Interim Health Committee, HLEGU

Interim Health Committee, HLEGU

ကြားကာလ ကျန်းမာရေးကော်မတီ
လှည်းကူး?

16/01/2022

#အိုမီခရွန်ကူးစက်ခံရပါကထူးဆန်းတဲ့ရောဂါလက္ခဏာသစ် ၂ မျိုး ခံစားရနိုင်လို့ ပညာရှင်များအသိပေး
__________________________________

ဗြိတိန်က ဖော်ပြခဲ့တဲ့ သတင်းတွေအရ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ထူးဆန်းတဲ့ ရောဂါလက္ခဏာတွေ ထပ်မံဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။ ရောဂါလက္ခဏာ ၂ ခုအထိ ဖြစ်ပွားလာတာဖြစ်ပြီးတော့ ဆံပင်ကျွတ်ခြင်းနဲ့ မျက်မှေးရောင်တာ ဒါမှမဟုတ် မျက်ကွင်းညိုတာတွေဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

မျက်မှေးရောင်ရမ်းတာမှာဆိုရင် မျက်လုံးပိတ်တဲ့အထိ ဖြစ်ပွားတာဖြစ်ပြီး ဒါဟာ သတိထားရမယ့် လက္ခဏာတရပ်ပဲဖြစ်ပါတယ်။ မျက်စိပြသနာဖြစ်ပေါ်ပြီး ပျောက်ဆုံးခါနီးအချိန်မှာပဲ ဆံပင်ကျွတ်ခြင်း ဖြစ်ပေါ်လာနိုင်တယ်လို့ ပညာရှင်တွေက ပြောဆိုခဲ့ပြီး ဗိုင်းရပ်စ်ဟာ angiotensin-converting enzyme 2 (ACE2) လို့ခေါ်တဲ့ အင်ဇိုင်းအတွက် ခန္ဓာကိုယ်အတွင်းထဲက ဆဲလ်တွေအတွင်းကို လှည့်ဖြားဝင်ရောက်တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ပွားတဲ့သူဟာ မျက်လုံးအမြင်လွှာနဲ့ epithelial ဆဲလ်တွေတို့လို အစိတ်အပိုင်းတွေမှာ ခံစားရတယ်လို့လည်း သိရပါတယ်။ ဆံပင်ကျွတ်တာကတော့ ကိုဗစ်ရဲ့ ပုံမှန်လက္ခဏာမဟုတ်ပေမယ့်လည်း American Academy of Dermatology Association ကတော့ အဖျားအရမ်းတက်ပြီးနောက် ဆံပင်ကျွတ်တာက အဖြစ်များတယ်လို့ သတိပေးခဲ့ပါတယ်။ ပုံမှန်ထက်ပိုမိုကျွတ်ပြီး ကျဲပါးတဲ့အဆင့်ထိကို ရောက်ရှိသွားနိုင်တယ်လို့လည်း ဆိုပါတယ်။

ဗြိတိန်က အသက် ၉ နှစ်အရွယ် Zac Morey ဆိုတဲ့ ကလေးငယ်ဟာ ကိုဗစ်ကူးစက်ခံရပြီးနောက် မျက်လုံးရောင်ရမ်းကာ ယားယံခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ဘယ်ဘက်မျက်လုံးတခုလုံးဟာ ပိတ်သွားခဲ့ပြီး ရောင်ရမ်းနေတာကို မြင်တွေ့ခဲ့ရပြီး မိခင်ဆီက ကူးစက်ပြီးနောက်မှာမှ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ကိုဗစ် နဂ္ဂတစ်ဖြစ်သွားတဲ့အချိန်ထိ သူ့ရဲ့ မျက်လုံးက နာကျင်မှုဝေဒနာကို ခံစားနေရတယ်လို့လည်း သိရပါတယ်။

အစောပိုင်းမှာတော့ ကိုဗစ်ကူးစက်ချိန် နေအိမ်အတွင်းမှာပဲ ကွန်ပျူတာဂိမ်းဆော့နေခဲ့လို့ အခုလိုဖြစ်ပွားတာလို့ ယူဆခဲ့ပေမယ့်လည်း ရက်အနည်းငယ်အကြာမှာတော့ ဘယ်ဘက်မျက်လုံးမှာ ဘောလုံးလိုဖောင်းကားလာပြီးနောက် စိုးရိမ်ခဲ့ရပါတယ်။ ဒီအတွက် ဆေးရုံကို သွားရောက်ပြသခဲ့ပြီးနောက်မှာ ကိုဗစ်ကြောင့်ဖြစ်ပွားခဲ့တာကို သိရှိခဲ့ရကာ အိုမီခရွန်ကြောင့် ဖြစ်ပေါ်တတ်တဲ့ လက္ခဏာအဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

အိုမီခရွန်ကူးစက်ခံရသူတွေမှာဖြစ်ပွားတတ်တဲ့ လက္ခဏာတွေကတော့ -

- လည်ချောင်းယားယံခြင်း
- နောက်ကျောအောက်ပိုင်းနာကျင်ခြင်း
- နှာရည်ယို၊နှာပိတ်ခြင်း
- ခေါင်းကိုက်ခြင်း
- နှာချေခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ညဘက်ချွေးထွက်ခြင်း
- ခန္ဓာကိုယ်အနှံ့ ကိုက်ခဲခြင်း တွေဖြစ်ပါတယ်။

The River News

ဒေါက်တာ သိန်းစိုးထွန်း
ဆီးချိုနှင့်ဟော်မုန်းပါရဂူ
10/1/2022 #

04/12/2021

ဆောင်းရာသီမှာ အဖြစ်များတဲ့ မီးပိုးကောင်အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ❓

လတ်တလော ကာလအတွင်းမှာ မီးပိုးကောင် အကိုက်ခံရပြီး ဝေဒနာခံစားရသူများ ရှိလာခဲ့ပါတယ်။

ဒါကြောင့် မီးပိုးကောင် ကိုက်ခံရရင် ဘာတွေပြုလုပ်သင့်သလဲ ဘယ်လိုကာကွယ်ရမလည်း တင်ပြပေးလိုက်ပါတယ်ရှင်။

စကိုက်ခံရတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ?

စကိုက်ခံရပြီး ၁၂နာရီကနေ ၃၆ နာရီအတွင်းမှာ-

၁။ နီလာမယ်

၂။ မီးလောင်ထားသလို ရေကြည်ဖု ထလာမယ်

၃။ အမာရွတ်လို အဖတ်ဖတ်တွေ တက်လာနိုင်ပါတယ်

၄။ အနာကကိုက်လာမယ်

၅။ပြည်တည်မယ် စတဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

သက်သာဖို့ အတွက်ရော ဘာတွေလုပ်ရမလဲ?

၁။ အကောင်နဲ့ ထိတွေ့တဲ့နေရာကို ချက်ချင်းရေကို အသုံးပြုပြီး စင်ကြယ်အောင်ဆေးပါ

၂။ ကိုက်ခံရတဲ့ နေရာကို ရေခဲရေဝတ်နဲ့ အရောင်ကျစေဖို့ ကပ်ပါ

၃။မပွတ်မိအောင်သတိထားပါ။ အနာပြဲပြီး အမာရွတ်ကျန်တတ်ပါတယ်။

၄။ဆရာဝန်ညွှန်ကြားချက်အတိုင်း ကိုက်ခံရတဲ့ အရေပြား ပတ်ချာလည်ကို Steroid ပါတဲ့ လိမ်းဆေး လိမ်းပါ။ သောက်ဆေး အနေနဲ့ Antihistamine တွေ သောက်သုံးနိုင်ပါတယ်။

ပျောက်ဖို့ကြာမြင့်ချိန်ကတော့ ၁ပတ်ကနေ ၃ပတ် ကြာနိုင်ပြီး အမာရွတ်လို အဖတ်ဖတ်တွေ တက်လာပြီးမှ ပျောက်သွားပါတယ်။

ဆောင်းရာသီမှာ မီးပိုးကောင်အန္တရာယ်ကို အားလုံး ဂရုစိုက်နိုင်ကြပါစေ။ ပြန်လည်မျှဝေသွားဖို့လည်း တောင်းဆိုပါရစေ ရှင်♥️











(ZawGyi)

ဆောင်းရာသီမှာ အဖြစ်များတဲ့ မီးပိုးကောင်အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ❓

လတ်တလော ကာလအတွင်းမှာ မီးပိုးကောင် အကိုက်ခံရပြီး ဝေဒနာခံစားရသူများ ရှိလာခဲ့ပါတယ်။

ဒါကြောင့် မီးပိုးကောင် ကိုက်ခံရရင် ဘာတွေပြုလုပ်သင့်သလဲ ဘယ်လိုကာကွယ်ရမလည်း တင်ပြပေးလိုက်ပါတယ်ရှင်။

စကိုက်ခံရတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ?

စကိုက်ခံရပြီး ၁၂နာရီကနေ ၃၆ နာရီအတွင်းမှာ-

၁။ နီလာမယ်

၂။ မီးလောင်ထားသလို ရေကြည်ဖု ထလာမယ်

၃။ အမာရွတ်လို အဖတ်ဖတ်တွေ တက်လာနိုင်ပါတယ်

၄။ အနာကကိုက်လာမယ်

၅။ပြည်တည်မယ် စတဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

သက်သာဖို့ အတွက်ရော ဘာတွေလုပ်ရမလဲ?

၁။ အကောင်နဲ့ ထိတွေ့တဲ့နေရာကို ချက်ချင်းရေကို အသုံးပြုပြီး စင်ကြယ်အောင်ဆေးပါ

၂။ ကိုက်ခံရတဲ့ နေရာကို ရေခဲရေဝတ်နဲ့ အရောင်ကျစေဖို့ ကပ်ပါ

၃။မပွတ်မိအောင်သတိထားပါ။ အနာပြဲပြီး အမာရွတ်ကျန်တတ်ပါတယ်။

၄။ဆရာဝန်ညွှန်ကြားချက်အတိုင်း ကိုက်ခံရတဲ့ အရေပြား ပတ်ချာလည်ကို Steroid ပါတဲ့ လိမ်းဆေး လိမ်းပါ။ သောက်ဆေး အနေနဲ့ Antihistamine တွေ သောက်သုံးနိုင်ပါတယ်။

ပျောက်ဖို့ကြာမြင့်ချိန်ကတော့ ၁ပတ်ကနေ ၃ပတ် ကြာနိုင်ပြီး အမာရွတ်လို အဖတ်ဖတ်တွေ တက်လာပြီးမှ ပျောက်သွားပါတယ်။

ဆောင်းရာသီမှာ မီးပိုးကောင်အန္တရာယ်ကို အားလုံး ဂရုစိုက်နိုင်ကြပါစေ။ ပြန်လည်မျှဝေသွားဖို့လည်း တောင်းဆိုပါရစေ ရှင်♥️

28/11/2021

New COVID 19 variant
ဗဟုသုတအတွက်ကူးယူစုဆောင်းဖော်ပြပါသည်။
သက်ဆိုင်ရာပညာရှင်များအား credit ပေးပါသည်။

Omicron (၁)
တောင်အာဖရိကနိုင်ငံက ဗီဇပြောင်းကိုဗစ် Omicron ကို အဆ ၅၀၀ ကူးစက်မြန်တယ်၊ ကာကွယ်ဆေးလုံးဝမတိုးတော့ဘူးဆိုပြီး သတင်းမီဒီယာတချို့က ပြောနေတာတွေက သတင်းမှားတွေပါ။

အရမ်းမကြောက်နေကြပါနဲ့။ Omicron က ကူးစက်မြန်ပေမယ့် ဘယ်လောက်ထိ ကူးစက်မြန်သလဲဆိုတာကို စမ်းသပ်နေကြတုန်းပါ။ နောက်တစ်ပတ်လောက်နေမှ အဖြေသိရမယ်လို့ WHO ကပြောထားပါတယ်။

ကာကွယ်ဆေး လုံးဝမတိုးတော့ပါဘူးလို့လည်း မပြောထားပါဘူး။ ကာကွယ်ဆေးအာနိသင် လျော့ကျတာဖြစ်နိုင်ပေမဲ့ အနည်းဆုံးတော့ ကာကွယ်ဆေးထိုးထားသူဟာ ကိုဗစ်ဖြစ်ခဲ့ရင်တောင် ဆိုးရွားတဲ့အဆင့် မရောက်အောင် ကာကွယ်ပေးနိုင် ဦးမှာပါ။

ကိုဗစ်လို ဗိုင်းရပ်ပိုးတွေရဲ့ထုံးစံအတိုင်း ဗီပြောင်းလဲမှုဖြစ်စဉ်ထဲက တစ်ခုပါပဲ။ ကြောက်စရာကောင်လောက်အောင် ထိန်းမနိုင်သိမ်းမရ ဆိုးရွားတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဗီဇပြောင်းလဲမှုနေရာများပြားတဲ့အတွက် ပိုပြီးသတိထားကြရမယ့် variant of concern ကိုဗစ်ဗဇပြောင်းတစ်ခုပါ။

ဗီဇပြောင်းကိုဗစ် မိမိနိုင်ငံကို မရောက်လာအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အချို့နိုင်ငံတွေက တောင်အာဖရိကနိုင်ငံက ပြန်လာသူတွေကို ကွာရန်တင်းရက်ရှည်ထားတာတွေ၊ ခရီးသွားလာမှု ပိတ်ပင်တာတွေကို စတင်လုပ်ဆောင်နေကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကပ်ရောဂါက မပြီးဆုံးသေးပါဘူး။ မာစ်တပ်ပါ၊ လက်ဆေးပါ၊ လေဝင်ထွက်ကောင်းတဲ့နေရာမှာ နေပါ။ ကျန်းမာနေမှ လိုချင်တဲ့ပန်းတိုင်ကို အောင်အောင်မြင်မြင် ရယူနိုင်မှာပါ။

MED INFO Myanmar

Omicron (၂)
အလွန်ကူးစက်မြန်သော ကိုဗစ်မျိုးစိတ်သစ် Omicron တောင်အာဖရိကတွင် စတင်တွေ့ရပြီး ယခင်ကိုဗစ်ပိုး ထက် ပျံ့နှံ့မှုနှုန်းအဆ ၅၀၀ မြန်ဆန်၊ ကာ ကွယ်ဆေး မတိုးနိုင်တော့၍ တစ်ကမ္ဘာလုံး ဝရုန်းသုန်းကားဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Omicron ကိုဗစ်မျိုးစိတ်သစ် ကူးစက်လာမှုသည် စိုးရိမ်စရာကောင်း ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။

အဆိုပါ ကိုဗစ်မျိုးစိတ်သစ်သည် ဗီဇပြောင်းလဲမှုအများအပြားရှိခဲ့ပြီး အစောပိုင်းအထောက်အထားများက ပြန်လည်ကူးစက်နိုင်ခြေ တိုးလာကြောင်း WHOက ပြောကြားသည်။

တောင်အာဖရိကမှ WHO သို့ နိုဝင်ဘာ ၂၄ ရက်က ကိုဗစ်မျိုးစိတ်သစ် ကူးစက်နေကြောင်း အစီရင်ခံခဲ့ပြီး ဘော့ဆွာနာ၊ ဘယ်လ်ဂျီယံ၊ ဟောင်ကောင်နှင့် အစ္စရေးတို့တွင် Omicron မျိုးစိတ်သစ် ကူးစက်မှုများ တွေ့ရှိရပြီဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ နိုင်ငံအများအပြားသည် အာဖရိကတောင်ပိုင်းသို့ ခရီးသွားခြင်းနှင့် တောင်အာဖရိကမှ ခရီးသည်များ လာရောက်ခြင်းကို တားမြစ်ကန့်သတ်ကြောင်း အမိန့်များ ထုတ်ပြန်နေကြပြီဖြစ်သည်။

တောင်အာဖရိက၊ နမီးဘီးယား၊ ဇင်ဘာဘွေ၊ ဘော့ဆွာနာ၊ လီဆိုသိုနှင့် အက်စ်ဝါတီနီတို့မှ ခရီးသွားများကို ကမ္ဘာ့နိုင်ငံအများအပြားက လာရောက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုကလည်း တောင်အာဖရိက၊ ဘော့ဆွာနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လီဆိုသို၊ အက်စဝါတီနီ၊ မိုဇမ်ဘစ်နှင့် မာလာဝီတို့မှ ပျံသန်းမှုများကို လာမည့်တနင်္လာနေ့မှစတင် ပိတ်ဆို့လိုက်ကြောင်းသိရှိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် WHO က ကိုဗစ်မျိုးစိတ်သစ် B.1.1.529 ဖြစ်ပွားမှု ရှိကြောင်း ကြေညာခဲ့ပြီး ယနေ့တွင် ယင်းကိုဗစ်မျိုးစိတ်သစ်ကို Omicron ဟု အမည်ပေးလိုက်ခြင်းဖြစ်သည်။

“ဒီမျိုးစိတ်မှာ စိုးရိမ်စရာကောင်းတဲ့ ဗီဇပြောင်းလဲမှုအမြောက်အများရှိနေပါတယ်” ဟု WHO က ပြောသည်။

ကိုဗစ်မျိုးစိတ်သစ် B.1.1.529 (သို့မဟုတ်) Omicron ကို နိုဝင်ဘာလ ၉ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သိပ္ပံပညာရှင်များက ကိုဗစ်မျိုးစိတ်သစ် အကြောင်းနှင့် မျိုးကွဲအသစ်၏ အကျိုးသက်ရောက်မှုကို နားလည်ရန် ရက်သတ္တပတ်အနည်းငယ်ကြာမည်ဟု WHO က ပြောသည်။

လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းရှိ စတော့ဈေးကွက်များသည် သောကြာနေ့တွင် သိသိသာသာ ကျဆင်းသွားကာ အလားအလာရှိသော စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်လျက်ရှိသည်။

Omicron (၃)

အရေးပေါ်ကြေငြာချက်။(B.1.1.529)ခေါ်(COVID 19 Omicron Variant)။
-
(B.1.1.529)ခေါ်(New South Africa Strain, Omicron Variant)မကြာမှီတကမ္ဘာလုံးကိုပျံနှံ့လာတော့မည်။အခုလောလောဆယ်မှာတော့(South Africa)နိုင်ငံတွေမှာစတွေ့တာဖြစ်ပြီး၊အစ္စရေးနဲ့၊ဟောင်ကောင်တွေကိုတောင်ကူးစက်ပျံ့နှံနေပြီလို့သိရှိရပါတယ်။
-
ကံကောင်းတဲ့အချက်ကဒီ(Virus)အသစ်ကိုအစောကြီးရှာဖွေတွေ့ရှိလိုက်လို့၊အရင်(Delta Strain)ကလိုမဟုတ်ပဲတစ်ကမ္ဘာလုံးအတွက်ပြင်ဆင်ချိန်အနည်းငယ်ပိုရပါတယ်။ဒီ(Virus)ဟာအသစ်ဖြစ်ပြီးဒီနေ့မှာမှ(Omicron)ဆိုပြီးဂရိစာလုံး(O)နဲ့(WHO)ကနာမည်ပေးလိုက်တာပါ။
-
ကံဆိုးတဲ့အချက်က၊အရင်ကမြန်မာပြည်ကိုဝင်သွားတဲ့(တတိယလှိုင်း, Delta Strain)ထက်အဆပေါင်းများစွာပြင်းထန်ကြောက်စရာကောင်းပြီးကူးစက်လွယ်ပါတယ်လို့ပြောနေကြပါတယ်။
-
သေပျောက်နှုန်းလဲ(Delta)ထက်ပိုများနိုင်တယ်လို့လူအများယူဆထားကြပေမယ့်၊အတိအကျသေချာမသိရသေးလို့အကြောက်မပိုကြပါနှင့်ဦး။
-
(တတိယလှိုင်း, Delta Strain)ထက်ပိုပြင်းထန်ပြီးကူးစက်တယ်လို့ပြောပေမယ့်၊သေပျောက်နှုန်းပိုများမလား၊နည်းမလားဆိုတာသေချာမသိရသေးပေမယ့်၊သေချာတာတစ်ခုကတော့လက်ရှိသုံးနေတဲ့ဘယ်ကာကွယ်ဆေးကမှမကာကွယ်ပေးနိုင်တော့ပါဘူး။
-
ဘာကြောင့်လက်ရှိကာကွယ်ဆေးတွေအလုပ်မလုပ်တော့သလဲဆိုတော့၊ဒီ(Virus)အသစ်ဟာ(Mutation)ပေါင်း(၃၀)ကျော်လောက်ဖြစ်သွားပြီး၊(Receptor Binding Domain)ဖြစ်တဲ့၊(Spike Protein)မှာတင်(Major Mutation)တွေ(၁၀)ခုလောက်ဖြစ်သွားခဲ့ပါတယ်တဲ့။
-
ဆိုလိုတာက(တတိယလှိုင်း, Delta Strain)ဟာ၊(Spike Protein)မှာ(Major Mutation)တွေ(၂)ခုသာဖြစ်ခဲ့လို့ကာကွယ်ဆေးတွေကိုအနည်းငယ်အားကိုးမျှော်လင့်ချက်ထားလို့ရပေမယ့်၊ဒီ(Virus)အသစ်ဟာ(Spike Protein)မှာတင်(Delta Strain)ထက်(500%)လောက်(Major Mutation)ဖြစ်ပြီးပြောင်းလဲသွားလို့၊လက်ရှိဘယ်ကာကွယ်ဆေးမှအလုပ်လုပ်ဖို့မျော်လင့်ချက်မရှိတော့ပါဘူး။
-
(Spike Protein)ကိုအဓိကပြစ်မှတ်ထားတဲ့ကာကွယ်ဆေးတွေဟာ၊(Spike Protein)အများကြီးပြောင်းလဲသွားမှတော့ဘယ်လိုမှမကာကွယ်နိုင်တော့ဘူးဆိုတာကတော့အကျိုးအကြောင်းညီညွတ်နေလို့သေချာတဲ့အချက်တစ်ချက်ပါပဲ။
-
ကျွန်တော်ဆိုလိုချင်တာက(Major Mutation)တွေ(၃၀)ကျော်လောက်ဖြစ်သွားတာတော့ဟုတ်ပါပြီ၊ပိုပြီးအသေအပျောက်များမယ်၊မများဘူးဆိုတာကတော့သေချာမသိနိုင်သေးပါဘူး။(Mutation)များတိုင်းလူပိုသေတာတော့မဟုတ်ပါဘူး။သေပျောက်မှု့နှုန်းဟာ(Mutation)နဲ့တိုက်ရိုက်အချိုးကြနေတာတော့မဟုတ်ပါဘူး။
-
(Mutation)များသွားတယ်ဆိုတာကအရင်ကနဲ့အသွင်မတူပဲပြောင်းလဲသွားတာကိုဆိုလိုချင်တာပါ။သေပျောက်မှု့နှုန်းကတော့၊ကောင်းတဲ့ဖက်ကိုပြောင်းလာနိုင်သလို၊ပိုပြီးဆိုးတဲ့ဖက်ကိုလဲရောက်နိုင်တာပါပဲ။
-
(Mutation)များသွားခြင်းဟာသေပျောက်နှုန်းနဲ့မဆိုင်ပဲ၊ကာကွယ်ဆေးတွေဘာမှအလုပ်မလုပ်တော့ဘူးဆိုတာကိုပြရုံသက်သက်ပါပဲ။ဒါကြောင့်ကာကွယ်ဆေးထိုးထားတဲ့နိုင်ငံတွေကပိုပြီးသွေးပျက်နေကြပါပြီ။ကာကွယ်ဆေးမထိုးထားတဲ့နိုင်ငံတွေအတွက်ကတော့(delta)နဲ့ထူးမခြားနားပါပဲ။
-
(Major Mutation)ဖြစ်သွားတယ်ဆိုတာကလဲ၊(Virus)ကိုယ်တိုင်ကကာကွယ်ဆေးတွေတစ်ခုမှအသုံးမဝင်တော့အောင်၊သူ့ရဲ့(Spike Protein)တွေကိုပုံစံပြောင်းပြီးရှောင်ထွက်သွားလို့ပဲဖြစ်ပါတယ်။
-
ဒီသဘောကို(Vaccine escape)သို့မဟုတ်(immune escape)ဖြစ်တယ်လို့ခေါ်ပါတယ်။ဆိုလိုတာကလူဆိုးသူခိုးကအိမ်ရှင်မမှတ်မိတော့အောင်၊အကြီးအကျယ်ရုပ်ဖျက်ပြီးပုံပြောင်းလိုက်တဲ့သဘောပေါ့။
-
ဒီ(New Strain B.1.1.529, Omicron)ရဲ့(Spike Protein)မှာ(Major Mutations)တွေအများကြီးဖြစ်သွားလို့၊ကမ္ဘာပေါ်မှာလက်ရှိသုံးနေကြတဲ့ဘယ်ကာကွယ်ဆေးတွေကမှကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူးလို့ပညာရှင်အများစုကလဲအထူးသတိပေးနေကြပါပြီ။
-
နောက်ပိုင်းကာကွယ်ဆေးတွေကိုပုံစံသစ်လိုက်ပြီးပြောင်းမယ်ဆိုရင်တော့မသိဘူးပေါ့။ကာကွယ်ဆေးကိုပုံစံပြောင်းဖို့ဆိုတာကလဲလွယ်တာမှမဟုတ်တာ၊အချိန်ကလဲလပေါင်းများစွာကြာဦးမယ်။
-
ဆေးကိုပုံစံပြောင်းလိုက်လို့၊ကာကွယ်ဆေးအသစ်ရပြီဆိုဦးတော့၊ဒီဗိုင်းရပ်စ်ကမပြောင်းလဲပဲစိတ်ရှည်ရှည်နဲ့သစ္စာရှိစွာထိုင်စောင့်နေမှာတော့မဟုတ်ပါဘူး။အဲဒီအချိန်မှာသေတဲ့လူတွေကလဲသေကုန်ပြီ။
-
(Virus)ကိုယ်တိုင်ကလဲနောက်ထပ်အသစ်တစ်မျိုးထပ်ပြောင်းဦးမှာပဲမဟုတ်ဘူးလား။ကာကွယ်ဆေးပြောင်းလိုက်တိုင်းမှာ(Virus)ကလဲရှောင်ထွက်သွားနေမယ်ဆိုရင်တော့မုန့်လုံးစက္ကူကပ်ပါပဲ၊ရေရှည်မှာမလွယ်လှပါဘူး။
-
ဒီ(Omicron Variant)မှာ(Major Mutation)တွေဒီလောက်ပြောင်းသွားတာ၊ကာကွယ်ဆေးတွေကိုမဆိုထားနဲ့ဦး၊နဂိုက(COVID)အပြင်းအထန်ဖြစ်ခဲ့ဖူးတဲ့လူတွေရဲ့သွေးထဲမှာကျန်ရှိနေတဲ့(Natural Immunity)တွေကတောင်ဒီ(Virus)အသစ်ကိုဆက်ပြီးကာကွယ်ပေးနိုင်မယ်မထင်ဘူးလို့ပညာရှင်တွေယူဆနေကြပါတယ်။
-
ဒါပေမယ့်ကျွန်တော့်အထင်ကတော့(Natural Immunity)ဆိုတာကာကွယ်ဆေးတွေလို(Spike Protein)တွေကိုအဓိကမထားပဲ၊(Full spectrum immunity)ဖြစ်နေလို့ဒီ(Virus)အသစ်ကိုကာကွယ်ဆေးအမျိုးမျိုးတွေထက်အချိန်အတိုင်းတာတစ်ခုအထိတော့ကာကွယ်ပေးနိုင်ပါလိမ့်မယ်လို့တော့ယုံကြည်နေပါသေးတယ်။
-
သို့သော်(Natural Immunity)ဟာ၊(COVID)ဖျားနာပြီး(၆)လကျော်လောက်ကြာသွားရင်တော့စိတ်ချလို့မရနိုင်တော့ပါဘူး။
-
(Delta)တတိယလှိုင်းကဖြစ်သွားတာသိပ်မကြာသေးလို့မြန်မာပြည်မှာ(Natural Immunity)တွေလတ်လတ်ဆတ်ဆတ်ကျန်နေတဲ့လူတွေရှိနေဦးမှာပါ။ဒါကြောင့်မြန်မာပြည်ကိုတော့ချက်ခြင်းကြီးဝင်လာလိမ့်မယ်လို့တော့မထင်ပါဘူး။
-
နောက်ကံကောင်းတာတစ်ခုကဒီ(Virus)အသစ်ကိုအစောကြီးရှာဖွေတွေ့ရှိလိုက်လို့၊အရင်(Delta Strain)ကလိုမဟုတ်ပဲမြန်မာပြည်အပါအဝင်တစ်ကမ္ဘာလုံးအတွက်ပြင်ဆင်ချိန်အနည်းငယ်ပိုရပါတယ်။
-
မြန်မာပြည်အတွက်ကတော့ပြင်ဆင်ချိန်အနည်းဆုံးတစ်လလောက်တော့ရနိုင်ပါလိမ့်မယ်။ဒါကကျွန်တော့်အမြင်ခန့်မှန်းပြောတာဖြစ်လို့၊အမှန်လို့တော့ယူဆလို့မရနိုင်ပါ။
-

အနှစ်ချူပ်ပြောရရင်ကာကွယ်ဆေးရဲ့အကျိုးသက်ရောက်မှု့ကိုရှောင်ထွက်သွားနိုင်ပြီဖြစ်တဲ့(COVID 19)ပိုးအသစ်(Omicron Variant)ကတော့မြန်မာပြည်ကိုချက်ခြင်းရောက်မလာနိုင်သေးပေမယ့်၊မပေါ့ဆကြဖို့တော့ကြိုတင်ပြီးအသိပေးချင်ပါတယ်။
-
(COVID 19)ဟာကမ္ဘာပေါ်မှာပြီးဆုံးမသွားသေးပါဘူး။ဘယ်အခါကြမှပြီးဆုံးသွားမလဲဆိုတာလဲဘယ်သူမှမသိသေးပါဘူး။အခုအချိန်မှာတော့၊အနှေးနှင့်အမြန်ပဲကွာမယ်ဒီလိုပဲမကြာခဏလိုင်းတွေတစ်ခုပြီးတစ်ခုဝင်ရောက်လာနိုင်တယ်ဆိုတာကိုတော့လူတိုင်းနားလည်ပြီးသတိရှိကြဖို့တော့အထူးလိုအပ်နေပါပြီ။
-
အားလုံးကျန်းမာ၍ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power

10/11/2021

🛑မွေးကင်းစ အသည်းရောင်အသားဝါဆိုတာ🛑
===============================

မွေးကင်းစကလေး အသားဝါတာဟာ
မြန်မြန်သိ မြန်မြန် ကုသမှုခံယူမယ်ဆိုရင် မြန်မြန်ပျောက်ကင်းနိုင်ပါတယ်။

ဒါပေမဲ့ သတိမထားမိပဲ ကုသမှုမခံယူလျှင် ဦးနှောက်ပျက်စီး သွားသည်အထိ ဖြစ်နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။

မွေးကင်းစကလေးအသားဝါလျှင် မီးပြပြီး ကုသမှုခံယူရပါတယ်။

အထူးပြုလုပ်ထားတဲ့ မီးချောင်းအောက်မှာ ကလေးကို ထားရတာပါ။

အဲဒိမီးရောင်ဟာ ကလေးကိုယ်တွင်းမှာ အသားဝါခြင်းကို ဖြစ်စေတဲ့ Bilirubin ကိုပြိုကွဲစေပါတယ်။

တကယ်လို့ စောစော မသိပဲ ကုသမှုမခံယူနိုင်ခဲ့လျှင် အဲဒိ Bilirubin ဓတ်ဟာ ဦးနှောက်အတွင်းသို့ ဝင်ရောက်ပြီး ဦးနှောက်ပျက်စီးစေတာဖြစ်ပါတယ်။

အောက်ကပုံမှာ ပြထားတဲ့အတိုင်း အသားဝါတာဟာ မျက်နှာကနေစပြီး လက်ဖျားခြေဖျားထိ ရောက်သွားလျှင်တော့ အဆိုးဆုံးပါ။

#ကလေးအထူးကုဆေးခန်း
ေးဆေးခန်း

04/11/2021

အူအတက်ယောင်ခြင်း (Appendicitis)

အားလုံးပဲ မင်္ဂလာပါ
page ကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျ။ ဒီတစ်ခါမင်မင်ပြောပြပေးမှာက အူအတက်ယောင်တဲ့အကြောင်းလေးဖြစ်ပါတယ်။ အူအတက်ကလေးဆိုပြီးတော့ အထင်မသေးနဲ့နော်။ ယောင်တာလေးတောင် လူးလှိမ့်နေအောင်နာတတ်ပြီး အူအတက်များပေါက်လို့ကတော့ တဆုံးနာတာဗျို့။ ကဲဒီတော့ အူအတက်ယောင်တာလေးအကြောင်းကြည့်လိုက်ရအောင်ဗျာ။

၁။ ဘာလို့အူအတက်ယောင်ရတာလဲ?

များသောအားဖြင့်တော့ အူလမ်းကြောင်းမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေ ဗိုင်းရက်စ်ပိုးတွေကြောင့်ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေမှာ အူအတက်ရဲ့ထွက်ပေါက်နားမှာ အစာအကြွင်းအကျန်လေးတွေပိတ်မိနေတတ်ရာကနေတစ်ဆင့်လည်း ဖြစ်ပွားနိုင်ပါသေးတယ်။ ရှားရှားပါးပါးအနေနဲ့ကတော့ အူမကြီးကင်ဆာ အကျိတ်ကနေ အူအတက်လေးရဲ့ ထွက်ပေါက်ကို ပိတ်မိစေပြီးလည်းယောင်တတ်ပါသေးတယ်တဲ့။ တစ်ခါတစ်လေ ထိခိုက်ဒါဏ်ရာရမိလို့လည်း ဖြစ်တတ်ပါသေးတယ်တဲ့။

၂။ ရောဂါလက္ခဏာတွေ။

အဓိက အားဖြင့်တော့ နာ၊ အန်၊ ဖျား လို့ လွယ်လွယ် မှတ်လိုက်ရအောင်။

နာ - ဗိုက်နာတာပေါ့။ ဒါပေမဲ့ သူနာတာက တစ်မျိုး။ တစ်ချို့တွေမှာတော့ အူအတက်ရှိတဲ့ ဝမ်းဗိုက်ညာဘက် အောက်နားမှာ စကတည်းကနာတတ်ပေမဲ့ တစ်ချို့တွေကတော့ ဗိုက်တစ်ပြင်လုံးမှာနာတာမျိုး၊ ချက်ပတ်ပတ်လည်နာတာမျိုး အရင်ကြုံရတတ်ပြီး နောက်ဆုံးမှ အူအတက်ရှိတဲ့ ဝမ်းဗိုက် ညာဘက်အောက်နားလေးမှာ အနာဆုံး ဖြစ်လာတတ်ပါတယ်။ ဆေးပညာအခေါ်အရတော့ shifting pain တဲ့။ ရွေ့ပြီးနာတာပေါ့။ ဒီလိုမျိုးရှိရင်တော့ အူအတက်ဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီတဲ့။ လှုပ်ရှားတာတို့၊ ချောင်းဆိုးတာတို့ဆိုရင်တော့ ဗိုက်နာတာပိုဆိုးတတ်ပြီး ငြိမ်ငြိမ်ကုတ်ကုတ်လေးနေမှ သက်သာတာပါတဲ့။ နာတဲ့နေရာကို ဖိကြည့်ပြီး ရုတ်တရက် လွှတ်ချလို့ တအားနာသွားတာကိုတော့ rebound tenderness လို့ခေါ်ပါတယ်။ အဲ့လို လက္ခဏာမျိုးရှိရင်လည်း အူအတက်ယောင်တာပါတဲ့။

အန် - စားထားသမျှအန်တာမျိုး၊ အသစ်စားလည်း အန်တာမျိုးကြုံရတတ်ပါတယ်။ အဓိကကတော့ အူလမ်းကြောင်းမှာယောင်နေတဲ့ အတွက် ဝင်လာသမျှအစာတွေကို အရှေ့ မတွန်းပေးနိုင်တာကြောင့် အပေါ်ကို ပြန်ကန်လာရတာကြောင့်ပါတဲ့။

ဖျား - အဖျားငွေ့ငွေ့လေးဖျားတာကစတာပါ။ နောက်ပိုင်း အူအတက်ရောင်တာကနေ ရောဂါပိုးတွေ တအားဆိုးပြီး သွေးထဲရောက်သွားရင်တော့ ကိုယ်ပူချိန်ကြီးတတ်ပါတယ်တဲ့။

တခြားလက္ခဏာတွေအနေနဲ့ကတော့
- ဝမ်းချုပ်တာ သို့ ဝမ်းလျှောတာ
- ​ဗိုက်ကြီးလေပွပြီး မအီမလယ်ကြီး ဖြစ်နေတာ
- အစားအသောက်ပျက်တာ မျိုးတွေလည်း ကြုံရတတ်ပါတယ်တဲ့

၃။ နောက်ဆက်တွဲ ဆိုးကျိုးတွေ

(၁) အူအတက်ပေါက်ခြင်း (ruptured appendix)

- ယောင်ရာကနေပေါက်ထွက်သွားရင်တော့ အရေးပေါ်အခြဖြစ်ပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ ရောဂါပိုးတွေဟာ ဝမ်းဗိုက်တစ်ပြင်လုံးကိုပျံ့နှံ့သွားပြီး ဝမ်းဗိုက်တစ်ပြင်လုံးယောင် (peritonitis) သွားတတ်ပါတယ်။ အသက်အန္တရာယ်ပါရှိတတ်တာကြောင့်အရေးပေါ် ခွဲစိတ်ရမှာပါ။

(၂) ပြည်တည်ခြင်း (appendicular abscess)

- တစ်ခါတစ်လေ ရောဂါပိုးတွေပါတဲ့ အရည်ကလေးတွေစုပြီး ပြည်တည်ကာ အိတ်ကလေးလိုဖြစ်နေတတ်ပါတယ်။ ဒီအခြေအနေကလည်း အန္တရာယ်များတဲ့ အဆင့်ဖြစ်ပြီး အချိန်မရွေးပေါက်သွားပြီး ရောဂါပိုးတွေ ဝမ်းဗိုက်အတွင်းပျံ့နှံ့တတ်တာမလို့ ခွဲစိတ်ဖို့လိုပါတယ်တဲ့။

၄။ ဘာတွေ စမ်းသပ်စစ်ဆေးရမလဲ?

- Blood test ( သွေးစစ်ပြီး ယောင်ရမ်းစေတဲ့ ဓါတ်တွေတက်နေလား၊ သွေးဖြူဥတွေတက်နေလားကြည့်လို့ရပါတယ်။ တက်နေတယ်ဆိုရင်တော့ အူအတက်ယောင်တာပိုဖြစ်နိုင်သွားတာပေါ့)
- USG (abdomen and pelvis) (တယ်လီဗီးရှင်းဓါတ်မှန်ရိုက်ပြီး အူအတက်ယောင်တာ ဟုတ်မဟုတ်လည်း ခန့်မှန်းလို့ရပါတယ်။ များသောအားဖြင့် စမ်းသပ်စစ်ဆေးတာရယ်၊သွေးအဖြေရယ်၊ တယ်လီဗီးရှင်းဓါတ်မှန်တွေရယ်နဲ့တင် အူအတက်ယောင်မယောင်ခွဲခြားလို့ရတတ်ပါတယ်။)
- တစ်ခါတစ်လေ စမ်းသပ်တော့လည်း သိပ်မတူတာ၊ သွေးအဖြေကလည်း သိပ်မတူပေမဲ့ လူနာနာပုံနာနည်းက အူအတက်လိုမျိုးဖြစ်နေရင်တော့ CT ဓါတ်မှန်မျိုး MRI ဓါတ်မှန်မျိုးရိုက်တတ်ပါတယ်တဲ့။ ဒါတွေကတော့ အူအတက်ယောင်တာအပြင် တခြားရောဂါတွေဟုတ်မဟုတ်ပါ ကြည့်လို့ရသွားပါတယ်တဲ့။

၅။ ခွဲစိတ်ပြီး ဘာတွေ ဆောင်ရ ရှောင်ရမလဲ?

- အူအတက်ယောင်တာကျိမ်းသေရင်တော့ ခွဲစိတ်ပြီး အူအတက်လေးကို ဖြတ်လိုက်ကြပါတယ်(appendicectomy)။ ခွဲစိတ်ပြီးနောက်ပိုင်း အနည်းဆုံး ၂ ပတ်မှ ၁ လအတွင်း
၁. လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်းမျိုးရှောင်ပါ။
၂. အလေးအပင် မခြင်းများရှောင်ပါ။
၃. ချောင်းဆိုး နှာချေပါက ထိန်းပြီး ဆိုးပါ။
၄. အာဟာရပြည့်အောင်စားပါ။
၅. အိပ်ရေး၀၀အိပ်ပါ။
၆. အနာကို သန့်သန့်ရှင်းရှင်းထားပြီး နေ့စဉ်ဆေးထည့်ပေးပါ။
၇. ပေးထားသော ပိုးသတ်ဆေးများကို ရက်ပြည့်အောင်သောက်ပေးပါ။ လိုအပ်ပါက အကိုက်အခဲပျောက်ဆေးများကို ဆရာ၀န်၏ ညွှန်ကြားချက်နဲ့ အညီ သုံးစွဲနိုင်ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ အူအတက်ယောင်တဲ့ အကြောင်းလေးကို အကြမ်းအားဖြင့် သဘောပေါက်သွားကြမှာပါနော်။ နောင်လည်း ဗဟုသုတရစရာ သုတ ရသ စာကလေးတွေအများကြီးကို မင်မင် တို့ page ကနေတင်ပေးနေဦးမှာမလို့ စောင့်ကြည့်ကြပါအူးလို့ 😉

Crd #

01/11/2021
Photos from Interim Health Committee, HLEGU's post 01/11/2021
01/11/2021

နှင်းခူ
ဒေါက်တာကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)
-------------------------
ရေတိုရေရှည် အယားဒုက္ခပေးတဲ့ အရေပြား ပြဿနာတွေထဲမှာ လူသိအများဆုံးကတော့ နှင်းခူပါ။ နှင်းခူကို အက်ဇီးမား (Eczema) လို့ အဂ်လိပ်လို ခေါ်ကြပေမဲ့ တကယ့် ဝေါဟာရအမှန်ကတော့ ဒါမာတိုက်တစ် (Dermatitis) ပါ။ အရေပြားပညာအရတော့ Dermatitis
အမျိုးအစားများစွာထဲကမှ အေတိုးပစ် (Atopic) အမျိုးအစားကိုလည်း Eczema လို့ ပိုပြီး ခေါ်ဝေါ်လေ့ရှိပါတယ်။ ဘယ်လိုပဲ အခေါ်တွေ ကွဲပြားပါစေ၊ ရောဂါသွင်ပြင်တွေကတော့ အခြေခံအားဖြင့် အတူတူပါပဲ။

နှင်းခူဆိုတာ ဘာလဲ
အရေပြားရောင်ရမ်း၊ ထူအမ်းပြီး ယားတာက နှင်းခူပါပဲ။ ပိုးကြောင့်လည်း မဟုတ်၊ ထိခိုက်ဒဏ်ရာကြောင့်လည်း မဟုတ်တဲ့ အရေပြားရောင်ရမ်းခြင်းဆိုပါတော့။ လတ်တလောဖြစ်တဲ့ နှင်းခူတချို့မှာ နီရဲရောင်ရမ်းရုံမက အရည်ကြည်ဖုတွေပါ ပေါက်တက် ပါသေးတယ်။ တစ်ခါတလေ အရည်တစိုစိုနဲ့ပေါ့။ နာတာရှည် နှင်းခူကျတော့ မျက်နှာပြင်က မာမာခြောက်ခြောက်နဲ့၊ တစ်ခါတလေ သစ်ခေါက်လိုလို အပွေးတက်ပြီး ကြမ်းထော်ထော်နဲ့ပါ။ တချို့ဆို ကွဲတာ၊ အက်တာတွေတောင် တွေ့ရပါတယ်။ လက်တလော ဖြစ်တဲ့ နှင်းခူပဲဖြစ်ဖြစ်၊ နာတာရှည်နှင်းခူပဲဖြစ်ဖြစ် ယားတာချည်းပါ။ ကုတ်ရတာချည်းပါ။ လက်မီတဲ့ နေရာ လက်နဲ့ကုတ်၊ ခေါင်းဘီးနဲ့ မီတဲ့နေရာ ဘီးနဲ့ ကုတ်၊ တုတ်နဲ့မီတဲ့နေရာ တုတ်နဲ့ကုတ်ကြတာပါ။ ကြာတော့ ကုတ်တဲ့နေရာမှာ ပဲ့ပြီး ပိုးဝင်သွားတာကြောင့် အနာတစိုစို ဖြစ်ပါလေရော။ အဲဒီလိုပဲ နှင်းခူအစိုလို့ သမုတ်ကြပါတော့တယ်။ တကယ်တမ်းကျတော့ လတ်တလောဖြစ်တဲ့ နှင်းခူကိုသာ နှင်းခူအစိုလို့ အမည်ပေးရမှာပါ။ နာတာရှည်နှင်းခူကိုတော့ နှင်းခူ အခြောက်ပေါ့။

များလှတဲ့ နှင်းခူ
နှင်းခူအမျိုးအစားတွေက များသလို နှင်းခူရှိတဲ့ သူတွေလည်း များမှ များပါ။ ၂၀၁၅ ခုနှစ်က လေ့လာ မှုအရ ကမ္ဘာနဲ့အဝှမ်း နှင်းခူရှိသူပေါင်း ၂၄၅ သန်းတောင် ရှိသတဲ့။ ကျွန်တော်တို့နိုင်ငံမှာလည်း နှင်းခူတွေ ပေါမှ ပေါ။ အရေပြားဆရာဝန်တွေဆီ လာပြကြတဲ့ လူနာတွေထဲမှာ နှင်းခူက ထိပ်ဆုံးနားမှာ ရှိပါတယ်။ များပြားလှတဲ့ နှင်းခူအမျိုးအစားတွေကို အကြမ်းအား ဖြင့်တော့ ကိုယ်တွင်းသွေးသားကြောင့် ဖြစ်တဲ့နှင်းခူနဲ့ ပြင်ပရောဂါကြောင့်ဖြစ်တဲ့ နှင်းခူဆိုပြီး အဓိကနှစ်မျိုး ခွဲလို့ရပါတယ်။ ကိုယ်တွင်းသွေးသားကြောင့်ဖြစ်တဲ့ နှင်းခူတွေထဲမှာ အေတိုးပစ်နှင်းခူ (Atopic Dermatitis) ဟာ အတွေ့ရဆုံး၊ ဒုက္ခအပေးဆုံး၊ နာတာအရှည်ဆုံးပါ။ အူဝဲအရွယ် ကလေးငယ်မှသည် သေရာပါအထိ ပါချင်ပါသွားတတ်တဲ့နှင်းခူပါ။ အမေရိကန်မှာ လူ တစ်ရာမှ ၁၀ ယောက်ကနေ ၃၀ လောက်အထိကို ဒီအေတိုးပစ်နှင်းခူက ရှိနေတာပါ။ ပြင်ပပစ္စည်းကြောင့် ဖြစ်ရတဲ့ နှင်းခူတွေကိုတော့ Contact dermatitis ကို ခေါ်ပါတယ်။ ရှင်းအောင်ပြောရရင် ထိတွေ့နှင်းခူပေါ့။ အရေပြားက ထိတွေ့တဲ့ ပစ္စည်းကို ဓာတ်မတည့်လို့ ဒါမှမဟုတ် ထိတွေ့တဲ့ပစ္စည်းက အရေပြားကို လောင် သွားစေလို့ ပေါ်လာရတဲ့ နှင်းခူတွေပါ။ အရေပြားနဲ့ ထိတွေ့တဲ့ ပစ္စည်းဆိုတာလည်း အများသား။ နေ၊ ရေ၊ သစ်ပင်သစ်ရွက်မှသည် ဓာတ်သတ္တုအမျိုးမျိုး အကျုံးဝင်ပါတယ်။ များပြားလှတဲ့ အဲဒီပစ္စည်းတွေကို အိမ်မှာ၊ လမ်းမှာ၊ လုပ်ငန်းခွင်မှာ ကြုံနိုင်တာချည်းပါ။ ဒါကြောင့် ထိတွေ့နှင်းခူဝေဒနာရှင်တွေလည်း ပေါမှ ပေါပါ။ လူတစ်ရာမှာ ၇ ယောက်က သူတို့ဘဝ တစ်လျှောက်မှာ ထိတွေ့ပစ္စည်းနဲ့ ဓာတ်မတည့်နှင်းခူ ကြုံကြရတယ်လို့ ဆိုပါတယ်။ ယုတ်စွအဆုံး လေနဲ့ ထိတွေ့ရင်တောင် နှင်းခူဖြစ်နိုင်တာပါ။ လေထဲမှာပါတဲ့ အမှုန်အမွှား၊ ဖုန်၊ ဓာတ်ငွေ့တွေနဲ့ ဓာတ်မတည့်တာ မျိုးပေါ့။ Air borne contact dermatitis လို့ ခေါ်ပါ တယ်။

နှင်းခူ ဘယ်မှာ ဖြစ်
နှင်းခူ အမျိုးအစားလိုက်ပြီး ဖြစ်တဲ့ နေရာတွေ ကွာခြားနိုင်ပေမဲ့ ခြေဆုံးခေါင်းဆုံး နှင်းခူယားနာဖြစ်နိုင်တဲ့ နေရာတွေချည်းပါ။ ကျားမ လိင်အဂ်ါတွေတောင် နှင်းခူဖြစ်နိုင်ပါတယ်။ စောစောကပြောတဲ့ ထိတွေ့နှင်းခူဆိုရင် မတည့်တဲ့ပစ္စည်းနဲ့ ထိတွေ့တဲ့ နေရာ မှန်သမျှ နှင်းခူဖြစ်နိုင်တာချည်းပါ။ ဥပမာ ဆပ်ပြာနဲ့ ဓာတ်မတည့်ရင် လက်၊ ဖိနပ်သဲကြိုးနဲ့ ဓာတ်မတည့်ရင် ခြေဖမိုး၊ နာရီကြိုးနဲ့ ဓာတ်မတည့်ရင် လက်ကောက်ဝတ်၊ ဆံပင်ဆိုးဆေးနဲ့ ဓာတ်မတည့်ရင် မျက်နှာ၊ လည်ပင်းစသဖြင့် နေရာမျိုးစုံမှာ ဒုက္ခပေးနိုင်တာပါ။ ဘေဘီလေးတွေတောင် ဒိုက်ပါ (အနှီး) နဲ့ မတည့်ရင် တင်ပါး၊ ပေါင်ခြံမှာ နှင်းခူဖြစ်တာပါပဲ။ ဒီလိုထိတွေ့ပစ္စည်းကြောင့် ဖြစ်ရတဲ့ ဓာတ်မတည့်နှင်းခူဟာ အမျိုးသားထက် အမျိုးသမီးတွေမှာ နှစ်ဆ ပိုများသတဲ့။ ဆပ်ပြာ၊ ရေ၊ အလှပြင်ပစ္စည်း၊ မိတ်ကပ်၊ ရေမွှေး စတာတွေနဲ့ ပိုပြီးထိတွေ့ ကြရလို့ ဖြစ်မှာပါ။ ဒီလိုပြင်ပပစ္စည်းတွေနဲ့ မပတ်သက်ဘဲ ပင်ကိုသွေးသားအရဖြစ်တဲ့ အေတိုးပစ်နှင်းခူကလည်း နေရာအနှံ့ ဖြစ်နိုင်တာပါပဲ။ ဒါပေမဲ့ အကွေးအဆန့် နေရာတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ လည်ပင်း၊ လက်တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ ဒူး၊ တံခေါက်ကွေး ခြေချင်းဝတ် နေရာတွေမှာ အဖြစ်များပါတယ်။ ဘယ်ညာအချိုးညီစွာ ဖြစ်လေ့ရှိပါတယ်။ ပင်ကိုသွေးသားအရ အဖြစ်များတဲ့ အခြားနှင်းခူတစ်မျိုးကတော့ ဆီဘိုးရစ်နှင်းခူ (Seborrheic Dermitits) ပါ။ ဒီနှင်းခူကတော့ ခေါင်း၊ နား၊ မျက်နှာ မှာအဓိကဖြစ်ပေ မဲ့ ပြင်းထန်ရင် ရင်ဘတ်၊ ကျော၊ ချိုင်းနဲ့ ပေါင် ခြေတွေအထိပါ ခြေဆန့်လေ့ရှိပါတယ်။ ရှားရှားပါးပါး ပွန်ဖိုးလစ် (Pompholye) ဆိုတဲ့အရည်ကြည်ဖု တွေ ပေါက်တဲ့ နှင်းခူလည်း ရှိပါသေးတယ်။ သူကတော့ ခြေနဲ့ လက်မှာပဲ အဖြစ်တာပါ။ တစ်ခါတလေ မီးလောင်ဖုလို အရည်ကြည်အိတ်ကြီးတွေ အပြုံအခဲ လိုက်ပေါက်လာတာပါ။

နှင်းခူကူးသလား
ဘယ်နှင်းခူ အမျိုးအစားမှ အခြားသူကို မကူးပါဘူး၊ နှင်းခူကိုယားလို့ ကုတ်ကြ၊ ဖဲ့ကြ၊ ပွတ်ကြလုပ်လို့သာ ပြင်ပက ဗက်တီးရီးယား ပိုးတွေ၊ မှိုတွေ၊ ဝင်ပြီး ရှုပ်ထွေးကုန်တာပါ။ အနာစက်တွေဝင် ပြည်တွေတည်ပြီး အရည်တစိုစို ဖြစ်သွားတာပါ။ အဲဒီအ ခါမှာ ရောဂါပိုးသာ ကူးချင်ကူးမယ် နှင်းခူးယားနာကတော့ လုံးဝကို မကူးပါဘူး။ ဒါပေမဲ့ အေတိုးပစ်နှင်းခူကတော့ မျိုးထဲရိုးထဲမှာ ပန်းနာရင်ကျပ်ရှိခဲ့ရင် ဒါမှမဟုတ် အလာဂျီဓာတ်ခံရှိခဲ့ရင်၊ ဒါမှမဟုတ် နှင်းခူရှိခဲ့ရင်တော့ ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် တချို့က အယားမျိုး၊ နှင်းခူမျိုးတွေ မိသားစုစဉ်ဆက် နှင်းခူတွေ ရှိခဲ့ကြတယ် ဆိုပြီး သမုတ်ကြတာပါ။ အမွေဆက်ခံရကြတယ် ဆိုပါတော့။ တကယ်တော့ နှင်းခူဆိုတာ အရေပြားရဲ့ခုခံအားစနစ်တွေ အစိုထိန်းစနစ်တွေနဲ့လည်း သက်ဆိုင်ပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်အနေအထားအပြင် ကိုယ်တွင်း ဟော်မုန်းတွေ ပြောင်းလဲမှုတွေနဲ့လည်း ပတ်သက်နေတာပါ။ ခြုံပြောရရင် လူတစ်ယောက်မှာ နှင်းခူဖြစ်ရတဲ့ အကြောင်းရင်းတွေက များလေတော့ တိတိကျကျ ပြောဖို့ ခက်ပါတယ်။

ဘာတွေက လှုံ့ဆော်ပေးသလဲ
နှင်းခူကို ပိုဆိုးအောင် ပိုယားအောင် ရုတ်တရက် လှုံ့ဆော်ပေးတာတွေ အများကြီးရှိပါတယ်။ အိမ်တွင်းမှာ ဆိုရင် ခွေး၊ ကြောင်၊ ငှက်တွေရဲ့ အမှုံအမွှားတွေအပြင် အိပ်ရာ၊ ဆိုဖာတွေအပေါ်က ဖုန်တွေလည်း ပါတာပေါ့။ ရေမွှေးဆပ်ပြာ၊ ပေါင်ဒါစတဲ့ ပစ္စည်းတွေကလည်း အခန့်မသင့်ရင် ငြိမ်နေတဲ့ နှင်းခူကိုလှုပ်နှိုးလိုက်သလို ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးရင်တောင် ငြိမ်နေတဲ့ နှင်းခူဟာ ပြန်လည်နိုးကြားလာနိုင်တာကြောင့် သတိထားစရာပါ။ လုပ်ငန်းခွင်မှာ ကြုံရနိုင်တဲ့ ဓာတုပစ္စည်းတွေ၊ အမှုန်အမွှားတွေ၊ မြက်တွေ၊ ပန်းဝတ်မှုန်တွေလည်း အယားဓာတ်ကို လှုံ့ဆော်ပေးနိုင် ပါတယ်။ မြေပဲ၊ ငါး၊ ငါးပိ စတာတွေလည်း အခန့် မသင့်ရင် ငြိမ်နေတဲ့ အယားဓာတ်ကို နှိုးဆွပေးတတ် ပါတယ်။ ယုတ်စွအဆုံး ပူလို့ချွေးတွေ ထွက်လာရင်တောင် ပိုပြီးယားလာတာမျိုးပါ။ တချို့နှင်းခူက နေပူထိလေ ပိုကြွတာမို့ တတ်နိုင်သမျှ နေရှောင်ပေးပါ။

နှင်းခူပျောက်တဲ့ဆေး
တချို့နှင်းခူယားနာတွေကို အမြစ်ပြတ်အောင် ကုလို့ ရပေမဲ့ အေတိုးပစ်နှင်းခူမျိုးကျတော့ ပျောက်လိုက်၊ ပေါ်လိုက်နဲ့ သံသရာလည်နေတာပါ။ ပိုယားပြီးတော့ ဒီဆေးဝယ်လိမ်းလိုက် သက်သာလိုက်၊ ပြန်ဖြစ်လိုက်၊ ပြန်လိမ်းလိုက်နဲ့ ဆရာဝန် မပြဘဲ ကိုယ့်ဘာသာကိုယ် ကုနေသူတွေလည်း အများကြီးပါ။တကယ်တော့ နှင်းခူအမျိုးအစား အနုအရင့်နဲ့ ဖြစ်တဲ့ နေရာပေါ် မူတည်ပြီး စတီးရွိုက်လိမ်းဆေးတွေ သုံးရပါ တယ်။ စတီးရွိုက်လိမ်းဆေးတွေမှာလည်း အပျော့၊ အပြင်း၊ အလယ်အလတ်စသဖြင့် ပြင်းအားအမျိုးမျိုး ရှိတဲ့အပြင် ရေဓာတ်ပါဝင်မှုများတဲ့ လိမ်းဆေး၊ အဆီဓာတ်ကဲတဲ့ လိမ်းဆေးစုံနေအောင် ရှိပါတယ်။ ဆေးအရည်တွေ၊ ဂျယ်လ်တွေတောင် ရှိပါတယ်။ အရေ ပြားထဲ ထိုးရတဲ့ စတီးရွိုက်ထိုးဆေးလည်း ရှိပါတယ်။ ဒီတော့ နှင်းခူကုသရာမှာ အနာနဲ့ ဆေးတည့်အောင် ပေးနိုင်မှ သက်သာပျောက်ကင်းနိုင်မှာပါ။ ဘေးထွက် ဆိုးကျိုးနည်းနိုင်မှာပါ။ ရေရှည်လိမ်းတဲ့အခါ ဆိုးကျိုးနည်းရအောင် စတီးရွိုက်မပါတဲ့ ရောင်ရမ်းမှု သက်သာစေတဲ့ လိမ်းဆေးတွေလည်း ရှိနေပါတယ်။ ဒီလို လိမ်းဆေး၊ ထိုးဆေးတွေအပြင် အယားသက်သာရအောင် အင်တီဟစ်စတာမင် (Antihistamines) စား ဆေးတွေလည်း လိုအပ်သလို မှီဝဲရပါသေးတယ်။ ပြောရရင် အများသိကြတဲ့ ဘာမီတွန်၊ စီထရီဇင်းဆေးတွေပေါ့။ နောက်ပြီး ကုတ်ရာ၊ ဖဲ့ရာတွေကြောင့် ပိုးဝင်သွားခဲ့ရင် ပိုးသတ်ဆေး သောက်ဆေး၊ လိမ်းဆေးတွေလည်း လိုအပ်တာပေါ့။

ရှောင်ရန်၊ ဆောင်ရန် သတိထား
တတ်နိုင်သမျှ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ ဒါမှမဟုတ် ကိုယ့်အရေပြားကို လောင်စေတဲ့ ဓာတ်ပစ္စည်းတွေကို ရှောင်ပါ။ ဥပမာ- ရေ၊ ဆပ်ပြာ၊ ဆံပင်ဆိုးဆေး၊ ရေချိုးခန်းသန့်ရှင်း၊ရေးသုံးပစ္စည်းတွေပေါ့။ မဖြစ်မနေ ကိုင်ရတွယ်ရတော့မယ်ဆိုရင်လည်း လုပ်ငန်းသုံး လက်အိတ်တွေ ဆောင်ထားရပါမယ်။ အရေပြား ခြောက်လေ နှင်းခူပိုဆိုးလေမို့ ခဏခဏရေချိုးတာ နှင်းခူကို အရက်ပြန်နဲ့ပွတ်တာ၊ ပိုးသတ်ဆပ်ပြာအပါအဝင် ဆပ်ပြာအပြင်းတွေသုံးတာကို ရှောင်ရပါမယ်။ အစိုလိမ်းခရမ် (moisturizer) တွေကိုလည်း လိုအပ် သလို လိမ်းပေးရပါမယ်။ ယားရင် ကုတ်တဲ့အခါ အနာတရ မဖြစ်ရအောင် လက်သည်းတွေလည်း တိုတို ထားပါ။ ကုတ်ဖို့အတွက် ဘီးတို့၊ တုတ်တံ၊ တုတ် ချောင်းတွေလည်း မသုံးပါနဲ့။ စောစောကဆွေးနွေးခဲ့တဲ့ နှင်းခူကို ဆိုးစေတဲ့ အချက်တွေလည်း ရှောင်ကြရ မှာပါ။ နှင်းခူယားနာဖြစ်ရင် စောစောစီးစီး ကုပါ။ အရေပြားဆရာဝန်များနှင့် တိုင်ပင်ပါ။ တဖြည်းဖြည်းနဲ့ နာတာရှည်နှင်းခူ ဖြစ်သွားရင် ကုရခက်ပါတယ်။

ဒေါက်တာကျော်ကျော်
အရေပြားအထူးကုဆရာဝန်ကြီး

31/10/2021

ကလေးမိဘများ သတိထားကြပါ။

ခေါင်းထောင်လာတဲ့ ရန်သူဟောင်း

လွန်ခဲ့ တဲ့တနာရီလောက်ကပဲ ရန်ကင်းကလေးဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကလေးအထူးကုဆရာဝန်တစ်ဦးစီကနေ ဒီ ၃-၄ ရက်အတွင်းပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးလူနာတွေရုတ်တရက်များလာတယ် လို့ သတိပေးလာပါတယ် ဖြစ်နေကျကတော့ သွေးလန့် တာ ကြာမှ သွေးလွန်တာဖြစ်တာပါ အခုကလေးတွေမှာတော့ သွေးမလန့်ပဲ သွေးလွန်တဲ့အဆင့်ကို ကျော် ဖြစ်တာ တွေ့ရတယ်လို့ ဆိုပါတယ်

ဒီ လ ရဲ့ အစ ပိုင်းမှာ ရာသီတုပ်ကွေးနဲ့ ကလေးတွေ အတော်ဖျားကြပါတယ် သွေးလွန်တုပ်ကွေးက​တော့ ပုံမှန်အတိုင်းအမြဲရှိနေပေမဲ့ ထူးခြားပြီး မပြင်းထန်ပါဘူး အခု ရာသီ တုပ်ကွေး တွေက ကျစပြုလာတဲ့ အချိန်မှာ ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးကလေးတွေတွေ့လာ ရလို့ ကျွန်တော်တို့ ဆရာဝန်ဆရာမတွေရော မိဘ တွေပါ စောစောသိစောစောကု သွေးလိုအပ်နိုင်သူတွေမှာ စောစောပြင်ဆင်ဖို့ လိုပါတယ်

သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်

၁. အော့ အန် ခြင်း
၂. အရေပြား ပေါ် တွင် အပိန့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေး ဖြူ ဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကော်ဖီ ရောင်အန်ခြင်း

အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက်လျှင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

အန္တရာယ် လ က္ခဏာ များ

သွေးလွန်တုပ်ကွေး ဖြစ်နိုင်ချေ ရှိသည့်လူနာတွင်

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ်
ကယောင်ကတမ်း ဖြစ်ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုန်း pcv တက်လာ ခြင်း

ဆေးရုံတက်သင့် သော လူနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

သွေးလွန်တုပ်ကွေးထောင်ချောက်

အရေး ကြီးသည့် သွေး လန့် ခြင်း မဖြစ် မှီ တွင် အဖျားကျ သွားတတ် သည်နေကောင်းသွားပြီ ဟု မှားယွင်းစွာယူဆတတ်သည်
အဖျား ကျ ပြီး မလန်းဆန်းလျှင် မှိန်း လျှင် ကယောင် ကတမ်း ဖြစ် လျှင် မူးဝအော့အန် လျှင် ဆေးရုံ သို့ အမြန် သွားရပါ မည်
စားသောက် ဆော့ ကစားနေ လျှင် မစိုးရိမ် ရပါ

သွေး လွန် တုပ် ကွေး အန္တရာယ်ကင်း
ဂါ ထာ

ရာသီတိုင်းတွင် ဖျားနာ လျှင်
သွေးလွန် တုပ် ကွေး မှတ်

အဖျားကျ စဉ် မလန်း လျှင်
အစဉ် သတိ ချပ်

ဒေါက်တာစောဝင်း ( ကလေးကျန်းမာရေး)

31/10/2021

#ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ.. booster ထပ်ထိုးဖို့ လိုမလား....‼️⁉️

#ကိုဗစ်ကာကွယ်ဆေးတွေကို
ကိုယ့်အစီအစဉ်နဲ့
ကိုယ် ထိုးနှံလို့ ရနေပြီဖြစ်တာကြောင့် လူအတော်များများက ကာကွယ်ဆေး ထိုးနှံဖို့ကို စိတ်ဝင်စားနေကြသလို ကာကွယ်ဆေး ထိုးပြီးသူတွေလည်း ရှိနေကြလောက်ပါတယ်။

#ကာကွယ်ဆေး မထိုးရသေးခင်ကတော့ ကာကွယ်ဆေးမှာ ဘယ်ကာကွယ်ဆေး အမျိုးအစားက စိတ်ချရလဲ။ ကာကွယ်ဆေး ထိုးရင် ဘယ်လိုတွေ ခံစားရမလဲ။ ကာကွယ်ဆေး ထိုးပြီး ခံစားရတဲ့ လက္ခဏာတွေကို ဘယ်လို သက်သာအောင် လုပ်ရ
မလဲ ဆိုတာတွေပါ။
#အခုချိန်မှာတော့ ကာကွယ်ဆေးတွေ ထိုးတာ ၁ ကြိမ် ပြီးတဲ့သူတွေလည်း ရှိသလို ၂ ကြိမ်လုံး ပြည့်ပြီးသွားသူတွေလည်း ရှိနေမှာပါ။

#ဒီတော့ စိတ်ဝင်တစား သိချင်နေမယ့် အကြောင်းအရာက ကာကွယ်ဆေး ထိုးပြီးရင် ကာကွယ်ဆေးက ကိုဗစ်ရန်ကနေ ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်မလဲ ဆိုတာကိုပါ။

#ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

#ကိုဗစ်ကာကွယ်ဆေးကပေးတဲ့ ခုခံအား
ကိုဗစ်ရောဂါကို ကူးစက်ခံရပြီးချိန်မှာလည်း ပြန်ကောင်းလာပြီဆိုရင် ခန္ဓာကိုယ်မှာ ကိုဗစ်ကို တုံ့ပြန် တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအား antibody ထွက်ပါတယ်။
ဒါက ပုံသေပြောလို့တော့ မရပါဘူး။ အချို့တွေမှာ လက္ခဏာတွေ လည်းပြတယ်။ ကိုဗစ်လည်း ဖြစ်တယ်။
ပြန်သက်သာလာချိန်မှာ antibody ကို test kit နဲ့ စစ်ကြည့်ပေမယ့် ကိုယ်ခံအား ထွက်မနေတာမျိုးတွေ ရှိပါတယ်။

#နောက်တစ်ချက်က ဒီလို ထွက်လာတဲ့ antibody က အကြာကြီး မခံဘဲ အလျင်အမြန် ကျဆင်းတတ်တယ်ဆိုတာပါ။ ဒီလို ကျဆင်းတာကြောင့်လည်း ကိုဗစ်ဖြစ်ပြီး ထပ်ကူးစက်ခံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာရတာပါ။

#ကာကွယ်ဆေးကတော့ ကိုဗစ်ကို ခုခံဖို့ ကိုယ်ခံအားကို သေချာပေါက် ထွက်စေမယ့်အရာပါ။ ကိုဗစ်က ပြန်သက်သာလာတယ်ဆိုရင်တောင် နောက်ထပ်တစ်ကြိမ် ဆိုတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ကာကွယ်ဆေးက လိုအပ်ဆဲပါ။

#ကိုဗစ်ကာကွယ်ဆေး ထိုးလိုက်တဲ့အခါ ပထမတစ်ကြိမ်မှာ ကိုယ်ခံအားက... ခန္ဓာကိုယ်ထဲ ဝင်ရောက်
လာတဲ့ ပြင်ပက ဗိုင်းရပ်စ်ကို ရှာဖွေတတ်အောင် လေ့ကျင့်ပေးတာ ဖြစ်ပြီး ကိုယ်ခံအား အနေနဲ့ ဗိုင်းရပ်စ်ကို ခုခံ တိုက်ထုတ်တတ်အောင် လေ့ကျင့်ချိန် ပေးလိုက်ပါတယ်။

#ဒီလေ့ကျင့်ချိန်မှာ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ လေ့ကျင့်ခွင့်ရလိုက်ပါတယ်။
ဒါကြောင့်လည်း ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဖျားချင်သလိုလို မအီမသာဖြစ်သလို ခံစားရတာပါ။

#ကာကွယ်ဆေး ပထမ အကြိမ်မှာ တုံ့ပြန်ဖို့ အကောင်းဆုံး လေ့ကျင့်ခွင့်ရထားတဲ့ ကိုယ်ခံအား အနေနဲ့ ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးလိုက်ချိန်မှာ အားဖြည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။
ဒီလို ထိုးပြီးတဲ့အခါ ကိုယ်ခံအားက ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးတဲ့ရက်ကနေ ၁၄ ရက်အတွင်းမှာ antibody စထွက်ပါမယ်။

*** #ကာကွယ်ဆေးကလည်းဆေးအောင်တယ်ဆိုမှ antibody ထွက်မှာပါ....***
#ကိုဗစ်ကို ခုခံတဲ့ antibody တွေဟာ ရိုးတွင်းခြင်ဆီထဲက antibody ထုတ်ပေးတဲ့ ကိုယ်ခံအားဆဲလ်တွေထဲမှာ ၇ လ ကနေ ၈ လလောက်အထိ ရှိနေတတ်တာမျိုးလည်း ရှိပါတယ်။

#ဒီထွက်လာတဲ့ antibody က ရက်ပေါင်း ၉၀ အကြာမှာ တဖြည်းဖြည်းချင်း ပြန်ကျလာတာမျိုးလည်း ရှိပါတယ်။
ကာကွယ်ဆေးအလိုက် အချိန်ကာလ ကွာခြားတာမျိုးလည်း ရှိနိုင်ပါတယ်။ ကာကွယ်ဆေး အများစုကတော့ ၆ လ အထိ ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။

immunity❣️

#နောက်ထပ် ဝမ်းသာစရာတစ်ခု ကိုဗစ်ဖြစ်ထားပြီး ကာကွယ်ဆေး ထိုးတဲ့သူတွေက ပုံမှန်ထက် ကိုယ်ခံအား ပိုကောင်းတယ် ဆိုတာပါ။
ရောဂါကို ခုခံတာကြောင့် ထွက်လာတဲ့ ကိုယ်ခံအားရော ကာကွယ်ဆေးက ထွက်တဲ့ ကိုယ်ခံအားရော ၂ ခုစလုံးကို တပြိုင်နက်တည်း ရတာကြောင့်ပါ။ ဒါကို hybrid immunity လို့ခေါ်ပါတယ်။
antibody က တစ်မျိုးတစ်စားမကတဲ့ antibody ကို ထွက်ရှိစေတာပါ။

#နိဂုံးချုပ်အနေနဲ့ ပြောချင်တာက ကိုဗစ်ကာကွယ်ဆေး ထိုးပြီး ထွက်လာတဲ့ antibody က အကြမ်းအားဖြင့် ၆ လ အထိ ခံတယ်ဆိုတာပါ။
ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း
မတ်ခ်တပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးကိုရှောင်တာလိုမျိုး ကိုဗစ် ကာကွယ်ရေး စည်းကမ်းတွေကို ဆက်လက်လိုက်နာဖို့ လိုပါမယ်။

#ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် booster လိုမလား‼️⁉️

#ကာကွယ်ဆေး အများစုက booster လိုပါမယ်။ တုပ်ကွေး ကာကွယ်ဆေးဆိုရင် တစ်နှစ်တစ်ခါ ထွက်လာတဲ့ မျိုးစိတ်သစ်ကို ကာကွယ်ဖို့ တစ်နှစ်တစ်ကြိမ် ထိုးပေးရပါတယ်။
တချို့ ကာကွယ်ဆေးတွေဆိုရင်လည်း ၆ လ တစ်ကြိမ်လောက် ထပ်ဆောင်းကာကွယ်ဆေး (booster) ထိုးရပါတယ်။

#ကိုဗစ်ကာကွယ်ဆေးအနေနဲ့ ဆေးနှစ်လုံး အပြည့်ထိုးပြီး ၆လကျော်ကြာတဲ့အခါ တတိယဆေးတစ်လုံး ထပ်ဆောင်းထိုးတာက ပိုကောင်းတယ်ဆိုတဲ့ စာတမ်းတွေတော့ ထွက်လာပါပြီ။

#ချမ်းသာတဲ့ နိုင်ငံတွေမှာလည်း ကိုဗစ်ဖြစ်လာရင် အန္တရာယ်ရှိတဲ့သူတွေ (ဥပမာ အသက်ကြီးတဲ့သူတွေ)ကို တတိယအကြိမ်ထိုးပေးဖို့ ပြင်ဆင်နေပါပြီ။

#သူတို့က ချမ်းသာတဲ့အတွက် ပြဿနာ မရှိပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ ဆင်းရဲလို့ ၂လုံးပြည့်အောင် ထိုးဖို့ အနိုင်နိုင်ထိုးဖို့ ခက်တဲ့သူတွေအတွက် ဒီဟာက အခက်အခဲ ရှိနိုင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီးလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကာကွယ်ဆေး လွှမ်းခြုံမှု မကောင်းတဲ့ အနေအထား ဖြစ်နေလို့ပါ။

#ကပ်ရောဂါတွေရဲ့ သဘောတရားအတိုင်း ကိုယ်တစ်ယောက်တည်း ထိုးထားလို့ မရဘဲ လူအများစု ထိုးနိုင်မှ ဒီကပ်ရောဂါကြီး ရပ်တန့်သွားမှာမို့လို့ပါ။ မဟုတ်ရင် ဗီဇပြောင်းပိုးတွေလည်း ဆက်ကာ ဆက်ကာ ပေါ်နေမှာပါ။

#ဒီတော့ ထိုးသင့်လား မထိုးသင့်ဘူးလားဆိုရင် ဆေး ၂လုံးထိုးပြီးသား လူတွေက တော်တော်ကာကွယ်နိုင်နေပါပြီ။
မဖြစ်မနေထိုးစရာတော့ မဟုတ်ပါဘူး။
စိတ်ချရတဲ့ ဆေးကိုလည်း ရနိုင်မယ်၊ ကိုဗစ်ဖြစ်လာရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့သူလည်း ဖြစ်နေမယ်ဆိုရင်တော့ ထိုးချင် ထိုးနိုင်ပါတယ်။

#သာမန်လူကတော့ ၂လုံး ပြည့်ပြီးသားဆိုရင် မထိုးရသေးတဲ့သူတွေကို ဦးစားပေးပေးပါ။
ကာကွယ်ဆေးကို ၂လုံးပဲထိုးထိုး၊
၃လုံးပဲထိုးထိုး

#မက်စ်တပ်😷😷
#လက်ဆေး၊
#ဝေးဝေးနေ ဆိုတာကိုတော့ ဆက်ပြီး လုပ်နေရဦးမှာပဲ ဖြစ်ပါတယ်။

#အားလုံးကျန်းမာ၍ရောဂါဘေးမှကင်းဝေးကြပါစေ။

: Hellosayarwon

Website