Sharing BY Beauty Knowledge

Sharing BY Beauty Knowledge

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sharing BY Beauty Knowledge, Health/Beauty, .

Photos from Sharing BY Beauty Knowledge's post 04/03/2022

ကိုယ့်ကို ဘာ skintype မှန်းမသိဘူးဆိုတဲ့သူတွေအတွက်
ကျမက Skin type လေးတွေအကြောင်းပြောပြပေးမယ်

ပုံမှန်အားဖြင့် Skintypeက (4) မျိုးရှိပါတယ်

1 Normal skin (ပုံမှန်အသားအရေ)
2 Dry skin (ခြောက်သွေ့အသားအရေ)
3 Oily skin (အဆီပြန်အသားအရေ)
4 Combination skin ( ပေါင်းစပ်အသားအရေ) ဆိုပီး
အခြေ ခံ အနေနဲ့ (4) မျိုးရှိကြပါတယ်

အဲ့ဒီနောက် Skin condition ကိုလိုက်ပီး

Sensitive skin
Acne prone skin
ဆိုပီး ထပ်မံခွဲကြတာပါရှင့်

အဲ့လိုအသားအရေတွေထဲမှာမှ ကိုယ်က ဘယ် skintype လဲ
ဘယ်လိုခွဲလို့ရလဲဆိုတာ ပြောပြမယ်နော်

1 ) Normal skin(ပုံမှန်အသားအရေ)

မျက်နှာသစ်ပီး လို့ နာရီဝက် (or) တစ်နာရီလောက်ထိ..
ကိုယ့်ရဲ့ skin က အဆီလည်းမပြန်ဘူး..
အသားတွေလည်း ခြောက်ပီး တင်းတင်းကြီး ဖြစ်မနေဘူး
မျက်နှာ တစ်ပြင်လုံးက..
နေလို့ကောင်းနေမယ် ဆိုရင် တော့..
ပုံမှန်အသားအရေပါ...
အရမ်းကိုကံကောင်းတဲ့အသားအရေပိုင်ရှင်လေးတွေပါပဲ

2 ) Dry skin (ခြောက်သွေ့အသားအရေ)

မျက်နှာသစ်ပီး တဲ့အချိန် 5မိနစ်ဝန်းကျင်အတွင်းမှာ
အသားအေရက..
တင်းပီး ခြောက်ခြောက်ကြီး ကျန်နေမယ်...
အဖတ်ဖတ်တွေ လန်နေမယ် ဆိုရင်
Dry skin ဖြစ်ပါတယ်

အဲ့လို အသားအရေပိုင်ရှင်တွေဟာဆိုရင်
ရေဓာတ်ဖြည့်ပေးတဲ့ Hydrating,Moisturizing
Product မျိုးတွေ အဓိက သုံးပေးရပါမယ်နော်

3 ) Oily skin (အဆီပြန်အသားအရေ)

မနက်အိပ်ရာနိုးရင် မျက်နှာတစ်ပြင်လုံး
အဆီတွေ ထွက်နေမယ်.

မျက်နှာသစ်ပီး နာရီဝက် လောက်အကြာမှာ..
မျက်နှာ တစ်ပြင်လုံး.. ဒါမှမဟုတ် နှာခေါင်း
နဖူး ပါး မေးစေ့ အစရှိတဲ့ နေရာတွေကနေစပီး
အဆီတွေ ပြန်လာမယ်

မိတ်ကပ် လိမ်းရင်လည်း အဆီတွေ ခနလေးနဲ့ ပြန်ပီး
ကွက်လာမယ်...အဲ့လိုဆိုရင်တော့ oily skin ပါ

အဲ့လို အသားအရေပိုင်ရှင်တွေက...
အဆီတွေ တဝင်းဝင်းနဲ့ စိတ်ညစ်နေရပေမဲ့..
အသက်အရွယ်ရလာတဲ့အချိန်မှာ သူများတွေထက်စာရင်
တော်တော်နဲ့ အရေးအကြောင်း မဖြစ်တတ်တာက သူတို့လေးတွေရဲ့ကံကောင်းခြင်းပါပဲနော်😊

4 )Combination skin ( ပေါင်းစပ်အသားအရေ)

ဘယ်လိုမျိုးလဲ ဆိုတော့ ကွက်ကျား အဆီပြန် ကွက်ကြား ခြောက်ပေါ့နော်..
T zone တစ်ဝိုက်အဆီပြန်ပီး ကျန်တဲ့နေရာတွေခြောက်တာ..
T zone ပဲ ကွက်ခြောက်ပီး ကျန်တာ အဆီပြန်တာ..
အဲ့လိုဆိုရင်တော့ ပေါင်းစပ်အသားအရေပါ...

အဲ့တာတွေကတော့ အဓိကဖြစ်တဲ့ skintype လက္ခဏာတွေ ပါပဲ

နောက်ပိုင်း ပြန်ခွဲထုတ်ထားတဲ့ နှစ်မျိုးဖြစ်တဲ့...
Acne Prone skin နဲ့ Sensitive skin

Sensitive skin ဆိုတာက...
အသားအရည် အထိခိုက်မခံတာ...
တစ်ခုခု မတည့်တာသုံးမိတာနဲ့ အဖုတွေထွက်တာ..
တစ်ခုခုဆို နီရဲလာပီး စပ်ဖြင်းဖြင်း ဖြစ်တာ..
အဲ့လိုမျိုး ပါ...
Sensitive ကိုမှ Dry,oily.... ရှိပါသေးတယ်နော်😊😊

Acne prone skin ဆိုတာကဝက်ခြံထွက်တက်တဲ့
အသားအရေလေးဖြစ်ပါတယ်

ဝက်ခြံ တွေက အားနေရင်းကိုထီက်နေတယ်ပြောရမလားပဲ
ရေသောက်နည်းတာ
အပူအစပ်အငံအစားမှားလိုက်တာနဲ့ ထွက်လာတာ
ကိုယ်သုံးနေကျမဟုတ်တဲ့ မျက်နှာသစ်ဆေး
skincare set တစ်မျိုးမျိုးသုံးမိတာကြောင့်လဲ ဝက်ခြံတွေစုပြုံထွက်လာတက်ပါတယ်ရှင့်

အခုလောက်ဆိုရင် ကျမ 😁ပြောပြတဲ့
Skin type ရွေးပုံလေးနဲ့ကိုယ့်အသားအရေကို
ဘယ် skin type ထဲပါလည်းဆိုတာလက်တွေ
ခွဲခြားလို့ရမယ် ထင်ပါတယ်☺☺☺

Crd EiEi Yadanar

Photos from Sharing BY Beauty Knowledge's post 03/03/2022

မျက်ကွင်းညိုခြင်းသက်သာအောင်လုပ်ရမဲ့နည်းလမ်းလေးများကိုတင်ပေးလိုက်ပါတယ်💖

အချိန်လေးပေးပြီးလိုက်လုပ်ကြည့်ကြပါနော်အားလုံးလှပကြပါစေရှင့်

Crd

Photos from Sharing BY Beauty Knowledge's post 04/02/2022

မှတ်ထားနော်😍😍

02/02/2022

အစားအသောက်ရွေးစားတဲ့အခါ calorie ကိုတွက်ချက်စားပါ။
🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။

စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊

ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပၲတဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍

ကယ်လိုရီတန်ဖိုးများ
----------------------
🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ

🥩🍗🍖အသားဓာတ် (protein)🍖🍗🥩
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ

🧀🧈အဆီဓာတ် (fat )🧈🧀
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ

🥭🍇🥑သစ်သီး🍇🥭🥑
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)

🥬🍅ဟင်းသီးဟင်းရွက်🍅🥬
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)

🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ

(🔺ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။
🔺ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။
🔺ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။
🔺ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။
Credit to original uploader

11/01/2022

"Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က
အမဲစက်နဲ့ ဝက်ခြံတွေသိသာလာတာလဲ?"

Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleaning လုပ်ပေးခြင်းမဟုတ်🙅🙅

မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာရှိနေတဲ့
အညစ်အကြေးတွေကို စတင်Cleaningလုပ်ပေးတာကြောင့်

အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်

Skincare လုပ်ခြင်းက အပေါ်ယံကြည်ဝင်းခြင်းမဟုတ်
Skincare လုပ်ခြင်းက အသားအရေရဲ့အတွင်းပိုင်းကို
သန့်စင်ပေးခြင်းသာဖြစ်ပါတယ်🙋🙋🙋

အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ
အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး

အပေါ်ကိုသာသန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်

အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင်
ရိုးရိုးအပ်ါယံသန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ

ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတယ်ဆိုတာ
အခုနားလည်လောက်မယ်ထင်ပါတယ်
credit

03/01/2022

👉 မျက်ကွင်းညို ခြင်းကို သက်သာစေမယ့် နည်းလမ်းလေးများ

👉အိမ်မှာ အလွယ်တကူပြုလုပ်လို့ရမယ့်နည်းလေးတွေကိုတစ်ပတ်ကိုအနည်းဆုံး ၃ကြိမ်ခန့် ပြုလုပ်ပေးစေချင်ပါတယ်

(၁)အအေးခံထားသော သခွားသီး ‌ကပ်ခြင်း

(၂) အအေးခံထားသော အာလူး ကပ်ခြင်း

(၃) အအေးခံထားသော လက်ဖက်ခြောက်အိတ် ကပ်ခြင်း

(၄) ပူစီနံရွက် ကို ကြိတ်ခြေပြီး ကပ်ခြင်း

(၅) မက်မွန်ဆီ ကို မျက်လုံးတစ်ဝိုက် လိမ်း အိပ်ခြင်း

(၆) Rose Water စွတ်ထားသော cotton pad ကို ကပ်ပေးခြင်း များပြုလုပ်ပေးနိုင်ပါတယ်နော်

အချိန်အားဖြင့် (၁၀ မိနစ် - ၁၅ မိနစ် ) သာအသုံးပြုပေး

28/12/2021

Honest Review ❣️

နှာခေါင်းနားတစ် ဝိုက်နားက ဆား၀က်ခြံတွေကို ဆား၀က်ခြံကပ်ကွာခနခန သုံးတာ လွယ်ကူသက်သာပေမယ့် နောက်ပိုင်း ချွေးပေါက်တွေပိုကျယ် ပီး ၊ခနခန ပိုထွက်လာတယ် စတော်ဘယ်ရီသီးလို နှာခေါင်း ကအပေါက် ပေါက်လေးတွေ ကြာလာရင်ဖြစ်သွားလို့ခနခန စိတ်ညစ်နေရတယ့်သူတွေအတွက် ဈေးလည်း သက်သာ ရမယ်။ချွေးပေါက်လည်း မကျယ်စေရတယ့် အိမ်တွင်းနည်းလေး ကိုပြောပြပေးပါမယ့်နော်...

ဒီ‌နည်းလေးက Korea Beauty Vlogger တွေတော်တော်များများ သိသာတယ် သက်သာတယ်ဆိုလို့ လိုက်လုပ်ကြည့်တာပါ...

🐥ကျွန်တော်လည်းခုဆိုဆား၀က်ခြံထွက်တာ လည်းတော်တော်လေး သက်သာလာတယ် ၊ချွေးပေါက်လည်းမကျယ်လို့ ပြန်လည်မျှဝေပေးပါ့မယ်နော်..

လိုအပ်သည့်အရာများ 🍵

☑️ Vaseline Jelly ၂၀၀ တန် တစ်ဗူး

☑️ Plastic Warp (or) ပလတ်စတစ်ကြွပ်ကြွပ်အိတ်တစ်အိတ်

☑️ Cleansing oil (or) သံလွင်ဆီ

☑️နားကြပ်တံဂွမ်းတစ်ချောင်း

- ပထမဆုံး အနေနဲ့ Vaseline Jelly အနည်းငယ် ယူ၍ နှာခေါင်းနားတစ်၀က်ကိုပွတ်ပေးပါ။

√ အစားအသောက် တွေကိုအုပ်တယ့် ပလတ်စတစ်အသား‌၀ယ်မရရင် ကြွပ်ကြွပ် အိတ် အသေးတစ်လုံးကို နားခေါင်း တစ်ဝိုက်အုပ်လို့ရမယ့် အရွယ်အစားပေါ်မူတည်ပီး ညှပ်လိုက်ပါ... ပီးရင် နှာခေါင်းပေါ်သို့ ၆ မိနစ်ခန့် အုပ်ထားပေးပါ။

☑️ပီးရင်ရေစိုအ၀တ်လေးနဲ့ နှာခေါင်းအပေါ်ကို ခနဖိပေးပါနော် ❣️

☑️ (၆) မိနစ်ပြည့်သွားပီ ဆိုရင် ခွာလိုက်ပါ။
ဆား၀က်ခြံလေးတွေ ကြွချင်နေပါပီ ။

ပြီးရင်တော့ သံလွင်ဆီလေးကို နှာခေါင်းပေါ်ကို ပွတ်ပေးပါ ။ခနလောက်စောင့်ပီး တာနဲ့ နားကြပ်တံလေးနဲ့ နှာခေါင်းတစ်ဝိုက် ကိုဖိလိုက်တာနဲ့ ဆား၀က်ခြံ တွေ အပြွတ်လိုက်ထွက်လာမှာပါနော်။ ( ကိုယ်တွေ့ပါ ) 🐥👋

သံလွင်ဆီ သုံးလဲရသလို ၊ Cleansing oil ၊လိမ်းရင်လည်းရပါတယ်။

ပီးသွားပီး ဆိုရင် မျက်နှာသစ်ပီး Toner လေးလိမ်းပေးရင်ရပါပီနော်🐁

ကျွန်တော်ဆိုဒီနည်းလမ်းအတိုင်းလိုက်လုပ်တာ ဆား၀က်ခြံထွက်တာ အရမ်းနည်းသွားတာ၊ချွေးပေါက်လည်းမကျယ်လို့ ၊ကပ်ခွာတွေ၊လက်နဲ့ ညစ်တာထက်စာရင်ဒီနည်းလေးကိုသုံးဖို့ အကြံပေးချင်ပါတယ်နော် 🐥🍵





Crd #

Website