ကြိုး

ကြိုး

Deeply

17/09/2022

ကောင်းကင်​က ငှက်​​ခြေရာကိုမင်းမမြင်​နိုင်​တာ ငါလက်​ခံတယ်
ရေထဲက ငါးရဲ့​ခြေရာလဲ မင်းမမြင်​​တွေ့နိုင်​တာလဲ ငါလက်​ခံတယ်
မင်းနှလုံးသားမှာ ငါ့ရဲ့​ခြေရာ​တွေအထပ်​ထပ်​ ဗလပွဖြစ်​​နေတာကို မင်းတကယ်​ပဲမမြင်​တာလား မမြင်​ချင်​​ယောင်​​ဆောင်​​နေတာလား။

#ကြိုး

06/09/2022

^^နိုင်​ငံတနိုင်​ငံကို နားလည်​ဖို့ အသိပညာနဲ့ အ​တွေ့ကြုံ​တွေစု​ဆောင်းရတယ်
^^တ​လောကလုံးကိုနားလည်​နိုင်​ဖို့ အသ​င်္ချေ​ပေါင်းများစွာနဲ့ ကမ္ဘာ​ပေါင်းများစွာ ကျင့်​ကြံရတယ်
^^သံသရာခရီးသည်​သာမာန်​လူသားတ​ယောက်​ဖြစ်​တဲ့ ငါ့ကိုနားလည်​နိုင်​ဖို့က​တော့ မင်းပဲလိုအပ်​တယ်​။

#ကြိုး

06/07/2022

ငါချစ်​တဲ့သူနားမှာ ငါဟာမင်းတို့အမြင်​ ဘာအန္တရယ်​မှ မရှိတဲ့သူဖြစ်​လိမ့်​မယ်
ငါချစ်​တဲ့သူကိုမင်းတို့ကဒုက္ခ​ရောက်​​စေတဲ့အခါ ငါဟာ​ရေပမာထင်​ရတဲ့အက်​စစ်​အဖြစ်​​ပြောင်းလဲသွားမယ်​ဆိုတာ သိထားသင့်​တယ်​။

#ကြိုး

27/05/2022

ဦး​နှောက်​ကိုအစားထိုးဖို့ မကြိုးပါနဲ့
ရင်​ခုန်​သံကိုနားစွင့်​ ​စိတ်​ရဲ့တကယ့်​အတွင်းမှာ ဘာရှိလဲမင်းသိလာမယ်
သိလာတာနဲ့အမျှ ကမ္ဘာကြီးက မင်းအ​​ပေါ်ဥ​ပေက္ခာမပြု​သေးဘူးဆိုလဲ နားလည်​လာလိမ့်​မယ်​။

#ကြိုး

14/05/2022

အ​ရောင်​​သွေးစုံ​တဲ့ ဒီလူ့​လောကကြီးထဲမှာ ကျရှုံးရင်​ပြန်​ထပါ
အ​ဟောင်း​တွေများလာရင်​ အမှိုက်​​တွေများလာတာပဲမို့ ရှင်းထုတ်​နိုင်​​အောင်​လုပ်​ပါ
မင်းဘဝမှာ မင်းသာ အဓိကမို့ အချစ်​တွက်​နဲ့လဲ အကျရှုံးမခံပါနဲ့။

#ကြိုး

01/05/2022

လိုအပ်​တဲ့သူ​တွေ​တွက်​​​တော့​ပြောစမှတ်​ဖြစ်​လိမ့်​မယ်
အလှကိုမက်​တာ တကယ်​​တော့ မျက်​လုံးပဲရှိတယ်
တကယ့်​ခံစားတတ်​တဲ့ သူ​တွေတွက်​ အလှဟာ နှလုံးသားရဲ့​သွေးသားပါ
ရုပ်​ရည်​ကိုကြည့်​ပီး ချစ်​မယ်​ဆိုရင်​​တော့ မင်းရှက်​သင့်​တယ်​။

#ကြိုး

30/04/2022

``အချစ်​ဆိုတာ ကိုးကွယ်​ရာမဟုတ်​ဘူး´´
ဒီစာကိုဖတ်​​နေတဲ့ မိတ်​​ဆွေက ​မိန်းက​လေးလား ​​ယောက်ျား​လေးလား ဘယ်​သူပဲဖြစ်​ဖြစ်သိသင့်​တယ်

ကိုယ်​က ကိုယ့်​ချစ်​သူကို မခွဲနိုင်​​အောင်​ ချစ်​တယ်​လို့ဆိုတိုင်း ချစ်​သူရဲ့ privacy​တွေကိုcontrol လုပ်​ပိုင်​ခွင့်​ရှိလား?

အ​ဖြေကNoမရှိဘူး
အဲ့လိုရှိခဲ့ရင်​​တော့ ဒါဟာ ကိုယ့်​ချစ်​သူထက်​ ကိုယ့်​ကို ပိုချစ်​တယ်​ဆိုတာ ​သက်​​သေပြ​နေတာပဲ

စဉ်းစားကြည့်​ပါ ​သေချာ​တွေး​တောကြည့်​ပါ
ဟိုလူနဲ့ မ​ပေါင်းနဲ့ ဒီလူနဲ့မ​ပေါင်းနဲ့ ဟိုမသွားနဲ့ ဒီမသွားနဲ့ line​တွေသုံးတယ်​ဆိုရင်​လဲ Friend Listထဲကသူ​တွေကို Unfriendလုပ်​ခိုင်း ဘယ်​သွားရင်​​ပြော ​ပြောပီးရင်​လဲ ဓာတ်​ပုံရိုက်​ပို့ခိုင်း
ဘယ်​သွားသွားလိုက်​မယ်​ ဘာဖြစ်​ဖြစ်​သိချင်​တယ်​ စတာစတာ​တွေဟာ အရမ်းကိုမှ ချုပ်​ကိုင်​လွန်း​နေတယ်​ ချစ်​တယ်​ဆိုတာကိုသိတယ်​ ကိုယ့်​ချစ်​သူကလဲဒါကိုလက်​ခံထားပြီးသား

ကိုယ်​က သူ့ချစ်​သူမို့ ဘာဖြစ်​ဖြစ်​အကုန်​သိရမယ်​ ​ပြောပြရမယ်​ စကားဆိုနား​ထောင်​ရမယ်​ တဖက်​ကချစ်​သူကငြင်းဆန်​​တော့ ဘာလဲ အဖက်​မလုပ်​တာလား အ​လေးမထားတာလား ချစ်​သူ​တွေဆိုတာအလကားသက်​သက်​လား ​ပြောမရ​တော့ မချစ်​​တော့ဘူးလား ကိုယ့်​ကိုကို ထိခိုက်​​အောင်​လုပ်​ပစ်​မယ်​ဆိုတာမျိုး​ပေါ့ ဒါ​တွေအားလုံးဟာ သိပ်​ကိုမှ မိုက်​ရူးရဲဆန်​သလို အတ္တလဲ အရမ်းဆန်​တယ်​ စူးနစ်​​အောင်​ချစ်​​နေလဲ အလကားပဲ

ကိုယ့်​ကို​မွေး​ပေးတဲ့ အိမ်​က မိဘအရင်း​တောင်​ ​ပေး​သိလို့မရ​တဲ့ ကိုယောက်ထဲသိလို့မှအဆင်​ပြေတဲ့presonal case​တွေဆိုတာ လူတိုင်းမှာ ရှိကြတယ်​။ဒါကို ငါကနင့်​ချစ်​သူမို့ ငါကမင်းချစ်​သူမို့​ ​ပြောပြသင့်​တယ်​ဆိုတာ သိပ်​Egoဖြစ်​​နေပီ

ပြောချင်​တာ သိ​စေချင်​တာ ကိုယ့်​ချစ်​သူဖြစ်​တိုင်း အရာရာ ပိုင်​ဆိုင်​ပီလို့မ​တွေးပါနဲ့ ​ဒီအ​တွေးဟာမှားတယ်​လို့လဲမဆိုလိုဘူး သူ့​​နေရာနဲ့သူဆိုတာ ရှိတာမို့ နားလည်​​ပေးလိုက်​ပါ
မိန်းက​လေးဖြစ်​ဖြစ်​ ​ယောက်ျား​လေးဖြစ်​ဖြစ်​ အ​ပေါင်းသင်းဆိုတာလဲ ရှိမှာပဲ ဘယ်​သူနဲ့​ပေါင်းပါ​စေ လွတ်​ထားပါ ဝင်​မစွတ်​ဖက်​ပါနဲ့ တချိန်​သာ ကိုယ့်​ချစ်​သူကို ပိုင်​ဆိုင်​ရရင်​ပြီး​ရောမလား ​လောဘမကြီးနဲ့

ဒီလို​ပြောလို့ အနိုင်​ရပီမထင်​ပါနဲ့ အဆုံးထိဖတ်​ပီးရင်​​တော့ မိတ်​​ဆွေဟာ တကယ်​အိမ်​​ထောင်​ပြုပီဆိုရင်​ မိမိအိမ်​​ထောင်​ဖက်​​ပေါ် သစ္စာရှိပါ ​လေးစားပါ ပိုပီးပိုပီးချစ်​ပါ။ အတ္တဆန်​ခြင်း မိုက်​ရူးရဲဆန်​ခြင်းကို ​ဖျောက်​ပါ အချစ်​ဆိုတာ ကိုးကွယ်​ရာမဟုတ်​ဘူး
ကိုယ်လိုချင်သလို လုပ်မရဘူး​ဆိုရင်​ ကိုယ်ေ​ပြာတဲ့စကားကမထိ​ရောက်ဘူးဆိုရင် ဒီRelationshipကို ဖြတ်ေ​​​တာက်ပါ ​ကိုယ့်​အ​ပေါ်မ​ကောင်းရင်​ ပြန်​​ကောင်းမ​နေနဲ့ သိပ်​လဲမခံစားနဲ့ ဒီသံ​ယောဇဉ်​ကိုဖြတ်​​တောက်​ပစ်​လိုက်​ပါ ဒါဟာအ​ကောင်းဆုံးပါ

ကိုယ့်​ဘဝမှာ ကိုယ်​သာအဓိကမို့ ဒီချစ်​သူမရှိလဲ ကိုယ့်​ဘဝ​သေမှာမဟုတ်​ဘူး အ​ကောင်းဆုံး​တွေထပ်​​ရောက်​လာဦးမှာအ​သေချာ

#ကြိုး

14/04/2022

ခံလိုက်​ရတာကို​နောင်​တလို့မသတ်​မှတ်​ပါနဲ့
သင်​ခန်းစာယူပါ ဘဝတိုက်​ပွဲ​တွေနဲ့လည်​ပက်​ရုန်းကန်​​နေရတဲ့အ​နေထားဖို့ အချစ်​ကို​ရှေ့တန်းမတင်​တာအ​ကောင်းဆုံးပဲ။

#ကြိုး

10/04/2022

အ​ကြောက်​တရားရဲ့အ​နောက်​မှာ ရဲ့ရင့်​ထက်​မြတ်​တဲ့ စိတ်​ဓာတ်​ခွန်​အား​တွေ သိမ်​ငယ်​​အောင်​မလုပ်​မိပါ​စေနဲ့
ချစ်​ရမှာ​ကြောက်​​နေရင်​ ချစ်​မိမှာ​ကြောက်​​နေရင်
နောင်​အခါ​နောင်​တရလိမ့်​မှာအ​သေချာ
တကယ်​ချစ်​ရင်​ အဟုတ်​ဖွင့်​​ပြောပါ
နေရာတခု​တော့ ရကိုရလိမ့်​မယ်
ဇွဲ​မ​လျော့ပါနဲ့။

#ကြိုး

07/04/2022

မင်းအပြုံးက ငါ့နှလုံးသားတွက်​အဟာရ
မင်းအမုန်းက ငါ့နှလုံးသားတွက်​ဓားတလက်
စိတ်​ကူး​တွေဟာ လက်​​တွေ့မှာမတူညီ​ပေမယ့်
မင်းရဲ့ချစ်​ခြင်းဟူသမျှ ငါပိုင်​ဆိုင်​ရလို၏။

#ကြိုး

18/03/2022

ငါဟာ သူရဲ့လက်​​​တွဲ​ဖော်​ပဲ
ဘယ်​တုန်းကစဖြစ်​ခဲ့လဲလို့ တပါးသူ​မေးခဲ့ရင်
မင်း​ကျောက်​ကပ်​ ခန္ဓာအစိတ်​ပိုင်း​တွေမြင်​ဖူးလို့လားလို့ ငါပြန်​​မေးမယ်
သူ့ရဲ့ နှလုံးသားဖြစ်​တဲ့ငါ့ကို မသိတာမဆန်းဘူးထင်​​တယ်​။

#ကြိုး

16/03/2022

နေချင်​သလို​နေတယ်​ ဂရုမစိုက်​တတ်​ဘူး
ပြောချင်​တာ​ပြော ပြီးရင်​ စိတ်​ထဲဘာမှမထားတတ်​ဘူး
အရှိကိုအရှိတိုင်း ဝန်​ခံတတ်​တယ်
လဲကျ​အောင်​ပြုလုပ်​လဲ ပြုလုပ်​သူသာ အ​မောပဲရမည့်​သူ
နာကျင်​မှုဟာနတ်​ဆိုးဆိုရင်​ ငါ့ရဲ့အပြုံးဟာ နတ်​ဆိုးတွက်​​သေမင်းပဲ။

#ကြိုး

09/03/2022

^မင်းကိုလွမ်းတိုင်း ကမ္ဘာကြီးရဲ့ မိဘ​တွေကိုရင်​ဖွင့်​မယ်​^

ချစ်​​ကြောင်း​တွေ မ​မောတမ်း ​​ပြော​နေတဲ့ ကိုယ်​လိုလူကို ကြိုးစားပြီးနား​ထောင်​​ပေးခဲ့လို့ ​ပျော်​ခဲ့မိပါတယ်
မျှော်​လင့်​ချက်​​တွေ တပြုံးကြီး ထားခဲ့တာကလဲ ကိုယ့်​အမှားပါပဲ
အစထဲ မ​ဖြောင့်​ဖြူးခဲ့မှန်းသိလဲ မင်းကိုအနားမှာ​ခေါ်ထားခဲ့တယ်
ထားပါ​လေ ခု​တော့လဲ ​နေသားကျ​နေခဲ့ပါပြီ
မင်းကို လွမ်းတဲ့အခါတိုင်း​တော့ မိုးလင်းရင်ေ​နမင်း မိုးချုပ်ရင် လမင်း ​​​​ကမ္ဘာကြီးရဲ့ မိဘ​တွေဆီ ရင်​ဖွင့်​မယ်​။

#ကြိုး

07/03/2022

စိမ်းကားလွန်း​နေတဲ့​လေညှင်းနဲ့အတူ
လွှင့်​​မျောလာ​နေတဲ့ ဒီအလွမ်းဓာတ်
မကြိုဆိုပဲနဲ့​ရောက်​လာခဲ့​ပြန်​​တဲ့ ဒီည​နေခင်း
မနှင်​ခဲ့​သော်​လည်း ထားသွားခဲ့တဲ့အချစ်
ရေဒီယို​လေးနှင့်​အတူ ရင်​ကိုဖွင့်​နားကိုစွင့်​ရင်း
မင်းကိုတမ်းတ​နေမိတယ်

#ကြိုး

02/03/2022

အ​မှောင်​ကို လက်​ကိုင်​ထားတဲ့သူကငါ
အလင်းကို​ပေးကမ်းမဲ့ လက်​​လေးပိုင်​ရှင်​ကမင်း
အမှားကိုမှ အမှန်​ထင်​တတ်​တဲ့ငါ
အမှန်​ကိုသိပြီး အ​ကောင်းကိုပြနိုင်​တဲ့မင်း
ဘာလို့လဲ ဘာ​ကြောင့်​လဲ ငါ့ကိုနားလည်​လွန်းတဲ့မင်းကထားရစ်​ခဲ့တာ

#ကြိုး

23/02/2022

"ဒီလိုအတွဲမျိုးကို သူငယ်​ချင်း​တော်​ထားရရင်​ မင်းဟာအ​ကောင်​ပဲ"

နင်​အိပ်​စက်​ချင်​​နေရင်​ ငါ့ကိုဖက်​ထားပြီး အိပ်​လို့ရပါတယ်
ငါ့​ကြောင့်​အ​နှောက်​ယှက်​ဖြစ်​​နေတယ်​ဆို ငါ့နှလုံးခုန်​သံကိုရပ်​ထား​ပေးပါ့မယ်​။
:-)ဗြန်း
#ကြိုး

23/02/2022

-အသက်​ရှူတဲ့​နေရာမှာ ကိစ္စမရှိ​ပေမယ့်
အာရုံစိုက်​လို့မရဘူးဖြစ်​​နေတယ်
-သူတ​ယောက်​ထဲ ဝင်​​ရောက်​လာတယ်​ ရန်​ပွဲမရှိဘူး
မငြင်းရဘူး မပြိုင်​ရဘူး
-ဘာလက်​နက်​မှပါမလာ​တော့လဲ ​ပြောရခက်သား
သူပြန်​ထွက်​သွားတဲ့အချိန်​ကျ​မှ ငါ့နှလုံးသားကို ငါမပိုင်​ဆိုင်​​တော့ဘူးဆိုတာ သိလိုက်​ရတယ်

#ကြိုး

22/02/2022

``မသိလို့​မေးမယ်​ စိတ်​​တော့မရှိနဲ့
-ဒီတ​ယောက်​ကိုတကယ်​ချစ်​​တော့မှာပါ
-ဒီတ​ယောက်​သာ ​နောက်​ဆုံးတွဲခြင်းပါတဲ့
-ဘယ်​​တော့များမှ $​ပြော​လေး​တွေ​လျော့ပီး $ရှက်​ရှိမှာလဲ

#ကြိုး

16/02/2022

-ဘဝမှာသတိမ​ပေးပဲလာတာဆိုလို့
-Accidentနဲ့အချစ်​ပဲရှိတယ်
-Accidentဖြစ်​ရင်​ ကံ​ကောင်းရင်​အသက်​​ဘေးကလွတ်​မယ်
-အချစ်​နဲ့ထိပ်​တိုက်​​တွေ့ရင်​​တော့ လွတ်​​အောင်​​ပြေးလဲ ​ပြေးလမ်းမမြင်
-လျှပ်​တပြက်​မင်းအ​ပေါ်ဖြစ်​တည်​သွားတဲ့ခံစားချက်​ပဲ
-ဒါ​ပေမယ့်​ ထာဝရခံစားသွားချင်​တာ

#ကြိုး

25/01/2022

-အရှင်းကြီးပိုင်​ဆိုင်​​နေတာ​တောင်​မှ
-​ချစ်လွန်းလို့ေ​​နရာတကာ သဝန်​တိုတတ်​တဲ့ ငါပါ

#ကြိုး

21/01/2022

-သိပ်​ကိုလည်​လှပါတယ်​ဆိုတဲ့ အ​ပေါင်းသင်း​တွေနဲ့​​တောင်​ ငါဟာ လှ​တောသားရှုံး​အောင်​​ပြောနိုင်​တယ်
-တ​ယောက်​​သောသူ​ရှေ့​ရောက်​ရင်​​တော့ ငါဟာ ​​တေမိပဲ

#ကြိုး

15/01/2022

^^မင်းတို့​ငါတို့​တွေ လူပီသ​နေပြီလား^^

^^အ​မေဆိုတာ ငါတို့ကမ္ဘာကြီးရဲ့ အသက်​​သွေး​ကြော​လေးဆိုတာ​ပြောခဲ့မိရင်​ ငြင်းပယ်​မှာလား

^^၉လလွယ်​၁၀လဖွားတဲ့ တကယ့်​ကိုအခက်​အခဲကာလပဲ စားချင်​တာဆိုလဲ ​အော်​ ငါ့ရင်​​သွေး​လေးနဲ့တည့်​ပါ့မလား ဦးစား​ပေး အမြဲစဉ်းစားခဲ့တယ်

^^​သေမင်းကိုအံတု ရန်​ပြုရဲ​လောက်​တဲ့ထိ သတ္တိ​တွေအပြည့်​ပဲ

^^​ဟောကြည့်​ ငါတို့မင်းတို့​တွေကို အားအင်​​တွေအပြည့်​နဲ့ ​မွေးဖွား​ပေးခဲ့တယ်

^^အ​မေ့​ရဲ့​သွေးကို မ​မောတမ်း​သောက်​တယ်​ တခါခါကျ​တော့လဲ ရန်​ကလဲစ​သေး ကိုက်​​သေးတာ

^^ငယ်​​သေးရင်​လဲတမျိုး နည်းနည်းကြီးလာ​တော့လဲတမျိုး ​​အရွယ်​​ရောက်​လာ​တော့လဲတမျိုး သူတို့(အ​မေ)အတွက်​ စိတ်​နည်းနည်း​လေးမျှမပူခဲ့

^^ငါ့သားသမီး​လေး ​ဒီ​နေ့ထမင်းစားနည်းတယ်​ ​နေများမ​ကောင်းလို့လား ဘာဖြစ်​တာလဲမသိပါဘူး သိပ်​စိတ်​ပူရှာတာ

^^အိမ်​မှာဆန်​မရှိဘူးလား ဆီမရှိဘူးလား အ​မေ့မှာအခက်​အခဲအပူအပင်​​တွေ ရှိရဲ့လားလို့ တခါ​လောက်​​လေးဖြစ်​ဖြစ်​​မေး​ဖော်​ရှိရဲ့လား

^^အ​မေ့ကျန်​မာ​ရေး​ကောင်းရဲ့လား သားဘာလုပ်​​ပေးရမလဲ သမီးဘာလုပ်​​ပေးရမလဲ ​မေးကြည့်​ရုံ​လေး​တောင်​ လုပ်​ဖူးပြီလား

^^​မင်းတို့ငါတို့​တွေ ​ဈေးဝယ်​သွားတဲ့အခါ အိမ်​အတွက်​အ​မေ့တွက်​ပါဖူးပြီးလား အ​မေ​ဈေးတခါဝယ်​တိုင်း သားအတွက်​ သမီးအတွက်​တခုခု​တော့ပါတာပဲ သူတို့(အ​မေ)တတ်​နိုင်​တာ​လောက်​​ပေါ့

^^မိန်းမသားပဲ အမျိုးသမီးအဝတ်​စား​ဈေးကြီး​တွေ ဝယ်​ဝတ်​ချင်​တာ​ပေါ့ ဒါမဲ့လဲ သားသမီးကဦး​ပေးပဲ​လေ ဒါ​လေးသာ ငါ့သမီး​လေးဝတ်​ရင်​ သိပ်​လှမှာပဲ ငါ့သား​လေးသာဝတ်​ရင်​ အရမ်းမိုက်​မှာပဲ ဆို​တာ​ပေါ့

^^မင်းတို့ငါတို့​တွေများ တခါ​လောက်​​လေးဆူကြည့်​လိုက်​ဟာအ​မေရာ ဘာမှနားလည်​တာလဲ မဟုတ်​ဘူး၊ တအားနားငြီးတာပဲ အ​မေ့အပူပါလို့လား အ​မေ့ပါသာ အ​မေ​နေစမ်းပါ ကို့အလုပ်​ကိုသိတယ်​ အစသဖြင့်​​ပေါ့

^^ပိုက်​ဆံ​လေး​တောင်းရင်​​ပေးတဲ့အချိန်​တိုင်း​အေး​ဆေးပဲ တခါ​လေးမ​ပေးကြည့်​ မိုးမွှန်​​အောင်​​ပြော​တော့တာပဲ

^^ကို့အဝတ်​စား ကိုယ်​​လျှော်​ပီလား ​လျှော်​ရင်​ကော အ​မေ့အဝတ်​စားပါ​လျှော်​​ပေးဖူးရဲ့လား ထမင်းစားပန်းကန်​​ကော ​ဆေးဖူးရဲ့လား အိမ်​သန့်​ရှင်း​ရေ​ကော လုပ်​​ပေးဘူးရဲ့လား

^^​မင်းတို့ငါတို့​တွေ လူပီသ​နေပြီလား ​ဖြေး​ဖြေး​တွေးကြည့်​ပါ ​အေး​ဆေး​တွေ့ကြည့်​ပါ အ​မေ့အ​ပေါ် ငါဘယ်​​လောက်​ရက်​စက်​ခဲ့ပီလဲလို့ ငါဘယ်​​လောက်​​ကောင်းခဲ့ပီလဲလို့ ငါ့​ကြောင့်​ဘယ်​​လောက်​ မျက်​နှာငယ်​ရပီလို့ ငါဘာ​တွေပြင်​သင့်​ပီလဲလို့။

#ကြိုး

14/01/2022

ရောင်းရန်​ရှိသည်
နှိုက်​မမြည်း​ရ အပြီးပိုင်​ဝယ်​ပါ
ရေရှည်​အာမခံချက်​အပြည့်​ တာရှည်​စွာသုံးနိုင်​ပါသည်​။
Me:😋😈

#ကြိုး

11/01/2022

^^ဒီ​နေရာ​လေးက မင်းကိုကြိုဆိုလိမ့်​မယ်​^^

^^ငါဆိုတာ​လေ ​လေညှင်း​လေးတိုးဝှဲ့ရင်​​တောင်​ အထိတ်​တလန့်​ဖြစ်​​နေခဲ့တာပါ

^^မင်းမရှိေ​တာ့တဲ့ အချိန်​ရာသီတိုင်းက ဘယ်​​လောက်​ထိ အထီးကျန်​ဆန်​လိုက်​မလဲ သိရဲ့လား

^^ငါတို့၂​ယောက်​ရဲ့ အနာဂတ်​ဗဟို ဘုံဌာနီ​လေးက ခု​တော့ဖြင့်​ ​ကြွေရွက်​​ဝေ​လေးပမာ ဖြစ်​ခဲ့ပါ​ရောလား

^^ရှာ​ဖွေခဲ့တယ်​ စိတ်​နယ်​အလွန်​ ထွက်​​ပေါက်​ငယ်​​လေးတခုဖြစ်​ဖြစ်​ ငါ့အတွက်​ ထားရှိခဲ့မှာလားလို့

^^အပြစ်​နာဆာဆိုတဲ့ ​အ​ဖြေရှာဖွယ်​ မရှိရက်​​လောက်​​အောင်​ ကင်း​နေပါလျှက်​နဲ့ ဘာ့အတွက်​​ကြောင့်​ မင်းငါ့ကို​ကျောခိုင်းခဲ့တာလဲ

^^အချစ်​ရဲ့အနှစ်​သာရ​တွေကို ထိရှစွာ ခံစားနိုင်​မိတဲ့တ​နေ့ မင်းထားခဲ့တဲ့ ဒီ​နေရာ​လေးက မင်းကိုကြိုဆိုလိမ့်​မယ်​။

#ကြိုး

09/01/2022

-မင်းကို ​မော်​ဒယ်​​လေးလို့ထင်​ထားခဲ့တာ
-လက်​စသတ်​​တော့ မယ်​​တော်​ကြီးပဲ

#ကြိုး

08/01/2022

-နှစ်​သာကူး​ပြောင်းသွား​သော်​လဲ
-ဘယ်​​သောအခါမှ မစွံနိုင်​​သော
-ဂြိုလ်​သူ ဂြိုလ်​သားများသာရှဲရန်

#ကြိုး

02/01/2022

သိပ်​ကို​မွှေးလှပါတယ်​ဆိုတဲ့ ခ​ရေ​ပန်းေ​စ့​လေးတ​စေ့ဟာငါပါ မင်းက​​တော့ ​ကောင်းကင်​ကြီး​ပေါ့

"အပင်​​လေးထွက်​လို့​အိပ်​မက်​​တွေတပြုံးကြီးနဲ့ ​မြေကြီးမှာ ငါခရခဲ့တယ်

" ရှင်​သန်​လာပြန်​​တော့လဲ သိပ်​​ပျော်​​နေရှာတာ
တစတစနဲ့ ကြီးထွားလာလိုက်​လာလိုက်​တာ ခုဆို ခ​ရေပွင့်​​လေးများစွာနဲ့ ငါဟာ သိပ်​ကိုတင့်​တယ်​​မွှေးကြိုင်​​နေ​ရော

"ငါမက်​​မောခဲ့တဲ့အိပ်​မက်​ကိုမင်းသိလား
တချိန်​ကျ ​ကောင်းကင်​ကြီးဆီ ငါ​ရောက်​နိုင်​မှာပဲလို့

"​တောက်​ပခဲ့တယ်​ လှပခဲ့တယ်​ သင်းပျံ့ခဲ့တယ်​ ငါ​မြေကြီးကိုလဲ အံတုနိုင်​ခဲ့တယ်
အချိန်​တန်​​တော့လဲ ငါ​ကြွေကျခဲ့ပီ​လေ ငါ​ပေါက်​ဖွားလာတဲ့ ​​မြေကြီး​ပေါ်သို့။

#ကြိုး

31/12/2021

မလိုအပ်​တာကို အမှိုက်​လို့​ပြောလို့ရရင်

"လူ့စိတ်​ဆိုတာ တကယ့်ကိုမှန်းရခက်​တယ်​ဆိုတာမိတ်​​ဆွေနားလည်​သင့်​ပြီ

"အပြစ်​နာဆာဆိုတာ လူတိုင်းမှာရှိခဲ့ဖူးတာပဲ ​ဆက်​လက်​၍လဲ ရှိ​နေဦးမှာ

"ထိခိုက်​ဒဏ်​ရာ အနာဆိုတာ အချိန်​မ​ရွေးဘူး​နေရာမ​ရွေးဘူး

"ကံဆိုတာ မ​ရေရာ ​​ခေတ်​ကာလ ပြရုပ်​ဆို​ပေမယ့်​ ​သေချာ​အောင်​​တော့ လုပ်​လို့ရတယ်

"ဘဝအ​မော​တွေ ရယ်​​မောစရာ​တွေ နာကျင်​မှု​တွေ ​ပေးဆပ်​မှု​တွေ မပြည့်​ဝ​သေးတဲ့ဆန္ဒ​တွေတပြုံကြီးနဲ့
ခုဆို ​နေ့သစ်​ရဲ့ နှစ်​သစ်​အစကို​တောင်​ နမ်းရှိုက်​မိ​တော့မယ်

"​နောင်​လာမဲ့ အပြစ်​ကင်း​တဲ့ ​နေ့သစ်​​တွေကို အ​ရောင်​မဆိုးဖြစ်​​ပဲ လူပီသ​အောင်​​နေပြီး ​နှစ်​အသစ်​ကို လက်​ကမ်း ကြိုဆိုလိုက်​ရ​အောင်​လားဗျာ။

#ကြိုး

26/12/2021

နွေရယ်​ ခဏ​လောက်​​လေးဖြစ်​ဖြစ်​ ထပ်​​စောင့်​​နေ​ပေးပါ
တုန်​​နေ​အောင်​ ချမ်း​နေရသူဖို့ မင်းကိုပဲ တမ်းတ​နေမိတာ တကယ်​အမှန်​ပါ
လွမ်းရက်​​တွေသာ ​ရှည်​​လျှားခဲ့​ပေမယ့်​ တရက်​မှ​မေ့မရခဲ့ပါဘူး ​နွေ။

#ကြိုး

22/12/2021

သုညဘဝဆိုတာ တချိန်​ကျ ​ပြောင်းလဲမယ်​ဆိုပီး ရူးမှန်းမသိ ငါ​မျှော်​​နေခဲ့မိတယ်
တကယ့်​လက်​​တွေ့ကျ​တော့ မင်းဘဝထဲမှာငါဆိုတာက အဖုံး​တောင်​မပါတဲ့ ဗလာစာရွက်​ အပဲ့​လေးသာသာပါ။

#ကြိုး

Website