Hanuman By Nang Taunggyi
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hanuman By Nang Taunggyi, Medical and health, .
ဇက်ကြောတက်ရင် နေရခက်တဲ့ ခံစားချက်သိကြတယ်ဟုတ်‼️
ဟန်နုမာန်လေးးညွှန်းပေးလိုက်တော့ ကျေးဇူးတွေတင်နေတာ😍
ဘယ်လောက်တောင် အဆင်ပြေသွားလိမ့်မလဲ🙉🌿
ဟန်နုမာန်တိုင်းရင်းဆေးလေးရောင်းပြီးးကျေနပ်မူတစ်သိန်းးပါ😍
#ညောင်းညာကိုက်ခဲဝေဒနာအတွက်ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ
#သွေးကြောထုံးခြင်း
❤ သွေးကြောထုံး ခြင်း ဆိုတာ က သွေးပြန်ကြောလေး တွေဟာဖောင်းပြီး ကြီးမားလာ ကာအပြာရောင်၊ ခရမ်းရင့်ရောင် ဖြစ်လာခြင်းကိုဆိုလိုပါတယ်။
❤ များသောအားဖြင့်ခြေထောက်တွေမှာ ဖြစ်တတ်ပါတယ်။ သွေးကြောတွေဟာဖောင်းကြွလာပြီးလိမ်တွန့်နေတတ်ပါတယ်။
❤️ ခြေထောက်မှ နှလုံးဆီသို့ သွားတဲ့သွေးပြန်ကြော ညှစ်အား အားနည်းလာသောကြောင့် သွေးကြောထုံးခြင်း ဖြစ်လာရတာပါ
ဘယ်လိုလက္ခဏ တွေ ခံစားရလဲဆိုတော့
📍ခြေသလုံးကြွက်တက်မယ်
📍ခြေထောက်နာ၊တင်း၊ရောင်ရမ်းနေမယ်
📍အချိန်ကြာမြင့်စွာ မထိုင်နိုင်၊မထနိုင်ခြင်း
📍အသားအရေခြောက်လာခြင်း၊အရောင်ပြောင်းလာခြင်း
📍ယားယံလာခြင်း
📍သွေးကြောထုံးတစ်နေရာကနေ အနာတွေဖြစ်လာမယ်
📍သွေးထွက်လာမယ်
📍သွေးကြောများ ဖုထစ်တွန့်လိမ်လာမယ်
***အမျိုးသားများထက်အမျိုးသမီးများ
အဖြစ်များပါတယ်***
ဖြစ်နိုင်ချေ ရှိသူ များ ကတော့
🎈အဝလွန်သူ များ
🎈ကိုယ်ဝန်ဆောင် သည်များ
🎈 ခြေထောက်ထိခိုက်ဖူးသူ များ
🎈 သွေးကြောပိတ်ဖူးသူ
🎈 ဆေးလိပ်အလွန်အကျွံသောက်သူ များနှင့်
🎈အသက်ကြီး သူများ ပဲ ဖြစ်ပါတယ်
ကာကွယ်ရန်နည်းလမ်းများ
📍ခန္ဓာကိုယ်အလေးချိန်ထိန်းရန်
📍အကြာကြီး ခြေချိတ်မထိုင်ရန်
📍ဖိနပ်အမြင့်အကြာကြီး မစီးရန်
📍တင်းကြပ်သောအဝတ်အစားများ မဝတ်ရ
❤ဒီရောဂါ ဟာ သွေးလည်ပတ်မှု ပေါ်မှာပဲ ဖြစ်တက်တာကြောင့်
❤ ခြေထောက်ကို ဆားရေနွေးနွေးလေး နဲ့ စိမ်ပေးပြီး သွေးလည်ပတ်မှု ကောင်းအောင် ပြုလုပ်ပေးနိုင်သလို
❤ ဟာနုမာန် ဆေးကပ်ခွာ လေးကို ခြေဖဝါး ကပ်ပေးခြင်း သွေးကြောထုံး သောနေရာကို ကပ်ပေးခြင်းဖြင့် ဝေဒနာ သက်သာမှုကို ရယူနိုင်ပါတယ်နော်
တထုပ် (12ထုပ်ပါ)= 14500ks
တစ်ဗူး (10ထုပ်ပါ)=13500ks
☎09693695522(or)cb
Crd
ဆေးတွေ့ပြီ ။
သွေးဆုံးကိုင်သူများအတွက်
#အမျိုးသမီးတွေမှာ မီး ၃ မီးရှိပါတယ်။ မီးယပ်၊ မီးဖွား၊ မီးဆုံး တို့ဖြစ်ပါတယ်။ အဲဒီမီး၃မီးကို အမျိုးသမီးတိုင်း မဖြစ်မနေ တွေ့ကြုံရလိမ့်မယ်။ အဲဒီမီး ၃မီးထဲက နောက်ဆုံးမီးဖြစ်တဲ့ မီးဆုံး အကြောင်းကို ပရိဿတ်ကြီးအတွက် မျှဝေပေးချင်ပါတယ်။
မီးဆုံးတဲ့အချိန်ဟာ အမျိုးသမီးတွေ အသက် ၄၀ ကျော်ကနေ ၅၅ နှစ်အတွင်းမှာ ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်သွေးဆုံးတဲ့ အသက်ချင်းမတူညီတတ်ကြပါဘူး။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်က ဓာတ်၄ပါးချင်းသော်လည်းကောင်း ၊ သွေးအားနည်းအများသည်လည်းကောင်း၊ အပူအအေးသည်လည်းကောင်း၊မျိုးရိုးဗီဇသည်လည်းကောင်း မတူညီကြလို့ပဲဖြစ်ပါတယ်။
ကျန်းမာဝဖြိုးပြီးသွေသားစိုပြည်ကြတဲ့ အမျိုးသမီးတွေဟာ သွေးဆုံးမီးယပ်ဖြစ်တာနောက်ကျကြလေ့ရှိတယ်။ အသက်၅၀ ကျော်လောက်မှသွေးရပ်သွားကြတယ်။ တစ်ချို့ဆိုရင် အသက် ၆၀ ဝန်းကျင်အထိ သွေးမရပ်သေးဘူး။
အသက် ၆၀ ကျော်ကျော်လောက်မှ သွေးဆုံးသွားသူတွေတောင်ရှိပါတယ်။ ငယ်ငယ်ကတည်းက ချူချာပြီး သွေးအားမကောင်းလို့ ကျန်းကျန်းမာမာမရှိကြတဲ့ အမျိုးသမီးတွေကတော့ စောစောစီးစီးအသက် ၄၀ ကျော်ကျော်လောက်မှာပဲ သွေးဆုံးသွားလေ့ရှိပါတယ်။ တစ်ချို့အမျိုးသမီးတွေကျတော့ မချူချာပေမယ့် သားသမီးတွေ အများကြီးမွေးဖွားရတဲ့အတွက် စောစောစီးစီး သွေးဆုံးသွာတာမျိုးလည်းရှိပါတယ်။
ဘယ်အရွယ်မှာပဲ သွေးဆုံးသည်ဖြစ်ပါစေ အားလုံးခံစားရတဲ့ ဝေဒနာကတော့ အတူတူပဲဖြစ်ပါတယ်။ သွေးဆုံးမီးယပ်ဖြစ်တဲ့ အချိန်မှာ ဝေဒနာတွေပြင်းထန်ပါတယ်။ အဲဒါကို သွေးဆုံးကိုင်တယ်လို့ ခေါ်ပါတယ်။ သွေးဆုံးကိုင်တယ်ဆိုတာ အလကားနေရင်းဒေါသတွေထွက်ခြင်း၊ ယောကျ်ားအပေါ်သဝန်တိုခြင်း၊ ရန်ဖြစ်ခြင်း၊ အော်ဟစ်ပြီးသောင်းကျန်းခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာများသာမက ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေလည်း အများအပြားခံစားရပါတယ်။
ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေအဖြစ် ညညအိပ်မပျော်ခြင်း၊ နှလုံးခုန်ရင်တုန်ခြင်း၊ အိပ်မက်ဆိုးတွေမက်ခြင်း၊ လည်ပင်းပတ်ပတ်လည်းမှာ ချွေးစေးတွေထွက်ခြင်း၊ အစာစားလိုစိတ်မရှိဘဲ ခံတွင်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊အော့အန်ခြင်းစသည်ဖြင့် ဝေဒနာတွေကတော့ တစ်နေ့ရွေ့တစ်နေ့ငွေဖြစ်နေတတ်ပါတယ်။ အဲဒါကို သွေးဆုံးကိုင်ဝေဒနာများလို့ပြောကြပါတယ်။
သွေးဆုံးကိုင်ဝေဒနာတွေဖြစ်လာတဲ့အခါမှာ အမျိုးသမီးအများစုက ဆေးတစ်ခုခုရှာပြီး ဝေဒနာတွေကို သက်သာဖို့ အတွက်ကုသကြပါတယ်။
သွေးဆုံးကိုင်ဝေဒနာ ခံစာကြရတဲ့ အမျိုးသမီးများဟာ အပူဆေးလည်းမသောက်နဲ့၊ အအေးဆေးလည်းရှောင်၊ အကောင်းဆုံးကတော့ ဓာတ်စာစားခြင်းပဲဖြစ်ပါတယ်။ သွေးဆုံးကိုင်တဲ့အချိန်ဟာကာလတစ်ခုကြာပါတယ်။ ၁နှစ်တန်သည် ၂နှစ်တန်သည်အထိတောင်ကြာတတ်ပါတယ်။ ဓာတ်စာတစ်မယ် နှစ်မယ်လောက်တင်ပေးလို့မရပါဘူး ဓာတ်စာစုံအောင်ပေးဖို့လိုပါတယ်။
သွေးဆုံးမီးယပ်ဟာအားနည်းပြီး သွေးဝမ်းဆီးလေ မညီညွှတ်တဲ့အတွက် ဓာတ်စာပေးရာမှာ အားကို အင်မတန်ကောင်းစေပြီး သွေးဝမ်းဆီးလေညီညွှတ်မယ့်ဓာတ်စာတွေကို ရွေးချယ်ပြီးပေးရမှာဖြစ်ပါတယ်ဆိုတာကို
ဆရာမင်းကျော်ဝင်း
ရေးသားတဲ့ ဓာတ်စာ စာအုပ်နှင့်
အမျိုးသမီး ကျန်းမာရေးဆောင်းပါး
ပေါင်းစုံမှ
ကူးယူရေးသား မျှဝေပေးလိုက်ပါတယ်
အမျိုးသမီးများအားလုံး ကျန်းမာလှပရွှင်လန်းချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ
Latt Well Thone
အမျိုးသမီးများ ပျမ်းမျှ အသက် (၄၇)နှစ် ဝန်းကျင်ခန့်မှာ သွေးဆုံးကိုင်ဝေဒနာကို စတင်ခံစား လာရတတ်ပါတယ်။ (မိခင်သွေးဆုံးခဲ့သော အသက်အရွယ်ကိုကြည့်၍လည်း မိမိသွေးဆုံးနိုင်မည့်အချိန်ကို ကြိုတင်မှန်းဆလို့ရပါတယ်)
အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများက သွေးဆုံးကိုင်ဝေဒနာကို ဘေးဥပါဒ်ကင်းစွာဖြင့် သက်သာပျောက်ကင်း စေနိုင်ပါလိမ့်မယ်။
(၁) 'မိန်းမတို့အသက် ကရမက် ' ဟု ဆိုးရိုးစကားရှိ ပါတယ်။ သွေးဆုံးကိုင်ခြင်းအတွက် ကရမက်ကို လိမ်းပေးသင့်သလို၊ သွေး၍ သောက်သုံးပေးပါ။
(၂) မိုးဥတုတွင် ပေါ်တတ်သော ဂုံမင်းပင်ကို ဟင်းခါး ချက်၍သောက်ပါ။
(၃) စွယ်တော်ပင်(ခရမ်းရောင်ပန်းပွင့်) ၏ အရွက်ညွန့်ကို ဟင်းချိုချက်သောက်ပါ (သို့မဟုတ်) ရွက် ပြုတ်ရည်သောက်ပါ။
(၄) အနက်ရောင်စပျစ်သီးမှည့်ကို အခွံရော အစေ့ပါ ဝါးစားပါ။
(၅) ဆီးဖြူသီး စားပါ။
(၆) ထန်းရည်ချိုစစ်စစ်ကို တဝကြီးသောက်ပေးပါ။
(၇) ကြိတ်မှန်ရွက်စားပါ (သို့မဟုတ်) ကြိတ်မှန်ရွက် ယိုထိုးစားပါ။ (ကြိတ်မှန်ရွက် ၂၅ ကျပ်သားကို ရေစင်စင်ဆေး နုတ်နုတ်စဉ်းပြီး၊ ထန်းလျက်သန့် သန့် ၁ဝ ကျပ်သား၊ အရည်ညှစ်ပြီး ရှောက်သီးအဖတ် ၁ဝ ကျပ်သား၊ ပါးပါးလှီးထားသော ကြက်သွန်နီ ၁ဝ ကျပ်သား၊ စမုံငါးပါးအမှုန့် ၂ ပဲသားစီတို့ကို မြေအိုးအသစ်ထဲရော၍ ဆားနှင့် ရေသင့်ရုံ ထည့်ပြီး ယိုထိုးသလို ကျိုချက်ပါ။ ယိုဖြစ်ပါက ပုလင်းသန့်သန့်ထဲထည့်၍ အစာနှင့်ဝေးချိန် နံနက်၊ နေ့၊ ည သုံးကြိမ်စီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းမျှ ခပ်၍စားပါ။)
(၈) အဝါရောင် ကန်စွန်းဥကို များများပြုတ်စားပါ။
(၉) သင်္ဘောသီးမှည့် နေ့စဉ်စားပေးပါ။
(၁ဝ) တရုတ်စကားပွင့်ကို ကြော်ချက်၍ စားပါ။
(၁၁) ပဲနောက်ကို ကြက်သွန်ဖြူနှင့် ဟင်းချိုချက်သောက်ပါ။
(၁၂) ဝါစေ့ပင်ပေါက်ကို ဟင်းခါးချက်သောက်ပါ။
(၁၃) ကင်ပွန်းချဉ်ရွက်ကို အမျိုးမျိုးလုပ်၍ ဟင်းချက် စားပေးပါ။
(၁၄) ကြက်သွန်ဖြူစားပါ။
(၁၅) ရဲယိုသီးမှည့်မှည့်ကို ထန်းလျက်ခဲ (သဘာဝအမည်းရောင် ထန်းလျက်ခဲ) ဖြင့် ခေါက်၍ စားပါ။
(၁၆) အဆီများတဲ့အသား၊ ဖြူဆွတ်ဆွတ်သကြားမှုန့်များ၊ ဆီကြော်မုန့်များ၊ ကဖိန်းဓာတ်များသော ကော်ဖီနှင့် ကိုလာအချိုရည်များ၊ ငရုတ်သီးအပူ အစပ်များ၊ ပူပူလောင်လောင် ဟင်းရည်များ စသည်တို့ကို လွန်ကဲစွာစားသောက်ခြင်းမှရှောင် ပါ။
(၁၇) အဆီများတဲ့ငါး (သို့မဟုတ်) ငါးကြီးဆီစားပါ။ Spirulina ခေါ် စိမ်းပြာရေညှိ (သို့မဟုတ်) EPO (ခေါ်)ရွှေဝါရောင် Evening Primrose ပန်း အဆီ(သို့မဟုတ်) Silica စီလီကာ ဆေးတို့ကို ဖြည့်စွက်စာအဖြစ် မှီဝဲသောက်သုံးပါ။
(၁၈) Barley Grass (ခေါ်) ဘာလီမြက်နုထဲမှာ ဓာတ် တိုးဆန့်ကျင်ပစ္စည်းတွေက များစွာကောင်းကျိုးပြုပါတယ်။ (နိုင်ငံခြားဖြစ် ဘာလီမြက်နု အချိုရည်တို့ကို City Mart ဆိုင်တွေမှာ ဝယ်ယူရရှိ နိုင်ပါတယ်။)
(၁၉) နေ့စဉ်မှန်မှန်လမ်းလျှောက်ခြင်း (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။
(၂ဝ) တစ်ကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။ သို့သော် အချိန်လွန်၍ ရေချိုးခြင်းမပြုရ။
Credit
ဆောင်းပါးမျိုးစုံ မှ
ကူးယူရေးသား မျှဝေပေးလိုက်ပါတယ်
အမျိုးသမီးများအားလုံး ကျန်းမာလှပရွှင်လန်းချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ
Latt Well Thone
အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင့်🥰🥰
# Hanumanတိုင်းရင်းဆေးကပ်ခွာ ဘယ်နှထုပ်သုံးရမလဲ?
ဆေးကပ်ခွာသုံးတဲ့အခါ ဝေဒနာအပြင်း၊အပျော့ပေါ်မူတည်ပြီး ပုံမှန်စွဲသုံးသင့်သူများ၊ မကြာခဏသုံးပေးသင့်သူများဆိုပြီး ခွဲခြားနိုင်ပါတယ်
✴မကြာခဏ သုံးပေးသင့်သူများ မှာဘာတွေပါမလဲဆိုတော့❓
တစ်နေကုန်အလုပ်ပင်ပင်ပန်းပန်းလုပ်ရလို့ညောင်းညာကိုက်ခဲခြင်း၊အအေးမိ၊ဖျားနာခြင်း၊အပူအအေးမမျှသူများ၊ အကြောတက်စာများကြောင့် အကြောတက်ခြင်း၊ အာရုံစိုက်လုပ်ရတဲ့ အလုပ်များ၊ စက်ချုပ်သူများ၊computer အသုံးများသူများနှင့် အညောင်းထိုင်သူများ၊ ရုတ်တရက် ခါးနာ၊ ဒူးနာခြင်းများ၊ မတ်တပ်ရပ်၍ အလုပ်လုပ်ရသူများ၊ ညဘက်အိပ်မပျော်ခြင်းများ၊ ရာသီလာစဉ်ကိုက်ခဲခြင်းများနှင့် ကိုယ်ဝန်ဆောင်ခါးနာခြင်းများ အတွက်
ဆေးကပ်ခွာ ၁ထုပ်မှ ၃ထုပ်အထိ သုံးပေးနိုင်ပါတယ်၊
✴ ပုံမှန်သုံးစွဲသင့်သူများမှာ
လေးဖက်နာ၊ အဆစ်အမြစ်ကိုက်သူများ၊ ကျီးပေါင်းဝေဒနာခံစားနေသူများ၊ ဒူးနာ၊ခါးနာ သူများ ၊ရေရှည် အကိုက်အခဲပျောက်ဆေးစွဲသောက်နေရသူများ၊ ဂေါက်ရောဂါ ခံစားနေရသူများ ၊အကြောထုံး သူများ၊ တစ်နှစ်ကျော်ခံစားပြီးတဲ့ဝေဒနာတွေဆိုရင်တော့ ဘေးထွက်ဆိုးကျိုးကင်းတဲ့ သဘာဝတိုင်းရင်းဆေးကပ်ခွာ 3ထုပ်နဲ့အထက် ပုံမှန်လေးစွဲသုံးပေးခြင်းဖြင့် ဝေဒနာသက်သာမှုကို ရယူလိုက်ပါ
မှတ်ချက်။ ။ဆေးကပ်ခွာ သုံးနေစဉ်အတွင်း ဝေဒနာ ပိုဆိုးစေမည့် အနေအထိုင်၊အစားအသောက်ဆင်ခြင်ပေးခြင်းဖြင့် ကျန်းမာသောဘဝကို ရယူလိုက်ပါ။
Hanuman တိုင်းရင်းဆေးကပ်ခွာများ ကို မှာယူလိုပါက ☎️09677931605 or 09693695522or Chat box မှ တဆင့် လက်လီ၊လက်ကား မှာယူအားပေးနိုင်ပါတယ်ရှင့်၊
❤️အသည်းကြီးလျှင်🍉 ဖရဲသီးစားပါ🍉
=============================
#အသည်းရောဂါ နှစ်မျိုးရှိပါ သည်။
ရုတ်တရက် ဖြစ်သော အသည်းရောဂါနှင့် နာတာရှည်အ သည်းရောဂါ တို့ဖြစ်သည်။ ရုတ် တရက်ဖြစ်သော အသည်းရောင် အသားဝါ ရောဂါမှာ ပိုးဝင်၍သော် လည်းကောင်း၊ အပူအစပ် အရက် သေစာအသောက် အစားများ၍ သော်လည်းကောင်း၊ ဆေးထိုးဆေး စားမှား၍ သော်လည်းကောင်း၊ ရုတ် တရက်ဖြစ်သော ဝေဒနာ ဖြစ်သည်။ ဆေးကုရ လွယ်ပြီး အပျောက်မြန် သည်။ ဆင်ခြင်ပြီး နေထိုင်လျှင် ဓာတ်စာဖြင့် ပင်ပျောက် ကင်းသက် သာနိုင်သည်။
နာတာရှည် အသည်းရောဂါ များမှာအသည်း ကြီးခြင်း၊ အသည်း အဆီဖုံး ရောဂါ၊ အသည်းခြောက် ရောဂါ၊ အသည်းတွင် ပိုးတွယ်ကပ် နေသောရောဂါ၊ မှိုတက်သော ရောဂါများ ဖြစ်သည်။ အနောက် တိုင်းဆေးပညာအရ ဝမ်းကိုက်ပိုး၊ ဘီပိုး၊ စီပိုးများသည် ယခုခေတ်တွင် အလွယ်တကူ ကူးစက် နေသည်။ မသန့်ရှင်းသော အစားအသောက် များ၊အသုံး အဆောင်များ၊ ပစ္စည်း ကိရိယာများ၊ ဈေး၊ ဆေးရုံ၊ ဘက်စ် ကားများ၊ ဆံပင်ညှပ်ဆိုင် များစ သည်တို့တွင် ကူးစက်မှု အများဆုံး ဖြစ်သည်ဟု ဆိုသည်။မြို့ကြီးပြ ကြီးများ၊ လူနေထူထပ် သောနေ ရာတွင်နေထိုင် သူများ အဖို့နေ့စဉ် အသည်းရောဂါ ရဖို့ရှောင်လွှဲ မရ နိုင်အောင်ကြုံတွေ့ ရလေ့ရှိသည်။
နှစ်ပြန်ကြော်နှင့် အကြော် ဆီများ မှာလည်းအသည်း အဆီဖုံး ရောဂါ ကိုဖြစ်စေသော အဓိက အချက်များ ဖြစ်နေသည်။
မန္တလေးကဲ့သို့ ပူပြင်းသော အရပ်ဒေသများတွင် အရက်သေစာ သောက်သုံး သူများတွင်လည်း အသည်းကြီးရောဂါ အဖြစ်များ သည်။ အရက်ဘီယာ ဆိုင်များ၊အ ရက်ချက် စက်ရုံများ၊ ထုတ်လုပ် ရောင်းချသူများကို ကန့်သတ်မှု မရှိလျှင်ပို၍ ပင်ဆိုးလာ နိုင်သည်။ အရက် ကြောင့်ဖြစ်သော အသည်း ရောဂါမှာနောက်ဆက် တွဲဖော ရောင်သော ရေဖျဉ်း စွဲရောဂါနှင့်နိဂုံး ချုပ်အသက်ဆုံး ရလေ့ရှိသည်။ ကြော်ငြာ ရောင်းချသော အသည်း အားဆေးများသည် အရက်သမား များ၏အသက်ကို မကယ်နိုင်ပေ။
အသည်း ကင်ဆာနှင့် သေဆုံးရ သူများမှာ ဆေးအားကိုး သူများ ဖြစ်ကြောင်းတွေ့ရှိရသည်။ ရာသီစာ အမျိုးမျိုးတွင်ပူသော ရာသီဥတုနှင့်လည်း အဆင်ပြေ အသည်းရောဂါ သမားများ အတွက် လည်းအကျိုးပြု စေနိုင်သော ဓာတ် စာတစ်မျိုးကို တင်ပြရလျှင် ယခု အချိန်တွင် ပေါပေါရနိုင်သော ဖရဲ သီးကိုပင်တင်ပြရမည် ဖြစ်သည်။ ဖရဲသီးသည် အအေးစာဖြစ်သည်။ နုံးတင်မြေနှင့်ကိုင်းမြေများ၊မြစ် ကမ်း၊ချောင်းကမ်းစပ်သဲသောင်ခုံ များတွင်စိုက်ပျိုးလျှင်ဖြစ်ထွန်း အောင်မြင်သောအသီးမျိုးဖြစ် သည်။
ဖရဲစိုက်သူများ သည်ပြည် တွင်းသာမက နယ်စပ်မှ ပြည်ပသို့ တင်ပို့ရောင်းချ နိုင်ကြသည် ဖရဲသီးသည် အာပေါ ဓာတ်စာ ဖြစ်သဖြင့် အစာအိမ်ကို အေးမြစေ ပြီးအစာအိမ်ပူ လောင်ခြင်းကိုသက် သာစေနိုင်သည်။ ဝမ်းမီးကိုငြိမ်းစေ နိုင်သဖြင့် သတိပြုရန်မှာ ထမင်း မစားမီကြိုတင်၍ ဖရဲသီး ကိုမစား သင့်ပေ။ ဝမ်းမီးငြိမ်း သွားသဖြင့် ထမင်းစားသော အခါအစာမကြေ ဖြစ်တတ်သည်။
ဖရဲသီး၊သခွား သီး၊သင်္ဘောသီး မှည့်များကိုစား သုံးလျှင်ထမင်းစားပြီးမှသာစား သုံးသင့်သည်။
ဖရဲသီးသည်ဓာတ်စာအဖြစ် စားလျှင်နေ့လည်မွန်းတည့်ချိန် စက်နာရီ၁၂ နာရီမှ ၁ နာရီအချိန် အတွင်းစားရမည်ဟ ုရှေးဓာတ်စာ ဆရာကြီးများက ဆိုသည်။ထိုအ ချိန်တွင် အစာမစားဘဲ ဖရဲသီးချည်း သီးသန့်တဝ စားပေးခြင်းဖြင့်ဝမ်း တွင်းအပူ အောင်းသော ရောဂါမှန် သမျှကိုပျောက်ကင်း စေနိုင်သည့် အပြင်ကျောက်တည် သောရော ဂါကိုလည်းသက်သာ စေနိုင်သည်။
အထူးသဖြင့် ကွမ်းစား သူများ၊သည်း ခြေအိတ်ကျောက်တည် သူများ၊ ကျောက်ကပ် ကျောက်ရှိသူများ၊ အသည်းကြီး ရောဂါရှိ သူများ၊နေ ပူမီးပူနှင့် အလုပ်လုပ် ရသူများ ဤ ဓာတ်စာကို တစ်ပတ်လျှင်၃ကြိမ် ခန့်စားသုံး ပေးလျှင် သက်သာ စေနိုင်သည်။
နေမွန်းတည့်ချိန် ဖရဲသီးစား ခြင်းကို မှန်မှန်ရက်သတ္တပတ်ခန့် ပြုလုပ်သဖြင့်ကျောက်ကပ်မှ ကျောက်တည်ရောဂါရှိသူတစ်ဦး ကျောက်များပြုတ်ကျပြီးဆီးသွား ရာတွင်ပါလာသည်ကိုလွန်ခဲ့သော ဆယ်စုနှစ်ခန့်ကတွေ့ဖူးပါသည်။ ဂျပန်ဖရဲခေါ်ဖရဲသီးအဝါရောင်စား ၍ကျောက်ကျဖူးသူများလည်းရှိ သည်ဟု ကွမ်းယာရောင်းသူတစ် ဦးကပြောသည်ကိုလည်းမှတ်သား ရဖူးသည်။
အသည်းကြီးသောရောဂါ မှာတိုင်းရင်းမြန်မာဆေးပညာအယူ အဆအရအသည်းတွင်အပူငုပ် သောရောဂါဖြစ်သဖြင့်ဖရဲသီးကို ယခုရာသီချိန်တွင် မှန်မှန်စားသုံး ပေးခြင်းဖြင့်သက်သာနိုင်ကြောင်း တင်ပြလိုက်ရပေသည်။
ကိုယ်ရောစိတ်ပါကျန်းမာကြပါစေ
Credit - #ကြည်လွင်မြင့် (မုဒြာ)
ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာဗဟုသုတများကိုနေ့စဥ်တင်ပြပေးသွားမာဖစ်လို့ Page လေးကို like & share လေးလုပ်ပေူဖို့တောင်းဆိုပါရစေရှင့်
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်
#သွေးကြောထုံးရောဂါအကြောင်းသိကောင်းစရာ
ဘယ်နေရာတွေမှာ ဖြစ်လဲ⁉သွေပြန်ကြောရှိတဲ့ခန္ဓာကိုယ်အနှံမှာဖြစ်နိုင်ပါတယ်
ဘာကြောင့်သွေးကြောထုံးစေသလဲ⁉သွေးပြန်ကြောမှာရှိတဲ့အဆို့ရှင်သွေအားနည်လာလို့ကောင်စစွာအလုပ်မလုပ်နိုင်တဲ့ချိန်မှာ
ဘယ်လိုလူတွေမှာအဖြစ်များလဲ⁉တနေ့ကုန်မတ်တပ်ရပ်ပြီးအလုပ်လုပ်သူအဝလွန်သူကိုယ်ဝန်ဆောင်မိခင်လှုပ်ရှာမှုများသောသူမွေးရာပါသွေးပြန်ကြောအားနည်းသူမျိုးရိုးရှိသူစက်ချုပ်သူသက်ကြီးပိုင်း
ဘယ်လိုလက္ခဏာတွေလဲ⁉
သွေးပြန်ကြောတွေဟာဖောင်းပြီး ကြီးမားကာအပြာရောင်၊ ခရမ်းရင့်ရောင် ဖြစ်လာခြင်းကိုဆိုလိုပါတယ်။ များသောအားဖြင့် ခြေထောက်တွေမှာ ဖြစ်တတ်ပါတယ်။ သွေးကြောတွေဟာဖောင်းကြွလာပြီးလိမ်တွန့်နေတတ်ပါတယ်။
တခြားလက္ခဏာတွေကတော့⁉
ခြေထောက်ဟာနာကျင်လေးလံပြီးသက်တောင့်သက်သာမရှိခြင်း
ခြေဖမိုးနှင့် ခြေဆစ်များရောင်ရမ်းခြင်း
ခြေထောက်ကြွက်တက်ခြင်း
ခြေထောက်ရှိအသားအရေခြောက်သွေ့ပြီးအရောင်ပြောင်းလဲခြင်း
သွေးကြောထုံးရောဂါ ကိုဘယ်လိုကာကွယ်နိုင်လဲ⁉
သွေးကြောထုံးမဖြစ်အောင် မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ပိုဆိုးမသွားအောင်တော့ကာကွယ်နိုင်ပါတယ်။ သွေးပြန်ကြောထုံးခြင်း ဖြစ်စဉ်ကို နှောင့်နှေးအောင် ကြိုးစားလို့လည်းရပါတယ်။ အနားယူခြင်းမရှိဘဲ ကြာရှည်စွာထိုင်ခြင်း၊ ရပ်ခြင်းများကိုရှောင်ကြည်ပေးရပါမယ်။ ထိုင်တဲ့အခါမှာခြေထောက်ချိတ်ထိုင်ခြင်းကိုရှောင်ကြဉ်ပေးသင့် ပါတယ်။ ထိုင်တဲ့အခါ၊ အနားယူတဲ့အခါ၊ အိပ်တဲ့အခါ ခြေထောက်ကို မြှင့်ပေးထားပါ။ ဖြစ်နိုင်ရင် ခြေထောက်ကို နှလုံးထက် ပိုမြင့်အောင် ထားပေးပါ။
ခြေထောက်လှုပ်ရှားမှုနဲ့ ကြွက်သားတင်းရင်းမှု တိုးတက်လာအောင် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ ဒီလိုလုပ်ခြင်းဟာသွေးပြန်ကြောတလျှောက်မှာသွေးကိုကောင်းစွာစီးဆင်းစေပါတယ်။
ကိုယ်အလေးချိန်များနေရင်၊ အဝလွန်နေရင် အလေးချိန်ချပေးပါ။ သွေးစီးဆင်းမှုကောင်းစေပြီးသွေးပြန်ကြောကိုဖိအားသက်သာစေဖို့ ဖြစ်ပါတယ်။
တင်းကြပ်သောအဝတ်အစားများ အထူးသဖြင့်ခါး၊ ပေါင်ခြံနဲ့ ခြေထောက်တွေကိုတင်းကြပ်စေတဲ့ အဝတ်တွေကို ရှောင်ကြဉ်ပေးရပါမယ်။ သူတို့ဟာသွေးပြန်ကြောထုံးခြင်းကိုပိုပြီးဆိုးရွားစေပါတယ်။
ဖိနပ်အမြင့် များကို ကြာရှည်စွာမစီးသင့်ပါ။ ဖိနပ်ပါးများကသာခြေသလုံးကြွက်သားတင်းရင်းအောင် အထောက်အကူပြုပါတယ်။ ကြွက်သားတင်းရင်းမှသာသွေးပြန်ကြောထဲမှာသွေးစီးဆင်းမှု ကောင်းစေပါတယ်
အားလုံးသောမိတ်ဆွေများ
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ🙏
Page လေးကို like & share လေးလုပ်ပေးဖို့တောင်းဆိုထားပါစေရှင့်
ကျေးဇူးတင်ပါတယ်ရှင့်
[နားကျပ်ဂွမ်းတံတွေသုံးရင်...]
ဖတ်ရန်ကြာချိန်- ၁၅ စက္ကန့်
နားကလော်ရတာ ဝါသနာပါတဲ့သူတွေရှိလား?😜
အချို့က နားဖာချေးကလော်တာကို ဇိမ်ခံတဲ့အနေနဲ့ကိုလုပ်ကြတာရှိတယ်နော်။
နားကလော်တဲ့အခါ၊ နားသန့်ရှင်းရေးလုပ်တဲ့အခါ ဂွမ်းတံတွေသုံးလေ့ရှိကြလား? နားကျပ်ဂွမ်းတံတွေက ဘယ်လိုအန္တရာယ်ရှိတယ်ဆိုတာ ပြောပြချင်ပါတယ်။
🔰နားဖာချေးက
▶ နားစည်အတွင်းပိုင်းမှာ ခြောက်သွေ့မသွားအောင်အစိုဓာတ် ထိန်းသိမ်းပေးခြင်း
▶နားထဲဝင်လာတဲ့အမှုန်အမွှား အညစ်အကြေးတွေကို ဖမ်းယူထားပေးခြင်း
▶ဘက်တီးရီးယားတွေ နားအတွင်းပိုင်းထိမဝင်ရောက်နိုင်အောင် ကာကွယ်ပေးထားခြင်း စတဲ့လုပ်ငန်းတွေနဲ့ နားအတွက် အကျိုးပြုပါတယ်။
နားက သူ့အလိုအလျောက် နာဖာချေးကိုသန့်စင်နိုင်တဲ့အတွက် နားဖာချေးကို တကူးတကလိုက်ကလော်နေဖို့မလိုပါဘူး။ သန့်ရှင်းရမယ့်အချိန်ရောက်ရင် နားဖာချေးတွေက နားအဝကိုလျှံထွက်လာတတ်ပြီး ဒီလိုလျှံထွက်လာမှသာ အပြင်ပိုင်းကနေ ဂွမ်းလေးနဲ့သန့်ရှင်းလိုက်ရုံပါပဲ။ နားကျပ်ဂွမ်းတံတွေကိုသုံးပြီး နားအတွင်းပိုင်းထိထည့်ပြီး သန့်ရှင်းတာတွေက ဒီလိုအန္တရာယ်တွေဖြစ်စေပါတယ်။
💢နားဖာချေးပိတ်ခြင်း
နားကျပ်ဂွမ်းတံတွေက နားဖာချေးကို အတွင်းထဲထိ တွန်းပို့သလိုဖြစ်ပြီး နားဖာချေးတွေက နားအဝကိုထွက်မလာနိုင်ဘဲ ဖြစ်ပြီး အတွင်းထဲမှာစုပြုံပိတ်မိနေတတ်ပါတယ်။ ဒီလိုနားဖာချေးပိတ်သွားတဲ့အခါဆိုရင်
▶နာကျင်ခြင်း
▶နားမှာတစ်ခုခုစို့နေသလိုခံစားရခြင်း
▶နားအူခြင်း စတာတွေခံစားရတတ်ပါတယ်။
💢ထိခိုက်ဒဏ်ရာ
နားကျပ်ဂွမ်းတံတွေကို နားအတွင်းပိုင်းထိ ထိုးထည့်ပြီး သန့်ရှင်းရေးလုပ်ခြင်းက နားစည်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။
💢ပိုးဝင်ခြင်း
နားဖာချေးက နားအတွင်းပိုင်းကိုဝင်လာတဲ့ ဘက်တီးရီးယားတွေကို ဖမ်းထားပေးပြီး ဘက်တီးရီးယားတွေဆက်လက်မပေါက်ဖွားနိုင်အောင် လုပ်ဆောင်ပေးတာပါ။ နားကျပ်ဂွမ်းတံတွေကြောင့် နားဖာချေးက နားအတွင်းပိုင်းထိရောက်သွားတဲ့အခါမှာ နားစည်နဲ့ပိုနီးသွားတဲ့အတွက် နားစည်ကိုပိုးဝင်နိုင်ခြေပိုများပါတယ်။
💢နားကျပ်ဂွမ်းစ ကျွတ်ကျန်ခဲ့ခြင်း
တစ်ခါတစ်ရံမှာ နားကျပ်ဂွမ်းတံထိပ်က ဂွမ်းစက ကျွတ်ကျန်ခဲ့တတ်လေ့ရှိပါတယ်။ ဒီလိုကျွတ်ကျန်ခဲ့ခြင်းဟာ နားထဲမှာ ပိတ်ဆို့နာကျင်ပြီး မသက်မသာဖြစ်တတ်ပါတယ်။ အချို့သောကိစ္စတွေမှာ အကြားအာရုံဆုံးရှုံးတဲ့အထိတောင်ပြင်းထန်နိုင်ပါတယ်။
🔰ဒါဆိုနားကိုဘယ်လို သန့်ရှင်းရေးလုပ်ကြမလဲ?
တကူးတကတော့ သန့်ရှင်းရေးလုပ်စရာမလိုပါဘူး။ နားအပြင် လျှံထွက်လာတဲ့ နားဖာချေးတွေကို ဂွမ်းစလေးနဲ့သန့်ရှင်းပေးလိုက်ရင်ရပါပြီ။ ရေချိုးတိုင်းမှာ နားအဝကို ရေစိုအဝတ်စလေးနဲ့ ပွတ်ပေးလို့ရပါတယ်။
နားဖာချေးခြောက်တတ်တဲ့သူတွေအဖို့ကတော့ နားအတွင်းကို အုန်းဆီ၊သံလွင်ဆီ နဲ့ ဂလစ်ဆရင်းအလှဆီလေး အစက်ချပြီး နားဖာချေးနူးတဲ့အထိစောင့်ပါ။
နောက်တစ်ရက်ကျမှ Normal saline လို့ခေါ်တဲ့ ဆားပျော်ရည်လေးကို နားထဲအစက်ချပါ။ ခေါင်းကိုပြန်စောင်းချရင်း အပြင်ကိုစီးကျလာအောင်လုပ်ပြီး
သန့်ရှင်းပေးလို့ရပါတယ်။ Normal saline ကို ဆေးဆိုင်တိုင်းမှာ မေးမြန်းဝယ်ယူလို့ရပါတယ်။
▶နားအတွင်းပိုင်းကနာကျင်ခြင်း
▶နားထဲမှာပိတ်ဆို့နေတယ်လို့ခံစားရခြင်း
▶နားပြည်ယိုခြင်း၊ သွေးထွက်ခြင်း
▶ဖျားခြင်း
▶နားမကြားတော့ခြင်း
▶နားအူခြင်း
▶ ချာချာလည်ခေါင်းမူခြင်း စတာတွေခံစားရရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကိုအမြန်ပြပြီး ဆရာဝန်နဲ့တိုင်ပင်ကုသဖိို့အကြံပေးချင်ပါတယ်။
အားလုံးပဲ ကျန်းကျန်းမာမာရှိကြပါစေ။ 👩⚕️✨
#ကျန်းကျန်းမာမာ
ဖတ်ရှုပေးကြသူအားလုံး ကျေးဇူးအထူးတတင်ရှိပါတယ်ရှငိ့
page လေးကို like & share လေးလုပ်ပေးဖို့တောင်းဆိုပါရစေရှင့်
ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================
ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ
ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။
ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။
အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။
ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
တွေကြောင့်လို့သိရပါတယ်။
ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်
၁ – ရေသောက်ခြင်း
••••••••••••••••••••
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။
၂ – တရုတ်နံနံ
•••••••••••••••
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။
၃ – ဗိုစားပဲ
••••••••••••
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။
၄ – ပန်းသီး
••••••••••••
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။
၅ – ငှက်ပျောသီး
•••••••••••••••••
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။
၆ – ရှောက်သီးနဲ့ သံပရိုသီး
••••••••••••••••••••••••••
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။
၇ – နာနတ်သီး
•••••••••••••••
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
၈ – သင်္ဘောသီး အစိမ်း
••••••••••••••••••••••••
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။
Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ
၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။
၂ - ငှက်ပျောသီး
- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။
၃ - မုန်လာဥနီ
- မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။
၄ - ချယ်ရီသီး
- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။
၅ - ရေ
- ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
၆ - ပန်းသီး
- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၇ - တရုတ်နံနံကြီး
- ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။
၈ - ကြက်သွန်နီ
- ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။
၉ - ရေနွေးကြမ်း
- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။
၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
- ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။
၁၁ - ဘယ်ရီသီးများ
- ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
တားဆီးပေးနိုင်ပါတယ်။
မစားသင့်သည့်အစားအစာများ
1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။
2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။
3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။
4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။
5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။
6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။
7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။
8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။
9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။
Credit...
အစားစားခြင်းအပြင်
တိုင်းရင်းဆေးကပ်ခွာ ကပ်ခြင်းဖြင့် ကုသနိုင်ပါတယ်
မှာယူလိုပါက chat boxမှာ လာမေးနိုင်ပါတယ်ရှင့်
ဆေးကပ်ခွာ 1ထုပ်မှာ 12 ခုပါပါတယ်ရှငိ့
09677931605ကိုလဲဆက်သွယ်မှာယူန်ုင်ပါတယ်
☘️☘️ ကွမ်းရွက်၏အကျိုးကျေးဇူးများ အကြောင်းသင်သိပါသလား? ☘️☘️
☘️ Betel Leaf လို့ ခေါ်ကြတဲ့ ကွမ်းရွက်ဟာ
ဆေးဖက်၀င်အရွက်ဖြစ်မှန်းသိပေမဲ့ ဒီလောက်ထိအကျိုးကျေးဇူးများမယ်လို့မထင်ခဲ့မိတာအမှန်ပါပဲ။
များသောအားဖြင့်ကွမ်းရွက်ကို မျက်လုံးညောင်းညာတဲ့အခါကပ်အိပ်တယ်။ မျက်ရိုးကိုက်တဲ့အခါကပ်အိပ်တယ်။ အဲ့ဒီအခါ အတော်လေးသက်သာလာတာကိုသတိထားမိကြမှာပါ။
ဒီလိုသက်သာစေတဲ့အပြင်ကွမ်းရွက်မှာ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိနေပါသေးတယ်။
☘️ #နာကျင်မှုသက်သာစေတယ်
ကွမ်းရွက်က Analgesic တစ်မျိုးပါပဲ။
ဓားရှရာတွေ၊ပွန်းပဲ့ဒဏ်ရာတွေ၊ရောင်ရမ်းတာတွေကို ကွမ်းရက်လေးကြိတ်ချေပြီးအုပ်ပေးထားရုံနဲ့ နာကျင်မှုကိုသက်သာလျော့ပါးစေပါတယ်။
ခန္ဓာကိုယ်တွင်းကနာကျင်မှုတွေဖြစ်တဲ့ အစာမကြေတာ၊၀မ်းပုံမှန်မဟုတ်တာ၊၀မ်းချုပ်တာစတဲ့ဝေဒနာကိုလည်း ကွမ်းရွက်ကိုသေချာဆေးကြောပြီးဖျော်ရည်အဖြစ်သောက်သုံးပေးရင် နာကျင်မှုသက်သာစေပြီး၀မ်းပုံမှန်ဖြစ်စေပါတယ်။
☘️ #ဝမ်းပုံမှန်ဖြစ်စေတယ်
အထိုင်များတဲ့သူတွေဟာ မကြာခဏဆိုသလို ၀မ်းချုပ်တာ၊၀မ်းပုံမှန်မဟုတ်တာတွေရှိတတ်ပါတယ်။
ကွမ်းရွက်မှာပါတဲ့ antioxidant တွေဟာ ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ၀မ်းရဲ့PH level ကိုပုံမှန်ဖြစ်စေပါတယ်။
ကွမ်းရွက်ကို ဝါးစားတာဖြစ်စေ တစ်ညလုံးရေစိမ်ပြီး မနက်သောက်ပေးတာဖြစ်စေ လုပ်ပေးတဲ့အခါ ၀မ်းသွားရလွယ်ကူပြီး ၀မ်းချုပ်တတ်တဲ့ဝေဒနာကိုလည်း လျော့ပါးလာစေပါတယ်။
☘️ #ခံတွင်းအတွက်ကောင်းမွန်စေတယ်
ကွမ်းရွက်ဟာ ခံတွင်းနံ့ကောင်းမွန်စေသလို ခံတွင်းထဲက ဘတ်တီးရီးယားတွေ၊ပိုးမွှားတွေကို လျော့ပါးစေပါတယ်။
အဲ့ဒါကြောင့်ခံတွင်းနံ့ဆိုးထွက်တာကိုတားဆီးပေးနိုင်ပြီး သွားဖုံးတွေ၊သွားတွေကို ပိုပြီးသန်မာခိုင်မာလာစေပါတယ်။
ကွမ်းရွက်ကိုရေနဲ့သန့်သန့်ဆေးပြီး ရေအနည်းငယ်နဲ့ဆူအောင်တည်ပါ။ပြီးရင် အဲ့ဒီအရည်နဲ့ပလုတ်ကျင်းတာ၊ခံတွင်းသန့်ဆေးရည်အဖြစ်သုံးတာမျိုးလုပ်ပေးနိုင်ပါတယ်။
☘️ #ချောင်းဆိုးပျောက်ကင်းစေတယ်
ကွမ်းရွက်ကချောင်းဆိုးပျောက်စေတယ်ဆိုတာတော့ တော်တော်များများသိကြမှာပါ။
ကွမ်းရွက်မှာ ဘတ်တီးရီးယားပိုးသတ်တဲ့ဓာတ်တွေပါ၀င်တာကြောင့်ချောင်းဆိုးတာကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။
ကွမ်းရည်အနည်းငယ်ကို လေးညှင်းပွင့်အနည်းငယ်နဲ့ရောစပ်လို့ အပူပေးပြီး တစ်နေ့ကို သုံးကြိမ်သောက်ပေးသင့်ပါတယ်။
☘️ #ကျောနာ၊ခါးနာနဲ့ ကြွက်သားတောင့်တင်းတာကိုပြေလျော့စေတယ်
ကွမ်းရွက်က အမြဲလိုလိုအိမ်မှာဆောင်ထားသင့်တဲ့ဆေးဝါးတစ်လက်ပါပဲ။နောက်ကျောဘက်နာကျင်တာ၊ကြွက်သားတောင့်တင်းတာတွေကို ပြေလျော့စေပါတယ်တဲ့။
ကွမ်းရွက်ဆီ ကျောကိုလိမ်းပြီးနှိပ်နယ်ပေးတာက နာကျင်မှုကိုလျှော့ချပေးပါတယ်။ကြွက်သားတွေနာကျင်နေတဲ့အခါ ကွမ်းရွက်ဆီ လိမ်းပေးပြီးနှိပ်နယ်ပေးရင် နာကျင်တာတွေ၊ယောင်ယမ်းတာတွေကိုပျောက်ကင်းစေပါတယ်။
☘️ #လန်းဆန်းတက်ကြွစေတယ်
တခါတလေအလုပ်ပင်ပန်းတဲ့အခါ စိတ်ကလည်းမတက်ကြွတော့ပဲ လေးလံထိုင်းမှိုင်းနေတတ်ပါတယ်။အဲ့ဒီအခါ ကွမ်းရွက်ကအထောက်အကူဖြစ်စေပါတယ်။
ကွမ်းရွက်အနည်းငယ်ကိုကြိတ်ချေပြီး စားပွဲတင်ဇွန်းတစ်ဇွန်းစာ နဲ့ပျားရည်ဆတူကိုရောစပ်ပါ။အဲ့ဒါကို တစ်နေ့နှစ်ကြိမ် ရေနဲ့သောက်သုံးပေးနိုင်ပါတယ်။ဒါက ခန္ဓာကိုယ်တွင်းက ကုန်ဆုံးသွားတဲ့အားအင်တွေကိုပြန်လည်ဖြည့်တင်းပေးပြီးလန်းဆန်းတက်ကြွလာစေပါတယ်။
☘️ #ခေါင်းကိုက်ဝေဒနာကိုသက်သာစေတယ်
ခေါင်းကိုက်ဝေဒနာဟာ လူတိုင်းလိုလိုကြုံတွေ့ရတဲ့ဝေဒနာတစ်ခုပါ။ဒီအတွက်ဆေးနည်းကောင်းလေးကတော့ ကွမ်းရွက်ပါပဲ။
ကွမ်းရွက်ကို နဖူးမှာကပ်ထားပေးရင် ခေါင်းကိုက်ဝေဒနာကိုပျောက်ကင်းစေပါတယ်တဲ့။ဒါမှမဟုတ် ကွမ်းရွက်ဆီအနည်းငယ်ကို ပွတ်လိမ်းပေးထားနိုင်ပါတယ်။
☘️ #၀က်ခြံနဲ့တစ်ခြားအရေပြားရောဂါတွေကိုလျော့ပါးစေတယ်
ထူးထူးခြားခြားပါပဲ။ကွမ်းရွက်က ၀က်ခြံနဲ့အရေပြားရောဂါတွေကို ပျောက်ကင်းလျော့ပါးစေပါတယ်တဲ့။၀က်ခြံ၊အမည်းစက်၊ယားယံမှု၊ခန္ဓာကိုယ်အနံ့ဆိုးထွက်တာတွေကို ကွမ်းရွက်က ဖြေရှင်းပေးနိုင်ပါတယ်။
ကွမ်းရွက်အနည်းငယ်ကိုကြိတ်ချေပြီးရလာတဲ့အရည်နဲ့ နနွင်းမှုန့်နည်းနည်းကိုရောစပ်ပြီး ၀က်ခြံနဲ့တစ်ခြားယားယံတဲ့နေရာတွေကိုလိမ်းပေးထားနိုင်ပါတယ်။ဒါမှမဟုတ် ကွမ်းရွက်ပြုတ်ရည်ကို မျက်နှာသစ်တာ၊အရေပြားပေါ်လိမ်းတာတွေလည်းလုပ်ပေးနိုင်ပါတယ်။
တစ်ပတ်ကိုတစ်ခါ၊နှစ်ခါပုံမှန်လုပ်ပေးတဲ့အခါ မျက်နှာပေါ်ကအစက်အပြောက်တွေနဲ့၀က်ခြံတွေကိုဖယ်ရှားပေးနိုင်ပါတယ်။
ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာဗဟုသုတများကိုနေ့စဥ်တင်ပြသွားဖစ်လို့ Page လေးကို
like & share လေးလုပ်ပေးဖို့တောင်းဆိုပါရစေရှငိ့
ကျန်းမာရေးကောင်းကျိုးတွေရရှိဖို့ နေ့တိုင်းစားပေးသင့်တဲ့ မုန်လာဥနီ
ကောင်းမွန်တဲ့ အစားအသောက်က မျှတပြီး အာဟာရဓာတ်အားလုံး ကြွယ်ဝပါတယ်။ အစားအသောက်ရဲ့ အစိတ်အပိုင်းတိုင်းဟာ သူ့နည်းသူ့ဟန်နဲ့ အရေးပါ ပါတယ်။ အချို့သောအစားအစာတွေက သီးခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ လုပ်ငန်းစဉ်တွေကို ပစ်မှတ်ထားပေမဲ့ အချို့သောအစားအစာတွေက ခန္ဓာကိုယ်တစ်ခုလုံးရဲ့လုပ်ငန်းစဉ်တော်တော်များများကို အကူအညီပေးနိုင်ပါတယ်။ မုန်လာဥနီက အလွန်အကျိုးများပြီး ဘက်စုံသုံးနိုင်တဲ့ အစားအစာတွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့ မုန်လာဥနီနဲ့ပတ်သက်ပြီး သိသင့်သလောက် ကျယ်ကျယ်ပြန့်ပြန့် မသိကြပါဘူး။ မုန်လာဥနီကို ဒီအတိုင်းစားတာပဲဖြစ်ဖြစ်၊ သုပ်စားတာ၊ ဖျော်ရည်လုပ်သောက်တာ၊ အခြားဟင်းသီးဟင်းရွက်တွေနဲ့ကြော်စားတာဖြစ်ဖြစ် အမျိုးမျိုးလုပ်စားလို့ရပါတယ်။ အောက်မှာ မျှဝေပေးထားတဲ့ ကျန်းမာရေးကောင်းကျိုးတွေရှိတဲ့အတွက် မုန်လာဉနီကို နေ့တိုင်းစားပေးသင့်ပါတယ်။
အသည်းကောင်းမွန်စေတယ်
မုန်လာဥနီက ဘီတာကာရိုတင်း (Beta-Carotene) နဲ့ အပင်တွေမှာပါရှိတဲ့ flavonoids တွေကြောင့် အသည်းအတွက် ကောင်းမွန်ပါတယ်။ အဲဒီဓာတ်နှစ်ခုလုံးက အသည်းရဲ့လုပ်ဆောင်ချက်ကို ချော့မွေစေပြီး အသည်းကို အဆိပ်အတောက်တွေ မဖုံးလွှမ်းစေပါဘူး။ အသည်းလုပ်ဆောင်ချက်ကို ကောင်းမွန်စေဖို့ မုန်လာဉနီကို စားသုံးဖို့ဆိုရင် မုန်လာဉနီဖျော်ရည်လုပ်သောက်သင့်ပါတယ်။ မုန်လာဥနီ အနည်းငယ်ကို ဖျော်ပြီး နံနံပင် အနည်းငယ်ထည့်ပါ။ ချင်း (ဂျင်း)၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း သို့မဟုတ် သခွားသီးတို့ကိုလည်း ထည့်နိုင်ပါတယ်။
ကင်ဆာရောဂါကာကွယ်ပေးတယ်
မုန်လာဥနီမှာ Falcarino လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခုကြွယ်ဝစွာပါဝင်ပြီး ကင်ဆာရောဂါ ဓာတုကုထုံးနဲ့ ဓာတ်ရောင်ခြည်ကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အသားရေနဲ့ ဆံပင်တွေအတွက် တစ်သျူးကို ပြန်လည်ပြုပြင်ပေးပါတယ်။ ရင်သားကင်ဆာအပါအဝင် ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးတယ်လို့ လေ့လာချက်တွေမှာဖော်ပြထားပါတယ်။ ကင်ဆာဝေဒနာရှင်တွေအတွက် အခြားရောဂါပိုးကူးစက်မှုအန္တရာယ်မရှိစေဖို့ အခွံနွှာထားတဲ့ အော်ဂဲနစ်မုန်လာဥနီစားပေးဖို့ အရေးကြီးပါတယ်။ ဟင်းချိုလုပ်သောက်တာကလည်း ကင်ဆာဝေဒနာခံစားနေသူတွေအတွက် ကောင်းပါတယ်။
ဆီးချိုရောဂါအတွက် ကောင်းတယ်
သဘာဝအလျောက် ကစီဓာတ်မရှိတဲ့ မုန်လာဥနီက ဆီးချိုရောဂါရှိသူတွေအတွက် ဘေးကင်းတဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ အမျှင်ဓာတ်နဲ့ ဗီတာမင် အေ ကြွယ်ဝတာကြောင့် ဆီးချိုဝေဒနာရှင်များအတွက် ခန္ဓာကိုယ်တွင်း ဂလူးကို့စ်ပမာဏကို မမြှင့်တင်ဘဲ အကျိုးပြုပါတယ်။ ဆီးချိုရှိသူတွေက မုန်လာဥနီဖျော်ရည်အစား မုန်လာဥနီကို ဒီအတိုင်း စားသုံးပေးသင့်ပါတယ်။ ဒါပေမဲ့ မုန်လာဉီနီဖျော်ရည်ကိုတော့ သကြားပမာဏထိန်းပြီးသောက်သုံးလို့ရပါတယ်။
အခြားအကျိုးကျေးဇူးတွေနဲ့ သတိပေးချက်တွေ
မုန်လာဥနီ စားသုံးတာရဲ့ အခြားအကျိုးကျေးဇူးတွေမှာ မျက်စိကျန်းမာရေး၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အသားအရေနဲ့ ဆံကေသာကို ကောင်းမွန်စေခြင်းတွေ ပါဝင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ ကျန်းမာရေးညီညွှတ်တဲ့အရာတွေ စားသုံးတာ လွန်ကဲခြင်းက မကောင်းတဲ့အတွက် မုန်လာဥနီ အများအကြီးစားသုံးတာက အဆိပ်သင့်ခြင်းနဲ့ သွေးထဲမှာ ဘီတာ-ကာရိုတင်း များလွန်းခြင်းတွေကို ဖြစ်စေနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ carotenema လို့ခေါ်တဲ့ အရေပြားအရောင်ပြောင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မုန်လာဉနီစားသုံးတဲ့အခါ အများကြီးမစားသုံးမိအောင် ဂရုစိုက်ပေးသင့်ပါတယ်။
အထူးကျေးဇူးတင်ပါတယ်ရှင့် 🙏🙏🙏
ကျေးဇူးပြုပီး၂မိနစ်ဘဲအချိန်ပေးပီးဖတ်ပေးပါ...
+==--===+=---==+++==
ကျွန်မတို့ မြန်မာလူမျိုးအတော်များများဟာ ခေါင်းအုံး၊ မွေ့ယာ ၊ ဖက်လုံး စတာတွေကို လဲမှို့ များနဲ့ပြုလုပ်ပြီးတော့ ခေါင်းအုံးတစ်လုံး၊ ဖက်လုံးတစ်လုံးကို အချိန်အတော်အကြာ အသုံးပြုလေ့ရှိကြပါတယ်
မှို့ နဲ့မှ အေးတာ ဆိုတဲ့ အစွဲ ၊ ငါ က ခေါင်းအုံးပြောင်းရင် မအိပ်တတ်ဘူး ဆိုတဲ့အစွဲတွေကြောင့် ခေါင်းအုံးတစ်လုံးကို နှစ်ပေါင်းများစွာ အသုံးပြုကြတာ ကိုတွေ့ဖူးပါတယ်။
နယ်မှာတော့ ခေါင်းအုံးတွေကို နေလှန်းပေးတာ၊ အုံးတာကြာလို့ အိသွားတဲ့ခေါင်းအုံးတွေကို မှို့အသစ်ထည့် ပြီး ပြန်ချုပ်တာမျိုးတွေ လုပ်ကြတာ မြင်ဖူးပေမဲ့ ကျွန်မနေတဲ့ ရန်ကုန်မြို့လိုမျိုး အလင်းရောင်နဲ့ လေကောင်းလေသန့် သိပ်မရတဲ့ တိုက်ခန်းေနသူတွေအဖို့ ခေါင်းအုံးနဲ့ မွေ့ယာတွေကို နေပြဖို့ဆိုတာ မလွယ်ကူလှပါဘူး
အိပ်နေတုန်းမှာ ခေါင်းကထွက်တဲ့ချွေးနဲ့ သွားရေဟာ ကြာလာတဲ့အခါ ခေါင်းအုံးတွေမှာ ဝါကျင့်ကျင့် အကွက်လိုက်တွေ ဖြစ်နေတတ်ပါတယ်
ပြသနာကတော့အဲ့မှာစတာပါဘဲ.......
ခေါင်းအုံးတွေ ဖက်လုံးတွေမှာ အဲသလို ဝါကျင့်ကျင့် နှင့် အကွက်တွေပေါ်နေပြီဆိုရင်တော့ မသုံးသင့်တော့ပါဘူး အရမ်းကို သတိထားသင့်ပါတယ်
ကျွန်မရဲ့အမေမှာ ရင်ကြပ်တဲ့ဝေဒနာနဲ့ ချောင်းဆိုးနေခဲ့တာ တစ်နှစ်လောက် ရှိပါပြီ
လွန်ခဲ့တဲ့လကဆိုရင် ရာသီဥတုကလည်း နေပူလိုက် မိုးရွာလိုက်မို့ (စိုထိုင်းဆ) မြင့်ပြီး ပေါက်ပွားေစတဲ့ရာသီဖြစ်တာကြောင့် အမေ့ရဲ့ ရင်ကြပ်ဝေဒနာဟာ သက်သာမလာဘဲ ညစဥ် ညစဥ် လုံးဝ အိပ်မရတဲ့အထိတောင် ဖြစ်လာခဲ့ပါတယ်
Covid ကာလမှာ ဆေးရုံသာ ခေါ်သွားရင် ချောင်းဆိုးလို့ ရောက်လာတာကြောင့် Covid သံသယ လူနာစာရင်းထဲထည့်ပြီး တခြားဝေဒနာ သည်တွေနဲ အတူတူထားရာကနေ ရောဂါကူးပြီးတော့ ပစ်လိုက်ရနိုင်ပါတယ်
ကြံရာမရဖြစ်မိတဲ့အဆုံး ကျွန်မပြနေကျ ပြင်သစ်ဆရာဝန်ဆီ ဖုန်းဆက်တော့မှ သူ့ဆေးခန်းဖွင့်ထားပေးတာသိရလို့ အမေ့ကို သူ့ဆီခေါ်သွားခဲ့ပါတယ်
ပြန်လည်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး လိုအပ်တဲ့ဆေးဝါးကိုလည်း ဆေးခန်းကပဲ တစ်လစာ စီစဥ်ပေးခဲ့တာကြောင့်၊ လျှင်မြန်လွယ်ကူစွာပဲ သက်သာလာပါတယ်
အဲအချိန်မှာ ကျွန်မ သတိပြုမိတာက အမေ့ရဲ့အိပ်ယာနဲ့ခေါင်းအုံးဟာ အတော်ကြီး ဟောင်းနွမ်းနေတာကိုပါပဲ။ ဘယ်လောက်ကြာနေမှန်းတောင်မသိတော့ပါဘူး
ကျွန်မကိုယ်တိုင် ရင်ကျပ်ရှိသူဖြစ်ပြီး တစ်နေ့ကို ၃/၄ ခါလောက်တာ့ ချောင်းဆိုးတတ်သူမို့ အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးမွေ့ယာကို သန့်ရှင်းပြီးအနံ့အသက်မရှိအောင်ဂရုစိုက်ရပါတယ်။ အမေနဲ့ အိမ်ခွဲနေတာ ၁၀ နှစ်ကျော်ပြီမို့ အမေနေမကောင်းမှပဲ အမေ့ အိပ်ယာနဲ့ ခေါင်းအုံးတွေကို သေချာ ကြည့်ဖြစ်ပါတယ်။
ကပ်စေးနဲတဲ့အမေ့ကို အမေ့ခေါင်းအုံးတွေ အိပ်ယာတွေ လဲလိုက်လို့ပြောရင် လဲမှာမဟုတ်မှန်းလည်းသိ၊ အကျိုးအကြောင်းပြောလဲ ခေါင်းမာတဲ့အမေက လက်ခံမယ်မဟုတ်မှန်းလည်း သိတာကြောင့် ရန်ဖြစ်ခြင်းနဲ့ အဆုံးသတ်ရမယ့်အတူတူ ဉာဏ်ထပ်သုံးရပါေတာ့တယ်
“အမေ ခေါင်းအုံးတွေ၊ စောင်ခြင်ထောင်၊ မွေ့ယာ အကုန်ပစ်လိုက်၊ အမေ့ခြေသည်း၊ လက်သည်း နှင့် ဆံပင်လေးပါ နည်းနည်းထည့်ပစ်လိုက်နော်” လို့ ပဲ ပြောပြီး ချက်ချင်းပဲ အဲဒီနေ့မှာ လိုအပ်တဲ့ အိပ်ယာ အသုံးအဆောင်တွေ ကိုယ်တိုင်ဝယ်ပြီးသွားပို့ပေးလိုက်ပါတယ်
အကြောင်းတိုက်ဆိုင်စွာပဲ တစ်နှစ်လောက် အဆက်မပြတ်ချောင်းဆိုးလာတဲ့အမေဟာ ချောင်းလုံးဝမဆိုးတော့ဘဲ ထူထူထောင်ထောင်ပြန်ဖြစ်လာပါတယ်
အမေ နေမကောင်းတာနဲ့ ကိုယ့်ရဲ့ ရင်ကျပ် ဝေဒနာကို အကြောင်းပြုပြီး စာတွေလိုက်ရှာဖတ်ရင်း၊ မသန့်ရှင်းတဲ့ခေါင်းအုံးကို အသုံးပြုနေကြသူတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို ခံစားတတ်ကြရတယ်ဆိုတာကို သိခဲ့ရပါတယ်
ပြီးတော့ ခေါင်းအုံးတစ်လုံးကို ၁ နှစ် ကနေ ၂ နှစ်အတွင်းသာ သုံးသင့်ကြောင်းကိုလည်း ဖတ်သိခဲ့ရပါတယ်
အိပ်စက်ခြင်းဟာ ကျွန်မတို့အတွက် အခြေခံ ဇိမ်ခံခြင်း တစ်ခုပါ
ကိုယ်အိပ်တဲ့အချိန်မှာ သက်တောင့်သက်သာ အိပ်ပျော်နိုင်ဖို့၊ အိပ်စက်နေစဥ်မှာ ခံစားရနိုင်တဲ့ဝေဒနာတွေ ကင်းဝေးစေဖို့က မိမိရဲ့ အိပ်ယာ သန့်ရှင်းမှုရှိေနဖို့ ပထမ၊ သက်တောင့် သက်သာရှိဖို့ က ဒုတိယပါ ၊ နောက်ဆုံးကတော့ အိပ်စက်ခြင်းကို အထောက်အကူပြုစေတဲ့ အမွှေးနံ့သာနဲ့ အသံတွေပဲ ဖြစ်ပါတယ်
လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်လွယ်နေကြတဲ့အချိန်မှာ မသန့်ရှင်းတဲ့ အိပ်ယာတွေခေါင်းအုံးတွေကြောင့်လည်း ရောဂါအပိုတွေထပ်မရစေချင်သောရည်ရွယ်ချင်ြဖင့်....
++++++++++++
စာဖတ်သူမိဘပြည်သူများအနေဖြင့် ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဥ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေ❤
#ရွှေညောင်