Baby Kyithadar & Mum Hayman
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Baby Kyithadar & Mum Hayman, .
ဘေဘီတို့ အိပ်ခန်း ဒီဇိုင်းအလန်းလေးတွေ
အရမ်း ချစ်စရာ ကောင်းတာပဲ
photo credit
https://m.facebook.com/story.php?story_fbid=703403367701767&id=104317450943698
🔺ကလေးတစ်ယောက်ရဲ့ စိတ်နေသဘောထားကိုလည်း မိဘက သိသင့်ပါတယ်။
ကျွန်မတို့ လူကြီးအချင်းချင်းပေါင်းသင်းဆက်ဆံတဲ့အခါမှာလည်း ဒီလူကတော့ ဒီလိုစိတ်ထားရှိတယ်။ သူ့ကို ဘယ်လိုပြောဆိုဆက်ဆံရမယ် သိကြသလိုပေါ့။
ကိုယ့်ကလေးရဲ့ စိတ်နေသဘောထားကိုလည်းသိမှ ထိန်းကြောင်းရလွယ်ကူစေတာကိုး။
ကလေးတစ်ယောက်အနေနဲ့ဆိုရင် စိတ်နေသဘောထားကို
၃ မျိုး ခွဲထားပါတယ်
၁။ easy ( နေရာဒေသ ၊ အပြောင်းအလဲမှာ အလွယ်တကူ အံဝင်ခွင်ကျဖြစ်တတ်တဲ့ကလေး )
၂။ slow to warm up ( အချိန်တစ်ခုယူရတဲ့ကလေး )
၃။ difficult ( ခက်ခဲတဲ့ကလေး ) ပါ။
ဒီ ၃ မျိုးကို ဘယ်အချက်တွေကို အခြေခံပြီး သတ်မှတ်လည်း ဆိုရင်
🌟Rhythmicity ဆိုတဲ့ စည်းချက်ကိုက်မှု
( ပြောရမယ်ဆို ကလေးတစ်ယောက်က ကလေးသဘာဝ ကောင်းမယ် စိတ်ဆိုးမယ် ကစားမယ် စတာမျိုးပေါ့နော်။ )
ပုံမှန်ပဲဆိုရင် Easy child
ကောင်းရင်လည်း အရမ်းကောင်း ဆိုးရင်လည်း သူမဟုတ်သလို ပြောင်းလဲနေရင် Slow to warm up child
ဘယ်လိုမှ မှန်းလို့မရ ထိန်းလို့မရရင် Difficult child
🌟Approach ဆိုတဲ့ ချည်းကပ်မှု
ကိုယ့်ကိုယ်ထိန်းတဲ့ ကလေးထိန်း သူငယ်ချင်း မိသားစုဝင်တွေနဲ့
ရင်းနှီးလွယ်ရင် Easy Child
အခြေအနေ အတိုင်းအတာ တစ်ခုထိ အချိန်ပေးရရင် Slow to warm up child
လုံးဝလက်မခံ လက်ခံဖို့လုပ်လို့မရရင် Difficult Child
🌟Adaptability ဆိုတဲ့အတိုင်း လိုက်လျောညီထွေဖြစ်အောင်နေထိုင်ခြင်းမှာလည်း လွယ်ကူတယ်၊ ကြိုးစားရတယ်၊ တော်တော်ကို ခက်တယ် ဆိုတာမျိုးနဲ့ ထပ်ခွဲတာပေါ့နော်။
🌟Intense of reaction ( တုန့်ပြန်မှု ဘယ်လောက်ပြင်းထန်လဲ )
ကလေးပဲ သူတို့မကြိုက်တာလုပ်မိရင် ငိုမယ် ခဏနေမေ့မယ်။ဒါဟာ easy child
သူမကြိုက်တာ မလုပ်ချင်တာကို မပြီးနိုင်အောင်ခံစားတာမျိုး၊ ဘယ်လိုမှကို ညှိနှိုင်းလို့မရ ဒါမှဒါ ဖြစ်တတ်တဲ့ကလေး
🌟Quality of mood ( စိတ်သဘောထား )
အကောင်းမြင်စိတ်များရင် easy child
နည်းနည်းလေး မကောင်းတာလေးတွေ negative thinking လေးတွေ ရှိရင် slow to warm up child
Negative တွေပဲတွေး အမြဲပြောရင် difficult child ပါ။
အခုလိုခွဲတယ်ဆိုတာ ကလေးကို အပြစ်တင် အပြစ်မြင်ဖို့မဟုတ်ပါဘူး။
တခါတလေ သူများကလေးက လိုက်လျောညီထွေဖြစ်တာကို ငါ့ကလေးမဖြစ်ရကောင်းလားဆိုပြီး ဆူတာ ရိုက်တာ အသုံးမကျဘူး ထင်တတ်ကြလို့ပါ။
မိဘရဲ့ ထိန်းကျောင်းပြုပြင်မှု
ကလေးရဲ့ တုန့်ပြန်မှု ကနေတဆင့် အံ့ဝင်ခွင်ကျဖြစ်လာတဲ့အခါ အဆင်ပြေလာကြတာပါပဲ။
တခြားကလေးတွေနဲ့ နှိုင်းယှဉ်တာ မောင်နှမချင်း နှိုင်းယှဉ်တာ မလုပ်ပဲ ကိုယ့်သားသမီးရဲ့ စိတ်နေသဘောထားကို သိပြီး ထိန်းကျောင်းစေချင်တာပါ။
Easy child ဆိုရင် အကြောင်းမဟုတ်ပေမယ့် တခြား ၂ မျိုးဆိုရင် စည်းကမ်းအရမ်းတင်းကြပ် အပြစ်ပေးရင် ပိုပြီးရွဲ့တာ မျိုးနဲ့ ထိန်းရခက်လို့ မိဘဘက်က စိတ်ကိုလျော့ပြီး ကိုယ်ဖြစ်စေချင်တာလေးတွေကို ဖြေးဖြေးပြော နားဝင်အောင်ပြောစေချင်တာပါ။
🔺မိဘ ဆရာ ထိန်းကျောင်းပေးသူတို့ရဲ့ လွှမ်းမိုးမှုဆိုတာကလည်း အရေးကြီးပါတယ်။
ဘာလို့ အရေးကြီးလဲ ဆိုရင် ကလေးတွေဟာ Intentional ( ရည်ရွယ်ချက်နဲ့ ကိုယ်သင်ပေးတဲ့အရာရော ) Unintentional ( ကိုယ် မရည်ရွယ်တဲ့ အရာ တွေပါ ) သင်ယူတယ်ဆိုတာကို သိစေချင်တာပါ။
မိဘလူကြီးတွေဟာ ဒါဟာ လုပ်သင့်တယ်ဆိုပြီး စနစ်တကျ သေချာသင်ကြားပေးကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ဒေါသတကြီးပြောဆိုတာသူတို့ကို အမိန့်ပေးတာ စတဲ့ အရာတွေကိုပါ မသင်ကြားပဲ တတ်မြောက်နေပါတယ်။ ဥပမာ လူကြီး ၂ ယောက်စကားပြောလို့ ကလေးက ဝင်မေးရင် လူကြီး စကားပြောနေတယ် ဝင်မရှုပ်နဲ့ ဆိုရင် သူဟာ လူကြီးစကားပြောရင် ဝင်မရှုပ်ရဘူး ဆိုတဲ့ အရာကို သင်ယူလိုက်ပါတယ်။ ကလေး ၂ ယောက် စကားပြောကစားနေတဲ့အချိန် လူကြီးက မကစားနဲ့ တော့ အခုသိမ်း သွားကြမယ်ပေါ့။ အဲလိုသာမန်ပြောရင်တောင် ကလေးစိတ်ထဲမှာ ငါတို့ကလေးတွေ စကားပြောရင် လူကြီးက ဝင်ရှုပ်လို့ရတာ အမှန်ဆိုတာမျိုး မှတ်သွားတတ်ပါတယ်။ အဲဒီအခါ သူ့ထက် ငယ်တဲ့ကလေးတွေနဲ့တွေ့ရင် သူလုပ်ချင်တာ လုပ်လို့ရတယ်လို့ ထင်သွားတတ်ပါတယ်။
လူကြီးတွေကလည်း လူပဲလေနော်။ တခါတရံတော့ သတိလက်လွတ်ဖြစ်တတ်တာပေါ့။
ဒါပေမယ့် ကလေးတစ်ယောက်ဟာ လူကြီးတစ်ယောက်ဆီက သူ့ကိုပေးတဲ့ ရည်ရွယ်တဲ့အရာရော မရည်ရွယ်တဲ့အရာရော အကုန်သင်ယူတတ်လို့ ပတ်ဝန်းကျင်ကိုလည်း သတိထားရမယ်။ ကိုယ်တိုင်လည်း သတိထားရမယ်ဆိုတဲ့ အချက်လေးကို ပြောတာပါ။
ဘေဘီရဲ့ မေမေဖြစ်နိုင်ဖို့ အလှတွေပျက်ခဲ့တယ်
ထိန်းသင့်သလောက် ပြန်ထိန်းနိုင်ပါတယ်
သိပ်ချစ်မြတ်နိုးရတဲ့ ဘေဘီနဲ့ အတူတူ လန်းဆန်းစွာ လောကကြီးထဲ ရွက်လွင့်ချင်တဲ့ အကြောင်းကြောင့် ဆိုပါတော့ 🤍🤍🤍🤍🤍🤍
မေမေ ဟေမာန်
ဘေဘီလေးသိပ်ကြိုက်တဲ့ သီချင်းလေးပါ
🤍🤍🤍🤍🤍🤍
Happy Valentine's လေး မေမေဘာလုပ်ပေးရမလဲတွေးနေတယ် အချစ်ဆုံးလေးရေ
https://fb.watch/b7Lk1gHa-X/
https://m.facebook.com/story.php?story_fbid=694420385266732&id=104317450943698
ကလေးတစ်ယောက်က
🔺ကျောင်းစာအပြင် ဘာတွေသိဖို့လိုအပ်သလဲ
🔺ဘာလို့ ကျောင်းကောင်းထားပေးတာခြင်း အတူတူ outcomes ( ရလာတဲ့ result ကွာကြတာလဲ )
🔺ကျောင်းပညာရေးထက် အရေးကြီးတဲ့အရာဟာ Socialization လို့ခေါ်တဲ့ ပတ်ဝန်းကျင်မှာ ဘယ်လောက်ဝင်ဆန့်ပြီး လိုက်လျောညီထွေဖြစ်အောင်နေနိုင်လဲဆိုတဲ့အရာဖြစ်ပါတယ်။
Socialization ဆိုတာ နေရာယူတာ အထက်ဖား အောက်ဖိ လူလည်ကျတာလို့ ထင်ရင်မှားပါတယ်နော်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၅ နှစ်ကျော်ကတည်းက Social Scientists အများစုဟာ လူသားအဖြစ် သတ်မှတ်တဲ့ ပြိုင်ဘက်ကင်းတဲ့အချက်ဟာ Socialization ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ ဘာလို့လဲဆိုရင် လူသားတစ်ယောက်ရဲ့ ဦးနှောက်မှာ ဘာသာစကားနဲ့ အတွေးအခေါ်အတွက် အဓိက ဖွဲ့စည်းထားလို့ပါ။ စကားတစ်ခုကို တိတိကျကျ မှတ်မိတာ ပြန်ပြောနိုင်တာ ပစ္စည်းတစ်ခုရဲ့ ပုံတွေကို အတိအကျမှတ်မိတာ အဲဒီကမှ တဆင့် အတွေးအခေါ် အမြင်သစ်တွေ ပြောင်းလဲလာတာဟာ လူသားရဲ့ ဦးနှောက်ဟာ တခြားသော သတ္တဝါများနဲ့ မတူကြောင်း 2011 ခုနှစ်မှာ neuroscience ( ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေက ) သက်သေပြခဲ့ပါတယ် ။
ကလေးဘဝကတည်းက လိုက်နာရမယ့်စည်းကမ်းလေးတွေ အမှိုက်ပစ်ဖို့သင်ပေးတာ၊ ကစားပြီးရင်သိမ်းဖို့ သင်ပေးတာ၊ စည်းကမ်းတကျနေတတ်အောင် သင်ပေးတာ၊ စာလုပ်ဖို့ သတိပေးတာ၊ ကိုယ့်ရဲ့ ယဉ်ကျေးမှူ လူမျိုး ဘာသာစကား အကြောင်းပြောတာ၊ ကိုယ့်နိုင်ငံရဲ့ သမ္မတ နိုင်ငံရေး လိုက်နာရမယ့် law ( ယာဉ်စည်းကမ်းလိုမျိုး ခါးပတ်ပတ်တာတို့ မီးပွိုင့်တို့ကို သင်ပေးတာ၊ လူလူချင်းစာနာတတ်အောင် သင်ပေးတာတွေဟာ Socialization ပါ။
ကလေးတစ်ယောက် အရွယ်ရောက်တဲ့အခါစိတ်ရော လူရော ကောင်းတဲ့ လူကောင်းဖြစ်ဖို့ဆိုတာ အချက် ၃ ချက်လိုပါတယ်။
🎁Parenting မိဘရဲ့ ပြုစုပျိုးထောင်မှု၊
🎁Social development ကလေးရဲ့ အပေါင်းအသင်း လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ၊
🎁Education လို့ခေါ်တဲ့ ပညာရေး ဖွ့ံဖြိုးတိုးတက်မှု ၃ မျိုးလုံး ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးပါတယ်။ ဒီ ၃ ခုလုံး စည်းချက်ညီညီဖွံ့ဖြိုးလာရင် ဘယ်နေရာမှာမဆို အဆင်ပြေတဲ့ ကလေးဖြစ်လာမှာပါ။ အဲလိုမဟုတ်ရင် အသက်ကြီးပြီး ဒါလေးတောင် မသိဘူးတို့ အသက်သာကြီးတယ် ဦးနှောက်ကကျန်ခဲ့တယ် ဆိုတာ တစ်ပိုင်းပိုင်းမှာ အားနည်းခဲ့လို့ပါ။
🔺ကျောင်းကောင်းကောင်းထားပေးတာပဲ။ ဘာလို့ ရလာဒ်မတူညီကြတာလဲ ဆိုရင်
ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် 🧬 genes လို့ ခေါ်တဲ့ မျိုးရိုးဗီဇ မတူလို့ပါပဲ။ ဟာ ဒါဆို ဥာဏ်ကောင်းတဲ့ မိဘက မွေးရင် ဥာဏ်ကောင်းပြီ အဲလိုလား ဆိုတော့လည်း မဟုတ်ပါဘူး။
Genotype 3 မျိုးရှိပါတယ်။
ပထမ Genotype က Passive လို့ ခေါ်ပါတယ်။
သူက မိဘက ဥာဏ်ကောင်းလို့ ဥာဏ်ကောင်းတယ် ။ ပတ်ဝန်းကျင်က သူ့အတွက် အဆင့်သင့်လေး အကုန်ဖြစ်နေမယ်။ ဥပမာ အဖေက musician ဖြစ်တဲ့အခါ သူ့အတွက် music ဆရာမ အလွယ်တကူဖြစ်လာတဲ့ type မျိုးကို passive လို့ ခေါ်ပါတယ်။ ဒီလိုကလေးတွေကျ ပတ်ဝန်းကျင်က 50% လောက် အရေးကြီးသလို သူ့ကိုပြုစုပျိုးထောင်ပေမယ့် မိဘ ကအစအရေးကြီးလာတာပေါ့။ ဆေးစွဲနေတဲ့ အဖေနဲ့နေရင် ဆေးစွဲတဲ့ကလေး ဖြစ်လာနိုင်တာကိုး။ သူတို့က ဘယ်အရာမဆို အကုန် learn လုပ်ပြီး ဒီအတိုင်းကျင့်သုံးတတ်တဲ့ ကလေးမျိုးပါ။ သူတို့အတွက် ကောင်းတဲ့ ပတ်ဝန်းကျင်ဟာ အရေးကြီးပါတယ်။
နောက်ထပ် Genotype ကတော့Evocative ဆိုတဲ့နာမည်အတိုင်း ထိုးထွက်လာတာမျိုးပါ။ မိဘ လက်ထက်နဲ့ မဆိုင်ပဲ သူ့ဘာသာကို သူလုပ်ချင်တာကိုရှာဖွေ အဆင်ပြေအောင်နေ ပတ်ဝန်းကျင်ကို နားလည်ပြီး Social အရမ်းကောင်းတဲ့ ကလေးမျိုးပေါ့။ ဘယ်သူတားနေနေ သူလုပ်ချင် ဖြစ်ချင်တဲ့အရာကို လုပ်ရဲ ကိုင်ရဲတဲ့ ကလေးမျိုးပါ။ ကောင်းလာဆို ကောင်းတာပေါ့။ ဒါပေမယ့် တခါတခါ မိဘက ဖြစ်စေချင်တာတစ်မျိုး သူဖြစ်ချင်တာတစ်မျိုး အမြဲ ရန်ဖြစ် စကားများရတတ်တာပေါ့။ ကိုယ့်သားသမီးကို ယုံကြည်ပေးပြီး မမှားအောင်ပဲ စောင့်ကြည့်ပေး အကြံပေးဖို့လိုပါတယ်။ ထက်လည်းထက်ကြသလို စကားနားထောင်ဖို့လည်း ခက်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ Active Genotype ပါ။ သူ့ကကျတော့ သူလုပ်ချင်တာကို ဆန့်ကျင်တာလည်းမဟုတ်ပဲနဲ့ အသင့်တော်ဆုံးကို ကိုယ်တိုင်ရှာဖွေနိုင်တဲ့ကလေးမျိုးပါ။ ဥပမာ ကလေးတစ်ယောက်က သဲထဲမှာကစားရတာ စိတ်ကူးယဉ်ဆန်တာကိုကြိုက်တယ်။ လူတွေနဲ့စကားမပြောချင်ဘူး။ အေးအေးဆေးဆေးနေချင်တယ်။ ကျောင်းမှာ သူတော်တဲ့နေရာက အက မှာ အားကစားလုပ်တာဆိုပါတော့။ သူက လူတွေနဲ့ အုပ်စုဖွဲ့ လုပ်ရတိုင်းသူစိတ်ပင်ပန်းတယ်။ လူတွေနဲ့ ခုန်ပေါက်မနေချင်ဘူး ။ သူရဲ့ ဘဝမှာ yoga ဆရာမအနေနဲ့ သူတော်တဲ့ အားကစားကို အသုံးချ သူဖြစ်ချင်တဲ့ အေးအေးဆေးဆေး ဘဝကို လုပ်သွားနိုင်တဲ့သူမျိုးပေါ့။
သူဘာတော်လဲသူသိတယ်။ သူမကြိုက်တာ သူသိတယ်။ သူတော်တဲ့အရာကို ဘယ်လို အသုံးချရမလဲ သိတဲ့ ကလေးမျိုးကို Active လို့ခေါ်ပါတယ်။
မိဘတွေအနေနဲ့ ကိုယ့်သားသမီးဟာ ဘယ်လို genes အမျိုးအစားလဲ သိသင့်ပါတယ်။
Active ဆိုရင်တော့ စိတ်ချထားလို့ရတယ်။ သူသည် သူ့ဝါသနာနဲ့ သူ့ဘဝ ရအောင် handle လုပ်မယ့်သူ
Evocative ဆိုရင်တော့ ထူးချွန်နိုင်တယ်။ သူက သူ့ပတ်ဝန်းကျင်မှာမလုပ်တာကို ဖောက်ထွက်မှာ ဖြစ်တဲ့အတွက် အရမ်းမဆန့်ကျင်ဖို့လိုတယ်။
Passive ဆိုရင်တော့ မိဘနဲ့တော့ တည့်မယ်။ ဒါပေမယ့် သူ့အတွက် မိဘက ဆွေးနွေးပြီး plan ရမယ်။ ဖြစ်စေချင်တဲ့လမ်းကြောင်းပေါ်ရအောင်တင်ရမယ်။ သူ့အတွက် ကိုယ်ဖြစ်စေချင်တဲ့ ပတ်ဝန်းကျင်ဖန်တီးပေးရမယ်ဆိုတာ သိသင့်လို့ပါ။
ကဲ အခုဆို ဖေဖေမေမေတို့ရော ကိုယ့်သားသမီးကို ဘယ်လိုထင်ပါသလဲ
ကျွန်မကိုယ်တိုင်ဆို Evocative ဘက်ရောက်တယ်လို့ထင်ပါတယ်။ ကျွန်မသမီးအကြီးလေးဆို Passive ( Passive ဖြစ်လည်းစိတ်မညစ်နဲ့ ရအောင်ပြုစုရမှာပဲ။ သူ passive ဆိုတာ ကျွန်မပဲသိတာတော်ရုံက သူ့ကို active ထင်တာ )
အငယ်လေးကိုတော့ လေ့လာတုန်းပဲ။
https://www.facebook.com/104317450943698/posts/693631638678940/
ကလေးတစ်ယောက်ကို စာစဖတ်ခိုင်းပြီး ကိုယ်တိုင်ရွေးချယ်ဖတ်ခိုင်းသင့်တဲ့အရွယ်ဟာ ဘယ်အရွယ်ဖြစ်မလဲ🌟🌟🌟
🌟အသက် ၇ နှစ် ဝန်းကျင်ပါ🌟
မွေးကာစ အရွယ်ကစလို့ ကလေးကို မေမေတွေ ဖေဖေတွေက ပုံပြင်ဖတ်ပြတာ စာလုံးလေးတွေသင်တာ စသည်ဖြင့်ပေါ့လေ။
သူငယ်တန်း လိုအရွယ်မှ ဝါကျ အသေးလေးတွေ စသိတယ်( မြန်မာလိုဆို ညအခါ လသာသာပေါ့ ) English အရဆိုရင် I like apple. တို့ဘာတို့ ပေါ့လေ
ပထမတန်းမှာ ပိုသိလာပြီ။ ( အဲလိုအချိန်မှာက စာဖတ်တတ်ရင်ပြီးရော သူတို့ကြိုက်မယ့် ည အိပ်ယာဝင်လေးတွေ ပိုဖတ်ချင်တယ် ပျော်စရာ ဟာသလေးတွေ ပေါ့)။ Level 1 ကနေ စတဲ့ စာကြောင်းအတိုလေးတွေကို story ဆန်ဆန်ရေးတာမျိုးပေါ့။ အကြောင်းအရာဆိုတာထက် စာဖတ်တာပျော်အောင် ဝါသနာ အစပြုပေးတဲ့ သဘောပါ။
ဒုတိယတန်းအရွယ်ရောက်ရင်တော့ စာအုပ်ကို စတင်ရွေးချယ်ခိုင်းရသလို စာအုပ်တစ်အုပ်က ဘာတွေပေးသလဲ ဆိုတာ ဆွေးနွေးဖို့ သိဖို့လိုပါပြီ။
၇ နှစ်အရွယ် ကလေးတစ်ယောက်အတွက်ဆိုရင်
စာအုပ်ကို ၃ မျိုးခွဲပါတယ်
🔺Persuade
🔺Inform
🔺Entertain
🔺Persuade ဆိုတာဟာ စာရေးသူက သူကောင်းမယ်ထင်တဲ့အရာလေးတွေ ကို လုပ်ကြည့်ဖို့ ဆွဲဆောင်ပြီး ရေးသားတာမျိုးပါ။
ဥပမာ - summer camp သွားတာ ကောင်းတယ်ဆိုတဲ့အကြောင်းမျိုးလေးတွေ ၊ ခွေးတွေကို ဘာလို့မွေးသင့်တယ်ဆိုတဲ့အကြောင်းမျိုးပေါ့။
စာရေးသူကိုယ်တိုင်က ဒါဟာ ကောင်းလို့ လုပ်သင့်လုပ်ထိုက်တယ် ယုံကြည်လို့ရေးတာမျိုးဖြစ်တဲ့အတွက် သူကောင်းမယ်ထင်တာကို ကိုယ်လုပ်ချင်လာအောင် ဆွဲဆောင်ရေးသားတာမျိုးပါ
🔺Inform ဆိုတဲ့အတိုင်း ဗဟုသုတ ရတဲ့ အပိုင်းပေါ့
ဥပမာ - အာကာသ အကြောင်းတို့ ၊ amazon တော အကြောင်းတွေ ၊ လူသားတွေမှာရှိတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းအကြောင်းတွေပေါ့။
ဒီစာအုပ်ကိုဖတ်ရင် ဗဟုသုတ တိုးကို တိုးတယ်။ ကိုယ်မသိတာတွေ သိရတယ်။ တကယ့်ကို အပိုအလိုမရှိ အချက်အလက်အမှန်ပေးတဲ့ စာအုပ်မျိုးပါ။
🔺Entertain ဆိုတဲ့အတိုင်း Cinderella လို မင်းသမီးလေးတွေ ဖားမင်းသမီးလေးအကြောင်းတွေ စသည်ဖြင့်ပေါ့။ ပျော်အောင် အပျင်းပြေအောင် ဇာတ်လမ်းတွေဆင်ထားတာမျိုးပါ။
ဒီ ၃ မျိုးလုံးကို ညီညီမျှမျှ ဖတ်ခိုင်းသင့်ပါတယ်။
တခါတရံ လူတစ်ယောက်နဲ့ တစ်ယောက်အကြိုက်မတူတာတွေကို persuade ဆိုတဲ့စာအုပ်အမျိုးအစားက ရမယ်။ Social life ကို ပိုနားလည်စေပါတယ်။
ဗဟုသုတကို inform အမျိုးအစားက ရမယ်။ ပျော်စရာကောင်းတာ စိတ်ကူးယဉ်ဆန်တာကို Entertain က ရမယ်။
သူတို့က အဲလိုတွေ ခွဲခြားသိလာတဲ့အခါ
ညီညီမျှမျှဖတ်တဲ့အခါ
ဘဝမှာ စင်ဒရဲလားလို မင်းသားက မကယ်နိုင်ဘူးဆိုတာ သိလာတယ်။ ဒါတွေ လုံးဝ မဖတ်နဲ့ဆိုတော့လည်း ကလေးဆိုတာပျော်စရာပုံပြင်လေးတွေ နားထောင့်သင့် သိသင့်တယ်မဟုတ်လား။
အဓိကက စာအုပ်ကို ခွဲခြားပြပြီး ၃ မျိုး မျှဖတ်ခိုင်းဖို့ပါ။
ဖတ်ခိုင်းပြီးရင်တော့
🔺ဒီစာအုပ်က ဘာအမျိုးအစားလဲ
🔺ဘာလို့ ဒီစာအုပ်က်ို ရွေးချယ်တာလဲ
🔺ဒီစာအုပ်က အဓိက သိစေချင်တာဘာလဲ ( ဘာတွေသိခဲ့ရလဲ ) ဆိုတာမျိုးနဲ့ အဆုံးသတ်ပေးရပါတယ်။
ဒါမှသာ စာဖတ်ခြင်း စာဖတ်နည်း ပြုစုပျိုးထောင်ခြင်း အစ ဖြစ်မယ်လို့ ထင်ပါတယ်။
မိဘကတော့ ဗဟုသုတ ရအောင်ပဲ ဖတ်ခိုင်းရင် ကလေးဆိုတာ ပျင်းစရာကြီးဆိုပြီး မဖတ်ချင်ပြန်ဘူး။
အပျော်တွေပဲဖတ်တော့လည်း ဗဟုသုတက မရပြန်ဘူး။
လူကြီးက ရွေးပေးတာထက် ကလေးက ရွေးချယ်တာ
မျိုးဟာ ပိုကောင်းပါတယ်။ စာအုပ်ကို စာကြည့်တိုက်မှာပဲငှါးငှါး online ကပဲ ဝယ်ဝယ် သေချာသူတို့ကိုယ်တိုင် စိတ်ကြိုက်ရွေးပြီးပဲ ဝယ်ပေးဖြစ်ပါတယ်။
ကျွန်မကတော့အရုပ်ပူဆာရင်သာ ချက်ချင်းမဝယ်ပေးတာ စာအုပ်ပူဆာရင် ချက်ချင်းဝယ်ပေးပါတယ်။ တခါတလေ သွားရင်းလားရင် နေရာဒေသသစ်ရောက်လို့ အဲဒီက အကြောင်းရေးထားတဲ့စာအုပ်လိုချင်လို့ ပူဆာရင်လည်း ဝယ်ပေးဖြစ်ပါတယ်
မှတ်ချက်: Elsa ( Grade 2 - USA ) မှ ကျောင်းက စာအုပ်ရွေးချယ်မှုနဲ့ပတ်သက်ပြီး သင်ကြားတာနဲ့ သူတို့ရဲ့ library ကအပတ်စဉ် ငှါးဖြစ်ပြီး ဖတ်ဖြစ်တဲ့စာအုပ်အပေါ် ဆွေးနွေးရတာကို မှီငြမ်းပြီးရေးထားတာပါ။
https://m.facebook.com/story.php?story_fbid=692571402118297&id=104317450943698
ကလေးတွေကို လေးစားပါ
ထူးဆန်းနေသလိုမျိုး ဖြစ်မယ်ဆိုပေမယ့် ကလေးဆိုတာက အတုယူတာ အရမ်းမြန်ပါတယ်။ ကြီးလာရင် ဖြစ်လာမယ့် တာဝန်ယူနိုင်တဲ့ နားလည်တတ်တဲ့ ညှာတာတတ်တဲ့ လူပီသတဲ့လူ ဖြစ်ဖို့ ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ပေးရတာပါ။ တစ်ရက် တစ်မနက်တည်းနဲ့ ဖြစ်လာတာမဟုတ်ပါဘူး။
ကျွန်မလေ ကိုယ့်ကိုယ်ကိုယ် ကလေးတွေအတွက် အတတ်နိုင်ဆုံး ကြိုးစားပြုပြင်ပြီးနေတယ်လို့ အရင်က ထင်ခဲ့တာ။
ကျွန်မ လက်ရှိ US မှာနေပါတယ်။တနေ့ ကျွန်မသမီးလေးက သူ့သူငယ်ချင်းတွေနဲ့ ကျောင်းမှာ play date ချိန်းခဲ့တယ်။ ကျောင်းက ၃ နာရီမှ ဆင်းတာ သူက ၅ နာရီချိန်းတော့ ကျွန်မက ဟယ် ကလေးတွေက လျှောက်ပြောတာလား မသိဘူးပေါ့။ ကျောင်းကို နောက်တစ်ခေါက်လာကြပါ့မလားပေါ့။ ကျွန်မသမီးကို အိုကေ လိုက်တော့ လိုက်ပို့ပေးမယ်။ ရောက်လို့ ဘယ်သူမှ မရှိရင်တော့ ခဏ ကစားပြီး ပြန်မယ်နော်ပေါ့။ ဟိုလည်း ရောက်ရော သူနဲ့ချိန်းထားတဲ့ ကလေး ၄ ယောက်မှာ ၂ ယောက်က ရောက်နှင့်နေပြီ နောက် ၁၀ မိနစ်လောက်ကြာတော့ တစ်ယောက်ရောက်လာတယ်။ သူနောက်ကျသွားတယ်တဲ့ သူ့သမီး play date ချိန်းထားလို့ အလုပ်ကနေ အမြန်ပြန်လာတာပဲတဲ့။ သူတို့ကလေ ကလေးအတွက် အလုပ်ကနေတောင် ပြန်လာပေး ကလေးက သူငယ်ချင်းနဲ့ ပေးခဲ့တဲ့ ကတိကို တည်အောင် အားထုတ်ပေးကြတာ ကျွန်မ အသိအမှတ်ပြုမိတယ်။ နောက်ကစားပြီး နာရီဝက်လောက်နေမှ နောက်တစ်ယောက်ရောက်လာတယ်။ သူကလေ တောင်းပန်လိုက်တာ တောင်းပန်တာက ကလေးတွေကို တောင်းပန်တာနော်။ သူ ဘုရားဝတ်ပြုနေလို့ ( အစ္စလာမ်ဘာသာဝင်မို့ သောကြာနေ့ဖြစ်နေတာ မလို့ ) သူနောက်ကျသွားကြောင်း နောက်တခါ တခြားရက်ဆို အချိန်တိတိကျကျ လာမယ့်အကြောင်း ကလေးတွေကို တစ်ယောက်ချင်း တောင်းပန်နေတာ ( အဲဒီကလေးအမေက ကျောင်းက volunteer ဆရာမ ပါ)
ကျွန်မလေ ဪ ဒီလို စိတ်ထား ဒီလိုတာဝန်ယူမှုတွေနဲ့ ကလေးတွေကို ပြုစုလို့လည်း တချိန်မှာ တာဝန်ယူတတ်တဲ့လူကြီးတွေ ထွက်လာတာနေမှာ။ သူတို့နိုင်ငံတွေ တိုးတက်တာလည်း မထူးဆန်းပါ့လား။ နောက်တက်လာမယ့် မျိုးဆက်သစ်ကို ဦးစားပေး ပြီး သိမ်ငယ်စိတ်မရှိအောင် ပြုစုပျိုးထောင်လို့လည်း အရာရာကို တီထွင်နိုင်တာပါ့လားလို့ တွေးမိခဲ့တာ။
ကျွန်မလည်း အရာရာကို မလုပ်ပေးနိုင်ပဲ ကတိမပေးမိအောင် ကြိုးစားပြီး နေနေပါတယ်။ အရင်က ကျွန်မ အရုပ်ဆိုင်တွေသွားလို့ ပူဆာတိုင်း နောက်တခါမှ ဝယ်ပေးမယ်လို့ ပြီးစလွယ်ပြောတတ်တယ်။ တနေ့ကျ Elsa ( ကျွန််မသမီးအကြီး ) က mommy က အမြဲ နောက်တခါပဲပြောနေတယ် ဝယ်ပေးတာလည်းမဟုတ်ဘူးတဲ့။ ခုဆိုရင် မလိုအပ်လို့ မဝယ်တာဖြစ်ကြောင်း ဝယ်မပေးနိုင်ကြောင်း တခါတည်း ပြောဖြစ်တယ်။ ဝယ်ပေးမယ့်အရာဆိုရင် ဘယ်အချိန် ဘယ်လမှ ဥပမာ ( မွေးနေ့လက်ဆောင် အဖြစ် ) ပေးမယ်ဆိုတာမျိုး တိတိကျကျ ပြောပြတယ်။ ကတိပေးပြီး ဖျက်ရမယ့် အခြေအနေ ကြုံရင်လည်း ဘယ်လိုကိစ္စကြောင့် ဒါဟာ ဘယ်လောက်အရေးကြီးကြောင်း လူကြီးတစ်ယောက်လို နားလည်အောင်ပဲ ပြောတော့တယ်။
ကျွန်မကတော့ ကလေးမို့ ဘာမှမသိဘူးဆိုတာမျိုးမဟုတ်ပဲ ကိုယ်ဖြစ်စေချင်တဲ့ လူကြီးတစ်ယောက်အဖြစ်မြင်ရင်း ပြုစုပျိုးထောင်ပေးနေပါတယ်။
မှားတာလေးတွေပြင်လိုက် ရှေ့ဆက်သွားလိုက်ပေါ့။ မေမေ တို့ဖေဖေတို့ကို ကျွန်မသိသလောက်လေးတွေ share ပေးနေကြ ထုံးစံအတိုင်း ဒါလေးကို share ပေးလိုက်တာပါ။
#ကလေးတွေကိုလေးစားပါ za
https://www.facebook.com/100044379851112/posts/481138130042178/
ဂရုတစ်ခုမှာ မေးထားတာတွေ့တယ်။ ကလေးတွေ မလိမ်ညာဖို့ ဘာသာရေးနဲ့ တားမြစ်တာမျိုးမဟုတ်ဘဲ ဘယ်လိုဆုံးမလို့ရမလဲတဲ့။ မေးခွန်းလေးကောင်းတယ်နော်။ တကယ်တော့ ကျွန်မအပါအဝင် အခုစာဖတ်နေတဲ့ (ဒီခေတ်ပိုင်းက) မိဘတွေတော်တော်များများက ကလေးတွေအတွက် သိပ်လေ့လာကြတာဆိုတော့ အဖြေရှိပြီးသားဖြစ်မှာပါ။
ကျွန်မကတော့ အရာအားလုံးမှာ "ဘုရားကမကြိုက်ဘူး။ ငရဲကြီးလိမ့်မယ်။" ဆိုတဲ့စကားတွေနဲ့ ခြောက်ပြီးအုပ်ချုပ်တာမျိုးကို မကြိုက်ပါဘူး။ လူတိုင်းမှာ ဆင်ခြင်ဉာဏ်ရှိရမယ်။ လိမ်ညာတာဟာ မကောင်းကြောင်း ဘာသာရေးနဲ့ ခြောက်တာမဟုတ်ဘဲနဲ့ သိရမယ်။ ငရဲကျမှာစိုးလို့ မလိမ်ညာတာမျိုး မဟုတ်ဘဲနဲ့၊ လိမ်ညာတာဟာ မကောင်းမှန်းသိလို့ မလိမ်တာမျိုးပဲ ဖြစ်စေချင်တယ်။ အဲဒါကြောင့် ကလေးတွေ မလိမ်ညာဖို့ ဘာသာရေးနဲ့ ခြောက်စရာမလိုတဲ့ သင်ကြားခြင်းမျိုးတွေရှိပါတယ်။ ဖတ်ထားသမျှ နည်းနည်းပြန်ပြောပြပေးပါမယ်။
◾ ကလေးက လိမ်တတ်နေတယ်။ ဘာကြောင့်လဲ။
Research တွေထဲမှာတွေ့ရသလောက် ငယ်ငယ်တုန်းက မလိမ်ဖူးတဲ့လူဆိုတာ မရှိသလောက်ပါပဲ။ အခုလက်ရှိ လူကြီးဘဝမှာလည်း လုံးဝမလိမ်ညာတတ်တဲ့လူရယ်လို့ မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ကလေးက လိမ်ညာတတ်နေရင်တော့ လူကြီးတွေက စိတ်ညစ်တတ်ကြတယ်။ ကိုယ်ကိုယ်တိုင်က လုံးဝမလိမ်ညာတတ်ဘူးလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပြန်ဘူး။ တရားကျစရာကောင်းတယ်နော်။ ဒါကိုထောက်ပြရတာက "လူကြီးတွေလည်း ညာတတ်လို့၊ ကလေးတွေလည်း ညာမှာပေါ့" လို့ဆိုလိုချင်တာ မဟုတ်ပါဘူး။ ကလေးတွေလိမ်ညာတယ်ဆိုတာ စာရိတ္တအရမ်းပျက်ပြားနေတာမျိုးမဟုတ်ဘူးလို့ ပြောချင်တာပါ။
ကလေးတွေလိမ်ရင် "သူတို့ဘာကြောင့်လိမ်သလဲ" ဆိုတာသိမှ ဖြေရှင်းလို့ရပါမယ်။ ကလေးတွေလိမ်တယ်ဆိုတာ လူကြီးတွေလိုပါပဲ။
🚩 ပြဿနာတခုခုကြောင့် ချောင်ပိတ်မိသလိုဖြစ်ရင် လိမ်တတ်ပါတယ်။
🚩 ဒဏ်ပေးခံရမှာကြောက်ရင် လိမ်တတ်ပါတယ်။
🚩 အပယ်ခံရမှာကြောက်ရင် လိမ်တတ်ပါတယ်။
🚩 ခြိမ်းခြောက်ခံရသလို ခံစားရရင် လိမ်တတ်ပါတယ်။
🚩 လိမ်ပြောခြင်းအားဖြင့် လက်ရှိအခက်အခဲက လွတ်မယ်လို့ထင်ရင် လိမ်ပြောတတ်ပါတယ်။
🚩 သူများတွေရဲ့ ဝေဖန်ကဲ့ရဲ့ပြောဆိုခြင်းတွေကို ကာကွယ်ဖို့လည်း လိမ်တတ်ပါတယ်။ လူကြီးတွေတောင် မကြိုက်တာလေ။
◾ အဲဒါဆိုရင် မိဘတွေက ဘာလုပ်ရမလဲ။
✔️ ကလေးက တခါလေး ညာဖူးတာနဲ့ "လိမ်တတ်နေပြီ" "လူလိမ်" ဆိုပြီး တံဆိပ်မခတ်ပါနဲ့။
✔️ ကိုယ်အဖြေသိပြီးသားကိစ္စတွေမှာ ကလေးကို ချောင်ပိတ်မေးခွန်းတွေ မမေးပါနဲ့။ ဥပမာ - အခန်းရှင်းခိုင်းထားတာကို ကလေးက မလုပ်ထားမှန်းသိလျက်နဲ့ "မင်းအခန်းရှင်းခဲ့သလား" လို့မေးမယ့်အစား "သား အခန်းမရှင်းခဲ့တာ မေမေ သိတယ်နော်။ ဘယ်တော့ရှင်းမှာလဲ" ဆိုတာမျိုးပြောပါ။
✔️ ပြဿနာကိုဖြေရှင်းဖို့သာဦးတည်ပါ။ အပြစ်တင်ဖို့ဦးမတည်ပါနဲ့။
✔️ ကလေးက ကိုယ့်ကို လိမ်စရာမလိုအောင် ကလေးနဲ့ကိုယ်နဲ့ကြားမှာ ရင်းနှီးမှုနဲ့ ယုံကြည်မှုတည်ဆောက်ထားပါ။
✔️ "အမှားလုပ်မိတာဟာ အမှန်ကိုသင်ယူရဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်" ဆိုတာ ကလေးတွေကို ပြောပြထားပါ။ အမှားလုပ်မိတယ်ဆိုတိုင်း သူတို့ဆိုးလို့မဟုတ်ဘူးဆိုတာရယ်၊ လူတွေဟာ အမှားလုပ်မိကြတိုင်းမှာ အဲဒီအမှားကနေ သင်ခန်းစာပြန်ယူပြီး နောက်ထပ်မမှားဖို့ကြိုးစားကြရတယ်ဆိုတာ ပြောပြထားပါ။ သူတို့လည်း သူတို့လုပ်မိတဲ့အမှားအတွက် လိမ်ညာဖာထေးနေစရာမလိုဘူးဆိုတာ ပြောပြထားပါ။ ကလေးတွေ အမှားလုပ်မိတိုင်းမှာ ကိုယ်ကအမှန်ကို မညွှန်ပြဘဲ အရင်ဆုံးအပြစ်တင်တာမျိုးက ကလေးတွေ လိမ်ညာတတ်စေဖို့ တွန်းအားတစ်ခု ဖြစ်သွားပါလိမ့်မယ်။
✔️ မိဘအုပ်ထိန်းသူကိုယ်တိုင်ကလည်း မလိမ်ညာပါနဲ့။ အမှန်အတိုင်းပြောပါ။ တချို့ကိစ္စတွေမှာ ကိုယ့်အနေနဲ့ အမှန်အတိုင်းပြောဖို့ ခက်ခဲခဲ့ပေမယ့် မလိမ်ညာချင်လို့ အမှန်အတိုင်း ပြောခဲ့တယ်ဆိုတာမျိုးတွေကို ကလေးကိုပြောပြပေးပါ။ အဲဒီလိုပြောပြတဲ့အခါမှာ သူငယ်ချင်းအချင်းချင်းပြောသလို ရိုးရိုးသားသားပြောပြပါ။ သူ့ကို ဆုံးမသင်ကြား၊ ဆရာလုပ်နေသလိုပုံစံနဲ့ မပြောပါနဲ့။
✔️ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကလေးတွေကို ကိုယ်က အမြဲချစ်တယ်၊ အမြဲချစ်နေမယ်ဆိုတာ သဘောပေါက်စေပါ။ ပြောပြထားပါ။ တချို့ကလေးတွေ ညာတယ်ဆိုတာ မိဘက သူတို့ကိုစိတ်ပျက်မှာစိုးလို့၊ အချစ်လျော့မှာစိုးလို့ စသဖြင့်တွေ ရှိပါတယ်။ ကလေးက သူ့အမှားတစ်ခုကို အမှန်အတိုင်းဝန်ခံတဲ့အခါမှာ သူ့ရဲ့ရိုးသားခြင်းကို ကိုယ်သဘောကျ လက်ခံကြောင်း ပြောပေးပါ။ လုပ်ခဲ့တဲ့အမှားအတွက် အပြစ်ပေးသင့်ရင် ပေးရဦးမှာပါ။ ဒါပေမဲ့ အမှားဝန်ခံတဲ့အတွက်တော့ ချီးကျူးပေးပါ။
✔️ ကလေးတွေကို အရမ်း control မလုပ်ပါနဲ့။ သူတို့ဆန္ဒနဲ့ အသက်ရှင်ခွင့်ပေးပါ။ တချို့ကလေးတွေလိမ်တယ်ဆိုတာ သူတို့က မိဘဖြစ်စေချင်တာကိုမဖြစ်ချင်၊ မိဘလုပ်စေချင်တာကို မလုပ်ချင်ပေမယ့် မိဘစိတ်ပျက်မှာလည်း စိုးရိမ်၊ မိဘကိုလည်း ကြောက်တာကြောင့်မို့လို့ မိဘသဘောကျနေတယ်ဆိုတဲ့ ပုံစံဖြစ်အောင် လိမ်ကြရပါတယ်။
Jessica Mozart
Date : 10 Nov 2016
Ref : www.positiveparenting.com
အခြား Social Media, Page, Website များတွင် ပြန်လည်ကူးယူဝေမျှခြင်း ခွင့်မပြုပါ။
Daddy and Daughter 💙
Its a beautiful image. 💙 but, not sure reality.
photos credit:
ကိုယ့်ကလေးကို ကိုယ်မှမကြင်နာရင် လောကကြီးက ဘယ်လောက် အကြင်နာပေးမလဲ
🤍🤍🤍🤍🤍🤍🤍💙🤍🤍🤍🤍🤍🤍🤍
ချီမထားနဲ့ လက်ကြိုက်သွားလိမ့်မယ်တဲ့လား👶👶👶
😿😿😿ဗိုက်ထဲမှာ ၉လနီးပါး ကွေးကွေးနွေးနွေးလေးနေခဲ့ရတဲ့ လူသားငယ်ငယ်လေးဟာ
ရုတ်တရက် အပြင်လောကကိုရောက်လာပြီး အေးစက်စက်လေနဲ့ထိတွေ့ပြီး အဖြူအမဲဘဲ မြင်ရတဲ့ ခံစားချက်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေလိမ့်မလဲ
😿😿😿ကြိုက်တာမကြိုက်တာပြောခွင့်မရှိဘဲ နှုတ်ခမ်းက ထွက်လာတာ စကားလုံးတွေမဟုတ်ဘဲ ငိုသံတွေဘဲ ဖြစ်နေတာဟာ ဘယ်လောက်နေရခက်နေလိမ့်မလဲ
😿😿😿ကြာကြာအိပ်နေချင်ပေမယ့်လဲ အများကြီးမဆံ့တဲ့ အစာအိမ်သေးသေးလေးကြောင့် ၂နာရီခြားတစ်ခါဗိုက်ဆာတဲ့ ဒုက္ခလေးကလည်း ဘယ်လောက်ဆိုးနေလိမ့်မလဲ
😿😿😿ရှူရှူး အီအီးတွေ ပေါက်ချပြီးတိုင်း စိုစိစိနဲ့ နေရခက်တဲ့ ခံစားချက်ကိုလည်း ဖော်ပြလို့ရတာ ငိုသံလေးပါဘဲ
😿😿😿ညနက်သန်းခေါင် ရုတ်တရက် ဆန့်ထွက်လာတဲ့ ကြီးထွားဟော်မုန်းတွေကြောင့်နာကျင်မှုကိုလည်း ဖော်ပြလို့ရတာငိုသံလေးပါဘဲ
😻😻😻အားလုံးသော နာကျင်ရမှု ဆိုးရွားမှုတွေကို ဖြေသိမ့်ပေးနိုင်တာ မေမေနဲ့ ချစ်ရတဲ့ မိသားစုရဲ့ နွေးနွေးထွေးထွေး ထွေးပွေ့ထားမှု ချီထားပေးမှု လေးပါ ချီထားရလို့ လက်မကြိုက်ပါဘူး
အချိန်တန်တော့ လက်ပေါ်ကကော့ဆင်းမယ့် လူသားလေးပါ နှစ်ပေါက်အောင် တစ်ညလုံးနို့မ
စို့ပါဘူး အချိန်တန်တော့ ကျောပေးအိပ်မယ့်
လူသားလေးပါ နှစ်ပေါင်းများစွာ တွယ်ကပ်မနေပါဘူး အချိန်တန်တော့ ကိုယ့်လမ်းကိုယ်လျှောက်မယ့် လူသားလေးပါ
ကျေးဇူးပြုပြီး
🙏🙏ဒီလူသားလေး ရက်၁၀၀မပြည့်ခင်အထိ တစ်ညလုံး မအိပ်ရလဲ စိတ်ရှည်ပေးပါ
🙏🙏ဒီလူသားလေး ၆လမပြည့်ခင်အထိတော့ ချီထားပေးပါ
🙏🙏ဒီလူသားလေး ဖြည့်စွက်စာမစားခင်အထိတော့ မေမေနို့တိုက်ပေးပါ
🙏🙏ဒီလူသားလေး တစ်သက်စာ ကြီးထွားဖို့အရေးကြီးတဲ့ ၂နှစ်အတွင်းမှာတော့ အာဟာရ
မျှတအောင်ဂရုစိုက်ပေးပါ
ဒီလူသားလေးဟာ မေမေတို့အတွက် ဆုလက်ဆောင်လေးမို့ စိတ်ရှည်ပေးပါနော်
**ကျွန်မသားလေး ချီထားမှအိပ်တဲ့ ညလုံး
ပေါက်နို့စို့တဲ့
အမေမှအမေဆိုတဲ့ လူသားငယ်ငယ်လေးဟာ
၅လနဲ့ ၅ရက်မြောက်နေ့မှာဘဲ ကျောခိုင်းပြီး
အိပ်တတ်နေပြီတဲ့
😣😣😣ချီထားရင်မနေချင်တော့ဘူး မှောက်
လိုက်လှန်လိုက်လုပ်ဖို့ အောက်ကို ကော့ဆင်း
တတ်နေပြီတဲ့
😣😣 ဘယ်လောက်မှမကြာခင် လမ်းလျှောက်တော့မယ် ကျောင်းသွားတော့မယ် အချိန်ဟာ ခဏလေးမို့ မေမေတို့လည်း စိတ်ရှည်ပေးကြပါ ပိုချစ်ပေးကြပါ နောင်တမရရလေအောင် တာဝန်ကျေပေးကြပါနော် 😊😊😊
Edite me
New born ကနေ အခုသုံးနှစ်ခွဲနီးနီး အထိ သူချွဲရင် ချီပေးတုန်းပဲ ချီလို့ရတဲ့အထိ ချီခိုင်းရင်ချီပေးမှာပဲ။ ချွဲတိုင်း သေသေခြာခြာကို ချစ်ပေးတယ်။ မေတ္တာပေးရမယ့်အရွယ် တယုတယ ဂရုစိုက်ပေးရမယ့်အရွယ်
မိခင်က ဒီလို ချစ်ခြင်းကြင်နာခြင်းတွေ မပေးရင် ဘယ်သူ့ဆီကများ ရမှာတဲ့လဲ။
ကျမ ငယ်ငယ်က အိမ်မက်ထဲမှာ အမေနောက်လိုက်လေ အမေကဝေးသွားလေ အိမ်မက်ထဲကနေ ကြောက်လန့် အော်ငိုရင်း နိုးလာတယ်။ ဒါကို ခဏခဏ အိမ်မက်မက်တယ် အဲ့ဒီအိမ်မက်ကို ကြောက်ခဲ့ပါတယ်။ အကြောင်းကလည်း အမေကဟိုဟိုဒီဒီသွားရင် ကိုယ်ကလိုက်ချင်တယ် ရှုပ်လို့ဆိုပြီး လိုက်ခွင့်မရဘူး အမြဲတမ်းနီးပါးပဲ။ ဒါကိုစိတ်စွဲတာထင်ပါတယ်။ ဒါကြောင့် ကလေးရှိလာကတည်းက ကိုယ်တိုင်ပဲကြည့်တယ် ဘယ်သွားသွားခေါ်သွားတယ်။ ကလေး လ သားအရွယ်ကတည်းက အရမ်းဝေးပြီးကြမ်းတဲ့ခရီးမျိုးကလွဲရင် ခေါ်သွားတယ်။ မခေါ်သွားရတဲ့အခါ ကိုယ်သွားမှာရယ်မခေါ်သွားရတဲ့အကြောင်းရယ် ဘယ်အချိန်ပြန်လာမယ် ဘာလေးဝယ်ခဲ့ပေးမယ်ဆိုတာ သေသေခြာခြာ စကားပြောနှုတ်ဆက်ပြီးမှသွားတယ်။ ကိုယ်မရှိတဲ့အချိန်ဘယ်လောက်ကြာကြာ ကလေးက လုံးဝ မငိုပါဘူး။ ကိုယ်ရှိသလိုပဲ ပုံမှန်အိပ်စားတယ် ကိုယ်ပြန်လာရင် ပြန်ရောက်ပြီ ဘာလေးပါတယ် အရမ်းလွမ်းတာပဲ ဆိုတာ ပွေ့ချီပြီးစကားပြောပေးတယ်။ အပြန်တာနောက်ကျလို့ သူအိပ်ပျော်နေရင်တောင် တိုးတိုးလေး ကပ်ပြောပေးတယ် အနှမ်းလေးတွေပေးတယ်။ တချို့က ကလေးရူး ရူးတယ်ဆိုပြီး ပြောတာပဲ တကယ်က ဒါက ဒီလူမှုဝန်းကျင်မှာ မထွန်းကားသေးတဲ့ အပြုအမှုကောင်းပါ။ (ကလေးက အရမ်းအံ့သြစရာကောင်းတယ်ဆိုတာ ကို တကယ်ယုံကြည်တယ်။ ပြီးတော့ ကလေးဆိုတာ အရမ်းကြောက်စရာကောင်းတယ်)
ကိုယ်က သေသေခြာခြာ အချစ် မခံခဲ့ရပေမယ့်
ကိုယ့်ကလေးလေးကိုတော့ သေသေချာချာ ချစ်ပေးနိုင်ဖို့ သင်ယူရင်း ချစ်သွားမယ်။
ကိုယ်ကနေစပြီး ကိုယ့်ကလေးလေးကို သေသေချာချာ မချစ်နိုင်တာမျိုး မဖြစ်ချင်ဘူး။ အသက်ရှင်သ၍ပေါ့။
🤍🤍🤍🤍🤍🤍🤍💙🤍🤍🤍🤍🤍🤍🤍
မေမေ ဟေမာန်
🤍🤍🤍🤍🤍🤍🤍
https://www.facebook.com/102412615426604/posts/145016997832832/
https://www.facebook.com/BE.moeNUG/
Myanmar Basic Education Home Basic Education, Ministry of Education, National Unity Government
Long time ago the little ones. ❤
My world, My heart 🙂😍
for kids
Grade 1 to 12
FREE Coding Class for Kids.📕💡
1 on 1 live session. 💻
BOOK NOW. Age 6-16 Only.
crd:
https://www.facebook.com/101266664954230/posts/353000839780810/
Free Coding Certification For Kids. Hurry Up !! Book a free coding class here where the kid will learn an intro to coding and do a hands on project. This is one on one free trial class. The kid will get a certificate after the complition of the class.
တရွေ့ရွေ့နဲ့ သင်ယူစူးစမ်းတဲ့ အရွယ်လေးထဲ ရောက်မှန်းမသိရောက်လာပြီ မေမေ့ ကလေးလေးက ❤❤❤
https://www.facebook.com/100044368062010/posts/462811258541139/
“မိခင်ဘ၀ကို ပရော်ဖက်ရှင်နယ်ကျကျ ဖြတ်သန်းပါ”
ခေါင်းစဉ် ဖတ်လိုက်ရင်တော့ ထူးဆန်းသွားမယ်။ မိခင်ဘ၀နဲ့ ပရော်ဖက်ရှင်နယ် ဘာဆိုင်လဲပေါ့၊ မိခင်အလုပ်ဆိုတာ အသက်မွေး၀မ်းကျောင်း အလုပ်မှ မဟုတ်တာပဲကို။
ရှင်းပြပါမယ်။ ကျွန်တော်က အမျိုးသမီးတွေ ကိုယ်ပိုင်အလုပ်လုပ်ဖို့ကို အမြဲပြောလေ့ရှိသူပါ။ ဘာလို့ဆိုတော့ ကိုယ်ပိုင်အလုပ်လုပ်မှ ၀င်ငွေရှိမယ်၊ ယောကျာ်းအပေါ် လုံးလုံးလျားလျား မှီခိုနေစရာ မလိုတော့ဘူး။ တကယ်တော့ ယောကျာ်း ဖောက်ပြန်နေတာ သိသိကြီးနဲ့၊ ရိုက်နှက်နှိပ်စက်တာတွေ ရှိနေပါရက်နဲ့ ကိုယ့်မှာ သူ့ကို မှီခိုနေရလို့ မကွဲနိုင် မကွာနိုင်ဘူး၊ ကြိတ်မှိတ်ပေါင်းသင်းနေရတယ် ဆိုတာတွေက ၀င်ငွေမရှိလို့ ဖြစ်တာပါ။ နောက်ပြီး ကိုယ့်ယောကျာ်းက အဲ့လို မဟုတ်ပါဘူးဆိုရင်လည်း မတော်တဆ ဆုံးပါးသွားခဲ့ရင် မလုပ်တတ် မကိုင်တတ်နဲ့ ဒုက္ခပင်လယ်တွေ ဝေပြီး မကျန်ခဲ့ဖို့က ကိုယ့်မှာ ၀င်ငွေရှိနေဖို့ လိုပါတယ်။
ဒါပေမယ့် အဲ့လို ၀င်ငွေရှာနိုင်တော့မှပဲ ထက်မြက်တဲ့ အမျိုးသမီး ဖြစ်တာလား ဆိုတော့ မဟုတ်ပါဘူး။ အဲ့လိုသာ သတ်မှတ်ကြမယ်ဆိုလည်း ကျွန်တော်တို့ရဲ့ အမေတွေ၊ အဖွားတွေ အပါအ၀င် ကမ္ဘာပေါ်က မိခင်တွေ အများကြီးကို အထင်သေးလိုက်ရာ ရောက်မယ် ထင်ပါတယ်။
Patriarchy လို့ ခေါ်တဲ့ အမျိုးသား ကြီးစိုးတဲ့ ဝါဒမျိုး ရှိနေတော့ အိမ်အလုပ်၊ ကလေးပြုစုပျိုးထောင်တဲ့ အလုပ်ဆို မိန်းမတွေနဲ့ပဲ ဆိုင်တယ်လို့ သတ်မှတ်ထားကြတယ်။ ဒါကလည်း ပြောင်းလဲသင့်ပါတယ်။ အမျိုးသားတွေပါ ပူးပေါင်းပါဝင်လို့ ရတယ်။ ပါလည်း ပါသင့်တယ်လေ။ အိမ်အလုပ်လုပ်ဖို့၊ ကလေးထိန်းဖို့အတွက်က မိန်းမ ဖြစ်စရာမှ မလိုတာ။ အဲ့လို ကူနေတဲ့ အမျိုးသားတွေလည်း ရှိလာကြပါပြီ။
တစ်ဖက်ကလည်း ကျနော်တို့ ပြောင်းလဲသင့်တဲ့ အမြင်တစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ ပိုက်ဆံရတဲ့ အလုပ်ကိုမှပဲ အလုပ်လို့ ထင်နေတတ်ကြတာပါပဲ။ ခင်ဗျားမိန်းမ ဘာအလုပ်လုပ်လဲလို့ မေးလိုက်ရင် ကျွန်တော့်မိန်းမက ဘာအလုပ်မှ မလုပ်ဘူးလို့ပဲ ဖြေကြတာ။ တကယ်တော့ ဘာအလုပ်မှ မလုပ်ဘဲ အိမ်မှာ ထိုင်နေရတာမှ မဟုတ်ဘဲ။ အမေ ခရီးထွက်သွားတဲ့ ၃ ရက်လောက် အိမ်မှာ ဘယ်လိုတွေ ဖြစ်ကျန်နေခဲ့လဲ စဉ်းစားကြည့်လိုက်ရင် အိမ်ရှင်မတွေရဲ့ အခန်းကဏ္ဍကို လွယ်လွယ်ကူကူ သဘောပေါက်လိမ့်မယ်။
ဒီဆောင်းပါးက အဲ့လို Reproductive role ကို ယူထားကြတဲ့ အမျိုးသမီးတွေကို ရည်ရွယ်ပါတယ်။
ယောကျာ်းက ရှေ့တန်းတိုက်စစ်မှူးဆို မိန်းမက နောက်ကနေ သူ ဂိုးသွင်းနိုင်အောင် ပံ့ပိုးပေးနေသူသာ ဖြစ်တယ်။ ဘာအလုပ်မှ မလုပ်ဘဲ နေနေတာ မဟုတ်ဘူး။ တန်ဖိုး မရှိတာ မဟုတ်ဘူး။ ဘောလုံးပွဲမှာ အနိုင်ရရင် ဂိုးသွင်းသူကိုပဲ သတိရတတ်ကြသလို၊ မိသားစုတစ်စုရဲ့ အောင်မြင်မှုမှာလည်း နောက်ကွယ်က အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မေ့နေကြတာသာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ အခန်းကဏ္ဍဟာ ပိုက်ဆံတစ်ပြားမှ ရှာမပေးနိုင်ပေမယ့်လည်း သိပ်အရေးကြီးတယ်ဆိုတာကို အရင်ဆုံး သိစေချင်ပါတယ်။
အိမ်ထောင်မှု ထိန်းသိမ်း၊ ချက်ပြုတ်လျှော်ဖွပ်၊ ယောကျာ်းကို နောက်ကွယ်ကနေ ကူညီပေး စတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ တာ၀န်တွေအပြင် အရေးကြီးဆုံး တာ၀န်ကတော့ သားသမီးတွေနဲ့ ပတ်သက်တဲ့ မိခင်တာ၀န်ပဲ ဖြစ်ပါတယ်။ ယောကျာ်းက အပြင်ထွက်၊ အလုပ်လုပ်၊ စီးပွားရှာတဲ့ မိသားစုတွေမှာ သားသမီးနဲ့ တကယ်အထိအတွေ့များတာက မိခင်တွေပါ။ ဒါကြောင့် မိခင်တွေရဲ့ အရည်အချင်းက ပျိုးထောင်ခံလိုက်ရတဲ့ သားသမီးတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနေပါတယ်။ ဒီအတွက် ပရိုပီသတဲ့ မိခင်တွေ ဖြစ်ဖို့ လိုတယ် ဆိုပြီး သုံးနှုန်းလိုက်ရတာပါ။
ဒါဆို အရင်ဆုံး စဉ်းစားကြည့်ပါမယ်၊ Professional ဆိုတာ ဘာလဲ။ အသက်မွေး၀မ်းကျောင်း အလုပ်လုပ်နေသူလို့ အလွယ်ကူဆုံး အဓိပ္ပါယ်ဖွင့်ကြတယ်။ ကျွန်တော် ပိုပြီး သဘောကျမိတဲ့ ဖွင့်ဆိုချက်ကတော့ ပရော်ဖက်ရှင်နယ်တွေဆိုတာ သူ့အလုပ်ကိုသူ ကောင်းသထက်ကောင်းအောင်၊ သတ်မှတ်ထားတဲ့ Technical standard မီအောင် အစဉ်အမြဲ အားထုတ်နေသူ ဆိုတာပါပဲ။ ဆရာ၀န်ဘွဲ့ ရလိုက်တာနဲ့ ပရိုပီသတဲ့ ဆရာ၀န် မဖြစ်ဘူး။ သူ့အလုပ်သူ အကောင်းဆုံးဖြစ်အောင် လုပ်တယ်၊ သူ့ဆေးပညာနဲ့ ပတ်သက်ပြီး အစဉ်အမြဲ လေ့လာနေတယ်ဆိုမှ ပရိုပီသတယ်လို့ ခေါ်တယ်။
ဒါနဲ့ မိခင်ဘ၀နဲ့ကို ချိတ်ဆက်ကြည့်ရအောင်။ မိခင်အားလုံးမှာ အနှိုင်းမဲ့မေတ္တာဆိုတာ ရှိပြီးသားပါ။ သားသမီးတွေကို ကျွေးမွေးတယ်၊ စောင့်ရှောက်တယ်၊ အလိုလိုက်တယ်၊ ဖျားနာရင် တတ်သိသလောက် ပြုစုတယ်၊ ကျောင်းထားပေးတယ်၊ စာမေးလာတဲ့အခါ သိရင်သိသလို ဖြေပေးတယ်၊ ဆယ်ကျော်သက်အရွယ် ရောက်လာရင် မဖြစ်သင့်တာ မဖြစ်ရအောင် ခြောက်လှန့်ဆုံးမတယ်။ ဒါဆို သမားရိုးကျ မိခင်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။
ဒါဆို ပရိုပီသတဲ့ မိခင် ဆိုတာကျတော့ရော။ ချစ်တာတွေ၊ ကောင်းစေချင်တာတွေက အတူတူပဲ။ ဒါပေမယ့် သူကျတော့ ပညာတစ်ခု ပိုတိုးလာတယ်။
သူတို့တွေဟာ ကလေးနေထိုင်မကောင်း ဖြစ်ရင် ဟိုမေးဒီမေးနဲ့ ထင်ရာလျှောက်မလုပ်ဘူး။ မှန်ကန်တဲ့ ကျန်းမာရေးအသိတွေ ရှိနေအောင် ကြိုးစားထားတယ်။ သားသမီးကို နေရာတကာ အလိုမလိုက်ဘူး။ စည်းကမ်းနဲ့ နေတတ်အောင် လေ့ကျင့်ပေးတယ်၊ ကိုယ့်ကိုယ်ကိုယ် မညှာစေဘဲ စိတ်ပိုင်းဆိုင်ရာ မာကျောမှု (Strong mentality) ရှိအောင်ပဲ အားပေးတယ်။ စာမေးပွဲအမှတ်များမှ ဆိုပြီး စာတွေချည်း မကျက်ခိုင်းဘူး။ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်လာအောင်လည်း ပျိုးထောင်ပေးတယ်။ သူတို့ လိုရာကို ပုံမသွင်းဘူး။ သားသမီးဖြစ်ချင်တာကိုပဲ ပုံဖော်ပေးတယ်။ အရာအားလုံး လိုက်မလုပ်ပေးဘူး။ ကိုယ့်အားကိုယ်ကိုးတတ်အောင်ပဲ သင်ပေးတယ်။ ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့လည်း အံ၀င်ခွင်ကျ နေနိုင်အောင် ကြိုးစားတယ်။ ခေတ်လူငယ်တွေရဲ့ အခြေအနေကို သိအောင်လုပ်တယ်။ နားလည်ပေးတယ်။ သားသမီးကို ရှေးရိုးစွဲ အတွေးအခေါ်တွေနဲ့ မဆုံးမဘူး။ သားသမီးရဲ့ ရှေ့ရေးကို အမြဲထည့်စဉ်းစားတယ်။ ရေရှည်အမြော်အမြင် (Vision) ရှိတယ်။
ဟိုတလောက ကလေးအထူးကု ဆရာ၀န် အစ်မတစ်ယောက်က ကလေးတွေ မတော်တဆ ပစ္စည်းသေးသေးလေးတွေ မြိုချမိရင် ဘယ်လိုမျိုး အရေးပေါ်စောင့်ရှောက်မှု ပေးရမလဲ ဆိုတာကို သင်တန်းလေး လုပ်တယ်။ အဲဒီမှာဆို ကလေးမိဘတွေ၊ အထူးသဖြင့် အမေတွေ အများကြီးပဲ အချိန်ပေးပြီး လာတက်ကြတယ်။ ဆိုလိုတာက ဒီအတိုင်းပဲ အိမ်မှာထိုင်နေပြီး ကလေးတွေကို စောင့်ရှောက်နေတာ မဟုတ်ဘူး။ ဒီလိုပညာတွေကိုလည်း ဆည်းပူးနေတယ်။ ဒါသည် တစ်နည်းအားဖြင့် ပြောရရင် Lifelong learning လုပ်နေတာပဲ။ အလုပ်လုပ်နေသူတစ်ယောက် သူ့ရဲ့ Performance ပိုတက်လာဖို့ သင်တန်းတစ်ခု သွားတက်တာနဲ့ အတူတူပဲ။
ကျွန်တော် ပြောချင်တဲ့ ပရိုပီသတဲ့ မိခင်တွေ ဆိုတာ အဲ့လိုမျိုး မိခင်တွေကို ခေါ်တာပါ။ ၀င်ငွေတော့ မရပေမယ့် မိခင်ဘ၀၊ ကလေးပြုစုပျိုးထောင်ခြင်း ဆိုတာကို သမားရိုးကျ မဟုတ်ဘဲ ရလဒ်ထွက်အောင် ထိထိရောက်ရောက်နဲ့ အကောင်းဆုံး လုပ်နေကြသူတွေဟာ ပရိုပီသတဲ့ မိခင်တွေပါပဲ။
အဲ့လိုမျိုး မိခင်ဘ၀ကို အလုပ်တစ်ခုလို သဘောထားပြီး စနစ်တကျ လုပ်နေတဲ့အတွက် ‘ဒီအတိုင်း အိမ်အလုပ်ပဲ လုပ်နေတာပါ၊ မိသားစုမှာ ဘာ၀င်ငွေမှလည်း မရှိပါဘူး၊ ယောကျာ်းအပေါ် မှီခိုနေရတာပဲ’ ဆိုတဲ့ အတွေးမျိုးတွေ မရှိတော့ဘူး။ ‘ကလေးကို ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို အကောင်းဆုံး လုပ်နေတယ်၊ မိသားစုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်နေတယ်’ ဆိုတဲ့ ခံစားချက်မျိုးတွေ ရှိလာတယ်။ ရလဒ်အနေနဲ့ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ မြင့်လာတယ်။ Personality တက်လာတယ်။ မျက်လုံးအရောင်တွေ ပြောင်းလာတယ်။ လူတွေက ပိုလှလာတယ်၊ ပိုကြည့်ကောင်းလာတယ်။ ဒါကြောင့် အိမ်မှာပဲ အလုပ်တွေ တကုပ်ကုပ်လုပ် ကျန်နေခဲ့ရတဲ့ အမျိုးသမီးတိုင်းကို သမားရိုးကျ အနေအထားမှာတင် ရပ်မနေဘဲ အဲ့လို ပရိုပီသတဲ့ မိခင်တွေ၊ အိမ်ရှင်မတွေ ဖြစ်လာစေချင်ပါတယ်။
ဒီဘက်ခေတ် နောက်ပိုင်းမှာဆို လင်ယောကျာ်း ဆုံးပါးသွားလို့ဖြစ်ဖြစ်၊ ဖောက်ပြန်ပြီး ကွဲသွားလို့ဖြစ်ဖြစ်၊ သားသမီးတွေကို မိခင်တစ်ယောက်တည်းနဲ့ ပြုစုပျိုးထောင်နေရတာတွေ တွေ့လာရပါတယ်။ အဲ့လို Single mother တွေဆိုရင် ပိုက်ဆံလည်း ရှာရတယ်။ သားသမီးကို ပြုစုပျိုးထောင်ရတယ်၊ သူတို့လေးတွေ စိတ်ဓါတ်ကျမသွားအောင် ကိုယ်က ရှေ့ဆောင်လမ်းပြအနေနဲ့ ခိုင်မာပြရတယ်။ ငွေရှာတာရော၊ အိမ်ထောင်မှု ထိန်းသိမ်းတာရော နှစ်ဖက်စလုံးကို မလစ်ဟင်းအောင် လုပ်နေကြတယ်။ ဒီကြားထဲ ပတ်၀န်းကျင်ရဲ့ အထင်သေးမှုတွေကိုလည်း အံတုရသေးတယ်။ ဒါကြောင့်လည်း သိပ်လေးစားစရာကောင်းတဲ့ မိခင်တွေ ဖြစ်နေတာပါ။
သားသမီးဆိုတာ မိဘဆိုတဲ့ စက်ရုံက ထုတ်လုပ်ပြီး လောကကြီးထဲကို တင်သွင်းလိုက်တဲ့ ကုန်ပစ္စည်းတွေလို့ မြင်ယောင်ကြည့်လိုက်ပါ။ စိတ်ဒဏ်ရာ တပွေ့တပိုက်နဲ့ လူတွေ၊ အငုံ့စိတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ လူတွေ၊ ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ခြင်း မခံခဲ့ရလို့ ဆိုးသွမ်းနေတဲ့ လူတွေ ဘယ်က ရောက်လာပါသလဲ။ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားသူတွေ၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးမှိုင်းတွေမိပြီး အသေခံဗုံးခွဲ တိုက်ခိုက်နေသူတွေရော ဘယ်ကနေ ရောက်လာတယ်လို့ ထင်ပါသလဲ။
မိဘတွေကပဲ လူ့လောကကြီးဆီ တင်သွင်းလိုက်တာပါ။
ဒါဆို ဗိုလ်ချုပ်အောင်ဆန်း၊ ဂန္ဒီ၊ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် စတဲ့ စတဲ့ လူမှုပတ်၀န်းကျင်ကို အကျိုးပြုခဲ့၊ အကျိုးပြုနေသူတွေကိုရော ဘယ်သူက တင်သွင်းခဲ့ပြန်တာလဲ။
မိဘတွေကပဲ တင်သွင်းခဲ့တာပါပဲ။
ဒီလောက်ဆို မိဘရဲ့ အုပ်ထိန်းမှု၊ ပျိုးထောင်မှု၊ အထူးသဖြင့် မိခင်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို သိနိုင်မယ် ထင်ပါတယ်။
ရုတ်တရက်ကြည့်လိုက်ရင် အိမ်မှာနေတဲ့ အိမ်ရှင်မတစ်ယောက်၊ အပြင်အလုပ်မလုပ် ငွေမရှာတဲ့ မိခင်တစ်ယောက်ဟာ တိုင်းပြည်အတွက်၊ လူ့ပတ်၀န်းကျင်အတွက် ဘာမှအကျိုးပြုမနေဘူးလို့ ထင်ချင်စရာ ရှိပါတယ်။ ဒါပေမယ့် အရည်အချင်းပြည့်၀တဲ့ မိခင်တစ်ယောက်ဟာ ကိုယ်တိုင်တော့ မဟုတ်ပေမယ့် လူမှုပတ်၀န်းကျင်အတွက် တန်ဖိုးရှိတဲ့ သားသမီးတွေကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် လောကကြီးကို သွယ်ဝိုက်အကျိုးပြုနေတယ် ဆိုတာလေး သိစေချင်ပါတယ်။
ဒါကြောင့် ဒီဆောင်းပါးကို ပြင်သစ်စစ်ဗိုလ်ချုပ် နပိုလီယံ ဘိုနာပတ်ရဲ့ အဆိုအမိန့်တစ်ခုနဲ့ အဆုံးသတ်လိုက်ပါရစေ။
“Give me an educated mother, I shall promise you the birth of a civilized, educated nation.”
“ပညာတတ်မိခင်တွေပဲ ကျုပ်ကို ပေးပါ၊ ဖွံ့ဖြိုးတိုးတက်ပြီး ပညာတတ်တွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုကို ကျုပ်က ပြန်ပေးပါမယ်”
ဒေါက်တာ ဖြိုးသီဟ
(၂.၂.၂၀၁၉ ထုတ် Voice Weekly ပါ ဆောင်းပါး)