YDF- Senthang တပ်ရင်း ၅
တော်လှန်းရေးအတွက် သွေးမအေးနဲ့
"အသိပေးကြေညာအပ်ပါသည်"
လက်ရှိ Page မှာအသုံးပြုရန်အခက်ခဲကြောင့် အောက်ပါ Page အသစ်ဖြင့် ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ။
ဆက်သွယ်လှူဒါန်းလိုပါက အောက်ပါ Page messenger နှင့် Ko Pauk မှတစ်ဆင့် ထောက်ပို့လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
နောက်နောင် YDF- Senthang တပ်ရင်း ၅ Page မှ အလှူခံတော့မည် မဟုတ်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။
အောက်ပါ Page အသစ်ကို Like And Follow လုပ်ပေးကြပါဦးလို့🥰🥰🥰
https://www.facebook.com/profile.php?id=100090047980924&mibextid=ZbWKwL
Federal Revolution Force-Gangaw Political organisation
YDF (ဗဟို)လက်အောက်ခံအဖြစ်မှ တပ်ရင်း ၅ နုတ်ထွက်၊ မဟာမိတ်ညီနောင်အဖြစ် ဆက်လက်ရပ်တည်မည်
DVB
ယောကာကွယ်ရေးတပ် YDF လက်အောက်ခံတပ်ဖွဲ့ တဖွဲ့ဖြစ်တဲ့ YDF တပ်ရင်း ၅ ဟာ ဇန်နဝါရီ ၂၁ ရက်က စပြီး YDF ဗဟိုကနေ နုတ်ထွက်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တပ်ရင်း (၅) တာဝန်ရှိသူတွေပါဝင်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ နုတ်ထွက်တာ ဖြစ်ပြီး အာဏာရှင် စနစ်တော်လှန်ရေးမှာတော့ ယောကာကွယ်ရေးတပ်(YDF) နဲ့ မဟာမိတ်ညီနောင်တွေ အဖြစ်ရပ်တည်မယ်လို့ ယောဒေသကာကွယ်ရေးတပ် (YDF) တပ်ရင်း ၅ က သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
http://burmese.dvb.no/archives/574992
#မဟာမိတ်ညီနောင် #တပ်ရင်း၅
YDF (ဗဟို)လက်အောက်ခံအဖြစ်မှ တပ်ရင်း ၅ နုတ်ထွက်၊ မဟာမိတ်ညီနောင်အဖြစ် ဆက်လက်ရပ်တည်မည် ယောကာကွယ်ရေးတပ် YDF လက်အောက်ခံတပ်ဖွဲ့ တဖွဲ့ဖြစ်တဲ့ YDF တပ်ရင်း ၅ ဟာ ဇန်နဝါရီ ၂၁ ရက်က စပြီး YDF ဗဟိုကနေ နုတ်ထွက်လိုက....
"ယောကာကွယ်ရေးတပ်-YDF (ဗဟို) လက်အောက်ခံဒေသအဖြစ်မှ နှုတ်ထွက်ကြောင်း တင်ပြခြင်း"
ပထမဆု - 0541
ဒုတိယဆု - 0621
တတိယဆု - 0873
page cbကိုတစ်ချက်လာရောက်ဆက်သွယ်ပေးကြပါဦးဗျာ့ 🔥
"နှစ်ကူးအမှီ ရဲဘော်များဆီ" campaignမှာ ပါဝင်ထောက်ပို့ပေးထားတဲ့ ကျေးဇူးရှင်ပြည်သူများအတွက် ကျွန်တော်တို့တပ်ရင်းမှမေတ္တာလက်ဆောင်ဆု့များရဲ့ကံထူးရှင်တွေကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ကျွန်တော်တို့ YDF- Senthang တပ်ရင်း ၅ pageမှ liveလွှင့်ပီး မဲနှိုက်ပေးသွားတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ 🔥
သတင်းနှင့်ပြန်ကြားရေး
" 10/01/2023 အကြမ်းဖက်လူသတ်စစ်ကြောင်းသတင်းနှင့်စပ်လျဉ်း၍ နောက်ဆက်တွဲထုတ်ပြန်ချက် "
Drone and Arms Technical Team နှင့် ကျွန်တော်တို့ YDF- Senthang တပ်ရင်း ၅ ရဲ့ campaignအခြေအနေတွေပါ၊ ဘယ်လိုနားလည်အောင်ရှင်းပြရမလဲမသိတော့အောင်ထိ စိတ်ကိုဆွဲဆောင်စေနိုင်မယ့်စကားလုံးတွေလည်း ကျွန်တော်တို့မတွေ့တော့ပါဘူး၊ နှစ်ဖွဲ့စလုံးက gunဝယ်မယ်ဆိုပြီးစလာခဲ့တာပါပဲ၊ Droneအဖွဲ့အတွက်ကလည်း gunကလိုကိုလိုပါတယ်၊ ဒါကြောင့်ကူပေးကြပါဦးဗျာ၊ ကျွန်တော်တို့ YS5 adminတွေကတော့ အခုထပ်တိုးရက်တွေအတွင်း မဲရောင်းရတဲ့ resultတက်မလာတော့ရင် Campaignကို Failအဖြစ်သတ်မှတ်ပီး မဲထိုးထားတဲ့ပြည်သူတွေအတွက် မဲဖောက်ပေးလိုက်ပါတော့မယ်၊ နောက်ထပ်စိတ်မကောင်းစရာတစ်ခုထပ်ဖြည့်ရရင် pageထဲဝင်ကြည့်ရင်သိနိုင်ပါတယ်၊ ကျွန်တော်တို့ Donate postတွေ မတွေ့ရသလောက်ရှိနေပြီမလားဗျာ၊ ပြီး နောက်ထပ်Campaignတွေနဲ့ မပြည့်တဲ့အိုးကိုဆက်ဖြည့်သွားဦးမှာမလို့ ကျွန်တော်တို့ ပြန်လာဦးမှာပါ၊ ပြောဖူးသလိုပေါ့ ကျွန်တော်တို့က ရင်ခုန်စရာကောင်းတဲ့ကောင်းမွန်မယ့်အရွေ့တွေပဲ ကြိုက်ပါတယ်...
M4 Challenge post link -
https://m.facebook.com/story.php?story_fbid=181080344524691&id=100078681794667&mibextid=Nif5oz
အေးကို(AK) Campaign post link -
https://m.facebook.com/story.php?story_fbid=182130681139051&id=100080263613619&mibextid=Nif5oz
ဂေါင်းကြီးတို့ မင်းတို့ဟာ မဟုတ်တော့ဘူးဟ🥴
( မဲရောင်းထွက်တာလည်း 50%နားနီးပါပီ၊ လက်တို့ကာ ပင့်ကာ လာဝယ်ကြပါဦးဗျာ ဟဲ)
ခွေးစစ်ကြောင်းနားလေးမှာနေပြီး၊ မဲရောင်းနေပါတယ် ဟဲ၊ စတာပါ အတည်ပါ၊ ဒီနေ့နဆို ရက်တိုးသတ်မှတ်ရက် ၃ရက်ကုန်သွားပါပီ၊ တကယ့်ကို အများကြီးကျန်နေသေးလို့ မဲလာဝယ်ကြပါဦးဗျာ ¡_¡
ဟဲလို အဲဗီးဘော်ဒီ ^ ^
ကျွန်တော်တို့ မဲရောင်းနေပါတယ်၊ " နှစ်ကူးအမှီ ရဲဘော်များဆီ " အေးကိုတစ်လက် ထောက်ပို့ကူညီရင်း အောင်မြင်သောနှစ်များဆီ ချီတက်ကြပါစို့ဗျား၊
ဒါပါပဲ ပြောချင်တာ၊ ကမ်ပိန်းရက်ရွေ့ထားရတာ ဒီနေ့နဆို ၂ရက်ရှိသွားပါပီ၊ ထောက်ပို့ကူညီဖို့ကိုလဲ လက်တို့ပါရဲ့....
မူရင်း link -
https://m.facebook.com/story.php?story_fbid=182130681139051&id=100080263613619&mibextid=Nif5oz
Senthangက ဘဲတွေ၊ လမ်းကြောင်းလိမ့်တယ်၊ သွားတယ်၊ လမ်းပိတ်နေတယ်၊ ဖယ်တန်ဖယ် ရှင်းတန်ရှင်းနပဲ ဆက်လိမ့်တယ်၊ အများကြီးမပြောတော့ပါဘူး ကျွန်တော်တို့ ကောင်းမွန်မယ့် အရွေ့တွေကိုပဲ ရင်ခုန်တာပါ 💜
( ps. ချစ်သူအတွက် Droneလက်ဆောင် ကမ်ပိန်းလေးကိုမှတ်မိကြမှာပါ၊ အဲကောင်လေး ရောက်လာပါပီ၊ အခုအေးကိုအတွက် ကမ်ပိန်းလေးလည်း ဝင်အားဖြည့်ပေးကြပါဦးဗျာ၊ အခြေအနေအတော်ဆိုးဝါးနေလို့ပါ)
Plz Attention‼
ကျွန်တော်တို့ "နှစ်ကူးအမှီ ရဲဘော်များဆီ" လက်မှတ်ရောင်းချခြင်းပရောဂျက်တွင် ၃၅% သာ ရောင်းချပြီးစီးသေးပါသဖြင့် လက်မှတ်ရောင်းချမည့်နေ့ရက်အား ဇန်နဝါရီလ (၂၀)ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း ညှိုးငယ်စွာဖြင့် အသိပေးအပ်ပါသည်ခင်ဗျာ...
ဘယ်လိုခြေနေန failနေ failနေ၊ ယောနယ်ကချင်းချောလေးတွေကတော့ ဆက်ရောင်းနေဦးမှာပါ၊ ကဲ ဆိုတော့ မဲလာဝယ်ကြပါဦး 😾
အသားတွေပါတဆတ်ဆတ်တုန်တယ် ဟီး
(ပြောချင်တာ မဲလာဝယ်ပါဦး)
this isn't professional due!
စကားတွေအများကြီး မလိုပါဘူး၊ ရင်း၅က ဘဲတွေ ဘယ်သူဘာဆိုတာသိချင်ရင် သေသေချာချာလေးစုံစမ်းကြပါဦး၊ သြော် ဘယ်နှယ့် လုပ်သွားတဲ့ငနဲတွေလည်း နေနှပ်ကြပါစေနော် ဟဲဟဲ
တော်သေးပြီ
ကျွန်တော်တို့ YDF - Senthang တပ်ရင်း ၅ အတွက် လိုအပ်သည့်နေရာများတွင်အသုံးပြုရန် ရံပုံငွေများ ယနေ့အချိန်ထိ ကူညီထောက်ပံ့ပေးပါသော တော်လှန်ပြည်သူများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်ဗျာ၊
တလက်စတည်း ဒီဇင်ဘာလဝက်အတွက် မှတ်တမ်းတင်postမှာ အသိပေးချင်တာကတော့ ကျွန်တော်တို့တပ်ရင်းအနေနှင့် ထောက်ပံ့မှုတွေ အင်မတန်အတော်လိုအပ်နေပါတယ်၊ အခုလည်း pageမှာ တတိယအကြိမ်မြောက် မဲcampaignလေးမှာ ပါဝင်အားဖြည့်ပေးကြပါဦးဗျာ့၊
💜
ကဲ ဒီတစ်ခေါက်ကတော့ YDF-Senthang တပ်ရင်း၅မှ ရဲဘော်များရဲ့ “နှစ်ကူးအမီ ရဲဘော်များဆီ” ကမ်ပိန်းလေး ဖြစ်ပါတယ်ဗျား။ ကမ်ပိန်းက Januaryလ ၃ရက်နေ့အထိ ရှိနေမှာဖြစ်ပါတယ်။
ရဲဘော်များအတွက် ကျွန်တော်တို့ The REverမှ ပါ၀င်အားဖြည့်ကူညီခြင်း ဖြစ်ပါတယ်ဗျ။ လက်မှတ်တစ်စောင် မြန်မာငွေကျပ် ၁၀,၀၀၀နဲ့ ၀ယ်ယူပြီးထောက်ပံ့နိုင်ပါတယ်။
အလှူရှင်ထဲကနေ Random ၃ဦးရွေးချယ်ပြီး Yamaha Mios 125 ဆိုင်ကယ်တစ်စီး၊ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေနားကပ်+ရွှေဆံညှပ် Item ၃ခု မဲဖောက်ပေးသွားမှာပါ။ ဒီပစ္စည်းလေးတွေဟာလည်း ပြည်သူတွေကနေ တော်လှန်ရေးအတွက် ပြန်လှူထားတာ ဖြစ်ပါတယ်ဗျ။
ကျွန်တော်တို့ဆီမှာ ၀ယ်လို့ရသလို ရဲဘော်များရဲ့ ပေ့ချ်မှာ တိုက်ရိုက်သွား၀ယ်လို့လည်း ရပါတယ်ဗျ။ YDF-Senthang တပ်ရင်း၅၏ ပေ့ချ်လင့်ခ် https://www.facebook.com/YDFST5?mibextid=ZbWKwL
အဲဒါကြောင့် REvererတို့လည်း YDF-Senthang တပ်ရင်း၅မှ ရဲဘော်များအတွက် တစ်ထောင့်တစ်နေရာကနေ ပါ၀င်ကူညီအားဖြည့်ပေးကြပါဦးဗျို့။
Happy Birthday!!! တော်လှန်သောမွေးနေ့ပါဗျာ့ 🎉
ကျွန်တော်တို့ YDF - Senthang တပ်ရင်း ၅ ရဲ့ ရဲဘော်များကို ချင်းရိုးရာဝက်သားချက် အဝတီးနိုင်အောင် မွေးနေ့အထိမ်းအမှတ်အဖြစ် လာရောက်ဆက်သွယ်လှူဒါန်းပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်ဗျာ့၊ တပ်ရင်းမှာ campaignလေးလဲ ပြန်လုပ်ထားပါတယ် ပါဝင်အားဖြည့်ပေးကြပါဦး 💜
post link -
https://m.facebook.com/story.php?story_fbid=182130681139051&id=100080263613619&mibextid=Nif5oz
တော်လှန်သောပြည်သူများအနေနဲ့လည်း ကျွန်တော်တို့ တပ်ရင်းအတွက် လိုအပ်ချက်များကိုကူညီလိုပါက Page cbကိုဆက်သွယ်ကာ ရံပုံငွေထည့်ဝင်နိုင်ပါတယ်။
အကယ်၍ ကျွန်တော်တို့များလိုင်းပေါ်ရှိမနေရင် ဒီဘက်မှာလည်း ဝင်ဝယ်သွားလို့ရပါတယ်ဗျာ့ 💜
“နှစ်ကူးအမီ ရဲဘော်များဆီ” ticket ရောင်းချခြင်း အား ဝိုင်းဝန်းကူညီခြင်း 😅
အသိတယောက်က အကူအညီတောင်းလို့ ပထမဆုံးအကြိမ် မဲဝိုင်းရောင်းမှာဖြစ်ပါတယ်။ acc ကို cb မှာတောင်းပါ😅 တာဝန်ယူထားတဲ့ အစောင်ရေကုန်ချင်ပါတယ်။ ဝယ်ပေးကြဦးနော်😅
ticketလေးတွေကိုရောင်းချပြီး ကံထူးရှင်သုံးဦးတိတိကိုရွေးချယ်ပေးသွားမှာပါ
▫ ပထမဆုအနေနဲ့ Yamaha Mios 125 ဆိုင်ကယ်တစ်စီး
▫ဒုတိယဆုအနေနဲ့ ရွှေဆွဲကြိုးတစ်ကုံး
▫ တတိယဆုအနေနဲ့ ရွှေနားကပ်+ရွှေဆံညှပ်
ဒီပစ္စည်းလေးတွေကတော့ ပြည်သူတွေကနေ tickets လေးလုပ်ပြီးပြန်ရောင်းချနိုင်ဖို့ လာရောက်ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ လာရောက်ထောက်ပံ့ပေးတဲ့ တော်လှန်ပြည်သူများကိုလည်း ဂုဏ်ပြုအပ်ပါတယ်။
" နှစ်ကူးအမီ ရဲဘော်များဆီ " tickets တွေကိုတော့ တစ်စောင်ကို မြန်မာငွေကျပ် 1️⃣0️⃣0️⃣0️⃣0️⃣ ဖြင့် Dec 2, 2022 - Jan 3, 2023 အထိ တစ်လတိတိရောင်းချသွားမှာဖြစ်ပြီး Campaignကရသမျှငွေတွေအားလုံးနဲ့ အေးကိုတစ်လက် တပ်ရင်းအတွက်ဝယ်ယူမှာဖြစ်ပါတယ်။
NUG pay, K pay, Wave pay, Aya pay, Cb pay တို့နဲ့လည်းဝယ်လို့ရပါတယ်။
တစ်ယောက်ကို တစ်စောင်ကနေ အကန့်အသတ်မရှိဝယ်လို့ရပါတယ်နော် 😁
#နှစ်ကူးအမီရဲဘော်များဆီ
သူတို့ Official page link ပါ။
https://www.facebook.com/YDFST5?mibextid=ZbWKwL
"နှစ်ကူးအမီ ရဲဘော်များဆီ" tickets ရောင်းချခြင်း"
_________________
မကြာမီမှာဆိုရင် 2022 ကနေ 2023 ကိုကူးပြောင်းတော့မှာဖြစ်ပါတယ်။ နှစ်သစ်မကူးခင်ဒီဇင်ဘာလေးမှာ ရဲဘော်တွေကိုကူညီရင်းနှစ်သစ်ကူးကြရအောင်လားဗျာ...
ကျွန်တော်တို့ YDF - Senthang တပ်ရင်း၅ ကနေ တတိယအကြိမ်campaingအဖြစ် "နှစ်ကူးအမီ ရဲဘော်များဆီ" လို့အမည်ရတဲ့ tickets လေးတွေကို တော်လှန်ပြည်သူများဆီရောင်းချပေးသွားမှာဖြစ်ပါတယ်။
ဒီတစ်ခေါက် ticketလေးတွေကိုရောင်းချပြီး ကံထူးရှင်သုံးဦးတိတိကိုရွေးချယ်ပေးသွားမှာပါ
▫ ပထမဆုအနေနဲ့ Yamaha Mios 125 ဆိုင်ကယ်တစ်စီး
▫ဒုတိယဆုအနေနဲ့ ရွှေဆွဲကြိုးတစ်ကုံး
▫ တတိယဆုအနေနဲ့ ရွှေနားကပ်+ရွှေဆံညှပ်
ဒီပစ္စည်းလေးတွေကတော့ ပြည်သူတွေကနေ tickets လေးလုပ်ပြီးပြန်ရောင်းချနိုင်ဖို့ ကျွန်တော်တို့တပ်ရင်းကိုလာရောက်ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ လာရောက်ထောက်ပံ့ပေးတဲ့ တော်လှန်ပြည်သူများကိုလည်း ဂုဏ်ပြုအပ်ပါတယ်
" နှစ်ကူးအမီ ရဲဘော်များဆီ " tickets တွေကိုတော့ တစ်စောင်ကို မြန်မာငွေကျပ် 1️⃣0️⃣0️⃣0️⃣0️⃣ ဖြင့် Dec 2, 2022 - Jan 3, 2023 အထိ တစ်လတိတိရောင်းချသွားမှာဖြစ်ပြီး Campaignကရသမျှငွေတွေအားလုံးနဲ့ အေးကိုတစ်လက် တပ်ရင်းအတွက်ဝယ်ယူမှာဖြစ်ပါတယ်။ အခုပဲ Kpay, wave pay, NUG pay စတာတွေနဲ့ ကျွန်တော်တို့တပ်ရင်း page cb သို့လာရောက်ဝယ်ယူကံစမ်းနိုင်ပါပြီခင်ဗျာ
နှစ်သစ်ကူးကာလမှာ အိမ်နဲ့ဝေးနေရတဲ့ ဘော်ဒါတွေအတွက် အိမ်နဲ့ဝေးရတဲ့နှစ်သစ်ကူးထပ်မကြုံရဖို့ ကျွန်တော်တို့ရဲ့ "နှစ်ကူးအမီ ရဲဘော်များဆီ" ticket လေးတွေကိုအားပေးနိုင်သလို နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း ကူညီနိုင်ပါတယ်ခင်ဗျာ
#နှစ်ကူးအမှီရဲဘော်များဆီ
” 24/11/2022အကြမ်းဖက်လူသတ်စစ်ကြောင်းသတင်းနှင့်စပ်လျဉ်း၍ နောက်ဆက်တွဲထုတ်ပြန်ချက် ”
ကျွန်တော်တို့ YDF- Senthang တပ်ရင်း ၅ ကို အနွေးထည်ဝယ်ရန် လာရောက်ထည့်ဝင်ထားသော ရံပုံငွေများနဲ့ အနွေးထည်များဝယ်ပြီးပါပြီခင်ဗျ၊ အနွေးထည်စုစုပေါင်း ၁၂၀ထည် (အထုပ် ၄ထုပ်)ဝယ်ယူပြီး ၃ထုပ်ကိုရဲဘော်များအတွက်ဝေငှခဲ့ပါတယ်။ ကျန် ၁ ထုပ်ကိုတော့ ယခင် YDF - Htinlin ကနေတဆင့် ထန်းပင်ကုန်း စစ်ဘေးရှောင်များဆီ လှူထားပါတယ်ခင်ဗျာ
အနွေးထည်အတွက်ရံပုံငွေကူညီပေးသော Technical University - MGY fete ၊ Mission 21 နှင့် ထောက်ပံ့ပြည်သူများကို ထပ်မံ ကျေးဇူးတင်ကြောင်း မှတ်တမ်းလိုက်ပါတယ်၊
ဆောင်းရာသီရောက်လာပြီဆိုတော့ ရဲဘော်တွေကိုအတွက်ရော
စစ်ရှောင်ညီအစ်ကိုမောင်နှမတွေအတွက် နီးစပ်ရာတွေဆီမှာ အနွေးထည်ဝယ်ဖို့ရံပုံငွေထည့်ပေးဖို့တိုက်တွန်းပါတယ်၊ ပြည်သူတွေပေးတဲ့မေတ္တာဓာတ်တွေနဲ့ဝယ်ထားတဲ့အနွေးထည်တွေဟာ ပိုပြီးနွေးထွေးစေမှာပါခင်ဗျာ
အလှူငွေရရှိကြောင်း တင်ထားတဲ့post link -
https://m.facebook.com/story.php?story_fbid=170620115623441&id=100080263613619
ကျွန်တော်တို့ YDF - Senthang တပ်ရင်း ၅ အတွက် လိုအပ်သည့်နေရာများတွင်အသုံးပြုရန် ရံပုံငွေများကူညီထောက်ပံ့ပေးပါသော တော်လှန်ပြည်သူများအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ ၊
ကျွန်တော်တို့တပ်ရင်းအတွက် ရံပုံငွေထည့်ဝင်ချင်ရင်တော့ Page ရဲ့ cb ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်
Edit : လမှားနေတာလေး ခွင့်လွှတ်ပေးကြပါ😁🙏🏻
ကျွန်တော်တို့ YDF - Senthang တပ်ရင်း ၅ ရဲ့ ရဲဘော်များအတွက် ဝက်သားဟင်းတစ်နပ်စာ ကို စင်္ကာပူမှ အလှူရှင်တစ်ဦးက မွေးနေ့အမှတ်တရအဖြစ် လာရောက်လှူဒါန်းပေးသွားခဲ့ပါတယ်။ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပြီး မွေးနေ့ရှင်လည်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေလို့ ကျွန်တော်တို့ရဲဘော်များကဆုတောင်းပေးလိုက်ပါတယ်ဗျာ
တော်လှန်သောပြည်သူများအနေနဲ့လည်း ကျွန်တော်တို့ တပ်ရင်းအတွက် လိုအပ်ချက်များကိုကူညီလိုပါက Page cbကိုဆက်သွယ်ကာ ရံပုံငွေထည့်ဝင်နိုင်ပါတယ်။
ကျွန်တော်တို့ YDF - Senthang တပ်ရင်း ၅ မှ ပြုလုပ်ခဲ့တဲ့
"ချစ်သူအတွက်ဒရုန်းလက်ဆောင်" လက်စွပ်မဲလက်မှတ်ရဲ့ ပေါက်မဲနံပါတ်လေးပေါ်ထွက်လာပါပြီ။ ပေါက်မဲနံပါတ်ကတော့ 8️⃣0️⃣9️⃣ ဖြစ်ပါတယ်ခင်ဗျာ
ထူးထူးခြားခြားအစီအစဥ်လေးအဖြစ် ယောလုံချည်တစ်ကွင်းကိုပါ မေတ္တာလက်ဆောင်အနေနဲ့ မဲထပ်မံဖောက်ပေးလိုက်ပါတယ်။ယောလုံချည်ပေါက်မဲကတော့ 6️⃣4️⃣4️⃣ ဖြစ်ပါတယ်
Live ကိုပြန်လည်သွားရောက်ကြည့်ရှုလို့လည်းရပါတယ်ခင်ဗျ
ပေါက်မဲနံပါတ်ပိုင်ရှင်တွေအနေနဲ့ ကျွန်တော်တို့pageကိုလာရောက်ဆက်သွယ်ပေးပါခင်ဗျာ
လက်စွပ်မဲလက်မှတ်တွေကိုတခဲနက်အားပေးကြတဲ့တော်လှန်ပြည်သူများအားလုံးကို လေးလေးနက်နက်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။ နောက်ထပ်လည်း ကျွန်တော်တို့တပ်ရင်းကနေ Campaign လေးတွေဆက်လက်လုပ်သွားဖို့ရှိတဲ့အတွက်ကြောင့် ရံပုံငွေများကူညီနိုင်ပါတယ်
"ချစ်သူအတွက်ဒရုန်းလက်ဆောင်" Campaign ဖြစ်မြောက်ဖို့ ချစ်သူအတွက် လက်စွပ်လှူပေးခဲ့တဲ့ CDM တပ်ကြပ်ကြီးစာရေးရဲဘော်အစ်မကိုလည်းကျေးဇူးအထူးပါဗျာ
ချစ်ရခင်ရတဲ့ရဲဘော်အစ်ကိုနဲ့အစ်မ သက်ဆုံးတိုင်ရွှေလက်တွဲနိုင်ဖို့ ကျွန်တော်တို့တပ်ရင်းကရဲဘော်များအားလုံးကဆုတောင်းပေးပါတယ်ခင်ဗျာ
#ချစ်သူအတွက်ဒရုန်းလက်ဆောင်
ဓမ္မဘက်မှရပ်တည်နေသောတော်လှန်ပြည်သူအားလုံးအတွက် ဘေးကင်းလုံခြုံတဲ့ တန်ဆောင်မုန်းလပြည့်နေ့လေးဖြစ်ပါစေလို့ ကျွန်တော်တို့ YDF- Senthang တပ်ရင်း(၅) ရဲဘော်များမှ ဆုတောင်းပေးအပ်ပါတယ်ခင်ဗျာ
ဒီနေ့ကတော့ ကျွန်တော်တို့ တပ်ရင်းကပြုလုပ်လျှက်ရှိတဲ့ "ချစ်သူအတွက်ဒရုန်းလက်ဆောင်" လက်စွပ်မဲလက်မှတ်ရောင်းချတဲ့ ကမ်းပိန်းနောက်ဆုံးရက်လေးဖြစ်ပါတယ်
လက်မှတ်တစ်စောင်ကို မြန်မာငွေ 3️⃣0️⃣0️⃣0️⃣ ကျပ်နဲ့
ယခုည (ဆေးပေါင်းခတဲ့ည) ၁၂နာရီတိတိအထိ ဝယ်ယူလို့ရပါသေးတယ် ခင်ဗျ
Campaign အကြောင်းအသေးစိတ်ဖတ်ရန် link
https://m.facebook.com/story.php?story_fbid=171077205577732&id=100080263613619
မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်မှာ တနိုင်ငံလုံးမြိုင်မြိုင်ဆိုင်ဆိုင်ပွဲကနိုင်ဖို့ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေ၊ရဲဘော်တွေကိုကူညီနိုင်သလို ကျွန်တော်တို့ဆီမှာလည်းလက်စွပ်မဲလက်မှတ်ဝယ်ယူလို့ရပါတယ်
အခက်အခဲအကြပ်အတည်းတွေကြားက အမြဲတမ်းထောက်ပံ့နေတဲ့ပြည်သူအားလုံးကိုလည်း လေးလေးနက်နက်ကျေးဇူးတင်ဂုဏ်ပြုပါတယ်ခင်ဗျာ
ကမ္ဘာကြီးတစ်ခုလုံး သက်သေရှိပါတယ်။
ငါတို့ဟာ အထိအခိုက် အကျအရှုံးများပေမယ့်
ဓမ္မဖက်က ရပ်တည်ခဲ့သူတွေဖြစ်ကြောင်း ။
-မောင်ယုပိုင်
ကျွန်တော်တို့ YDF - Senthang တပ်ရင်း ၅ အတွက် လိုအပ်သည့်နေရာများတွင်အသုံးပြုရန် ရံပုံငွေများကူညီထောက်ပံ့ပေးပါသော တော်လှန်ပြည်သူများအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ
ကြပ်တည်းမှုတွေကြားကပဲ ယုံကြည်ရာအမှန်တရားဘက်ကိုရပ်တည်ပြီး ထောက်ပံ့ပေးကြတဲ့ပြည်သူများအားလုံးကိုလည်းလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ခင်ဗျာ
လကုန်ရက်လည်းဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့တပ်ရင်းမှရောင်းချလျှက်ရှိတဲ့ "ချစ်သူအတွက်ဒရုန်းလက်ဆောင်" လက်စွပ်မဲလက်မှတ်လေးတွေလည်း ဆက်လက်ရောင်းချနေတဲ့
လာရောက်အားပေးလို့ရပါတယ်။
https://m.facebook.com/story.php?story_fbid=171077205577732&id=100080263613619
တော်လှန်သောပြည်သူအပေါင်းခင်ဗျာ
ကျွန်တော်တို့ YDF- Senthang တပ်ရင်း ၅ မှ ပြုလုပ်လျှက်ရှိတဲ့ "ချစ်သူအတွက် ဒရုန်းလက်ဆောင်" လက်စွပ်မဲလက်မှတ် ရောင်းချတဲ့ Campaign လေးရဲ့အကြောင်းလေးကို ကျွန်တော်တို့ရဲဘော်တစ်ယောက်နဲ့ CDM တပ်ကြပ်ကြီးစာရေးမလေးတို့က ပြောပြပေးထားတဲ့ video လေးကိုဖော်ပြပေးလိုက်ရပါတယ်။
ချစ်သူကိုဒရုန်းဝယ်ပေးနိုင်ဖို့အတွက် သူ(မ)ရဲ့ လက်စွပ်ကိုတပ်ရင်းအတွက် ပြန်လှူခဲ့တဲ့အပေါ် သူ(မ)ရဲ့ခံစားချက်ကဘယ်လိုတွေရှိမလဲဆိုတာကို တော်လှန်သောပြည်သူများအနေနဲ့သိချင်ရင်တော့ ဒီ video လေးကိုဝင်ကြည့်လိုက်ပါ။
စစ်ကြီးအတွင်းကချစ်ခြင်းမေတ္တာတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ "ချစ်သူအတွက် ဒရုန်းလက်ဆောင်" လက်စွပ်မဲလက်မှတ်လေးကို Kpay, Wave pay, NUG pay စတာတွေနဲ့ လာရောက်ဝယ်ယူလို့ရပါတယ်ခင်ဗျာ။
Campaign အကြောင်းအသေးစိတ်ဖတ်ရှုရန်
https://m.facebook.com/story.php?story_fbid=171077205577732&id=100080263613619
#ချစ်သူအတွက်ဒရုန်းလက်ဆောင်
#လက်စွပ်မဲလက်မှတ်
ယနေ့ ၂၈.၁၀.၂၀၂၂ ရက်နေ့ညတွင် ကျွန်တော်တို့ YDF-Senthang တပ်ရင်း ၅ ရဲဘော်များမှ ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု(စစ်ရာဇဝတ်မှုကြီး)မှာ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများ အပါအဝင် နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးရသူများအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် ပြုလုပ်တဲ့ "မီးပိတ်သပိတ် လူထုလှုပ်ရှားမှု" ကြီးတွင် ပါဝင်ဆင်နွှဲကာ နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးအဆက်ဆက်မှာ
ကျဆုံးရသူများအတွက် ဝမ်းနည်းခြင်းအားဖြင့် ဖယောင်းတိုင်ထွန်းဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို
တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ
ကချင်လူထုနဲ့အတူရပ်တည်ကြ
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။
အရေးတော်ပုံ အောင်ရမည်။
#မီးပိတ်သပိတ်
#ဖားကန့်_အနန့်ပါ
#စစ်ရာဇဝတ်မှု
#ဝမ်းနည်းမှုကို_တော်လှန်ခွန်အားအဖြစ်ပြောင်းကြ
◾ဖားကန့်-အနန့်ပါအတွက်ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ်အရှိန်မြှင့်ကြ။
❏ ဖားကန့်-အနန့်ပါမှသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကို ဖော်ညွှန်းသည့် အောက်ပါ လူထုတိုက်ပွဲလှုပ်ရှားမှုကြီးကို လူထုအားလုံး တညီတညွတ်တည်း ဖော်ဆောင်၊ ဆင်နွှဲကြပါစို့။
ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးအတွက် မိမိတို့ စိတ်ထဲကနေ ဝမ်းနည်း၊ ကြေကွဲ၊ နာကြည်းနေရုံမျှနဲ့ တင်းတိမ်မနေကြသင့်။ ဒီဝမ်းနည်းနာကြည်းစိတ်ကို တော်လှန်ရေးခွန်အားအဖြစ် လက်တွေ့ကျကျ ပြောင်းလဲဖော်ဆောင်ကြရမယ်။
ဒီအတွက် ပြည်သူလူထုတရပ်လုံး၊ တနိုင်ငံလုံး ပါဝင်ဆင်နွှဲနိုင်မယ့် "လူထုတိုက်ပွဲ လှုပ်ရှားမှု" ကြီးတရပ် ဖော်ဆောင်ကြပါစို့။
#မီးပိတ်သပိတ်_လူထုလှုပ်ရှားမှု
ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးမှာ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများ အပါအဝင် နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးရသူများအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် မိမိတို့ပြည်သူအားလုံးက "မီးပိတ်သပိတ် လူထုလှုပ်ရှားမှု" ကြီး ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။
☗ နေ့ရက် - ၂၈ ရက် အောက်တိုဘာ ၂၀၂၂ ခု (သောကြာနေ့)
☗ အချိန် - ည (၈:၃၀) နာရီ (ဖားကန့်-အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရသည့် အချိန်)
☗ မီးပိတ်မှု ကြာချိန် - ၁၀ မိနစ်
ဒီသတ်မှတ် နေ့ရက်နဲ့ အချိန်မှာ မိမိတို့ အိမ်များ၊ လမ်းများ၊ အဆောက်အဦများက လျှပ်စစ်မီးအပါအဝင် မီးအားလုံးကို ပိတ်၊ အမှောင်ချထားကြဖို့ ဖြစ်ပါတယ်။
အဲ့ဒီညမှာ မီးပိတ်သပိတ် လှုပ်ရှားမှုအပြင် ကျဆုံးပုဂ္ဂိုလ်များအတွက် မိမိတို့ ယုံကြည်မှု ဘာသာတရားအလိုက် ဆုတောင်းမှုများ၊ ကချင်လူထုနဲ့ အတူရပ်တည်ကြောင်း ရည်ညွှန်း သရုပ်ဖော် လှုပ်ရှားမှုများကိုလည်း တပါတည်း ဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်။
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။
အရေးတော်ပုံ အောင်ရမည်။
#မီးပိတ်သပိတ်
#ဖားကန့်_အနန့်ပါ
#စစ်ရာဇဝတ်မှု
#ဝမ်းနည်းမှုကို_တော်လှန်ခွန်အားအဖြစ်ပြောင်းကြ
🔴 26.10.2022
2:11pm
#ဂန့်ဂေါနယ်သတင်း
ဂန့်ဂေါမြို့ခလရ ၅၀ ကစခများဟာ စစ်ကားနှစ်စီးနဲ့ We Love Gangaw နားမှာ ကားကိုရပ်ထားခဲ့ကာ ရှုံးရှီတံတားပေါ်ကနေခြေလျင်ဖြတ် အနောက်ဂန့်ဂေါ(ရှုံးရှီ)ရွာထဲကို ဝင်ရောက်သွားကြပါတယ်။အင်အား ၅၀ ကျော်လို့ခန့်မှန်းရပါတယ်။
အနီးအနားကမိဘပြည်သူများစခစစ်ကြောင်းများနဲ့ဝေးဝေးနေပေးကြပါ။အားလုံးဘေးကင်းကြပါစေ။
#နွေဦးရောင်နီ
ယောအလင်းတန်း
https://www.facebook.com/106432195478409/posts/138751838913111/
ကျွန်တော်တို့ YDF - Senthang တပ်ရင်း ၅ အတွက် Drone ဝယ်ယူရန် ဘီးလင်းမြို့မှအလှူရှင်တစ်ဦးက ၁၀သိန်းကျပ်တိတိ ၊ အန်တီမေမှ ၃သိန်းကျပ်တိတိ ၊ မမအေးချမ်းမှ ၉သောင်းကျပ်တိတိ ကူညီပေးခဲ့သောကြောင့် တော်လှန်ပြည်သူများအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ
"ချစ်သူအတွက်ဒရုန်းလက်ဆောင်" လက်စွပ်မဲလက်မှတ်လေးတွေလည်း ဆက်လက်ရောင်းချနေတဲ့အတွက်ကြောင့်
လာရောက်အားပေးလို့ရပါတယ်။
campaign post link -
https://m.facebook.com/story.php?story_fbid=171077205577732&id=100080263613619
CDMတပ်ကြပ်ကြီးစာရေးမလေးရဲ့ "ချစ်သူအတွက် ဒရုန်းလက်ဆောင် "
စစ်ကြီးအတွင်းကချစ်ခြင်းမေတ္တာတွေဟာ သိပ်ကိုလူသားဆန်လှပါတယ် ကျွန်တော်တို့ YDF - Senthang တပ်ရင်း ( ၅ ) မှ CDM တပ်ကြပ်ကြီးစာရေးမလေးဟာ ချစ်သူကို ဒရုန်းဝယ်ပေးနိုင်ဖို့အတွက် သူ(မ)ရဲ့လက်စွပ်လေးကို မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့တပ်ရင်းကိုလှူဒါန်းပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒရုန်းဝယ်ယူနိုင်ဖို့
လှူဒါန်ထားတဲ့ လက်စွပ်လေးကို tickets ရောင်းချတဲ့ Campaign လေးတစ်ခုလုပ်ပြီးတော်လှန်ပြည်သူများဆီလက်စွပ်မဲလက်မှတ် ရောင်းချချင်ပါတယ်ခင်ဗျာ
ကျွန်တော်တို့ချစ်ခင်လေးစားရတဲ့ CDM တပ်ကြပ်ကြီးစာရေးမလေးပြောပြပေးထားတဲ့ သူ(မ)ချစ်သူအတွက်မေတ္တာစကားလေးကိုလည်း ဝေမျှပေးချင်ပါတယ်။
" တော်လှန်ရေးကို အန္တရာယ်ကင်းကင်းနဲ့ ဆောင်ရွက်ပြီး ပြည်သူတွေကို အတတ်နိုင်ဆုံး ကာကွယ်သွားပါ ကျန်တဲ့နားလည်မှုတွေ ယုံကြည်မှုတွေကအစ ဘာပဲဖြစ်ဖြစ် ဘေးနားကနေပြီး ပါရမီဖြည့်ပေးမှာပါ ကိုယ်တန်ဖိုးထားရတဲ့လက်စွပ်လေးက
ကိုယ့်ချစ်သူအတွက် လိုအပ်တဲ့အရာလေးကို ဖြည့်ဆည်းပေးနိုင်မှာမလို့ တကယ်ဝမ်းသာမိပါတယ် 💙 "
" ချစ်သူအတွက် ဒရုန်းလက်ဆောင် " ဆိုတဲ့ လက်စွပ်မဲလက်မှတ်လေးတွေကိုတော့ ၁စောင်ကို မြန်မာငွေကျပ် 3️⃣0️⃣0️⃣0️⃣ နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး Kpay, Wave pay, NUG pay ကြိုက်နှစ်သက်ရာနဲ့ လာရောက်ဝယ်ယူနိုင်ပါပြီ။ tickets ရောင်းချမှာကတော့ ဒီနေ့ 21.10.2022 မှ 7.11.2022 အထိပဲဖြစ်ပါတယ်။ ကျွန်တော်တို့တပ်ရင်း page ကပဲ တိုက်ရိုက်ရောင်းချပေးမှာမလို့ ဝယ်ယူအားပေးချင်ရင်တော့ page chat box ကို လာရောက်ဝယ်ယူနိုင်ပါပြီခင်ဗျာ
စစ်ကြီးပြီးရင်
အချစ်သီချင်းလေးတွေပဲနားထောင်ကြမယ်
ချစ်သူများသာ
အဓွန့်ရှည်ပါစေ ။
- ကြည်ဇော်အေး
#ချစ်သူအတွက်ဒရုန်းလက်ဆောင်
#လက်စွပ်မဲလက်မှတ်
ကျွန်တော်တို့ YDF - Senthang တပ်ရင်း ၅ မှာရှိတဲ့ ရဲဘော်တွေလိုအပ်တဲ့အနွေးထည်များဝယ်ယူရန်ကူညီပေးသော
Technical University - MGY fete ၊ Mission 21 နှင့် ထောက်ပံ့ပြည်သူများအား ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ
ဆောင်းတွင်းကိုရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲဘော်တွေကို အနွေးထည်လက်ဆောင်ပေးချင်ရင်တော့
တပ်ရင်းPage cb ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျ
ကျွန်တော်တို့ YDF - Senthang တပ်ရင်း ၅ ရဲ့ ရဲဘော်များအတွက် အသားဟင်းတစ်နပ်စာ ကို အစ်မဟန်နီ
(ခေတ္တစက်ာပူ) မှ ချစ်သူရဲဘော် အောင်စွာသက္ကရာဇ် ရဲ့ အသက်(၂၅) ပြည့်မွေးနေ့အမှတ်တရအဖြစ် လာရောက်လှူဒါန်းပေးသွားခဲ့ပါတယ်။ ချစ်သူတွေအမြန်ဆုံစည်းနိုင်ပြီး မွေးနေ့ရှင်ရဲဘော်လည်း စိတ်ချမ်းသာကိုယ်ကျန်းမာရှိပြီးတော့အန္တရာယ်ကင်းကင်းနဲ့တော်လှန်ရေးကိုဆုံးခန်းတိုင်သည်ထိ တော်လှန်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ
တော်လှန်သောပြည်သူများအနေနဲ့လည်း ကျွန်တော်တို့ တပ်ရင်းအတွက် လိုအပ်ချက်များကိုကူညီလိုပါက Page cbကိုဆက်သွယ်ကာ ရံပုံငွေထည့်ဝင်နိုင်ပါတယ်။
😅💜
အရမ်းဆူတာပဲ ဒီသူငယ်က 😂
သီတင်းကျွတ်အခါသမယမှာ အသက်ကြီးဝါကြီးတဲ့သူတွေကိုဂါရဝတရားနဲ့ကန်တော့ကြတာဟာချစ်စရာအစဥ်အလာတစ်ရပ်ဖြစ်တာကြောင့် ကျွန်တော်တို့ YDF - Senthang တပ်ရင်း( ၅ ) ရဲ့ တပ်ရင်းမှူးနှင့်ထုတ်လုပ်ရေးတာဝန်ခံ ဆရာတို့ကို ဒုတပ်ရင်းမှူးမှ ဦးဆောင်၍ အနီးအနားတွင်တာဝန်ကျနေသော ကျွန်တော်တို့ရဲဘော်များနှင့် ဂါရဝပြုကန်တော့ပွဲလေးပြုလုပ်ဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့တပ်ရင်းရဲ့ တပ်ရင်းမှူးမှ " တော်လှန်ရေးဟာ ကြာမယ်ရှည်မယ်ဒီထက်မကကြမ်းတမ်းမယ်၊ အချင်းချင်းစိတ်ဝမ်းမကွဲပဲ လက်ခိုင်ခိုင်တွဲထားကြပြီး ရဲဘော်ရဲဖက်သေဖော်သေဖက်စိတ်ဓာတ်ကိုင်စွဲထားရမယ် ၊ တစ်ယောက်အပေါ်တစ်ယောက်ဟာခွင့်လွှတ်စိတ်နဲ့ကြည့်ကြရမယ် ၊ တပ်ဖွဲ့ဝင်အချင်းချင်းနားလည်အလေးထားကြရမယ် ၊ ပေးအပ်လာသမျှတာဝန်တိုင်းကိုကျေပွန်အောင်ဆောင်ရွက်ကြရမယ် " စတဲ့သြဝါဒများဖြင့်ရဲဘော်များအားဆုံးမခဲ့ပြီး " တော်လှန်ရေးကိုအောင်သည်အထိ တော်လှန်ရေးလွန်ကာလအထိ နိုင်ငံလူမျိုးအပေါ်သစ္စာစောင့်သိသော ခေတ်၏ကောင်းခြင်းကိုသယ်ပိုးသော ထမ်းရွက်ကြသော လူငယ်လူရွယ်များဖြစ်ကြပါစေ " ဆိုပြီး ကျွန်တော်တို့ရဲဘော်များကို ဆု့ပေးခဲ့ပါတယ်။
(တပ်ရင်းမှူးရဲ့ဆုံးမစကားများကို ရင်မှာအမြဲသိမ်းထားပြီး ပြည်သူကအားကိုးရတဲ့ ပြည်သူ့ရဲဘော်များ ဖြစ်အောင်အမြဲကြိုးစားသွားပါမယ်ဟု ကတိပေးအပ်ပါတယ်ခင်ဗျာ)
အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တော်လှန်တိုက်ပွဲဝင်နေသော ကျွန်တော်တို့ YDF - Senthang တပ်ရင်း (၅) အတွက် အောက်တိုဘာလ လဝက်အတွင်း ရံပုံငွေထည့်ဝင်ပေးကြသော တော်လှန်ပြည်သူများအား ဂုဏ်ပြုမှတ်တမ်းတင်ခြင်း ။
ရံပုံငွေထည့်ဝင်ပေးကြပေးသော တော်လှန်ပြည်သူများအားလုံးကိုကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့သည်ပြည်သူ့ရဲဘော်များဖြစ်သည့်အလျောက် ပြည်သူ့ဘက်ကိုသာမျက်နှာမူလျှက် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပါမည်ဟုထပ်မံကတိပေးအပ်ပါသည်။
တပ်ရင်း ၅ ရဲ့ activities
ဂန့်ဂေါ နယ်က YDF တပ်ရင်း ၅ ရဲ့ page
ဖြစ်ပါတယ် ဒီ page ကနေ
လှုပ်ရှားမှုတွေကို တင်ပြပေးသွားပါမယ်