Yaw Nga
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yaw Nga, Musician/Band, .
❝ မဖိနှိမ့်ပါနဲ့ ❞
--------------------
ခွေးကိုက်မှာစိုးလို့ လမ်းဖယ်ပေးတာကို
ခွေးကြောက်တယ်ထင်ပြီး
ရှူးတိုက်ချင်သေးတယ်။
လည်းမျိုတက်နင်းလို့ လျှာထွက်နေတာကို
မျက်နှာပြောင်တယ်ထင်ပြီး
ပါးရိုက်ချင်သေးတယ်။
ကြိုးစားနေချိန်မို့ သည်းခံနေတာကို
ကြောက်တတ်တယ်ထင်ပြီး
ဗိုလ်ကျချင်သေးတယ်။
အားနာလို့ လိုက်လျောတာကို
အ,တယ်ထင်ပြီး
အနိုင်ကျင့်ချင်သေးတယ်။
ရန်ကင်းချင်လို့ ခေါင်းငုံ့နေတာကို
သတ္တိမရှိဘူးထင်ပြီး
မိုက်ကြေးခွဲချင်သေးတယ်။
နိမ့်ကျသူမို့ နှိမ့်ချပြီးနေတာကို
အဆင့်မရှိဘူး ထင်ပြီး
မောက်မာချင်သေးတယ်။
လူတစ်ချို့က
ငါ သူ့ကိုလုပ်ချင်တိုင်း လုပ်လို့ရတယ်၊
ငါ သူ့ကိုပိုင်တယ်၊
ငါ လုပ်သမျှ ငြိမ်ခံနေတာပဲ၊ ခေါင်းငုံ့နေတာပဲ၊
ငါ့ကိုသူ မတော်လှန်ရဲဘူးဆိုပြီး
အပေါ်စီးက အမြဲနေချင်ကြတယ်။
တစ်နေ့တစ်ချိန်မှာ နာကျင်မှုတွေ
ပြင်းထန်ပြီး သည်းခံမှု ကုန်ဆုံးလာရင်
ပေါက်ကွဲထွက်လာမယ့် ဒဏ်ရာတွေက
အင်မတန် ပြင်းထန်လာလိမ့်မယ်။
အဲ့အချိန်ကျရင် သတိထားပေတော့
တန်ပြန်သက်ရောက်မှုက နှစ်ဆကြီးမားမှာမို့
သူတစ်ပါးကို ဘယ်တော့မှ မဖိနှိမ့်ပါနဲ့.......။♥
ခရစ်ဒစ်-မူရင်းရေးသားသူ
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ
👇✔︎👇✔︎👇✔︎🅿🅰🅶🅴
https://www.facebook.com/ငါဘဝ-အတွက်-ငါရှိတယ်-103517665457202/
👇🏻✔👇🏻✔👇🏻✔🅰🅲🅲
https://www.facebook.com/profile.php?id=100057121953908
👇🏻✔👇🏻✔👇🏻✔🅿🅰GE
https://www.facebook.com/ဘဝအောင်မြင်ရေးစာပေ-103465915781962/
ငါဘဝ အတွက် ငါရှိတယ်
လူငယ်များအတွက်
သုတ ရသ စာပေများကို
မေတ္တာဖြင့် တင်ပေးပါသည်
နောက်နောင်
မငိုစေတဲ့ဖူးစာကိုရှာပါ။
အဆုံးရှုံးခံနိုင်တဲ့ အရာကိုသာ
ချေးဌားပါ။
မနက်မိုးလင်းရင် ပျော်စေတယ်ဆိုတဲ့
အလုပ်မျိုးကိုပဲ လုပ်ပါ။
ခြယ်သစရာမလိုတဲ့ တစ်ကယ့်အလှမျိုးကိုနှစ်သက်ပါ။
မနက်ဖြန်သေမယ်သဘောထားပြီး ဒီနေ့မှာ အပျော်ရွှင်ဆုံးရှင်သန်ပါ။
နှစ်သက်တာကိုမရခဲ့ရင် ရတာနဲ့ပဲ
နှစ်သက်တတ်အောင်နေပါ။
အခြေအနေမကြည့်တဲ့ ခင်မင်မှုမျိုးနဲ့ပဲ
မိတ်ဆွေဖွဲ့ပါ။
အပြုံးနှင့် စကားကောင်းမျိုးကိုပဲ အာဂုံ
ဆောင်ပါ။
ဦးချေ(15.8.22)
ယောမြို့မှာ စစ်သားအများစုရောက်နေပါတယ်
မြောက်ဘက်ချောက်ကူးအထွက်လမ်းက အိမ်တွေမှာ ဝင်ပီးနားနေတယ်လို့သိရပါတယ်
၄အိမ် ၅အိမ်လောက်ရှိပါတယ် ထမင်းပါကြွေးခိုင်းနေတယ်လို့သိရပါတယ်
ယောမြို့ ချောင်းကူး အသွားအလာတွေဂရုစိုက်ပီးသွားကြပါနော်
ညပါအိပ်မယ်လို့ သိရပါတယ်
🌿သည်းခံတယ်ဆိုတာ🌿
~~~~~~~~~~~~~~~~~
🥀အတိုင်းအတာ တစ်ခုအထိပဲသည်းခံဆိုတာ
🥀အတိုင်းအတာထက်လွန်ကဲလာရင်
🥀ဒေါသထွက်ပြီး မခံနိုင်တဲ့စိတ်တွေနဲ့
🥀ပေါက်ကွဲပစ်လိုက်ဖို့ ပြောတာမဟုတ်ဘူး
🥀ဥပေက္ခာပြုလိုက်ဖို့ကိုပြောတာ။
🥀သူများနဲ့ ရန်ပြန်ခံဖြစ်တယ်ဆိုတာ
🥀ကိုယ့်ရဲ့စိတ်ကို သူနဲ့တန်းတူအောင်
🥀အောက်ချလိုက်ချင်းပဲဖြစ်တယ်။
🥀ကိုယ်ရဲ့ စိတ်ကို တစ်စုံတစ်ယောက်က
🥀ဝမ်းနည်းအောင်လည်း လုပ်လို့ရတယ်
🥀ဝမ်းသာအောင်လည်းလုပ်လို့ရတယ်
🥀စိတ်ဒုက္ခရောက်အောင်လည်း
🥀လုပ်လို့ရတယ်ဆိုရင်
🥀ကိုယ်ကသူများစိတ်နဲ့
🥀အသက်ရှင်နေတာဖြစ်သွားပြီ။
🥀ကိုယ့်ကိုတစ်စုံတစ်ယောက်က
🥀လာကဲ့ရဲ့တယ်ဆိုရင်
🥀ကိုယ်က ဘယ်လိုလူမျိုးလည်းဆိုတာ
🥀သူဘယ်လိုထင်ထင်
🥀သူကဘယ်လိုလူမျိုးလည်းဆိုတာက
🥀ပေါ်လွင်နေပြီ။
🥀ကိုယ့်ကို အပြစ်ပြောနေတဲ့သူတွေက
🥀အရမ်းကျေးဇူးတင်ဖို့ကောင်းတယ်
🥀သူတို့ပြောလိုက်မှ ကိုယ်မှားနေတယ်ထင်တဲ့
🥀အရာတွေကို ပြန်ပြီးပြုပြင်လို့ရတာပေါ့။
🥀သူ့ရဲ့အမှားတွေကို အပြစ်မပြောခင်
🥀ကိုယ့်မှာ အဲ့အမှားမျိုးရှိနေမလားဆိုတာ
🥀အရင်ပြန်ပြီး စဉ်းစားပါ
🥀သူများအမှားတွေကို လိုက်ပြီးမပြောခင်
🥀ကိုယ့်မှာ အမှားမရှိအောင် အရင်လုပ်ပါ။
🥀ကိုယ့်ကိုယ်ကိုယ် ယုံကြည့်မှုရှိရှိနဲ့နေတဲ့သူဟာ
🥀ကိုယ့်အလုပ်ကို
🥀အမြဲတမ်းအကောင်းဆုံးဖြစ်အောင်လုပ်တယ်
🥀ကိုယ့်ရဲ့လုပ်ဆောင်ချက်အပေါ်မှာလည်း
🥀အမြဲတမ်းစိတ်ကျေနပ်မှုရှိတယ်။
🥀ကိုယ့်စိတ်ကိုအမြဲတမ်းပျော်အောင်ထားတယ်
🥀စိတ်ကို ရှင်းရှင်းလင်းလင်းပဲထားတယ်
🥀သူတပါး ကဲ့ရဲ့တာတွေ
🥀ချီးမွမ်းတာတွေအပေါ်မှာ
🥀အချိန်ကုန်မနေဘူး။
🥀ခွင့်လွတ်တတ်တဲ့စိတ်ဆိုတာ
🥀လောကမှာ အရဲရင့်ဆုံး သတ္တိအရှိဆုံးပဲ။
🥀သူတပါးကို အနိုင်လိုချင်တဲ့စိတ်ဆိုတာ
🥀ကလေးလေးတစ်ယောက်ရဲ့ စိတ်ပဲ
🥀သူတပါးရဲ့အပြစ်တွေကို ပြောတတ်တဲ့သူဟာ
🥀ရင့်ကျက်မှု မရှိသေးတဲ့သူပဲ။
🥀ကိုယ့်ကို ဘယ်လိုလူစားလည်းလို့
🥀လာပြီးသတ်မှတ်တတ်တဲ့သူတွေဟာ
🥀သူတို့ကိုယ္သဴတို့ အဲ့လိုလူစားဆိုတာကို
🥀ပြောပြလိုက်တာပါပဲ။
🥀ကိုယ့်ကို တိုက်ခိုက်လာတဲ့သူတွေကို
🥀ပြန်ပြီးတော့ မတုန့်ပြန်တာ
🥀ကြောက်တာလည်း မဟုတ်သလို
🥀အရမ်းကြီးရင့်ကျက်သွားတာလည်းမဟုတ်ဘူး
🥀တိတ်ဆိတ်ခြင်းရဲ့ အေးချမ်းမှုကို သိထားလို့။
Credit.....သို့လရိပ်လေး
မေတ္တာဖြင့် မျက်၀န်း ( စကားဝါမြေ )
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ
👇✔︎👇✔︎👇✔︎🅿🅰🅶🅴
https://www.facebook.com/ငါဘဝ-အတွက်-ငါရှိတယ်-103517665457202/
👇🏻✔👇🏻✔👇🏻✔🅰🅲🅲
https://www.facebook.com/profile.php?id=100057121953908
👇🏻✔👇🏻✔👇🏻✔🅿🅰GE
https://www.facebook.com/ဘဝအောင်မြင်ရေးစာပေ-103465915781962/
ငါဘဝ အတွက် ငါရှိတယ်
လူငယ်များအတွက်
သုတ ရသ စာပေများကို
မေတ္တာဖြင့် တင်ပေးပါသည်
🌻အသွားအပြန်ရှိတယ်🌻
ဝဋ်ဆိုတာက
တုန့်ပြန်တဲ့အခါ ပိုပြီးတိကျတယ်
ဝဋ်ဆိုတာက
ဆင်းရဲချမ်းသာ မခွဲခြားတတ်ဘူး
ဝဋ်ဆိုတာက
ဘယ်သူကိုမှ မျက်နှာမလိုက်တတ်ဘူး
ဝဋ်ဆိုတာက
အချိန်ကျလာရင် ရှောင်ပြေးနေလို့မရဘူး
ဝဋ်ဆိုတာ
ကိုယ့်နောက်ကနေ
အရိပ်မပါ အမြဲလိုက်နေတတ်တယ်
ဝဋ်လည်ဖို့အချိန်ကျရင်
ဆေးလည်း မကယ်နိုင်သလို
ယတြာတွေလည်း မကယ်နိုင်ဘူး
ဝဋ်ဆိုတာ
အလျားအနံ မရှိပေမယ့်
အသွားအပြန် ရှိတယ်
ဒါကြောင့်
ကိုယ်ဝဋ်ပြန်လည်မှာ ကြောက်ရင်
သူတစ်ပါးအပေါ် မယုတ်မာနဲ့
သူတစ်ပါးအပေါ် မကောက်ကျစ်ပါနဲ့ ။
အရှင်ဇဝန (ရွှေကုန်းမြေ)
10.08.2022
11:35 am
ကျောက်ထုတပ်ထဲမှ ဒီမနက်အစောပိုင်းမှာ ထွက်ခွာလာတဲ့ စခ (၈၀)ကျော်ခန့်ဟာ ရေရှင်ကျေးရွာ အနောက်မြောက်ဘက်၊ရေရှင်ဇပ်အနောက်ဘက် ထန်းတောမှာ ရွင်ဖျင်တဲထိုးကာ ယာယီစခန်းချနေတယ်လို့ သိရပါတယ်ခင်ဗျာ။
ရေရှင်ကျေးရွာထဲသို့ စခအချိုးလဲ၀င်ရောက်နေတယ်လို့သိရပါတယ်ခင်ဗျာ။
အနောက်ဘက်ကနေ စစ်ရဟတ်ယာဉ်လို့ယူဆရတဲ့ လေယာဉ်တစ်စင်းဟာ ရေရှင်နားတစ်ဝိုက်ဝဲပျံသန်းပြီး ကျောက်ထုဘက်ဖြတ်သွားတယ်လို့သိရပါတယ်။
အနီးအနားကျေးရွာ မိဘပြည်သူများ လုံခြုံရေး၊ဘေးအန္တရာယ်ကင်း ရှင်းတို့ကို အထူးဂရုစိုက်ကြပါခင်ဗျာ။
မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။
------------------- Aung Gyi ---------------------
ယောအလင်းတန်း
ကျောက်ထုတပ်ထဲမှ ထွက်လာတဲ့ စခ (၈၀)ကျော်ခန့်ဟာ အခုဆိုရင် ရင့်ရဲကျေးရွာ ဘုရားကုန်းပေါ်တွေမှာ ရောက်ရှိနေပါတယ်ခင်ဗျာ။
ဘုရားကုန်းပေါ်ကနေ အနောက်ဘက်ကိုဆင်းနေကြတယ်လို့သိရပါတယ်။ ဒီအတိုင်းဘုရားကုန်းပေါ်ကနေဆင်းသွားရင် ရေရှင်၊တောင့်ထက် ကျေးရွာတွေဘက်ရောက်ရှိလာနိုင်သလို၊ သန်းဦးချောက်ဘက်သို့ဆင်းရင် တေး၊စံကျေးရွာဘက်တွေလဲ ရောက်ရှိနိုင်တာမို့ အနီးအနားကျေးရွာ မိဘပြည်သူများ အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။
မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေခင်ဗျာ။
--------------------- Aung Gyi --------------------
ယောအလင်းတန်း
~~တောင်းပန်ပါတယ်တဲ့...
ကိုယ်တိုင် နာကျင်ရတာမှမဟုတ်တာ
လွယ်လွယ်ပြောထွက် ရက်မှာပေါ့။
~~~လောကမှာ လူတစ်ချို့က
ကိုယ့်အတ္တပဲ ကိုယ်ကြည့်ပြီး သူများဘဝတွေကို စာနာပေးဖို့ ဝန်လေးတတ်ကြတယ်။
~~~ကိုယ့်အတ္တ သာကိုယ်ကြည့်ပြီး
သူများခံစားချက်ကို နားလည်ပေးဖို့ တွန့်ဆုတ်နေတတ်ကြတယ်။
~~~တစ်ကယ်တော့ ငါသာဆိုရင်
သူ့နေရာမှာ ဆိုတဲ့
ခံစားချက်လေးနဲ့ မျှမကြည့်ပေးတတ်ကြလို့ပါ ။
~~~သင့်တန်ဖိုးကို မသိတဲ့သူရဲ့ဘေးမှာနေသရွေ့ ဘယ်တော့မှ သင့်တန်ဖိုးဆိုတာရှိလာမှာမဟုတ်ဘူး။
~~~ဒါကြောင့် ကိုယ့်ရဲ့ဘဝမှာ
ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် လူတွေနဲ့ အဝေးဆုံးမှာ နေတတ်ခြင်းက
ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိစေမှာပါ။
လေးစားစွာဖြင့် 🍁🍁🍁
မေဆု(ရာမညမြေ )credit ..
😁 နောက်အိမ်ထောင်မပြုပါဘူး😂
•••••••••••••••••••••••••••••••••••
Husband : : If I die, will you remarry?
ခင်ပွန်း ။ ။ ကိုယ်သေသွားရင်နောက်ထပ်
အိမ်ထောင်ပြုမှာလား...ဟင်။ 😍
Wife: : Of course no, darling,
I will stay with my sister. 🥰
And if I die, will you remarry?
ဇနီး။ ။ဟင့်အင်း မပြုပါဘူး..အစ်ကိုရယ်။ 😍
ညီမလေးနဲ့ပဲ အတူနေမှာပေါ့။ အစ်ကိုရော
ကျွန်မသေရင် နောက်အိမ်ထောင်ပြုမှာလား။
Husband: : No, I will also stay
with your sister. 🥰😂
ခင်ပွန်း။ ။ဟင့်အင်း...မပြုပါဘူး။ ကိုယ်လည်း..
မင်းညီမနဲ့ အတူနေမှာပါကွာ..။ 😂
♻️ 𝗔𝗱𝗺𝗶𝗻𝘀 𝗧𝗲𝗮𝗺 😂
Spero English Language School
အဲ့ဒီကောင်မလေးကလေ ...
သူ့ ဦးနှောက်သေးသေးလေးနဲ့
အနားမှာ ရှိသမျှ လူတိုင်းကို
သိပ်တွေးပူပေးတတ်တာ ...
အဲ့ဒီပုခုံးသေးသေးလေးနဲ့
တာ၀န်ယူမှု တာ၀န်ခံမှုတွေ
အများကြီးကို
ထမ်းပိုးထားချင်ခဲ့တာ ...
သူ့လက်မောင်းသေးသေးလေးနဲ့
လူတိုင်းရဲ့ သောကတွေကို
ဖြေသိမ့်ပေးချင်နေခဲ့တာ ။
သူ့နှလုံးသားလေးကတော့
ပင်ပန်းနေပြီ ထင်ပါတယ်
ပြီးတော့ ...
ပြည့်နှက်နေပြီထင်ပါတယ်။
တစ်ခုခုဖြစ်ရင်
ဘယ်သူများရှိမလဲ လှည့်ကြည့်ရင်
သူ့အတွက် သူပဲ ရှိတာကလွဲရင်
အဆင်ပြေပါတယ်လို့
ညာနေတုန်းပဲ ...
အ လို့ ခံနေတာမဟုတ်ပဲ
တစ်ခါတစ်လေကျ
လိမ်နေမှန်းသိသိနဲ့
ပြုံးပြီး သည်းခံနေတတ်တဲ့
အဲ့ဒီကောင်မလေးပေါ့
ဘယ်လို ခန္ဒီပါရမီမျိုးလဲလို့မေးရင်
မအူမလည်လေးနဲ့
နာတော့ နာကျင်ရတာပေါ့လို့ပဲ
ဖြေရှာတယ် ။
ဘယ်သူမှ သိမနေတဲ့အရပ်မှာ
တိတ်တိတ်လေး
ငိုတတ်တာကလွဲရင်
ဘယ်သူမှရှိမနေတဲ့အရပ်မှာ
ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေနဲ့
ပြိုလဲတတ်တာကလွဲရင်
သူက သိပ်သန်မာတယ် ။
ဘယ်သူ့အကြောင်းမှ
ခေါင်းထည့်မထည့်တော့ဘူးလို့
ခဏခဏပြောပြီး
ဘယ်သူ့အကြောင်းမဆို
ခေါင်းထဲ ရှိနေတဲ့
အဲ့ဒီကောင်မလေးကလေ ...
တစ်ခါတစ်လေကျတော့လဲ
သူ့ကို ဂရုတစိုက်ရှိပေးမယ့်
လူတစ်ယောက်ကို
လိုပါတယ် ။
#ကျေးကို crd
တစ်ဖက်က
လိုလိုလားလားမရှိတော့တဲ့အခါ
ရပ်တန့်ပေးလိုက်ရတဲ့
အလိုက်သိမှုတွေကလည်း
ချစ်ခြင်းမေတ္တာပါပဲ ။
🌻🤍
#ကိုးလ် crd