365bot Myanmar

365bot Myanmar

Lead Generation & Customer Service Chatbot for Startups, SMEs, MSMEs and Social Commerce Owners!

03/07/2021

ကိုယ့်ပစ္စည်း အမြဲရောင်းကောင်းနေဖို့ လုပ်ရမယ့် အရေးကြီး (၄)ချက်🤩🛍
=================================
ကိုယ့်ပစ္စည်းကို တစ်ခါပဲ ရောင်းကောင်းလိုက်ချင်လား??? အမြဲတမ်း ပုံမှန်ရောင်းကောင်းနေချင်လား??? လူတိုင်းကတော့ ကိုယ့်ပစ္စည်းကို အမြဲတမ်းရောင်းကောင်းနေစေချင်ကြမှာပါပဲ.. အမြဲရောင်းကောင်းချင်တဲ့သူတိုင်း အခု ပို့စ်ကိုဆုံးအောင်ဖတ်ပေးဖို့လိုပါတယ်။ အရေးကြီးလို့ပါ… သေချာဖတ်ပေးပါ..✅
1️⃣ တစ်ခါစာ မကြံပါနဲ့ စေတနာပါပါရောင်းပါ။
ဟုတ်ပါတယ်.. စီးပွါးရေးလုပ်တာ ငွေရတာကြီးတစ်ခုပဲ ကြည့်နေလို့မရပါဘူး။ ကိုယ့် Customer တွေကို သေချာ စေတနာပါပါ Quality (အရည်အသွေး) ကောင်းတာတွေပဲရောင်းပေးပါ။ ကိုယ်က အဆင်မပြေတာရောင်းခဲ့မိတယ်ဆိုရင်တောင် နောက်တကြိမ် အကောင်းဆုံးပြင်ဆင်ပြီးမှ Customers တွေလက်ထဲထည့်ပေးပါ။ ကိုယ့်ရဲ့ ပစ္စည်းက မှန်ကန်ပြီး စေတနာပါရင် ဝယ်ပြီးသား customers တွေကထပ်ထပ်လာနေမှာဖြစ်သလို Word of mouth ကြောင့်အခြား Customers အသစ်တွေကလည်း အလိုလို လိုက်ဝယ်လာပါလိမ့်မယ်..😇

2️⃣ Customer မေးသမျှကို အမြန်ဆုံးဖြေနိုင်အောင်လုပ်ပါ။
Customer တိုင်းက ပစ္စည်းတစ်ခု မဝယ်ခင် အရင်စေ့စေ့စပ်စပ်မေးတတ်ကြတာရှိပါတယ်။ တစ်ချို့ဆို မေးတာကို ချက်ချင်းပြန်ဖြေစေချင်တယ်၊ သိချင်တယ်၊ ချက်ချင်း Response လုပ်နိုင်တာကို ကြိုက်ကြပါတယ်။
အွန်လိုင်းကနေဆို အလွန်ဆုံး ကြာချိန် ၅မိနစ်အတွင်းပြန်ဖြေနိုင်မှ Customers တွေက ကြိုက်ကြပါတယ်။ နို့မို့ Reply ကြာလို့ မဝယ်တော့ပဲထွက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရောင်းမယ့် ပစ္စည်းရဲ့ အခြေခံ အမေးများတဲ့ မေးခွန်းတွေ၊ information တွေကို Chatbot လေးဆောက်ထားပြီး Auto Reply ပြန်နေတဲ့ ပုံစံဖြစ်အောင်လုပ်ထားသင့်ပါတယ်။ အဲ့ဒါဆို ကိုယ့် ဆီလာဝယ်တဲ့ Customer တွေကထွက်မသွားတော့ပဲ ကိုယ့် Products ကို မလွတ်တမ်း ရောင်းရလာပါလိမ့်မယ်။ ကိုယ်ရဲ့ အွန်လိုင်းစီးပွါးရေးလုပ်ငန်းအတွက် အရောင်းလည်းတက်စေပြီး Reply လည်းအဆင်သင့်ပြန်ပေးမယ့် Chatbot လေးကို 365Bot Myanmar က ဝန်ဆောင်မှုပေးနေပါတယ်။ Messenger http://m.me/365bot.digital မှာ "chatbot" လို့ရိုက်ထည့်ပြီးတော့ လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်နော်…📲

3️⃣ ရောင်းနေတဲ့ အချိန်မှာလည်း Customer လိုအပ်ချက်နဲ့ ကိုယ့်ဆီက ပစ္စည်းကို ကိုက်ညီမှုရှိအောင် သေချာ အာမခံပြီး ပြောပြပါ။
ကိုယ်နဲ့ တိုက်ရိုက် Customer နဲ့ စပြောရပြီဆိုရင် Customer ရဲ့လိုချင်တာကို အရင်နားထောင်ပေးပါ။ (ဥပမာ- သူက သင်တန်းတက်ဖို့လာစုံစမ်းတယ်ဆိုပါစို့.. သူတို့က ဒီသင်တန်းမှာဘယ်လိုတွေသင်ရမှာလဲ အပြင် သင်တန်းက ဘာအာမခံချက်ရှိလဲ၊ တစ်တန်းမှာ သင်တန်းသား ဘယ်နှယောက်သင်ရမလဲ၊ ဒီ Level ပြီးရင်ရော ဘာဆက်တက်လို့ရမလဲ၊
အရင်သူတို့တက်ခဲ့တဲ့ သင်တန်းနဲ့ ပတ်သက်ပြီး Negative ဖြစ်ခဲ့တဲ့ ခံစားချက်တွေပါ ယှဉ်ပြီး မေးလာနိုင်တာ ရှိပါတယ်။) အဲ့အခါမှာ ကိုယ့်ရဲ့ သင်တန်းက Customer စိုးရိမ်နေတဲ့ အချက်တွေ မရှိပဲ သူ့အတွက် အဆင်ပြေ ကိုက်ညီတဲ့အကြောင်းကို သေချာရှင်းပြပေးဖို့လိုပါတယ်။ ဒီလိုသာဆိုရင် ကိုယ့်ဆီမှာပဲ Customers က အမြဲရနေပါလိမ့်မယ်။🤓

4️⃣ ဝယ်ပြီးသွားရင်လည်း Customer ကို အဆင်ပြေကြောင်းမေးပါ။
ကိုယ့်လက်က လွတ် ဗျွတ် မလုပ်ပါနဲ့နော်.. ကိုယ်က ပိုက်ဆံရပြီးပြီ ရောင်းပြီးပြီဆိုပြီ Customer ကိုမလွတ်လိုက်ပါနဲ့နော်.. ကိုယ့်ဆီမှာ အမြဲတမ်း အထပ်ထပ်လာဝယ်နေအောင် after service ပေးဖို့လိုပါတယ်။
ဥပမာ - ပစ္စည်း တစ်ခုဝယ်ရင် ပို့တဲ့ အခါ Surprise လက်ဆောင်တစ်ခုထည့်ပေးလိုက်တာမျိုး၊ ကိုယ့်ပစ္စည်း ဝယ်ပြီးရင် အဆင်ပြေမှုရှိလာမေးတာမျိုးကနေလည်း Customer Review အစစ်အမှန်တွေရလာနိုင်ပြီ ကိုယ်ရဲ့ အရောင်းအားကလည်း အမြဲတမ်းတက်လာနေမှာဖြစ်ပါတယ်…🤗

ဒီနေ့ပြောပြသွားတာတွေက တကယ်ကို လက်တွေ့မှာ အသုံးချရမယ့် အရေးကြီးတဲ့ အချက်(၄)ချက်ပဲဖြစ်ပါတယ်။ အမြဲ မမေ့အောင်ခေါင်းထဲသာ ထည့်ထားလိုက်ပါတော့နော်…✅💯
အားလုံးအတွက် အကျိုးရှိစေမယ်ဆိုရင် ဒီပို့စ်လေးကို Like & Share လုပ်သွားပေးကြပါဦးနော်…👍
===================
🔅ကိုယ်ရဲ့ အွန်လိုင်းစီးပွါးရေးလုပ်ငန်းအတွက် အရောင်းလည်းတက်စေပြီး အသုံးလည်းဝင် အချိန်ကုန်သက်သာစေမယ့် Chatbot လေးကို 365Bot Myanmar က ဝန်ဆောင်မှုပေးနေပါတယ်။ အသေးစိတ်ပိုပြီးသိချင်ရင်တော့ အခုပဲ 365bot Myanmar ရဲ့ Messenger http://m.me/365bot.digital မှာ "chatbot" လို့ရိုက်ထည့်ပြီးတော့ လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီ ✨✨

Photos from 365bot Myanmar's post 30/06/2021

ဖုန်းနဲ့ တည်းဖြတ်လို့ရတဲ့ အကောင်းဆုံး Video Editing App များ.. 📲🎥🎞
================================
အားလုံးပဲ မင်္ဂလာပါ.. 365Bot Myanmar Page ကနေအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်..🤗
ဒီနေ့မှာတော့ ကိုယ့် ဖုန်းနဲ့ပဲလွယ်လွယ်ကူကူ Video Editing လုပ်မယ့်သူတွေအတွက်
ရှိသင့်တဲ့ Video Editing Application (9)မျိုးကို Sharingလုပ်ပေးသွားပါမယ်။👇📲

လူတိုင်းလက်ထဲမှာ ဖုန်းတစ်လုံးစီ ရှိနေတဲ့ခေတ်ကြီးမှာတော့ Vlogလေးတွေပဲ Editလုပ်မလား? Lyric Videoလေးတွေပဲ Editလုပ်မလား?
အခုပြောမယ့် Applicationလေးတွေနဲ့ဆိုရင် ကိုယ် Idea ရှိရင်ရှိသလောက် အကောင်းဆုံး
ဆန်းသစ်ပြီး Editလို့ရမှာဖြစ်ပါတယ်..✅
ကိုယ်ရဲ့ တစ်နိုင်တစ်ပိုင် ကြော်ငြာလေးတွေ Slide Show ပုံလေးတွေကို သီချင်းလေးတွေထည့် နောက်ခံတီးလုံးလေးတွေထည့်ပြီး Edit ကြည့်လို့ရပါတယ်..💯

Video ဆိုတာကလည်း Social Media Marketing အတွက်အရေးပါတဲ့ တင်ကိုတင်ရမယ့် အရာတစ်ခုမဟုတ်လား??💯

Applicationတွေကို အလွယ်တကူ downloadလုပ်လို့ရအောင်လည်း Play Store Linkနဲ့ App Store Linkတွေကိုပါ ထည့်ပေးထားပါတယ်..👇👇

1️⃣ Capcut
ဒီAppမှာ အကုန်လုံးFreeရပါတယ်။ တချို့Functionလေးတွေကိုတော့ downloadဆွဲပြီးမှ သုံးလို့ရပါတယ်။
Music, Sound Effect, BGM, Sticker,...ဒါတွေ
အကုန်လုံးFreeရတာပါ။
Animationsတွေလည်း တော်တော်စုံပါတယ်။
Background Musicတွေဆိုလည်း Categoryအရ အကုန်ပါပြီးသားပါ။ Video တွေ နဲ့ Photo တွေကို Edit လို့ရပါတယ်..
PlayStore>> https://play.google.com/store/apps/details?id=com.lemon.lvoverseas&hl=en&gl=US

App Store>> https://apps.apple.com/us/app/capcut/id1500855883

2️⃣ FilmoraGo
facebook အတွက် 1:1 Video Size တွေ Youtube အတွက် 16:9 အချိုးအစားတွေနဲ့ Reverse Video, Add Transitions, Slow Motion, Text စတဲ့ Effect တွေနဲ့လည်း ကိုယ့် Video ကိုလှပအောင်လုပ်နိုင်ပါသေးတယ်။
PlayStore>> https://play.google.com/store/apps/details?id=com.wondershare.filmorago

Apple Store>> https://apps.apple.com/us/app/filmorago-video-editor-maker/id1019382747

3️⃣ Inshot
Instagram မှာတင်ဖို့ Video ဖြတ်တာ အတိုလေးတွေကို ပိုကြွအောင်လုပ်တာကောင်းတဲ့ video app လေးပါ။ Sticker လှလှလေးတွေထည့်လို့ရပါတယ်..
PlayStore>> https://play.google.com/store/apps/details?id=com.camerasideas.instashot

Apple Store>> https://apps.apple.com/us/app/inshot-video-editor/id997362197

4️⃣ KineMaster
ဖုန်းတွေအတွက်သင့်တော်ပြီး အသုံးပြုရအဆင်ပြေတဲ့ Video Editor ကတော့ KineMaster ပဲဖြစ်ပါတယ်။ Video ဖိုင်ပေါင်းများစွာကို ထည့်သွင်းနိုင်ဖို့အတွက် Drag-n-Drop Technique ကိုအသုံးပြုထားပါတယ်။ အမျိုးမျိုးသော Transition တွေကို Video တစ်ခုနဲ့တစ်ခုကြား ထည့်သွင်းနိုင်ပြီး Text တွေ Subtitle တွေကိုလည်း ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်ခြားလုပ်ဆောင်ချက်တွေဖြစ်တဲ့ Overlays, Stickers, Handwriting တွေနဲ့ Video တွေ Audio တွေကို Layer တွေခွဲပြီး ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
PlayStore>> https://play.google.com/store/apps/details?id=com.nexstreaming.app.kinemasterfree

Apple Store>> https://apps.apple.com/us/app/kinemaster-video-editor/id1223932558

5️⃣ Video Show
Video Show ဟာဆိုရင် ဆုတွေပါရရှိထားပြီး အကောင်းဆုံး Video Editing Application တွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုယ်ပြင်ဆင်နေတဲ့ Video ကို ပိုပြည့်စုံသွားအောင် Text, Effects, Music နဲ့တစ်ခြား Effect တွေကို ထည့်သွင်းပြင်ဆင်နိုင်ပါသေးတယ်။ Theme ပေါင်း ၅၀ ကျော်အသုံးပြုနိုင်ပြီး Video ရဲ့ Quality ကျမသွားစေဘဲ အရွယ်အစားကိုလည်း ချုံ့လို့ရပါတယ်။
PlayStore>> https://play.google.com/store/apps/details?id=com.xvideostudio.videoeditor

Apple Store>> https://apps.apple.com/us/app/videoshow-video-editor-maker/id930380089

6️⃣ VN
ဒီAppရဲ့အဓိက အားသာချက်ကတော့ Original Filterတွေ တော်တော်စုံတဲ့အပြင်
ကိုယ်ကြိုက်တဲ့ Filterတွေကိုလည်း
Browserကနေ downloadလုပ်ပြီး သုံးလို့ရတာပါ။ Videoနဲ့Photoတွေအပြင် ဒီappမှာတော့ Animated GIFတွေကိုပါ ထည့်လို့ရပါတယ်။
Functionအကုန်လုံး Freeပါ။
PlayStore>> https://play.google.com/store/apps/details?id=com.frontrow.vlog&hl=en&gl=US

Apple Store>> https://apps.apple.com/us/app/vn-video-editor/id1343581380

7️⃣ VITA
ဒီappလေးလည်း သုံးရတာတော်တော်အဆင်ပြေပါတယ်။ အကုန်Freeရပါတယ်။
Video Editingမလုပ်တတ်သေးတဲ့သူတွေ
အတွက်လည်း Auto Templateတွေ ရာနဲ့ချီပြီးပါလို့ ကိုယ့်ပုံလေးတွေထည့်ပြီး သုံးရုံပါပဲ။
ပြီးရင် ကိုယ်Editနေတဲ့Projectကို Appထဲကနေထွက်တာနဲ့ auto-savedလုပ်ပေးထားတော့
မှားပြီးထွက်မိလည်း projectတွေမပျက်သွားတော့ဘူးပေါ့။
Play Store>> https://play.google.com/store/apps/details?id=com.snowcorp.vita&hl=en&gl=US

Apple Store>> https://apps.apple.com/us/app/vita-video-life/id1488430631

8️⃣ Viva Video
Viva Video ကတော့ထွေထွေထူးထူး မိတ်ဆက်ပေးဖို့မလိုဘူးထင်ပါတယ်နော်.. အလွယ်ကူဆုံးအသုံးပြုလို့ရတဲ့ Video Editing App လေးပါ။ Sound Effect, BGM, Sticker အကုန်ထည့်သုံးလို့ရသလို့ သူတို့လုပ်ပြီးသာ Frame တွေ Theme တွေထဲမှာထည့်ပြီး Ready Made လုပ်လို့ရပါတယ်…
PlayStore>> https://play.google.com/store/apps/details?id=com.quvideo.xiaoying

Apple Store>> https://apps.apple.com/us/app/vivavideo-video-editor-maker/id738897668

9️⃣ PowerDirector - Video Editor, Video Maker
Power Director ကတော့ Function တွေစုံစုံလင်လင်နဲ့ အသုံးပြုရလွယ်ကူရိုးရှင်းတဲ့ Editor Application တစ်ခုပဲ ဖြစ်ပါတယ်။ ကွန်ပြူတာ Software တစ်ခုလို စုံစုံလင်လင်အသုံးပြုနိုင်တာကြောင့် သုံးရတာအသားကျသွားတာနဲ့ Professional တစ်ယောက်လို ဖြစ်လာစေမှာပါ။ Effect တွေ Transition Effect အမျိုးပေါင်း ၃၀ ကျော်ကိုအသုံးပြုနိုင်မယ့်အပြင် အကောင်းဆုံးဖန်တီးမှုတွေလုပ်နိုင်မယ့် Green Screen Effect ကိုပါအသုံးချနိုင်မှာ ဖြစ်ပါတယ်။
PlayStore>> https://play.google.com/store/apps/details?id=com.cyberlink.powerdirector.DRA140225_01

Apple Store>> https://apps.apple.com/us/app/powerdirector-video-editor/id1473574597

အားလုံးအတွက် အသုံးဝင်ပြီး အရမ်းအဆင်ပြေကြမယ်ထင်ပါတယ်.. ဒီပို့စ်လေးကိုလည်း သိမ်းထားလို့ရအောင် Share လေးလုပ်သွားပါဦးနော်…
အားလုံးပဲ Video လှလှလေးတွေ ဖန်တီးပြီးရောင်းကောင်းနိုင်ပါစေ…😊
===================
🔅ကိုယ်ရဲ့ အွန်လိုင်းစီးပွါးရေးလုပ်ငန်းအတွက် အရောင်းလည်းတက်စေပြီး အသုံးလည်းဝင် အချိန်ကုန်သက်သာစေမယ့် Chatbot လေးကို 365Bot Myanmar က ဝန်ဆောင်မှုပေးနေပါတယ်။ အသေးစိတ်ပိုပြီးသိချင်ရင်တော့ အခုပဲ 365bot Myanmar ရဲ့ Messenger http://m.me/365bot.digital မှာ "chatbot" လို့ရိုက်ထည့်ပြီးတော့ လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီ ✨✨

Photos from 365bot Myanmar's post 26/06/2021

ကိုယ်ပိုင်စီးပွါးရေး စလုပ်တော့မယ်ဆိုရင်ဖျောက်သင့်တဲ့ စိတ် (၅) စိတ် 🖐🚫
==================================
ကိုယ်ပိုင်စီးပွါးရေးစလုပ်တယ်ဆိုတာ ကိုယ်သူများအလုပ်လုပ်ခဲ့တုန်းကနဲ့ လုံးဝကိုတူမှာမဟုတ်ပါဘူး။
အလုပ်ချိန်၊ အလုပ်လုပ်ပုံ၊ တွေးခေါ်ပုံ တွေကအစ အစစအရာရာဟာ လုံးဝကွဲပြားသွားပြီး တာဝန်ယူမှုနဲ့ အတူ အောင်မြင်အောင်လုပ်ဖို့ကလည်း ပိုအရေးကြီးလာပါပြီ.. ကြားဖူးတယ်မလား.. ပိုင်ရှင်ဖြစ်မှ ရုံးတက်ရုံးဆင်းချိန်တောင်မရှိဆိုတာလေ.. 👩‍💻🙅
ဒီတော့ ကိုယ်ပိုင်စီးပွါးရေးစလုပ်တော့မယ့်သူတစ်ဦးအနေနဲ့ ဒီစိတ် (၅) စိတ်ကိုလုံးဝဖျောက်ထားဖို့ မှာချင်ပါတယ်..💯❌
(၁) ယုံကြည်မှုမရှိတဲ့စိတ်
ကိုယ်ဘာလုပ်လုပ်မဖြစ်နိုင်ပါဘူးလေ.. ဖြစ်လာမှာ မဟုတ်ပါဘူးလေ ဆိုပြီး စပြီးတွေးနေတယ်ဆိုရင် အဲ့ စိတ်ကိုအရင်ဖျောက်ပါ။ ကိုယ့်ကိုယ်ကိုတောင် ယုံကြည်မှုမရှိပဲ ကိုယ်ပိုင်စီးပွါးရေးစလုပ်လိုက်တာ အောက်ခြေမခိုင်ပဲ ခဏအတွင်း ယိုင်လဲသွားပါလိမ့်မယ်။ အတတ်နိုင်ဆုံး ရအောင်လုပ်မယ်ဆိုတဲ့ ယုံကြည်ချက်ကိုသာထားပြီးလုပ်ပါ။

(၂) တာဝန်မယူတတ်တဲ့စိတ်
စောစောကပြောခဲ့သလို ဝန်ထမ်းတုန်းက ကိုယ်က ဒီအပိုင်းတစ်ခုကိုပဲ တာဝန်ယူလုပ်ခဲ့ရပေမဲ့ လုပ်ငန်းရှင်စဖြစ်လာပြီဆိုရင် ခေါင်းအစ ခြေအဆုံး လုပ်ငန်းရဲ့ လည်ပတ်ပုံတွေကိုသိနေမှရပါမယ်။ ဒါ့အပြင် ကိုယ်က အကြီးဆုံးဖြစ်တဲ့ အတွက် တာဝန်ပိုယူထားရပါမယ်။ ဘာဖြစ်ဖြစ် ဖြေရှင်းပေးနိုင်ရမယ့် အဖြေတစ်ခု ကိုယ့်မှာရှိနေဖို့လိုပါတယ်။ ဝန်ထမ်းတွေကြီးလွတ်ထားလို့မရပါဘူး။ အခုမှ စမယ့် လုပ်ငန်းလေးတွေဆိုပိုဆိုးပါတယ်။ ကိုယ်တိုင် ပါဝင်သင့်ပါဝင်ရပါမယ်။ ငါ့ဟဲ့ သူဌေးဆိုပြီး ခြေချိတ်ထိုင် လက်မှတ်ထိုးနေရုံနဲ့ မရပါဘူး။ ကိုယ်က တာဝန်ယူနိုင်ကြောင်းပြမှသာ အောက်ကကိုယ့်ဝန်ထမ်းတွေလည်း ကိုယ့်လုပ်ငန်းအပေါ် သေချာတာဝန်ယူလုပ်ဆောင်ကြမှာပါ။

(၃) ပြောင်းလဲရမှာကြောက်တဲ့စိတ်
ဘယ်အရာမဆို မပြောင်းလဲပဲ မတိုးတက်ပါဘူး။ ကိုယ့်ကိုယ်ကိုတောင် မပြောင်းလဲပဲ စီးပွါးရေးစလုပ်မယ်ဆို ပိုဆိုးပါပြီ။ တစ်ချို့သော ပေးဆပ်မှုတွေ၊ စျေးကွက်အခြေအနေနဲ့ လိုက်ပြီး ပြောင်းလဲနေတာတွေကို အမှီလိုက်ရတာတွေက ပြောင်းလဲရတာ မကြိုက်တဲ့သူတွေအတွက်လုံးဝ အဆင်မပြေပါဘူး။ စီးပွါးရေးလုပ်တာကလည်း တသတ်မတ်တည်း ပုံစံအတိုင်းသွားနေလို့မရပါဘူး။ ခေတ်အလိုက် စျေးကွက်အလိုက် ကိုယ့် ပစ္စည်း၊ ကိုယ့် Service တွေကို modify လိုက်လုပ်နိုင်ရပါမယ်။

(၄) ကိုယ်သိကိုယ်တတ်စိတ်
ဘယ်အရာမှ ကိုယ်က အလုံးစုံ သိတယ်ဆိုတာမရှိပါဘူး။ ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းပဲ ကိုယ်သိနိုင်မှာပါ။ ဒါကြောင့် များများလေ့လာပါ။ အတုယူပါ။ လိုက်လုပ်ကြည့်ပါ။ ကိုယ်သိကိုယ်တတ်ဖြစ်နေရင်တော့ ဘယ်ဟာကိုမှ ပြီးပြည့်စုံအောင်လုပ်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့လုပ်ငန်းပြီးပြည့်စုံချင်ရင် အမြင်ကျယ်ကျယ်ဖွင့်ထားပေးပါ။

(၅) ရှုံးတဲ့ ဒဏ်ကို ခံနိုင်ရည်မရှိတဲ့စိတ်
ကိုယ်ပိုင်စီးပွါးရေးစလုပ်ပြီဆိုကတည်းက ပြိုင်ဘက်တွေဆိုတာ ပေါ်လာတော့မှာပါ။ ကိုယ်လုပ်ငန်းအမြဲထိပ်ရောက်နေဖို့၊ customer များများရနေဖို့၊ ရောင်းအားတွေတက်နေဖို့လိုပါတယ်။ ကိုယ်က အွန်လိုင်းစီးပွါးရေးလုပ်နေတဲ့သူဆိုပိုပြီး Customer တွေရအောင် အပြိုင်လုပ်ရမှာပါ။ ဒီကြားထဲ ရှုံးတဲ့ အခြေအနေတွေကလည်းဖြစ်ပေါ်တတ်ပါတယ်။ လဲကျရင် ပြန်ထနိုင်ရမယ့် စိတ်ဓာတ်မျိုးရှိနေဖို့လိုပါတယ်။ ကိုယ့်မှာလည်း အဲ့လိုပြန်ထနိုင်ဖို့အတွက် စဉ်းစားထားတဲ့အချက်ရှိနေဖို့လိုပါတယ်..(ဥပမာ - ကိုယ်ဘယ်လောက်ကြော်ငြာကြော်ငြာ အရောင်းမတက်လာတာမျိုး ဖြစ်နေတယ်၊ ဒါဆို ကိုယ့် Sales အပိုင်းမှာ ဖြေနေတာဘာမှားနေတယ်၊ ဘယ်လို reply နေကြတယ်၊ ကိုယ့်ပြိုင်ဘက်ရဲ့ ဖြေပုံဖြေနည်း၊ ကြာချိန်တွေကိုလိုက်လေ့လာပြီး စမ်းစစ်ပါ။ ပြင်သင့်တာပြင်ပါ။ နောက်ထပ်တနည်းကတော့ လွယ်ကူပြီး Customers တွေကိုတယောက်မှ မလွတ်စေပဲ ချက်ချင်း Response လုပ်ပေးနိုင်တဲ့ Chatbot တည်ဆောက်ထားတာမျိုးလုပ်ပါ။)

အခုပြောတဲ့ စိတ်(၅) စိတ်ကိုသာဖျောက်နိုင်ပြီဆိုရင် အောင်မြင်တဲ့ ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်သေချာပေါက်ဖြစ်လာနိုင်မှာပါ။ အားလုံးအတွက်အကျိုးရှိတယ်ဆိုရင် Share လေးလုပ်သွားပေးကြပါဦးနော်..👍👍
===================
🔅ကိုယ်ရဲ့ အွန်လိုင်းစီးပွါးရေးလုပ်ငန်းအတွက် အရောင်းလည်းတက်စေပြီး အသုံးလည်းဝင် အချိန်ကုန်သက်သာစေမယ့် Chatbot လေးကို 365Bot Myanmar က ဝန်ဆောင်မှုပေးနေပါတယ်။ အသေးစိတ်ပိုပြီးသိချင်ရင်တော့ အခုပဲ 365bot Myanmar ရဲ့ Messenger http://m.me/365bot.digital မှာ "chatbot" လို့ရိုက်ထည့်ပြီးတော့ လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီ ✨✨

23/06/2021

စီးပွားရေး မလုပ်တတ်တဲ့ လုပ်ငန်းရှင်တွေမှာ မှားတတ်တဲ့ အချက် (၃) ချက် ❌❌❌
=================================
ကိုယ်ပိုင်စီးပွားရေး စလုပ်ကြတဲ့လူ အများစုမှာ လုပ်ငန်းနဲ့ ပတ်သက်ပြီး မကျွမ်းကျင်မှုတွေ၊ အပင်ပန်းမခံနိုင်မှုတွေ၊ လေ့လာမှုအားနည်းတာတွေ၊ စီမံခန့်ခွဲမှု မကောင်းတာတွေဖြစ်တတ်ပါတယ်။ ဘယ်သူမဆို မွေးကတည်းက တတ်မြောက်လာတာမဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ပဲ သင်ယူရင်း ဆက်လုပ်သွားနိုင်ဖို့ပဲလိုပါတယ်… လုပ်ငန်းကို ရောင်းအားတက်လာစေချင်တယ်... အောင်မြင်စေချင်တယ်ဆိုရင်တော့ ဒီစာကို အဆုံးအထိ ပြီးအောင် အခုတစ်ထိုင်တည်း ဖတ်သွားပါ။ နောက်နေ့မှ ဖတ်မယ်ဆိုရင်တော့ သူများထက် တစ်ရက်နောက်ကျပြီးမှ အောင်မြင်ပါလိမ့်မယ်နော်..❗️

ဒီတစ်ပတ်မှာတော့ စီးပွါးရေးစလုပ်ကြတဲ့ လုပ်ငန်းရှင်တွေမှာ မှားတတ်တဲ့ အမှားလေး (၃) ချက်ကို ပြောပြပေးလိုက်ပါတယ်နော် ..👇👇👇

(၁) လုပ်ငန်းကို အချိန်လုံလုံလောက်လောက် မပေးမိခြင်း⏰

စီးပွားရေးလုပ်ငန်း ဆိုတာ ကလေး တစ်ယောက်လိုပဲ အရိပ်တကြည့်ကြည့်စောင့်ရှောက်ရပါတယ်။ ကိုယ့်ရဲ့ သားလေး/သမီးလေး တစ်ယောက်လို ဂရုစိုက် ပြုစုရပါတယ်။ ကလေးလေး ကြီးထွားလာဖို့အတွက် အချိန်တစ်ခု ပေးရပါတယ်။ အသေးစား လုပ်ငန်းရှင်တစ်ယောက်ဖြစ်တယ်ဆိုရင် ပိုလို့တောင် အချိန်ပေးရပါသေးတယ်။ အခု ရေတွင်းတူး၊ အခုရေကြည်သောက်လို့ရမှာ မဟုတ်တဲ့အတွက် လုပ်ငန်းကြီးထွားလာဖို့အတွက် အချိန်တစ်ခု ပေးစေချင်ပါတယ်။ ကိုယ်ပိုင်စီးပွါးရေး စလုပ်ပြီးဆိုထဲက ဒီအပေါ်မှာပဲ အချိန်များများပေးနိုင်အောင် လုပ်ထားပါ။ ပြီးတော့ Customer တွေဆိုတာ ချက်ချင်းသူတို့ကို တုံ့ပြန်မှကြိုက်ကြတာမလား..

(၂) လုပ်ငန်းနဲ့ ပတ်သက်ပြီး ဆင်ခြေပေးခြင်း🙅‍♀️

Content မရေးတတ်လို့၊ Design လေး မလုပ်တတ်လို့၊ Live လွှင့်ရင် ဘယ်လို စကားပြောရမလဲ မသိလို့၊ ဘာအကြောင်းအရာကို Video ရိုက်ရမလဲ မသိလို့၊ လူမလောက်လို့၊ အချိန်မရှိလို့၊ ပိုက်ဆံမရှိလို့၊ နေရာမရှိလို့.... ဆိုပြီး "လို့" တွေ များနေရင်တော့ အနောက်မှာ ကျန်နေခဲ့မှာပဲ… လူတိုင်း ကြိုးစားလုပ်ကိုင်နေတဲ့ စီးပွားရေးလောကထဲမှာ ဆင်ခြေတွေ များနေရင် ဘယ်လိုမှ ရပ်တည်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အမြင့်ဆုံး လုပ်နိုင်စွမ်းတွေ အကုန်လုံးကို ထုတ်ပြီး လုပ်ရမှာပါပဲ။ ဆင်ခြေတွေ ပေးမနေပါနဲ့.... အခုပဲ နောက်နေ့ တင်ဖို့အတွက် စာတွေ ထရေးလိုက်ပါ... ပုံကိုလည်း လုပ်တတ်သလိုလေး သပ်သပ်ရပ်ရပ်ဖြစ်အောင် ထလုပ်လိုက်ပါ။ ဆင်ခြေမပေးပါနဲ့။
လုပ်နိုင်သလောက်က နေစလုပ်ပါ။

(၃) လုပ်ငန်းကို ကောင်းကောင်း စီမံခန့်ခွဲမှု မလုပ်ခြင်း🔻〽️

ဒီတစ်ချက်ကလည်း အရေးကြီးပါတယ်။ လုပ်ငန်းမှာ ပိုက်ဆံဘယ်လောက်ရှိတယ်၊ ဘယ်လောက်ကို ဘယ်နေရာမှာ သုံးပြီး ဘယ်လောက်ကို ဘယ်နေရာက ပြန်ရှာမယ်.. ဘာသုံးရင် ဘာပြန်ရရမယ် စသည်ဖြင့် စီမံခန့်ခွဲမှု မပြုလုပ်တတ်ကြပါဘူး။ စီးပွါးရေး ဘယ်လောက် သေးနေပါစေ လုပ်ငန်းအတွက် သုံးမယ့်ငွေ၊ ကြော်ငြာစရိတ်၊ လုပ်ငန်းက ပြန်ရနိုင်မယ့်ငွေ၊ နောက် ၃ လနေရင် လုပ်ငန်းကို ဘာဖြစ်အောင်လုပ်မယ်၊ နောက် ၆ လ နေရင် လုပ်ငန်းက ဘယ်နေရာရောက်ရမယ် စသဖြင့် ကြိုတင်စီမံခန့်ခွဲမှု လုပ်ရပါမယ်။ ဥပမာ ကြော်ငြာအတွက် ကိုယ်က Facebook မှာ ၁၀ ကျပ်သုံးမယ်၊ အပြင်အတွက် ကြောငြာတာ ၅ ကျပ်သုံးမယ် ဆိုတာကိုပါ အသေးစိတ် လိုက်မှတ်ထားသင့်ပါတယ်။ ကဒ်ထဲမှာ ဘယ်လောက်ကျန်ပြီး ကိုယ့်ရဲ့ကြော်ငြာကြောင့် လူဘယ်နှယောက် အရောင်းတက်လာတယ်ဆိုတာထိပါ မှတ်နေဖို့လိုပါတယ်။ လုပ်ငန်းကို သေချာလေး စီမံခန့်ခွဲနိုင်ဖို့ ဂရုစိုက်ပေးပါ။ ကိုယ်က အွန်လိုင်းစီးပွါးရေးလုပ်နေတဲ့သူဆိုရင် ကိုယ့်လုပ်ငန်း ရောင်းအားမြှင့်လာဖို့အတွက် လိုအပ်မယ့် အလွယ်ကူဆုံးနဲ့ ဖြေရှင်းနိုင်မယ့် Chatbot တည်ဆောက်တဲ့ နေရာမှာငွေသုံးတာတွေလုပ်ပါ။

စာကို အဆုံးထိဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်နော်... နေ့တိုင်း ဒီ (၃) ချက်ကိုပဲ စိတ်ထဲထည့်ထားပါ။ လုပ်ငန်းဆိုတာ အိမ်ဆောက်သလိုပါပဲ.. အောက်ခြေကောင်းမှ ကိုယ်ထပ်ထပ်ပြီးဖြည့်ရင်း ပြီးပြည့်စုံလာမှာ ဖြစ်ပါတယ်..😊
ဒီစာဖတ်လိုက်လို့ ကိုယ့်ကိုယ်ကို ပြန် သတိပေးဖြစ်သွားတယ်ဆိုရင် တစ်ခြားလူတွေလည်း ဖတ်ရအောင်လို့ ဒီ စာလေးကို share ပေးသွားနော်..🙏👍
===================
🔅ကိုယ်ရဲ့ အွန်လိုင်းစီးပွါးရေးလုပ်ငန်းအတွက် အရောင်းလည်းတက်စေပြီး အသုံးလည်းဝင်အချိန်ကုန်သက်သာစေမယ့် Chatbot လေးကို 365Bot Myanmar က ဝန်ဆောင်မှုပေးနေပါတယ်။ အသေးစိတ်ပိုပြီးသိချင်ရင်တော့ အခုပဲ 365bot Myanmar ရဲ့ Messenger http://m.me/365bot.digital မှာ "chatbot" လို့ရိုက်ထည့်ပြီးတော့ လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီ ✨✨

Photos from 365bot Myanmar's post 19/06/2021

Page Engagement တက်အောင်တင်ကိုတင်ရမယ့် ပို့စ် (၃) မျိုး💯🤟
=============================
အခုပြောပြမယ့် ပို့စ်အမျိုးအစားတွေက Content ရေးရမှာပျင်းလို့ဖြစ်ဖြစ်၊ အရောင်းကို ဦးစားပေးနေလို့ပဲ ဖြစ်ဖြစ် တော်တော်များ page တွေက တင်လေ့မရှိကြပါဘူး…💯

Page ထောင်ပြီး online shop စလုပ်တဲ့ အခါ ကိုယ့် Page ကဘာပစ္စည်းရောင်းမယ်ဆိုတာ ဘယ်လို Service မျိုးတွေရနိုင်လဲဆိုတာကို Customers ကို အရင်သိအောင်ပြဖို့လိုပါတယ်…🤩

အခုမှ စလုပ်တဲ့ Online shop တွေတော်တော် များများက ပုံမုန်ဆို နေ့တိုင်း နီးပါး အရောင်းပိုစ့်တွေကို ဦးစားပေးတန်းတင်တတ်ကြပါတယ်.. 🙅‍♀️

Page မှာ အရောင်း ပို့စ်တွေ ပဲ အရမ်းများနေမယ်ဆိုရင်တော့ Customer တွေက Page ကို ဝင်ကြည့်ဖို့ ပျင်းလာပါလိမ့်မယ်။ 😪

အခုမှ စလုပ်တဲ့ Online Shop တွေအနေနဲ့ ကိုယ့် Page ကို အမြဲ Active ဖြစ်၊ Engagement ကောင်းနေအောင် လုပ်နေဖို့ အရေးကြီးပါတယ်။ Page Engagement ကောင်းနေမှ ဝယ်သူတွေကလည်း ဒီ Page ကို ယုံကြည်စိတ်ချပြီး ဝယ်ချင်လာမှာ မဟုတ်လား… ✅
ပြီးတော့ ပစ္စည်းအသစ်တွေ မိတ်ဆက်တော့မယ်ဆိုရင်လည်း ကိုယ့်မှာ Stock မရှိလို့ ပို့စ်တွေမတင်ပဲ နေမယ့်အစား အရင်ဆုံး Engagement တက်စေမယ့် ပို့စ်မျိုးတွေကို တင်ထားနေပြီ ပစ္စည်း Stock ရတာနဲ့ တန်းရောင်းလို့ရပါတယ်.. 💯

ဒါကြောင့် ဒီအပတ်မှာ Page ကို Engagement တက်စေမယ့် Page တိုင်း တင်သင့်တဲ့ Post ( 3 ) မျိုးကို ပြောပြပေးသွားပါမယ်...👇👇

1️⃣ မိမိရဲ့ ထုတ်ကုန်ပစ္စည်း (သို့) မိမိ Service နဲ့ ပတ်သတ်ပြီး Knowledge Sharing ပို့စ်လေးတွေတင်ပေးပါ။
(ဥပမာ - ကိုယ်က ဖုန်းရောင်းတယ်ဆိုရင် ဖုန်းမဝယ်ခင် ကိုယ်နဲ့ ကိုက်ညီတဲ့ ဖုန်းဝယ်နိုင်ဖို့ စဉ်းစားရမယ့် အချက်တွေ၊ ဖုန်းမှာထည့်လို့ရတဲ့ software အသစ်အကြောင်းတွေ၊ ဖုန်းကို review ပေးသုံးပြတာတွေ စသဖြင့်) ဒီလို Knowledge sharing ပို့စ်တွေတင်ထားပေးပါ။

2️⃣ ဟာသ ပို့စ် (Meme) လေးတွေ တင်ပေးပါ။
ကိုယ့်ဆီမှာ မေးနေကြ customers တွေဆီက အချေခံရပုံတွေ၊ ကိုယ့် Product နဲ့ ပတ်သတ်ပြီး ဟာသလေးတွေ ရောပြီး ပို့စ်တင်ပေးပါ။ ပြီးတော့ trend နဲ့လိုက်တဲ့ဟာသတွေတင်ပေးပါ။

3️⃣ Game (သို့) Quiz ပုံစံလေးတွေ တင်ပါ။
ကိုယ့် ထုတ်ကုန်ပစ္စည်း နဲ့ ပတ်သတ်ပြီး game ပုံစံလေးတင်ပါ....
(ဥပမာ - ကိုယ်က ဂျပန်စာ သင်တန်းကျောင်းဆို စာနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ ပြန်မေးတာ၊ ရွေးခိုင်းတာ၊ အပြန်အလှန် ရင်းနှီးစေမယ့် မေးခွန်းပေါ့ပေါ့ပါးပါးလေးတွေ မေးတာ
ဂျပန်ကို ဘယ်သူနဲ့တူတူသွားချင်လဲ? ချစ်ချစ်၊ သူငယ်ချင်း၊ တစ်ယောက်တည်း စသဖြင့်) ဒီလို ပုံစံလေးတွေတင်တာကလည်း ကိုယ့် page ကို Engagement တက်စေပါတယ်..

အခုလောက်ဆိုရင်တော့ Page မှာ အရောင်းပို့စ်မတင်ဖြစ်ရင်တောင် ဘယ်လို Post လေးတွေ တင်ရမလဲဆိုတာကို သိရှိသွားပြီလို့ ထင်ပါတယ်....😊

ဒီ Post လေး ကြောင့် မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆို ပြန်ပြီး Share ပေးသွားပါဦးနော်👍👍
=========================
လူကြီးမင်းတို့ရဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းကို အဖက်ဖက်က အထောက်အကူပြုပေးမယ့် Chatbot တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင်လည်း 365bot Myanmar က ကူညီဖို့အဆင်သင့်ရှိနေတာမို့ အခုပဲ 365bot Myanmar ရဲ့ Messenger http://m.me/365bot.digital မှာ "chatbot" လို့ရိုက်ထည့်ပြီးတော့ လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီ ✨✨

Photos from 365bot Myanmar's post 16/06/2021

Online Shopping လုပ်ဖို့ Page စထောင်တဲ့သူတွေ ၅ရက်အတွင်း Organic Page Like 1000 ကျော်ရနည်း 👍👍
=====================================
Page Like ရဖို့ ပိုက်ဆံပေးပြီး Boost လိုက်ရုံပဲလို့ တွေးနေကြတယ်မလား??? အရင်ဆုံး ဘာမှ မပေးရပဲ Organic Like ကို ရသလောက်ယူကြည့်ကြမယ်ဆိုရင်ရော…😎
Page တော့ စထောင်ပြီးပြီ Logo တွေ Profile တွေ Cover photo တွေထားပြီးပြီ ဒါပေမဲ့ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေကြသူများအတွက် ကိုယ့် page လေးမှာ တင်တဲ့ ပို့စ်တိုင်း Engagement ကောင်းနေအောင် အရင်ဆုံး Page Like များနေဖို့လိုပါတယ်…🤩
ပြီးတော့ Page Like 1000 ကျော်လောက်ရပြီဆိုမှ page ကို စ boost လုပ်တာကလည်း ပိုကောင်းပါတယ်.. ကိုယ့်ရဲ့ Organic Like က ကိုယ့် page ကို တကယ် စိတ်ဝင်စားလို့ အသုံးဝင်လို့ကို လာ Like လုပ်ကြတာမို့ Audience မှန်မှန်ကန်ကန်လည်းရစေပါတယ်…✅
ဒါကြောင့် ဒီ အပတ်မှာတော့ ၅ရက်အတွင်း Organic Page Like 1000 ကျော်ရမယ့်နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်…💯 လက်တွေ့ အသုံးချလို့ရတဲ့ နည်းလမ်း တွေမို့ လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်..👇👇👇
1️⃣ Friend Invite လုပ်ပါ။
မိမိအကောင့်ထဲမှာရှိတဲ့ Friends တွေကို Invite Friends နှိပ်ပြီး အရင် Invite လိုက်လုပ်ခြင်းက ကိုယ့် friend lists ထဲမှာ ကိုယ့် page ကို စိတ်ဝင်စားမယ့်သူကို တစ်ခါတည်း ရှာဖွေပြီး ရရှိသွားတာပဲ ဖြစ်ပါတယ်.. ဒီနည်းလမ်းက Organic Page like ၂၀၀ ကနေ ၅၀၀ ကြားလောက်ရနိုင်ပါတယ်..

2️⃣ Giveaway များပေးပါ။
Page စစချင်းထောင်ပြီး အရောင်းပို့စ် စတင်ရင်တော့ သင်မှားသွားပါပြီ.. ကိုယ်ဘာရောင်းမှာလည်း ဘာလုပ်ပေးတဲ့ page လည်းဆိုတာ အရင်ဆုံး customers တွေကို ပေးသိဖို့လိုပါတယ်။ ဒီတော့အရင်ဆုံး ကိုယ့်ရဲ့ Product လေးတွေကို အမြည်းကျွေးဖို့လိုပါတယ်.. ဒါကြောင့် ကိုယ့်ရဲ့ product တွေကို လက်ဆောင်ပေးပြီး ကိုယ့် page ကို Organic Like ရအောင် အရင်ယူပြီး မိတ်ဆက်ရင်ပိုကောင်းပါတယ်… ကိုယ့် page ကိုအရင် Like & Follow လုပ်ခိုင်းပြီးမှ မဲဖောက်ပေးတာလုပ်ဖို့မမေ့နဲ့နော်…

3️⃣ ကိုယ့်ရောင်းမယ့် ပစ္စည်းနဲ့ ပတ်သက်တဲ့ ဗဟုသုတပို့စ်တွေတင်ပေးပါ…
ကိုယ့် Page လေး Engagement ကောင်းနေအောင် အရောင်းပို့စ်ကြီးကိုတိုက်ရိုက်တင်နေတာမျိုးလုံးဝမလုပ်သင့်ပါဘူး။ ကိုယ့် product နဲ့သက်ဆိုင်တဲ့ ဗဟုသုတရဖွယ် အကျိုးရှိမယ့် ပို့စ်လေးတွေကို အရင်တင်ထားတာကလည်း Page Like ရစေပါတယ်..
(ဥပမာ - ကိုယ်က မိန်းကလေး အင်္ကျီရောင်းတဲ့ Page ဆိုရင် မိန်းကလေးတွေ နွေရာသီမှာ ဝတ်လို့ရမယ့် Fashion tips, လွဲမှားနေတဲ့ အင်္ကျီအရောင်တွဲစပ်ပုံ အကြောင်း, အင်္ကျီတွေကို စနစ်တကျ ပြန်ရှာရလွယ်အောင် သိမ်းနည်း စသဖြင့် ဒီလိုမျိုး အကျိုးရှိမယ့် ဗဟုသုတ ပို့စ်လေးတွေ တင်ထားရပါမယ်)

4️⃣ သက်ဆိုင်ရာ Group တွေထဲလိုက် Share လုပ်ပေးပါ။
စောစော ကပို့စ်တွေကို သက်ဆိုင်ရာ Group တွေလိုက် Share ပေးတာကလည်း ထိရောက်တဲ့ Organic Like ရနည်းတမျိုးပါ။ အရင်ဆုံး ကိုယ်နဲ့ ဆိုင်တဲ့ Group တွေကို ရှာပြီး Active Group တွေကို Lists လုပ်ပါ။ ပြီးရင်ကြို Join ထားပါ။ နောက်ထပ်တစ်နည်းက ကိုယ့်ဘာသာကိုယ် Discussion (or) Sharing Group လေးတွေထောင်ထားပြီး Members စုထားပါ။ အဲ့ Group မှာလည်း ကိုယ့် page က တင်သမျှကို သွား Share လုပ်ပေးခြင်းဖြစ် ကိုယ့် page ကော ကိုယ့်ပို့စ်ကောက Organic Like & Reach တွေရစေမှာပါ။

5️⃣ သီချင်းတွေ၊ Motivation ပေးတာ (သို့) Trending ပို့စ်တစ်ခုကို ရအောင်တင်ပေးပါ။
သီချင်းတွေတင်ပေးတာ၊ စိတ်ဓာတ်အားတက်စေမယ့် စာလေးတွေတင်ပေးတာကလည်း ကိုယ့် page က customers တွေအပေါ် ဂရုစိုက်ကြောင်း အမြဲ Keep in touch ဖြစ်နေကြောင်း ကိုပြသရာရောက်ပါတယ်။ စျေးကြီးပဲရောင်းနေတဲ့ page လို့မမြင်တော့ပဲ တကယ်စိတ်ဝင်စားပြီး ကိုယ့် page ကို အာရုံအမြဲစိုက်နေကြပါလိမ့်မယ်။
================================
လူကြီးမင်းတို့ အနေနဲ့လည်း ကိုယ့်လုပ်ငန်းအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံး Chatbot တစ်ခုကို တည်ဆောက်ချင်ပါတယ်ဆိုရင်တော့
365bot Myanmar က ကူညီဖို့အဆင်သင့်ရှိနေတာမို့ အခုပဲ 365bot Myanmar ရဲ့ Messenger http://m.me/365bot.digital မှာ "chatbot" လိုရိုက်ထည့်ပြီးတော့ လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီ ✨✨

12/06/2021

ကိုယ့်ပစ္စည်းကို သူများထက် ရောင်းကောင်းနိုင်အောင် Content ရေးနည်း 🛒🛍✨
=============================
Sales Content တိုင်းက သာမန်အားဖြင့် ဘာနဲ့လုပ်ထားတယ်၊ ဘာတွေပါဝင်တယ်၊ ဘယ်လိုကောင်းကြောင်း၊ ဘယ်လို အသုံးပြုလို့ရကြောင်း စသဖြင့် အပေါ်ယံ အားလုံးသိပြီးသား ရေးနေကြပုံစံအတိုင်းသာရေးနေကြပါတယ်..🙅‍♀️ အဲ့ဒါကြောင့် သင့်ပစ္စည်းကလည်း သာမန်လိုပဲ မဆွဲဆောင်နိုင်တာပါ.. 👎ဒါကြောင့် ပိုရောင်းကောင်းစေမယ့် Sales Content တစ်ပုဒ်ရေးနည်းအတွက် လိုအပ်တဲ့ ထည့်ရေးရမယ့် ရေးပုံရေးနည်းလေးတွေကို ဒီတခေါက်မှာ မျှဝေပေးလိုက်ပါတယ်..👇👇
1️⃣ အကျိုးကျေးဇူးတွေအပြင် စိတ်ကျေနပ်မှုနှင့် ရရှိမယ့် စိတ်ခံစားချက်ကို ပေါ်အောင် ရေးပါ
(ဥပမာ - ဒီ ဆပ်ပြာသုံးရင်အသားဖြူမယ်၊ လူကြားထဲသွားရင် အသားဖြူဖြူလေးကြောင့် လူတွေဝိုင်းကြည့်မယ်၊ အတိုတွေ လက်ပြတ်တွေကို ယုံကြည်မှုရှိရှိဝတ်လို့ရမယ်၊ အသားဖြူလာတော့ ဘာဝတ်ဝတ်လိုက်ဖက်မယ် စသဖြင့် ဒီလိုမျိုး တွဲပြီးရေးရင်ပိုထိရောက်ပြီး ဝယ်သူတွေကို heart ထိစေမှာပါ)
2️⃣ Story ပုံစံရေးပါ
(ဥပမာ - ကိုယ့်ပစ္စည်းကဘယ်လိုစဖြစ်လာတာ၊ အဲ့ပစ္စည်းရဲ့ အမှတ်တရအကြောင်းတွေ၊ ပစ္စည်းရဲ့ Background တွေကို စိတ်ဝင်စားဖွယ်ရေးရင် ဝယ်သူကဖတ်ရင်း ဝယ်ချင်လာပါလိမ့်မယ်)
3️⃣ ပစ္စည်းတစ်ခုကိုပုံပေါ်လာအောင်ရေးပါ
(ဥပမာ - ဒီ ဓားက သစ်သားကိုဖြတ်နိုင်လောက်တဲ့ထိကို ဓားသွားထက်တဲ့အတွက် အသားလှီးရင်အလွယ်တကူပါးပါးလေးဖြစ်အောင်လှီးနိုင်ပါတယ် စသဖြင့် အရည်အသွေးကောင်းကြောင်းကို မြင်သာအောင်ရေးဖို့လိုပါတယ်)

ဒီပစ္စည်းကို သုံးလိုက်လို့ Result ရပြီဆို အဲ့ Result ရဲ့နောက်မှာ ဘာဆက်ဖြစ်မယ်ဆိုတာကို ၃ ချက်ကနေ ၅ ချက်လောက်ရေးဖို့လိုပါတယ်.. အဓိက ကတော့ emotional အတွက်ကော ဘာတွေရမှာလည်းဆိုတာကို ပုံပေါ်အောင်ရေးဖို့လိုပါတယ်..✨✨

အသုံးဝင်လို့ကြိုက်တယ်ဆိုရင်လည်း ဒီပို့စ်လေးကို Like & Share လုပ်ပေးသွားကြပါဦးနော်..👍

365Bot Myanmar page မှာလည်း အမြဲတမ်း သင့် အွန်လိုင်း စီးပွါးရေးအတွက် အကျိုးရှိပြီ အသုံးဝင်မယ့် နည်းလမ်းကောင်းတွေ မျှဝေပေးသွားဦးမှာမို့ page လေးကို Like & Follow လုပ်ထားဖို့မမေ့နဲ့နော်..👍
=========================
လူကြီးမင်းတို့ အနေနဲ့လည်း ကိုယ့်လုပ်ငန်းအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံး Chatbot တစ်ခုကို တည်ဆောက်ချင်ပါတယ်ဆိုရင်တော့
365bot Myanmar က ကူညီဖို့အဆင်သင့်ရှိနေတာမို့ အခုပဲ 365bot Myanmar ရဲ့ Messenger http://m.me/365bot.digital မှာ "chatbot" လိုရိုက်ထည့်ပြီးတော့ လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီ ✨✨

Photos from 365bot Myanmar's post 09/06/2021

အွန်လိုင်းမှာရောင်းလို့ရတဲ့ ပစ္စည်းအမျိုးအစား (၅၀) 🧶👗👜👠💰
===========================
အခုအချိန်က တော်တော်များများ အိမ်မှာပဲနေပြီး အလုပ်လက်မဲ့နဲ့ ဘာလုပ်ရမလဲ စဉ်းစားနေကြရတဲ့ အချိန်ပါ..💢 အခုဆိုရင် အွန်လိုင်း မှာစျေးရောင်းတဲ့ အလုပ်ပဲ လုပ်လို့ရတဲ့ အခြေအနေကလည်း ပိုများနေတယ်လေ.. အွန်လိုင်းစီးပွါးရေးက လွယ်ကူတဲ့ အရာတော့မဟုတ်ပေမယ့် စလုပ်ကြည့်ဖို့လည်း မခက်တဲ့ အရာမို့ ကိုယ်တတ်ကျွမ်းတဲ့အရာလုပ်ပြီး စရောင်းတာဖြစ်ဖြစ်၊ အားလုံးအတွက်အသုံးဝင်မယ့် ပစ္စည်းတွေ ရောင်းပေးတာ ပဲဖြစ်ဖြစ် စလုပ်ကြည့်လို့ရပါတယ်…👗🛍
အဲ့ဒါကြောင့် အွန်လိုင်း စီးပွါးရေးစလုပ်မယ့်သူတွေအတွက် ဘာရောင်းရမလဲ အများကြီးစဉ်းစား​နေရမှာ စိုးလို့ ဒီနေ့မှာ 365Bot Myanmar Team က အွန်လိုင်းမှာရောင်းလို့ရတဲ့ ပစ္စည်းအမျိုးအစားတွေကိုတစ်စုတစ်စည်းတည်းဖော်ပြပေးလိုက်ပါတယ်..📲📲📲

ဘာတွေဖြစ်မလဲ အောက်မှာ ကြည့်ကြည့်လိုက်ရအောင်နော် 👇👇

အားလုံးအတွက်အသုံးဝင်မယ်ထင်ရင် ဒီပို့စ်လေးကို Share လုပ်ပေးလို့ရသလို 365Bot Myanmar page မှာလည်း အမြဲတမ်း သင့် အွန်လိုင်း စီးပွါးရေးအတွက် အကျိုးရှိပြီ အသုံးဝင်မယ့် နည်းလမ်းကောင်းတွေ မျှဝေပေးသွားဦးမှာမို့ page လေးကို Like & Follow လုပ်ထားဖို့မမေ့နဲ့နော်..👍
=========================
လူကြီးမင်းတို့ရဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းကို အဖက်ဖက်က အထောက်အကူပြုပေးမယ့် Chatbot တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင်လည်း 365bot Myanmar က ကူညီဖို့အဆင်သင့်ရှိနေတာမို့ အခုပဲ 365bot Myanmar ရဲ့ Messenger http://m.me/365bot.digital မှာ "chatbot" လို့ရိုက်ထည့်ပြီးတော့ လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီ ✨✨

Photos from 365bot Myanmar's post 03/06/2021

ရှောင်ကြဉ်သင့်တဲ့ Facebook Marketing အမှားများ 💢

Facebook ဟာ သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို promote လုပ်ဖို့ အကောင်းဆုံး နေရာတစ်ခုဆိုရင်လည်းမမှားပါဘူး... ဒါပေမဲ့ လုပ်ငန်းရှင်တွေအနေနဲ့ Facebook ကို အသုံးပြုပြီး Marketing လုပ်တော့မယ်ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့ ရှောင်ကြဉ်ရမယ့် အချက်လေးတွေ ရှိပါတယ်...🙅‍♀️🙅‍♀️

ဘာတွေဖြစ်မလဲ ကြည့်ကြည့်လိုက်ရအောင်နော် 👇👇

◾️◾️◾️◾️◾️◾️◾️◾️◾️
လူကြီးမင်းတို့ရဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းကို အဖက်ဖက်က အထောက်အကူပြုပေးမယ့် Chatbot တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင်လည်း 365bot Myanmar က ကူညီဖို့အဆင်သင့်ရှိနေတာမို့ အခုပဲ 365bot Myanmar ရဲ့ Messenger http://m.me/365bot.digital မှာ "chatbot" လို့ရိုက်ထည့်ပြီးတော့ လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီ ✨✨

29/05/2021

Chatbot 🤖 Vs Sales Agent 👩‍💻

ဒီနေ့ခေတ် အွန်လိုင်းစီပွားရေးလုပ်ငန်းတွေမှာ customer တွေ မေးမြန်းလာသမျှကို ဖြေကြားဖို့ sales agent တွေက မရှိမဖြစ်ကိုလိုအပ်ပါတယ်
Facebook Platform ကို အဓိကထားပြီး Marketing လုပ်ကြတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ Page Messenger မှာ မေးမြန်းလာတာတွေကို ဖြေကြားပေးဖို့ Online Slaes ၀န်ထမ်း တစ်နည်းအားဖြင့် Page Admin တွေကို အသုံးပြုကြပါတယ် 👩‍💻👩‍💻

ဒါပေမဲ့ နည်းပညာ‌တွေ တိုးတက်လာတာနဲ့အတူ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေမှာ Chatbot တွေကိုလည်း အသုံးပြုလာကြပါပြီ 🤖🤖

ဒါဆို ရိုးရိုးအရောင်း၀န်ထမ်းကို အသုံးပြုတာနဲ့ Chatbot နဲ့ကြားမှာ ဘယ်လိုကွာခြားမှုတွေ ရှိနိုင်လဲ 🤔🤔

💢မြန်ဆန်တဲ့ ဖြေကြားမှု
Chatbot အနေနဲ့ customer မေးမြန်းလာတာကို ချက်ချင်းဖြေကြားပေးတာဖြစ်ပါတယ်။ တစ်ချိန်ထဲမှာ လူဘယ်နှယောက်ပဲလာမေးမေး မေးလာသမျှကို မဆိုင်းမငံ့ ဖြေကြားပေးနိုင်မှာဖြစ်ပါတယ်။

💢24/7 ၀န်ဆောင်မှု
သင့်ရဲ့ အရောင်း၀န်ထမ်းအနေနဲ့ အလုပ်ချိန်အတွင်းမှာပဲ message တွေကို reply ပြန်ပေးနိုင်မှာဖြစ်ပေမဲ့ Chatbot တွေကတော့ အချိန်မရွေး ၂၄နာရီလုံး ဖြေကြားပေးနေမှာဖြစ်ပါတယ်။

💢ကုန်ကျစရိတ်
Chatbot ၀န်ဆောင်မှုဟာ သာမာန်အရောင်း၀န်ထမ်းတစ်ယောက်ခန့်ထားတဲ့စရိတ်ထက် ပိုသက်သာတဲ့အပြင် ညဖက်တွေပါ ဖြေပေးရလို့ အချိန်ပိုကြေးပေးရတာမျိုးမရှိတဲ့အတွက် သင့်လုပ်ငန်းရဲ့ ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် Chatbot တွေမှာ Machine Learning လုပ်ဆောင်နိုင်စွမ်းရှိတာမို့ customer တွေနဲ့ interaction လုပ်ဆောင်ခဲ့သမျှကနေတဆင့် နေ့စဉ် chatbot training လုပ်ဆောင်ပေးသွားနိုင်ပါတယ်...

ဒါ့ကြောင့် ဒီလို Chatbot မျိုးနဲ့ သင့်ရဲ့ sales team ကိုသာ အချိုးညီညီပေါင်းစပ် အသုံးချနိုင်မယ်ဆိုရင် ရောင်းအားတက်လာဖို့က အသေအချာပါပဲ

လူကြီးမင်းတို့ အနေနဲ့လည်း ကိုယ့်လုပ်ငန်းအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံး Chatbot တစ်ခုကို တည်ဆောက်ချင်ပါတယ်ဆိုရင်တော့

365bot Myanmar က ကူညီဖို့အဆင်သင့်ရှိနေတာမို့ အခုပဲ 365bot Myanmar ရဲ့ Messenger http://m.me/365bot.digital မှာ "chatbot" လိုရိုက်ထည့်ပြီးတော့ လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီ ✨✨

Photos from 365bot Myanmar's post 27/05/2021

သင့်လုပ်ငန်းရဲ့ page ကို Organic Reach များများရောက်အောင် လုပ်နိုင်မယ့်နည်းလမ်းများ💡💡

Facebook ရဲ့ Algorithm အသစ်နဲ့ ပြောင်းလဲသွားတဲ့ Update အသစ်တွေကြောင့် page တွေအနေနဲ့ တင်လိုက်တဲ့ Ads တွေ၊ Post တွေ အရင်ကလောက် လူတွေဆီ Reach မရောက်တော့တာကို အားလုံးလည်း သတိထားမိမှာပါ...🌐🌐

ဒါကြောင့် ဒီနေ့မှာတော့ Page တွေအနေနဲ့ ပိုက်ဆံအကုန်ခံစရာမလိုပဲ Organic Reach များများရောက်အောင် ဘာတွေလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ် 😉😉

Photos from 365bot Myanmar's post 22/05/2021

Video Marketing ဟာ သင့် target audience တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ဖို့၊ သူတို့နဲ့ ဆက်သွယ်နိုင်ဖို့ အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုပါပဲ။ Audience တွေအနေနဲ့ Video Ad နဲ့ဆိုရင် သင်ပြောချင်တဲ့အကြောင်းအရာကို 95% ကို မှတ်မိနေပြီး ရိုးရိုး စာနဲ့ပဲရေးထားတာဆိုရင်တော့ 10% လောက်ကိုသာ မှတ်မိတတ်ကြပါတယ်တဲ့ 📹📹

အထူးသဖြင့် အခု 2021 မှာဆိုရင် Facebook အနေနဲ့ Video Ads တွေက ပိုပြီး ခေတ်စားလာမယ်လို့ သုံးသပ်ထားပါတယ်🎞🎞

ဒါဆို အောင်မြင်တဲ့ Video Ads တစ်ခုကို ဖန်တီးနိုင်ဖို့ ဘာတွေသိထားရမလဲ? အောက်မှာ ဆက်ပြီး ကြည့်ကြည့်လိုက်ကြရအောင် 👇👇

Photos from 365bot Myanmar's post 20/05/2021

Facebook မှာ Post တင်ဖို့ အသင့်တော်ဆုံးအချိန်နဲ့ နေ့ရက်တွေကို ဘယ်လိုရွေးချယ်မလဲ? 🤔🤔

💢 Facebook ဆိုတာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး Social Media တွေထဲက တစ်ခုပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် Social Media လိုဆိုလိုက်တာနဲ့ Facebook ကိုပဲ တန်းမြင်တဲ့အထိ လူတိုင်းနီးပါး အသုံးပြုနေကြပါတယ်။ ဒါ့ကြောင့်ပဲ Facebook ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် Online Marketing ပြုလုပ်ဖို့ အကောင်းဆုံး Digital Platform တစ်ခု ဖြစ်လာနေပါပြီ 🌐🌐

ဒါဆို လုပ်ငန်းတွေအနေနဲ့ ကိုယ်တင်လိုက်တဲ့ post တွေ၊ ကြော်ငြာတွေ Reach များများရောက်ဖို့၊ Engagement များများရဖို့အတွက် post တင်ဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်ဖြစ်မလဲ? 🕗🕗

ဒီနေ့မှာတော့ 365bot ကနေ ဒီအ‌ကြောင်းအရာလေးကို မျှဝေပေးသွားမှာဖြစ်လို့ ပုံလေးတွေကိုထောက်ပြီး ဖတ်ကြည့်ပါဦးနော် 👇👇

◼️◼️◼️◼️◼️◼️◼️

ကိုယ့်လုပ်ငန်းအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံး Chatbot တစ်ခုကို တည်ဆောက်ချင်တဲ့ လုပ်ငန်းရှင်များအတွက် 365bot Myanmar က ကူညီဖို့အဆင်သင့်ရှိနေတာမို့ အခုပဲ 365bot Myanmar ရဲ့ Messenger http://m.me/365bot.digital မှာ "chatbot" လို့ရိုက်ထည့်ပြီးတော့ လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီ ✨✨

Website