What's Happening Now - 2

What's Happening Now - 2

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from What's Happening Now - 2, News & Media Website, .

25/08/2022

တောင်ကုတ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၄ ဦးထက်မနည်းသေ ဆုံး

ရန်ကုန်၊ သြဂုတ် ၂၅

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ချောင်းသုံးခွကျေးရွာဖက်တွင် ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ ယနေ့သြဂုတ်လ ၂၅ ရက် ညနေပိုင်းအချိန်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း ဒေသသတင်းရင်းမြစ်များမှတစ်ဆင့်သိရသည်။

တိုက်ပွဲမှာ ညနေ ၄ နာရီအချိန်ခန့်က ချောင်းသုံးခွနှင့် ကြိမ်တောချောင်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကြာချိန်အားဖြင့် မိနစ် ၂၀ ခန့်ရှိကြောင်း တောင်ကုတ် ချောင်းသုံးခွအနေိးတွင်နေထိုင်သူတစ်ဦးကပြောသည်။

"တိုက်ပွဲက ၄ နာရီလောက်ကစဖြစ်တယ်။ မိနစ် ၂၀ လောက်ကြာပါ်တယ်။ အဲ့ဖက်မှာတော့ ချောင်းသုံးခွရယ်၊ ကြိမ်တောချောင်းနဲ့ တစ်ခြားကျေးရွာတွေရှိပါတယ်။ အထိအခိုက်ကျဆုံးမှုကို မသိရဘူး"ဟုပြောသည်။

သတင်းရင်းမြစ်ပြောဆိုချက်အရ ရက္ခိုင့်တပ်တော် AA တပ်စခန်းရှိသည်နေရာကို စစ်ကောင်စီဖက် ဝင်ရောက် တိုက်ခိုက်ရာတွင် သတင်းပေးမြန်ဆန်သည့်အတွက် ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီဖက်မှ ၁၄ ဦးခန့်အကျဆုံးရှိခဲ့ပြီး AA ဖကိ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိကြောင်း AA၏ သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ သံတွဲမြို့သို့အထွက် ကားလမ်းဖက်တွင်ဖြစ်ပြီး တောင်ကုတ်မြို့နှင့် ၁၀ မိုင်ခန့်အကွာအဝေးရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့မှာ ပလက်ဝ၊ မောင်တော၊ ရသေ့တောင်ဖက်တို့တွင်သာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး ထပ်တိုးအနေဖြင့် တောင်ကုတ်ဖက်တွင်လည်း ဖြစ်ပွားလာခြင်းဖြစ်သည်။

၎င်းတိုက်ပွဲသတင်းနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့်စစ်ကောင်စီ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ တို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိခဲ့ပေ။

ကျောက်တော်နယ်နှင့် မြောက်ဦးနယ်စပ်ကြားရှိ ကျောက်ကျပ်ကျေးရွာသို့ အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုက ယနေ့ ဩဂုတ် ၂၅ ရက်နေ့ မွန်လွဲပိုင်းအချိန်ခန့်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

အဆိုပါကျောက်တော် စကခ(၉) မှထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို နံနက် ၉ နာရီခွဲဝန်းကျင်က ကျောက်တော်မဟာမုနိသို့ ကား ၆ စီးဖြင့်လာရောက်ချထားခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် မဟာမုနိစစ်ဘေးရှောင်စခန်းကို ဖြတ်ကာ ညောင်ချောင်းမှ တစ်ဆင့် ကျောက်ကျပ်ကျေးရွာသို့ ရောက်သွားခြင်းဖြစ်ကြောင်း ကျောက်တော်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေသည့် ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးအုပ်စုအတွင်းရှိသော ရက္ခိုင့်တပ်တော် AA၏ စခန်းများနှင့် စစ်ဆေးရေးဂိတ်စခန်းနေရာများကို ဩဂုတ် ၂၅ ရက်နေ့ နောက်ဆုံးဆုတ်ခွါဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီမှ ခေါ်ယူသတိပေးခဲ့သည်။

Khit Thit Media

25/08/2022

ပုလောမှာ လမ်းကင်းယူဖို့လာတဲ့ စစ်ကောင်စီတပ်စိတ်မိုင်းဆွဲခံရပြီး ၂ဦးသေဆုံး

တနင်္သာရီတိုင်းမ်၊ သြဂုတ် ၂၅

ပုလောမြို့နယ်၊ တပိုကျေးရွာတံတားထိပ်မှာ လမ်းကင်းယူဖို့လာတဲ့ စစ်ကောင်စီတပ်စိတ်တစ်ခု ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

တပိုလမ်းကင်းယူဖို့လာရောက်ချိန် မနေ့က နေ့လည် ၁နာရီခွဲလောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပါတယ်။

"သူတို့ယာဥ်တန်းဖြတ်လို့ရအောင်ကင်းပုန်းလာချတဲ့ ခြေလျှင်စစ်ကြောင်းကို ကျနော်တို့တိုက်ခိုက်ခဲ့တာပါ။ စစ်သားနှစ်ကောင် ချက်ချင်းပဲလဲကျသွားတာမြင်ခဲ့ရပါတယ်။ နောက်ထပ်ဒဏ်ရာရသူတွေလည်းရှိပါတယ်" လို့ Ghost Ranger အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Ghost Ranger တပ်ဖွဲ့နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ King Cobra Foce တို့က ပြုလုပ်ခဲ့ကြတာပါ။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပဲ အောင်အောင်မြင်မြင်ဆုတ်ခွါနိုင်ခဲ့တယ်လို့ဆိုပါတယ်။

မနေ့တစ်ရက်တည်းမှာပဲ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရတာနဲ့ ပုလောမြို့မိုင်တိုင်အမှတ်၄ အနီးမိုင်းဆွဲခံရမှုတွေကြောင့် စစ်ကောင်စီတပ်သား ၂ဦးထက်မနည်းသေဆုံးခဲ့ပါသေးတယ်။

The Tanintharyi Times

ဓာတ်ပုံ - Ghost Ranger Palaw UG

Photos from What's Happening Now - 2's post 24/08/2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျောင်းသားလူငယ်များ၊တော်လှန်ရေးလူငယ်များ၊ပြည်သူများနှင့် LGBTလူငယ်များ ပူးပေါင်းကာ (August 24 2022) ရက်နေ့တွင်(ကျောင်းသားထုအောက် အာဏာရှင် ပြားပြားဝပ်စေရမယ်) ခေါင်းစဥ်ဖြင့် လမ်းပေါ်ချီတက်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ပြီး၊ ကျောင်းသားများနှင့်သက်ဆိုင်သိ ဆောင်းပါးများပြောကြား၍၊ သပိတ်ကိုအောင်မြင်စွာ လူစုခွဲနိုင်ခဲ့ကြောင်းသိရသည်။

Photos from What's Happening Now - 2's post 24/08/2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း အမျိုးသမီး၊ LGBT၊ လူငယ်များနှင့် အခြေခံပညာ ကျောင်းသားများ သပိတ်ကော်မတီ (လောင်းလုံးမြို့နယ်) တို့ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၂၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Photos from What's Happening Now - 2's post 24/08/2022

ကန့်ဘလူ-ကောလင်း-ကျွန်းလှ မြို့နယ် ၃ ခု အစပ်တိုက်ပွဲတွင် ဗိုလ်ကြီး ၂ ဦးနှင့် ဗိုလ် ၁ ဦး အရှင်ဖမ်းမိပြီး စစ်သား ၄၀ ဦး သေဆုံး၊ လက်နက် ၂၂ လက်နှင့်ကျည် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ

ရန်ကုန်၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ကောလင်း-ကျွန်းလှမြို့နယ် ၃ ခု အစပ်တွင် မဟာ မိတ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက စစ်ကောင်စီတပ်ကို ယမန်​နေ့ တိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၁ ဦး အရှင်ဖမ်းမိပြီး စစ်သား ၄၀ ဦးထက်မနည်းသေဆုံးကာ လက်နက် ၂၂ လက်နှင့် ကျည် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိကြောင်း ကန့်ဘလူခရိုင် တပ်ရင်း - ၂ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရောင်နီက ပြောကြားသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်များကို အထိ နာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၄၀ ထက်မနည်းသေဆုံးပြီး ဗိုလ်ကြီး ၂ ဦးနှင့် ဗိုလ် ၁ ဦး ဖမ်းမိကြောင်း၊ လက်နက် သိမ်းဆည်းမှု အနေဖြင့် MA1 ၇ လက်၊ MA2 ၂လက်၊ MA3 ၇လက်၊ MA4 ၁လက်၊ ၆၀ မမ ပြောင်းတို နှစ်လက်၊ RPG ၁လက်၊ RPG ကျည် ၂လုံး၊ MA ကျည်ဘောက် ၅၅ ဘောက်၊ ၆၀မမကျည် ၁၈ လုံး၊ 5.56 ကျည် ၁၈၆၇ ၊ ၄၀ မမ ကျည် ၆ လုံး၊ အီနာဝါ ၄ လုံး၊ ဦးထုပ် ၆ လုံး ၊နင်းမိုင်း ၅လုံး၊ Icon ၅ လုံး ၊လက်လုပ်တူမီး ၁လက်၊ လက်လုပ်တစ်ထောင့်ထိုး ၁ လက်၊ မီးကျည် ၂ ထောင့်၊ Jumper ၁ ခု၊ မပတ ၂ ခု ၊ 84 mm ပြောင်း ၁ လက် ၊84 mm ၂ ခု ၊ MA Pistol ၁လက်၊ ဘောက် ၂ ခု သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး နံနက် ၁၀ နာရီတွင် စစ်တပ်က လေ ကြောင်း မှ ဗုံးကျဲတိုက်ခိုက်ကြောင်း၊ ကန့်ဘလူမြို့နယ် လက်ခုပ်ပင်နှင့်အောင်ချမ်းသာကျေးရွာအတွင်းသို့ ချပ် သင်း မှထိုးစစ်ဆင်လာသောစစ်ကောင်စီစစ်ကြောင်းကို မဟာမိတ် ပြည်သူ့ကာကွယ် ရေးတပ်များက မှကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄၀ထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 လက်နက်များသိမ်း ဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း - ၂ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အကြမ်းဖက် စစ်တပ်က Mi 17 ၁ စီးဖြင့် ထောက်ပို့ ပေးပြီး Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး ၊ဂျက်တိုက်လေယာဥ် ၁ စီးဖြင့် လေကြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

" မနေ့က ညောင်ကုန်းရွာ မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အနောက်ဘက်ကို ထွက်သွားတယ်။ ကန့်ဘလူမြို့နယ် လက္ခုပင်ရွာနှင့် ကောလင်းမြို့နယ် အောင်ချန်းသာရွာ အကြားမှာ တိုက်ပွဲဖြစ်နေတာ မနေ့က ညောင်ကုန်းကို မီးရှို့တဲ့ စစ်ကြောင်းနဲ့ ကန့်ဘလူခရိုင် PDF တပ်တွေ တိုက်ပွဲဖြစ်တာ စကစ ဘက်က အသေများလို့ လေကြောင်းကနေ စစ်ကူလာတာ အသေအပျောက်က တော်တော်များတယ်။ စကစ ဘက်က သေတာ။ အခု Mi 35 ၁ စီး၊ ၂ ကြိမ် ပစ်တယ်။ ဂျက်ဖိုက်တာ ၁ စီးနဲ့ပါ ထပ်လာပစ်တယ်။ ပြည်သူတွေကတော့ ရွာလုံးကျွတ် ပြေးနေရတာပေါ့။ ပြည်သူတွေ ထိခိုက်မှု အခြေ အနေတော့ မသိရသေးဘူး" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

Khit Thit Media

Photos from What's Happening Now - 2's post 24/08/2022

KNU တပ်မဟာ ၆ နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီက တပ်ရင်း ၁၈ ရင်းဖြင့် ထိုးစစ်ဆင်၊ ရက် ၂၀ အတွင်း တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၅၀ ဦး ဝန်းကျင် သေဆုံး၊ ပြည်သူ ၉၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

ရန်ကုန်၊ ဩဂုတ် ၂၄

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီသည် တပ်ရင်း ၁၈ ရင်းဖြင့် စစ်ရေးလှုပ်ရှားနေပြီး ဩဂုတ်လ ရက် ၂၀ အတွင်း တိုက်ပွဲ ၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄၈ ဦးသေဆုံးကာ ၈၀ ဦး ထိခိုက်ဒဏ်ရာရကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် တပ်မ ၁၁၊ တပ်မ ၂၂၊ တပ်မ ၄၄ တို့၏ လက်အောက်ခံတပ်ရင်း ၁၇ ရင်းနှင့် လက်ပါးစေ BGF တပ်ရင်း ၁ ရင်း အသုံးပြုကာ စစ်ရေးလှုပ်ရှားနေပြီး အခြားအတည်မပြုနိုင်သေးသော တပ်ရင်းများလည်း ရှိသေးကြောင်း KNU က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ရင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ KNLA တပ်ရင်း ၁၆၊ ၁၇၊ ၁၈၊ ၂၇၊ ၂၀၁၊ KNDO ဗဟိုလုံခြုံရေးတပ်ရင်း ၁ ရင်း၊ KNDO တပ်ရင်း ၆ တို့က ရင်ဆိုင်တိုက်ခိုက်နေပြီး KNLA ဘက်မှ ၂ ဦး ကျဆုံးကာ ၁၆ ဦး ဒဏ်ရာရကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ KNLA တပ်ရင်း ၁၈ နှင့် တပ်ရင်း ၂၇ နယ်မြေများတွင် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးအမျိုးမျိုး၊ ဂျက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အင်အား အလွန်အကျွံအသုံးပြု ထိုးစစ်ဆင်လျှက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်မဟာ ၆ နယ်မြေတွင် အရပ်သားပြည်သူ ၉၀,၂၉၁ ဦးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ၁ ဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံးက ယနေ့ ထုတ်ပြန်သည်။

Khit Thit Media

23/08/2022

ထမင်းချက်ရန်ပြင်ဆင်နေသည့် စစ်ကေင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်ရာ စစ်သား ၅ ဦးထက်မနည်း ထိခိုက်(ရုပ်/သံ)

ရန်ကုန်၊ ဩဂုတ် ၂၃

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ ပွန်ချောင်းအနီးရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းတွင်တွင် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦးထက်မနည်း ထိခိုက်မှုရှိကြောင်း KNDF တပ်ရင်း ၂ က သတင်းထုတ်ပြန်သည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲရာ အဆိုပါ ပွန်ချောင်းစခန်းရှိ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပြောင်း ၁ ခု မှာ ထိခိုက်မှုရှိပြီး လဲကျသွားကြောင်း KNDF တပ်ရင်း ၂ က ဆိုသည်။

အဆိုပါ စခန်းတွင်းမှ ပြန်လည်ပစ်ခတ်သော်လည်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ပွန်ချောင်းစခန်းကို ကရင်နီတပ်မတော် KA၊ KNDF တပ်ရင်း ၂၊ တပ်ရင်း ၁၄ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

23/08/2022

တနင်္သာရီမြို့နယ် ၊ ကော့မပြင်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ဦးထက်မနည်းကျဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၂ဦးကျဆုံး

တနင်္သာရီတိုင်းမ်၊ သြဂုတ် ၂၃

တနင်္သာရီမြို့နယ် ၊ ကော့မပြင်းရွာမှာ တိုက်ပွဲ ၇ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။

သြဂုတ်လ ၁၉ရက်နဲ့ ၂၀ရက်နေ့တွေမှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ တောင်ပိုင်းသူရဲကောင်းများအင်အားစု (SWDF) ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ ဒေသကာကွယ်ရေးတပ်ပေါင်းစုတို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ဦးထက်မနည်းထိခိုက်ကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဘက်က ၂ ဦးကျဆုံးခဲ့ပြီး ၃ဦးဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲမဖြစ်ပွားခင်က ပတ္တမြားကျေးရွာကနေ ကော့မပြင်းရွာမှာ ဥယျာဥ်လုပ်ငန်းလာရောက် လုပ်ကိုင်နေတဲ့ ရွာသားနှစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားခဲ့ပြီး သူတို့အခြေအနေနောက်ဆက်တွဲကိုတော့မသိရသေးပါဘူး။

The Tanintharyi Times

23/08/2022

မောင်မယ်ရှောင်ရွာကားလမ်းမှာ စစ်ကောင်စီယာဥ်တန်းဖြတ်လာချိန် ပေါက်ကွဲမှုဖြစ်

တနင်္သာရီတိုင်းမ် ၊ သြဂုတ် ၂၃

မောင်မယ်ရှောင်ကျေးရွာအထွက်နားက ရန်ကုန် - ထားဝယ်ကားလမ်းပေါ်မှာ စစ်ကားနှစ်စီးပါ စစ်ကောင်စီယာဉ်တန်း ဖြတ်လာချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒီကနေ့ မနက် ၆နာရီ ကျော်လောက်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့တာဖြစ်ပြီး မောင်မယ်ရှောင်ရွာအထွက် ဆေးခန်းအနီးက လယ်ကွင်းနား အရောက်မှာ ဖြစ်ခဲ့တာလို့သိရပါတယ်။

ပေါက်ကွဲမှုကြောင့် စစ်ကားနှစ်စီး ထိခိုက်မှု ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

" ပေါက်ကွဲသံတော်တော်ကျယ်တယ်။ အိပ်ရာကတောင် လန့်နိုးတယ်။ ရွာနဲ့ကပ်နေတော့ တစ်ရွာလုံးဟိန်းသွားတာပဲ။ အဲဒီနောက်မှာ သေနတ် ပစ်သံတွေလည်း ဆက်တိုက်ကြားရတယ်" လို့​ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

အခုပေါက်ကွဲမှုဖြစ်ခဲ့တာဟာ မိုင်းဆွဲတိုက်ခိုက်ခံရတာလား စစ်ကောင်စီတပ်သားတွေဘက်ကခြောက်လှန့်ဖောက်ခွဲခဲ့တာလားဆိုတာကိုတော့ မသိရသေးပါဘူး။

မောင်မယ်ရှောင်ကျေးရွာလမ်းပိုင်းဟာ စစ်ကောင်စီယာဥ်တန်းမကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့ညနေပိုင်းကလည်း မောင်မယ်ရှောင်ကျေးရွာနဲ့ ဇဟာကျေးရွာကြားမှာ စစ်ကောင်စီ ၁၃စီးပါယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့ပါတယ်။

The Tanintharyi Times

Photos from What's Happening Now - 2's post 22/08/2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အတွင်း အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ (လောင်းလုံးမြို့နယ်)မှ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ''ဒို့ကျောင်းသားတွေ နိုးထတော်လှန်ကြလော့" ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

22/08/2022

ကသာ၊ ဘန့်ဘွေးကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၄ ဦးသေဆုံး၊ တိုက်လေယာဉ်ဖြင့် ဗုံးလာကျဲစဉ် ကိုယ့်လူကိုယ်ပေါ် ကျဲချမှု ကြောင့် စစ်သား ၈ ဦးထပ်သေ

ရန်ကုန်၊ ဩဂုတ် ၂၂

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ(ရွာဟောင်း) တွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃၄ ဦးသေဆုံးပြီး တိုက်လေယာဉ်များဖြင့် ဗုံးလာကျဲစဉ် စစ်သားများအပေါ် ဗုံး ပြန်ကျပြီး စစ်သား ၈ ဦး ထပ်မံ သေဆုံးကာ စုစု ပေါင်း ၄၂ ဦးသေဆုံးသွားကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကသာ ပကဖ ပြန်ကြားရေး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ကသာမြို့နယ် အရှေ့ဘက်ကမ်း၊ ဘန့်ဘွေးကုန်း ကျေးရွာတွင် တပ်စွဲထားသော ငါးအိုး ၁၂၁ တပ်ကို မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသည့် KIAရင်း-၁၂ လက်အောက်ခံ KachinPDF ၊ ကသာမြို့နယ် ပကဖ၊ တိုက်နယ်၊ရပ်ကျေး ပကဖများ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ ကြာချိန် (၂)နာရီကျော်ကြာမြင့် ခဲ့ပြီး စစ်ကောင်စီတပ်များ ရွာတွင်း ပိတ်မိနေသောကြောင့် ကသာမြို့ စစ်တပ် ၃၀၉ တပ်က ၁၂၀ မမ ဖြင့် ဧရာဝတီမြစ်ကို ကျော်၍ ပစ်ကူပေးခဲ့ကြောင်း၊ ယင်းနောက် မြစ်ကြီးနားမှ ဂျက်ဖိုက်တာ(၂)စီးဖြင့် ဘန့်ဘွေးကုန်း ရွာကို နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံးလာကျဲချကြောင်း၊ သိရှိရသည်။

မြေပြင်မှ ပြည်သူများနှင့် ရှေ့တန်းရဲဘော်များ၏ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦး သေဆုံးကြောင်း၊ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးလာကျဲစဉ် သူ့တပ်ပေါ် သူပြန်ကျပြီး ၈ ဦးသေဆုံးကြောင်း၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဘန့်ဘွေးကုန်း ဆိပ်ကမ်း၌ သံခွန်ရေယာဉ်ငယ်ဖြင့် အလောင်းများ သယ်ယူနေပြီး လှေပေါ်တွင် ပုံထပ်နေကြောင်း သိရှိရသည်။

"အဲဒီရွာ ဘန့်ဘွေးကုန်း က ရွာဟောင်းဗျ။ ပြည်သူတွေ က အရင်ကတည်းက အဲဒီမှာ သိပ်မနေဘူး။ မနက်၅ နာရီ ၃၀ မိနစ်မှာ ကိုယ့်ဘက်က စပြီးလက်နက်ကြီးနဲ့ထုတာ။ တိုက်ပွဲ ကြာချိန်က ၃ နာရီ ၃၀ မိနစ်ကြတယ်။ သူတို့လူတွေ ပိတ်မိနေတော့ ကသာ ၃၀၉ တပ်ကလည်း ၁၂၀ မမနဲ့လှမ်းထုတယ်။ သူတို့လေယာဉ်နဲ့မှားပစ်တာက ရွာပြင်မှာ PDF တွေ ပြန်လာမယ်အထင်နဲ့ ကင်းပုန်းဝပ်နေတဲ့ သူတို့လူတွေကို သူတို့ ဗုံးပြန်ကျဲတယ်။ အဲဒီ စစ်ကြောင်းက စုစုပေါင်း ၄၈ ကောင် အဲ့ရွာထဲဝင်သွားတာ။ အခု စက်လှေပေါ်ပါသွားတာ အရှင် ၆ ကောင်ပဲပါသွားတယ်လို့ မြေပြင်ကအတည် ပြုတယ်။ ၄၂ ကောင်သေတာပေါ့။ ကျွန်တော်တို့တပ်ပေါင်းစုကလည်း အတော်ဗျင်းထားတာကောပါတယ်။ ဒီနေ့ လက်လုပ် Mytel လျှော့ပြောင်းတွေကော ခွေးစာကျွေးကြတယ်" ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကသာ ပကဖမှ ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Khit Thit Media

Photos from What's Happening Now - 2's post 21/08/2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ကနေ ဦးဆောင်ပြီး ယနေ့ သြဂုတ်လ ၂၁ ရက်၊ ညနေပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုမှာ LGBT တွေ၊ အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီနဲ့ လူငယ်အချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုကို လုံးဝလက်သင့်မခံဘဲ အုံကြွ ဖီဆန် တော်လှန်ကြပါက ကျမတို့ရဲ့ တော်လှန်ရေးဟာ အောင်မြင်မှုရရှိမှာ မုချပါပဲ့။

ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ကျမတို့ရဲ့ တိုင်းပြည်နဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ် အမှောင်ထုထဲမ​ကျရောက်စေရေးအတွက် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။

နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းဏ္ဍကို မြှင့်တင်နိုင်ဖို့နဲ့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်စေဖို့ ရည်ရွယ်ချက်နဲ့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

Photos from What's Happening Now - 2's post 21/08/2022

ပုလောမြို့နယ် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)ရဲ့ တတိယအကြိမ်မြောက် သင်တန်း ဆင်းပွဲ အခမ်းအနားပြုလုပ်

WHN, August 21.

ပုလောမြို့နယ် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)ရဲ့ တတိယအကြိမ်မြောက် သင်တန်း ဆင်းပွဲ အခမ်းအနား ကို မနေ့ (၂၁.၉.၂၀၂၂) စနေနေ့မှာ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲကို KNU မှ အဖွင့်မိန့်ခွန်းပြောကြား ဖွင့်လှစ်ပေးပြီး ပုလောမြို့နယ် ပုလောဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုမှာ တာဝန်ရှိသူများကနေ အားပေးစကား ပြောကြားရင်း တက်ရောက်ပါဝင်ခဲ့ကြသည်။

သင်တန်းအတွင်း ကဏ္ဍအလိုက် ထူးချွန်သူများကိုလည်း ဆုချီးမြှင့်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

What's Happening Now - 2

21/08/2022

ရှားတောမြို့နယ်၊ တငူးဆို အအကြမ်းဖက်စစ်တပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ မီးရှို့ရှင်းလင်း၊ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်စခန်း ၈ ခုကို ကရင်နီတပ်ဖွဲ့ သိမ်းပိုက်

ရန်ကုန်၊ ဩဂုတ် ၂၁

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ တငူးဆိုဒေသရှိ အကြမ်းဖက်စစ်တပ်၏ ခြေကုပ်စခန်း ပွိုင့် ၅၃၅၀ စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က မီးရှို့ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တငူးဆို စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဗျူဟာမြောက် တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်သားများ စခန်းမှ ဆုတ်ခွာသွားသဖြင့် စခန်းကို မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကရင်နီတပ်မတော် သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တွင် ရှားတောမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်ထားသည်။

တငူးဆို စခန်းကို ကရင်နီတပ်မတော် KA၊ KNDF တပ်ရင်း ၁၂၊ ၁၄၊ ၁၇ တို့ ပူးပေါင်းတိုက်ခိုက်ရှင်းလင်းခြင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှားတောမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်၏ ကြားစခန်းအပါအဝင် စခန်း ၈ ခုကို သိမ်းပိုက်နိုင်ကြောင်း သတင်းရရှိသည်။

Khit Thit Media

ဓါတ်ပုံ - ရှားတော၊ တငူးဆိုဒေသရှိ ပွိုင့် ၅၃၅၀ စခန်းကို ကရင်နီတပ်ဖွဲ့ မီးရှို့ရှင်းလင်းစဉ်

Photos from What's Happening Now - 2's post 20/08/2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျောင်းသားလူငယ်များ၊တော်လှန်ရေးလူငယ်များ၊ပြည်သူများနှင့် LGBTလူငယ်များ ပူးပေါင်းကာ (August 20 / 2022) ရက်နေ့တွင်(အာဇာနည်မျိူး သေရိုးမရှိ) ခေါင်းစဥ်ဖြင့် လမ်းပေါ်ချီတက်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့သည်။

20/08/2022

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလုံးထာရွာမှာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သူဟာ ဒေသခံရွာသားဖြစ်နေ

တနင်္သာရီတိုင်းမ်၊ သြဂုတ် ၂၀

ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာထဲမှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က တွေ့ရှိခဲ့တဲ့အလောင်းဟာ ဒေသခံရွာသားတစ်ဦးရဲ့အလောင်းဖြစ်တယ်လို့သိရပါတယ်။

သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့သူဟာ ကလုံးထာရွာသားတစ်ဦးဖြစ်တဲ့ အသက် ၁၈နှစ်အရွယ် ကိုသန့်ဇင်ထွေးဖြစ််တယ်လို့ သိရပါတယ်။

သူဟာ ​လွန်ခဲ့တဲ့ ၄ရက် သြဂုတ်လ ၁၆ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်သားတွေရှိနေတဲ့ကလုံးထာရွာစာသင်ကျောင်းရှေ့ကို ဆိုင်ကယ်နဲ့ဖြတ်သွားချိန် ပစ်သတ်ခံလိုက်ရတာလို့ သ်ိရပါတယ်။

" လူတစ်ယောက်ပစ်သတ်ခံလိုက်ရတာကိုတော့ သိနေကြပေမယ့် ဘယ်သူဘယ်ဝါဆိုတာမနေ့ကမှ သေချာ အတည်ပြုနိုင်တာပါ။ အလောင်းကတော့လက်ရှိ ရွာမှာပဲရှိသေးတယ်။ ရေဖြူဘက်ကလာပြီး မီးသဂြိုဟ်မှာပါ"လို့ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေရွာမှာပဲဆက်လက်ရှိနေကြပြီး အနီးအနားမှာလည်းတပ်ဖြန့်ထားတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၄ရက်နေ့ကစပြီး ကလုံးထာရွာအနီးကိုစစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ လက်နက်ကြီးတွေပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး ၁၆ရက်နေ့နောက်ပိုင်းမှာတော့ ရွာထဲမှာတပ်စွဲတာ၊လက်နက်ကြီးပစ်ခတ်တာနဲ့ နေအိမ်အားလုံးနီးပါးကိုမွှေနှောက်ရှာဖွေဖျက်ဆီးတာတွေပြုလုပ်ခဲ့ကြပါတယ်။

ဒေသခံရွာသားတွေကတော့ တစ်ရွာလုံးနီးပါးနေအိမ်စွန့်ခွာထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာတောတွေ၊ ဥယာဥ်ခြံတွေထဲထဲမှာ သွားရောက်တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

The Tanintharyi Times

ပုံစာ -ကိုသန့်ဇင်ထွေး

Photos from What's Happening Now - 2's post 19/08/2022

မြ၀တီ-ဝေါ်လေကားလမ်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်များလည်း သိမ်းဆည်းရမိ

ရန်ကုန်၊ ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီ-ဝေါ်လေကားလမ်းတွင် တိုက်ပွဲများ ဆက် တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်များလည်း သိမ်းဆည်းရမိကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ် ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂)သည် မြဝတီ-ဝေါ်လေ ကားလမ်းမ ပေါ်ရှိ ဘုရားကုန်းသို့ ယနေ့ ဩဂုတ် ၁၉ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ် အချိန် ကျူးကျော်သိမ်းပိုက်ရန် ကြိုးစားခဲ့သဖြင့် တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်မြေပြင် သတင်းအတည်ပြုချက်အရ ၎င်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်မှ (၆) ဦး သေဆုံးပြီး၊ (၂၁) ဦး အပြင်း အထန် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား စစ်သုံ့ပန်း ၂ ဦးကို အရှင် ဖမ်းဆီး ရမိပြီး MA (1)သေနတ် တစ်လက်၊ MA (2) သေနတ် (၁)လက်၊ ကျည်ကာ စစ်ခမောက် (၂) လုံး၊ RPG ဗုံးသီး (၂)လုံး၊ RPG ပို့ယမ်း (၂)တောင့်၊ ကျည်ကာ အီကွေ့မန့် (၂) ခု၊ ၅.၅၆ ကျည် (၁၀၀၀)တောင့်၊ ကျည်ဘောက် (၇)ခု၊ ၄၀ မမ ဗုံးသီး (၆) လုံး၊ ၆၀ မမ ဗုံးသီး (၄)လုံး အား သိမ်းဆည်းရမိခဲ့ကြောင်း၊ အရှင် ဖမ်းဆီး ရမိသော စစ်ကောင်စီ တပ်သား ၂ ဦးမှာ ဒုတပ်ကြပ် ထင်ကျော် ၊နှင့် တပ်သားမင်းသူ၊ တို့ဖြစ်ကြောင်း၊ ဂျီနီဗာကွန်ဗားရှင်းနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စစ်သုံ့ပန်း စည်းမျဉ်း ဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရှိရသည်။

ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက တိုက်ခိုက်ရေး တပ်ရင်းများ၊ လက်ရုံးတပ်ဖွဲ့များဖြင့် အင်အားတိုးချဲ့ကာ ထပ်မံစုဖွဲ့ ပြင်ဆင်ပြီး စစ်မျက်နှာ လေးခု ထက် မနည်း ဖွင့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များ ပုံအော ပစ်ခတ်ပြီး ကျူးကျော် ထိုးစစ် ပြန်လည် စတင်ခဲ့ကြောင်း၊ တစ်နေ့တာလုံး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယခု သတင်းထုတ်ပြန်သည့် ညနေ (၇) နာရီ အချိန်အထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီမှ တိုက်လေယာဉ်များ၊ ၁၂၂ မမ ဟောက်ဝင်ဇာ အမြှောက်များ၊ ၆၀ မမ၊ ၈၁ မမ အမြှောက်များ အပြင် အတွဲလိုက်စနစ်သုံး ဒုံး MLRS များ အသုံးပြု၍ သည်းထန်စွာ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လေကြောင်းတိုက်ခိုက်မှုများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ မှော်ဘီ လေတပ်စခန်းမှ Yak - 130 အမျိုးအစား လေယာဉ်ဖြင့် မြဝတီ - ဝေါ်လေ ကားလမ်းမအနီး သို့ ယမန်နေ့ည (ဩဂုတ် ၁၈) ည (၁၁)နာရီ (၅၈) မိနစ် ခန့်တွင် ဗုံး (၃) လုံးဖြင့် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းလေကြောင်းတိုက်ခိုက်မှုတွင် ကော်ဘရာစစ်သည်တော်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်‌ရာ မရှိခဲ့ကြောင်း၊ ထို့အတူ မှော်ဘီ လေတပ်အခြေစိုက်စခန်းမှ Yak (130) လေယာဉ် နှစ်စီးဖြင့် ယနေ့ (ဩဂုတ် ၁၉) နံနက် (၁၀) နာရီခန့်တွင် လည်းကောင်း၊ ယနေ့ နေ့လည် (၃)နာရီခန့်တွင် လည်းကောင်း ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေသော နေရာများအား ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

Khit Thit Media

Photos from What's Happening Now - 2's post 19/08/2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ (လောင်းလုံးမြို့နယ်)မှ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် "ကျောင်းသားထုအောက် အာဏာရှင် ပြားပြားဝပ်စေရမည်" စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

" ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေဟာ ကျောင်းသားထုကို ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ကြတာချည်းပါပဲ။ လမ်းမပေါ်က ကျောင်းသားတွေရဲ့ ဒို့အရေး ဒို့အရေး ဆိုတဲ့ ကြွေးကြော်သံတွေဟာ အာဏာရှင်တွေ အကြောက်ရဆုံးအသံတွေပဲ။ စစ်အာဏာရှင်တွေရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုအောက်မှာ ကျောင်းသားထုတစ်ရပ်လုံးအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးဟာ ဒုက္ခမျိုးစုံ ရင်စည်းခံကြရမှာဖြစ်သလို ကျောင်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေလည်း တစတစဆုံးရှုံးလာရပါလိမ့်မယ်။ ဒါကြောင့်မို့ စစ်အာဏာရှင်စနစ်တော်လှန်ရေးတိုက်ပွဲမှာ ကျောင်းသားထုတစ်ရပ်လုံးအနေနဲ့ အင်တိုက်အားတိုက်ပါဝင်ကြရပါမယ်။ ကျောင်းသားထုအောက် အာဏာရှင်တွေ ပြားပြားဝပ်နေစေဖို့ ကျောင်းသားတိုင်း တော်လှန်ရေးသမားဖြစ်နေဖို့တော့လိုပါလိမ့်မယ်" ဟု ကျောင်းသားများက ဟောပြောခဲ့သည်။

19/08/2022

တန့်ဆည်တွင် ယနေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၃ ဦးထက်မနည်းသေကာ ၁၆ ဦးဒဏ်ရာရ၊ Faw ကားများဖြင့် အလောင်းနှင့် လူနာသယ်သွား

ရန်ကုန်၊ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဝရငယ်မူးဘောင်တွင် စစ်ကောင်စီတပ်နှင့် တန့်ဆည် PDFတို့ ယနေ့နံနက် ၈ နာရီခန့်က တိုက်ပွဲ၂ ကြိမ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်သား၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရသည်။

တန့်ဆည်မြို့ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသော ခမရ(၁၁၃)တပ်ရင်းကို တန့်ဆည်PDF တပ်ရင်း(၆)နှင့် တပ်ရင်း(၇)တို့က လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDFသတင်းရင်း မြစ်ထံမှ သိရသည်။

"စစ်ခွေးတွေ ဝရငယ်ရွာကနေ မူးဘောင်ကိုအတက်မှာ ဖြစ်တာ၊ လက်နက်ငယ်တွေနှင့် လက်နက်ကြီး ၁၂လုံးပစ်တာ ရှေ့ကတက်လာတဲ့ ခွေးတွေ အပေါ်မြောက် တက်သွားတာပဲ၊ အတုံးအရုံးကိုလဲကျသွားတာ ၁၃ ဦး ထက်တော့မနည်းဘူး" ဟု PDFသတင်းရင်းမြစ်က ပြောသည်။

အထိနာသွားသော စစ်ကောင်စီတပ်သည် မွန်းလွဲ ၃နာရီခန့်အချိန် သေဆုံး၊ဒဏ်ရာရ စစ်သားများကို ခနုဆည်ရွာမှ တန့်ဆည်မြို့သို့ လယ်ကြားလမ်းများဖြတ်၍ Faw ကားဖြင့် သယ်ဆောင်လာခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

စစ်သားအလောင်းများကို ‌Fawကားကြီးတစ်စီးပေါ်တင်၍ တန့်ဆည်မြို့မရဲ စခန်းသို့ သယ်ဆောင်သွားခဲ့ပြီး ထိုမှတဆင့် သယ်ပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော မိတ္ထီလာအခြေစိုက် ခမရ ၁၁၃ တပ်ရင်းနှင့် တန့်ဆည်PDFတို့ ဩဂုတ်လ၁၅ရက်မှ ၁၉ရက်အထိ တိုက်ပွဲ၇ ကြိမ် ဖြစ်ခဲ့ပြီး စစ်သား၃၅ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Khit Thit Media

ပုံဟောင်း

18/08/2022

မွန်ပြည်နယ်၊ သံဖြူဇရပ်ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး လာရောက်ပစ်ခတ်သူ ၁ ဦးကျဆုံး

ရန်ကုန်၊ ဩဂုတ် ၁၈

မွန်ပြည်နယ်၊ သံဖြူဇရပ်ရဲစခန်းကို ဩဂုတ်လ ၁၇ ရက်နေ့ ည ၇ နာရီကျော်အချိန်တွင် သေနတ်သမား ၄ ဦးက လာရောက်ပစ်ခတ်ရာ ရဲ ၂ ဦးသေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၇ ရက်နေ့ ည ၇ နာရီကျော်အချိန် သံဖြူဇရပ်ရဲစခန်းကို ဆိုင်ကယ်များဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ရဲစခန်းအတွင်းမှ ရဲ ၂ ဦးသေဆုံးပြီး လာရောက်ပစ်ခတ်သူ ၁ ဦးမှာမူလည်း ကျဆုံးကြောင်း သိရှိရသည်။

"အပြန်အလှန်ပစ်ကြတာ။ သေနတ်သံတွေ တဒိုင်းဒိုင်းပဲ။ ဒီမနက်ကြားတာကတော့ ရဲ ၂ ဦးသေပါတယ်။ သေနတ်သမားတစ်ဦးလည်း ကျည်ထိပြီး အလောင်းကျန်ခဲ့တယ်ပြောတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

Khit Thit Media

Photos from What's Happening Now - 2's post 17/08/2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် အမျိုးသမီးများ၊ LGBT များ၊ ကျောင်းသူ/သားများနှင့် လူငယ်များ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် "အဖိနှိပ်ခံ အလုပ်သမားလူတန်းစားနှင့်အတူ ရပ်တည် တော်လှန်ကြ" စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

17/08/2022

ထားဝယ်အခြေစိုက် EDFအဖွဲ့မှ ၄၀မမနဲ့ ၆၀မမ လက်နက်ကြီး စမ်းသပ်ထုတ်လုပ်မှုအောင်မြင်ကြောင်း ထုတ်ပြန်

တနင်္သာရီတိုင်းမ် ၊ သြဂုတ် ၁၇

ထားဝယ်ခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Eastern Defense Force (EDF) က ၄၀မမ နဲ့ ၆၀မမ လက်နက်ကြီးတွေ စမ်းသပ်၊ ထုတ်လုပ်မှု အောင်မြင်ကြောင်း ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

ထုတ်ပြန်ချက်နဲ့အတူ ၆၀ မမ လက်နက်ကြီးပစ်ခတ်စမ်းသပ်အောင်မြင်တဲ့ ရုပ်သံဖိုင်ကိုလည်း တပါတည်း ဖော်ပြထားပါတယ်။

"ပြောင်းရော၊ ဗုံးသီးရောစမ်းသပ်အောင်မြင်တာပါ။ ၆၀မမဆိုရင် ပြင်းအားက တော်တော်လေးကို များတယ်။ ပြည်သူတွေရဲ့ထောက်ပံ့မှုကြောင့် အခုလိုထုတ်လုပ်နိုင်ခဲ့တာပါ" လို့ EDFအဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။

အခုလိုထုတ်လုပ်နိုင်ခဲ့တာကြောင့် နောက်လာမယ့်တိုက်ပွဲတွေမှာ စစ်ကောင်စီကို ပိုမိုထိထိရောက်ရောက်တိုက်ခိုက်နိုင်တော့မှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

နောက်ထပ်လည်း အခုလိုဆက်လက်ထုတ်လုပ်နိုင်ဖို့အတွက် မိဘပြည်သူတွေဝိုင်းဝန်းကူညီပေးကြဖို့လည်း EDFအဖွဲ့က မေတ္တာရပ်ခံနှိုးဆော်ထားပါတယ်။

The Tanintharyi Time

16/08/2022

AA နှင့်တိုက်ပွဲတွင် သေဆုံးသော စစ်သား ၃၇ ဦးတွင် ခလရ ၂၇၀ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး မိုးဇော်၊ ခမရ ၅၃၇ ဗိုလ်မှူးသက်နိုင်ဦး၊ ခလရ ၂၀ မှ ဗိုလ်မှူး တို့ ပါဝင်

ရန်ကုန်၊ ဩဂုတ် ၁၆

ရခိုင်ပြည်နယ်နှင့်ပလက်၀ ဒေသတို့တွင် ဩဂုတ် ၁၃ ရက်နေ့ ဖြစ်ပွာ‌ေးသာ AA နှင့်တိုက်ပွဲတွင် သေဆုံးသော စစ်သား ၃၇ ဦးတွင် ခလရ ၂၇၀ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး မိုးဇော်၊ ခမရ ၅၃၇ ဗိုလ်မှူးသက်နိုင်ဦး၊ ခလရ ၂၀ မှ ဗိုလ်မှူး တို့ ပါဝင် ကြောင်း သိရှိရသည်။

မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီး တိုက်ပွဲတွင် ဒကစ (စစ်တွေလက်အောက်ခံ) ခလရ ၂၇၀ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး မိုးဇော်၊ ရသေ့ တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ အနီးတိုက်ပွဲတွင် ရ သေ့တောင် အခြေစိုက် ခမရ (၅၃၇) ယာယီတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ဦး၊ ရက္ခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄၀ ဖက် တိုက်ပွဲတွင် ဒကစ (စစ်တွေလက်အောက်ခံ) ခလရ ၂၀ ဗိုလ်မှူးတစ်ဦး တို့ သေဆုံးခဲ့ကြသည်။

ဩဂုတ် ၁၃ ရက်နေ့ အကြမ်းဖက်စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ အကြား ရက္ခိုင်ဒေသတွင်း ၃ နေရာနှင့် ပလက်ဝဒေသတွင်း ၁ နေရာ စုစုပေါင်း ၄ နေရာတွင် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၇ ဦးသေဆုံးခဲ့ကြောင်း ၊ လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း သိရှိရသည်။

AA အနေဖြင့်လည်း စစ်ကောင်စီတပ်၏ စစ်ဆင်ရေး၊ ထိုးစစ်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ ညီနောင်မဟာမိတ်အဖွဲ့ အစည်းများ၊ ရခိုင် ပြည်သူလူထုတစ်ရပ်လုံးနှင့် ဟန်ချက်ညီညီပူးပေါင်းကာ ပြန်လည်ခုခံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။

Khit Thit Media

ဓာတ်ပုံ- ဩဂုတ်လ ၁၃ ရက်နေ့တိုက်ပွဲတွင် AA က သိမ်းဆည်းရမိသော စစ်ကောင်စီတပ်၏ လက်နက်များ။

Photos from What's Happening Now - 2's post 16/08/2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အမျိုးသမီးများ၊ လောင်းလုံး မြို့နယ်လုံးဆိုင်ရာ အခြေခံကျောင်းသားများ သမဂ္ဂ၊ LGBTနှင့် လူငယ်များ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၁၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

16/08/2022

မြိတ်လေယာဥ်ကွင်းအနီးမှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ကားမိုင်းဆွဲခံရပြီး တစ်ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၆

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေစီးနင်းလာတဲ့ကားကို မြိတ်မြို့လေယာဥ်ကွင်းအနီးမှာ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

မြိတ်လေယာဥ်ကွင်းအနီး ကံဖျားမြေနီလမ်းထိပ်မှာ ဒီနေ့မနက် ၆နာရီဝန်းကျင်အချိန်လောက်က မိုင်းဆွဲခံခဲ့ရတာပါ။

မိုင်းဆွဲခံရတာကြောင့် ကားပေါ်ပါလာတဲ့ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် တစ်ဦးသေဆုံးပြီး ၅ဦးထက်မနည်းအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

"ကားပေါ်မှာ ၁၅ယောက်လောက်ပါလာပါတယ်။ မိုင်းဆွဲပြီးချိန်မှာတော့ နှစ်ဖက်ပစ်ခတ်မှုတော့မရှိခဲ့ပါဘူး" လို့မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေက လမ်းဆုံလမ်းခွနဲ့ အနီးအနားဝန်းကျင်တွေမှာ ရှာဖွေစစ်ဆေးတာတွေကိုပြုလုပ်နေတယ်လို့လည်းသိရပါတယ်။

မြိတ်မြို့ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ခရိုနီဦးလှသန်းကမ်းလို့လူသိများတဲ့ ပထက်ကမ်းကို စစ်ကောင်စီအကြီးအကဲလို့ယူဆရသူတစ်ဦး ဒီကနေ့ရောက်ရှိနေတဲ့အတွက် ဆိပ်ငယ်တံတားမှာလုံခြုံရေးအစောင့်တွေချထားတယ်လို့လည်းသိရပါတယ်။

Khit Thit Media

Videos (show all)

ထမင်းချက်ရန်ပြင်ဆင်နေသည့် စစ်ကေင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်ရာ စစ်သား ၅ ဦးထက်မနည်း ထိခိုက်(ရုပ်/သံ)ရန်...
မွန်ပြည်နယ်၊ သံဖြူဇရပ်ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး လာရောက်ပစ်ခတ်သူ ၁ ဦးကျဆုံးရန်ကုန်၊ ဩဂုတ် ၁၈ မွန်ပြည်နယ်...
မြိတ်လေယာဥ်ကွင်းအနီးမှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ကားမိုင်းဆွဲခံရပြီး တစ်ဦးသေဆုံး ရန်ကုန်၊  သြဂုတ် ၁၆ နန်းထိုက်အောင...
ကရင်နီပြည်နယ်၊ ဒေါပါပါးကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက် တိုက်လေယာဉ်ဖြင့် တိုက်ခိုက်သဖြင့် စာသင်နေသည့် စစ်ရှောင်ကလေးငယ်မျ...
ကား ၁၃ စီးပါ စစ်ကောင်စီယာဥ်တန်း မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ RPG နဲ့ပစ်ခံရတနင်္သာရီတိုင်းမ်၊ သြဂုတ် ၁၁စစ်ကောင်စီကား ၁၃စီးပ...
မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ပိုင် ပိုက်လိုင်း နှစ်ကြိမ်ဖောက်ခွဲခံရ တနင်္သာရီတိုင်းမ်၊ သြဂုတ် ၁၀စစ်ကောင်စီရဲ...
မုံရွာ-မန္တလေးလမ်းတွင် မိုင်းရှာထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရပြီး ၄ ဦးသေဆုံး (ရုပ်/သံ)ရန်ကုန်၊ ဩဂုတ် ၇မုံရွာ-...
တနင်္သာရီတိုင်း၊ တနင်္သာရီ မြို့နယ်၊ တကူဒေသတွင် ပြည်သူလူထုနှင့် တနင်္သာရီပြည်သူကာကွယ်ရေးအဖွဲ့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ...
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဘဝါသပိတ်စစ်ကြောင်းမှ ဦးဆောင်ပြီး ယနေ့ ဇူလိုင်လ၂၆ရက် ညနေပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချ...
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် လမ်းပိုင်တစ်နေရာတွင် ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်၏ အရက်၊ ဘီယာ ထုတ်ကုန်ပစ္စည်းများ...
ဆားလင်းကြီးမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ထိုင်ရင်း သေဆုံးသွားသည့် ရဲ ၄ ဦး ပစ်ခတ်ခံရသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာ ၊ ပစ်ခတ်မှ...
အရှေ့တောနယ်မှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ဖို့စောင့်ဆိုင်းခဲ့ပေမယ့် အင်အားမမျှလို့ EDFပြန်ဆုတ်ခွဲခဲ့ရတနင်္သာရီတိ...

Website