Lae Jury Nyein

Lae Jury Nyein

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lae Jury Nyein, Writer, .

20/05/2023

ရင်ခုန်သံတရေးနိုး

အပိုင်း(1)

"ကဲ....မင်းရဲ့ပွဲရော အခြေအနေ ဘယ်လိုရှိလဲ"

မင်းဆက် မျက်နှာ အနည်းငယ်
ပျက်ယွင်းသွားသည့်အပြင်
စိတ်ထဲ လည်း လေးလံသွားရသည်။

ထိပ်ထားကို ချစ်မိသွားအောင်လုပ်ပြီး
အရှက်ခွဲမည်ဟု လောင်းကြေးစားကြေးပွဲ
လုပ်ထားခဲ့ပြီးမှ ယခု.....

မင်းဆက် ကိုယ်တိုင် ထိပ်ထားစီမှာ
ကျဆုံးသွားသည်ကို ဝန်မခံချင်။

မင်းဆက်ရဲ့ အီလည်လည်ပုံကို ကြည့်ပြီး
ကောင်းဇော်ထက် အားမရပေ။

"ဟျောင့်....ဟားးး....ဟားးးး
မလှုပ်ပါ့လားကွ....ပြောတော့ဖြင့်
မိုးလားကဲလားနဲ့."

"အဟက်....ဒီမှာ ကောင်းဇော်ထက်
အခု ထိပ်ထားက ငါ့လက်ခုပ်ထဲကရေ ဖြစ်နေပြီ
စောင့်ကြည့်ထားပါ..... မကြာခင်
ငါ့ရှေ့မှာ ဒူးထောက်စေရမယ်"

မာနကို အထိခိုက်မခံနိုင်၍
ပြောလိုက်ရခြင်းကြောင့်
လိပ်ပြာမလုံသလို ခံစားချက် ကြီး
ဝင်ရောက်လာသည်။

ထိပ်ထား ရောက်နေတာကြာလှပြီ ဖြစ်သည်။
မောင့် ကို surprise တိုက် ဖို့ ပုန်းနေခြင်းဖြစ်သည်။

ယခု ထိပ်ထား ကြားနေရတာတွေကို ဆက်သည်းမခံနိုင်တော့။

"ဝုန်းးးး"

"ခလွမ်းးးး"

ရုတ်တရက် ကျကွဲသံတွေကြောင့် မင်းဆက် လန့်ပြီး
စကားစပြတ်တောက်သွားသည်။

နောက်လှည့်ကြည့်လိုက်တော့

"ဟင်!!!!"

"ထိပ်....ထိပ်ထား"

မမေးမမြန်း အားပြင်းပြင်းဖြင့် ထိပ်ထား ရိုက်ချပစ်သည်။

"ဖြန်းးး"

"ဟာ..."

အားလုံး ဟာခနဲ ဟင်ခနဲ ဖြစ်သွားသည့်အပြင်
မင်းဆက် ကိုယ်တိုင် လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ ။

"မဟုတ်ဘူး..... ထိပ်ထား
ခဏလေး....ကိုယ်ရှင်းပြမယ်"

"ဒါ.....ဒါရှင့်အကြံတွေပဲ မဟုတ်လား ဒီမင်းဆက် "

မင်းဆက်က ပူထူသွားသော ပါးပြင်ကို အသာပွတ်သည်။

ထိပ်ထားရဲ့ သူ့ကို ရွံရှာမုန်းတီးတဲ့ မျက်ဝန်းတစ်စုံနဲ့ ရင်ဆိုင်ရတဲ့ အခါ စကားစတွေ ရှာမရတော့။

"ရှင်...ရှင်ဟာလေ
သိပ်ကို ရွံစရာကောင်းတဲ့ လူပဲ.....ရှင့်လိုလူကိုမှ
ချစ်မိသွားတဲ့ ကိုယ့်ကိုယ်ကို လည်း မုန်းတယ်
ရှင့်ကိုလည်း မုန်းတယ်"

သူ့ရှေ့မှာ ထိပ်ထား ပြိုမလဲမိအောင် မျက်ရည်တွေကို သုပ်ပြီး ပြေးထွက်ခဲ့လိုက်သည်။

မင်းဆက်တစ်ယောက် အရိုက်ခံလိုက်ရသော
ပါးကို ကိုင်ပြီး ငူငူငိုင်ငိုင်ကြီး ကျန်နေခဲ့သည်။

"ဟျောင့်.....မင်းဆက်...."

ကောင်းဇော်ထက်က နမည်လှမ်းခေါ်မှ ထိပ်ထားနောက်လိုက်ဖို့ သတိပြန်ဝင်လာသည်။

မျက်ရည်တွေ အလုအယက် ကျဆင်းလာခြင်း
ကြောင့် သုပ်ရင်း ဒေါသထွက်နေမိသည်။

"မငိုနဲ့.... ထိပ်ထား
သူ့လို ရွံစရာကောင်အတွက်....နင့်မျက်ရည်ကို အကျမခံနဲ့"

ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေမိသည်။

"ထိပ်ထား!!!!!"

ဒီမင်းဆက် ရဲ့ အသံကို ထိပ်ထား ကြားလိုက်ရခြင်းကြောင့်
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး နားကိုအုပ်ကာ ပြေးထွက်မိသည်။

"မပြေးနဲ့.....ထိပ်ထား...
ကားလာနေတယ်.....ထိပ်ထား!!!!!!"

အသံကုန်ဟစ်ပြီး အော်နေလဲ ထိပ်ထားက ဂရုမစိုက်
ပေ။

"ဒုန်းးးးး...."

ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ ထိပ်ထားစီ
ဦးတည်နေသော ကားသည် ပြိုင်ကားတစ်စီးက ဝင်တိုက်ခြင်းကြောင့် ရပ်တန့်သွားသည်။

ထိပ်ထားကတော့ ကားဘေးမှာ ပုံရက်ကလေး လဲနေသည်။

မင်းဆက် ကြည့်နေခိုက်၌ပင်
ထိုပြိုင်ကားပေါ်က လူဆင်းလာသည်။

ဘုန်းရှိန်ဝါ ဖြစ်သည်။
ထိပ်ထားနှင့် စေ့စပ်ထားသောသူ။

ရှိန်ဝါ ကားပေါ်က အမြန်ဆင်းပြီး ထိပ်ထားကို ပြေးချီလိုက်သည်။

အနီးနားက ကားကို အကူညီတောင်းကာ
ဦးတည်သည်က ဆေးရုံစီသို့။

လမ်းတစ်လျှောက် သတိမေ့မြောနေသော သူမ ပါးလေးကို ပွတ်သတ်ရင်း ယောကျ်ား တန်မဲ့ မျက်ရည်ကျနေမိသည်။

"ကိုယ်မင်းကို လက်လွှတ်ခဲ့တယ် ဆိုတာ
အခုလို ပုံစံမျိုး မြင်ရဖို့မှ မဟုတ်တာ....
မင်းချစ်တဲ့သူနဲ့ မင်းပျော်နေဖို့ အတွက် လေ
ထိပ်ထားရဲ့"

မကြားနိုင်မှန်းသိပေမဲ့ ရှိန်ဝါ ငိုရင်း ပြောနေမိသည်။

"ကိုယ် ဆုံးဖြတ်ချက်ချလိုက်ပြီ ထိပ်ထား....
ကိုယ်ချစ်ရတဲ့ ဧကရီထိပ်ထား ဆိုတဲ့ ပန်းလေးကို
ကိုယ် ရအောင် ယူပြီး မထိခိုက်အောင်
ကာကွယ်ပေးမှာမို့ နိုးလာပါတော့ ကလေးရယ်"

Written by
Lae Jury Nyein

အစအဆုံး
1500 kyats❤

wave / kpay ဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။

20/05/2023

ရင်ခုန်သံ တရေးနိုး

ဒီမင်းဆက်❤

"သိပ်ကိုလှပြီး မာနကြီးတဲ့ မိန်းမ....
မင်းရဲ့မာနကို ရိုက်ချိုးပြီးတော့ ငါ့ရှေ့မှာ ဦးညွတ်စေရမယ်... ဧကရီထိပ်ထား "

ဧကရီထိပ်ထား❤

"အချစ် ဆိုသော ဘာလဲ မေးရင် ထိပ်ထား မှာ အဖြေမရှိခဲ့ဘူး......
ရှင့်ကို သိလည်း မသိဘူး.....ရှင်ဘယ်သူလဲ ဆိုတာ
မိတ်ဆက်စရာလည်း မလိုဘူး....
မကြာခင် ကျွန်မ လက်ထပ်တော့မှာမို့ ထပ်မနှောက်ယှက်ဖို့ မျှော်လင့်တယ် "

ဘုန်းရှိန်ဝါ❤

"ဘာလဲ.....မင်းက မင်းတန်ဖိုးမထားတဲ့ ပန်းတစ်ပွင့်ကို ငါက ကောက်ပြီး နမ်းရှိုက်တော့.....မင်းက
ဘာတွေ ဖြစ်နေတာလဲ....
အခု ထိပ်ထားရဲ့ ဘာမှ မမှတ်မိတဲ့ အခြေအနေ မှာ
အဲ့ဒီအခြေအနေကို အခွင့်ကောင်းယူပြီး
အပိုင်သိမ်းပြမယ်"

ရတုဆက်ဆက်❤

"အကိုရယ်....
အကို့ဘေးမှာ အမြဲတမ်းရှိနေတဲ့ ရတုကို ဘာလို့
မမြင်နိုင်ရတာလဲ.....
ရတုရဲ့ ချစ်ခြင်းတွေက ငေးကြည့်ရုံနဲတင်
လုံလောက်ပါတယ်
ဆက်ငေးကြည့်ခွင့်လေးတော့ ပေးပါ "

Written by
Lae Jury Nyein

အစအဆုံး 1500 kyats ❤

wave/kpayဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။

Website