K A M O Rice, Paddy and Maize Trading
ဆန် စပါး နှင့် ပြောင်းရောင်းဝယ်ရေး
မေတ္တသုတ်ပါဠိ
~~~~~~~~~~
၁။ ယဿာ နုဘာဝတောယက္ခာ၊
နေ၀ ဒေဿနိ ္တ ဘီသနံ။
ယဥှိ စဝေါ နုယုဉ်ဖနေ်တာ၊
ရတ္တိန္ဒိ၀ မ-တန္ဒိတော။
၂။သုခံ သုပတိ သုတ္တောစ၊
ပါပံ ကိဉ်စိ နပဿတိ။
ဧ၀ မာဒိ-ဂုဏူပတေံ၊
ပရိတ္တံ တံဘဏာမ ဟေ။
၃။ ကရဏီယ မတ်ထ-ကုသလနေ၊
ယန်တသနံ်တ ပဒံ အဘိသမစ်ေစ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနီ။
၄။ သန ္တုဿကော စ သု-ဘရောစ၊
အပ်ပကိစ်စော စ သလ်လဟုကဝုတ်တိ၊
သနိ ္တနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗေ ္ဘာ ကုလေသွ နနုဂိဒ္ဓေါ။
၅။ န စ ခုဒ္ဒမာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပဝဒေယျုံ။
သုခနော ၀ ခေမိနော ဟောန ္တု၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်ထာ။
၆။ ယေ ကစေိ ပါဏ ဘူတတ်ထိ၊
တသာ ဝါ ထာ၀ရာ၀ န၀ သေသာ။
ဒီဃာ ဝါယေ ၀ မဟန ္တာ၊
မဇ္စျိမာ ရဿကာ အဏုက-ထူလာ။
၇။ ဒိဋ္ဌာ ဝါယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သနိ ္တ အဝိဒူရေ။
ဘူတာ ၀ သမ ၻေ၀ သီ၀၊
သဗ်ဗ သတ်တာ ဘ၀န်ထု သုခိတတ်တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိ မညထေ ကတ်ထစိ န ကဉ်စိ။
ဗျာရောသနာ ပဋိဃ-သည၊
နာည မညဿ ဒုက္ခ မိစေ ္ဆယျ။
၉။ မာတာ ယထာ နိယံ ပုတ္တ-
မာယုသာ ဧက-ပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗ-ဘူတေသု၊
မာနသံ ဘာဝယေ အပရိမဏံ။
၁၀။ မတ်ေတဉ်စ သဗ်ဗ လောကသ်မိ ံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အ-သမ်ဗာဓံ အ-ဝရေ မ-သပတ်ံထ။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာ၀တာဿ-ဝိတ-မိဒ္ဓေါ။
ဧတံ သတိ ံ အဓိဋ္ဌေယျ၊
ဗွဟ်မ မတေံ ဝိဟာရ’မိဓ မာဟု။
၁၂။ ဒီဌိဉ္စ အနုပဂ္ဂမ္မ၊
သီလဝါဒဿနေန သမ္ပန္နော။
ကာမေသု ဝိနေယျ ဂေဓံ၊
န ဟိ ဇာတုဂ္ဂဗ ္ဘသေယျ ပုန-ရေတိ။
မတ်ေတ-သုတ်တံ နဋ်ဌိတံ။
မေတ္တာသုတ် - အနက်မြန်မာပြန်
~~~~~~~~~~~~~~~~~~~
၁။မေတ္တာသုတ်ပရိတ်ေ တာ်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့်ဘီလူးကြမ်းတို့ သည် ကြောက်မက်ဖွယ်သောအဆင်းအသံအစရှိ
သော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေ
က ုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဥ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်၊
၂။ချမ်းသာစွာအိပ်ရ ၏၊ အိပ်သော်လည်း မကောင်းသောအိပ်မက်ကိုတစိုးတစိ မျှ မမြင်မက်၊ ဤသို့အစရှိသောဂုဏ်ကျေးဇူးအပေါ င်းနှင့် ပြည့်စုံသောမေတ္တာသုတ်ပရိတ်တော်ကို အို-သူတော်ကောင်းတို့ငါတို့ရွတ်ဖတ်ကြပါကုန်စို့။
၃။လောကီလောကုတ္တရာအကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်အေး ချမ်းသော နိဗ္ဗာန်ကိုအာရုံပြု၍ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကိုကျင့်ကြံ အားထုတ် ပြုလုပ်အပ်၏၊ ကိုယ်နှင့်အသက်တ ို့ကို မငဲ့ကွက် မညှာတာပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏၊ ကိုယ်နှုတ်နှစ်ပါ းရိုးသားဖြောင့်မတ်ရာ၏၊ စိတ်သဘောထား ကောင်းစွာဖြောင့်မတ်ရာ၏၊ ဆိုဆုံးမလွယ်ရာ၏ ၊ နူးညံ့သိမ်မွေ့ရာ၏၊ သူတစ်ပါးအပေါ်ထောင်လွှားသော မာန်မာနမရှိရာ။
၄။ ရောင့်ရဲလွယ်ရာ၏ ၊ မွေးမြူလွယ်ရာ၏၊ နည်းပါးသောအမှုကိစ္စရှိရာ၏၊ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏၊ ငြိမ်သက်သောဣနြေ္ဒရှိရာ၏၊ အရာရာ၌ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ရုန့်ရင်း ကြမ်းတမ်းမှုမရှိရာ၊ ဒါယကာတို့၌ တွယ်တာမက်မောမှုမရှိရ။
၅။ပညာရှိတို့ကဲ့ရဲ့ရှုတ်ချအပ် သောတစုံတစ်ခုသော မကောင်းမှုကိုအနည်းငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်၏ချမ်း သာခြင်းနှင့် ပြည့်စုံကြပါစေက ုန်သတည်း၊ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ ကုန် သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သ တည်း။
၆။အကြွင်းမရှိ အလုံးစုံ ထွက်သက် ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသောသတ္တဝါ၊ ထိတ်လန့် တတ်သောသတ္တဝါ၊ တည်ကြည်ငြိမ်သက်သော၊ သတ္တဝါ၊ ရှည်သောသတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသောသတ္တဝါ၊ မတိုမရှည်သောသတ္တဝါ၊ ကြီးသော သတ္တဝါ၊ ငယ်သောသတ္တဝါ၊ မကြီးမငယ်သောသတ္တဝါ၊ ဆူသောသတ္တဝါ၊ ကြုံသောသတ္တဝါ၊ မဆူမကြုံသော သတ္တဝါ။
၇။မျက်စိဖြင့်မြင်ကောင်းသောသတ္တဝါ၊ မျက်စိဖြင့် မမြင်ကောင်းသောသတ္တဝါ၊ အဝေး၌နေသောသတ္တဝါ၊ အနီး၌နေသောသတ္တဝါ၊ ထင်ရှားဖြစ်ပေါ်
ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသောသတ္တဝါ၊ ဤအလုံးစုံသောသတ္တဝါတို့သည်ကိုယ်စိတ်နှစ်ဖြ ာ ချမ်းသာခြင်းရှိကြပါစေကုန်သတ ည်း။
၈။တစ်ယောက်သောသူကတစ်ယောက်သောသူကိ အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌တစ်ယောက်သောသူက တစ်ယောက်သောသူကိုညှဉ်းဆဲချုပ်ချယ်သော ကာယကံဝစီကံဖြင့်လည်းကောင်း၊ ခိုက်ရန်မျက်ပွာ း အငြိုးထားသောစိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။
၉။အမိသည် မိမိရင်သွေးဖြစ် သော တစ်ယောက်တည်းသော သားငယ်ကို အသက်အတွက်ကြောင့်အဖန်တလဲလဲ စောင့်ရှောက်သကဲ့သို့ ဤနည်းအတူ သာလျှင် ခပ်သိမ်းသောသတ္တဝါတို့၌အတိုင်းအရှည်မရှိ ိသော မေတ္တာစိတ်ကို ပွားစေရာ၏။
၁၀။ ကာမဘဝတည်းဟူသောအောက်လောက၌ လည်းကောင်း၊ ရူပဘဝတည်း ဟူသော အလယ်လောက၌လည်းကောင်း၊ အရူပဘဝတည်းဟူသော အထက်လောက၌ လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်းကျဉ်းမြောင်းခြင်းလည် းမရှိ ကိုယ်တွင်းဘေးရန်လည်းမရှိ အပဘေးရန်လည်းမရှ အတိုင်းမသိ ချစ်ခင်မြတ်နိုး သောမေတ္တာစိတ်ကိုလည်း ပွားစေရာ၏။
၁၂။ရပ်နေစဉ်သော်လည် းကောင်း၊ သွားနေစဉ်သော် လည်းကောင်း၊ ထိုင် နေစဉ်သော် လည်းကောင်း၊ လဲလျောင်းနေစဉ်ေ သာ် လည်းကောင်း၊ မအိပ် မငိုက်သမျှ ကာလပတ်လုံးသာသနာတော်ကြီး၌ မေတ္တာစိတ်နှင့်ယှဉ်၍နေထိုင်ခြင်းကို ''မြတ်သောနေထိုင်ခြင်း''ဟူ၍မြတ်စွာဘုရားတို့ ဟောတော်မူ ကုန်၏။
၁၃။ မေတ္တာကမ္မဋ္ဌာန်းကိ ုစီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက် ပြန် မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည် ဖြစ်၍မဂ်ဉာဏ်အမြင်နှင့်ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာ ကာမ တို့၌တပ်မက်မောခြင်း ကင်းသောကြောင့် နောက်တဖန်အမိဝမ်းတွင်း ပဋိသန္ဓေနေခြင်းသို့ ဧကန်မရောက်တော့ပြီ ။
မေတ္တသုတ်မြန်မာပြန်ပြီးပါပြီ
ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ကြပါစေ...။
ဦးစန္ဒာသူရိယ(နတ်ကန်မြေ)
စုစည်း ဓမ္မဒါနပြုပါသည်။
နွေစပါးမျိုးများအနက် ထင်ရှားသည့် သက်လျင်စပါး ရတနာတိုး စပါးမျိုး
◼️ မျိုးအမည် ~ ရတနာတိုး
◼️ မျိုးအုပ်စု ~ ဧည့်မထ
◼️ ထုတ်ဝေသည့်ခုနှစ် ~ ၂၀၀၉
◼️ အသက်ရက် ~ ၁၂ဝ
◼️ အပင်အမြင့် (စမ) ~ ၁၂၁
◼️ အနှံပါပင်ပွား ~ ၉ မှ ၁၁
◼️ တစ်နှံပါသီးလုံး ~ ၁၉၀
◼️ အစေ့ (၁ဝဝဝ) အလေးချိန် (ဂရမ်) ~ ၂၇•၃
◼️ ဆန်ရည်ဆန်သား ~ ကြည်လင်
◼️ ဆန်စေ့အလျား (မမ) ~ ၇.၇၂
အနံ (မမ) ~ ၂.၂၀
အလျား/ အနံ အချိုး ~ ၃.၅၁
◼️ အမိုင်းလို့စ်ပါဝင်မှုရာခိုင်နှုန်း ~ ၂၆.၃
◼️ စားသုံးမှုအဆင့်အတန်း ~ သင့်၊မာ
◼️ တစ်ဧကပျမ်းမျှအထွက်နှုန်း (တင်း) ~ ၉၀ မှ ၁၅၀
◻️ ထူးခြားချက် ~ ပင်စည်တုတ်,မာ / ဖြုတ်ညိုပိုးဒဏ်ကိုခံနိုင်သည်။ စပါးရွက်ခြောက်ရောဂါဒဏ်ကိုအသင့်အတင့်ခံနိုင်ပါသည်။
◻️ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ထင်ရှားသည့် နွေစပါးမျိုးတစ်မျိုး ဖြစ်သည်။
Crd
#ကဆုန်လပြည့်_ဗုဒ္ဓနေ့'
_________________
'ကဆုန်လပြည့် (၅)နေ့'
၁။ 'နိယတဗျာဒိတ်ယူသည့်နေ့'
လေး သင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။
၂။ 'ဘုရားမွေးဖွားသည့်နေ့'
မဟာသက္ကရာဇ် - (၆၈)၊ ကဆုန်လပြည့်။ (သောကြာနေ့)
၃။ 'ဘုရားဖြစ်သည့်နေ့'
မဟာသက္ကရာဇ် - (၁၀၃)၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)
၄။ 'ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့'
မဟာသက္ကရာဇ် - (၁၀၄)၊ ကဆုန်လပြည့်။
၅။ 'ပရိနိဗ္ဗာန်စံသည့်နေ့'
မဟာသက္ကရာဇ် - (၁၄၈)၊ ကဆုန်လပြည့်။
(အင်္ဂါနေ့)
'ဖွား, ပွင့်, ဟော, စံ' ဗျာဒိတ်ခံ မှတ်ရန်
ကဆုန်လပြည့်နေ့'
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့
နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ဖြစ်ပါတယ်။
'ဘာကြောင့်လဲ'ဆိုတော့
၁။ 'ဆု'
ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ
'ဒီဘဒ္ဒကမ္ဘာမှ (လေးဆူ)မြှောက် ဂေါတမဘုရား
စင်စစ် ဖြစ်လိမ့်မယ်'လို့ ဒီပင်္ကရာမြတ်စွာဘုရား
ထံ ဘုရားဆုပန်ပြီး ဗျာဒိတ်ခံယူတဲ့နေ့ဟာ
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။
၂။ 'ဖြား'
ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထ
မင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့ဟာလည်း
မဟာသက္ကရာဇ်( ၆၈)ခု ကဆုန်လပြည့်နေ့
ဖြစ်ပါတယ်။
၃။ 'ပွင့်'
ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်
မှာ ဘုရားဖြစ်တဲ့နေ့လည်း မဟာသက္ကရာဇ်
(၁၀၃)ခု၊ ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ်။
၄။ 'ဟော'
ဂေါတမဘုရားရှင် ဗုဒ္ဓဝင်အကျဉ်းကို
ဟောသည့်နေဟာ မဟာသက္ကရာဇ် (၁၀၄)
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။
၄။ 'စံ'
ဂေါတမဘုရား ပရိနိဗ္ဗာန်စံတဲ့နေ့လည်း
မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်နေ့သာ
ဖြစ်ပါတယ်။
၅။ 'ဗျာဒိတ်ခံ'
ဘုရားလောင်းတော် သုမေဓာရှင်ရသေ့ဟာ
ဒီပင်္ကရာမြတ်စွာဘုရားထံ ဘုရာဆုပန်ရာ
'ဒီဘဒ္ဒကမ္ဘာတွင် လေးဆူမြောက် ဂေါတမဘုရား
ဧကန်စင်စစ်ဖြစ်လိမ့်မယ်'ဟု နိယတဗျာဒိတ်
ခံယူတဲ့နေ့ဟာလည်း ဒီကဆုန်လပြည့်နေ့
ဖြစ်ပါတယ်။
ဒါကြောင့် နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်
လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်များအနေဖြင့်
ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားများကို
ပွားများလာအောင် အားထုတ်နိုင်ကြပါစေ။
'ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်း
စရာများ'
၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်
နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိ
ပင်၊ စံဝင် နိဗ္ဗာန်နန်း)ဆိုသည်နှင့်အညီ သုံးလော
ကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍
ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း၊ ဖွားမြင်တော်မူ
သောနေ့ဖြစ်ခြင်း၊ ဘုရားဖြစ်တော်မူသောနေ့
ဖြစ်ခြင်း၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ခြင်း၊
ဤထူးခြားချက် လေးမျိုးတို့နှင့် တိုက်ဆိုင်နေ
ပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးတို့နှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို 'ကဆုန်လပြည့်
ဗုဒ္ဓနေ့'ဟု အမွှန်းတင်ခေါ်ဆိုကြပါသည်။
၂။ ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို
အောင်မြင်တော်မူသောကြောင့် ဤနေ့ကို 'ကဆုန်
လပြည့် မာန်အောင်နေ့'အဖြစ် ဗုဒ္ဓဘာသာဝင်တို့
၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။
၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြ၍
ကဆုန်လပြည့်နေ့ကို 'ဝိဆခ်ဒေး'ဟု ခေါ်ကြပါ
သည်။ 'ဝိသာခါဒေး'ဟု ဆိုလိုပါသည်။
၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော
နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့
၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို
ရေသွန်းလောင်းလေ့ရှိကြပါသည်။
၅။ ဗောဓိပင်သည် သဗ္ဗုညုတဥာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖတ်တော်
(၇)ပါးတွင် စာရင်းဝင်ခြင်းဖြစ်သောကြောင့် ထူး
ခြားသော သစ်ပင်တစ်မျိုးဖြစ်ပါသည်။ ဤကဲ့သို့မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်
၌ ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ပြုလုပ်လာခဲ့ကြပါသည်။
၆။ မြန်မာ့ရိုးရာ ဆယ့်နှစ်ရာသီပွဲတော်များအနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲ
တော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်။
၇။ 'အသနဗောဓိယမထေရ်'၏ အလောင်းသည်
တိဿဘုရားရှင်၏ ဗောဓျိပငျကိုစိုကျပြိုးပူဇောျရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌နတ်ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်လေးပါးမှ လွတ်
ကင်းရခြင်း အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်)ကျမ်းဂန်၌ ဟောကြားထားပါသည်။
၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည်
ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည့်၌
ဖြစ်ရခြင်း၊ အနာရောဂါမဖြစ်ခြင်း၊ သောကကင်း
ဝေးခြင်း၊ စသောအကျိုးများကို ခံစားရပါသည်။
၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း
၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓ
အဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်၊ ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာ
အမူ့ကိုပြုလုပ်၍ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အမှတ်
တရ ဆင်နွှဲကြပါသည်။
မာဂဓီ(သာစည်)၏
[အခါတော်နေ့များ]စာအုပ်မှ
'ကုဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာများ'
ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို
ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါ
တယ်။ ကဆနျုလပွညျ့နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့
နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်
လဲဆိုတော့ -
(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ
'ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရား
စင်စစ် ဖြစ်လိမ့်မယ်'လို့ ဒီပင်္ကရာမြတ်စွာဘုရား
ထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်
နေ့ဖြစ်တယ်။
(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်း
သားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ်
(၆၈)ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်
မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ
မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့
ဖြစ်ပြန်တယ်။
ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာ
ဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့ နေ့တစ်
နေ့ပါ။ ကဆုန်လဟာ မြန်မာလ (၁၂)ရာသီမှာ
ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံ
ခေတ်ကျောက်စာမှာ ကဆုန်လကို ကုဆုန် လို့
အရေးများတယ်။ နောက်ပိုင်းမှာ 'ကု'မှ 'က'သို့
ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့
အဓိပ်ပါယျကတော့ 'ရေ'ဖြစ်ကာ 'ဆုန်'ကတော့ သွန်းလောင်းတယ်လို့ အဓိပ်ပါယျရှိလို့ ကဆုန်လ
ကို 'ရေသွန်းလ (သို့မဟုတ်) ရေလောင်းလ'လို့
ဆိုနိုင်ပါတယ်။
ပါဠိစာပေမှာ ကဆုန်လကို 'ဝေသာခ Vesaka'
လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ
'ဝေသခ် Vesak' ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ 'ဝေဆတ်ခ်' လို့ ထွက်ပြီး အနောက်နိုင်ငံ
သားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်
လပြည့်နေ့ကို 'ဝေဆတ်ခ်ဒေး Vesak Day' လို့
ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့
ကဆုန်လပြည့်နေ့ကို 'ဝိဆာခပူချား (ဝိသာခပူဇာ)'
လို့ခေါ်သတဲ့။
မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်
ရေသွန်းပွဲတော် ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာ
နိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထား
ပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ်
ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်
လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့
ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်
မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွား
တော်များကို တပျော်တပါး ရေစင်သွန်းလောင်း
ကြလို့ 'ကဆုန်လ ညောင်ရေသွန်းပွဲ'လို့ ခေါ်လာ
ကြတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်
ဟာ ဘုရားရှင်အား ပရိဘောဂစေတီတော်ဖြစ်လို့
ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင်
ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက်
အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လ
ပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊
နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်
တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား
ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။
ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ်ဆာ
န်ဘေးမဲ့လွှတ်ပွဲတွေကိုလည်း တပျော်တပါး
ကျင်းပကြတယ်။
ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လ
ပြည့်ဗုဒ္ဓနေ့ (ဝိဆာခပူးချား) ထိုင်းနိုင်ငံ ကဆုန်
လပြည့် ဗုဒ္ဓနေ့ ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ
တော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်
အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့
နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုး
တော် အပါအဝင် အရာရှိအရာခံများအားလုံး
ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ 'ဝိဆာခ
ပူးချား'ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။
ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များ
သည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူ
ကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့
သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင်
ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)
'ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပုံ'
ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်
များဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို
သန့်ရှင်းရေးများပြုလုပ်ကာ ကုသိုလ်ယူကြပြီး
နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာ
ဇရပ်မှာ တရားနာယူကြတယ်။ တချို့ကတော့
ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။
ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်း
တိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ
ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ်
သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့
သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြ
တယ်။ သံဃာတော်များထံ တရားနာယူကြတယ်။
ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့
ကျင်းပတဲ့ နေရာကတော့ နခွန်ပထုမ်ရှိ ဗုဒ္ဓမွန်းထွန်
ဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်း
မြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓ
ဘာသာဝင် လူထုကို ဦးဆောင်ပြီး ဝိဆာခပူးချား
(ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှား
တဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည်
ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း
ကျင်းပခဲ့ကြတယ်။
'သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ၊
သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့'
သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လ
ပြည့် ဗုဒ္ဓနေ့ကို 'ဝေဆတ် = Vesak'လို့ ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်
လပြည့်နေ့ဟာ အထူးခြားဆုံးနေ့အဖြစ် သတ်မှတ်
ကာ ပွဲတော်ကို (၇)ရက်ခန့် ကျင်းပတယ်။ အစည်
ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄)ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ပါ။ ဗုဒ္ဓ
ဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို
လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊
ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်
မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေး
ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်း
ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ
မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။ အဆို
အကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။
ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာ
မှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး
စည်ကားလှတယ်။
သီရိလင်္ကာနိုင်ငံ ကဆုန်လပြည့်နေ့ လမ်းဆုံ
လမ်းခွမှ ဗုဒ္ဓဝင်ပန်းချီကား အနယ်နယ်အရပ်ရပ်
မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ
မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်
တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ်
ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့သူ
တွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။
ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။ အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊
အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့
မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာ
အလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့
အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ
ဖွင့်၊ တချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန်
ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်
ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်း
ဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရ
စေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့က
တော့ အလွန် စည်ကားတာ တွေ့ရတယ်။
သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိ
ညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ
ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်း
တိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓ
နေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်
ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး
ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်
စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊
သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွား
ခြင်းများ ပြုလုပ်ကြတယ်။ (သီရိလင်္ကာဗုဒ္ဓဘာ
သာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး (၁၁)
သုတ်ကို ရကြတယ်။)
ကဆုန်လပြည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာ
သာ ကွန်ဖရင့် ထိုင်းနိုင်ငံ ကဆုန်လပြည့်နေ့ကို
အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်
ခြင်း၊ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာ
နိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်
ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လ
ပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်နိုင်
ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ
သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်း
ကတိဂမ်ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်
သွင်းခဲ့တယ်။
(၅၄)ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင်
အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှ
အဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်
ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း (၃၄)နိုင်ငံ
က ထောက်ခံကြတယ်။ ဒါကြောင့် (၁၉၉၉)
ဒီဇင်ဘာ (၁၃)ရက် အစည်းအဝေးဆုံးဖြတ်ချက်
အမှတ် (၁၇၄)နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ ကဆုန်လ
ပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်
'Vesak Universal Holiday'အဖြစ် သတ်မှတ်
ပေးခဲ့တယ်။
ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့
ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည်
ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာ
တစ်ခုဖြစ်တဲ့အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်
ဟာ နှစ်ပေါင်း (၂၅၀၀)ကျော်ကာလတိုင်အောင်
လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်း
ချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်
မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊
သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့်
ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်
ချက်အရ ဝေဆတ်ဒေးကျင်းပရာတွင် ကုလသမဂ္ဂ
ရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်
လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင်
ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့်
အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိ
နှိုင်းကာ ဆုံးဖြတ်သွားရမည်လို့ ဆုံးဖြတ်ခဲ့ပါ
တယ်။
ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လ
ပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်
ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေ
ပြီ။ ကဆုန်လပြည့်နေ့ဟာ ဘုရားရှင်အဆူဆူ
ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ
ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လော
ကကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက်
ဖြစ်တယ်။ လောကသားတို့ဟာ ဘုရားရှင်ရဲ့
အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက
ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်း
ရေးအစစ်ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန်
ရောက်ရပေမည်။
ဘုရားရှင် အဆုံးအမဖြစ်တဲ့ မကောင်းမှု
ရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား၊
ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကားအတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်
ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ
မောင်မောင်မြတ်သူ မျှဝေသည်။
လပြည့် ကဆုန်
ကဆုန်လကို ပုဂံခေတ်က
ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊
ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို
ကျောက်စာများအရ သိရှိကြပါတယ်။
ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး
ကဆုန်-စသော ကျန်ဝေါဟာရများမှာ
ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများ
ဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ
ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညို့၊
ကတောက် စသော ဝေါဟာရတို့ရှိ ကု၊က
ပုဒ်တို့ကဲ့သို့ရေဟု အဓိပ္ပာယ်ရပါတယ်။
စုန် မှ ဆင်းသက်လာသော ဆုန်မှာ
သွန်းခြင်း၊လောင်းခြင်း၊ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။
ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ
ရေသွန်းသောလ၊ရေလောင်းသောလ၊
ရေဖျန်းသောလ ဟု ဆိုလိုပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို
ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား၊
ဗောဓိပင်များကို ရေသွန်းလောင်းခြင်း ဖြစ်ပါတယ်။
(၁)။ ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင်
ဒီပင်္ကရာ မြတ်စွာ ဘုရားထံတော်မှ နောင်သောအခါတွင်
ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည် ဟု
နိယတဗျာဒိတ်ကို ရရှိတော်မူခြင်းသည်
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။
(၂)။ မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊
သောကြာနေ့မှာပင် ဘုရားအလောင်းကို
ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို
ဖွားမြင်တော်မူသည်နှင့် တပြိုင်နက်
ယသောဓရာ မင်းသမီး၊အာနန္ဒာမင်းသား၊
ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ကဏ္ဍကမြင်း၊
ရွှေအိုးကြီး လေးလုံး နှင့် မဟာဗောဓိပင်ဟူသော
ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း
ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။မဟာဗောဓိသည်
မဇ္စျိမဒေသ ဥရုဝေလတောတွင်ဘုရားရှင်တို့
ပွင့်တော်မူရာ ဗဟိုအချက်အချာ
အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။
(၃)။ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌
ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌
သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍
သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။
ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော်
ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင်
ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌
အသုံးပြုတော်မူသော အပင်ဖြစ်၍
ပရိဘောဂစေတီလည်း ထိုက်ပါတယ်။
ထို့ကြောင့် ဗုဒ္ဓဘာသာ၀င် အပေါင်းတို့သည်
ထိုဗောဓိပင်မှ ပင်ပွားများကို မိမိတို့ နိုင်ငံ၌
စိုက်ပျိုးကိုးကွယ် လေ့ရှိပါတယ်။
မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓသာသနာ ရောက်ချိန်ကပင်
စတင်၍ ဗောဓိပင်များကို စိုက်ပျိုးကိုးကွယ်ခဲ့ကြဟန်ရှိပါတယ်။
နွရောသီ အလယ်ဗဟိုကျတော့ မြန်မာတို့၏
ကဆုန်လကား နေပူပြင်း လှပါတယ်။
တန်ခူးရေကုန် ကဆုန်ရေခမ်း ဆိုသလို ကဆုန်လတွင်
အင်းအိုင်၊ ကန်ချောင်း၊ ရေနုတ်မြောင်းများ ခြောက်ခမ်း၍
ရေပြတ်လေ့ရှိပါတယ်။ ရေပြတ်၍ အပူချိန် ပြင်းခြင်းတို့ကြောင့်
အချို့သစ်ပင် ပန်းပင်များမှာ နွမ်းခြောက် ပျက်စီးကြရပါတယ်။
ထိုအချိန်တွင် ရှေးမြန်မာတို့သည် မိမိတို့ အမြတ်တနိုး
ကိုးကွယ်ထားကြသည့် မဟာဗောဓိညောင်ပင်များ
ညှိုးနွမ်းပျက်စီးမည်ကို စိုးရိမ်ခဲ့ကြပါတယ်။
ဗောဓိပင်ဆိုသည်မှာလည်း အိန္ဒိယနိုင်ငံ၊
သီဟိုဠ်နိုင်ငံတို့ရှိ မူလဗောဓိပင်တို့မှ ဆင့်ပွားယူရသော
အပင်မျိုးဖြစ်၍ ရှားပါးပင်မျိုး ဖြစ်ပါတယ်။
ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာ၀င် မြန်မာတို့သည်
ပူပြင်း၍ ရေပြတ်သော ကဆုန်လတွင် ဗောဓိပင်များကို
မညှိုးမနွမ်း၊ လန်းဆန်းရှင်သန် စေရန်ဟူသော
ဆန္ဒမွန်ဖြင့် ရေသွန်းလောင်းပူဇော်ကြခြင်း ဖြစ်ပါတယ်။
ဤသို့ဖြင့် ဘုရားအလောင်းတော်
ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊
မဟာဗောဓိပင် ပေါက်တော်မူခြင်း၊
ဘုရားဖြစ်တော်မူခြင်း တို့သည်
ကဆုန် လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။
(၄)။ ထို့ပြင် ကဆုန်လပြည့်နေ့မှာပင် ဘုရားရှင်
ပရိနိဗ္ဗာန် စံ၀င်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို
ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။
ကဆုန်လပြည့်၏ ထူးခြားချက် (၅) ရပ်
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေးသင်္ချေနှင့်
ကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊
ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့၀ယ်၊
မြေ့ပရမေ ၊ ပလင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊
ဗိမာန်ထီးနှင့် မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမှိုက်သင်းကို၊ အရှင်းပယ်ပျောက်၊
အလင်းပေါက်က၊ထွန်းတောက်ဘုန်းမော်၊
သောင်းလုံးကျော်သည်၊ သုံးဖေါ်လူတို့ ငြမ်းပါကို။
[၁၀၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်သို့
ရောက်တော်မူသည်။]
လပြည့် နွကေဆုန်
ဆုပန်နေ့
လေးသင်္ချေကိန်း၊ တစ်သိန်းကပ်ကြုံ၊
သူမေဓာလောင်း၊ ညွန်ပျောင်းဗွက်အုံ၊
ဒီပင်ထံပါး၊ ၀မျးလြားမှောကျခုံ၊
ဆုပန်နေ့၊ လပြည့်နွကေဆုန်။
ဖွားမြင်နေ့
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
လုမ္ဗနီတော၊ သာမောရဂုံ၊
လောင်းတော်သိဒ္ဓတ်၊ ထွက်လတ်ကြာငုံ၊
ဖွားမြင်နေ့၊ လပြည့်နွကေဆုန်။
ဗုဒ္ဓနေ့
တစ်ရာ့သုံးနှစ်၊ သက္ကရာဇ်ကြုံ၊
ဗောဓိပင်မင်း၊ မှီတင်းခိုလှုံ၊
မာန်စွယ်ငါးစင်း၊ အောင်ခြင်းဖုံဖုံ၊
ဗုဒ္ဓနေ့၊ လပြည့်နွကေဆုန်။
နိဗ္ဗူနေ့
ရာ့လေးဆယ့်ရှစ်၊သက္ကရာဇ်ကြုံ၊
မလ္လာမင်းတို့၊ အင်ကြင်းရဂုံ၊
ဇာတ်တော်သိမ်းလို့၊အေးငြိမ်းခိုလှုံ၊
နိဗ္ဗူနေ့၊ လပြည့်နွကေဆုန်။
ကဆုန်လပြည့် ဗုဒ္ဓနေ့
မြန်မာများရဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။
ဒီနေ့သည် မြန်မာဗုဒ္ဓဘာသာ၀င်တို့ရဲ့
နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ပဲ ဖြစ်
ပါတယ်။
ကဆုန်လပြည့်နေ့ဟာ ဘုရားလောင်း သုမေဓာ
ရှင်ရသေ့က ဒီပင်္ကရာမြတ်စွာဘုရားထံမှ
ဘုရားစင်စစ် ဧကန်ဖြစ် လိမ့်မည်ဟု နိယတဗျာဒိတ်ကို
စံတော်မူခြင်း၊ ဘုရားလောင်း ဖွားမြင်တော်မူခြင်း၊
သစ္စာလေးပါးကို သိမြင်ပြီး ဘုရာဖြစ်တော်မူခြင်း၊
မဟာဗောဓိပင်ပေါက်ခြင်းနှင့် ပရိနိဗ္ဗာန်၀င်စံတော်မူခြင်း
ဆိုတဲ့ အလွန်ထူးခြားပြီး ဗုဒ္ဓ၀င်မှတ်တိုင်ကြီးများ
စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ကြီးဆိုလည်း မမှားပါဘူး။
ဗုဒ္ဓဘာသာ၀င် မြန်မာတို့က ကဆုန်လပြည့်နေ့ကို
ဗုဒ္ဓနေ့ဟု သတ်မှတ်ကာ အခါတော်
နေ့ကို တခမ်းတနား ကျင်းပလေ့ ရှိကြပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အနယ်နယ်မှာ ကျင်းပကြမြဲမို့
ကဆုန်လနဲ့ပတ်သက်သမျှ မှတ်သားစရာလေးတွေ
အနည်းငယ် တင်ပြချင်ပါတယ်။
ကဆုန်လဆိုတာ ဘာသာ သာသနာ ရှုထောင့်က ကြည့်ရင်
အံ့သြစရာကောင်း တဲ့ အဖြစ်သနစ်လေးတွေ
တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့နိုင်ပါတယ်။
ဗျာဒိတ်, ဖွား, မြင်၊ ဗောဓိပင်၊ စံ၀င် နန်းနိဗ္ဗာန်
လင်္ကာအရ ဂေါတမဘုရား အလောင်းတော်အဖြစ်နဲ့
သုမေ ဓာရှင်ရသေ့ဘ၀မှာ ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ
ဘုရားစစ်စစ်၊ ဧကန်ဖြစ်လိမ့်မည်ဆိုတဲ့
ဗျာဒိတ်တော် ကို ခံယူခဲ့ခြင်း၊ဘုရားအလောင်းတော်
အမိ၀မ်းမှ ဖွားမြင်တော်မူခြင်း၊သစ္စာလေးပါးကို သိမြင်လို့
ဘုရားဖြစ် တော်မူခြင်း၊မဟာဗောဓိပင် ပေါက်ခြင်း၊
ပရိနိဗ္ဗာန် ၀ငစြံတြောမူခှငြးဆိုတဲ့ ဗုဒ္ဓနဲ့ပတ်သက်လို့
သာသနာ့မှတ်တိုင် ကြီးများက ဒီကဆုန်လမှာ
ဖြစ်ခဲ့တာမို့ ထူးခြားတဲ့ လမြတ်ကဆုန်လို့
တင်စားခေါ်ဆိုကြပါတယ်။
ဒါကြောင့်ပဲ ဗုဒ္ဓနဲ့ ပတ်သက်တဲ့ ရက်မြတ်များ ဆုံစည်းရာ
ကဆုန်လ ရောက်ပြီဆိုရင် ကဆုန်လပြည့် ဗုဒ္ဓနေ့စတဲ့
ပွဲတော်များကို အမွန်အမြတ်ပြုကာ
ကျင်းပပြုလုပ်ကြပါတယ်။
ဝိစာရ (ကွေ့မ)
ဒက္ခိဏာရာမကျောင်း
#မေတ္တာစေတနာဖြင့်🙏🙏🙏
ဘုရား🙏တရား🙏သံဃာ🙏
🌷🙏မိဘ🙏🌷ဆရာ🙏🌷
🌻🌻ရှိခိုးပါ၏ဘုရား🌻🌻
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ်ဆာမိ
ဒုတိယမိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဒုတိယမိ ဓမ်မံ သရဏံ ဂစ်ဆာမိ
ဒုတိယမိ သံဃံ သရဏံ ဂစ်ဆာမိ
တတိယမိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
တတိယမိ ဓမ်မံ သရဏံ ဂစ်ဆာမိ
တတိယမိ သံဃံ သရဏံ ဂစျဆာမိ
( ၇ )ရက်သားသမီးအားလုံး
ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေ🙏🙏🙏
ယနေ့
ဆန်စျေး အကျရပ်
ဆန်ကွဲစျေး ထပ်ကျ
ယနေ့ဆန်စျေး
ထပ်ကျပါတယ်
#နှစ်သစ်ဆုတောင်း
🙏🙏🙏🙏🙏🙏
မြန်မာသက္ကရာဇ်...၁၃၈၅ ခုနှစ်
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
မြန်မာနှစ်သစ်ကိုကြိုဆိုတဲ့ တန်ခူးလ အချိန်အခါသမယမှာ မြန်မာပြည်သူပြည်သား အားလုံး လိုအင်ဆန္ဒများပြည့်ဝကြပြီး ကပ်ကြီးသုံးပါး ကကျော်လွှားနိုင်ကြပါစေ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ကောင်းမှူအစုစုနေ့စဉ် ပြု ၍
ကြည်နူးချမ်းမြေ့နိုင်ကြပါစေ
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ဘေးရန်ခပ်သိမ်းရှောင်ခွာငြိမ်း၍
အေးချမ်းသာယာရှိနိုင်ကြပါစေ
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
စိုးရိမ် သောက ဗျာပါဒများ
ကင်းစင်ငြိမ်းအေးနိုင်ကြပါစေ
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ဆင်းရဲ ဒုက္ခအနန္တတို့သည်မြူ မျှမတင်
ကင်းစင်လွင့်ပျောက် ချမ်းသာရောက်နိုင်ကြပါစေ
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
နှလုံးစိတ်ဝမ်းကြည်ရွှင်လန်း၍
ကောင်းသော လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေ
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
နှစ်ဟောင်းကုန်ပျောက်နှစ်သစ်ရောက်
ထွန်းတောက်မင်္ဂလာ ရှိပါစေ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
နှစ်သစ်မင်္ဂလာ ဒီချိန်ခါ
စိတ်မှာညစ်မဲ ကင်းပါစေ။
🌹🌹🌹🌹🌹🌹🌹🌹🌹
နှစ်သစ်မင်္ဂလာ များသတ္တာ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹
တစ်နှစ်ပတ်လုံး စိတ်ဖြူဖုံး
ရွှင်ပြုံးကြည်သာ ရှိပါစေ။
🌹🌹🌹🌹🌹🌹🌹🌹🌹
ကုသိုလ်ကျနိးမာ ပညာစီးပွါး
ဒီရေလား တိုးပွါးကြပါစေ။
🌹🌹🌹🌹🌹🌹🌹🌹🌹
၁၃၈၆ ခုနှစ် နှစ်ဆန်း(၁)ရက်နေ့
တန်ခူးလဆန်း(၉)ရက်၊ ဗုဒ္ဓဟူးနေ့
(၁၇.၄.၂၀၂၄)
🌺🍀🌺🍀🍀🌺🍀
🌺 🌺
🌺🍀🌺🍀🍀🌺🍀
11 / 4 /2024 ရန်ကုန် ဂိုထောင် အရောက်စျေး
108 Lb ( 30 Viss) Export rice
ဆန် လက္ကားဈေးများ ( လက်လီစားဆန်စျေး မဟုတ်ပါ )
ဆန်သား ၈၅ % အထက် ( ထိပ်စ)
အသွယ် 73000 / 74000 ကြား
သုခ
ဆန်သား ၇၅ % မှ ၈၅ % အကြား (အလတ်စ)
အသွယ် 72000 / 73000 ကြား
သုခ
ဆန်သား ၇၀ % အောက် ( အနိမ့်စ)
အသွယ် 68000 / 70000 ကြား
သုခ
ဆန်ကွဲ
Ex 54000/ 55000
1/2 50000/52000
2/3/4 45000 /47000
ဆန်အရောင်နှင့် အရည်အသွေးပေါ်မူတည်ပြီး
ဈေးနှုန်းကွာခြားချက်များ ရှိပါတယ်
မှတ်ချက်.... လက်လီစားဆန်ဈေး မဟုတ်ပါ
နေ့စဉ်ရန်ကုန် ကုန်စည်ဒိုင်ပေါက်ဈေးအတိုင်း
ကားချငွေရှင်း လက်ငင်းစနစ်ဖြင့် ဝယ်ယူပါတယ်
နယ်ကုန်သည်များဆန်နမူနာပေးပို့ပါက
ဒဂုံဧရာအဝေးပြေးကားဂိတ်သို့ ပေးပို့ထားနိုင်ပါသည်
အစိုမှတ် 14.5 % အထက်ဆန်များလုံးဝမယူပါဘူးခင်ဗျာ
ကျေးဇူးတင်ပါတယ်
Ko Aung Min Oo
K A M O Rice, Paddy and Maize Trading
https://www.facebook.com/profile.php?id=100063593185063&mibextid=ZbWKwL
K A M O Rice, Paddy and Maize Trading ဆန် စပါး နှင့် ပြောင်းရောင်းဝယ်ရေး
#ဝန်ထမ်းတွေအတွက် သင်္ကြန်မုန့်ဖိုးလေးတွေ 😍😍😍
တကယ်တော့ကိုယ့်ဆီမှာအလုပ်လုပ်နေကြတဲ့
ဝန်ထမ်းတွေဆိုတာတစ်လှေတည်းစီး
တစ်ခရီးထဲသွားနေကြတဲ့ မိသားစုတွေပါဘဲ
တစ်နည်းအားဖြင့်ကိုယ့်ရဲ့အသည်းတစ်ခြမ်းပေါ့ 💝💝💝
10 / 4 /2024 ရန်ကုန် ဂိုထောင် အရောက်စျေး
108 Lb ( 30 Viss) Export rice
ဆန် လက္ကားဈေးများ ( လက်လီစားဆန်စျေး မဟုတ်ပါ )
ဆန်သား ၈၅ % အထက် ( ထိပ်စ)
အသွယ် 73000 / 74000 ကြား
သုခ
ဆန်သား ၇၅ % မှ ၈၅ % အကြား (အလတ်စ)
အသွယ် 72000 / 73000 ကြား
သုခ
ဆန်သား ၇၀ % အောက် ( အနိမ့်စ)
အသွယ် 68000 / 70000 ကြား
သုခ
ဆန်ကွဲ
Ex 54000/ 55000
1/2 50000/52000
2/3/4 45000 /47000
ဆန်အရောင်နှင့် အရည်အသွေးပေါ်မူတည်ပြီး
ဈေးနှုန်းကွာခြားချက်များ ရှိပါတယ်
မှတ်ချက်.... လက်လီစားဆန်ဈေး မဟုတ်ပါ
နေ့စဉ်ရန်ကုန် ကုန်စည်ဒိုင်ပေါက်ဈေးအတိုင်း
ကားချငွေရှင်း လက်ငင်းစနစ်ဖြင့် ဝယ်ယူပါတယ်
အစိုမှတ် 14.5 % အထက်ဆန်များလုံးဝမယူပါဘူးခင်ဗျာ
ကျေးဇူးတင်ပါတယ်
Ko Aung Min Oo
K A M O Rice, Paddy and Maize Trading
https://www.facebook.com/profile.php?id=100063593185063&mibextid=ZbWKwL
K A M O Rice, Paddy and Maize Trading ဆန် စပါး နှင့် ပြောင်းရောင်းဝယ်ရေး
9 / 4 /2024 ရန်ကုန် ဂိုထောင် အရောက်စျေး
108 Lb ( 30 Viss) Export rice
ဆန် လက္ကားဈေးများ ( လက်လီစားဆန်စျေး မဟုတ်ပါ )
ဆန်သား ၈၅ % အထက် ( ထိပ်စ)
အသွယ် 73000 / 74000 ကြား
သုခ
ဆန်သား ၇၅ % မှ ၈၅ % အကြား (အလတ်စ)
အသွယ် 72000 / 73000 ကြား
သုခ
ဆန်သား ၇၀ % အောက် ( အနိမ့်စ)
အသွယ် 68000 / 70000 ကြား
သုခ
ဆန်ကွဲ
Ex 54000/ 55000
1/2 50000/52000
2/3/4 45000 /47000
ဆန်အရောင်နှင့် အရည်အသွေးပေါ်မူတည်ပြီး
ဈေးနှုန်းကွာခြားချက်များ ရှိပါတယ်
မှတ်ချက်.... လက်လီစားဆန်ဈေး မဟုတ်ပါ
နေ့စဉ်ရန်ကုန် ကုန်စည်ဒိုင်ပေါက်ဈေးအတိုင်း
ကားချငွေရှင်း လက်ငင်းစနစ်ဖြင့် ဝယ်ယူပါတယ်
အစိုမှတ် 14.5 % အထက်ဆန်များလုံးဝမယူပါဘူးခင်ဗျာ
ကျေးဇူးတင်ပါတယ်
Ko Aung Min Oo
K A M O Rice, Paddy and Maize Trading
https://www.facebook.com/profile.php?id=100063593185063&mibextid=ZbWKwL
8 / 4 /2024 ရန်ကုန် ဂိုထောင် အရောက်စျေး
108 Lb ( 30 Viss) Export rice
ဆန် လက္ကားဈေးများ ( လက်လီစားဆန်စျေး မဟုတ်ပါ )
ဆန်သား ၈၅ % အထက် ( ထိပ်စ)
အသွယ် 72500 / 73500 ကြား
သုခ
ဆန်သား ၇၅ % မှ ၈၅ % အကြား (အလတ်စ)
အသွယ် 70000 / 72000 ကြား
သုခ
ဆန်သား ၇၀ % အောက် ( အနိမ့်စ)
အသွယ် 68000 / 70000 ကြား
သုခ
ဆန်ကွဲ
Ex 54000/ 54500
1/2 50000/52000
2/3/4 45000 /47000
ဆန်အရောင်နှင့် အရည်အသွေးပေါ်မူတည်ပြီး
ဈေးနှုန်းကွာခြားချက်များ ရှိပါတယ်
မှတ်ချက်.... လက်လီစားဆန်ဈေး မဟုတ်ပါ
နေ့စဉ်ရန်ကုန် ကုန်စည်ဒိုင်ပေါက်ဈေးအတိုင်း
ကားချငွေရှင်း လက်ငင်းစနစ်ဖြင့် ဝယ်ယူပါတယ်
အစိုမှတ် 14.5 % အထက်ဆန်များလုံးဝမယူပါဘူးခင်ဗျာ
ကျေးဇူးတင်ပါတယ်
Ko Aung Min Oo
K A M O Rice, Paddy and Maize Trading
https://www.facebook.com/profile.php?id=100063593185063&mibextid=ZbWKwL
K A M O Rice, Paddy and Maize Trading ဆန် စပါး နှင့် ပြောင်းရောင်းဝယ်ရေး
5 / 4 /2024 ရန်ကုန် ဂိုထောင် အရောက်စျေး
108 Lb ( 30 Viss) Export rice
ဆန် လက္ကားဈေးများ ( လက်လီစားဆန်စျေး မဟုတ်ပါ )
ဆန်သား ၈၅ % အထက် ( ထိပ်စ)
အသွယ် 71500 / 72500 ကြား
သုခ
ဆန်သား ၇၅ % မှ ၈၅ % အကြား (အလတ်စ)
အသွယ် 69000 / 71000 ကြား
သုခ
ဆန်သား ၇၀ % အောက် ( အနိမ့်စ)
အသွယ် 65000 / 69000 ကြား
သုခ
ဆန်ကွဲ
Ex 52500/ 53500
1/2 49000/50000
2/3/4 45000 /47000
ဆန်အရောင်နှင့် အရည်အသွေးပေါ်မူတည်ပြီး
ဈေးနှုန်းကွာခြားချက်များ ရှိပါတယ်
မှတ်ချက်.... လက်လီစားဆန်ဈေး မဟုတ်ပါ
နေ့စဉ်ရန်ကုန် ကုန်စည်ဒိုင်ပေါက်ဈေးအတိုင်း
ကားချငွေရှင်း လက်ငင်းစနစ်ဖြင့် ဝယ်ယူပါတယ်
အစိုမှတ် 14.5 % အထက်ဆန်များလုံးဝမယူပါဘူးခင်ဗျာ
ကျေးဇူးတင်ပါတယ်
Ko Aung Min Oo
K A M O Rice, Paddy and Maize Trading
https://www.facebook.com/profile.php?id=100063593185063&mibextid=ZbWKwL
K A M O Rice, Paddy and Maize Trading ဆန် စပါး နှင့် ပြောင်းရောင်းဝယ်ရေး