Nay Pyi Taw PDF-Battalion 901

Nay Pyi Taw PDF-Battalion 901

Nay Pyi Taw PDF

16/08/2024

ပြည်သူ့လွတ်မြောက်ရေးကျောင်းသားအဖွဲ့/ကျောင်းသားတပ်တော်၏ အပတ်စဥ်-၃(က) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ နေပြည်တော်တိုင်းစစ်ဌာနကိုယ်စား နေပြည်တော်PDF တပ်ရင်း(၉၀၁) တပ်ရင်းမှူးမှ သဝဏ်လွှာဖတ်ကြားခဲ့ပါသည်။

တပ်ရင်း(၉၀၁)
နေပြည်တော်တိုင်းစစ်ဌာန
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

10/08/2024

စစ်လည်းတိုက်မယ် လေ့ကျင့်တာလည်းပူးတွဲလုပ်မယ် သန်မာဖို့လည်း ကြိုးပမ်းမယ်

နေပြည်တော်PDF တပ်ရင်း(၉၀၁)ရဲ့ ရော်ဘဲတွေ ရှေ့တန်းမှ နောက်တန်း​ရောက်ရင် သင်တန်းပေးတယ် သင်တန်းနဲ့အတူ ယှဥ်ပြိုင်ထိုးပွဲလေးလည်းပါတယ်

#901
#နေပြည်တော်PDF
#အလယ်ပိုင်းတိုင်း

06/08/2024

ရော်ဘဲများအား တပ်ရင်းက မုန့်ဖိုးပေး​တော့ ပျော်ကြ

မများသောပမာဏဆိုပေမယ့် သူတို့ပျော်ကြသည်ပေါ့😘😘😘

Photos from Nay Pyi Taw PDF-Battalion 901's post 28/07/2024

နေပြည်တော်တိုင်းစစ်ဌာန၏ တပ်ရင်း(၉၀၁)ရဲဘော်များ ပါဝင်တက်ရောက်ခဲ့သည့် နေပြည်တော်တိုင်းစစ်ဌာနသင်တန်းပုံရိပ်

Photos from Nay Pyi Taw PDF-Battalion 901's post 25/07/2024

တပ်ရင်း(901)ကို ဝိုင်းကူကြသော အမျိုးတို့ ကျေးဇူးတင်ပါတယ်ခင်ဗျ

NUG MODရဲ့မှတ်တမ်းလေးပါပေးတာမို့ ယုံကြည်စွာ လာရောက်ဝိုင်းကူပေးလို့ရပါတယ်ခင်ဗျ

Photos from Nay Pyi Taw PDF-Battalion 901's post 24/07/2024

အိမ်ပြန်နိုင်ဖို့ မြေပြန့်ကိုခရီးနှင်ကြ

19/07/2024

၂၀၂၄ခုနှစ်၊ ဇူလိုင်လ( ၁၉ )ရက်

(၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊
နေပြည်တော်တိုင်းစစ်ဌာန(Nay Pyi Taw PDF) တပ်ရင်း(၉၀၁)ရဲ့ စခန်း၌ ပြုလုပ်ခဲ့ပါသည်။

တပ်ရင်း(၉၀၁)
နေပြည်တော်တိုင်းစစ်ဌာန
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
​ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

10/07/2024

ကျနော်တို့နေပြည်တော်PDF‌တပ်ဖွဲ့ဝင်များ
အတွက် စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်
လာနိုင်ရေးအတွက် ကူညီတွဲလက်PDF
အစီအစဉ်တွင် ဝိုင်းဝန်းပါဝင်ထောက်ပံ့
ပေးရန်အတွက် အောက်ပါလင့်များသို့
ဆက်သွယ်လှုဒါန်းနိုင်ပါတယ်ခင်ဗျ။

https://www.facebook.com/nwayoozarmani?mibextid=JRoKGi

https://www.facebook.com/KoPhyoOFP?mibextid=LQQJ4d

05/07/2024

PRFထောက်ပို့တပ်သားအဖြစ်ပါဝင်ပေးကြပါခင်ဗျာ

21/06/2024

နေပြည်တော်တိုင်းစစ်ဌာန(Nay Pyi Taw PDF)တပ်ရင်း(၉၀၁)ထံ " 692SG"၏ ၂၀၂၄ခုနှစ်၊ ဇွန်လ (၂၅)ရက်မှာ ကျရောက်မည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ထောက်ပံ့သည့် ကျပ်ငွေ(၁၀၀၀၀၀ )တိတိ လက်ခံရရှိပါသည်။

တပ်ရင်း(၉၀၁)
နေပြည်တော်တိုင်းစစ်ဌာန
(Nay Pyi Taw PDF)

Photos from Nay Pyi Taw PDF-Battalion 901's post 19/06/2024

နေပြည်တော်တိုင်းစစ်ဌာန(Nay Pyi Taw PDF) တပ်ရင်း(၉၀၁)ရဲ့ (17.4.2024)ရက်နေ့က ကျဆုံးသွားသည့် တပ်ခွဲမှူး ရဲဘော်ဇိုးလေး(ခေါ်)ချစ်ဆန်းမောင်၊ စနိုက်ပါ ရဲဘော်သရဲ(ခေါ်)ဥက္ကာစိုးတို့အတွက် ရည်စူး၍ အနာဂတ်ရဲ့ကြယ်ပွင့်လူငယ်ကျောင်းသားများထံ စာအုပ်၊ ဘော့ပင်၊ ခဲတံ၊ ပဲနို့၊ မုန့် ကျောင်းအထွေထွေသုံးဖို့ ငွေအနည်းငယ် တပ်ရင်း(၉၀၁)ရဲဘော်များက ​ဒီကနေ့ လှူဒါန်းခဲ့ပါသည်။

#တပ်ရင်း(၉၀၁)က ကျန်ရစ်သူရဲဘော်များ

19/06/2024

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနား

04/06/2024

စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)ဟာ နေပြည်တော်မြို့ပြမှာ UG အဖြစ်လှုပ်ရှားရင်း တောတွင်းစုဖွဲ့တိုက်ပွဲဝင်နေခဲ့တာပါခင်ဗျ။

ယခု စစ်တောင်းရဲ့ ရဲဘော်(၃၀) ဦးစာအတွက် ကျပ်သိန်း(၆၀၀)Targetမှာ ၂၉% သာ ရရှိထားတာဖြစ်တဲ့အတွက် ဆက်ဝုန်းကြရစို့ တော်လှန်သောအမျိုးတို့💪💪💪💪💪

အောက်မှာဖော်ပြထားတဲ့ စစ်တောင်းမြို့ပြပြောက် ကျားအဖွဲ့-NPTရဲ့ Page CB မှာ လာရောက်ပြီး ကျည်ကာကမ်ပိန်းမှာပါဝင်လို့ရပါပြီခင်ဗျ

https://www.facebook.com/STUGNPT

NUG Pay, Kpay, Wave Pay, US Zelle, Singapore Paynow, Korea, Thai, Japan နှင့် နိုင်ငံအလိုက်အကောင့်များကနေ ငွေလွှဲပြီး ကမ်ပိန်းလေးမှာ ပါဝင်နိုင်ပါတယ်ခင်ဗျ ...

04/06/2024

နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)ရဲဘော်များ

Photos from Nay Pyi Taw PDF-Battalion 901's post 23/05/2024

၂၀၂၄ခုနှစ်၊ မေလ( ၂၃ )ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)ထံ
ကျပ်(၁၀)သိန်းထောက်ပံ့ပေးပါသော" ပြည်သူ့အားမာန်(PPG)လူမှုကူညီရေးအဖွဲ့အား " တပ်ရင်း(၉၀၁)မှ ကျေးဇူးအထူးတင်ရှိပါသည်။

တပ်ရင်း(၉၀၁)
နေပြည်တော်တိုင်းစစ်ဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

19/05/2024

နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)၏ logoပါခင်ဗျ

14/05/2024

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ စစ်ဦးစီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း ၁၃ မေ ၂၀၂၄ ရက်တွင် ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြေကွဲရပါသည်။

တပ်ရင်း(၉၀၁)
နေပြည်တော်တိုင်းစစ်ဌာန
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Photos from Nay Pyi Taw PDF-Battalion 901's post 05/05/2024

ပြည်သူ့ကာကွယ်ရေးတပ်မတော်တည်ထောင်ခြင်း(၃)နှစ်ပြည့်

Photos from Nay Pyi Taw PDF's post 05/05/2024

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် တည်ထောင်ခြင်း (၃)နှစ်ပြည့်အခါသမယ နှင့်အတူ ကျွန်ုပ်တို့ ​နေပြည်​တော်(PDF)ဖွဲ့စည်းတည်​ထောင်ခြင်း (၃) ပြည့်​မြောက်ခဲ့ပါပြီ
၃နှစ်တာကာလအတွင်း ပြည်သူများ၏အား​ပေး​ထောက်ခံမှုဖြင့်ခရီးနှင်လာခဲ့ခြင်းဖြစ်ပါတယ်။မိဘပြည်သူများလိုလား​တောင်းတ​သေး စစ်အာဏာရှင်စနစ်အမြစ်ပျက်​ရေးနှင့်ဖက်ဒရယ်ဒီမိုက​ရေစီပြည်​ထောင်စုသစ်တည်​ဆောက်​ရေးအထိ ဆက်လက်ကြိုးစား​ဆောင်ရွက်သွားပါမည်လို့ ဂတိသစ္စာပြုပါသည်။

အ​ရေး​တော်ပုံမုတ်ချ​အောင်ရမည်

Photos from Nay Pyi Taw PDF-Battalion 901's post 24/04/2024

ရှမ်းပြည်တောင်ပိုင်း စစ်မြေပြင်တွင် တပ်ရင်း(၈၀၅)မှ ရဲဘော်ကောင်းကင်
(ဒု-ဆေးမှူး) မြင့်မြတ်စွာကျဆုံး
***************************************************
အမှတ်(၈၀၅)နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်ကောင်းကင်သည် ရှမ်းပြည်တောင်ပိုင်း စစ်ဆင်ရေးတစ်ခုတွင် အကြမ်းဖက်စစ်တပ်အား တိုက်ပွဲဝင်ရင်း ၂၀၂၄ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့တွင် မြင့်မြတ်စွာကျဆုံးသွားခဲ့ပါသည်။
စစ်အာဏာရှင်စနစ်ကျဆုံးရေး တိုက်ပွဲအတွင်း ကျဆုံးသွားသော တပ်ရင်း(၈၀၅)မှ ရဲဘော်ကောင်းကင်အပါအဝင် တော်လှန်ရေးကာလအတွင်း ကျဆုံးသွားခဲ့သော ရဲဘော်များ၏ စွန့်လွှတ်ပေးဆပ်မှုများကိုအောက်မေ့လျက် နေပြည်တော်PDFတပ်ရင်းအမှတ်(၉၀၁)
အနေဖြင့် စစ်အာဏာရှင် စနစ်ကျဆုံးရေး အားသွန်ခွန်စိုက် ပိုမိုကြိုးစား တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပါသည်။

"ရဲဘော်ကောင်းကင် ကောင်းရာသုဂတိ
ရောက်ပါစေ"

တပ်ရင်းအမှတ်(၉၀၁)
နေပြည်တော်တိုင်းစစ်ဌာန
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

21/04/2024

တပ်ရင်းအမှတ်(901)အနေဖြင့် ရန်သူစခ စစ်ကြောင်းကို ခုခံလျက်ရှိပါတယ်ခင်ဗျ

တိုက်ပွဲအတွင်း ရဲဘော်များအတွက် လိုအပ်ချက်များဖြည့်တင်းနိုင်ရေး ပြည်သူများက ထောက်ပံ့ပေးကြပါအုံးခင်ဗျ

တပ်ရင်း(901)
နေပြည်တော်တိုင်းစစ်ဌာန
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ကာကွယ်ရေးဝန်ကြီးဌာ၊ အမျိုးသားညီညွတ်ရေးအစိုးရ

Photos from Nay Pyi Taw PDF-Battalion 901's post 20/04/2024

၂၀.၄.၂၀၂၄
အ​ခြေခံစစ်ပညာသင်တန်း(၁/၂၀၂၄)သင်တန်းဆင်းလက်မှတ်​ပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့ခြင်းအား မိဘပြည်သူများသို့ပုံရိပ်အချို့အားတင်ပြအပ်ပါသည်။

#သင်တန်းဆင်း
-PDF

19/04/2024

" ခွင့်လွှတ်ပါ အမေ "

" နေညိုချိန် သပြေညိုနဲ့

အမေအိုစောင့်နေပေမယ့်

အမေ့သားငယ် ပြန်မလာနိုင်တော့တာ

ခွင့်လွှတ်ပါ အမေ "

18/04/2024
Photos from Nay Pyi Taw PDF-Battalion 901's post 18/04/2024
Photos from Nay Pyi Taw PDF-Battalion 901's post 18/04/2024

သတင်းထုတ်ပြန်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ်( ၉၀၁)
ကိုယ်ပိုင်အမှတ်P30901010 တပ်ခွဲ(၃) ခွဲမှူး ရဲဘော်ဇိုးလေး(ခ)ချစ်ဆန်းမောင်၊ P30901004 စနိုက်ပါရဲဘော်သရဲ(ခ)ဥက္ကာစိုးတို့သည် 17/4/2024ရက်နေ့ နေ့လည်(12:30)နာရီခန့်က ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာအနီးတိုက်ပွဲ၌ ရန်သူနှင့်တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့ပါသည်။ ၎င်းတိုက်ပွဲ၌ရန်သူ(20)ခန့်ထိခိုက်ကျဆုံးခဲ့ပြီး လက်နက်အချို့သိမ်းဆည်းရရှိခဲ့သော်လည်း ကျွနိုပ်တို့တပ်ရင်း၏ ရဲဘော်(၂)ဦး မြင့်မြတ်စွာကျဆုံးခဲ့သည့်အတွက် ကျန်ရှိသည့်ရဲဘော်များက များစွာစိတ်မကောင်းဖြစ်ရပြီး ဦးညွတ်အလေးပြုကြောင်း ထုတ်ပြန်အပ်ပါသည်။

တပ်ရင်း(၉၀၁)
နေပြည်တော်တိုင်းစစ်ဌာန
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

17/04/2024

ညီအစ်ကိုတို့တာဝန်ကျေပါတယ်ကွာ

13/04/2024

တော်လှန်သင်္ကြန်/ ရေမစို သင်္ကြန်မှာ တော်လှန်ပြည်သူများအားလုံး စိတ်၏ချမ်းသားခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံ​ကြပါစေလို့ ကျွန်တော်တို့ ၉၀၁တပ်ရင်းမှ ရဲဘော်များအားလုံးက ဆုတောင်းပေးပါတယ်ခင်ဗျာ

Videos (show all)

ပြည်သူ့လွတ်မြောက်ရေးကျောင်းသားအဖွဲ့/ကျောင်းသားတပ်တော်၏ အပတ်စဥ်-၃(က) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ နေပြည်တော်တိုင...
ပြည်သူ့လွတ်မြောက်ရေးကျောင်းသားအဖွဲ့/ကျောင်းသားတပ်တော်၏ အပတ်စဥ်-၃(က) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ နေပြည်တော်တိုင...
စစ်လည်းတိုက်မယ် လေ့ကျင့်တာလည်းပူးတွဲလုပ်မယ် သန်မာဖို့လည်း ကြိုးပမ်းမယ်နေပြည်တော်PDF တပ်ရင်း(၉၀၁)ရဲ့ ရော်ဘဲတွေ ရှေ့တန်းမှ...
၂၀၂၄ခုနှစ်၊ ဇူလိုင်လ( ၁၉ )ရက်(၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိ...
PRFထောက်ပို့တပ်သားအဖြစ်ပါဝင်ပေးကြပါခင်ဗျာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉) နှစ်မြောက်မွေးနေ့
ညီညာစွာနဲ့ ကျည်ကာတွေပေးကြမယ် " မြို့ပြဆီသို့ " အရောက်သွားကြစို့
နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)ရဲဘော်များ
တပ်ရင်း901ရဲ့ ရဲဘော်တွေနဲ့မဟာမိတ်များ အခက်အခဲများကြားက စစ်ကြောင်းချီသည့် မှတ်တမ်း
နယ်မြေရှင်းလင်းရေးလှုပ်ရှားမှု

Website