Ko Ye Buddhist Dhamma Sharing

Ko Ye Buddhist Dhamma Sharing

Sharing mindfulness Buddhist Dhamma with those seeking enlightenment, wisdom and Nirvana.

10/10/2023

10.10.2023...ည..(၇)နာရီ...Online အထူးဓမ္မသဘင်

10/10/2023
02/10/2023

2.10.2023...ည..(၇)နာရီ...Online အထူးဓမ္မသဘင်

01/09/2023

1.9.2023...ည..(၇)နာရီ...Online အထူးဓမ္မသဘင်

28/07/2023
28/07/2023

၁။ ဘာဝနာငါးမျိုး
၂။ အလုပ်ပေးတရား
၃။ အာဒိတ္တသုတ္တန်
၄။ အရေးအကြီးဆုံးအလုပ်
၅။ အပ်ပမာဒတရား
၆။ မေဃိယသုတ္တန်
၇။ ဒါနနှင့် သတိပဌာန်
၈။ ပျက်စီးချိန်မှာ မငိုရလေအောင်
၉။ အကာနဲ့ အနှစ်
၁၀။ ဝမ္မိကသုတ္တန်
၁၁။ ဒေဝဒဟသုတ္တန်
၁၂။ ဒါရုက္ခန္ဓောပမသုတ္တန်
၁၃။ လာစာနတ်သမီးနှင့် ပညောင်ပင်
၁၄။ ဆင်လိမ္မာနှင့် လူလိမ္မာ
၁၅။ ရွှေအိုးမြှုပ်ခြင်း
၁၆။ ခေမာနှင့် ဂေါတမီ
၁၇။ နူတ်ဆက်တရား

ဤ Linkကို နှိပ်၍ မိမိ ကြိုက်နှစ်သက်သော
တရားတော်ကို နာယူနိုင်ပါသည်

⬇️

https://www.mediafire.com/folder/kdctd8h730kz2/Thitsar+Shwesi+Sayataw

Photos from မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ's post 28/07/2023
28/07/2023

ထပ်ဆင့်မျှဝေ.

28/07/2023

လူတွေမှာ သောကဖြစ်စရာတွေ ကြုံရမယ်။

ဒေါသ ဖြစ်စရာတွေ ကြုံရမယ်။

အမျိုးမျိုးကြောင့် စိတ်တွေမတည်ငြိမ် တဲ့အခါမှာ

ဘုရားဂုဏ်တော်တွေကိုအာရုံပြုပြီး နေလိုက်မယ်ဆိုရင်

စိတ်ကလေး တည်ငြိမ်ငြိမ်းအေး
လာလိမ့်မယ်။

ဒီနည်းကို မသိတဲ့ သူတွေကျတော့ တခြားနည်းတွေနဲ့ စိတ်ကိုတည်ငြိမ်လာအောင် လုပ်ကြတယ်။

အိပ်ဆေးတွေသောက်တယ်၊ မူးယစ်ဆေးတွေ သုံးကြတယ်။

နောက်ဆက်တွဲ မကောင်းတဲ့ အကျိုးဆက်တွေ အများကြီးခံကြရတော့တာပါပဲ။

တရားဓမ္မမှာ side effect ဘေးထွက်ဆိုးကျိုးဆိုတာ မရှိ ဘူး။

တခြား စိတ်ငြိမ်ဆေးတွေကတော့ ဘေးထွက်ဆိုးကျိုးတွေ အများကြီးလာမယ်။

အဲဒီနည်းနဲ့ စိတ်တည်ငြိမ်အောင် ကြိုးစား မယ်ဆိုရင်တော့ ဒုက္ခရောက်မယ်။

တရားဓမ္မနည်းနဲ့ စိတ်တည်ငြိမ် အောင် ကြိုးစားရင်တော့ အဲဒီ ဘေးထွက်
ဆိုးကျိုးတွေမရှိဘဲ ထာဝရငြိမ်းချမ်းတဲ့ ငြိမ်းအေးမှုမျိုးရနိုင်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

27/07/2023
Photos from ပါမောက္ခချုပ်ဆရာတော်ဓမ္မသဘင် LIVE's post 26/07/2023
09/07/2023
30/06/2023

ကိစ္စမများ စကားနည်းစေ၊

အိပ်နေမှုနည်း ကိုယ်တည်းပျော်လေ။

ရောနှောမပြု ချဲ့မှု့ရှောင်သွေ၊

အသေကောင်းဖို့ အကြောင်းဂုဏ်ခြောက်ထွေ။

ကိစ္စမများ စကားနည်းစေ၊

အိပ်နေမှုနည်း ကိုယ်တည်းပျော်လေ။

ဆုံးမလွယ်ကြောင်း မိတ်ကောင်းရှိစေ၊

မဆုတ်ရေး အားပေးဂုဏ်ခြောက်ထွေ။

- မဟာစည်ဆရာတော် ဦးသောဘန

18/06/2023

အနောက်ဂန့်ဂေါ မုံလယ်ဆရာတော် ဘဒ္ဒန္တ သံဝရ

မယ်ပဋာအကြောင်းဥပမာပြ ခန္ဓာဉာဏ်ရောက် ဒိဌိပြုတ်တရားတော်

09/06/2023

မဟာစည်ဆရာတော်ဘုရားကြီး ဦးသောဘန မဟာသာရ
ဝိပဿနာ အလုပ်ပေးတရားတော် ( ၁ နာရီ )

http://dhammadownload.com/MP3Library/MahasiSayadawUSobhanaMahathera/DVD-01/004-MahasiSayadawGyi-Vipassana-AhloatpayTayar.mp3

05/06/2023

5.6.2023...ည..(၇)နာရီ...Online အထူးဓမ္မသဘင်

01/06/2023

၂၃-၃-၁၉၆၀ ပြုံးသေနှင့်မဲ့သေ

http://dhammadownload.com/MP3Library/Mogok-Mp3-Ver2/Disc-25/09-MoGokSayaDaw-D25-23-3-1960.mp3

26/02/2023

အသိလိုက်ရန်တရားတော် - မိုးကုတ်ဆရာတော်ဦးဝိမလ

22/02/2023

22.2.2023...ည..(၇)နာရီ...Online အထူးဓမၼသဘင္

17/02/2023

လူမိုက်နှင့်လူလိမ္မာခွဲခြားပုံတရားတော်-(၂၈-၁၂-၁၉၅၉)-မိုးကုတ်ဆရာတော်-ဘဒ္ဒန္တဝိမလ

ဘဝနှင့်စိတ်ပိုင်းဆိုင်ရာ အတွေးအမြင်များ 17/02/2023

မုဒိတာရှိတဲ့ပုဂ္ဂိုလ်
လူတိုင်းလူတိုင်းကို
မုဒိတာမျက်စိနဲ့
ကြည့်နိုင်တဲ့ပုဂ္ဂိုလ်ဆိုရင်
ဖေဖော်ဝါရီ (၁၄)ရက်နေ့
တင်မကဘူးတဲ့
တစ်နှစ်လုံး ရက်ပေါင်း(၃၆၅)ရက်
ချစ်သူများနေ့ဖြစ်မယ်။

အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ
(၁၄.၂.၂၀၂၀) (ရန်ကုန်)

17/02/2023

လူဆိုတာ အထိန်းအကွပ်လေးနဲ့နေရတယ်။

အတွေးသုံးမျိုးကို မတွေးနဲ့။

မကောင်းတဲ့အတွေးဟာ ဘာလဲဆိုရင်
သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တဲ့အတွေး၊
ဒါကို အဘိဇ္စျာ လို့ခေါ်တယ်။

သူများပစ္စည်းကို ကိုယ်ပိုင်ဆိုင်ချင်တဲ့အတွေးဟာ ဘာကို ဖြစ်စေတတ်တဲ့အတွေးလဲ။

သူခိုး ဓားပြ ဖြစ်စေတဲ့အတွေး မဖြစ်ဘူးလား။

အဲဒီအတွေးဟာ အန္တရာယ်ရှိတဲ့အတွေး၊အကုသိုလ်အတွေး၊ မနောဒုစရိုက်လို့ ခေါ်တယ်။

နောက်....ဗျာပါဒ ဘာလဲဆိုရင်

ကိုယ်နဲ့မတည့်တဲ့ လူတစ်ယောက် စိတ်ထဲပေါ်လာရင်"ဟာ ....ဒီကောင်သေသွားရင် ကောင်းမှာပဲ၊ဒီကောင်စီးပွားတွေ ပျက်သွားရင် ကောင်းမှာပဲ၊ဒီကောင် ဒုက္ခရောက် ထောင်ကျသွားရင်
ကောင်းမှာပဲ "ဆိုတဲ့ အတွေး၊
အဲဒီအတွေးကို ဗျာပါဒအတွေးလို့ ခေါ်တယ်။

နောက်တစ်ခုက မိစ္ဆာဒိဌိ။

မိစ္ဆာဒိဌိဆိုတာ ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင်တယ်လို့မတွေးဘူး။

ကောင်းတာလုပ်လည်း ကောင်းတာ မဖြစ်ပါဘူး။

မကောင်းတာလုပ်လည်း ကောင်းတာဖြစ်တာပဲ။

မကောင်းတဲ့လူတွေ ကြီးပွားနေတာ ရှိတာပဲ။

ကောင်းတဲ့လူတွေ ဒုက္ခရောက်နေကြတယ်
စသည်ဖြင့် ကံကို မျက်စိလည်နေကြတယ် ။

တကယ်တော့ မကောင်းတာလုပ်ပြီး
ကြီးပွားနေတာတွေဟာ တစ်ချိန်တုန်းက
ကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကို
ခံစားနေရတယ်လို့ ဒီလို တွက်ရမယ် ။

ကိုယ်က အခုမှ ကောင်းတာတွေ လုပ်တာ။

အကျိုးမပေးသေးဘူး
အခုမှ သရက်ပင်စိုက်တာ
သရက်သီး စားရပါ့မလား မစားရပါဘူး။

ကောင်းတာ အခုမှ လုပ်တာ
မကောင်းတာတွေ ကြုံနေရတယ်။

အတိတ်က မကောင်းတာတွေ
ဘယ်လောက် လုပ်ခဲ့မှန်းမှ မသိတာ ။

အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာ
ကံဆိုတာ ရှိတယ်။

ကံကို ငြင်းပယ်တာ " အကိရိယဒိဌိ " လို့ ခေါ်တယ်။

ကုသိုလ်ဆိုတာ မရှိပါဘူး။

အကုသိုလ်ဆိုတာ မရှိပါဘူး ဆိုတဲ့ငြင်းပယ်တဲ့ ဝါဒကို "အကိရိယဝါဒ " လို့ ခေါ်တယ် ။

အကိရိယဒိဌိဆိုတာ ကံကို လုံးဝ မယုံဘူးလေ။

နောက်"နတ္ထိကဒိဌိ"ဆိုတာ
ကံရဲ့အကျိုးတရားကို လက်မခံဘူး။

မကောင်းတာလုပ်လည်း မကောင်းကျိုး မဖြစ်ဘူး ။

ကောင်းတာလုပ်လည်း ကောင်းကျိုး မဖြစ်ဘူးလို့အကျိုးတရားကို ငြင်းပယ်တဲ့ဝါဒ။

နောက်တစ်ခုက"အဟေတုကဒိဌိ"
အကြောင်းတရားကို ငြင်းပယ်တာ။

ပေါင်းလိုက်လို့ရှိရင် ကံနှင် ကံအကျိုးကို
ငြင်းပယ်တဲ့ပုဂ္ဂိုလ်ဟာမိစ္ဆာဒိဌိ အမြင်ရှိသူသာ ဖြစ်တယ်။

အဲဒီလို မိစ္ဆာဒိဌိအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းရာသုဂတိတောင်
မရောက်နိုင်ဘူးတဲ့။

သူသွားရမယ့်လမ်းကတော့ အပါယ်လေးဘုံပဲ ။

ဘာလို့တုန်းဆိုတော့ ....
သူက ကံကိုငြင်းပယ်ထားတော့
သူလုပ်ချင်ရာ လုပ်တော့မှာလေ ။

လူဆိုတာ အထိန်းအကွပ်ကလေးနဲ့ နေရတယ်။

အထိန်းအကွပ် မရှိဘဲ လုပ်ချင်တာ လုပ်ဆိုရင်
မကောင်းတာပဲ လုပ်ကြတော့မယ်။

ကောင်းတာဆိုတာ ရေဆန် လှော်ခတ်ရတာနဲ့
တူတယ်။

မကောင်းတာလုပ်တယ်ဆိုတာ
ရေစုန်နဲ့တူတယ် လွယ်တယ်၊မျှောချရုံပဲ ။

ဒ့ါကြောင့်မို့ အတွေးနဲ့ ပတ်သက်လာရင်
ခုနပြောတဲ့ အတွေးတွေ မတွေးနဲ့တဲ့...။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

13/02/2023

13.2.2023...ည..(၇)နာရီ...Online အထူးဓမၼသဘင္

Videos (show all)

'မငြိမ်းချမ်းတာ ဘာကြောင့်လဲ'သစ္စာရွှေစည်ဆရာတော်
အမြိုက်ရေစင် တရားတော် - ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
အောက်စ်ဖို့ဒ်ဆရာတော် ဒေါက်တာ အရှင်ဓမ္မဿမိ ပီတိဖြစ်ရာဖြစ်ကြောင်း ဤတရားတွင်နာယူကြပါ
ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် နေရွှေသွေးအောင်တို့၏ ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေ - အပိုင်း 9
ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် နေရွှေသွေးအောင်တို့၏ ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေ - အပိုင်း 7
ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် နေရွှေသွေးအောင်တို့၏ ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေ - အပိုင်း 6
ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် နေရွှေသွေးအောင်တို့၏ ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေ - အပိုင်း 5
ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် နေရွှေသွေးအောင်တို့၏ ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေ - အပိုင်း 4

Website