Nature diary

Nature diary

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nature diary, Blogger, .

23/10/2023

ဇီယာရွက်

ဇီယာစေ့ကိုတော့ တော်တော်များများမြင်ဖူးကြမယ်ထင်တယ်နော်
ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လဲ သုံးကြတာကိုး…
ဇီယာရွက်ကိုတော့ ကျွန်မလဲ ခုမမြင်ဖူးတာရှင့်
အစပ်စားပြီး ဒီအရွက်စားတာနဲ့ အစပ်ပြေတယ်လို့တော့ပြောကြတာပဲ တခါမှတော့မစားဖူးသေးဘူးရှင်
အိမ်နားကခြံမှာ အပင်ပေါက်တွေ အုံခဲနေတာနဲ့ မျိုးတောင်းလာပြီး အိမ်ရှေ့ စိုက်ထားလိုက်တယ်🥰

21/03/2022

ရာသီပေါ်လေး လုပ်စားဖြစ်

Photos from Myaing Nature Home Cooking's post 12/12/2021

ပန်းလေးတွေပွင့်တော့မယ်🥰

29/11/2021

မုန့်ကျွဲသဲ
ငယ်ငယ်က ကျောင်းမှာဝယ်စားရင် ငှက်ပျောဖက်လေးတွေနဲ့ ထည့်ပေးတာလေးသတိရမိတယ်

Photos from Myaing Nature Home Cooking's post 11/07/2021

ထောပတ်ကိတ်
ဒီနေ့လုပ်ဖြစ်တာလေး ..
ကိုယ်လုပ်ချင်တာလေးတွေ လုပ်ပီးနေတော့မယ်လို့ တွေးထားတယ် လူ့ဘဝကြီးက အဆင်မပြေတာတွေများနေတော့ စိတ်ပျော်ရာလေးတွေပဲ လုပ်ဖြစ်တော့တယ်

Photos from Myaing Nature Home Cooking's post 06/07/2021

ယနေ့ ပီဇာ
ပီဇာကို ပထမဆုံးအကြိမ်လုပ်ဖူးတာ
အောက်ခံဗန်းမရှိတော့ ဒန်အိုးအဖုံးနဲ့ လုပ်လိုက်တယ် 😂

Photos from Myaing Nature Home Cooking's post 01/07/2021

လတ်လတ်ဆတ်ဆတ် အသီးအနှံလေးတွေစားလို့ရအောင် ခြံထဲမှာ အပင်တော်တော်များများစိုက်ပေးခဲ့တဲ့ အဖေနဲ့အမေကို အရင်ဆုံး ကျေးဇူးတင်ပါတယ်🙏🙏🙏

ဒီနှစ်နာနတ်သီးက တော်တော်သေးတယ် အရင်ကဆို အကြီးကြီးတွေ အရင်ကသကြား (သို့) ပျားရည်ဆမ်းစားရတယ် အခုအသီးက သကြားဖြူးစားစရာမလိုဘူး ချိုရဲနေတာပဲ အမေအရမ်းကြိုက်တာ

မှတ်မိပါသေးတယ် ဟိုး...နှစ်က နာနတ်သီးတွေအများကြီးထဲကမှ တလုံးထဲ အရမ်းကြီးပြီး အလုံးကလဲ အရမ်းလှတာ အဲဒါအမေက "အဲဒါ သူ့အသီီးတဲ့ သူတယောက်ထဲစားမှာ ကျန်တာနင်တို့စားပေါ့ 😁 အဲအသီးလဲ ခွဲလိုက်ရော ချဉ်တူးနေတာပဲ 🤣 🤣🤣 အမေ တစ်စိတ်ကုန်အောင်မစားနိုင်ဘူး 🤣

Photos from Myaing Nature Home Cooking's post 29/06/2021

ဂျုံယို အရမ်းသောက်ချင်နေတာနဲ့ နယ်မှာရှိတဲ့ အမဆီကို လှမ်းမှာရတယ် သူကသကြားနဲ့ဖြစ်ဖြစ် ထန်းလျက်နဲ့ဖြစ်ဖြစ် ကျိုသောက်လို့ရတယ် ကန်းစွန်းဥ၊ အာလူး၊ သာကူစေ့ထည့်ကျိုရင်ပိုအရသာရှိပြီး စိမ့်နေတာပဲ ကိုယ်ကတော့ ဂျုံသီးသန့်သောက်ချင်တာနဲ့ သာကူလေးနဲနဲပဲထည့်ပီးကျိုလိုက်တယ်

Photos from Myaing Nature Home Cooking's post 28/06/2021

အပွင့် ပွင့်တဲ့အချိန်ကနေ အသီးမှည့်တဲ့အချိန်ထိ တရက်မပျက်ခဲ့ဘူး တစိမ့်စိမ့်ကြည့်ပီးကြည်နူးနေရတာ 😘 ခြံထဲကထွက်တဲ့အသီးက ဈေးမှာဝယ်စားတဲ့အသီးထက် ပိုလက်ဆက်ပီး ပိုချိုတယ်

ကြက်မောက်သီး

Photos from Myaing Nature Home Cooking's post 04/06/2021

သရက်သီးအမှည့်တွေ အလေအလွင့်မဖြစ်အောင်လို့ ဒီနေ့သရက်ပျဉ် လုပ်ဖြစ်တယ် video fileကတော့ အခုလောလောဆယ်နားထားပါအုံးမယ်နော်😊😊😊

Photos from Myaing Nature Home Cooking's post 17/05/2021

ဒီနှစ်ကြက်မောက်သီးလေးတွေ မနှစ်ကထက်ပိုသီးတယ်🥰

Photos from Myaing Nature Home Cooking's post 09/05/2021

ဒီနေ့ မိုး၊လေ အရမ်းပြင်းတော့ အပင်ပေါ်က အသီးတွေလဲကြွေကျကုန်ပီ 🥭

Photos from Myaing Nature Home Cooking's post 22/01/2021

မုန့်ညှင်းထုပ်/ ဆလပ်/ မုန်လာဥနီ တွေအများကြီးပဲ စားလို့မကုန်ဘူး ဘာလုပ်ရပါ့☺️

12/01/2021

ဆောင်းနှင်းဝေတဲ့ မနက်ခင်းဝယ် 🎶🎶🎶🎶
Nature Home Cooking

10/01/2021

Website