A D R F - တော်လှန်ရေးအင်အားစု - မတ္တရာမြို့နယ်

A D R F - တော်လှန်ရေးအင်အားစု - မတ္တရာမြို့နယ်

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A D R F - တော်လှန်ရေးအင်အားစု - မတ္တရာမြို့နယ်, Armed forces, .

26/10/2023

"ပြည်တော်ဝင်ဖို့ မတ္တရာကို ကူကြစို့"

တော်လှန်ပြည်သူများခင်ဗျာ…
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းအခြေစိုက်၍ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားဆောင်ရွက်နေကြသည့် ပြင်ဦးလွင်ခရိုင်ကောင်းကင်တော်လှန်ရေးအင်အားစု၊ပြင်ဦးလွင်ခရိုင်တပ်ရင်း (၁)နှင့် မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးက်ို ယခုထက်မက ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်လို အပ်နေတဲ့ ခဲယမ်း၊ လက်နက်၊ ရိက္ခာများ ထပ်မံဖြည့်ဆည်းပေးဖို့အတွက် ဒီ Campaign ကိုပြုလုပ်ခြင်းဖြစ်ပါတယ်ခင်ဗျာ။

"မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့" သည် မတ္တရာမြို့နယ်အတွင်းအခြေစိုက်၍ တော်လှန်ရေးလှုပ်ရှားဆောင်ရွက်နေကြသည့် LPDF အဖွဲ့ပေါင်း (၁၈) ဖွဲ့ ပေါင်းစုပြီး စစ်အာဏာရှင်တို့၏ ပြည်သူလူထုအပေါ် အနိုင်ကျင့်၊ အကြမ်းဖက်မှု့များကို ရဲရင့်တက်ကြွစွာ ခုခံတော်လှန်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ ပြင်ဦးလွင်ခရိုင်ကောင်းကင်တော်လှန်ရေးအင်အားစု၊ ပြင်ဦးလွင်ခရိုင်တပ်ရင်း (၁) တို့နှင့်ချိတ်ဆက်ကာ ပိုမိုကောင်းမွန်ထိရောက်သော တိုက်ပွဲများဖော်ဆောင်နေပါတယ်။..

▪️တော်လှန်ပြည်သူတွေထံမှ တော်လှန်ရေးတပ်ဖွဲ့များအတွက် လိုအပ်သည်များကို ဖြည့်တင်းနိုင်ရန် ထောက်ပို့ပေးထားတဲ့ တော်လှန်ရတနာများကို လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်သွားမယ့် Campaign အစီစဥ်လေးမှာ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

▪️ကံစမ်းမဲလက်မှတ်တစ်စောင်လျှင် ၂၀,၀၀၀ ကျပ် (ကျပ်နှစ်သောင်း) ဖြင့်ပါဝင်ထောက်ပို့နိုင်ပါတယ်။

▪️ကံစမ်းမဲကာလမှာ 26-Oct-2023 မှ 31-Dec-2023 အထိဖြစ်ပြီး 1-Jan-2024 ရက်တွင်မဲဖောက်၍ ရတနာကံထူးရှင်များကို ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။..

▪️ရတနာလက်ဆောင်ဆုမဲတွေကတော့ …

💎ပထမဆု - စိန်နှင့်ကျောက်စိမ်းလက်စွပ် (ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၀၀)

💎 ဒုတိယဆု - စိန်နားကပ် (ခန့်မှန်းတန်ဖိုး ကျပ် ၁၂သိန်း)

💎 တတိယဆု - စိန်ဆွဲသီး (ခန့်မှန်းတန်ဖိုး ကျပ် ၁၁သိန်း)

💎စတုတ္ထဆု - နီလာလက်စွပ် (ခန့်မှန်းတန်ဖိုး ကျပ် ၁၀သိန်း)

တော်လှန်ပြည်သူများအနေနဲ့ ဒီ Campaign မှာ ပါဝင်ဖို့အတွက် Logistics Force Mandalay - LFM ၊ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကောင်းကင်တော်လှန်ရေးအင်အားစု page အသီးသီးမှဝယ်ယူနိုင်ပါတယ်။

Logistics Force Mandalay - LFM
https://www.facebook.com/LFMandalay

မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
https://www.facebook.com/profile.php?id=100094528722144

ကောင်းကင်တော်လှန်ရေးအင်အားစု
https://www.facebook.com/profile.php?id=100091551521977

07/10/2023
07/09/2023

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေး

ဝန်ကြီးဌာန၊မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေး

အဖွဲ့၏ COC အောက်တွင် mission များဖော်

ဆောင်ပြီး မတ္တရာမြို့နယ်(ပ.က.ဖ) ၊ A D R F -

တော်လှန်ရေးအင်အားစု

အဖြစ်ဆက်လက်ရပ်တည်သွားမည်

ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

12/08/2023

ADRF - တော်လှန်ရေးအင်အားစု ( မတ္တရာ )အဖွဲ့ တိုက်နယ်(၂ ) ပ.က.ဖ တပ်ဖွဲ့၏ TO BUY GUN IN TWO MONTHS CAMPAIGN အစီစဥ်သည် နှစ်လပြည့်ရန် တစ်ရက်သာလိုတော့ပါသဖြင့် အကူညီတောင်းခံထားသော မိဘပြည်သူများ၊သူငယ်ချင်းယောင်းရင်းများကလဲ ကူညီပေးကြဖို့ တိုက်တွန်းအပ်ပါသည်။

16/07/2023

TO BUY GUN IN TWO MONTHS CAMPAIGN
အစီစဥ်တွင် တိုက်နယ်( ၂ ) ပ.က.ဖ တပ်ဖွဲ့၏ လိုအပ်နေသော အတိုတစ်လက်ကို နှစ်လအတွင်းဝယ်ယူနိုင်ရေးအတွက် လှူဒါန်းပေးပါသော အလှူရှင်အား အထူးပင်ကျေးဇူးတင်ရှိပါသည်။

12/06/2023

တိုက်နယ် ( ၂ ) ပ.က.ဖ တပ်ဖွဲ့၏ လိုအပ်နေသော အတိုတစ်လက်ကို မိဘပြည်သူများက ဝိုင်းဝန်းကူညီလှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ တော်လှန်ရေးကြီး ပြီးဆုံးသည်ထိ အသက်ပေး၍ တိုက်ပွဲဝင်သွားပါမည်ဟု သစ္စာအဓိဌာန်ပြုပါသည်။

11/06/2023

ADRF - တော်လှန်ရေးအင်အားစု ညီကိုများတွက် လိုအပ်သည့်နေရာများတွင်သုံးစွဲရန်

11/06/2023

ADRF - တော်လှန်ရေးအင်အားစု(မတ္တရာ) အဖွဲ့မှ ရဲဘော်များ တစ်လတာ ကုန်ကျစရိတ်စာရင်း

*တစ်ရက်ကို ဆန်၆ပြည် တစ်လကို ဆန်၈ပိုင်း (၆၈၀၀၀၀) ခြောက်သိန်းရှစ်သောင်း

*တစ်ရက်ကို ဆီ ၇၀ ဆယ်သား တစ်လကို အချိန်
၂၀ (၁၅၀၀၀၀)တစ်သိန်းငါးသောင်း

*အသားငါး သုံးရက်ခြာ ၄ ပိဿာ (၅၀၀၀၀)ငါးသောင်း တစ်လကို ( ၅၀၀,၀၀၀) ငါးသိန်း

*အသားငါးမပါတဲ့ရက် (၁၅၀၀၀) တစ်သောင်းခွဲ တစ်လကို (၃၀၀,၀၀၀) သုံးသိန်း

*ကြက်သွန်နီ အချိန် ၁၀ (၂၈၀၀၀) နှစ်သောင်းရှစ်ထောင်

*ကြက်သွန်ဖြူ ၅ ပိဿာ (၃၅၀၀၀) သုံးသောင်းခွဲ

*ဟင်းချိုမှုန့် ၅ ပိဿာ (၄၀၀၀၀) လေးသောင်း

*ဆား ၃ ပိဿာ (၂၄၀၀) နှစ်ထောင့်လေးရာ

*အရောင်တင် ၂ ပိဿာ (၁၆၀၀၀)တစ် သောင်းခြောက်ထောင်

*နနွင်းမှုန့် ၅ ဆယ်သား (၄၀၀၀) လေးထောင်

*ငရုတ်ကြမ်းမှုန့် ၂ ပိဿာ (၂၄၀၀၀) နှစ်​လေးထောင်

*ဂျင်းတက် ၅ ဆယ်သား (၄၀၀၀) လေးထောင်

*ခရမ်းချဥ်သီး အချိန် ၅၀ (၇၀၀၀၀) ခုနှစ်သောင်း

*ဘာရိယ အသုံးစားရိတ် တစ်လ (၅၀၀,၀၀၀)

စုစုပေါင်းတစ်လကုန်ကျငွေ = ၂၃၅၃၄၀၀

စားစရိတ်ပဲရှိပါသေးတယ် ရွှေဒိုင်သူရွှေဒိုင်သားတို့ရေ........

လက်နက်ခဲယမ်းဖိုးမပါသေးပါဘူး လက်နက်ခဲယမ်းဖို့နဲ့ စားစရိတ်ပေါင်းလိုက်ရင် တစ်လပျမ်းမျှကုန်ကျငွေက ( ၇,၀၀၀,၀၀၀) သိန်းခုနှစ်ဆယ်လောက်ကုန်ကျပါတယ်။

တိုက်နယ် ( ၂ ) တာဝန်ခံ

ဗိုလ်မော်ကွန်း

10/06/2023

တော်လှန်ရေးကြီး နောက်ဆုံးပိတ် ရောက်နေပြီ တိုင်းပြည်နဲ့လူမျိုးကို အာဏာရှင်လက်ထဲက လွတ်မြောက်အောင် ဒီတော်လှန်ရေးကြီးမှာ သင်ဘာတွေလုပ်ပြီးပြီလဲ...?

လက်နက်ကိုင်ထားတဲ့ တော်လှန်ရေးရဲဘော်လား...?

CDM တော်လှန်ရေးရဲဘော်လား...?

ကလောင်ကိုင်ထားတဲ့ စာပေတော်လှန်ရေးရဲဘော်လား...?

စုတ်တံကိုင်ထားတဲ့ ပန်းချီတော်လှန်ရေးရဲဘော်လား...?

မိုက်ကိုင်ထားတဲ့ တေးသံရှင်တော်လှန်ရေးရဲဘော်လား...?

ထောက်ပို့ရဲဘော်လား...?

လစဥ်အလှူရှင်လား...?

စိတ်ပါမှလှူတဲ့ အလှူရှင်လား...?

တခါတလေလှူတဲ့အလှူငွေလေးနဲနဲကို ခုတုံးလုပ်ပြီးတော်လှန်ရေးလုပ်ပါတယ်ဆိုတဲ့ အထာနဲ့နေတဲ့ အလှူရှင်မျိုးလား...?

ဘယ်ဘက်မှမပါပဲ အေးအေးဆေးဆေးနေချင်တဲ့လူမျိုးလား...?​

တော်လှန်ရေးအဖွဲ့စည်းတွေကို ကန့်လန့်တိုက်ပြီး မလှူချင်မတန်းချင်အောင်ပြောဆိုနေတဲ့ သူလျိုသွေးခွဲ လူမျိုးလား...?

သေချာစဥ်းစားပါ ဒီချိန်ထိသင်ဟာ ဘယ်တာဝန်မှမထမ်းဆောင်ရသေးဘူးဆိုရင် သေချာတယ် ဆန်ကုန်မြေလေးပဲဖြစ်နေမှာပါ။ဓမ္မနဲ့ အဓမ္မကိုမခွဲခြားတတ်တဲ့ လူစားမျိုးတွေရှိနေသ၍ အသက်တွေဘဝတွေပေးဆပ်ထားရတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ဘဝတွေကို ရင်နာမိတယ်။

တိုက်နယ်( ၂ ) တာဝန်ခံ

ဗိုလ်မော်ကွန်း

08/06/2023

ဆရာတော်ကြီး ဈာပန လာတာတောင် လခရအပြည့် 10မိုင်ရှိမှလာရဲတဲ့မအလကြောင့် စစ်ရှောင်ပြည်သူတွေဒုက္ခအကြီးအကျယ်ရောက်နေရပြီ မိုးရွာထဲဖြစ်သလို‌ နေအရေး/ပေါ်မိုးကာ၊စားသောက်စရာ/ဆေးဝါးများ အရမ်းလိုအပ်နေပါတယ်ဗျို့။
ဒါများပြောသေးမလုပ်ရဲတာမရှိဘူးတဲ့။

ဇဘ မလုပ်ရဲတာမရှိတာလားဟ၊လခရ မယူပဲလာကြည့်လေ၊ပြည်သူ့အိုးအိမ်စည်းစိမ်ကို မီးရှို့ဖျက်စီး၊
ဒါလား သာသနာပြုမင်း?

မအလ ဖဘ ပဲရမယ်။

27/05/2023

ADRF - တော်လှန်ရေးအင်အားစုမှ စစ်ဘေးရှောင်ပြည်သူများကို ကူညီစောင့်ရှောက်နေရ၍ အကူညီများလိုနေပါသဖြင့် တက်နိုင်သည့်ဘက်မှ ကူညီပေးကြပါရန်နှင့် ​တော်လှန်ရေးစိတ်ဓါတ်အပြည့်အဝထားပြီး ကိုယ်ကျိုးမဖက်ပဲ ပြည်သူမှ ပြည်သူသို့ အပြည့်အဝကူညီပေးကြဖို့ တိုက်တွန်းအပ်ပါသည်။

တိုက်နယ်( ၂ ) တာဝန်ခံ
ဗိုလ်မော်ကွန်း

27/05/2023

သတိပေးထုတ်ပြန်ချက်။

ရက်စွဲ။ ။27.May.23

မတ္တရာမြို့နယ် ငယ်တိုးကျေးရွာတွင် အာဏာသိမ်းစစ်

အုပ်စု၏အလိုကျ စစ်ကျွန်ပညာရေးအားဖော်ဆောင်ရန်

အတွက် 26.May.23တွင် လက်ရှိကျောင်းအုပ်ကြီးနှင့်

ကျေးရွာခံ Non CDMဆရာ၊ဆရာမများမှ ကျောင်းအပ်

လက်ခံနေသည်ဟုသတင်းရရှိပါသည်။သို့အတွက်

ကြောင့် ဒီမိုကရေစီကိုလိုလားတောင့်တ၍ တိုက်ပွဲဝင်နေ

ကြသော အကြမ်းမဖက် CDM ဝန်ထမ်းတို့အားစော်ကား

ရာရောက်သည့်အတွက်၊မိမိတို့အသိစိတ်ဖြင့် စဥ်းစားချင့်

ချိန်၍ ကျောင်းအပ်လက်ခံခြင်းများ၊ကျောင်းဖွင့်ရန်

ကြိုးစားခြင်းများအား ရပ်တန်းကရပ်ပေးကြပါရန်

နောက်ဆုံးအနေဖြင့် မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။

ဆက်လက်လုပ်ဆောင်နေပါက မိမိတို့၏တာဝန်သာ

ဖြစ်ကြောင်းအတိအလင်းသတိပေးလိုက်သည်။

#ပြင်ဦးလွင်ခရိုင်၊ပ.က.ဖ

#တိုက်နယ်(၁)ပ.က.ဖ တပ်ဖွဲ့

#တိုက်နယ်(၂)ပ.က.ဖ တပ်ဖွဲ့

07/05/2023

ဒီပွဲမှာ
ပေးဆပ်သူလည်းရှိ
ဘေးရပ် သူလည်းရှိ
အတွေးနဲ့ နှပ်နေတဲ့သူလည်းရှိ

အဆုံးထိသွားနေတဲ့သူလည်းရှိ
ပြုံး စိစိ ကစားနေတဲ့ သူလည်းရှိ
ကုန်းပြီး ဖားနေတဲ့ သူတွေလည်းရှိ

ပန်းခူးသွားတဲ့သူလည်းရှိ
နှမ်းဖြူးထားခဲ့ သူလည်းရှိ
လမ်းကူးသွားတဲ့ သူလည်းရှိ

ယုန်ပြတဲ့သူလည်းရှိ
ခုန်ချတဲ့ သူလည်းရှိ
သူပုန်ထတဲ့ သူလည်းရှိ

လေပဲတိုက်တဲ့သူလည်းရှိ
သေလည်း မိုက်မယ့်သူလည်းရှိ
ကြေကွဲရှိုက်နေတဲ့ သူတွေလည်းရှိ

ထွက်ပြေးတဲ့သူလည်းရှိ
အသက်ပေးတဲ့ သူလည်းရှိ
ဆက်ရေးမယ့် သူတွေလည်းရှိ

ဘာပဲဖြစ်ဖြစ် ဒီဇာတ်လမ်းဟာ
ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိ
ကိုယ်တိုင်ရေး ဇာတ်ညွှန်း
မင်းဇာတ်ကို မင်းရေး ငါ့ဇာတ်လမ်း ငါရေးမယ်

ဗီလိန်လား မင်းသားလား
ပိတ်ကားကြီးမကျခင်
ကိုယ့်သမိုင်းကိုယ် အမြန်ရေးလိုက်

နိုင်ငံသား တစ်ယောက်အနေနဲ့ရော
လူသားချင်း စာနာမှုအတွက်ပါ

အမြဲတမ်း အမှန်တရားဖက်မှာ
နေခွင့် ရှိဖို့ ဦးနှောက်နဲ့နှလုံးသားကို
အလကား မထားတဲ့အတွက်
လိပ်ပြာသန့်တယ်...။

01/05/2023

ကျွန်ုပ်တို့ တော်လှန်ရေးတပ်ဖွဲ့သည် စစ်အာဏာရှင်တော်လှန်ရေးတွင် တစိုက်မတ်မတ်ဖြင့်ဆန့်ကျင်တွန်းလှန်နေသည့်အဖွဲ့ဖြစ်ပါတယ် ယခင်က ဖော်ဆောင်ခဲ့သောmissionများအားpageမှတင်ခဲ့သော်လည်း
ယခုနောက်ပိုင်းတွင် ကျွန်ုပ်တို့အဖွဲ့သည် MOD၏COCအောက်တွင်ရောက်ရှိသွားသည့်အတွက် လုပ်ဆောင်သည့် missionများ စစ်ရေးသတင်းများအား မိမိတိုအဖွဲ့လုံခြုံရေးအရ၄င်း၊ညီနောင်မဟာမိတ်များ၏လုံခြုံရေးအရ၄င်း၊ ထုတ်ဖော်ပြောဆိုခြင်းများ
မလုပ်ဆောင်သည်ကို မိဘပြည်သူများအနေဖြင့်
ကျွန်ုပ်တို့အဖွဲ့ သွေးမအေးပဲ အဆုံးထိ တွန်းလှန်နေသည်ကိုသိရှိနားလည်စေရန် တင်ပြအပ်ပါသည်။

တိုက်နယ်( ၂ )တာဝန်ခံ

ဗိုလ်မော်ကွန်း

22/04/2023

ရွှေဒိုင်သူ ရွှေဒိုင်သားများ နှင့် စစ် ခွေး ထိမ်းချုပ်ဧရိယာ မြို့၊ရွာ များအတွင်းနေထိုင်ကြသူများသိရှိစေရန်

ADRF တော်လှန်ရေးအင်အားစုသည် တော်လှန်ရေးကိုအရှိန်ဟုန်မြင့်စွာ ဆက်လှမ်းနေပါသည်။စခများသည်လေကြောင်းသုံး တိုက်ခိုက်နေပါသဖြင့် တော်လှန်ရေးနှင့် ပတ်သက်သည့် ထုပ်လုပ်ရေးပုံများ မစ်ရှင်ပို့များ မတင်ဖြစ်သည်ကို နားလည်မှူ့ပေးစေလိုပါသည်။ရွာသူ ရွာသားများအနေဖြင့် ထောက်ပို့တော်လှန်ရေးကိုပဲ အားစိုက်၍ တိုက်ပွဲဝင်ပေးကြဖို့ တော်လှန်ရေးကြီး အပြီးသတ်ဆုံးအချိန်ရောက်နေပါပြီ ပြည်သူလူထု အနေဖြင့် စိတ်ရောကိုယ်ပါနှစ်ပြီး အားစိုက်ပေးကြဖို့ ဆန္ဒပြုတောင်းဆိုပါသည်။ ဒီချိန်မှာ ဒလန်ထက်ကြောက်စရာအကောင်းဆုံး လူတန်းစားတွေတွေ့နေရပါပြီ ဓားလျှိုသွေးခွဲတွေပါပဲ သူတို့ရဲ့လုပ်ရပ်တွေကတော့ အဖွဲ့စည်းအချင်းချင်း ရန်တိုက်ပေးခြင်း၊ ကုန်းချောကုန်းတိုက်လုပ်ခြင်း၊ အဖွဲ့စည်းတစ်ခုရဲ့ ခေါင်းဆောင်နှင့် ရဲဘော်များကို ရန်တိုက်သွေးခွဲခြင်း၊ တစ်ဦးတစ်ယောက်ကိုနာမည်တပ်ပြီး ပတ်ဝန်းကျင်၌ မကောင်းသတင်းအပုတ်ချပြောဆိုခြင်း၊ စခဘက်ကိုအတွင်းသတင်းပေးခြင်း စသည်တို့လုပ်ဆောင်နေခြင်းများကို ဓားလျှိုသွေးခွဲခေါ်ပါသည်။ ပန်းတိုင်ရောက်ခါနီးလေ ဓားလျှိုသွေးခွဲများလေ ဖြစ်နေတော့မှာပါ။ ဓားလျှိုသွေးခွဲများကို အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမေးမြန်းမှုများကို ဆက်လက်လုပ်ဆောင်ပြီး ထိုက်တန်သည့်ပြစ်ဒဏ်များပေးနိုင်ရန် လုပ်ဆောင်သွားပါမည်။ မိမိတို့ပြည်သူလူထုကလည်း တော်လှန်ရေးကြီး ပြီးဆုံးသည်ထိ လိပ်ပြာလုံလုံနှင့် အကောင်းမွန်ဆုံးတာဝန်ကျေပွန်အောင် ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းအပ်ပါသည်။
တိုက်နယ် ( ၂ )တာဝန်ခံ
ဗိုလ်မော်ကွန်း

Photos from ယောလူထုတိုက်ပွဲကော်မတီ's post 10/04/2023
Photos from A D R F - တော်လှန်ရေးအင်အားစု - မတ္တရာမြို့နယ်'s post 03/04/2023

" အဆုံးသတ်နိဂုံး DRONE နဲ့ချေမှုန်း "

အစီစဥ်တွင် ပါဝင်ကူညီလှူဒါန်းပေးပါသော အလှူရှင်များအား A D R F - တော်လှန်ရေးအင်အားစု ( မတ္တရာ ) မှ ကျေးဇူးတင်ရှိပါကြောင်းနှင့် 2.4.2023နေ့တွင် Drone Campaign အစီစဥ်ပြီးဆုံးခဲ့၍ ရရှိထားသော အလှူငွေများမှ Drone တစ်စင်းဝယ်ယူနိုင်ခဲ့ပါပြီး (Drone ဝယ်ယူသောကုန်ကျငွေမှာ သိန်းခြောက်ဆယ်ငါးသောင်းကုန်ကျခဲ့ပါသည်) မိဘပြည်သူများအားလုံးကို ကျနော်တို့ ADRF တော်လှန်ရေးအင်အားစု(မတ္တရာ)အဖွဲ့မှ အရေးတော်ပုံကြီးပြီးဆုံးသည်ထိ အသက်ပေး၍တိုက်ပွဲဝင်သွားပါမည်ဟု သစ္စာအဓိဌာန်ပြုပါသည်။
"ရေးတော်ပုံ အောင်ကိုအောင်ရမည်"

02/04/2023

" အဆုံးသတ်နိဂုံး DRONE နဲ့ချေမှုန်း "

အစီစဥ်တွင် ပါဝင်ကူညီလှူဒါန်းပေးပါသော အလှူရှင်များအား A D R F - တော်လှန်ရေးအင်အားစု ( မတ္တရာ ) မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

29/03/2023

ADRF-တော်လှန်ရေးအင်အားစု - (မတ္တရာ) မှ နှစ်လအတွင်း drone တစ်ဝယ်ယူနိုင်ရေး Campaign အစီစဥ်သည် နှစ်လပြည့်ပါတော့မည် ဆက်လက်၍ ပါဝင်လှူဒါန်းကူညီပေးကြအုံးလို့ ထပ်လောင်း မေတ္တာရပ်ခံအပ်ပါသည်။

Videos (show all)

သပိတ်ကျင်းမြို့နယ်၊ချောင်းကြီးရဲစခန်းအား ဗုံးကျဲ  Tikekhite         မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီး...
သပိတ်ကျင်း၊ ပျူရွာပုဏ္ဏားကြီးကို ဒုတိယအကြိမ်ထပ်မံ ဗုံးကျဲTikekhite   မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ပျူရွာပုဏ...
22.2.2023 ရက်နေ့မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊နွယ်ရုံရဲစခန်းအားဒရုန်းဖြင့်တိုက်ခိုက်၊ ရဲခွေး(၃)ကောင်တေ၊ (၂)ကောင် ဒဏ်ရာရမ...
တိုက်ပွဲသတင်းထုတ်ပြန်ချက်။Feb.2ရက်နေ့ စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်နေ့ သုံးဆယ်ပေးတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်အ...
တိုက်ပွဲသတင်း❗ ထုတ်ပြန်ချက်❗တိုက်ပွဲနေ့ရက်_ 1.2.2023 နေ့လည် ၁ နာရီမတ္တရာမြို့နယ် ၊ ဟင်္သာကျေးရွာ အနီး စစ်ကြောင်းထိုးလာသေ...
သတင်းထုတ်ပြန်ချက်ရက်စွဲ ။  ။ 24.1.2023မတ္တရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ အလိုကျ ရွေးကောက်ပွဲအတွက...
တိုက်ပွဲသတင်းထုတ်ပြန်ခြင်း။ရက်စွဲ။   ။16.1.2023မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ရွာသာယာ ကျေးရွာ စကစနှင့် ပျူစောထီးများမှ မြ...
ညီနောင်မဟာမိတ်များ လက်တွဲညီညီ ရှေ့ဆက်တိုက်သွားပါမည်။ ပြည်သူတွေ လက်တွဲညီဖို့ပဲ ကျန်ပါတော့တယ်။သတင်းထုတ်ပြန်ခြင်းJanuary 6....
တော်လှန်ရေးအင်အားစုများ စစ်ချီတေးနားဆင်ရင်း အောင်ပွဲဆင်နိုင်ကြပါစေ........
တိုက်ပွဲသတင်းထုတ်ပြန်ခြင်းမန္တလေးတိုင်း မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာတွင် တပ်ဆွဲထားသော ခွေးအင်အားငါးဆယ်ခန့်ကိုယမန်နေ့...
ဆက်လက်ကြိုးစားသွားပါမည်။

Website