Pyay Myoe Taw Food

Pyay Myoe Taw Food

The delicious right taste of Pyay Myoe's trademark food.

Photos from Pyay Myoe Taw Food's post 14/06/2024

Korea ကို ပို့ရတဲ့ ပြည်မြို့တော် စားသောက်ကုန်လေးတွေပါရှင့်

#ပြည်အစားအစာ
#ပြည်ကော်ရည်
#ပြည်ပလာတာ
#ဒေသအစားအစာ

13/06/2024

City Mall မှာ နံနက်ခင်းအတွက် စပယ်ရှယ် Breakfast မှာ အထူးလျော့ဈေး Promotion 20% ပေးနေပီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်

#ပြည်အစားအစာ


#ပြည်မြို့တော်

Photos from Pyay Myoe Taw Food's post 02/06/2024

မနက်စာ Breakfast အတွက် ပလာတာအရည်လေးနဲ့ကြက်သားလေးချက်ထားပီး၊ မနက်မှ ပလာတာဝယ်စားမယ်ဆိုပီး ချက်လိုက်တာ အနံ့အရသာကောင်းလွန်းလို့ မနက်ထိ မစောင့်ဘဲ ညတွင်း ရှိတဲ့ထမင်းနဲ့ စားတာဆိုပီး ပုံပို့လာပေးတဲ့ ချစ်မ ကျေးဇူးပါရှင့်။
ကိုယ်ပါ ပုံကြည့်ရင်း အရမ်းစားချင်သွား 🤤

ပုံပို့ပေးတဲ့ချစ်မလို ညလယ်စာအနေနဲ့ရော နံနက်စာ အနေနဲ့ရော စားချင်ပါက cb မှတဆငါ့သော်လည်းကောင်း၊ City mall online နှင့် Shop com online ကနေပါ အမှာပါးလို့ရပါတယ်ရှင့်။


#ပြည်မြို့တော်


#ပြည်ပလာတာ
#ပြည်ဒေသအစားအစာ
#ဒေသစာ
#ဒေသစာအလွမ်းပြေ

Photos from Pyay Myoe Taw Food's post 10/05/2024

ပြည်မြို့တော်ချစ်သူတွေအတွက် ပြည်မြို့တော်မှ ထုတ်လုပ်လျက်ရှိသော

ပြည်ကော်ရည်ခေါက်ဆွဲ
ပြည်ပလာတာ
မြေပဲကြော် (အစပ် ၊ အဆိမ့်)

တွေကို

City Mall Online နဲ့ Shop.com တွေ မှာ ဝယ်ယူလို့ရပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်

#ပြည်မြို့တော်
#ပြည်ဒေသအစားအစာ
#ဒေသစာအလွမ်းပြေ

.com.mm

02/05/2024

ပြည်မြို့တော် မှ ထုတ်လုပ်ထားသော အသင့်ချက် ပြည်ကော်ရည်ခေါက်ဆွဲ အထုပ်လေးကို ပုံစံသစ်၊ ဒီဇိုင်းသစ်နဲ့ ပြောင်းလဲထုတ်လုပ်လိုက်ပီဖြစ်ကြောင်း ချစ်ကာကာတို့ကို သတင်းကောင်းပါးအပ်ပါတယ်ရှင့်

#အလွမ်းပြေဒေသစာလေး

#ပြည်မြို့တော်
#ပြည်ဒေသအစားအစာ

Photos from Pyay Myoe Taw Food's post 03/12/2020

ပြည်မြို့တော် စားသုံးထားတဲ့ ပုံနဲ့ reviewလေးတွေပါရှင့်၊ အားလုံးက စားကောင်းတယ်ဆိုလို့ ၀မ်းသာရပါတယ်။

#အားလုံး ကျန်းမာချမ်းသာ လာဘ်ရွှင်ကာ ကိုဗစ်ရန်မှ ကင်းဝေးကြပါစေ


ပြည်မြို့တော် ပြည်အရသာစစ်စစ် ပြည်ကော်ရည် တန်ဆောင်တိုင် ဂါရ၀ပြု လက်ဆောင်ခြင်းလေးပါရှင့်။
မိမိ ချစ်သူ ခင်သူ များ အတွက် ဂါရ၀ပန်းခြင်း လက်ဆောင်ပေးလိုသူများစိတ်တိုင်းကျ ဆောင်ရွက်ပေးနေပီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

#အားလုံးကျန်းမာ ချမ်းသာလာဘ်ရွှင်ကာ ကိုဗစ်ရန်မှ ကင်းဝေးကြပါစေ 😊

31/10/2020

🎉🎉🎉Product Launching Promotion🎈🎈🎈
👌Buy 3 Get 1.🎁

ပြည်မြို့တော် မှ ပြည်ကော်ရည် စတင်မိတ်ဆက်ခြင်းအနေဖြင့် ပြည်မြို့တော် ၀ယ်ယူသူတိုင်းကို ၃ထုပ် ၀ယ် ၁ထုပ် လက်ဆောင် ကို ယနေ့ စတင် ရောင်းချသော 31.10.2020 မှ9.11.2020 နေ့ရက်အတွင်း ၀ယ်ယူသူတိုင်းကို ပေးသွားမှာဖြစ်ပါတယ်ရှင့်။

ပြည်မြို့တော် ၀ယ်ယူအားပေးသူများအနေဖြင့် Pyay Myoe Taw Foodကို like လုပ်ပီး မိမိမိတ်ဆွေ သူငယ်ချင်း ၃ ဦးကို tag ပြီး publicဖြင့် share ကာ ယခုpostအောက်မှာ screenshot လာရောက် ပြပေးပါက Pyay Myoe Taw Food Like အရေအတွက် 1000 ပြည့်လျှင် ကံစမ်းမဲ့Lucky Drawမှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်ရှင့်။
📌Lucky Draw မှာ
-Kyats 15,000 Pyay Myoe Taw Gift Voucher (1) pcs
- Kyats 10,000 Pyay Myoe Taw Gift Voucher (1) pcs
- Kyats 5,000 Pyay Myoe Taw Gift Voucher (1)pcs

🏮🏮🏮သီတင်းကျွတ်လပြည့်ညမှာ ပြည်သူပြည်သားအပေါင်း ပြည့်စုံချမ်းသာ ကျန်းမာကြပါစေ🕯🕯🕯

29/10/2020

ပြည်ကော်ရည် ချက်ရန် ပြင်ဆင်ထားရန် နှင့် ချက်ပြုတ်ပုံကို ပုံအဆင့်ဆင့်နှင့်အတူ မြန်မာ၊ အင်္ဂလိပ် ၂ဘာသာဖြင့် သေချာ ရှင်းလင်းဖော်ပြထားပါတယ်ရှင့်။

29/10/2020

ပြည်မြို့ တော် ပြည်အရသာစစ်စစ် ကော်ရည်ခေါက်ဆွဲထုပ် လေးတွေကို သင့်တင့်တဲ့ဈေးနှုန်းလေးနဲ့ ရောင်းချ ပေးသွားမှာဖြစ်ပါတယ်ရှင့်။
၂ပွဲစာ ၁ထုပ်ကို ၁၂၀၀ ကျပ် ၊ ၄ပွဲစာ ၁ ထုပ်ကို ၂၄၀၀ ကျပ် ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်ရှင့်။

Photos from Pyay Myoe Taw Food's post 22/10/2020

ပြည်မြို့တော် စားသောက်ကုန်မှ ပွဲဦးထွက်အနေဖြင့် ပြည် သူ ပြည် သား တိုင်း ကြိုက်နှစ်သက်တဲ့ ပြည်ကော်ရည်ခေါက်ဆွဲ ကို ပြည်အရသာစစ်စစ်ဖြင့် စတင်ဖြန့်ချီရောင်းချတော့မှာ ဖြစ်ပါတယ်ရှင့်။
ပြည်ကော်ရည်ခေါက်ဆွဲ ၂ပွဲစာ နှင့် ၄ပွဲစာ ဆိုပီး ၂မျိုး ထုတ်လုပ်ထားပါတယ်ရှင့်။

ပြည်မြို့တော် ကော်ရည်ခေါက်ဆွဲ မှာ ကြာရှည်ခံ ဓါထုပစ္စည်းများ မပါဝင်ခြင်း၊ နေကြာဆီစစ်စစ်ဖြင့် ထုတ်လုပ်ထားသောကြောင့် စားသုံးသူ မိဘပြည်သူများအတွက် ဘေးဥပဒ်မရှိ ယုံကြည်စိတ်ချစွာ သုံးဆောင်နိုင်ပါတယ်ရှင့်။

Photos from Traveller Chan's post 03/10/2020

Credit to Chan Traveller

Photos from Pyay Myoe Taw Food's post 16/09/2020

( သရေခေတ္တရာ ပြည်မြို့မှ မမေ့ရက်စရာ အလှတရားများ )

******************************
ကြေးစည်သံနဲ့အိပ့် ကြေးစည်သံနဲ့နိုးတတ်တဲ့
ကျွန်တော်တို့မြို့ကလေးဟာ
အာရုံဦးအလှတရားတွေအတွက် ဓမ္မတေးသံတွေနဲ့
နံနက်ခင်းတိုင်းကို နိုးထစေခဲ့တယ်...........
( ဒါဟာ မြို့ကလေးရဲ့အလှတရားတစ်ခု )

သမိုင်းစာမျက်နှာအထက်က မြန်မာ့လွတ်လပ်ရေးရဲ့ဗိသုကာ လူထုရဲ့ခေါင်းဆောင် နိုင်ငံရဲ့ ဖခင်အဖြစ် အထင်အရှား ရှင်သန် ထမြောက်နေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ကြီးတစ်ခု လှပခန့်ငြားစွာ မြို့လယ်မှာ တည်ရှိနေခဲ့တယ်............
( ဒါဟာ မြို့ကလေးရဲ့အလှတရားတစ်ခု )

သမိုင်းအဆက်ဆက် အက္ခရာ ထက်မှာ ထင်ရှားခဲ့တဲ့ သုဒဿန တောင်တော်ထက်က တန်ခိုးကြီး လှတဲ့ ရွှေဆံတော်ဘုရားကြီးဟာလဲ မြို့ကလေးရဲ့တန်ဖိုးတွေကို ထွန်းလင်းစေခဲ့တယ်............
( ဒါဟာ မြို့ကလေးရဲ့အလှတရားတစ်ခု )

ခန်းနားထည်ဝါမှု့တွေနဲ့ တည်ဖွဲ့ ထားခဲ့တဲ့ ခေတ္တရာမြေရဲ့ သမိုင်း စာမျက်နှာထဲက အရှေ့နန်းမြို့ရိုး မှာ မြူခိုးတွေဝေနေသလို ပျူ လူမျိုးတို့ရဲ့ နှလုံးသွေးဝိညဉ်တွေနဲ့ ဆင်ယဉ်ထုံးဖွဲ့ထားခဲ့တဲ့ ပျူခေတ်ရဲ့နှလုံးသား အနုသုခုမ လက်ရာတွေပေါ်ထွန်းရာ ပျူမြိ့ဟောင်းကြီးဟာလဲ မြို့ကလေးရဲ့သက္ကရာဇ်တွေကို တည်ကြည်ခန့်ငြားစေခဲ့တယ်.............
( ဒါဟာ မြို့ကလေးရဲ့အလှတရားတစ်ခု )

ခေတ္တရာမြေရဲ့ရာဇဝင်ထဲမှာ မပါ ရင်မပြီးတဲ့ ဗေဒါရီဆိုတဲ့သူမ ရေခပ်ရာ ပြည်မြို့ပြရဲ့နဘေးက တည်ငြိမ် ရင့်ကျတ်စွာ ရစ်ခွေစီးဆင်း နေတဲ့ မြစ်မင်း ဧရာဝတီဟာလဲ မြို့ကလေးရဲ့အလှတရားတွေကို ဖော်ဆောင်ရာ နှလုံးသားတစ်ခုလဲဖြစ်တယ်.............
( ဒါဟာ မြို့ကလေးရဲ့အလှတရားတစ်ခု )

သရေခေတ္တရာသူ ခေတ္တရာသားတွေရဲ့ ဘဝသမိုင်း စာမျက်နှာ ထက်မှာ အမှတ်တရတွေကို အမြဲပေးစွမ်း နိုင်တဲ့ စတုတ္ထမြစ်ကျင်းရဲ့ နဘေးက အနောက်ရိုးမကို သွယ်တန်းထိစပ်နေခဲ့တဲ့ တံ့ကြည် တောင်တန်းကြီးကလဲ မြို့ကလေးကို တည်ကြည်ခန့်ငြားအောင် ဆင်ယဉ်ထုံးဖွဲ့ထားတဲ့ အလှတရားတစ်ခုလဲဖြစ်တယ်............
( ဒါဟာ မြို့ကလေးရဲ့အလှတရားတစ်ခု )

တည်ငြိမ်ရင့်ကျတ်စွာနဲ့ ရစ်ခွေ စီးဆင်းနေတဲ့ ဧရာဝတီကမ်း နဘေးက နေဝင်ချိန်ဆည်းဆာ ရဲ့အလှတရားကို ကြည့်ရှု့ခံစားမိ တဲ့အခါ ပွေးဖိုနဲ့ပွေးမက အစပြုခဲ့ တဲ့ ကြည်ညိုစရာ ဖိုးဦးတောင် စေတီတော်ကိုလဲ ဖူးမျှော်ပူဇော်နိုင်တဲ့ အခွင့်အရေးဟာ မြို့ကလေးကို ဖန်ဆင်းပေးထားတဲ့ ကြည်နူးစရာ သဘာဝ ပန်းချီကားတစ်ချပ်လဲဖြစ်တယ်...........
( ဒါဟာ မြို့ကလေးရဲ့အလှတရားတစ်ခု )

သိရိခေတ္တရာ ပြည်မြို့သူ မြို့သား တွေရဲ့ ရင်ထဲကမျှော်လင့်ချက် ဓမ္မတရားတွေကိုဖြည့်စွက်ဖို့ သုံးနှစ်မှတစ်ခါ ဖူးမျှော်ပူဇော်ခွင့် ရတဲ့ ဗုဒ္ဓမြတ်စွယ်တော်နဲ့အတူ ယိမ်းအက ယိမ်းအလှတွေနဲ့ ခြိမ့်ခြိမ့်သဲကျင်းပခဲ့တဲ့ ပြည်တန်ဆောင်တိုင် ပွဲတော်ဟာလဲ ရပ်နီးရပ်ဝေး မိတ်ဆွေများအားလုံးရဲ့နှလုံးသားကို ညို့ငင်ဖမ်းစားနိုင်တဲ့ ဘုရားပွဲတော်တစ်ခုလဲ ဖြစ်တယ်............
( ဒါဟာ မြို့ကလေးရဲ့အလှတရားတစ်ခု )

အရောင်အသွေးစုံလင်စွာ ဥဒဟို သွားလာနေတဲ့ ကိုယ်စီပန်းအလှ တရားတွေနဲ့အတူ အနာဂတ် အတွက် အသိ အတတ် ပညာရှင် များစွာကို မွေးထုတ်ပေးနေခဲ့တဲ့ ပြည်မြို့ကလေးရဲ့ဂုဏ်အင်္ဂါရပ် များစွာထဲက မပါ မဖြစ်တဲ့အရာ ပြည်တက္ကသိုလ်ဆိုတဲ့ ကျောင်း တော်ကြီးတည်ရှိနေတာဟာလဲ မြို့ကလေးရဲ့ဂုဏ်သတင်းကို ကျော်ဇောထင်ရှားစေတဲ့ ကိစ္စရပ်များစွာထဲက တစ်ခုလဲဖြစ်တယ်..........
( ဒါဟာ မြို့ကလေးရဲ့အလှတရားတစ်ခု )

မြို့ကလေးရဲ့အလှတရား များစွာထဲကမှ
ပြည်မှဆောင်းကို နှင်းဝတ်မှုံ့တွေနဲ့ ထုဆစ်ပြခဲ့ဘူး တဲ့ ကိုခင်ဝမ်းကြီးနဲ့အတူ တောက် ပလင်းလတ်တဲ့ အနုပညာ ကြယ်ပွင့် များစွာ မွေးဖွားရှင်သန်ရာ ဒီမြေ ဟာ သီရိခေတ္တရာဆိုတဲ့ အကြောင်းလေး


( Pyay Baho Soomthinn နှင့်အတူ မူရင်း ( Photo ) ပုံ ပိုင်ရှင်များ အားလုံးအား လေးစားစွာဖြင့် Credit ပေးပါသည် )

( သမိုင်းဆရာလဲမဟုတ် စာရေး ဆရာလဲမဟုတ်တဲ့အတွက် စာရှု့သူများ အမှား ပါရင် ခွင့်လွတ်နိုင်ကြစေချင်ပါကြောင်း )
သရေခေတ္တရာ ပြည့်မြို့အလှ ပေ့စ်

16/09/2020

ပြည်မြို့

ပြည်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး၏ အနောက်မြောက်ဘက် အစွန်ဆုံးမြို့လည်း ဖြစ်သည်။ ရန်ကုန်မြို့နှင့် ကားလမ်း (၁၇၉) မိုင်၊ မီးရထားလမ်း(၁၆၁) မိုင်ရှည်လျားပြီး ရန်ကုန်-ပြည် ကားလမ်းဆုံးမြို့လမ်းဖြစ်သည်။ ပြည်မြို့မှ တဆင့် မကွေးတိုင်းကိုဖြတ်၍ ကျောက်ပန်းတောင်း၊ ပုဂံစသောဒေသ များသို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဧရာဝတီမြစ်ကို ဖြတ်၍ ပန်းတောင်းမြို့များမှ တဆင့် ရခိုင်ပြည်နယ်သို့ လည်းကောင်း သွားရောက် နိုင်သဖြင့် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်သော မြို့လည်းဖြစ်သည်။ ရေလမ်းအားဖြင့် ရန်ကုန်မှ ၂၆၃ မိုင်ကွာဝေးသည်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်နှင့်အမျှစီးပွားရေး အချက်အချာ ကျရာဒေသလည်းဖြစ်သည်။ မြန်မာပြည်၏ ပထမဆုံးသော မီးရထားလမ်းအဖြစ် ရန်ကုန်-ပြည်မီးရထားလမ်းအား ၁၈၇၇၊မေလ ၁ ရက်နေ့တွင် အင်္ဂလိပ်တို့က ဖေါက်လုပ်ပြီးစီးခဲ့သည်။ မိုင်ပေါင်း ၁၆၁ မိုင်ရှည်လျားပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ ၁, ၁၇၅, ၃၀ဝ၀ ကုန်ကျသည်ဟု မှတ်တမ်းများတွင်ဖေါ်ပြထားသည်။ (ရန်ကုန်၊ ပြည်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ပုသိမ်၊ မုတ္တမ၊ မော်လမြိုင် တို့သို့ အစဉ်အတိုင်း ဆက်လက်ဖေါက်လုပ်ခဲ့သည်။) ပြည်မြို့ မြူနီစပါယ်အဖွဲ့အား ၁၈၇၄ ခုနှစ်တွင်အင်္ဂလိပ်တို့က စတင်ဖွဲ့စည်းပေးခဲ့သည်။ ပြည်မြို့တွင် ဗိုလ်ချုပ်အထိမ်းအမှတ်မြင်းစီးကျောက်ရုပ် တည်ရှိပြီး ကြေးရုပ်အဖြစ် အမှတ်မှားတတ်ကြသည်။ ပညာရေးအခြေအနေအားဖြင့် အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်းဖွင့်လှစ်ထားပြီး ဆရာအတတ်သင်ကျောင်းနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းများ ရှေးမဆွကပင်တည်ရှိခဲ့၍ မြန်မာနိုင်ငံ၏ တတိယမြောက် စက်မှုတက္ကသိုလ်ဖြစ်သော ပြည်နည်းပညာတက္ကသိုလ်အပါအဝင် ပြည်တက္ကသိုလ်(ယခင်ပြည်ကောလိပ်)၊ ကွန်ပျူတာတက္ကသိုလ်(ပြည်)(ယခင်အစိုးရကွန်ပျူတာကောလိပ်)တို့ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

မြန်မာ့သမိုင်းတွင် ထင်ရှားသောရှေးဟောင်း ပျူ မြို့တော်သရေခေတ္တရာမြို့ဟောင်းမှာ ပြည်မြို့ရှိမှော်ဇာအရပ်တွင်တည်ရှိသည်။ ရှေးလက်ရာ ပျူယဉ်ကျေးမှုများအား ယခုထက်တိုင်ပင်တွေ့ရှိနိုင်သေးသည်။

သမိုင်းကြောင်း

ပြည်မြို့ရှိသော နေရာတွင် မည်သည့်ခုနှစ်မှစ၍ မည်သူက မြို့တည်ထောင်ခဲ့ကြောင်း တိကျခိုင်မာသော မှတ်တမ်းမရှိပေ။ ဘုရားသမိုင်းများတွင်မူ ဂေါတမဘုရားရှိစဉ်အခါကပင် သီရိခေတ္တဆိုသော မင်းသားဦးဆောင်၍ တည်ထောင်ခဲ့ကြောင်းဖေါ် ပြပါရှိလေသည်။

စကားလုံးဆင်းသက်ပုံ သမိုင်း

သီရိခေတ္တမင်းနှင့် နောက်လိုက်နောက်ပါတို့သည် မြို့သစ်အမည်ကို နဝါဝါသီ ဟုပေးခဲ့ကြောင်း ပြည်မြို့အနောက်ဘက်ကမ်း ရှိ ဖိုးဦးတောင် ဘုရားသမိုင်းတွင် ဖေါ်ပြထားသည်။ နောင်သောအခါ သီရိခေတ္တမင်းသား နှင့် အပေါင်းအပါတို့သည် ရသေ့၊ရဟန်း ပြုကြပြီး ထို နဝါဝါသီအရပ်သည် စစ်မက်အပေါင်းမှ ပြီးပြေငြိမ်းအေးရာ အရပ်ဖြစ်သောကြောင့် ပြေမြို့ ဟုသမုတ်ခဲ့ကြောင်း ထိုဘုရားသမိုင်းတွင် ပါရှိသည်။

ပွင့်လှသိမ်ကုန်း ဆရာတော်၏ မိန့်ကြားချက်အရလည်း ပြည်မြို့သည် ဒွတ္တပေါင်မင်းကြီး တည်ထောင်ခဲ့သော သရေခေတ္တရာ မြို့မတိုင်မှီကပင် တည်ရှိခဲ့ကြောင်း၊ ပြည်မြို့အရပ်တွင် နေထိုင်ကြသူတို့သည် အသက် ၄၀ ကျော်လျင် ရသေ့ရဟန်း ပြုကြလေ့ ရှိကြောင်း၊ ပြည်မြို့တွင် ရသေ့ပေါင်း ၂၀ဝ၀ဝ ကျော်ရှိသောကြောင့် ရသေ့မြို့ဟု ခေါ်တွင်ခဲ့ကြောင်း မိန့်ကြားဖူးပါသည်။

ပျူတို့နေထိုင်ခဲ့သော မြို့တော်ဟောင်း သရေခေတ္တရာမြို့ သည်ပြည်မြို့အတွင်း ရှိမှော်ဇာအရပ်တွင်တည်ရှိလေသည်။ သရေခေတ္တရာမြို့ကြီး ပျက်စီးပြီးနောက် ကျွင်းကျန်ရစ်သော ပျူလူမျိုးအုပ်စုငယ်များသည် သရေခေတ္တရာမြို့ဟောင်းနေရာမှ တစတစနှင့် ယခု ဧရာဝတီမြစ်အနီး ပြည်မြို့တည်ရှိရာ ရွှေဆံတော်ဘုရားတဝှိုက်သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပြန်သည်။ နေရာသစ် တွင်လူနေထူထပ်ခဲ့ရာမှ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးများဖြစ်ထွန်းလာခဲ့သည်။ ထိုကဲ့သို့ ပျူလူမျိုးများနေထိုင်ခဲ့သော ကြောင့် ပျူမြို့ဟု ခေါ်တွင်ရာမှ ပြည်မြို့ဟုပြောင်းလဲခေါ်ဆိုလာခြင်း ဖြစ်ကြောင်း အချို့မှတ်တမ်းများတွင်ပါရှိလေသည်။ မည်သို့ပင်ဆင်းသက်လာသည် ဖြစ်စေ ဘုရားသမိုင်းများနှင့် ရာဇဝင်များအရ ပြည်မြို့သည် သမိုင်းမှတ်တမ်းများ တိတိကျကျ မရှိမှီကာလကပင် တည်ရှိနေခဲ့သောမြို့ဖြစ်ကြောင်း ခန့်မှန်းမှတ်ယူနိုင်ပေသည်။

ပြည်မြို့ကို စတင်တည်ထောင်ခြင်း

ပြည်မြို့ကိုစတင်တည်ထောင်သူမှာ ပုဂံခေတ်နှောင်းပိုင်းတွင် နန်းတက်သော နရသီဟပတေ့ ဘုရင်၏ သားဖြစ်သူ သီဟသူ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၉၀၄ ခုနှစ်တွင် ပြည်မြို့ကိုစနစ်တကျ စတင်၍တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး သစ်တပ်၊မြေမြို့၊အုတ်မြို့ ဟူ၍ ၃ ထပ်ဖြင့် မြို့တော်ကိုတည်ဆောက်ခဲ့သည်။ ပြည်မြို့သည် ပုဂံခေတ်နှောင်းပိုင်းမှ စတင်ကာ ဘုရင်ငယ်များ၊ မြို့စားများ အုပ်ချုပ်သော မြို့အဖြစ်တည်ရှိခဲ့သည်။

သမိုင်းခေတ်အဆက်ဆက်

အင်းဝခေတ်တွင် ပြည်မြို့သည် ထင်ရှားသော မြို့တစ်မြို့အဖြစ်တည်ရှိခဲ့သည်။ အင်းဝဘုရင်မင်းခေါင် နှင့် ဟံသာဝတီရာဇာဓိရာဇ် တို့သည် ပြည်မြို့ဝန်းကျင်အား စစ်မြေပြင်အရပ်အဖြစ် အသုံးပြုခဲ့ကြသည်။ စစ်ပြေငြိမ်းရာဒေသ အဖြစ်လည်း သတ်မှတ်ခဲ့ဖူးပေသည်။စစ်ပွဲကာလအတွင်းတွင် ပြည်မြို့ကိုစားပြီး လကျာ်ပျံချီဘွဲ့ဖြင့်အင်းဝဖက်မှနေကာ ရာဇာဓိရာဇ်၏ ဟံသာဝတီမွန်တပ်များ ကို ကြံကြံခံခဲ့သူမှာ မွန်တစ်ဦးဖြစ်သည့် တရဖျားဖြစ်သည်။၎င်းမှာ ရာဇာဓိရာဇ်အား စီးချင်းထိုးကာ ရှုံးနှိမ့်ခဲ့သည့် ဗျဉ်းနွဲ့ (မပစ်နွဲ့)နှင့် ညီအစ်ကိုတော်သူလည်းဖြစ်သည်။ အင်းဝခေတ်၊ တောင်ငူခေတ် နှင့် ကုန်းဘောင်ခေတ်ဦးပိုင်းအထိ ပြည်မြို့တွင် သီဟသူမှ အစပြုကာ မြို့စား သို့မဟုတ် ဘုရင်ငယ် အုပ်စိုးသူများ မင်းဆက်ပေါင်း(၂၇) ဆက်ရှိခဲ့သည်။ ထိုကာလတစ်လျှောက်လုံးတွင် အုပ်စိုးသူ ပဒေသရာဇ်တို့၏ အာဏာစွမ်း ပြနိုင်ကြရန်၊ စစ်မက်များဖြစ်ပွားနေခြင်းဖြင့်သာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့သည်။ ပြည်ဘုရင်ငယ်များနှင့် အင်းဝ ဖြစ်ပွား သောတိုက်ပွဲများ၊ ရှမ်းတို့နှင့် ဖြစ်ပွားသောတိုက်ပွဲများ၊ တောင်ငူဘုရင် တပင်ရွှေထီး နှင့်ဖြစ်ပွားသောတိုက်ပွဲများ၊ တောင်ငူနှင့် ရခိုင်တို့ဖြစ်ပွားသော တိုက်ပွဲများသည် ပြည်မြို့နှင့်ပတ်ဝန်းကျင် အရပ်ဒေသတို့တွင် အဆက်မပြတ်ဖြစ်ပွားလာခဲ့သည်။

ကုန်းဘောင်ခေတ်ဦးတွင် မွန်တို့သိမ်းပိုက်ထားသော ပြည်မြို့ကို အလောင်းဘုရား ဦးအောင်ဇေယျမှ မြန်မာသက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ပြည်မြို့သည် မြို့စား သို့မဟုတ် မြို့ဝန်တို့အုပ်ချုပ်ရာ ဒေသအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ဧရာဝတီမြစ် နံဘေးတွင်တည်ရှိသောကြောင့် ကူသန်းရောင်းဝယ်ရေး အချက်အချာဒေသ အဖြစ် တဖြည်းဖြည်း စည်ကားလာပြန်သည်။

ပြည်မြို့ဝန်အဆက်ဆက်

1. နန္ဒရာဇသင်္ကြန်
2. မင်းရဲ မင်းလှကျော်စွာ (ဦးပသီ)
3. မင်းလှရာဇာ (ဦးကျော်လှ)
4. သတိုးရာဇာ (ဦးကောင်းပုံ)
5. မင်းကြီးမဟာမင်းခေါင်
6. သတိုးရာဇာ
7. နေမျိုးဇေယသင်္ခယာ
8. မင်း‌ကြီး ဇေယသူ (ဦးသာဝ)
9. မဟာမင်းလှရာဇာ
10. သီရိမဟာဓမ္မရာဇာ (ဦးရွှေမှုံ)
11. မင်းလှစည်သူ
12. သီဟပတေ့
13. မဟာမင်းလှစည်သူ (ဦးကွန်းသောင်)
14. မင်းလှရာဇာ
15. မင်းကြီးမဟာမင်းလှမင်းခေါင်ကျော် (ဦးမှုံ)[၁]

ကုန်းဘောင်ခေတ် အင်္ဂလိပ်တို့၏ ကျူးကျော်စစ်ပွဲများ

ဘကြီးတော် ဘုရား လက်ထက်တွင် ဖြစ်ပွားခဲ့သော အင်္ဂလိပ်တို့၏ ပထမအကြိမ်ကျူးကျော်စစ်တွင် ပြည်မြို့သည် စစ်တလင်း အဖြစ်ပြန်လည် ရောက်ရှိခဲ့ပြန်သည်။ ယခင်ကဲ့သို့ တိုင်းရင်းသား ပဒေသရာဇ်များ၏ အာဏာလုတိုက်ပွဲများ မဟုတ်တော့ပဲ တိုင်းတပါး သားတို့၏ နယ်ချဲ့စစ်ပွဲများကို ခုခံရသော စစ်မြေပြင်ဖြစ်လာသည်။မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ် ကဆုန်လဆန်း(၉) ရက်နေ့တွင် ပြည်မြို့အား အင်္ဂလိပ်တို့က လာရောက်တိုက်ခိုက်သောကြောင့် အတွင်းဝန်မင်းကြီး မဟာနန္ဒသင်္ကြန်နှင့် မင်းကြီး မဟာဥဇနာ တို့သည် ပြည်မြို့မှ ဆုတ်ခွာခဲ့ရသည်။ အင်္ဂလိပ်ဗိုလ်ချုပ် ဂျင်နရယ် ကင်းဘဲလ် ကပြည်မြို့ကိုသိမ်းပိုက်လိုက်သည်။ ပြည်မြို့ရှိ အင်္ဂလိပ်တို့အား နတ်တော်လတွင် မြန်မာတပ်များက စစ်ကြောင်း ၃ ကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ သမိုင်းဝင် ဝက်ထီးကန် တိုက်ပွဲတွင် အနိုင်ရရှိနေရာမှ အင်္ဂလိပ်တပ်များက မဟာနေမျိုး၏တပ်များ နဝင်းချောင်း သင်ပန်းအရပ် တွင် တပ်ချနားနေစဉ် ဝင်တိုက်ခိုက်ခဲ့သောကြောင့် အရေးနိမ့်ခဲ့ရသည်။ တိုက်ပွဲတွင် မဟာနေမျိုး နှင့် မောက်မယ်စော်ဘွား တို့ကျဆုံးခဲ့သည် ။ ကုန်းတလင်း၊ နတ်ပုတီးမှော်၊ ဖိုးဦးတောင် နှင့် စင်္ကြံကျွန်းအရပ်တို့တွင် တပ်စွဲထားသော မြန်မာတပ်များ ကိုရေကြောင်းမှ နေ၍ တိုက်ခိုက်ခဲ့သည်။ မြန်မာတပ်များ မြေထဲမြို့အထိ ဆုတ်ခွာခဲ့ရသည်။

အင်္ဂလိပ်တို့၏ ဒုတိယအကြိမ်ကျူးကျော်စစ်တွင်လည်း မြန်မာတပ်များသည် ရွပ်ရွပ်ချွံချွံပြန်လည် ခုခံတိုက်ခိုက်ခဲ့ပြန်သည်။ ပြည်မြို့သည်လည်း စစ်တလင်းနယ်မြေ ပြန်လည်ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မင်းနေပြည်တော်၌ ပုဂံမင်း အား မင်းတုန်းမင်း သား နှင့် ကနောင်မင်းသားတို့က ပုန်ကန်ခြားနားနေချိန် ဖြစ်သောကြောင့် မြန်မာတပ်များအား မင်းနေပြည်တော်ကို ကာကွယ်ရန် ပြန်လည်ခေါ်ယူလိုက်သည်။ အခုအခံ နည်းပါးသွားသောကြောင့် အင်္ဂလိပ်တပ်များက မြေထဲမြို့(အောင်လံမြို့) အထိ တက်ရောက် သိမ်းပိုက် တပ်စွဲလိုက်ကြသည်။

အင်္ဂလိပ်ခေတ်

ပြည်မြို့အား ၁၈၅၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အင်္ဂလိပ်တို့က လုံးဝသိမ်းပိုက်နိုင်ခဲ့သည်။ ၁၈၅၈ ခုနှစ်တွင် ပြည်မြို့တွင် အကြီးအကျယ် မြေငလျင်လှုပ်ခတ်ခဲ့သည်။ ၁၈၆၂ ခုနှစ်တွင်လည်း မြို့သည်မီးအကြီးအကျယ်လောင်ပြီးနောက် အင်္ဂလိပ်တို့သည် မီးလောင်ပြင်ပေါ်တွင် စနစ်တကျ မြို့ကွက်ချကာ ပြည်မြို့အားပြန်လည်တည်ဆောက်ခဲ့သည်။ အရပ်လေးမျက်နှာ တွင် ရပ်ကွက်ကြီးများသတ်မှတ်၍ မြို့ကွက်ရိုက်ခဲ့ခြင်းဖြစ်သည်။ မြောက်ဘက်တွင် နဝင်းရပ်ကွက်၊ အေ့ရှဘက်တွင် ရဘဲရပ်ကွက် တောင်ဘက်တွင် ဆင်စုရပ်ကွက်နှင့် မြို့လယ်တွင် ရွှေကူရပ်ကွက်နှင့် ဆံတော်ရပ်ကွက်များကို ပိုင်းခြားသတ်မှတ်ပေးခဲ့သည်။ ရှည်လျားသော ကမ်းနားလမ်းမကြီးကိုလည်း မြို့တောင်ဘက်မှ မြောက်ဘက်တိုင်အောင် ဧရာဝတီမြစ်နှင့် အပြိုင်ဖေါက်လုပ် ပေးခဲ့သည်။[၂]

အင်္ဂလိပ်ခေတ်မှ မှတ်တမ်းများအရ ပြည်မြို့၏လူဦးရေမှာ

၁၈၇၂ ခုနှစ်တွင် ၃၁၁၅၇
၁၈၈၁ ခုနှစ်တွင် ၂၈၈၁၃
၁၈၉၁ ခုနှစ်တွင် ၃၀ဝ၂၂
၁၉၀၁ ခုနှစ်တွင် ၂၇၃၇၅
ဟူ၍ အသီးသီးရှိခဲ့သည်။

ရည်ညွှန်းကိုးကား

တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၉၁။

↑ မှတ်တမ်းသမိုင်း ပဲခူး-မကွေး၊ရေးသားသူ လွင်မောင်၊ ထုတ်ဝေသည့်နှစ် ၁၉၇၅

Crd - https://my.m.wikipedia.org/wiki/ပြည်မြို့

Website