Royal Enfield ချစ်သူမြန်မာ
Royal Enfield
လမ်းကောင်းတဲ့တနေ့ပေါ့
ဒါဖတ်ပြီးမှရေဆေးပါ
ရေဆေးသတိ
ရေဆေးပြီးတဲ့အခါ
*ရေကိုပြောင်အောင်သုတ်ပါ။
*ရေမဆေးခင်က ရေမဝင်အောင် ကာထားတာတွေဖြုတ်ပါ။
*လီဗာကြိုး မိုင်လစ်ကြိုး ချိန်းစပေါကက် စတဲ့နေရာတွေကို ချောဆီထည့်ပါ။
*အင်ဂျင် ပူလာသည်အထိ့ မိနစ်အနည်းငယ်စက်နိုးထားလိုက်ပါ။
*ဆိုင်ကယ်ကို ဖြည်းဖြည်းစီးပြီး ဘရိတ်အုပ်ကြည့်ခြင်းဖြင့် ဘရိတါရှုးထဲကရေတွေ အမြန်ခြောက်အောင်လုပ်ပါ။
Update ချင်တာ ဈေးတွေက အရင် update နေတော့ ကိုယ်တွေက date out သွား
Efi သမားတွေ အချက်ပြမီးလင်းလိုစိတ်ညစ်နေလား။
Crd # https://youtu.be/2oJyvBsK990
RE 350ရွေးတာ ဆီစားသက်သာလို့ပါ။ ခုနေချိန်ထိ တရုတ်ဘီးတွေနဲ့အပြိုင်စီးနေနိုင်တယ် 👍
6/ အဆက်
Throttle Body Module &
Carburetor
EFI စနစ်မှာဆိုရင်တော့ လေထိန်းတံခါးလို့ဆိုရမယ်ထင်တယ်။ လေ (oxygen)ရှုရှိုက်သူပေါ့။ လေစစ်နဲ့ အင်ဂျင်ကြားမှာရှိတယ်။ သူ့အတွင်းမှာတပ်ထားတဲ့ လိပ်ပြာပုံ တံခါးရွက်ကို လိုအပ်သလိုအဖွင့်အပိတ်လုပ်ပြီး လေရှုရှိုက်မှုပမာဏကိုထိမ်းပေးတယ်။ လေဘာဆြဲလိုက်တဲ့အခါ တံခါးပိုဖွင့်ပေးပြီး လေဘာမဆွဲရင်တော့ တံခါးလေးစေ့ထားတာပေါ့။ သူ့မှာအာရုံခံဆင်ဆာတပ်ထားပြီး လေတံခါးဖွင့်တဲ့ပမာဏကို (ECU), Electrical Control Unit ထံ သတင်းပို့ပေးတယ်။ အဲဒီဆင်ဆာကို (TPS) Throttle Position Sensor လို့ခေါ်ပြီး ကာဗရိုက်တာသုံး ဘီးတွေမှာလည်းပါတယ်။ ဖင်ထိုင်ခုံအောက်မှာ လေဘာဆွဲလိုက်ရင် အဲဒီဆင်ဆာလေးကရှေ့ထွက်လာတာတွေ့ရတယ်။
(MAP) Manifold pressure sensor ခေါ် တဲ့ လေဖိအားတိုင်းဆင်ဆာပါ။ သူကတော့ ပေါက်ကွဲခန်းထဲဝင်တဲ့လေပမာဏတိုင်းတာပြီး ECU ဆီသတင်းပေးပါတယ်။
အဆိုပါဆင်ဆာတွေပေးတဲ့သတင်းအချက်လက်ပေါ်မူတည်ပြီး ECU ကအင်ဂျင်ကိုလိုအပ်သလို နှေးနှေး၊ မြန်မြန်လည်ပါတ်စေပါသည်။
Manual Bi Starter
EFI အင်ဂျင်တွေမှာတော့ (MBS)Manual Bi Starter ပေါ့၊ Carburetor အင်ဂျင်မှာဆို Choke ခေါ်ရမှာပေါ့။ စက်နိုးရခက်ရင် ချုပ်ဆွဲနိုးရတယ်ဆိုတာ ဆိုင်ကယ်စီးသူတိုင်းသိကြပါတယ်။ MBS & Choke တို့၏ရည်ရွယ်ချက်ကတော့အတူတူပါဘဲ အင်ဂျင်ပေါက်ကွဲခန်းထဲ လောင်စာဆီများများရောက်ဖို့ပါဘဲ။
MBS ကတော့လိပ်ပြာလေတံခါးအကုန်ဖွင့်ပေးထားပြီး ECU ထံသတင်းပို့တော့ Fuel Pump ကိုဆီများများဖြန်းလို့ခိုင်းလိုက်တာပါ။ MBS လေဘာကြိုးကဘယ်ဘက်လက်ကိုင်မှာတွေ့ရပါသည်။
Choke က လေအဝင်တံခါးပိတ်ထားတော့ ကာဗရိုက်တာထဲက ဆီများများဆွဲသွားစေတာပေါ့။ REမှာ Choke ကြိုးကိုလက်ကိုင်မှာတပ်မထားဘဲ ကာဗရိုက်တာဘေးမှာဘဲ ဆွဲတံလေးနဲ့တွေ့ရပါတယ်။
MBS & Choke စက်စနိုးတဲ့အချိန်တွေမှာ(ရာသီဉတုအေးချိန်-စက်နိုးခက်ချိန်)သာအသုံးပြုပါတယ်။ အင်ဂျင်ပုံမှန်လည်ပတ်ပြီဆိုအသုံးပြုဖို့မလိုတော့ပါ။
အင်ဂျင်တွေကလည်း ကျွန်တော်တို့လို ဝင်လေ ထွက်လေ မှတ်တယ်၊ oxygen ရှု carbon dioxide ထုတ်တယ်နော်။
ဘေးထောက်နဲ့စက်နိုးထားရင် ကြည့်မှန်မှာ ဆီမတွေ့ရတော့ဘူး ပန့်ကလည်း ညာဘက်မှာဆိုတော့ အင်ဂျင်ဝိုင်နည်းနေရင် ပြဿနာတက်နိုင်မယ်ထင်တယ်။ ကျွန်တော်တော့ ဂွထောက်ထောက်ထားပြီးမှဘဲ စက်နိုးထားလေ့ရှိတယ်။ https://youtu.be/wsqgBXf5RmU
အော်ရယ်ချင်တယ် ပုံး 😁
အမြည်း
RE ၏ ချိန်းများမှာ O Ring တွေပါပါတယ်။ ချိန်းဆေးတဲ့အခါ ထို O Ring (ေရာ်ဘာကွင်း)တွေမပျက်ေအာင်ဂရုစိုက်ပါ။ သံဘရပ်၊ ရော်ဘာကွင်းကို ပျက်စီးစေသော WD 40 လို အရည်တွေမသုံးပါနဲ့။ Chain cleaner ကိုသာသုံးပါ။
Engine compression test
(အင်ဂျင်ပေါက်ကွဲခန်းဖိအားစမ်းသပ်ခြင်း)
၁/ အင်ဂျင်ခပ်နေွးေနွးဖြစ်လာသည့်ထိ စက်ကိုခဏနိုးထားပါ။
၂/စက်ရပ်ပြီး ပလပ်တဘက်ကိုဖြုတ်ပြီး ဖိအားတိုင်းဒိုင်ခွက်ကိုတပ်ပါ။(အရစ်တူတဲ့ပလပ်ဘက်ကိုဖြုတ်နော်)
၃/သော့ပိတ် ခလုတ်ပိတ်ထားပါ။
၄/ လီဗာကိုအကုန်ဆွဲထားပြီး ၃ /၄ချက်ကစ်နင်းပါ။
၅/PSI 100ဝန်းကျင်ရှိရင်အိုကေပါ။၃/၄ခါစမ်းကြည့်ပါ။
၆/PSI 80ဝန်းကျင်လောက်ရှိရင် ပလပ်ပြန်တပ် စက်နိုး ခပ်နွေးနွေးပူလာမှရပ်ပြီး။
၇/ပလပ်ဖြုတ် အင်ဂျင်ဝိုင် လေး ငါး စက်ထည့်ပါ။
၈/အပေါ်မှာပြောခဲ့သလို ဖိအားတိုင်းဒိုင်ခွက်တပ်ပြီး အမှတ်စဉ် ၃ ၊ ၄ တိုလိုလုပ်ပါ။
#
ဖိအား90psiထိတက်မလာဘူးဆိုရင်တော့........မစဉ်းစားနဲ့ဆိုင်ပြေးတော့
ဖိအား 110psiထက်ကျော်နေရင်တော့ ကာဗွန်ဂျိုးတွေဆေးပါတော့။
ကီလိုမီတာ ၃၀၀၀၀စီးပြီရင် ကာဗွန်ဂျိုးတွေဆေးဖို့လိုတယ်လို့ဆိုပါတယ်။
5/ အဆက်
Low Fuel Sensor (ဆီနည်းခြင်းအချက်ပြ)
ဆီတိုင်ကီ ညာဘက်အောက်မှာရှိပါတယ် ဆီနည်းနေလျင် Sensor ကဖမ်းယူပြီး ရှေ့ဒိုင်ခွက်က အချက်ပြမီးလင်းမှာပါ။ အချက်ပြမီးစလင်းရင်တောင် တိုင်ကီထဲမှာ ဆီ ၂.၅ လီတာဝန်းကျင်ကျန်သေးတယ်ဆိုတော့ ဆီဗားကို RSV ထားပြီးအေးဆေး ဒိုးလို့ရပါတယ်။
အချက်ပြမီးက ၁၂ ဗို့ ၄ ဝပ်ပါအများဆုံးပါ။
MIL (Multifunction Indicator Lamp)
(အရင်က အချက်ပြမီး ဆိုပြီးရေးဖူးတယ်)
စက်နိုးဖို့ သော့ဖွင့် ခလုတ်ဖွင့် ဒေါက်တင် လိုက်ပြီဆို MIL မီးက ခဏလင်းလာပါလိမ်းမယ် ဒါဟာ ECU ကသူနဲံပါတ်သက်တဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းတွေကို စစ်နေတာပါ ပြဿနာတခုခုတွေရင် မီးကပြန်မပိတ်ဘဲ အမြဲလင်းနေပါမယ်။
Crd ; Service Manual ကနေဘာသာပြန်ထားတာပါ E ကောင်းသူက ဓါတ်ပုံမှာဖတ်လို့ရပါတယ်။
အင်ဂျင်ဘလောက်မှာ ပန်းတွေပွင့်လိုစိတ်ညစ်နေလား။
ဆောက်လုပ်ရေး ပစ္စည်းလက်နက်ကိရိယာ ရောင်းတဲ့ဆိုင်သွားပါ။ လက်ကိုင်ကျောက်စက် (hand grinder) 45000ကျပ်ဝန်းကျင် (ငှါးမယ်သူရှိလဲငှါးသုံးပါ) ဝယ်မယ်။ (4" buffing wheel ) လေးလက်မ ပွတ်ဘီး (ပုံမှာပြထားသလို အဝတ်စ သို့ အမွှေးအမျှင် တခုခုနဲ့လုပ်ထားတာပါ) ဝယ်ပါ 2000ကျပ်ဝန်းကျင်။ (Compound Wax) ပွတ်ကျောက် တတုန်းဝယ်ပါ 1000ကျပ်ဝန်းက်င်သူက 4" အဝတ်ဘီးကို ပွတ်ပြီးမှ အင်ဂျင်ကိုပွတ်ရမှာပါ။ သို့ ကားပစ္စည်းဆိုင်တွေမှာရှိတဲ့ metal polish ဝယ်သုတ်ပြီး ပွတ်ဘီးတပ်ထားသောကျောက်စက်နဲ့ပွတ်ပါ။
ဆေးရောင်တွေပေါ်မှာဆိုဂရုစိုက်ပါ များရင် ဆေးပါ ပါသွားမယ် 😁 စက်ပေါလစ်တိုက်တယ်ဆိုတာ ဒီလိုပါ။
4/ အဆက်
Fuel Pump Module
ဆီတိုင်ဂီ ဘယ်ဘက်ခြမ်းမှာ Fuel Injector ထံ ဆီပို့ပေးတယ် ECU ကခိုင်းတဲ့အတိုင်း လိုသလောက် ပမာဏပို့ပေးတယ်။ Micro Fuel Filter ဆီစစ်ဇကာ ပါတယ်။ သူ့ကို ဘက်ထရီ ၆ ဗို့ကနေ ၁၄.၅ ဗို့ထိကြွေးတယ်။ ဆီတွန်းအား 294 kPa pressure ဖြစ်နေအောင်ဆောင်ရွက်ပေးတယ်။ 294kPaဆိုတာ 42 PSI ကျော်တယ်။ ဆိုင်ကယ်ဘီးတွေမှာ 30 PSI ဝန်းကျင်လေထိုးကြတယ်။ အပူအအေးဒဏ် -20 C ကနေ + 60 C အတွင်းမှာကောင်းကောင်းအလုပ်လုပ်နိုင်တယ်။
ဖြုတ်ဆေးကြောတာတွေလုပ်လို့ရတယ်။ ကောင်းမကောင်း အလုပ် လုပ်မလုပ်က မော်တာသံလေးနားထောင်ကြည့်ရင် အကြမ်းပြင်သိရမယ်။ MIL အချက်ပြမီးတွေကလဲပုံမှန်မဟုတ်ဖြစ်တတ်တယ်။ တချို့လည်း ကီလို ၁သောင်းအောက်နဲ့ပျက်တယ် ၃သောင်း ၄သောင်းကျော်မှပျက်တာတွေလဲရှိတယ်။ အဲ ပျက်ချင်မှလဲပျက်မှာပါ။😁
သိသာတဲ့လက်ခဏာတွေက စက်နှိုးရင် နိုးချင်နိုးတယ် မနိုးချင်မနိုဘူး၊ စီးနေရင်လဲ ကလိကလိဖြစ်မယ် စက်ရပ်ချင်လည်းရပ်သွားမယ်။ ပြန်နိုး ပြန်စီး ပြန်ရပ်တာတွေဖြစ်မယ်။
Done
ဆေးသုတ်ဖို့ကျန်သေး
Home made
3/ အဆက်
EFI (Electrical Fuel Injector)
အလုပ်လုပ်ဖို့ ၁၀ နှင့် ၁၄ ဗို့ကြားကြွေးရပါတယ်။
အအေးဒဏ် -၃၀C နှင့် အပူဒဏက် ၁၂၀C ထိခံနိုင်တယ်ဆိုတော့ တော်တော်အကြမ်းခံပါတယ်။
သူရဲ့ဖိအားက ၂.၉ဘားဆိုတော့ကျစ်ထားရင်တော်တော်စူးမယ်။
ဆိုလိုနိုက်ဘားနဲ့အလုပ်လုပ်တာပါ။ Solenoid Valve အလုပ်လုပ်ပုံကတော့ ရေဘားကိုလက်နဲ့အဖွင့်အပိတ်လုပ်သလိုပေါ့ သူကတော့ လက်အစား သံလိုက်နဲ့အဖွင့်အပိတ်လုပ်ပါတယ်။ ဗို့အားပေးလိုက်ရင် သံလိုက်စက်ကွင်းဖြစ်ပြီးဘားတံကိုဆွဲဖွင့် ဗိုအားမပေးရင်ပိတ်နေမှာပါ။
ECU ခိုင်းတာလုပ်ရတဲ့သူပေါ့ဗျာ😀။ ဆရာကြီးက ဆီဖြန်းဆိုဖြန် ရပ်ဆိုရပ်ပြန်ပြောလို့မရဘူး။
၁/ပူပူအေးအေး စက်နိုးလို့ရှယ်ဘဲ
၂/စလိုးမငြိမ်မှာမပူနဲ့
၃/စက်လည်ပါတ်တာလေးကလည်းငြိမ်လို့
၄/အင်ဂျင်ဆွဲအားကလည်းအပြည့်အဝရမယ်
2/ အဆက်
ECU (စီမံခန့်ခွဲသူ) Electrical Control Unit
သူအကြောင်းပြောရင် input device / output device ဆိုတာသိထားမှအဆင်ပြေမှာပါ။
Input Device ဆိုတာ သတင်းအချက်လက်ပေးသူ
Output Device ဆိုတာ တာဝန်ယူဆောင်ရွက်သူ လိုပြောရမှာပါ။
ကွန်ပျူတာသမားတွေကရင်းနီးပြီးသာ စကားလုံးပါ။
ဉပမာ။ ဖုန်းဆိုရင်လူတိုင်းမြင်လွယ်မယ် ဖုန်းမှာပါတဲ့ မိုက် က Input device / စပီကာက Output device ပါ။ စာရိုက်ဖို့ပေါ်လာတဲ့ လက်ကွက်လေက Input / စာကိုမြင်ရအောင်ဖေါ်ပြထားလေးက (ဖုန်းစခရင်) က Output ပါ။
ECU မှာလည်း Input device / Output Device တွေချိတ်ဆက်ထားတယ်။
Temperature Sensor (အပူချိန်တိုင်းတာသူ)
TPS (Throttle Position Sensor) (လေတံခါးစောင့်ကြည့်သူ) စတာတွေက Input Device တွေပါ။
Fuel Injector (လောင်စာဆီဖြန်းသူ)
Fuel Pump Module (FPM) (လောင်စာဆီပေးခြင်းကိုစီမံသူ) စတာတွေက Output Device တွေပါ။
ဉပမာ ဆိုင်ကယ်စီးသူက လီဗာဆွဲလိုက်တယ်ဆိုင်ရင်
လေတံခါးဘယ်လောက်ပွင့်နေပြီဟေ့ ဆိုပြီး TPS ကနေ ECU ကိုလှမ်းပြောလိုက်တယ်။ တခါ ECU ကတဆင့် Plug Coil ကမီးအား ဘယ်လောက်ထုတ်ကွာ၊ FPM ကဆီဘယ်လောက်ထည့်ပေး EFI ဆီကိုမြန်မြန်ဖြန်းကွ ဆိုပြီး ခိုင်းမှ အင်ဂျင်က ဟန်ချက်ညီညီလည်ပေးတာပါ။
ECU က ဆရာကြီးပေါ့ဗျာ။
သူ့အထဲမှာ မှတ်ဉာဏ် ၂မျိုးရှိပါတယ်။
၁) Flash Memory (ယာယီမှတ်ဉာဏ်)
၂) E2PROM (ပုံသေမှတ်ဉာဏ်) တို့ပါ။
Memory ဆိုတာက အပေါ်က ဉပမာပေခဲ့သလို TPS ဘယ်လောက်ဖွင့်တယ် FPM , EFI ဘယ်လိုလုပ်ပါဆိုပြီး လိုက်လံတွက်ချက် စီးမံခန့်ခွဲပြီး ပြန်လည်းခိုင်းစေနေတဲ့ မှတ်ဉာဏ်။ တခါ လီဗာ မဆွဲရင်လည် ဘယ်လိုလုပ်ဆိုပြီး ပြန်လည်စီးမံခန့်ခွဲပေးနေတာပါ။
(Electronically Erasable Programmable Read Only Memory) ဆိုက မည်သည့်အချိန်ခါမဆို ဉပမာ စက်ရပ်လိုက်တာ ဘက်ထရီဖြုတ်လိုက်တာတွေလုပ်ရင်တောင် အချက်လက်တွေပျက်မသွားဘဲတည်ရှိနေတာ။ ဒါကြောင့် စက်ရပ် ဘက်ထရီတွေဖြုတ်ပြီး တခါ ပြန်တပ် စက်ပြန်နိုးလို့ရနေတာပါ။
ကွန်ပျူတာစစ်တယ်ဆိုတာလည်း ECU ကိုကွန်ပျူတာနဲ့ချိတ် အချက်လက်တွေဖတ်တယ် အသစ်ပြန်ထည့် လုပ်ကြတာပါ။
တကယ်ဆရာကြီးပါ။
1/ EMS (Engine Management System)
အင်ဂျင်လည်ပါတ်မှုအတွက် စီစဉ်ညွှန်ကြားမှုစနစ်များ
# ကောင်းကျိုး
၁) လည်ပါတ်မှုစနစ်အားလုံးညီညွတ်စေခြင်း
၂) speed ကြိုက်သူတွေ မောင်းလို့ကောင်းမယ်
၃) မီးခိုးထုတ်လွှင့်မှုနည်းမယ်
၄) မည်သည့်အချိန်မဆို အနိုးမခက်ဘူး
၅) ဆီစားသက်သာတယ်
ပါဝင်ကူညီပေးကြသော ပစ္စည်းများက
၁) ECU (Electrical control Unit) စီမံခန့်ခွဲသူ
၂) Alternator မီးထုတ်ပေးသူ
၃) Throttle Body Assembly (လေရှုရိုက်သူ -နှာခေါင်း)
၄) Temperature Sensor (အပူချိန်တိုင်းသူ)
၅) Fuel Injector (လောင်စာဆီဖြန်းသူ)
၆) Crank Position Sensor အင်ဂျင်လည်ပါတ်မှုကိုတိုင်းတာပြီး မီးထုတ်ပေးနေခြင်းကို သတင်းပေးသူ
၇) Fuel Pump Module (လောင်စာဆီပေးခြင်းကိုစီမံသူ)
၈) Roll over sensor (အနေအထားပြောပြသူ)
၉) MIL (Multifunction indication Lamp) အချက်ပြသူများ)
အလုပ်လုပ်ပုံလေးဆက်တင်ပေးပါမယ်။
(Admin က ECU ဘီးတွေမကလိဖူးသေးပါဘူး။)
# Front Fork Oil
ရှေ့ရှော့ဘား ဆီ
ကီလိုမီတာ ၆၀၀၀ စီးပြီးတိုင်း စစ်ဖိုလိုပြီး
ကီလိုမီတာ ၁၂၀၀၀ စီးပြီးတိုင်းလဲဖို့ပြောပါတယ်။
ရှေ့ ဖေါက်ထိပ်မှာရှိတဲ့ အဖုံးနတ်ကိုဖြုတ် လုံးပါတ် (၅မီလီမီတာ) တပဲလုံး အရွယ်အစားဝန်းကျင်းရှိ အဖြောင့် အသန့် ဒုတ်တချောင်းကို ထိုးထဲ့ကြည့်ပါ။
ပြန်ဆွဲထုတ်ပြီး ဆီရောက်ရှိတဲ့အမှတ် ဖေါက်ထိပ်မှအောက်သို့ (၃၇၀မီလီ-၃၈၀မီလီ) ၁၄လက်မခွဲနှင့် ၁၅လက်မကြားရှိရပါမည်။
ဆီလဲမယ်ဆိုရင်တော့ ဖေါက်၏အောက်ထိပ်တဲ့တဲ့မှာ နတ် သို့ စကူတခုခုနဲ့ပိတ်ထားတာလေးရှိပါတယ် ဖြုတ်ပြီးဆီတွေထုတ်ပါ။
API SG 10W-30 Hydraulic Oil ဟိုက်ဒရောလစ်ဆီကို တဖက်မှာ ၂၆၅ မီလီလီတာ (၁လီတာရေသန့်ဗူး ၁/၄ ပုံ) ထည့်ပါ။
လေခိုတာတွေထုတ်ဖို့ 4/5/10ခါလောက် ဖိလိုက်မြှင့်လိုက်လုပ်ပေးပါ။ နတ်အဖုံးကို စီကွင်းနှင့်အတူသေချာပြန်တပ်ပါ။
Crd ဗီဒီယိုသူများဟာ
https://www.youtube.com/watch?v=Rqyb8NQ84Qw
# စောင်ခြုံတော့မယ်ဆိုရင်
မစီးဖြစ်လို့ ၁လ ၂လရပ်ထားမယ်ဆိုရင်တော့
၁) ဆီတွေထုတ်ထားပါ။
၂) ဆီတိုင်ကီတွင်ပိုင်း သံချေးတက်တာကာကွယ်ဖို့ engine oil သုပ်ထား
နိုင်ပါသည်။
၃) ပလပ်ကိုဖြုတ် engine oil အသန့် 25mL လောက် ပလပ်အပေါက်ထဲ
လောင်းထည့်ပြီး အင်ဂျင်ကို ၄/၅/၁၀ပါတ်လောက်လည်အောင်လှည့်
ပေးပါ။ ပလပ် ပြန်တပ်ပါ။
၄) ချိန်း စပေါကက်များသေချာစွာဆေးကြောပြီး ဆီလေးပါးပါးဖြန်းထား
ပါ။
၅) ဘက်ထရီဖြုတ်ထားပါ။ ဘက်ထရီကြိုး အဆက်တွေ ပင်(Pin) ဆော
ကက် (Socket) တွေကို Petroleum Jelly သုတ်လိမ်းထားပါ။
(Petroleum Jelly က အလှကုန်ဆိုင်မှာမေးပါ)။
၆) ဘက်ထရီကို မပူလွန်သော ခြောက်သွေ့သော လေဝင်လေထွက်
ကောင်းသောနေရာမှာသိမ်းပါ။
၇) Silencer (Exhaust) ကို လေလုံအောင် ပလပ်စတစ်စ မိုကာစလိုမျိုး
နှင့် ရေငွေ့ဝင်ခြင်းမရှိအောင် သေချာထုပ်ထားပါ။
၈) သံချေးလိုက်နိုင်သောနေရာများကို သံချေးကာကွယ်ဆေးဖြန်းထားပါ။
(ဆေးရောင် နီကယ် နှင့် ရာဘာပစ္စည်းတွေပေါ်မဖြန်းမိအောင်
သတိထားပါ)
၉) ဖုန်နှင့်ရေငွေ့အနည်းဆုံးနေရာတွင် ဂွထောက်သေချာထောက်ထားပါ။
# အချက်ပြမီးများ
ပထမ ဆီတိုင်ကီမီလင်းတာတော့အားလုံးသိကြတဲ့အတိုင်းပေါ့ မီးလင်းရင် ၄လီတာဝန်းကျင်ကျန်သေးတယ် အေးဆေးဆက်စီး။
(ဆီဗားက RSV လေးထားစီးပေါ့- ကာဗရိုက်တာထဲ ချေးတွေဝင်တော့လည်း စက်ပြင်ဆရာပိုက်ဆံရတာပေါ့ 😁)
ညာဘက်က ရေတက်ခေါင်းလိုပုံ (ထင်တာပြောတာပါ ဘာပုံမှန်းမသိပါဘူး) (MIL- Malfunction Indicator Lamp)မီးက စက်နိုးကာစ ခဏ စက္ကန့်ပိုင်းလင်းမယ် ပြီးရင် ပြန်ပိတ်သွားမယ်ဆိုရင် ပုံမှန်ပါ။ EFI (Electrical Fuel Injection)ပုံမှန်အလုပ်လုပ်နေပါတယ်။ မီးအမြဲလင်းနေရင်တော့စစ်ပေတော့။
ABS ကတော့အားလုံသိ့ပြီး ရုတ်တရက် break အားကုန်အုပ်ရင် ဘီးလုံးဝရပ်သွားပြီး ဘီးချော်သွားတာမျိုးမဖြစ်အောင်ထိန်းပေးတာပေါ့။ ဘရိတ်အုပ်ရင်မီးလင်းမယ်။ ဘရိတ်အုပ်ပြီး မီးကဆက်လင်းနေမယ် ဆိုင်ကယ်က တနာရီ ၅ကီလိုမီတာလောက်ဘဲရောက်မှ ABSမီးကပြန်ပိတ်သွားရင် ပုံမှန်ပါဘဲ အကောင်းကြီးပါ။ ဘရိတ်ဆွဲလည် မီးမလင်း သို့ ဘရိတ်မဆွဲဘဲ မီးတွေလင်းနေရင်တော့ တခုခုမှားနေပြီ။
Damper Pad
အင်ဂျင်၏ Fin (တနည်းအားဖြင့် heat sink အပူစွန့်ထုတ်ကိရိယာ) မှာချိတ်ထားတဲ့ အနက်ရောင် ရော်ဘာလိုအတုံးမျိူးကဘာလိုတပ်ထားတာပါလဲ။
Fin တွေလုပ်ထားတာက အင်ဂျင်နှင့်ပြင်ပလေထိတွေ့တဲ့ နေရာ ဧရိယာ များအောင်လုပ်ပေးခြဂ်းဖြင့် အပူမြန်မြန်စွန့်ထုတ်နိုင်အောင်လို့ပါ။
ဒီ damper Pad တွေက Fin ကိုလာချိတ်ထားတော့ အဂျင်ပိုပူမှာသေချာပါတယ်။ ၁၀%တောင်ပိုပူလာနိုင်ပါသတဲ့။
ကျွန်တော်တို့သတိမထားမိတာက အင်ဂျင်အတွင်းရှိပစ္စည်းတွေပွတ်တိုက္မှုကြောင့်ဖြစ်လာတဲ့အသံ အမည်မသိ ရေဒီယိုလှိုင်းလိုမျိုးကို ဒီFinတွေကတဆင့်ထုတ်လွှင့်တော့ ဆူညံမှု အနှောက်ယှက်ဖြစ်မှုတွေရှိတယ်လို့ဆိုကြတယ်။
ဒါကြောင့် ဒီ damper pad တွေကအသံဆူညံမှုကိုလျော့ချပေးနိုင်ပါတယ်။
Throttle Position Sensor (TPS)
ဘာအတွက်လဲ ဘယ်နားမှာလဲ။
ဖင်ထိုင်ခုံအောက္မှာ လီဗာဆွဲရင်သူကလည်းရှေ့ထွက်လာတယ်။
TCI (Transistor Control Ignition)ကိုအမိန့်ေပးတာပါ။ လီဗာတော့ဘယ်လောက်ဆွဲနေပြီး မီးဘယ်လောက်ထုတ်ပေးပါခိုင်းတာပါ။(ကျွန်တော်တို့က CDiလို့အလွယ်သိကြတယ်။ Capacity Discharge Ignition မဟုတ်ပါဘူး အလုပ်လုပ်ပုံမတူပါဘူး)။
TPS ကိုဆွဲထုတ်ရင် အမှတ်ကလေးတွေ့ရမယ်။ လီဗာအကုန်ဆွဲတဲ့အခါ အမှတ်ကလေးက အပြင်လွန်ထွက်လာတာ အတွင်းထဲမှာမမြင်ရသေးတာ စသည်ဖြင့် အချိန်မတည့်သေးရင် မီးပေးမမှန်လို့အင်ဂျင်ပေါက်ကွဲအားမကောင်း စက်သံမမှန် ဖြစ်ပါမည်။
Say something about this photo.
ချိန်းကြိုးဘယ်လိုတင်း
ချိန်းတင်းဖို့ အမှတ်လေးများပါပြီးသာမို့ ဘယ်ညာ ညီအောင်ညိ့ရတာခေါင်းမစားတော့ဘူး။
ဒါပေမဲ့ ဘယ်လောက်ထိတင်းရမှာလည်း လက်ကလေးနဲ့စမ်းကြည့်အနေတော်လား မှန်ဆလိုမရရင် အတိအကျတိုင်းပြီးတင်းနည်းရှိတယ်။
ပထမပုံမှာပြထားသလို စပေါ့ကက်နှစ်ခုထိပ်ကိုမျဉ်းဖြောင့်ဆွဲ အလည်မှာ ချိန်းကို ဖိ့တင်ကြည့်ရင် ၂၅မီလီ သို ၃၀မီလီ (၁လက္မ)ဝန်းကျင်သာတက္ရမည်။
ချိန်းဆီက အင်ဂျင်ဝိုင်အဟောင်တွေထည့်နေတုန်လား၊
EP 90 သို့ gear oil တခုခုဝယ်ထည့်ဖို့အကြံပြုလိုပါတယ်။
Electrical Fuel Injection (EFI) & Carburetor
အီးအက်ဖ်အိုင် နှင့် ကာဗရိုက်တာ
ဘယ်ဟာပိုကောင်းလဲ။
#ကာဗရိုက်တာအလုပ်လုပ်ပုံ
လေနှင့်ဆီကိုအချိုးညီညီရောပေးဖို့ပါ။ အင်ဂျင်ကလေကိုဆွဲစုပ်ယူတဲ့အခါ လိုအပ်တဲ့ဆီ ပမာဏကို ကာဗရိုက်တာကရောပေးပါတယ်။ ဆီတိုင်ကီက ဆီပိုက်လိုင်းတွေကို ကာဗရိုက်တာဆီချိတ်ဆက်ထားပါတယ်။ လေဗာဆွဲတဲ့အခါ ကာဗရိုက်တာအတွင်းရှိ လေတံခါးကိုဖွင့်ပေးပြီးဆီနှင့်ရောစေတယ်။
#ကောင်းကျိုး
၁/ ဈေးပေါတယ် ပြင်ဆင်တပ်ဆင်ရလွယ်ကူတယ်။
၂/ အသုံးပြသူစိတ်ကြိုက်ချိန်းညှိ့နိုင်တယ်။
၃/အင်ဂျင်ကိုမထိဘဲ ကာဗရိုက်တာ သီးသန့်လေးဖြုတ်ပြင်နိုင်တယ်။
#ဆိုးကျိုး
၁/လက်ရှိကျွန်တော်တို့ကမ္ဘာကြီးလိုအပ်ချက်တွေနဲ့မကိုက်ညီတော့ဘူး ဒိတ်အောက်နေပြီး (Out of Date)
၂/ကာဗရိုက်တာအများစုက တုန့်ပြန်မှုနှေးတယ်။ ဥပမာ လေဗာဆွဲရင် အင်ဂျင်လိုအပ်ချက်ကိုချက်ခြင်းအလုပ်လုပ်မပေးနိုင်တာမျိုး။ လေဗာကိုရုတ်တရက်ဆွဲလိုက်သည့်အခါ အင်ဂျင်က အနည်းငယ် နောက်ကျပြီးမှမြန်လာတာမျိုး။
၃/အစိတ်အပိုင်းအချို့က ထိခိုက်ပျက်စီးလွယ်တယ်။ ဥပမာ Diaphragm, Jet.။
4/လေနှင့်ဆီအချိုးအစား တသတ်မှတ်တည်းမရှိဘဲ အပြောင်းအလဲရှိပြီး စက်သံမမှန်တာမျိုး။
#အီးအက်ဖ်အိုင် အလုပ်လုပ်ပုံ
ကာဗရိုက်တာလို ဆီနှင့်လေကို တခါတည်းရောပေးတာမျိုးမဟုတ်ဘဲ။ အင်ဂျင်က လိုအပ်တဲ့ ဆီပမာဏကိုသာ (DCP Fuel Injector) ထုတ်ပေးတယ်။ Electrical Control Unit (ECU) (အင်ဂျင်လည်ပါတ်မှုကို အီလက်ထရောနစ်စနစ်ဖြင့်ထိန်းချုပ်သော) က ခိုင်းသလို Injector ကဆီထုတ်ပေးတယ်။ ဆီတိုင်ကီက ဆီပိုက်ကို DCP Fuel Injector နှင့်ချိတ်ဆက်ထားတယ်။ လေဗာဆွဲတဲ့အခါ လေတံခါဖွင့်ပေးပြီး (Electronic Sensor) ကိုလည်းအလုပ်လုပ်စေတယ်။ အင်ဂျင်လည်းပါတ်မှု ၊ လေတံခါရှိ Sensor စတာတွေအခြေခံပြီး ECU ကတွက်ချက်ကာ Injector ကတဆင့်လိုအပ်တဲ့ဆီပမာဏကိုသာထုတ်ပေးတယ်။
#ကောင်းကျိုး
၁/ ဆီလေ လိုအပ်သလိုတွက်ချက်ပြီးမှ ဆီကို (Micro)အဏုမြူအမှုန်အမွှားအဖြစ်ပက်ဖြန်းပေးလို့ အင်ဂျင်ပေါက်ကွဲအားပိုကောင်းတယ်။
၂/ လေဗာဆွဲရင်လဲ ချက်ခြင်းဆိုသလိုတုန့်ပြန်မှုပေးတယ်။ ကာဗရိုက်တာတွေလို နောက်ကျမနေဘူး။
၃/ဆီထုတ်ပေးမှုအပိုင်းမှာ ကာဗရိုက်တာတဲ့ပိုမြန်ပိုကောင်းတယ်။
၄/ ကာဗရိုက်တာတွေလို ခဏခဏမပြင်ရဘူး။
#ဆိုးတာကတော့
၁/ ကာဗရိုက်တာထက်ဈေးကြီးတယ်။
၂/ပျက်ရင်ပြင်ဖို့ခက်တယ်။
၃/ အသုံးပြုသူစိတ်ကြိုက် ချိန်ညှိတာတွေမရဘူး။ ECU ကတဆင့်ချိန်ညှိရမှာမို့ ကျွမ်းကျင်ဆရာရယ် ငွေရယ်လိုမယ်။
Crd ဓါတ်ပုံများသူများဟာ