Mon Myat Thaw Zin

Mon Myat Thaw Zin

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mon Myat Thaw Zin, Beauty, cosmetic & personal care, .

29/11/2021

. တိတ်တိတ်လေး နေ

သူတပါး မကောင်းတာကို တွေးနေရင် ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့ အချိန်တွေ ဆုံးရှုံးတယ်။

သူတပါး မကောင်းကြောင်းတွေ ပြောနေရင် ကိုယ့်အတွက် ကောင်းတာတွေ ပြောဖို့ အချိန်တွေ ဆုံးရှုံးတယ်။

သူတပါး မကောင်းမှု လုပ်တာကို ထိုင်ကြည့်နေရင် ကိုယ်ကောင်းတာလုပ်ဖို့ အချိန်တွေ ဆုံးရှုံးတယ။်

ကမ္ဘာကြီးက တဖြည်းဖြည်းပူလာတယ်
ကိုယ့်စိတ်တွေ အေးအောင်ကြိုးစားထားမှ ဘဝအချိန်ခဏလေး နေရတာ တန်ဘိုးရှိမယ်။

နေရာတိုင်းက ဆူနေတယ်
ကိုယ့်စိတ်ကိုယ် တိတ်အောင် ငြိမ်အောင် ကြိုးစားထားမှ ဘယ်နေ့ ဘယ်အချိန် ဘယ်ဘေးနဲ့ သေရမယ်မှန်း မသိနိုင်တဲ့ ဘဝအတွက် ပြင်ဆင်ပြီးသားဖြစ်မယ။်

ကုသိုလ်လည်းမရ ပညာလည်းမရ ဥစ္စာလည်းမရ အကုသိုလ်တွေပဲ အဖတ်တင်တဲ့ အလုပ်တွေအတွက် အချိန်မဖြုန်းပါနဲ့ ။

ကုသိုလ်ကောင်းမှုက တိတ်ဆိတ်တဲ့ သဘောရှိတယ် အေးချမ်းတယ် ။

အကုသိုလ်က ဆူတယ် ပူတယ်
ဒါကြောင့် တိတ်တိတ်လေးသာနေ
ဘဝက သိပ်မြန်လွန်းလို့ပါ။

Credit >>>>>>> ✍ 😷 🙏

25/08/2021

ချစ်စရာ့အချိန် 💖

လင်မယားစုံတွဲ တစ်တွဲဟာ ..
အဖိုးအိုတစ်ယောက်ဆီမှာ အလုပ်လုပ်ကြပါတယ်

အဖိုးအိုက အဲ့လင်မယားကို
တစ်ယောက် ၁ သိန်းခွဲ ဆီလစာပေးထားပြီး
၂ယောက်ပေါင်း ၃ သိန်း မှန်မှန်ပေးပါတယ် ..

နေစရာလည်းပေးတယ်
ဆန် တစ်အိတ် ဆီ၁ပုံးနဲ့ ငါးခြောက်တွေ ဘာတွေ ပါထောက်ပံ့ ပေးပြီးစရိတ်ငြိမ်း ထားပေးတာပါ ......
သူတို့လင်မယားနှစ်ယောက်ရဲ့ တာဝန်က
တစ်ရက်ကို ၂ ခါ မနက်တစ်ခေါက် ညနေ တစ်ခေါက် အဘိုးကြီးရဲ့ငါးကန် ထဲက ငါးတွေကို
ငါးစာကျွေးပေးယုံပါပဲ ........
အဲ့အလုပ်ပြီးတာနဲ့
သူတို့လင်မယား စုံတွဲလုပ်ချင်ရာလုပ် လို့ရပါတယ် သူတို့အနေနဲ့ဘာမှ လုပ်စရာမလိုပါဘူး
သူတို့နေတဲ့ခြံပေါင်းတွေမြက်တွေထူလာရင်
နဲနဲပါးပါးရှင်းယုံကလွဲလို့ပေါ့ .........
အဖိုးကြီးက သူ့အလုပ်သမားတွေကို
ဘာလုပ်ရမယ် ဘယ်လိုနေရမယ်လို့
မသတ်မှတ်ထားပါဘူး
သူကိုယ်တိုင်လည်း တစ်လ နေမှ
၂ခေါက် ၃ ခေါက်လောက်ပဲခြံထဲကို လာတတ်တာပါ
အဲ့တာကလည်းငါးစာလာပို့ တဲ့အခါ
ရိက္ခာနဲ့လစာ လာထုတ်ပေးတဲ့ အခါ တွေမှသာ
ရောက်လာတတ်တာပါ ........
ဒီလိုနဲ့ ၂ နှစ် ကျော်ကြာလာတော့
အဖိုးကြီး ဟာ ငါးကန်ထဲကငါးတွေထုတ်ရောင်းပါတယ် အဖိုးအိုဟာ ငါးတွေ ရောင်းလို့ရတာ
အမြတ် သိန်း ၃၀၀ လောက်ရလိုက်ပါတယ် ........
သူဟာ သူ့အလုပ်သမား လင်မယား၂ ယောက်ကို
ဘောက်ဆူး အဖြစ် ပိုက်ဆံ ၁၀ သိန်း ပေးပါတယ်
ပြီးတော့ သူတို့လင်မယားကို မွေးရပ်မြေ နဲ့ ဆွေမျိုးတွေဆီ အလည်သွားလို့ရအောင် နားရက် ခွင့်ရက်ရှည် ၁လ လောက်ပေးလိုက်ပါတယ်

ဒီအပြင်လမ်းစရိတ်လည်း
ထပ်ထုတ်ပေးလိုက်ပါသေးတယ်............
ဒီအကြောင်းတွေကို
အဖိုးကြီးရဲ့ ဇနီးအဖွားကြီးကသိသွားတော့
အဖိုးကြီးကို ဆူပါရော ......
ဘာလို့ သူ့ကိုမတိုင်ပင်ရတာလည်း
ဘာကြောင့်အလုပ်သမားတွေကို
အဲ့လောက်အခွင့်အရေးတွေပေးရက်ရောရတာလည်း

စရိတ်ငြိမ်းလည်း နေစရာပေးထား တင်ကျွေးထားတယ် လစာလည်းလောက်ငှအောင်ပေးထားတယ်
ဒီဲကြားထဲ ဘောက်ဆူး က ၁၀ သိန်း တောင်ပေးစရာလား

လမ်းစရိတ်ကပါ ထပ်ထုတ်ပေးလိုက်သေးတယ် ဆိုတော့ ရှင် ဦးနှောက်တွေချောင်ကုန်တာလား
ဘာလို့ကျွန်မကိုမတိုင်ပင်ရတာလည်း လို့
ပွမ်ပါလေရော........
အဖိုးကြီးက
အဖွားကြီးဆူနေတာကို ကြည့်ပြီး
ရီနေတယ် ...

ပြီးတော့ သူ့ရဲ့ ဇနီးကိုပြောတာ
နင်ပွမ်လို့ပြီးရင်ငါပြောပြမယ် ........
ငါငယ်ငယ်တုန်းက ငါနေတဲ့ရွာက
ရွာသားတွေ ဟာ တယ်သီး တွေ စိုက်ပျိုးရောင်းချ ကြတဲ့ အလုပ်လုပ် ကြတယ်
တစ်ရွာလုံး တယ်ပင်ပဲစိုက်စားကြတယ် .......
ဆောင်းတွင်း တစ်တွင်းမှာ
တယ်သီးတွေ တစ်အားဈေးကောင်းတာနဲ့
ရွာသားတွေ သူ့ထက်ငါအပြိုင်
တယ်သီးတွေခူးရောင်းကြတာ
အပင်ပေါ်မှာ တယ်သီးတစ်လုံးတစ်လေတောင်မကျန်ဘူး ........
ဖြစ်ချင်တော့အဲ့ဒီနှစ်ဆောင်းတွင်းက
ခါတိုင်းနှစ်တွေထက်ပိုကြာတယ်
ပြီးတော့ အချမ်းပို တာတအားပဲ
နှင်းတွေဆိုဖွေးနေအောင်ကျတာ........
တယ်ပင်ကိုမှီခိုပြီးရှင်သန်နေကြတာက
ရွာသားတွေချည်းပဲ မဟုတ်ဘူး

သာလိကာ တစ်အုပ်ကြီးလည်းရှိတယ်
သူတို့တွေ က အကောင် ရာနဲချီပြီးရှိတာ

တစ်ပင်ကို မိသားစု တစ်စု ၂ စု ..စသဖြင့်စုပြီးနေကြတာ အဲ့ဒီနှစ် တယ်သီးတွေကလည်းမကျန်
ရာသီဥတုကလည်းတစ်အားအေးတော့
သာလိကာတွေအစာငတ်ပြီ အကုန်သေကုန်ကျရော ........
ရွာသားတစ်ချို့ကတော့ပြောတာ
အေးတာပဲတဲ့ နားညဉ်း သက်တာတာပေါ့တဲ့ ......
မိုးဦးက္လို့
တယ်ပင်တွေ အညွန့်ထွက်တဲ့အချိန်လည်းရောက်ရော

ဘယ်ကရောက်လာမှန်းမသိတဲ့ ပိုးကောင်တွေ
ဘောက်ဖတ်တွေ အများကြီးပဲ တယ်ပင်ရဲ့
အရွက်တွေအညွန့်တွေအကုန်စားပစ်တာ ...

တယ်သီး အကင်းတောင် မသီးလိုက်ရဘူး
အဖူးအငုံ အကုန် စား တာ
ရွာသားတွေ ဘာမှမတတ်နိုင်ကြဘူး ........
အဲ့လိုနဲ့ အဲ့ဒီနှစ် ရွာသားတွေ
တယ်သီးတစ်လုံးတောင် မရလိုက်ဘူး တဲ့ ...

အကြောင်းရင်းစစ်လိုက်တော့
ခါတိုင်းဆိုသာလိကာတွေက
ဆောင်းတွင်းမှာတယ်သီးစားပြီးမိုးတွင်းကျ တယ်ပင်က ပိုးကောင်မွားကောင်တွေရှာစားကြတော့ တယ်သီးတွေ အန္တရာယ်ကင်းကင်းနဲ့ သီးနိုင်ခဲ့တယ်

ခုတော့ သာလိကာတွေမရှိကြတော့
ပိုးကောင်တွေကိုနှိမ်နင်းပေးမဲ့သူမရှိတော့တဲ့အခါမှ
ရွာသားတွေဟာသာလိကာတွေရဲ့
ကျေးဇူးကိုသိကြရတော့တယ် ....
ဒီလိုနဲ့ နောက်နှစ်တွေမှာ
ရွာသားတွေဟာသာလိကာပေါက်လေးတွေသွားရှာလာပြီးတယ်ပင်တွေမှာကျွေးမွေးထား ပြီးတယ်သီးတွေ ချန်ထားပေးကြတော့တယ်

သာလိကာတွေကလည်းကျေးဇူးသိတတ်စွာနဲ့
တစ်နှစ်ပတ်လုံးဘယ်ကိုမှမသွားတော့ပဲတယ်ပင်တွေကိုစောင်လျောက်ပေးရင်းအပြန်အလှန်အကျိုးပြုလာခဲ့ကြတော့တယ် .........
ငါသာလိကာတွေစားဖို့
တယ်သီးလေးတွေချန်ထားတာ
ငါအတယ်လို့နင်ကပြောချင်သေးသလားလို့
အဖိုးကြီးကပြောပြတဲ့အခါ
အဖွားကြီးလည်းသဘောပေါက်သွားတော့တယ် .....
လက်အောက်ငယ်သားတွေရဲ့ဘဝကောင်းကျိုးအတွက် ကြည့်ရှူ့စောင့်မ ပေးခြင်းဟာ
လက်အောက်ငယ်သားတွေကလည်း
အဖိုးအိုအပေါ် ကျေးဇူးပြန်လည်သိတတ်စေခဲ့ပါတော့တယ် ...

တကယ်တော့ အဖိုးအိုဟာ အမြတ်များများရတဲ့အတွက် ဘောက်ဆူးများများပေးလိုက်တာဆိုပေမဲ့ တကယ်တမ်းတော့သူ့အတွက်သူပြန်ပေးလိုက် တာနဲ့အတူတူပါပဲ ........
+++++++
လွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာ
ဘာကို ရွေးချယ်မလားဆိုတာ မူတည်သွားတာပါ....

14/08/2021

ကျွန်တော်အလုပ်ကပြန်လာတဲ့တစ်နေ့
လမ်းက ဓာတ်တိုင်မှာစာရွက်အဟောင်းလေးတစ်ရွက် ကပ်ထားတာကိုတွေ့လို့
ဖတ်မိလိုက်တယ်။ မသေမသပ်
လက်ရေးလေးနဲ့ ခုလိုရေးထားတယ်။

"ကျွန်မလမ်းသွားရင်း ဒေါ်လာ ၅၀
ကျပျောက်သွားလို့ပါ။
တစ်ယောက်ယောက်များတွေ့ခဲ့ရင်
ဒီလိပ်စာအတိုင်း ကျေးဇူးပြု၍
လာပေးစေလိုပါတယ်။

ကျွန်မက မျက်စိလည်းကောင်းကောင်း
မမြင်တဲ့အတွက် ပိုက်ဆံကိုပြန်ရှာဖို့လည်း အဆင်မပြေလို့ပါ။

ကျွန်မကို ကူညီပြီးပြန်ရှာပေးပါနော်"
ဆိုပြီးအောက်နားမှာတော့ လိပ်စာတစ်ခု
ရေးထားတယ်။

ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့
စာထဲကလိပ်စာအတိုင်း သွားကြည့်မိတယ်။

အဲဒီလိပ်စာမှာ အဖွားအိုတစ်ယောက်
နေပါတယ်။အဖွားက မျက်စိမမြင်ရပါဘူး။

အနားကိုကျွန်တော်ရောက်သွားမှ
အဖွားက "ဘယ်သူလဲ"လို့မေးတယ်။

"ကျွန်တော် အဖွားကျပျောက်သွားတဲ့
ဒေါ်လာ ၅၀ကို ကောက်ရထားလို့
လာပြန်ပေးတာပါ"လို့ပြောလိုက်တယ်။

ကျွန်တော့်စကားကိုကြားတာနဲ့
အဖွားကမျက်ရည်ကျပါတယ်။

"မင်းနဲ့ဆိုရင် အဖွားကို ဒေါ်လာ ၅၀
လာပေးတာ အယောက် ၄၀ကျော်သွားပြီ။
ဓာတ်တိုင်မှာစာကပ်ထားတာတွေ့လို့တဲ့။
အဖွားဘာစာမှ ရေးပြီးမကပ်ခဲ့ပါဘူး။
စာလည်းမရေးတတ်ပါဘူး။
အဲ့လိုရေးပေးမယ့် သားသမီးတွေလည်း
အနားမှာ မရှိပါဘူးကွယ်"တဲ့။

အဖွားကို သနားမိတာနဲ့ အဖွားလက်ထဲကို ဒေါ်လာ ၅၀ ထည့်ပေးလိုက်ပါတယ်။

အဖွားက ပါးစပ်က တတွတ်တွတ်နဲ့
ဆုတွေအများကြီးပေးတယ်။

ပြီးတော့
အဖွားက ကျွန်တော်မပြန်ခင်
ခုလိုမှာလိုက်ပါသေးတယ်။

"သားပြန်သွားရင် အဲဒီဓာတ်တိုင်ပေါ်က
စာရွက်ကို စုတ်ဖြဲလိုက်ပါသားရယ်။
အဖွားမရေးတဲ့စာကြောင့် လူတွေကို
ဒုက္ခမရောက်စေချင်ဘူး"

ကျွန်တော် အဖွားဆီက ပြန်လာတော့
တစ်လမ်းလုံး စဉ်းစားလာမိတယ်။
ဒီစာကို ဘယ်သူကရေးပြီး ကပ်ခဲ့တာလဲ။
အရင်လူတွေကိုလည်း အဖွား
ဒီလိုပဲပြောခဲ့မှာသေချာတယ်။
ဒါပေမယ့် ဘာလို့စာရွက်ကို မဖြဲခဲ့ကြတာလဲ။
အဖွားကိုဒါနပြုဖို့စဉ်းစားပြီး လုပ်သွားတဲ့သူရဲ့လုပ်ရပ်ကိုလည်း ကျေးဇူးတင်နေမိတယ်။

တဆက်တည်းမှာပဲ တခြားသူတွေကို
ကူညီဖို့ဆိုတာ နည်းလမ်းတွေအများကြီးရှိပါလားဆိုတာကိုလည်း အသိတစ်ခု ရလိုက်တယ်။ စဉ်းစားတတ်ဖို့ပဲလိုတာပါ။

ဒီလိုနဲ့ကိုယ်အတွေးနဲ့ကိုယ်
လမ်းလျှောက်နေလိုက်တာ လူတစ်ယောက်ရဲ့ခေါ်သံကြားမှ အတွေးစပြတ်သွားတယ်။
သူက ကျွန်တော့်ကို အခုလိုမေးတယ်။

"နောင်ကြီး ဒီလိပ်စာကိုသိလားဗျ။
ဒီလိပ်စာရှင်ရဲ့ဒေါ်လာ ၅၀ ကိုကျွန်တော်
ကောက်ရထားလို့ သွားပြန်ပေးချင်လို့ပါ"

(ဆရာဗန်းမော်သိန်းရဲ့စာအုပ်ထဲက
ကျွန်တော့်ရင်ထဲရောက်လာတဲ့
ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ဗျာ...)

# Crd: ဇင်ယော်
With Ko Phoe Zaw ( ပခုက္ကူ )
Photo: Credit

မှတ်ချက်- သင့်မှာ စိတ်ကူးတစ်ခုခုများရှိခဲ့မယ်ဆို ဒီစာလေးမျှဝေပေးစေချင်ပါတယ်❤️❤️

Website