထိခိုက်ဒဏ်ရာရထားတာ
- အပူဒဏ်ကြာရှည်စွာ ခံရတာ
- Klinefelter Syndrome (အမျိုးသားတွေမှာ x chromosome တစ်ခု အပိုပါလာတဲ့ အခြေအနေ)
- HIV / AIDS ရောဂါရှိနေတာ စတာတွေပဲ ဖြစ်ပါတယ်။
ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ?
• ဆရာဝန်ကိုယ်တိုင်က ဝှေးစေ့နဲ့ ကပ်ပယ်အိတ်ကို စစ်ဆေးတာ၊ Ultrasound အာထရာဆောင်း ရိုက်တာ၊Tumour Markers လို့ခေါ်တဲ့ သွေးစစ်ဆေးမှုတွေလုပ်ပြီး ဝှေးစေ့ကင်ဆာရှိ/မရှိ စစ်ဆေး နိုင်ပါတယ်။
• ဝှေးစေ့ကင်ဆာရဲ့ ၉၀-၉၅% က ကုသမှုအောင်မြင်နိုင်ပါတယ်။ စောစောသိလေ၊ ကုသမှု အောင်မြင် နိုင်ခြေ ပိုများလေလေပါပဲ။
ဝှေးစေ့ကင်ဆာရောဂါကို ဘယ်လိုကုသလို့ရနိုင်လဲ?
- ဝှေးစေ့နဲ့ ဆက်စပ်နေတဲ့ ပြန်ရည်ဂလင်းကို ဖြတ်ထုတ်ပစ်တာ
- ဓာတ်ရောင်ခြည်ကုသမှု ပေးတာ
- ကင်ဆာဆဲလ်ကိုသေစေတဲ့ ဆေးဝါးတွေကိုသုံးပြီး Chemotherapy နည်းနဲ့ကုသမှုပေးတာ စတဲ့ ကုသမှုအမျိုးမျိုးခံယူနိုင်ပါတယ်။
• ဝှေးစေ့ကင်ဆာ ကုသမှု ခံယူပြီးပေမယ့် နောက်ဆက်တွဲ ကျန်းမာရေးစစ်ဆေးမှုတွေအနေနဲ့ ရင်ဘတ်၊ ဝမ်းဗိုက်နဲ့ တင်ပါးဆုံတဝိုက် Medical Check-up လုပ်တာတွေကို လအနည်းငယ်အကြာ ဒါမှမဟုတ် 2 နှစ်အတွင်း ပြုလုပ်သင့်ပါတယ်။
• ဝှေးစေ့ကင်ဆာကုသမှုတွေကြောင့် သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လျော့ကျစေမှာ မဟုတ်ပါဘူး။ ဝှေးစေ့ တစ်ဘက်ကို ဖယ်ထုတ်လိုက်ရရင်တောင် ကျန်တစ်ဘက်က မျိုးဆက်ပျံ့ပွားဖို့ လိုအပ်တဲ့ သုတ်ပိုးတွေကို ပြည့်စုံလုံလောက်တဲ့အပြင် ပိုလျှံတဲ့အထိ ထုတ်ပေးနိုင်ပါသေးတယ်။
ဒါကြောင့် ဝှေးစေ့ကင်ဆာ လက္ခဏာတွေကို တွေ့ရှိခဲ့ရင် ရှက်တာ၊ ကြောက်တာ၊ စိုးရိမ်တာတွေ လုံးဝ မဖြစ်ဘဲ အမြန်ဆုံးစစ်ဆေးကုသကြဖို့ အကြံပြုလိုပါတယ်။
Reference 📚
📎 Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.105.
ထိရှလွယ်၊ နီရဲလွယ်၊ အလာဂျီဖြစ်လွယ်တဲ့ အသားအရေ
ဒေါက်တာစိုးဝင်းဦး
အရေပြားအထူးကုဆရာဝန်ကြီး..
✅ထိရှလွယ်တဲ့အသားအရေ (Sensitive Skin) ဆိုတာ ဘယ်လိုမျိုးလဲ။
ထိခိုက်လွယ်၊ ပြဿနာဖြစ်လွယ်တဲ့အသားအရေ ကို ‘ထိရှလွယ်’တယ်လို့ အတိုခေါ်ကြတာပါ။ ဆေး ပညာအရတော့ အဓိပ္ပာယ်ဖွင့်ဆိုချက် အတိအကျ မပေးထားဘူး။ ဒါပေမဲ့ အစမှာ ပြောခဲ့သလိုပဲ ပုံမှန်အသား အရေထက် ပိုမိုခံစားလွယ်၊ တုံ့ပြန်မှုပိုများလွယ်၊ ပြဿနာပိုဖြစ်လွယ်တဲ့ အသားအရေမျိုးကို ခေါ်ပါတယ်။
ထိရှလွယ်တဲ့အသားအရေမှာ Barrier Function ခေါ်တဲ့ ကာကွယ်တားဆီးရေးတာဝန်က ရာနှုန်းပြည့် မကောင်းနေဘူး။ ဒါကြောင့် အာရုံကြောထိပ်တွေ ပွင့်နေပြီး ပိုမိုခံစားသိရှိလွယ်နေပါတယ်။ ဒီလိုလူတွေဟာ Immune System ခေါ် ရောဂါခုခံမှုစနစ် လွန်ကဲစွာ တုံ့ပြန်မှုများတတ်တယ်။ အာရုံကြောခံစားမှုများတယ်လို့ ဆိုတယ်။ တစ်ခါ မိတ်ကပ်နဲ့ အသားအရေ ထိန်းသိမ်းမှုပစ္စည်းတွေ အလွန်အကျွံသုံးစွဲခြင်းသည် ထိရှလွယ်တဲ့ အသားအရေ ဖြစ်စေနိုင်တယ်လို့လည်း ပြောကြသေးတယ်။
ထိရှလွယ်တဲ့အသားအရေရဲ့ လက္ခဏာတွေက တော့ ပူတာ၊ စူးတာ၊ ယားတာ၊ စပ်တာ၊ နီရဲတာနဲ့ အဖတ်တွေကွာတာတွေပဲ ဖြစ်ပါတယ်။
✅ထိရှလွယ်တဲ့အသားအရေက မျိုးရိုးလိုက်တတ် သလား။
အဲလိုလည်း ပြောနိုင်တယ်။ ဘာကြောင့်လဲဆို တော့ အရေပြားတည်ဆောက်ပုံဟာ မျိုးရိုးလိုက်လို့ပါ။
ရှေ့အခန်းတွေမှာတုန်းက အသားအရေပုံစံ Fitzpatricle Skin Type ၆ မျိုးရှိတယ်လို့ ပြောပြခဲ့ တယ်နော်။ အသားဖြူ၊ ဆံပင်နီ၊ မျက်လုံးပြာ Type (III) ပုံစံတွေက အသားညို၊ ဆံပင်နက်၊ မျက်လုံးမည်း Type (IV) တွေထက် အသားအရေခံစားမှု ပိုမိုထိရှ လွယ်ပါတယ်။ ဒါကြောင့် လူဖြူတွေက လူညို၊ လူမည်းတွေထက် ပိုမိုထိရှလွယ်တဲ့အသားအရေ ရှိ တယ်။
ထိရှလွယ်တဲ့အသားအရေမှာ အရေပြားအပြင်ဆုံး အလွှာ အက်ပီဒါးမစ်စ် (Epidermis) ဟာ ပိုမိုပါးလွှာ တယ်။ ဒါကြောင့် အာရုံကြောနဲ့ သွေးကြောတွေဟာ ပြင်ပအရာတွေနဲ့ ပိုမိုထိတွေ့လွယ်တယ်။ နေဒဏ်၊ အပူဒဏ်၊ အအေးဒဏ် စတာတွေကို ပိုမိုခံစားရတယ်။ တုံ့ပြန်မှု ပိုများတယ်။ အရေပြားပါးပြီး အလွှာတွေ ထဲက အဆီဓာတ်နည်းပါးတဲ့အတွက် ကာကွယ်တားဆီးရေးတာဝန် လျော့တယ်။ ဒါကြောင့် ပြင်ပ အရာဝတ္ထုတွေအထဲကို ပိုမိုဝင်ရောက်လွယ်ပြီး ရောင်ရမ်းမှု၊ နီရဲစေမှုတွေကို ပိုဖြစ်တတ်တယ်။ အရေပြားထဲက ရေဓာတ်၊ အစိုဓာတ်ဆုံးရှုံးမှုလည်း သာမန်ထက် များပါတယ်။ ဒါတွေကြောင့် အသားခြောက်တာ၊ အဖတ်ကွာတာ၊ ယားတာ၊ စူးတာမျိုးတွေ မကြာခဏ ဖြစ်တယ်။
✅ထိရှလွယ်တဲ့အသားအရေက ဘာကြောင့်အလွယ်တကူ နီရဲလာတတ်တာလဲ။
ဒီလိုအရေပြားအတွင်းမှာရှိတဲ့ သွေးကြောတွေဟာ ဗီဇအခံကြောင့် မျက်နှာပြင်နားကပ်နေတယ်။ ပူတာ၊ ပွတ်တာ၊ ရောင်ရမ်းတာတွေ ဖြစ်တဲ့အခါ သွေးကြောကျယ်လာပြီး သွေးလျှောက်တာကြောင့် ပါးပြီး ဖြူတဲ့ အသားအရေ အလွယ်တကူ နီရဲလာတာ ဖြစ်ပါတယ်။
ထိရှလွယ်တဲ့အသားအရေမှာ သွေးကြောထဲက ရောဂါခုခံမှုစနစ်ဟာ အလွယ်တကူ နှိုးဆွခံရတယ်။ ဒါကြောင့် သွေးလျှောက်တာများပြီး ချက်ချင်းလို အသားအရေနီရဲလာတာ ဖြစ်တယ်။ ရောင်ရမ်းမှုရှိနေ သရွေ့ နီရဲနေတာပါ။
✅ပါးတဲ့အသားအရေကျတော့ ပုံမှန်အတိုင်းမှာကို ပန်းရောင်သမ်းနေတတ်တယ်နော်။
ဟုတ်ပါတယ်။ ရောင်ရမ်းမှုမရှိဘဲ ပုံမှန်အခြေ အနေမျိုးမှာတောင်မှ အသားအရေက ပန်းရောင်သမ်း နေတတ်တယ်။ ပြောခဲ့ပြီးသလို အသားအရေ ပါးပြီး သွေးကြောက အပေါ်ဘက်ကပ်နေတဲ့အခါ သွေးရောင် အခံကြောင့် ပုံမှန်မှာကို ပန်းရောင်သမ်းနေသလို ဖြစ်နေ တာပါ။
✅ကာကွယ်တားဆီးမှုတာဝန်က နီရဲတာကို အပြောင်းအလဲ ဖြစ်စေနိုင်သလား။
သိပ်ဖြစ်နိုင်တာပေါ့။
ကာကွယ်တားဆီးမှုတာဝန် မကောင်းရင် အရေ ပြားထဲက မသန့်တာတွေ၊ ဖုန်မှုန့်၊ ပိုးမွှား၊ ဓာတုပစ္စည်း စသည်ဖြင့် တစ်ခုခု အလွယ်တကူဝင်မယ်။ အဲဒီအခါ ရောဂါခုခံမှုစနစ် နှိုးဆွမှုဖြစ်မယ်၊ သွေးလည်ပတ်မှု များမယ်။ သွေးကြောတွေ ကျယ်နေမယ်။ မရိုးနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။
✅ဒါဆို ကာကွယ်တားဆီးမှုတာဝန် ပိုမိုကောင်း မွန်လာရင် နီရဲတာ လျော့လာနိုင်မယ်ပေါ့။
မှန်ပါတယ်။
အရေပြားရဲ့ ကာကွယ်တားဆီးမှု ပိုမိုကောင်းမွန်လာတာနဲ့အမျှ နီရဲတာ လျော့လာရုံတင်မကဘဲ ထိရှ လွယ်တဲ့ ခံစားမှုတွေလည်း တစ်ပါတည်း လျော့သွားမှာပါ။ အရင်လို မယားတော့ဘူး။ ပူတာ၊ စူးတာ၊ စပ်တာ၊ တင်းတာတွေ လျော့သွားမယ်။ ရေဓာတ် ဆုံးရှုံးမှု နည်းလာမယ်။ အသားခြောက်တာ၊ အဖတ်ကွာတာ နည်းလာမယ်။ ပိုမိုချောမွတ်လာမယ်။ ထိရှလွယ်တဲ့ အသားအရေပိုင်ရှင်တွေ အရေပြားရဲ့ ကာကွယ်တားဆီးမှု တာဝန် ပိုမိုကောင်းမွန်လာအောင် သတိထားသင့်တဲ့အချက်တွေကို ပြောပြပေးပါ။
(၁) အမြှုပ်ထလွယ်တဲ့မျက်နှာသစ်ဆေးတွေ မသုံးနဲ့။ အမြှုပ်သိပ်မထတာ သုံး၊ ဥပမာ နို့ရည်လိုမျိုး။
ဝယ်တဲ့အခါ "For Sensitive Skin" ထိရှလွယ်တဲ့ အသားအရေအတွက်ဆိုတာမျိုးကို ကြည့်ဝယ်ပါ။ အရောင်အနံ့မပါ၊ အရေပြားဆရာဝန် စမ်းသပ်မှုလုပ်ပြီး စတာတွေ ဖြစ်ပါတယ်။
အမြှုပ်ထတဲ့မျက်နှာသစ်ဆေးအတွက် အဆီပိုတွေ ကို ဖယ်ရှားဖို့ပါ။ ဒါကြောင့် အဆီပြန်တဲ့အသားအရေ အတွက် သုံးတာပါ။ ထိရှလွယ်တဲ့ အသားအရေဟာ ပိုမိုပါးလွှာပြီး ခြောက်သွေ့တယ်။ အဆီနည်းတယ်။ အမြှုပ်ထတာ သုံးမိရင် ပိုခြောက်ပြီး ပိုဆိုးစေတယ်။
(၂) တိုနာကိုလည်း သတိထားသုံးပါ။ အရက်ပြန်လို ဟာမျိုး ပါတာကို သတိထားရပါမယ်။ တိုနာသုံးရင် လည်း "For Sensitive Skin" အတွက်ကိုပဲ သုံးပါ။
(၃) ကြေးချွတ်တာတို့၊ ဆေးနဲ့ Peeling လုပ်တာတို့၊ စက်နဲ့ ပွတ်တဲ့ကုသမှုမျိုးတွေကိုလည်း သတိထားလုပ် ပါ။ မခံနိုင်တာ၊ ပိုဆိုးတာမျိုး ဖြစ်တတ်တယ်။
(၄) အသားအရေချောစေတာမျိုး၊ အဆီပြန်ဖြည့်တဲ့ ပစ္စည်းမျိုး ပါဝင်တာတွေ သုံးပါ။ အဆီပြန်ဖြည့်တဲ့ ပစ္စည်းတွေဆိုတာ Sphingolipids, Phospholipids, Fatty Acids, Cholesterol စတာတွေ ဖြစ်ပါတယ်။
(၅) ထိခိုက်ရှလွယ်တာ အရမ်းဆိုးတတ်ရင် Petrolatum, Silicon စတာတွေ ပါဝင်တဲ့ ပစ္စည်းတွေ သုံးပါ။ အဆီပါဝင်မှုပိုများပြားတာကြောင့် ကာကွယ် တားဆီးမှု ပိုကောင်းလာမယ်။
(၆) နေရောင်ခြည်ရှောင်ပါ။ နေရောင်ခြည်ဟာ အသားအရေရဲ့ ရေဓာတ်တင်မကဘဲ အဆီဓာတ်လည်း ခန်းစေတယ်။ ထိရှလွယ်တာ ပိုဆိုးမယ်။
✅ထိရှလွယ်တဲ့အသားအရေကို ဘယ်လိုကုသ မလဲ။
အတိုချုပ်ကတော့ ဘာပစ္စည်းပဲဖြစ်ဖြစ် သတိထားသုံးပါတဲ့။
- အလာဂျီဖြစ်စေတာတွေ၊ တုံ့ပြန်မှုများစေတာတွေ ကို ရှောင်ပါ။ အရောင်၊ အနံ့၊ အဆီ၊ အရက်ပြန်၊ မင်သော်၊ ရွှံ့စေး Mask ၊ Mint Extract ၊ Citrus Extracts စတာတွေပါ။
- အရေပြားခြောက်ပြီး တင်းသွားစေတဲ့ ပစ္စည်းမျိုးတွေ ရှောင်ပါ။ ဆပ်ပြာ၊ Scrubs စတာတွေပါ။
- အပူနဲ့ နေရောင်ခြည်ရှောင်ပါ။ နေကာပစ္စည်း အမြဲသုံးပါ။
- အသားကို အေးမြနေပါစေ။
- ရေစိုဓာတ်ထိန်းခရင်မ်မှာ အရောင်အနံ့ မပါစေနဲ့။
- အက်ဆစ်ဓာတ်များတဲ့ ပစ္စည်းတွေ ရှောင်ပါ။ သစ်သီးအက်ဆစ်ခရင်မ်တွေတော့ သုံးနိုင်တယ်။ သတိတော့ ထားရမယ်။
- ဝက်ခြံလိုဆေးတွေ လိမ်းရင် သတိထားပါ။
- အသားကို မခြောက်စေနဲ့။ ကာကွယ်တားဆီးမှု ကောင်းစေတဲ့ ပစ္စည်းတွေ အမြဲသုံးပါ။
- ဘာပစ္စည်းပဲဖြစ်ဖြစ် "For Sensitive Skin" ဆိုတာကို ရွေးချယ်ပါ။
- ဒါနဲ့လည်း ပြဿနာရှိနေတယ်ဆိုရင် ကျွမ်းကျင်သူ၊ အရေပြားဆရာဝန်တွေနဲ့ ဆွေးနွေးပါ။
✅ထိရှလွယ်တဲ့ အသားအရေအတွက် ကောင်းတဲ့ ပစ္စည်းတွေ ရှိလား ပြောပြပါ။
အောက်ပါပစ္စည်းတွေဟာ ထိခိုက်ရှလွယ်တာ အတွက် ကောင်းတယ်၊ အေးစေတယ်၊ နီရဲတာ လျော့ စေတယ်။
- Decyl Glucoside ဆိုတာ မျက်နှာသစ်ဆေး အပျော့တစ်မျိုးပဲ။ အရေပြားမခြောက်စေဘူး။
- Lipids ခေါ် အဆီဓာတ်ပစ္စည်းတွေ၊ Sphin-golipids ၊ Glycosphingolipids ၊ Phospholipids ၊ Ceramides ၊ Fatty Acids နဲ့ Cholesterol စတာတွေပါ။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidants: Grape Seed ၊ Green Tea ၊ Matricaria Extracts စတာတွေဟာ နီရဲတာနဲ့ ရောင်ရမ်းတာ လျော့ စေတယ်။
- နီတာလျော့စေတဲ့ ပစ္စည်းတွေ - Antioxidants ၊ Stearyl Glycyrrhetinate ၊ Bisabolol ၊ Gzulens နဲ့ Sea Whip စတာတွေက နီတာ လျော့စေတယ်။
✅မျက်နှာအရေပြားပေါ်မှာ သွေးကြောလေးတွေ တွေ့နေရပါတယ်။ Broken Capillaries လို့ ဖတ်ရတယ်။ တကယ်ပဲ သွေးကြောလေးတွေ ပြတ်နေတာလား။
မျက်နှာအရေပြားမှာ နီနီသွေးကြော အပိုင်းလေး တွေ မြင်ရတတ်ပါတယ်။ Broken Capillaries လို့ ခေါ်ပေးမယ်။ အမှန်က သွေးကြောပြတ်နေတာ မဟုတ်ပါဘူး။ သွေးကြောတချို့နေရာတွေမှာ ကျယ် ပြီး ဖောင်းနေလို့ ဖြစ်နေရတာပါ။ ဆေးပညာအရ Telangiectasia လို့ ခေါ်တယ်။
သွေးကြောက နီရဲနေတာကတော့ အောက်ဆီဂျင် ပြည့်ဝတဲ့ သွေးလွှတ်ကြောသွေး ဖြစ်နေလို့ပါ။
✅ဘာလို့အဲလိုမျိုး သွေးကြောလေးတွေကျယ်ပြီး မြင်နေရတာလဲ။
ဒီလိုသွေးကြောမျှင်တွေကို အသားအရောင်ဖျော့ တဲ့သူတွေမှာ တွေ့ရလေ့ရှိပါတယ်။ မျိုးရိုးဗီဇကြောင့် လဲပါတယ်။ မျက်နှာကို ပွတ်တာ၊ ကြမ်းကြမ်းသုတ်တာ၊ တစ်သျှူးနံ့ပွတ်သုတ်တာ၊ နှာမှုတ်တာ စတဲ့ အမူအကျင့်တွေဟာ သွေးကြောတွေကျယ်ပြီး နီစေတယ်။
သွေးတိုး၊ နေရောင်ခြည်ထိတွေ့မှုများတာ၊ အရက် ဘီယာ အလွန်အကျွံသောက်သုံးတာ၊ မျက်နှာဒဏ်ရာ ရတာ၊ ဆေးလိပ်သောက်တာ၊ Rosacea လို့ခေါ်တဲ့ မျက်နှာနီတဲ့ အရေပြားရောဂါစတာတွေအားလုံးက သွေးကြောငယ်တွေကို ကျယ်ပြီး နီရဲနေစေတတ်ပါ တယ်။
အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ရင်လည်း ဒီလို ဖြစ်တတ်ပြီး မီးဖွားပြီးတဲ့အခါ ပြန်လည်သက်သာသွား တတ်ပါတယ်။
ဒါကြောင့် ဒီလိုမျက်နှာမှာ သွေးကြောငယ်တွေ များပြီး မြင်ရတဲ့သူတွေဟာ အပူချိန်များတာ ထိတွေ့မှု၊ နေရောင်ခြည၊်ထိတွေ့မှု၊ မျက်နှာပွတ်တာလိုမျိုးတွေကို ရှောင်ရပါမယ်။ ကုသချင်တယ်ဆိုရင်တော့ 3PLခေါ် အလင်းတန်းစက်နဲ့ ကုသနိုင်ပါတယ်။
#ဒေါက်တာစိုးဝင်းဦး
အရေပြားအထူးကုဆရာဝန်ကြီး
*****သွေးလွန်တုပ်ေကွးေရာဂါ (Dengue haemorrhagic fever)******"** **********†**********†*******†******************
ရောဂါပိုးသည် လူ၏ခန္တာကိုယ်အတွင်း ၀င်ရောက်သည့်အချိန် မှစ၍ (၃)ရက် မှ (၅)ရက် အတွင်း
သွေးထဲတွင် လှည့်ပတ်နေပါသည်(Viraemia)။ ယင်းအချိန်တွင်ခြင်ကိုက်ပါက ခြင်၏ ခန္တာကိုယ် အတွင်းသို့ ဗိုင်းရပ်(စ်) ပိုး များ ပါသွားပါသည်။ ယင်း ပိုး များ သည် (၈)ရက်မှ(၁၀)ရက်အတွင်း၊ အကောင်များပွားများ (Multiplication of Dengue Virus) လာကာ၊ ယင်းခြင်က နောက်တစ်ဦးကို ကိုက်သည့်အခါ၊ ယင်းလူမှာ ရောဂါကူးစက်ခြင်းခံ ရပါသည်။ ယင်းကဲ့သို့ ကူးစက်ခြင်းကို (Bilogical Transmission) ဟုခေါ်သည်။ တခါတရံ သွေးစုပ်ထားသော ခြင်သည် သွေးကိုမြိုမချမီ၊ ခြင်၏နှာမောင်းအတွင်း၌ ဗိုင်ရပ်(စ်)ပိုး ရှိနေစဉ်ပင် နောက်တစ်ဦးကို ကိုက်လိုက်ပါက ချက်ချင်းကူးစက်မှုခံရတတ်ပါသည်။ ယင်း ကို (Mechanical Transmission) ဟုခေါ်သည်။ ထို့အပြင် ဗိုင်ရပ်(စ်) ပိုးသည် အလွန်များပြားစွာ ပွါးများလာသောကြာင့် ခြင်မ၏ဥအိမ်အတွင်းရှိ “ဥ” များတွင်ပါပြန့်ပွါးလာပြီး “ဥ” မှတဆင့် လည်း ကူးစက်နှိင်ပါသည်။ ထိုကဲ့သို့ကူးစက်ခြင်းကို(trans-ovarian transmission)ဟုခေါ်သည်။
(၁) ရောဂါပိုး သွေးလွန်တုပ်ကွေးရောဂါသည် Arbovirus (ခေါ်) ဗိုင်းရပ်စ်အုပ်စုမှ Dengue Virus ကြောင့်ဖြစ်ပွားပါသည်။ Dengue Virus မှာ Serotype (၄)မျိုးရှိပါသည်။ DEN-1, DEN-2, DEN-3 နှင့် DEN-4 ဟုခေါ်ပါသည်။ Sero type တစ်မျိုးအတွက် ရောဂါ ဖြစ်ပွါး ပါက ၄င်း sero-type တစ်ခု အတွက်သာ ကာကွယ်မှု (immunity) ရပြီး အခြားအမျိုးအစား(sero- type) အတွက် မကာကွယ်နှုိင်ပါ။
(၂) ရောဂါပိုးသယ်ဆောင်သောခြင် Dengue Virus ပိုး ကို ခြင်ကျား(Addes) မျိုးစိတ်က သယ်ဆောင်ပေးပါသည်။ Aedes aegypti သည် အဓိကသယ်ဆောင်ပေးသော ခြင်ဖြစ်ပြီး Aedes albopictus မှာ အချို့ နေရာများတွင် သယ်ဆောင်ပေး ကြောင်း တွေ့ရှိရပါသည်။ Aedes aegypti ကို မြို့များတွင် တွေ့ရှိရပြီး၊ Aedes albopictus မှာမူ တောအရပ် ဒေသ များတွင် တွေ့ရလေ့ရှိပါသည်။
(က) Aedes ခြင်ပေါက်ပွားရာနေရာများ
ခြင်ကျားသည်ရေကြည်၊ရေသန့်၊ရေသေ၊တွင် ပေါက်လေ့ရှိပါသည်။ Aedes aegypti သည်လူတို့ အသုံးပြုရန်ရေသိုလှောင်လေ့ရှိသောနေရာများတွင်လည်းကောင်း၊ လူတို့စွန့်ပစ်သည့် ရေတင်ကျန်နိင်သော အရာဝထ္ထုတို့တွင်လည်းကောင်း ပေါက်ပွားလေ့ ရှိပါသည်။ Aedes albopictus မှာ မူ သဘာ၀အလျောက် မိုးရေတင်ကျန်လေ့ရှိသော နေရာများတွင် ပေါက်လေ့ရှိသည်။ ခြင်ဥမှ ခြင်ကောင်ဖြစ်သည်ထိ (၇)ရက်မှ(၁၀) ရက်ခန့် လိုအပ်ပါသည်။
အိမ်တွင်း/အိမ်ပြင်ခြင်ကျားပေါက်လေ့ရှိသောနေရာများ
(1) သုံးရေ/သောက်ရေထည့်သော မြေအိုး၊ စဉ်အိုး၊တိုင်ကီ၊ သစ်သားစည်၊ ပလပ်စတစ်ပုံး
(2) ကြောင်အိမ်အောက်ခံခွက် ရေခဲသေတ္တာနှင့်Air-condition အောက်တွင် ခံထားသော လင်ပန်းများ
(3) အုတ်ကန်များ (အိမ်သာ၊ ရေချိုခန်း၊ အိမ်ခြံ၀င်းအတွင်းစသည့်) အိမ်ပေါ်တွင် တင်ထား လေ့ရှိ သော အဖုံးဖွင့်နေသည့် ရေစည် ရေကန်များ (over-head tanks)
(4) ဘုရားပန်းအိုး၊ အလှပန်းအိုး၊ နတ်ပန်းအိုးများ အလှစိုက်ထားသော ပန်းအိုး ကြီးများ အောက်တွင် ရေခံရန်ထားသော မြေလင်ပန်းကြီးများ
(5) အချိုရည်ဗူးများ၊ဘီယာဗူးခွံများပလပ်စတစ်ဗူးခွံ၊ ခွက်ခွံများ
(6) (၇)ရက်ထက်ပို၍ ရေထည့်သိုလှောင်ထားသောအရာများ
အိမ်ပြင်ပတွင်ခြင်ကျားပေါက်လေ့ရှိသောနေရာများ
(1) သစ်ပင်အခေါင်းပေါက်၊ ဝါးဆစ်၊ ဝါးပင်အငုတ်၊ အုန်းပင်၊ ငှက်ပျောပင် အလက်များကြား
(2) ရေထည့်သောမြေအိုး၊ စဉ်အိုးကြီးများ သံရေတိုင်ကီများ၊ ကွန်ကရစ်စည်များ၊
(3) စွန့်ပစ်ထားသော ပုလင်းခွံ၊ ဗူးခွံများ၊ ဘတ္တရီအိုးဟောင်းများ၊ တာယာ အဟောင်းများ အုန်းမှုတ်ခွက်၊ အုန်းခွံများ
(4) ရာဘာခြံတွင် ရာဘာအစေးခံသောခွက်များ
(5) အမှိုက်များဖြင့်ပိတ်နေသောရေတံလျောက်များ၊အသုံးမပြုတော့သောနွားစားခွက်များ၊ အသုံးမပြုတော့သောလှေများ
(6) ရေထည့်နိုင်/ရေတင်ကျန်နိုင်၍ခြင်ပေါက်နိုင်သည့်လူတို့ ပြုလုပ်ထားသော အရာအားလုံး
(ခ) ခြင်ကျားကိုက်လေ့ရှိသော အချိန်
ခြင်းကျားသည် အများအားဖြင့် နေ့အချိန် တွင် ကိုက်လေ့ရှိသည်။ အများဆုံး ကိုက်လေ့ရှိသော အချိန်(၂)ချိန် မှာ နံနက်အာရုဏ်တက်စမှ နေထွက်ချိန်ထိ တစ်ချိန်နှင့် ညနေ နေမ၀င်မီအချိန် တို့ဖြစ်ပါသည်။
(ဂ) ခြင်ကျားပျံသန်းနိုင်သည့်အကွာအဝေး
ခြင်းကျားများသည် အနောဖလိစ်ခြင်းများကဲ့သို့ ဝေးဝေးပျံလေ့မရှိပါ။ ၄င်းတို့ပေါက်ပွားရာနေရာမှ (မီတာ၅၀မှ မီတာ၃၀၀) အတွင်းသာ ပျံလေ့ရှိပါသည်။ ခြင်ကျား Aedes aegypti များသည် အိမ်တွင်း၌ပင် နားလေ့ရှိပြီး Aedes albopictus များမှာမူအိမ်ပြင် ချုံပုတ်များနှင့် အပင်များပေါ်တွင် နားလေ့ရှိပါသည်။ ခြင်းကျား များသည် အနက်ရောင်နှင့်အနီရောင်ကို အခြားအရောင်ဖျော့များထက် ပို၍ ကြိုက်နှစ်သက်လေ့ရှိ် ပါသည်။
(၃) သွေးလွန်တုတ်ကွေးရောဂါဖြစ်နိုင်ခြေရှိသောသူ (susceptible Host)
သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးကျား/မ မရွေးဖြစ်နိုင်သည့်ရောဂါ တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခင်က အသက် (၁၅)နှစ်အောက် ကလေးများ တွင်သာ ဖြစ်ပွားလေ့ရှိသော်လည်း ယခုအခါ လူကြီးများတွင်ပါ ဖြစ်ပွါးလာကြောင်းတွေ့ရပါသည်။ အသက် (၃)နှစ်မှ (ဂ)နှစ် အရွယ်ကလေးများ တွင်အများဆုံးဖြစ်ပွားသည် ကိုတွေ့ရှိရပါသည်။ သို့ဖြစ်၍ မူကြို မူလတန်းမှ အထက်တန်းကျောင်းသားများ အထိ အထူးဂရုပြုရမည့် အုပ်စုအဖြစ် သတ်မှတ် ရပါသည်။
(၄) သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ခြေရှိသော ပတ်၀န်းကျင်(environment)
အဓိကအားဖြင့် သွေးလွန်တုပ်ကွေး ရောဂါသယ်ဆောင်သော ခြင်ပေါက်ပွားနိုင်သည့် အခြေအနေကိုဖေါ်ဆောင်သည့် အပူချိန်၊ မိုးရွာသွန်းမှု၊ စိုထိုင်းဆနှင့် ခြင်ပေါက်ပွားရန် နေရာများ တည်ရှိမှုကို ဆိုလိုသည်။ ပူအိုက်စွတ်စို၍ စိုထိုင်းဆများသော မိုးရာသီတွင်Aedes ခြင်ပေါက်ပွား မှုများပြား သည်ကိုတွေ့ရှိရပါသည်။ မိုးရာသီတွင် မိုးရေတင်ကျန်သော နေရာများ များပြားလာ ခြင်းကြောင့်လည်း ခြင်ပေါက်ပွားမှုများပြားသည်ကို တွေ့ရှိရပါသည်။
၃။ ရောဂါဖော်ထုတ်သတ်မှတ်ခြင်း
လူ၏ ခန္တာကိုယ်ခုခံအား၊ ၀င်ရောက်သည့် Dengue virus ၏ Serotype အမျိုးအစားနှင့် အခြား အချက်များပေါ်မူတည်၍ အောက်ပါအခြေအနေများ ကိုတွေ့ရှိရပါသည်။
(၁) မည်သည့်ရောဂါလက္ခဏာမျှ မပြခြင်း။
(၂) ရောဂါလက္ခဏာပြသော်လည်း အခြားဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သော အဖျားရောဂါများနှင့်
ခွဲမရဘဲ သွေးယိုစီးမှုမရှိ၊ သာမန်တုပ်ကွေးဖျားကဲ့သို့ ဖျားပြီးပြန်ကောင်းသွားခြင်း။
(၃) သွေး ယိုစီးမှု ရှိ ပြီး ရိုးရိုး ဖျား ခြင်း။
(၄) ဒင်းဂီးသွေးလွန်တုပ်ကွေးရောဂါအဆင့်ဖြစ်ပြီး၊ သွေးလန့်ခြင်းမရှိဘဲ ကောင်းသွားခြင်း သို့မဟုတ် သွေးလန့် ခြင်း မှ သေဆုံးသည်ထိ ဖြစ်ခြင်း။ “Dengue Virus" ကြောင့်ဖြစ်သော အဖျားရောဂါများကို ရောဂါလက္ခဏာ (ClinicalCriteria) အရ အောက်ပါအတိုင်း အဆင့်ဆင့် ခွဲခြား သတ်မှတ်ထားပါသည်။
(က) ဒင်းဂီးအဖျားရောဂါ (Dengue Fever) ။ ။Respiratory infection တို့နှင့်လည်း ဆင်တူပါသည်။ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း စသည်တို့ဖြစ်ပြီး ပြန်လည်ကောင်းမွန်သွား တတ်ပါသည်။ တခါတရံ နှာခေါင်း သွေးယိုခြင်း၊ အရေပြား အောက်တွင် အစက်များထွက်ခြင်းတို့ တွေ့ရတတ်သော်လည်း ပြင်းထန်ခြင်း မရှိပါ။
(ခ) သွေးလွန်တုတ်ကွေးအဖျားရောဂါ၊(Dengue Haemorrihagic Fever) ပြင်းထန်မှု အလိုက် အောက်ပါ အတိုင်းအဆင့်ခွဲခြား သတ်မှတ်ပါသည်။
အဆင့်(၁)- လတ်တလောဆက်တိုက်အပြင်းဖျားခြင်း
၂ရက်မှ ၇ရက်ခန့်ဆက်တိုက်အပြင်းဖျားခြင်း (Acute attack of continuous Fever
2-7 days) + Hess test -positive
အဆင့်(၂)- အဆင့်(၁)လက္ခဏာ+ အလိုအလျောက် သွေးယိုစီးခြင်း (spontaneous bleeding)အများအား ဖြင့်အရေပြားတွင် အနီစက်များထွက်ခြင်းနှင့် သွားဖုံး၊နှာခေါင်းတို့မှ သွေးယိုစီးခြင်း တို့ တွေ့ရတတ်သည်။)
အဆင့်(၃)- အဆင့်(၂)+Circulatory Failure (သွေးလှည့်ပတ်မှုကျဆင်းခြင်း)
- လူနာ၏သွေးခုန်နှုန်းမြန်လာခြင်း- Increased pluse rate
- လက်ကောက်၀တ်သွေးကြောမှ သွေးစမ်းသပ်ရာတွင် သွေးခုန်နှုန်းအားနည်းမှုကြောင့် ခက်ခဲစွာစမ်း သပ်ရခြင်း (Decreased Pluse Volume)
- သွေးပေါင်ချိန်ကျလာခြင်း၊
- အပေါ်သွေးနှင့်အောက်သွေးခြားနားချက် ကျဉ်းမြောင်းလာခြင်း၊ (Narrow Pluse Pressure- Difference between systolic & Diastolic Pressure)
ဥပမာ- အပေါ်သွေး ၁၀၀၊အောက်သွေး ၈၀ ဖြစ်ပါက ခြားနားမှုမှာ (၂၀) သာ ရှိပါသည်။ ဤကဲ့သို့ ခြားနားချက်သည် ၂၀မီလီမီတာမာကျူရီသာ ရှိလျင်ဖြစ်စေ၊ ယင်းထက်နည်း လျင်ဖြစ်စေ၊ယင်းလူနာမှာ- Shock ရတော့မည့် အခြေအနေဖြစ်၍ အရေးကြီးသည့်အချိန် ဖြစ်ပါသည်။ (ဥပမာ- သွေးပေါင်ချိန်- ၉၀/၇၀ mmHg)
- လူနာ၏သွေးခုန်နှုန်းမြန်လာခြင်း၊ လက်ကောက်၀တ်သွေးကြောမှ သွေးခုန်နှုန်း စမ်းသပ်
ရာတွင် သွေးခုန်နှုန်းအားနည်းမှုကြောင့် ခက်ခဲစွာစမ်းသပ်ရခြင်း
- ခြေဖျားလက်ဖျားအေးစက်၍ ချွေးစေးများ ပြန်လာပြီ၊ ဂဏာမငြိမ်ဖြစ်လာခြင်း။
အဆင့်-(၄) သွေးခုန်နှုန်းလုံး၀စမ်းသပ်မရတော့ဘဲ သွေးပေါင်ချိန်(Zero-O) ထိကျဆင်းသွားခြင်း၊
(Dengue Shock Syndrome) တို့ဖြစ်ပါသည်။
ဆေးရုံသို့ပို့ရမည်လက္ခဏာများ (Impending Shock)
Dengue Haemorrihagic Fever သွေးလွန်တုတ်ကွေးရောဂါဖြစ်သည့်လူနာများကို အောက်ပါအခြေ အနေမျိုးတွေ့ရှိပါက ဆေးရုံသို့ အမြန်လွှဲပြောင်းပေးပို့ရပါမည်။
၁။ လူနာသည် အစာ၊ ရေမ၀င်နိုင်လောက်အောင် အန်ခြင်း၊
၂။ အန်သည့်အခါ အဖြူရောင်အရည်များအတွင်း၊ ကော်ဖီနှပ်ထားသည့်အရောင်
(အညိုရောင်)အဖတ်များ၊ အမျှင်များပါလာခြင်း၊
၃။ အပြင်းဖျားနေရာမှ အဖျားကျသွားသော်လည်း၊ ကလေးမှာကစားခြင်း၊ စားသောက်ခြင်း
မရှိဘဲ၊ မှိန်းလွန်းခြင်း၊ ဂျီကျ၍ ဂဏာမငြိမ်ဖြစ်ခြင်း၊
၄။ ခြေဖျား၊လက်ဖျားများ အေးစက်၍ ချွေးထွက်စေးထန်းလာခြင်း၊
၅။ ဆီးနည်းလာခြင်း (ပုံမှန်အားဖြင့်တနေကုန်သွားသည့်ဆီးမှာပျှမ်းမျှ-၈၀၀စီစီခန့်ရှိရမည်။
ယင်းထက်နည်းပါက ဆီးနည်းသည်ဟု ဆိုနိုင်ပါသည်။
၆။ သွေးခုန်နှုန်းမြန်ခြင်း၊သွေးခုန်နှုန်းစမ်းသပ်ရခက်ခဲလာခြင်း
၇။ သွေးပေါင်ချိန်ကြည့်ပါက အပေါ်သွေးနှင့်အောက် သွေးခြားနားမှုမှာ ၂၀မီလီမီတာ
မာကျူရီ (သို့မဟုတ်) ယင်းထက်လျော့နည်းနေခြင်း၊ သတိလစ်ခြင်း၊တက်ခြင်း
တို့ဖြစ်ပါသည်။
ယခုအခါတွင်၊ ရောဂါလက္ခဏာများကို-
(1) ဒင်ဂီးအဖျား+အန္ထရယ်လက္ခဏာများDengue+warning signs
(2) ပြင်းထန်ဒင်ဂီးအဖျား-Severe Dengue ဟု ရောဂါပြင်းထန်မှု အလိုက် အဆင့် ခွဲခြား ပါသည်။
ဒင်ဂီးဖြစ်နှိုင်ခြေရှိသောအခြေအနေ(Probable Dengue)
(1) ဒင်ဂီးဖြစ်ပွားလေ့ရှိသောဒေသတွင်နေထိုင်ခြင်း/ထိုဒေသမှပြန်လာခြင်း
(2) ကိုယ်ပူဖျားခြင်း
(3) နှင့် အောက်ပါလက္ခဏာများအနက် (၂)မျိုး ရှိခြင်း
a. ပျို့ခြင်း၊အန်ခြင်း(Nausea and vomiting)
b. အနီစက်များထွက်ခြင်း(Rashes)
c. ကိုက်ခဲနာကျင်ခြင်း(Aches and Pain)
d. HessTest (+ve)
e. သွေးဖေါက်စစ်ဆေးသောအခါသွေးဖြူဥနည်းလွန်းခြင်း(Leucopaenia)
f. အန္ထရယ်လက္ခဏာတစ်ခုခုရှိခြင်း(Any Warning Signs)
g. Dengue test kit ဖြင့်စစ်ဆေးသောအခါ positive (+ve) ဖြစ်သော်လည်း
သွေးယိုစီးသည့်လက္ခဏာမရှိခြင်း တို့ဖြစ်ပါသည်။
အန္တရယ်လက္ခဏာများ။ Warning signs
(1) ဝမ်းဗိုက်နာခြင်းအောင့်ခြင်း/ဝမ်းဗိုက်ကိုဖိလျှင်နာကျင်ခြင်း
(Abdominal pain or tenderness)
(2) ဆက်တိုက်အန်နေခြင်း(Persistant vomitting)
(3) ကိုယ်တွင်းအရည်ကြည် များကြောင့် ရေဝင်ခြင်းလက္ခဏာများ တွေ့ရခြင်း (Clinical fluid accumulation )
(4) ပါးစပ်/နှာခေါင်း စသောအမြှေးပါးများမှသွေးယိုခြင်း(Mucosal bleeding)
(5) မှိန်းခြင်း ဂဏာမငြိမ် ခြင်း (Lethergy/restlessness)
(6) အသဲကြီးခြင်း Liver enlargement(>2cm)
(7) ဓါတ်ခွဲခန်းတွင် သွေးစစ်ဆေးသောအခါ- HCT ပုံမှန်ထက်များပြီး သွေးဥမွှားကလေးများ ပုံမှန်ထက် ရုတ်တရက် လျော့နည်း ခြင်း (Laboratory: Increase in HCT concurrent with rapid decrease in platelets count)
ဤကဲ့သို့အခြေအနေများတွင် အနီးကပ်စောင့်ကြပ်၍ပြုစုကုသရန်လိုအပ်ပါသည်။(strict observation and medical intervention)
ပြင်းထန်ရောဂါအဆင့် (Severe Dengue) တွင် အောက်ပါ အခြေအနေ များတွေ့ရှိနိုင် ပါ သည်။
(1) သွေးရည်ကြည်များပြင်းထန်စွာယိုစီးခြင်း Severe Plasma leakage
(2) သွေး ပြင်းထန်စွာယိုစီးခြင်း Severe haemorrhage
(3) ကိုယ်တွင်းအင်္ဂါများပြင်းထန်စွာပျက်စီးခြင်း Severe organ impairment
သွေးရည်ကြည်များပြင်းထန်စွာယိုစီးခြင်း Severe Plasma leakage ကြောင့် တွေ့နိုင်သော လက္ခဏာများမှာ-
• သွေးလန့်သောလက္ခဏာ(DSS)
• အဆုပ်တွင် ကိုယ်တွင်းအရည်ကြည် များကြောင့် အသက်ရှုကြပ်ခြင်း။
ပြင်းထန်စွာသွေးယိုစီးခြင်း Severe haemorrhage ကြောင့် တွေ့နိုင်သော လက္ခဏာများကို
• ကျွမ်းကျင်သူမှ စမ်းသပ်စစ်ဆေးတွေ့ရှိခြင်း
ကိုယ်တွင်းအင်္ဂါများပြင်းထန်စွာပျက်စီးခြင်း Severe organ impairment တွင်
• အသည်း ပျက်စီးပါက-AST or ALT =
#ရာသီတုပ်ကွေး
ို့မဟုတ်_Influenza
✅တုပ်ကွေး လူတိုင်း ကွေးဖူးတယ်
✅သူ့လက္ခဏာတွေ လူတိုင်းသိတယ်
👉ကိုဗစ်က သူ့နေရာဝင်လု သွားလို့သာ ခဏ ပျောက်သလိုဖြစ်နေတာ
👉ဖျားတာ နဲ့ ကိုဗစ်ပဲ ဆိုတာ (၂၀၂၀-၂၀၂၁) နှစ် နှစ်လောက်ဆိုတော့ သူ့ကိုမေ့သလိုဖြစ်နေကြတာပေါ့။ (ပြန်နွှေးပေးမယ်လေ)
👉မိုးဝင်ခါနီး ဆိုတာ သူ့အချိန်ပေါ့
#ဘာတွေခံစားရမလဲ ⁉️
👉 ကိုယ်ပူမယ်
👉 ချောင်းဆိုးမယ်
👉 လည်ချောင်းယားမယ်၊ လည်ချောင်းနာမယ်
👉 နှာစေး နှာမွှန်မယ် နှာချေမယ်
👉 နှာခေါင်းယား နားယားမယ် မျက်စိယားမယ်
👉 ကိုယ်လက် ကြွက်သား အဆစ်အမြစ်တွေ နာမယ်/ကိုက်မယ်
👉 ခေါင်းကိုက်မယ် ခေါင်းအုံမယ်
👉 နုံးချိပြီး မလှုပ်ချင် မရှားချင်ဖြစ်မယ်
👉 တချို့မှာ ဝမ်းလျှောမယ် အန်မယ်
👉 ကြွက်တက်မယ်
👉 နည်းနည်းဆိုးတဲ့အခါ သလိပ်တွေထွက်လာမယ်
👉 အသက်ရှူကြပ်မယ်၊ အသက်ရှူနှုန်းတွေမြန်မယ်၊ မောမယ်၊ Oxygen (SpO2 ကျမယ်)
👉 အဆုတ်ပျက်စီးတယ် ၊ ဆိုးလွန်းရင် သေတယ်။
#ဘာလက္ခဏာတွေနဲ့တူလဲ❓
👉Covid လက္ခဏာတွေပဲလေ။
#ဘာလို့တူရတာလဲ ⁉️
👉ကိုဗစ်လိုပဲ သူက Virus ပါပဲ (Influenza Virus)
အသက်ရှူလမ်းကြောင်းကနေ ကူးစက်ပြီး အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတဲ့ အတွက် လက္ခဏာတွေက ဒါတွေပါပဲ။
#ဘာကွာလဲဆိုတော့
❌ ဒီကောင်က အနံ့မပျောက်ဘူး
❌ အရသာ မပျောက်ဘူး
❌ ရက်အရမ်းမရှည်ဘူး
❌ Second week မှ Oxygen ကျမယ် ဘာညာဆိုပြီး စည်းကမ်းမရှိဘူး
✅ ကိုဗစ်လိုပဲ လေထဲက ကူးတာဖြစ်လို့ လေရှူနေရတဲ့ တို့တတွေ တစ်ယောက်ဖြစ်ရင် မိသားစု၊ လုပ်ဖော်ကိုင်ဖက် အကုန်ဖြစ်တယ် (ကူးစက်လွယ်တယ်)
✅ ကံကောင်းတာက နှစ်တိုင်းဖြစ်နေကြမို့ ကိုဗစ်လောက်မပြင်းထန်ဘူး
✴️ ကိုဗစ်လို မပြင်းထန်ဘူး ဆိုပေမယ့် ကိုယ်ခံအားမကောင်းတဲ့ (High Risk groups လို့ခေါ်တဲ့)
🔴 ကလေးသူငယ်တွေ
🔴 သက်ကြီးရွယ်အိုတွေ
🔴 ကိုယ်ဝန်ဆောင်တွေ
🔴 နာတာရှည်ရောဂါသည်တွေ
🔴 ကိုယ်ခံအားကျဆင်းမှုရောဂါသည်တွေ
🔴 ကိုယ်ခံအားထိန်းညှိဆေးသောက်ထားရသူတွေ မှာ ဖြစ်ရင် အသက်သေဆုံးတဲ့ အထိ ပြင်းထန်တတ်တယ်။
👉အရင်ကလည်း တုပ်ကွေးနေကြပဲ ဒီနှစ်မှ #ဘာတွေထူးနေလို့လဲ ⁉️
👉အရင်က အပေါ်က ပြောတဲ့ High Risk Group ဆိုတာမှာပဲ ပြင်းထန်တာ၊ ကျန်တဲ့သူတွေမှာ ၂-၃ ရက်ဆိုပျောက်ပြီ
👉အရင်က သာမန်လောက်ပဲ ခံစားရတဲ့ လူလတ်ပိုင်းတွေက Covid ဖြစ်ထားတာမကြာသေးတဲ့အတွက် #အဆုတ်ဒဏ်ရာတွေက_မကျက်သေးဘူး။
1. အဲ့ဒီ ကိုဗစ်ဖြစ်ပြီး ပျက်နေတဲ့ Damaged Lungs ကို flu က ထပ်ဖျက်တော့ အခြေအနေဆိုးကြရတာပေါ့
2. ကိုဗစ်ဖြစ်ပြီးပြီ ကာကွယ်ဆေးထိုးပြီးပြီ ဆိုပြီး ပေါ့ကြတာလဲ ပါတာပေါ့
💥 #မပေါ့ကြပါနဲ့‼️
ရေးနေကြ/သတိပေးနေကြကိုပဲ ပြန်ရေးပါမယ်
အရင်လုပ်နေကြအတိုင်း
✔️ မလိုအပ်ပဲ အိမ်ပြင်မထွက်ဘူးဗျာ
✔️ လိုအပ်လို့ ထွက်ရရင် Mask သေသေချာချာ တပ်မယ်ဗျာ (မေးမချိတ်ဘူး၊ ချွတ်ပြီးဘေးမချထားဘူး)
✔️ လက်ခဏခဏ ဆေးမယ်ဗျာ (ဟိုကိုင်ဒီကိုင် လျှောက်မကိုင်ဘူး)
✔️ ကိုယ်ခံအားကောင်းအောင်
- ကောင်းကောင်းစားမယ်၊ အစုံစားမယ် (အသီးအနှံများများစားမယ်)
- အိပ်ရေးဝ ဝ ၊ အိပ်ချိန်မှန်မှန် အိပ်မယ်
- စိတ်ဖိစီးမှုလျော့အောင်နေမယ်၊ ဘာသာရေး လုပ်မယ်
- တုပ်ကွေးကာကွယ်ဆေး လက်လှမ်းမီကထိုးပါ (အရေးကြီးတာက ကာကွယ်ဆေးဟာ ထိုးပြီး (၂) ပတ်ကြာမှ သူ့အစွမ်းပြနိုင်တာပါ)
👉 #တုပ်ကွေးကာကွယ်ဆေး ဟာ အဖြစ်များတဲ့ တုပ်ကွေးအမျိုးအစား (၃) မျိုး တချို့ဆေးက (၄) မျိုးကိုသာ ကာကွယ်နိုင်တာ ဖြစ်လို့ ( Influenza A ရဲ့ sub-type H1N1, H3N2 နဲ့ Influenza B မဟုတ်ရင်) မကာကွယ်နိုင်ပါဘူး
👉အဲ့ဒါတွေအပြင်
🌺 ဖျားပြီ/နေမကောင်းဖြစ်ပြီ ဆိုတာနဲ့ (ကိုဗစ်မဟုတ်ပါဘူး ဆိုပြီး) အလုပ်တက်မပျက်၊ လူကြားထဲ ထွက်မပျက်တော့ မလုပ်သင့်ပါ
🔴 ခွင့်ယူပါ၊ ကောင်းကောင်းနားပါ
(ခွင့်ယူတော့ ခင်ဗျားက လာကျွေးထားမှာလား ဆိုရင် ကျွန်တော်မကျွေးနိုင်ပါဘူး သင့်ဆီကနေရောဂါပျံ့မသွားစေဖို့က သင့်ရဲ့တာဝန်ခံမှု တာဝန်ယူမှု ပါပဲ)
🔴 အိမ်သားတွေ နဲ့ ခွဲနေပါ။
🔴 ဆေးကုသမှု သေသေချာချာခံယူပါ
🙏ကျန်းမာရေးဗဟုသုတတိုးပြီးသက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ🙏
မပေါ့ဆသင့်သည့် လေးဘက်နာ
----------------------------------------
လေးဘက်နာရောဂါသည် ခန္ဓာကိုယ်ခုခံအားစနစ် မှားယွင်းတိုက်ခိုက်သောရောဂါ (Autoimmune) အမျိုးအစားဖြစ်ပြီး မနက်အိပ်ယာထခါစ (သို့မဟုတ်) ထိုင်ရာမှထခါစတွင် အဆစ်များတောင့်တင်းနာကျင်ပြီး လှုပ်ရှားရခက်သော ရောဂါဖြစ်သည်။ လေးဘက်နာရောဂါကို သေချာစွာမကုသပါက အဆစ်များတွင် သာမက အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင်ပါ ဆိုးကျိုးများ တခုမဟုတ်တခု ဖြစ်နိုင်ပါသည်။ 👎🏻
မှတ်ဥာဏ် နည်းသွားနိုင်ခြင်း 🧠
လေးဘက်နာရောဂါရှိသူများသည် စိတ်ဖိစီးမှု၊ စိတ်အားငယ်မှုတို့ကို ခံစားရရုံသာမက မှတ်ဥာဏ်နည်းသွားခြင်း၊ အာရုံစူးစိုက်ရန်ခက်ခြင်း အစရှိသည်တို့ပါ ဖြစ်ပေါ်တတ်သည်။
သွေးကြောနံရံထူခြင်း 🩸
လေးဘက်နာ ရောဂါရှိသူများသည် နာတာရှည်ရောင်ယမ်းမှု ဖြစ်သောကြောင့် ရိုးတွင်းခြင်ဆီမှ သွေးနီဥ ထုတ်လုပ်ခြင်းကိုလျော့နည်းစေသောကြောင့် သွေးအားနည်းခြင်းဖြစ်စေသည်။ လေးဘက်နာရောဂါ မကုဘဲထားပါက သွေးကြောများကို ထူလာစေပြီး သွေးကြောကျဥ်းလာကာ နှလုံးတိုက်ခိုက်ခံခြင်း၊လေဖြတ်ခြင်း အထိပါဖြစ်တတ်သည်။
ဝမ်းချုပ်တတ်ခြင်း 🚽
လေးဘက်နာရောဂါ ရှိသူများသည် ဝမ်းဗိုက်ပြဿနာအနေဖြင့် ဝမ်းချုပ်ခြင်း ဖြစ်ပေါ်တတ်သည်။ အဆစ်ကိုက်ခဲသောကြောင့် သက်သာစေရန် သောက်သုံးသော အကိုက်အခဲပျောက်ဆေး ဆိုးကျိုးများအနေဖြင့် အစာအိမ်၊ အူအနာနှင့် အစာလမ်းကြောင်း သွေးယိုစီးခြင်းကိုပါ ဖြစ်ပေါ်စေနိုင်သည်။
အရိုးအဆစ် နာကျင်ခြင်း 👩🏼🦯
လေးဘက်နာ၏ ကနဦးလက္ခဏာအဖြစ် လက်ဆစ်များ နာကျင်တောင့်တင်းခြင်းကို ခံစားရရုံသာမက သေချာစွာမကုသဘဲထားပါက အရိုးများပျက်စီးလာပြီး အရိုးသန်မာမှု အားနည်းခြင်း၊ အရိုးပွခြင်း၊ အရိုးကျိုးလွယ်ခြင်းကိုပါ ဖြစ်ပေါ်စေနိုင်သည်။
မျက်စိရောဂါများ 👁
လေးဘက်နာရှိသူများသည် မျက်စိနီခြင်း၊ နာခြင်း၊ မျက်လုံးခြောက်ခြင်း၊ အမြင်ဝေဝါးခြင်း အစရှိသည့်အမြင်ဆိုင်ရာ ပြဿနာများကြုံတွေ့ရရုံသာမက မျက်စိတိမ်၊ ရေတိမ်များလည်း ဖြစ်နိုင်သည်။
ခံတွင်းဆိုင်ရာ ပြဿနာများ 👄
တချို့သော လေးဘက်နာရောဂါရှိသူများသည် တံတွေးထုတ်လုပ်မှုကျဆင်းေသာကြောင့် အာခေါင်ခြောက်ခြင်းနှင့် ခံတွင်းသို့ရောဂါပိုးဝင်လွယ်ခြင်းများ ဖြစ်စေနိုင်သည်။
အဆုတ်တွင် ဖြစ်ပေါ်သော ရောဂါများ 😤
လေးဘက်နာရောဂါရှိသူများတွင် အသက်ရှူလျှင်မောခြင်း၊ နာတာရှည်ချောင်းခြောက်ဆိုးခြင်း၊ မောပန်းလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း အစရှိသော လက္ခဏာများသာမက အဆုတ်တွင်အလုံးများပါ ဖြစ်ပေါ်နေတတ်သည်။
အရေပြားဆိုင်ရာ ပြဿနာများ 🦠
လေးဘက်နာရောဂါရှင်များသည် အရေပြားတွင် အကွက်နှင့် အလုံးများဖြစ်နေတတ်ပြီး အနာဖြစ်ပေါ်ပါက အနာကျက်နှုန်းနှေးပြီး ရောဂါပိုး ဝင်လွယ်တတ်သည်။
လက်ချောင်း၊ ခြေချောင်း ပြဿနာများ 🤚🏻🦶🏻
လေးဘက်နာ မကုသဘဲထားပါက ကြာလာသောအခါ လက်ဆစ်များပုံမှန်မဟုတ်ရုံသာမက လက်နှင့် ခြေထောက်တွင် ထုံခြင်း၊ ပူခြင်း၊ နာကျင်ခြင်း အစရှိသည်တို့ကိုပါ ခံစားရနိုင်သည်။
အချုပ်ဆိုရလျှင် လေးဘက်နာ ရောဂါသည် ခန္ဓာကိုယ်တခုလုံးကို ဆိုးကျိုးဖြစ်စေနိုင်သော ရောဂါဖြစ်သောကြောင့် ရောဂါလက္ခဏာ စတင်ခံစားရပါက သက်ဆိုင်ရာဆရာဝန်၏ ကုသမှုကို ခံယူရုံသာမက၊ လေ့ကျင့်ခန်းများလုပ်ခြင်း၊ တရားထိုင်ခြင်း၊ မိသားစုဝင်နှင့် မိတ်ဆွေများ၏ ဖေးမကူညီမှုကိုပါ ရယူခြင်းတို့အပြင်၊ အာဟာရဓါတ်များ ပြည့်ဝအောင် စားပေးရန်နှင့် စိတ်ဓါတ်ကြံ့ခိုင်ဖို့ အရေးကြီးကြောင်း အကြံပြုပါရစေ။
အမျိုးသမီးများသားအိမ်အလုံးတည်ခြင်း🚫 (uterine fibroid)
ဒီနေ့မှာ prettyတို့အတွက် အမျိုးသမီးတွေမှာ အဖြစ်များစိုးရိမ်းရတဲ့ သားအိမ် အလုံးတည်ခြင်းအကြောင်းလေးပြောပြချင်ပါတယ်🚫
အမျိုးသမီးတွေရဲ့ ၂၀% ကနေ ၅၀% လောက်က အမျိုးသမီးဟော်မုန်း
အက်စတိုဂျင် (Estrogen) နှင့် ပရိုဂျက်စတီရုန်း (Progesterone) တွေက သားအိမ်ကြွက်သားဖွံဖြိုးမှုကို လှုံ့ ဆော်တာကြောင့် သားအိမ်အလုံးဖြစ်လာတတ်ပါတယ်။
တော်တော်များများ အလုံးတွေက သူ့ဘာသာသူ ရှုံ့ သွားတာမျိုးလည်း ရှိ တတ်ပါတယ်။ရှုံ့သွားပြီးပျောက်သွားရင်တော့ကောင်းပါတယ်ဒါပေမယ့် တချို့အလုံးတွေကျတော့ မသိမသာ လက္ခဏာလောက်ပဲပြတတ်ပြီး ကြီးလာတတ်ပါတယ်။ ဒါကြောင့်
လက္ခဏာလေးတွေ ဖော်ပြချင်ပါတယ်။🚫
-ဓမ္မတာပုံမှန်မဟုတ်ဘဲ ကြာရှည်စွာလာနေခြင်း
-ဓမ္မတာလာရာတွင် သာမန်ထက် အလွန်အမင်း များခြင်း
-ဓမ္မတာမမှန်ခြင်း
-ဓမ္မတာလာချိန်တွင်း အလွန်နာကျင်ခြင်း
-တင်ပဆုံတွင်နာခြင်း
- နောက်ကျောနာခြင်း
-ဗိုက်ပူလာခြင်း
ဒီသားအိမ်လုံး၊သားအိမ်အကျိတ်(ခေါ်)သားအိမ်ရေအိတ်ဟာ တစ်လုံး(သို့မဟုတ်)တစ်လုံးထက်ပိုပြီး ၃/၄ လုံးအထက် ဖြစ်တည်နေတတ်ပါတယ်။အလုံးအသေးလေးကနေပြီး အလုံးအကြီးကြီးထိ့ ဖြစ်တည်လာနိုင်သလို အရွယ်အစားအားဖြင့်လည်းမတူညီပါဘူး။
ဘယ်တော့မှသိသလဲဆိုရင် အလုံးရေများလာပြီး အလုံးတွေကြီးထွားလာမှ ရိပ်မိလာကြတယ်။ခါးနာ၊ခါးကိုက်(Backache or leg pains)ခြေထောက်နာ၊ခြေထောက်ကိုက်တဲ့ဝေဒနာတွေ ခံစားလာရလိမ့်မယ်။
ဒီအလုံးဟာ သားအိမ်ရဲ့ ဟိုးအတွင်းဆုံးအပိုင်းမှာ ဖြစ်တည်နေပါလျှင် ရာသီဆင်းတာ(Heavy menstrual bleeding)များပါလိမ့်မယ်။
ဒီအလုံးဟာ သားအိမ်ရဲ့အပြင်ဘက်အလွှာမှာ ဖြစ်တည်နေပါလျှင် ရာသီမမှန်တာဖြစ်တတ်သလို ရာသီးဆင်းပါကလည်း အရင်ထက် နည်းနေတတ်ပါတယ်။
ဒီနှစ်ချက်ရဲ့ အားနည်းချက်၊အားသာချက်က ဘာကြောင့်လဲဆိုရင် အတွင်းပိုင်းမှာဖြစ်ရင် အဝကျယ်၍ ရာသီးဆင်စရာလမ်းကြောင်း ပိုကျယ်လာတတ်သလို အပြင်ပိုင်းမှာဖြစ်ရင် ရာသီဆင်းစရာလမ်းကြောင်း ကျဉ်းမြောင်းသွားတတ်ပါတယ်။
တကယ်လို့ ဒီအလုံးဟာ ကြီးထွားပြီး ဆီးအိမ်ကို ဖိ့ထားသလိုဖြစ်နေရင် ဆီးခဏ ခဏ သွားချင်နေမယ်..တကယ်လို့ အူလမ်းကြောင်းကိုဖိ့မိနေရင် ဝမ်းချုပ်တတ်ပါတယ်။
သားအိမ်လုံးအကျိတ်၊ရေအိတ်ကြောင့် ရာသီဆင်းတာ များသူတွေဟာ သွေးအားနည်းလာတတ်သလို အားအင်ကုန်ခမ်းပြီး အသားရည်ဖြူဖတ်ဖြူရော်ဖြစ်လာမယ်၊အသက်ရှုရတာမဝဖြစ်လာမယ်၊အလိုလိုနေရင်းနဲ့မောပန်းနေတတ်ပါတယ်။ဒီလို ဖြစ်နေတဲ့အမျိုးသမီးတွေဟာ အသား၊ငါး၊လတ်ဆတ်သော အသီးအရွက်များများစားသုံးပေးသင့်ပြီး သံဓာတ်ပါဝင်တဲ့ အားဆေးကို သောက်သုံးပါ။
အလုံးကြီးရင်တော့ ဗိုက်ခွဲပြီး ဖယ်ရှားရသလို၊အလုံးသေးရင်တော့ ဆေးရုံသုံး ကိရိယာများဖြင့် မိန်းမကိုယ်အတွင်းကနေတဆင့်နှိုက်၍ ဖယ်ရှားရပါတယ်။
ဒီလို ဖယ်ရှားပြီးသူတိုင်းဟာ ကလေးယူလို့ မနိုင်တော့သလို ကံမကောင်းရင်ဖြင့် သားအိမ်ကိုဖြတ်ထုတ်ဖယ်ရှားတဲ့အထိဖြစ်နိုင်ခြေရှိပါတယ်။🚫🚫
မစိုးရိမ်ပါနဲ့ ဒီအလုံးဟာ ကင်ဆာဆဲလ် မဟုတ်သည့်အတွက်ကြောင့် ခွဲစိတ်ကုသရင်ဖြင့်ပျောက်ကင်းသက်သာနိုင်သလို ခွဲစိတ်ကုသပြီးပေမဲ့လည်း ပြန်လည်ဖြစ်တည်လာတတ်ပါတယ်။
ဘယ်လိုကာကွယ်ရမလဲ။⁉⁉⁉
၁)လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းကို တစ်ရက်ကို တစ်နာရီလောက်လုပ်ပေးမယ်ဆိုလျှင် ရောဂါဖြစ်နှုန်း ၃၀% ကနေ၄၀% ထိချပေးနိုင်ပါတယ်။လေ့ကျင့်ခန်းကတော့ဒီရောဂါတင်မကပါဘူး၊၊
ရောဂါတော်တော်များများကိုကာကွယ်ပေးနိူင်လို့လုပ်သင့်ပါတယ်။
၂)-ဟင်းသီးဟင်းရွက်အသီးအနှံ များများစားပါ။
အရိုးပါဝါး စားလို့ရတဲ့ငါးများများစားပါ။ထိုထဲကပါတဲ့ ဗီတာမင်ဒီ ဓာတ်ဟာ သားအိမ်အလုံး မဖြစ်ဖို့ ၃၀%လောက်ထိချပေးနိုင်တယ်လို့ယူဆထားပါတယ်။
-၄) နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ချဖို့ပါပဲ။
-အဝလွန်လျှင်လည်း သားအိမ်ရောဂါ အန္တရာယ်ရှိနိုင်
သောကြောင့် ကိုယ်အလေးချိန်လျော့ချပါ။ လေ့ကျင့်ခန်းဖြင့်အဆီချခြင်းကတော့အကောင်းဆုံးဖြစ်ပါသည်။
၅)နောက်တစ်ခုက တော့ အမျိုးသမီး ဟော်မုန်း estrogen ပါ။
ထို ဟော်မုန်းတွေဟာ အမျိုးသမီးတွေကိုလှပစေပါတယ်။ ဒါ့ကြောင့်တချို့ထိုးကြ သောက်ကြ တာတွေရှိပါတယ်။
တချို့ကလည်း မသိဘဲလှတယ်ဆိုလို့သောက်မိကြပါတယ်။ သဘာဝအရ ခန္ဓာကိုယ်က ထွက်တဲ့ အက်စတိုဂျင်ဟော်မုန်းတောင်လိုအပ်တာထက်
ထိတွေ့မှု ကြာလာမယ်ဆိုရင် သားအိမ်အလုံးဖြစ်နှုန်း အရမ်းများနိုင်တာမလို့ ဟော်မုန်းဆေးသောက်တာထိုးတာတွေမလုပ်သင့်ပါဘူး
၆)အရေးကြီးတာက သားအိမ်အလုံးတော်တော်များများက လက္ခဏာမပြတတ်ပါဘူး။ပျောက်သွားတတ်တာလည်းရှိပါတယ်။ပျောက်သွားရင်တော့ပြသနာမရှိ့ပေမယ့်အထက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာလေးတွေပြပြီဆိုလျှင်တော့ ဆရာဝန်နဲ့သေချာပြသဆွေးနွေးသင့်ပါတယ်။
🚫ကိုယ့်မှာ သွေးဆင်းတာများတာတို့၊ တစ်လမှာ မကြာခဏဖြစ်နေတာတို့ စတဲ့ ရာသီဓမ္မတာ တစ်ခုခု ဖောက်ပြန်တာ မူမမှန်တာကို သတိပြုမိတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေရမှာ ဖြစ်ပါတယ်။
🚫ဘာဖြစ်လို့လဲဆိုတော့ ပေါ့ပေါ့
လျော့လျော့ ထားခဲ့ရင် သားသမီးမရနိုင်တာတို့ သွေးတွေ သိသိသာသာဆုံးရှုံးမှုများလို့ သွေးအားနည်းရောဂါတို့ စတဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။
🚫ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အလုံးတည်ခဲ့မယ်ဆိုရင် လမစေ့ ကလေး မွေးဖွားခြင်း နဲ့ ကိုယ်ဝန်ပျက်ကျခြင်းတို့လည်း ဖြစ်တတ်ပါတယ်။
သားအိမ်အလုံးတည်ခြင်းက
အမျိုးသမီးတိုင်း အသက်ရွယ်မရွေးဖြစ်နိုင်တာမလို့ရာသီသွေးမမှန်ခြင်းနဲ့ တစုံတရာစိုးရိမ်ရရင်ဆရာဝန်နဲ့အမြန်ဆုံးပြပြီး ကုသကြပါ♥
ကျန်းမာရေးဂရုစိုက်ကြပါနော်
အမျိုးသမီးတိုင်း ကျန်းမာပျော်ရွင်ပါစေ လို့ ဆုတောင်းရင် ကျန်းမာရေး ဗဟုသုတလေးပြောပြပေးလိုက်ပါတယ်။
Crd #