Wanna Share

Wanna Share

ကိုယ်လေ့လာသင်ယူခဲ့သမျှပြန်လည်မျှဝ?

Photos from Wanna Share's post 15/08/2021

Melon bun ☺️🍞🥯🫓

Photos from Wanna Share's post 14/08/2021

Easy home made Banana 🍌 bread 🍞😋

80 g sugar
112 g butter
2 eggs
3 ripe bananas / smashed it
1 tablespoon of milk
1 teaspoon of baking soda
1 teaspoon of baking powder
240 g plain flour
1 teaspoon of salt
Bake 160°© for 45 minutes 🕑
တကယ်လို့ Oven မရှိပါက ထမင်းပေါင်းအိုးနဲ့ ဖုတ်လို့ရတယ်နော် ရိုးရိုးထမင်းပေါင်းအိုးနဲ့ဖုတ်ရင် မကျက်မချင်း ၂ ခါချက်ရပါမယ် ကျက်မကျက်သိနည်းကို တူတစ်ချောင်းယူပြီးမုန့်သားရဲ့အလည်တည့်တည့်ကိုထိုးထည့်မုန့်သားမကပ်နေတော့ရင်ကျက်ပါပြီနော်

Functions ပါတဲ့ပေါင်းအိုးနဲ့ဖုတ်ရင်ပေါင်အိုးမှာမိနစ်တွေပါထားပြီးသားပါ လွယ်လွယ်လေးမို့လုပ်စားကြည့်ပါနော် 😄🍌🥖🍞

Photos from Wanna Share's post 13/08/2021

Moon 🌜 cake 🍰 ☺️ ပထမဆုံးအကြိမ်စမ်းလုပ်ကြည့်တာ Filling ကလွယ်ပေမယ့် snow skin ကြလုပ်ရတာလွယ်တယ်ထင်ပေမယ့်တအားခက်တယ်ရှင့် အရမ်းပျော့တဲ့ကောက်ညှင်းနဲ့ဆိုအဆင်မပြေဘူးရယ် ဘာဘဲဖြစ်ဖြစ်သိရပြီပေါ့ မကျေနပ်သေးဘူးထပ်လုပ်ဦးမယ် 😁☺️🤩😋🍥🥮

13/08/2021

Milk bread 🍞လုပ်နည်းလေးပါရှင်
1 cup warm milk 🥛
1 egg
3 tbsp sugar (45) g
1 TSP salt
3 cup purpose flour / plain flour (375g)
2 TSP yeast
1/4 cup unsaltedbutter (55g)
Total times 2hrs &10 minutes 🕑
အိမ်မှာနေပြီး ပေါင်မုန့်လေးတွေလုပ်စားကြမယ်နော်
Step (1) milk+egg+sugar+salt whisk သကြားတွေပျော်သွားတဲ့အထိမွှေပါ
Step(2) flour + yeast ထည့်ပါ
Step (3) ဂျုံသားထဲကိုbutter ထည့်ပြီးလက်ဖြင့်ဂျုံးမကပ်တော့အထိနှယ်ပြီး ၁ နာရီနဲ့ မိနစ် ၃၀ အပွခံထားပေးပါ
Step (4) ဂျုံသားပွလာပါကဂျုံသားထဲကခိုနေတဲ့လေတွေထွက်အောင်လက်သီးဖြင့်ဖိပြီးထိုးပါ ပြီးရင်ဂျုံသာူလုံးထုတ်ပြီးဂျုံမှုန့်နည်းနည်းဖြူး ၁ မိနစ်လောက်နှိနှယ်ပေးပြီးအပိုင်းပိုင်း ပြီးရင် အလုံးလေးတွေလုံးပြီး ပါဝါဖြင့် (၁၀) မိနစ်လောက်အနားပေး
Step (5) ၁၀ မိနစ်ပြည့်ပါ ဂျုံသားလုံးတွေကို လက်ဖိနှစ်ဖြင့်အရှည်လှိမ့်ပြီး 8×inchလက်မှ‌တ်အရှည်မုန့်ဖုတ်ခွက်ထဲကိုထည့်ပြီး နောက်ထပ် မိနစ် (၃၀) လောက်အပွခံထားပေးပါ မုန့်သားအပွခံထားစဉ် Preheat oven 180°©အပူပေးထားပါ
Step (6) မုန့်သားတွေပွလာပါ နွားနို့နည်းနည်းဖြင့်မုန့်သားပေါ်သုပ်လိမ်းပြီးရင် Oven ထဲစဖုတ်လို့ရပါပြီ မိနစ် ၂၀-၂၅ ထိဖုတ်ပါ ပေါင်မုနိ့ရဲ့အောက်သားရွှေဝါရောင်ဖြစ်လာရင်ပေါင်မုန့်ကြက်ပါပြီနော် တချို့ oven ကမီးအားပျင်းတဲ့အတွက်ကြောင့် ၂၂ မိနစ်နဲ့ဖုတ်ရင်ကျက်ပါတယ် သေသေချာချာမရှင်းပြတတ်လို့ video ကိကြည့်ပေးပါနော် ကျေးဇူးတင်ပါတယ်🙏😍🤩

Photos from Wanna Share's post 12/08/2021

Breakfast 🥐😋

ကိုယ်တိုင်လုပ်ထားတဲ့ Pineapple 🍍 jam လေးကို black cold tea နဲ့ Honey 🍯တစ်ဇွန်း‌ထည့်ဖျော်ရည်လုပ်သောက် ပြီးတော့ Jam ကိုcream cheese 🧀လေးနဲ့ sandwich 🥪လုပ်စား
Yummy 😺😋

Pineapple jam 🍍🥃
Pineapple 🍍 Honey 🍯 black tea 🍵
Pineapple 🍍 cream cheese 🧀 sandwich 🥪

" SARAH" 👉🧑‍🍳👈

Photos from Wanna Share's post 11/08/2021

ကိုယ်လုပ်ထားတဲ့ Kimchi လေးနဲ့ Kimchi 🌶️ထမင်းသုပ်လေးလုပ်စားဖြစ် ရေညှိပါနည်းနည်းလေးထည့်သုပ်လိုက်တော့ရှယ်ဖြစ်သွားရော စားလို့အရမ်းကောင်း😋🍎🥕🥬🥒🌶️

Photos from Wanna Share's post 11/08/2021

ထမင်းမစားချင်တဲ့ရက်တွေဆို ဒါလေးလုပ်စားဖြစ်တယ် plain bun ဆိုပေမယ့်ဒီအတိုင်းစားလည်းအရသာရှိတယ်နော် plain bun ကို ၂ခြမ်းခွဲပြီးအလယ်မှာ peanut butter or jam တွေနဲ့သုပ်ပြီး breakfast 🥐အဖြင့်စားမလား ဒါမှမဟုတ် အသားဟင်းတွေနဲ့တွဲပြီးစားမလားလုပ်စားလို့ရတယ်နော် 😍😋😍
လုပ်နည်း
plain flour 445 g
Sugar 1 tablespoon
Dry Yeast 1 teaspoon
Water 260 g တို့ပဲဖြစ်ပါတယ်
အရင်ဆုံး ရစ်နဲ့သကြားကိုရေနဲ့ဖျော်ပြီး 🕛1 မိနစ်လောက်ထားပြီးရင် ဂျုံမှုန့်ထဲကိုနည်းနည်းစီရေထည့်ပြီးဂျုံသားကိုလက်ဖ‌ေနှာက်နဲ့နာနာ‌ေလးနဲ့မိနစ်🕓 20လောက်နှယ်ပေးပါ လက်ပေါ်ဂျုံသားတွေမကပ်တော့တဲ့အထိနှယ်ပြီးရင်ပါဝါလေးနဲ့အုပ်ပြီး (2) 🕑နာရီလောက်အပွခံထားပေးပါ 2 နာရီပြည့်ပါကပွလာသောဂျုံသားရဲ့အလယ်တည့်တည့်ကိုလက်နဲ့ဖိအတွင်းကလေတွေထွက်သွားအောင်လို့ ပြီးတော့ အခင်းပေါ်တွင်ဂျုံမှုန့်ထမင်းစားဇွန်း 2 ဇွန်းနဲ့soda powderလက်ဘက်ရည်ဇွန်း1 ဇွန်းနဲ့ရောပြီးဂျုံသားကို အဲ့ဂျုံမှုန့်ဆော်ဒါနဲ့ 5 🕜မိနစ်လောက်နှံ့အောင်နှယ်ပြီးပါ၀ါ‌ေလးနဲ့အဖုံးအုပ်10 မိနှစ်လောက်အပွပြန်ခံ🕑 10 မိနစ်ပြည့်ပြီဆိုရင် 2 မိနစ်လောက်ဂျံုသားကိုထပ်နှယ် မိမိလိုချင်သောပုံစံအပိုင်လှီးပြီးလုံး လုံးပြီးသားသောဂျုံလုံးများကို နောက်ထပ် 10 🕝မိနစ်လောက်ပါဝါလေးနဲ့အုပ်ပြီး မီးအနေတော်ဖြင့် 12🕙 မိနစ်လောက်ပေါင်းပေးရင် ဒီလိုဖြူဖြူဖွေးဖွေးလေးနဲ့အရသာရှိသော plain bunsကိုရလာမှာပါနော် သတိ မီးပျင်းရင်ဂျုံလုံးလေးတွေကျုံ့ပြီးမလှတော့ဘူးနော် စာအရေးသားမတတ်တာကြောင့်အမှားပါရင်နားလည်ပေးပါရှင့် ကျေးဇူးတင်ပါတယ် အားလုံးကျန်းမာချမ်းသာကြပါစေ🙏😘🙏

Photos from Wanna Share's post 11/08/2021

မင်္ဂလာပါရှင် တနေ့ကချစ်အဲလုပ်ခဲ့တဲ့ကင်ချီလုပ်နည်းပြောပြပေးမယ်နော် ပါ၀င်ပစ္စည်းများကတော့

Chinese cabbage 🥬အရွယ်တော်တစ်လုံး
Japanese cucumber 🥒အရွယ်တော်တစ်လုံး
Carrots 🥕အရွယ်တော်တလုံး
Sauce လုပ်ဖို့အတွက် ပန်းသီးတစ်လုံး🍎
ဂျင်း/ကြက်သွန်ဖြူ နှုတ်နှုတ်စင်း
Korean chilly 🌶️ powder ထမင်းစားဇွန်း ၄ ဇွန်း
Korean chilli paste ထမင်းစားဇွန်း ၂ ဇွန်း
ဆား အနည်းငယ်
Fish sauce အနည်းငယ်
Korean light sauce အနည်းငယ်
သကြားအနည်းငယ်
Vinegar အနည်းငယ်တို့ပဲဖြစ်ပါတယ် ချစ်အဲအရင်က kimchi sauce တွေလုပ်ရင်အမြဲ ဂျင်း ကြက်သွန်ဖြူ🧄ကိုကြိတ်ပြီးလုပ်တယ် ပြီးတော့ဂျုံမှုန့်ကိုအရည်ကြိုအအေးခံပြီး sauceတွေနဲ့ရောနှယ်တယ် ဒါပေမယ့်အရသာမသိပ်မကြိုက်လို့ ဒီတစ်ခါ ကြက်သွန်တွေမကြိတ်အရည်တွေမကျိုတော့ဘဲဒီအတိုင်းနှုတ်နှုတ်စင်းပြီးsauceလုပ်တာအရသာကြိုက်တယ်ရှင့် အဲ့တော့ Chinese cabbage သခွားသီး မုနိလာဥနီတို့ကိုရေနဲ့သေချာဆေးပြီးတရွက်ချင်းစီအရည်တွေခါချလိုက်ပါ ပြီးရင်ဆားထမင်းစားဇွန်း ၄ လောက်နဲ့cabbageတွေကိုသမအောင်နှယ်ပြီး ၅ နာရီလောက်သိမ့်ထားပါ ၅ နာရီပြည့်ရင်အရည်တွေညှစ်ထုတ်ပြီး ကြက်သွန်ဖြူဂျင်း ပါ၀င်ပစ္စည်းများကိုထည့်နှယ်ပြီး Cling wrap နဲ့ အပြင်မှာ ၂ ရက်လောက်အချဉ်ဖောက်ပေးပြီးပါကလှပပြီးအရသာရှိတဲ့ Kimchi 🌶️လေးသုံးဆောင်လို့ရပါပြီနော် 😍😋😍🥒🥬🥕🍎🧄🌶️🍗🥩🍾

Photos from Wanna Share's post 10/08/2021

မင်္ဂလာပါရှင် ဒီနေ့ကတော့ ချစ်အဲက အိမ်မှာဖက်ထုပ်အလွယ်တကူလုပ်စားလို့ရတဲ့နည်းလေးမျှဝေပေးမယ်နော် 😍🥟🥟🥟🥟🥟🥟🥟🥟🥟🥟🥟🥟🥟🥟

ရိုးရိုးဂျုံမှုန့် plainflour 3 cups
သာမန်ရေ room temperature 1 1/2 cups တစ်ခွက်နဲ့တစ်၀က် မှတ်ချက်ရေပိုထည့်ရင်ဂျုံသားပျော့ပြီးဖက်ထုပ်ခေါက်တဲ့အခါအဆင်မပြေဘူးနော်☺️

ဖက်ထုပ်အစာသွပ်ကမိမိနှစ်သက်ရာအသားငါးအရွက်တွေနဲ့ထည့်ပါ ချစ်အဲက အိမ်မှာရှိတဲ့ပဲသီးရှည်🥒 ကြက်သား🐓 မုန်ညှင်းရွက် 🥬တို့ကိုနှုတ်နှုတ်စင်းပြီး မပါမဖြစ်ဖြစ်တဲ့ ကြက်သွန်ဖြူ 🧄ဂျင်းနှုတ်နှုတ်စင်း🥜 ငြုပ်ကောင်းမှုန့်အဖြူ ခရုဆီ နှမ်းဆီ ဆားတို့ဖြင့်နည်ပြီးသိမ့်ထားပါ လုပ်နည်းကိုပုံအောက်မှာဆက်ကြည့်ပေးပါနော်👇

Photos from Wanna Share's post 02/06/2021

ကြွေဖက်ထုပ်လေးလုပ်စားဖြစ်

နောက်ခါရှင်းရှင်းလင်းလင်းနဲ့လုပ်ရလွယ်ကူအောင် video လေးနဲ့ရိုက်ပြပေးမယ်နော် ကော်မှုန့် ၂ မျိုးထဲရှိရုံနဲ့လုပ်လို့ရပြီရှင့် 😁😋

Photos from Wanna Share's post 19/04/2021

သက်ြန်ပွဲမဆင်နွှဲရပေမယ့် သက်ြန်ထမင်းနဲ့မုန့်လုံးရေပေါ်လေးတော့လုပ်စားဖြစ်တယ်ရှင့်😊

Photos from Wanna Share's post 03/04/2021

မင်္ဂလာပါချစ်တို့ရေ နိုင်ငံရေးအခြေနေကြောင့်နဲ့ ပို့စ်တွေမတင်ဖြစ်တာလည်းကြာပါပြီ 😔

ဒီနေ့နားရက်မှာအချိန်ရလို့ အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ အသားလွတ်ပေါက်ဆီလုပ်နည်း‌ေလးကိုပြောပြသွားမယ်နော် ။ plain bun ဆိုပေမယ့် ဒီအတိုင်းစားလည်းအရသာရှိတယ်နော် 😋အရင်တုန်းကတစ်ချို့ပိုစ့်တွေမှာဖတ်ဖူးတယ်ပေါက်ဆီလုပ်တာဘာကြောင့်ချဉ်နံ့ထွက်ရတာလဲ ဘာကြောင့်မပွလာဝာလဲ ဘာကြောင့်မဖြူတာလဲစသဖြင့်တွေ့ဖူးပါတယ် ။အဲတော့ချစ်အဲလေ့လာသင်ယူထားတဲ့လုပ်နည်းလေးနဲ့ပြောပြပေးမယ်နော်။
Warm milk 1/2 cup
Warm water 1/3 cup
Dry yeast 1 tbsp
Sugar 1 tbsp
Plain flour. 2 1/2 cups
Sugar. 1 tbsp
Salt. 1/4 TSP
တို့ပဲဖြစ်ပါတယ် ။ အရင်ဦးဆုံး ရေနွးနွေးနဲ့နွားနို့နွေးနွေးလေးထဲကို သကြားနဲ့ အစ်စ်တို့ကိုမွှေထည့်ပြဏ္ဌိ ၅ မိနစ်လောက်ထားပေးပါ ရေနဲ့နွားနို့ကအရမ်းကြီးမပူရဘူးနော်❗❌ ပြီးရင် ဂျုံထဲကို သကြားနဲ့ဆားထည့်ပြီး ခုနကနွားနို့နဲ့ရေကို ဂျုံမှုန့်ထဲလောင်းထည့်ပါ အားလုံးထည့်ပြီးသွားပြီဆိုရင် လက်ဖိနောက်နာနာနဲ့ မိနစ် ၂၀ လောက်သမအောင်နယ်ပေးပြီး အဖုံးဖုံးကာ( ၂) နာရီလောက်အပွခံထားပေးပါ
(၂) နာရီပြည့်ပြီဆိုရင် မိမိနှစ်သက်သောပုံစံဖြင့်စတင်ပြုလုပ်လို့ရပါပြီ တကယ်လို့မိမိက ရိုးရိုးအဝိုးလေး burger 🍔 လိုမျိုးပုံစံလုပ်ရင် ဂျုံသားထဲ ဆီသုတ်စကာမလိုပါဘူး ❌ ဒါပေမယ့် ချစ်အဲလိုမျိုးလုပ်မယ်ဆိုရင် အရင်ဦးဆုံးဂျုံသားတစ်လုံးစာယူ ကြီးသေး မိမိပေါ်မှာမူတည်❗ ပြီးရင်ဒလှိမ့်တုံးဖြင့်အပြားလှိမ့် ဆီလေးနည်းနည်းသုတ်လိမ်းပေးပြီးခေါက် လေးနဲ့တစ်ချက်လောက်ပြန်ဖိလှိမ့်ပေးပြီးရင်ရပါပြီ ဆီသုတ်တယ်ဆိုတာကလည်းမကပ်အောင်လို့ပါနော်❗ပြီးရင် မိနစ်(၃၀) လောက်ပုဝါလေးနဲ့အုပ်ပြီးတစ်ဖန်အပွပြန်ထားပေးပါ ။ မိနစ် (၃၀) ပြည့်သွားပြိဆိုရင် 🔥ဆူနေသောရေပူအိုးထဲတွင် မီးအနည်းငယ်ဖြင့် (၁၀) မိနစ်လောက်ပေါင်းပေးရင်သုံးဆောင်လို့ရပါပြီနော် သတိ 🔥မီးပျင်းပါကဂျုံမှုန့်လုံးလေးတွေခြိုက်ပြီးမလှတော့ဘူးနော် ဆောရီးပါအရေးသားများမှားပါကလည်းနားလည်ပေးကြပါလို့ 🤩 အားလုံးဘေးရန်ကင်းကြပါ‌စေ🙏 အရေးတော်ပုံအောင်ရမည်💪✊✌️☝️

Photos from Wanna Share's post 30/01/2021

မင်္ဂလာပါရှင် ဒီ‌နေ့တော့ အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ မုန်လာဥဖြူရိုးရိုးကင်ချီလေး လုပ်နည်းကိုပြော့ပေးမယ်နော်🥗
ဒီမုန်လာဥဖြူကင်ချီလေးက အစပ်မစားနိုင်တဲ့သူတွေ ကလေးလူကြီးမရွေးကြိုက်နှစ်သက်မည့်ကင်ချီလေးပါ လေးကကိုက်လိုက်ရင်အသံပါမြည်ပြီး ကလပကလပ်နဲ့ 😂အရသာကဘယ်တော့မှမရိုးသွားနိုင်အရသာမျိုး 😋☺️🥙
ဒီကင်ချီလေးကို ခေါက်ဆွဲပြုတ်ပူပူနဲ့စားမလား 🍜ဒါမှမဟုတ် ထမင်းနဲ့🍱🍙တွဲစားနိုင်သလို 🍣ဆူရှီထမင်းလှိမ့်ထဲထည့်လှိမ့်ပြီးစားလိုက်ရင်အရမ်းအရသာရှိတာနော် ချစ်အဲတော့အရမ်းကြိုက်တယ်ရှင့်😁
လုပ်နည်းကလည်းလွယ်လွယ်လေးပါ
မုန်လာဥဖြူလုံးကြီး ၁ လုံး ချစ်အဲကထပ်ခ့ထပ်ခါမလုပ်ချင်လို့ 1 kg လောက်ရှိတဲ့မုန်လာဥဖြူကို၀ယ်လိုက်တယ်
ဆား ထမင်းစားဇွန်း 2 ဇွန်း မုန်လာဥဖြူဆားသိပ်ရန်အတွက်ပါ
သကြား ထမင်းစားဇွန်း 2 ဇွန်း
Vinegar ထမင်းစားဇွန်း 2 ဇွန်း တို့ပဲဖြစ်ပါတယ်
အချိုအပေါ့ကြတော့မိမိကြိုက်နှစ်သက်သလိုထည့်ပါ
အရင်ဦးဆုံး မုန်လာဥဖြူကိုသန့်စင်အောင်ဆေးကြောပြီး မိမိနှစ်သက်အရာ အခြမ်းကြီး/သေး ပါးပါးလေးလှီးပါ ပုံမှာချစ်အဲက ချောင်းလေးပုံစံမျိုးမထူမပါးလေးလှီးထားပါတယ် ပထမပုံမှာက အခြမ်းပုံစံနဲ့ပါးပါးလေးလှီးထားပါတယ် အားလုံးလှီးပြီးရင်ဆားနဲ့‌ေကာင်း‌ေကာင်းနယ်ပြီးခြောက်သွေ့တဲ့ airtight containerထဲကိုထည့် ရေခဲသေတ္တာထဲတွင်တစ်ညသိပ်ထားပေးပါ ။ ဒုတိယနေ့မှာတော့ ရေခဲသေတ္တာထဲက‌နေထုတ်ပြီး ဆားအရည်တွေကိုညှစ်ထုတ်ပေးပါ တစ်ခုသိထားရမှာက ကင်ချီလေးကိုမထိခင်လက်ကိုခြောက်သွေ့သန့်စင်‌ဖြစ်‌‌ေနရမယ်နော် ဆားအရည်တွေအကုန်ညစ်ထုတ်ပြီးရင် သကြားနဲ့ ရှာလကာရည်ထည့်နယ်ပြီး သုံးဆောင်လို့ရပါပြီရှင် ။ ကင်ချီကို ခြောက်သွေ့တဲ့ဇွန်း ခရင်း တူချောင်းတို့ဖြင့်နိုက်ယူပါနော် လက်နဲ့နိုက်ယူရင် တာရှည်မခံတဲ့အပြင်အရသာလညမြန်မြန်ပျက်စီးသွားတတ်လို့ပါ စာအဆုံးထိဖတ်ပေးလို့ကျေးဇူးပါ အပမ်းမကြီးလို့လုပ်စားကြည့်ကြပါလို့တိုက်တွန်းပါရ‌စေ🥰

Photos from Wanna Share's post 29/01/2021

မနေ့ကချက်ထားတဲ့ Indian restaurant style chicken korma 🐓🐔 အဲ့ full cream ကိုတော့ သိပ်မကြိုက်လို့ ၂ ဇွန်းပဲထည့်လိုက်တယ်
ထမင်းနဲ့စားစား ပလာတာ &တိုရှည် တို့နဲ့လည်းတွဲစားလို့ရတယ်နော်
ချက်ရတာလည်းအရမ်းကိုလွယ်ကူပါတယ်

ကြက်သား ၄၀၀ ဂရမ်
🍅ခရမ်းချည်သီး အရွယ်တော် ၂ လုံး နုတ်နုတ်စင်း
ကြက်သွန်နီ ရွယ်တော် တစ်လူံး နုတ်နုတ်စင်း
ကြက်သွန်ဖြူ ၃ ဥ / ဂျင်းအနည်းငယ်နုတ်နုတ်စင်း
နံနံပင် တစ်ချောင်း
ငြုပ်သီးစိမ်းအနီတစ်တောင့်
ဆီ ထမင်းစားဇွန်း ၃ ဇွန်း
ဆား မိမိစားသလိုထည့်ပါ
Full cream ထမင်းစားဇွန်း ၂ ဇွန်း
Korma 🐓 masala ထမင်းစားဇွန်း ၂ ဇွန်း
သစ်ဂျပိုးခေါက်အသေးတစ်ချောင်း
တို့ပဲဖြစ်ပါတယ်
အရင်ဦးဆုံး မီးအနည်းငယ်ဖြင့်ဆီပူထဲတွင့် သစ်ဂျပိုးခေါက် ထည့် ကြက်သွနီ/ဖြူ/ ဂျင်းတို့ကိုဆီသတ်ပေးပါ ရွှေရောင်သန်းလာရင် ခရမ်းချည်သီးထည့်ဆီသတ်ပါ ခရမ်းချည်သီးအနစ်များဖြစ်လာပါက ကြက်သားထည့်ပါ မီးအနယ်းငယ်ဖြင့် ကြက်အရေများခမ်းသွားသည်အထိချက်ပေးပါ ရေလုံး၀မထည့်ရသေးပါနော် ပြီးရင် မာဆာလာထည့်ပါ ၅ မိနစ်လောက်မွေပေးပြီး ရေ နို့ဆီဘူး ၁ ခွက်ခနိ့လောင်းထည့်ပြီး ကြက်သားမာဆာလာအနစ်များထွက်လာသည်အထိချက်ပေးပါ နောက်ဆုံး full cream လေးနဲ့အုပ်ပြီး ၂ မိနစ်လောက်ထပ်ဆူပေးရင် chicken 🐓 korma သုံးဆောင်လို့ရပါပြီရှင် 😊🥘

Photos from Wanna Share's post 28/01/2021

ဒီညနေ တရုတ်လူမျိုးတွေကြိုက်တဲ့ Meat 🍖 ball လေးလုပ်စားဖြစ်တယ် အပြင်မှာ ၄ ချောင်း၀ယ်ရင် $၂ နီးပါးပေးရတာမို့ ကိုယ်တိုင်ကလည်းကြိုက်တော့ လုပ်စားကြည့်မယ်လေးဆိုပြီးလုပ်ကြည့်တာ တကယ်ကောင်းသားပဲ ကိုယ့်လက်ယာမို့လို့လားမသိဘူးရှယ်ပဲ☺️ meat ball လေးကို ကြော်စားမလား ပေါင်းပြီးစားမလား မိမိနှစ်သက်သလိုလုပ်စားလို့ရပါတယ်

ချစ်အဲကတော့ ပေါင်းတင်ပြီးသားဟာကို မုန်လာဥနီ soup ထဲထည့်ချက်တယ် hotpot မှာလည်းထည့်စားလို့ရတယ် deep friedကြိုက်တဲ့သူတွေအတွက်ကတော့ဒီအတိုင်းလေး‌ေဆာ့နဲ့တို့ပြီးကြော်စားပေါ့နော် ☺️😋
နည်းနည်းတော့ပင်ပမ်းကေမယ့်လုပ်ရလွယ်ကူတာမို့ လုပ်နည်းလေးမျှဝေပေးမယ်နော်
အရိုးမပါကြက်သား 1 kg နုတ်နုတ်စင်း
carrot 🥕 1 နုတ်နုတ်စင်း
ကျွဲခေါင်သီး (သို့) စိမ်းစားဥ ပါးပါးလေးနဲ့အစင်းလိုက်လှီးပေးပါ
နံနံပင် ၃ပင်နုတ်နုတ်စင်း
တရုတ်မှိုခြောက် ၅ ပွင့်နုတ်နုတ်စင်း
ကြက်သွန်မြိတ် ၂ ပင် နုတ်နုတ်စင်း
ကြက်သွန်ဖူ ၁ ဥ ဂျင်းအနည်းငယ်နုတ်နုတ်စင်း
ငြုပ်ကောင်းဖြူမှုန့် လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း
သကြား ထမင်းစားဇွန်း ၁ ဇွန်း
ဆား လက်ဘက်ရည်ဇွန်း။ ၁ ဇွန်း
နှမ်းဆီ ထမင်းစားဇွန်း ၁ ွန်း
ပြောင်းကော်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
ကြက်ဥအနှစ် ၁ လုံး
ပဲပြားခြောက်ါရည်ခွံ ၁၆ ခုတို့ပဲဖြစ်ပါတယ်
ပါ၀င်တဲ့အစာပလာအားလုံးကိုရောပြီး ပဲပြားခြောက်အရည်ခွံကိုခင်းကာ ကြက်သားအစာပလာတွေထည့်ပြီးစလှိမ့်လို့ရပါပြီနော် ☺️🍖
ကြက်သားလှိမ့်ကိုကြော်မယ်ဆိုရင် အရင်ဦးဆုံးကြက်သားအစာပလာတွေလှိမ့်ပြီးတာနဲ့ ကြက်ဥအကာနဲ့နည်းနညိးသုတ်ပြီး ပြောင်းကော်မှုန့်နဲ့နည်းနည်းလေးသုပ်ပေးပြီးရင် ဆီပူထဲ မီးအ‌ေနထားပုံမှန်ဖြင့်ကြော်လို့ရပါပြီ ပေါင်းတင်ချင်သူများအတွက်ကတော့မီးပုံမှန်အ‌ေနထားဖြင့် မိနစ် ၁၇ မိနစ်ဆိုရပါပြီ အဆငိပြေကြပါ‌စေ စားကောင်းကြပါ‌စေ🙏😋😊

Photos from Wanna Share's post 28/01/2021

ဒီနေ့တော့ ပျင်းပျင်းနဲ့အိမ်မှာရှိတာလေးတွေနဲ့ 🍣ဆူရှီ ထမင်းလိပ်လုပ်စားဖြစ်တယ် ဆူရှီထဲမှာဘာအသားမှမပါပေမယ့်စားလို့ကောင်းပါတယ်ရှင့်
ဂျပန်သခွားသီး🥒 ရယ် 🥕မုန်လာဥနီ ကြက်ဥ🍳🥚ကြော်ရယ် ဒီ3 မျိုးနဲ့ပဲလုပ်ထားတာပါ
ဂျပန်းထမင်း 2 ဘူးချက်ပြီး ထမင်းလိပ် 4 ခုလုပ်လိုက်တယ်
ထမင်းထဲထည့်နယ်ရန်အတွက် ပါ၀င်တဲ့အရာကတော့
ဆား လက်ဘက်ရည်ဇွန်း 2 ဇွန်း
နှမ်းဆီ ထမင်းစားဇွန်း 1 ဇွန်း
Japanese sushi seasoning ထမင်းစားဇွန်း 2 ဇွန်းခွဲ ဒီအရည်မရှိပါက vinegar ထည့်သုံးလို့ရပါတယ်နော်
ပီ့းတော့ သကြား ထမင်းစားဇွန်း 1 ဇွန်းခွဲတို့ပဲဖြစ်ပ့တယ်
ချစ်အဲက တွေကိုအချောင်းလိုက်နည်းနည်းထူထူလည်းလှီးပြီး 2မိနစ်လောက်ကြော်လိုက်တယ်အရမ်းနူးသွားရင်လည်းစားလို့မကောင်းပါ
နောက်တစ်ခါ ကောင်းကောင်းလေးနဲ့လှလှလေး လှိမ့်ပြမယ်နော် 😊😋 အချိန်ကုန်သက်သာ မပင်ပမ်းတာမို့အချိနိရရင်လုပ်စားကြည့်ပါ 😁

Photos from Wanna Share's post 26/01/2021

ဒီနေ့တော့ ထမင်းပေါင်းအိုးလေးကိုသုံးပြီး ကြက်သားချက်ဖြစ်တယ်
မိမိရဲ့အိမ်မှာ Pressure rice cooker လေးတစ်လုံးရှိနေရင် ထမင်း🍚 ဟင်း 🍲steam 🫕stew 🥗bake 🧆🫔& cake 🍰 အစုံလုပ်လို့ရတယ်နော် အချိန်ကုန်သက်သာ electric energy save လည်းဖြစ်တယ်
ချစ်အဲရဲ့အလွယ်ကူဆုံးနဲ့အဆီအနှစ် အငံအစပ်တွေမပါပဲကျန်းမာရေးနဲ့ညီညွတ်တဲ့ ကြက်သား 🐔bake နည်းလေးပြောပြပေးမယ်နော်
ကြက်သား 1.5 ကီလို
Butter 15 g
သံလွင်ဆီ ထမင်းစားဇွန်း 1 ဇွန်း
ကြက်သွန်ဖြူ 2ဥ နှုတ်နုတ်စင်း
သံပုရာခွန်ခြစ် လက်ဘက်ရည်စွန်း 2 ဇွန်းခန့်
ဆား ထမင်းစားဇွန်း 1 🥄ဇွန်း
နံနံပင် 1 ပင်ခန့် နုတ်နုတ်စင်း
Olive အစိမ်းရှိနုတ်နုတ်စင်း မရဇိရင်မထည့်လည်းရပါတယ်
သံပယိုသီး🍋 1 လုံးကို 2 ခြမ်းခွဲပေးပါ
အရင်ဦးဆုံးကြက်သားကိုရေအေးနဲ့သန့်စင်အောင်ဆေးပြီး တစ်ဆူးလေးနဲ့ခြောက်အောင်အရည်လေးတွေသုပ်ပေးပါ
ပြီးရင် အပေါ်ကရေးပြထားတဲ့ပါ၀င်ပစ္စည်းအားလုံးကိုရောပြီး ကြက်တစ်ကောင်လုံးရဲ့ခန္တာကိုယ်တစ်ခုလုံးရဲ့အတွင်းပိုင်ူအပြင်ပိုက်းနံ့အောင်လက်နဲ့‌ေသချာစမ်းပေးပါ အားလုံးလုပ်ပြီးသွားပြီဆိုရင် သုံပုယိုသီး 2 ခြမ်းကိုကြက်ရဲ့အတွင်းပိုင်းကိုပြွတ်သျပ်ထည့်ပြီးကြက်ခြေထောက်2ဖက်လုံးကိုကြိုးနှင့်ချည်ပေးပါ ကြက်တောင်ပံကိုခေါက်ပေးပါ
ပြီးသွားပြီဆိုင်ထမင်းပေါင်းအိုးထဲထည့်ပြီး သူပြထားတဲ့ chicken programကို နှိပ်ပြီး စချက်လို့ရပါပြီ ကြက်ချက်တဲ့အခါ မိနစ် 20လောက်တော့ကြာပါတယ် ပထမတစ်ခါချက်ပြီးသွားလို့ရှင့်ရင် အိုးအဖုံးဖွင့်ပြီး ကြက်သားကိုအပေါ်မှအောက်သို့လှန်ပေးပြီး‌ဒုတိယတစ်ခေါက်ထပ်ချက်ပါမယ်နော် သတိထားရမှာက pressure rice cooker ဖြစ်တဲ့အတွက်ချက်ချင်းအဖုံးမဖွင့်လိုက်ပါနဲ့လက်အပူလောင်သွားနိုင်လို့ပါ အိုးါဖုံးမှာပါတဲ့လက်တံကိုလေထွက်ကုန်အောင်ဖွင့်ပြီးလေထွက်အသံမရှိ‌ေတာ့မှဖွင့်ပါလို့အကြံပြုပါရ‌ေစ 😊ဒုတိယတစ်‌ေခါက်မှာကျက်သွားပြီဆိုရင် မွှေးမွှေးလေးနဲ့အရသာရှိတဲ့ကြက်သားလေးသုံးဆောင်လို့ရပါပြီရှင် အဆင်ပြေကြပါစေနော်😋🍗

Photos from Wanna Share's post 25/01/2021

မုန့်တွေမလုပ်စားဖြစ်တာအတော်ကြာပြီ 😑😊

ဒီ‌နေ့တော့ custard bread 🍞 roll လေးစမ်းလုပ်စားဖြစ်တယ် 😁

မုန့်လုပ်ရတာမပင်ပမ်းပေးမယ် ဂျုံနယ်ရတာအားတော့ကုန်တယ်ရှင့် စက်ရှိပေမယ့်မသုံးချင် ကိုယ့်အားကိုယ်ကိုးချင်တာကြောင့်ပါ 😂
တကယ်လို့ကိုယ့်အိမ်မှာယောက်ကျားလေးတွေရှိရင် သသတို့ကိုနယ်ခိုင်းဂျုံနပ်ပိုမြန်တယ်😁

လုပ်နည်းကိုတော့မနက်ဖြန်မှတင်ပေးမယ်နော် ဒါနဲ့သတိရကြသေးရဲ့လား🤭😁

Photos from Wanna Share's post 26/12/2020

Merry belated Christmas ☃️☃️🌲 to you all 😘❤️

မနေ့က ကလေးတွေလုပ်ထားတာလေးတွေပါ

😋 jingle bells's cookies houses လေး 🏘️

အားလုံးပ‌ေျာ်ရွှင်ချမ်းမြေ့ကြပါစေ‌လို့ဆုတောင်းပေးတယ်နော် 🙏🤗💕

Photos from Wanna Share's post 27/09/2020

မင်ဂလာပါချစ်တို့ရေ ဒီတစ်ခါတော့ ကရင်ပြည်နယ်က ကရင်တောထမင်းဟင်းတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်နော်
ကရင်ပြည်နယ်ကိုရောက်ခဲ့ရင်စားကြည့်စေချင်ပါတယ်
တို့စရာအသီးအရွက်🥬🥒🥦🥕 ဟင်းချို🥣 တာလပေါ့ 🍲ငပိရည်🍲🥗 ငပိ‌ေထာင်း အမုန်းဆွဲလို့ရတယ်နော်
အ၀စားမှ ၂၅၀၀ ကျပ်ပါ 🍛
ဒါမယ့်ချစ်သူမြိုင်ပန်းခြံရှေ့က ထမင်းဆိုင်ငယ်လေးတွေမှာတော့ ၁၅၀၀ ကျပ်နဲ့ရောင်းပေးနေပါတယ်နော် သန့်ရှင်းလတ်ဆတ်သောအသားငါးအသီးအရွက်တွေနဲ့ချက်ထားတာမို့မြင်တာနဲ့တင်စားချင်‌ေိပြီမဟုတ်လား😋😊

Photos from Wanna Share's post 22/09/2020

အားလုံးဘဲမင်ဂလာပါနော် 🙏

ဒီနေ့တော့ချစ်အဲရဲ့ ပဲပြုပ်ပြုတ်နည်းလေးမျှဝေပေးမယ်နော်
ပဲပြုပ်ပြုတ်နည်းကတစ်ယောက်နဲ့တယောက်မတူနိုင်ပါဘူးနော် တချို့တွေကပဲကို ၁ ညစိမ် အ၀တ်စိုနဲ့ နောက်ထပ် ၂ ရက်အမျှင်လေးတွေပေါက်အောင်ထားပြီးပြုတ်တဲ့အခါမှာလည်း သကြား (သို့) ထညက် ဆား ဆော်ဒါမှုန့်အစရှိသည်တို့ထည့်ပြီးပြုတ်ပါတယ် ချစ်အဲလေ့လာသိထားတာကတော့ ပဲပြုပ်ပြုတ်မယ်ဆိုရင်မလွယ်ပါဘူးစိတ်ရှည်ရပါမယ်အချိန်တွေပေးရပါမယ်တဲ့ ။။
အဲဝောာ့ချစ်အဲလုဲ့ပြုတ်ဖို့အချိန်လည်းမပေးနိုင် ထမင်းပေါင်းအိုးတလုံးရှိရုံနဲ့ ပြုတ်လို့ရမယ့်နည်းလေးပဲပြုပ် နူးနူးအိအိလေးနဲ့အပြင်ကရောင်းသလိုတစ်ပုံစံထဲစားရအောင် တစ်ရက်ထဲနဲ့အပြီးပြုတ်နိုင်တဲ့ ချစ်အဲရဲ့ပဲပြုပ်ပြုတ်နည်းလေးပြောပြပေးမယ်နော် 📝
ပုံအောက်သို့ဆက်ဖတ်ပေးပါ👇👇👇

Photos from Wanna Share's post 14/09/2020

Chocolate ice-cream bar 🍭🍫လေး ice-cream bar cup လည်းမရှိတော့ ရှိတာလေးနဲ့လုပ်ရတာပေါ့နော် 😂

ပုံစံမလှပေမယ့်အရသာလည်းမစိုးပါဘူး dessert အတွက် budget အကုန်အကျသက်သာတာပေါ့နော် 😁😊

ဒါနဲ့လုပ်နည်းလေး သိချင်ကြဘူးလားဟင်☺️📝💁

Photos from Wanna Share's post 10/09/2020

Good morning Chit Lay တို့ရေ ဒီနေ့ နံနက်စာအတွက် Milk 🍞 bread လေးလုပ်စားဖြစ်တယ် နူးညံ့ပြီးချိုစိမ့်စိမ့်လေးနဲ့စားလို့ကောင်းနေရော😋

02/09/2020

မင်္ဂလာပါချစ်တို့ရေ အားလုံး‌ေိကောင်းကြရဲ့လား 🙏❤️👨‍👧‍👧👨‍👩‍👧‍👦

ကိုဗစ်ကာလမှာ အသွားအလာ ကျန်းမာရေးတွေဂရုစိုက်ကြနော် 🤗

မနက်ဖြန် ချစ်အဲက ကိုးရီးယားလူမျိုးတို့ရဲ့ 🐔ကြက်သားအူဒေါင်ခေါက်ဆွဲပြုတ် လုပ်နည်းလေး‌ေပြာပြပေးမယ်နော် 💁📝

14/08/2020

မနက်ဖြန် Banana 🍌 bread လုပ်နည်းလေးပြောပြပေးမယ်နော် ချစ်တို့ ❤️😊
အရင်ကဂရုထဲမှာတင်ဖူးပါတယ် 👨‍👩‍👧‍👧

ချစ်အဲရဲ့ ပေ့ခ်ျမှာကကတခါမှမတင်ဖူးလို့ မသိသေးတဲ့သူတွေအတွက် တစ်ဖန်ပြန်လည်မျှဝေပေးချင်လို့ပါ 📋📝

Page မှာ ၂ ပတ်နီးပါးလောက် activeမလုပ်ဖြစ်တဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ် ခုချိန်ကစပြီးကြိုးစားပြီးနေ့တိုင်း ချက်နည်း လုပ်နည်းတွေတင်ပေးသွားမယ်နော် အားလုံးကိုချစ်တယ်😘❤️🙆

Photos from Wanna Share's post 02/08/2020

တရုတ်လူမျိုးတွေအမြဲစားနေကြ သက်သတ်လွတ် အစာသွတ်မုန့် လုပ်နည်းလေးပြောပြမယ်နော် လုပ်နည်းတွေအများကြီးရှိပေမယ့် တစ်ချို့လုပ်နည်းတွေထဲမှာသံုးတဲ့ဂျုံမှုန့်အနစ်လံုးတွေက ခြောက်ပြီးကြော်ပြီးတဲ့အခါမှာလည်း စားကြည့်လိုက်ရင်အရသာက နည်းနည်းမာပြီး စားရတာအဆင်မပြေလို့ ဒီလုပ်နည်းနဲ့စမ်းကြည့်လိုက်တာ အဆင်ပြေသွားရော 📝😊

ပါ၀င်ပစ္စည်းတွေကတော့ 👇
Dry yeast 1/2 teaspoon လက်ဘက်ရည်ဇွန်း ၁ ၀က်ခန့်
Warm water 1 tablespoon ထမင်းစားဇွန်း ၁ ဇွန်း
Sugar. 1/2 teaspoon လက်ဘက်ရည်ဇွန်း၁ ၀က်
All purpose flour/plain flour 1 cup
Water 150 ml
Cabbage 300 g🥬
Shredded carrots 1/2 cup 🥕
Dry Seaweed 5 g မထည့်လည်းရတယ်နော်
Corriander leaves 🌿 1/2 cup
Salt 1 teaspoon
Whit pepper powder 1/2 teaspoon
Sesame oil. 1/2 teaspoonတို့ပဲဖြစ်ပါတယ်

မုန့်အရည်အတွက် ၄ ခုစာ

လုပ်နည်းကို ပုံအောက်မှာကြည့်ပေးနော်👇👇👇👇

Photos from Wanna Share's post 29/07/2020

သက်သတ်လွတ် အစာသွတ်မှုန့်

လုပ်ရအရမ်းကိုလွယ်ကူပါတယ်နော် 🌯🌮

လုပ်နည်းလေးသိချင်လား 🙆😊📝

Photos from Wanna Share's post 27/07/2020

ခရမ်းရောင်ကန်စွန်းဥ လှလှလေးနဲ့ အိမ်မှာ ပန်ကိတ်လုပ်စားကြစို့နော် 😋🍠🥞
ပါ၀င်ပစ္စည်းများကတော့
ကန်စွန်းဥ ၂၀၀ ဂရမ် 🍥
သကြား ထမင်းစားဇွန်း ၃ ဇွန်း🥄🥄🥄
နို့ဆီ ထမင်းစားဇွန်း ၂ ဇွန်း 🥄🥄
ကောက်ညှင်းမှုန့် ၂၀၀ ဂရမုံ
ရေနွေး ၁၅၀ ဂရမ်နှင့်
ဆီ အနည်းငယ်
နှမ်းစေ့တို့ဘဲဖြစ်ပါတယ် 📝😊
လုပ်နည်းကို ပုံအောက်မှာကြည့်ပေးပါ

မှုန့်အရေအတွက် (၆) ခုစာ 🥞🥞🥞🥞🥞🥞
👇👇👇👇📝

Photos from Wanna Share's post 25/07/2020

ဝါတွင်းကာလရောက်ပြီမို့ သက်သတ်လွတ်စားမည့်သူတွေအတွက် အစာပြေမှုန့် (သို့) မနက်စာ နေ့လည်စာအဖြစ်သုံး

စောင်လို့ရတဲ့ Snackable veggies pocket & နဲ့ sweet potato pan cake လုပ်နည်း2 မျိုးကိုခန‌ေနကြရင်ပြောပြပေးမယ်နော် 🤩🙆🍠🍘

ဘယ်လုပ်နည်းကိုအရင်သိချင်လဲရှင့်📝👇👇☺️😜

Photos from Wanna Share's post 24/07/2020

ဒီနေ့ လေ့လာသင်ယူခဲ့တဲ့ အိမ်မှာ အလွယ်တကူလုပ်စားလို့ရတဲ့" Home made sweet potato steam cup cake " လေးဘဲဖြစ်ပါတယ် 🍠🍮🧁 Oven လည်းမလို လုပ်နည်းကလည်းလွယ်ကူပြီး စားလို့လည်းလည်းကောင်း Dessert အတွက် budget လညါးသက်သာတယ်ရှင့် 💸💵☺️

ကဲဒါဆို ပါ၀င်တဲ့ အရာတွေကိုကြည့်လိုက်ရအောင်🥚🥛🍠

ကြက်ဥ 🥚 ၁ လုံး
သကြား ၆၀ ဂရမ်
ဆား လက်ဘက်ရည်ဇွန်း တစ်၀က်ခန့်
နွားနို့ 1/2 cup ခွက်ရဲ့ တစ်၀က်ခန့်
150 g plain flour/ all purpose flour
Baking soda 2 tsp လက်ဘက်ရည်ဇွန်း ၂ ဇွန်း
ဆီ ထမင်းစားဇွန်း ၂ ဇွန်း
ကန်ဇွန်းဥ ၁၅၀ ဂရမ် တို့ဘဲဖြစ်ပါတယ် 📝
မှုန့်လုပ်မည့်အရေမတွက် (6) ခွက်စာ🧁🧁
လုပ်နည်းကို အောက်မှာကြည့်ပေးပါနော် 👇👇👇😊

Videos (show all)

Website