Doh Ah Nyar ဒို့အညာ

Doh Ah Nyar ဒို့အညာ

Doh Ah Nyar Youtube Channel

17/12/2023

နွားတစ်ထောင်

အစ-အဆုံး

ဒီနေ့ည ၁၇ရက် ဒီဇင်ဘာ ည(၈) နာရီ

တင်ဆက်ပါမယ်

DAN ..Ads Limit ထိထားပါတယ်

#ဒို့အညာ

#နွားတစ်ထောင်

15/12/2023

ဒို့အညာယူကျု့ချန်နယ် ကို အားပေးဝန်းရံကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီအား ကျေးဇူးအထူးတင်ပါတယ်။

အချောလေးတွေပေးတဲ့အားအင်တွေကြောင့် အခုချိန်ထိ အသံစာအုပ်ကောင်းတွေတင်ဆက်နိုင်တာဖြစ်ပါတယ်။

အားပေးနားဆင်ဝန်းရံကြပါဦးရှင်

မောင် ကိုကို နှင့် မြနန္ဒာ

ရွတ်ဖတ်သူ ဘယ်သူဖြစ်မလဲ ဝိုင်းစဉ်းစားပေးပါဦးနော်

#ဒို့အညာ #ဒို့အညာ #မောင်ကိုကိုနှင့်မြနန္ဒာ ကြည်အေး

14/12/2023

နွားတစ်ထောင်
ခင်နှင်းယု
တင်ဆက်သူ JAY
အပိုင်း (၆) ဇာတ်သိမ်းပိုင်း
ကြာသပတေးနေ့ ည (၈) နာရီတွင်
တင်ဆက်မည်

12/12/2023

ဒီည (၈) နာရီ

အားလုံးအတွက် စပရိုက် LIVE ရှိပါမယ်

တင်ဆက်သူ JAY ပါ

မင်မင်လည်းအတူတူရှိနေမယ်နော်.

#ဒို့အညာ

11/12/2023

မမယု
၁၁၂၇ ကို ကြိုဆိုပါ၏
JAY
ဗုဒ္ဓဟူးနေ့ ည (၈) နာရီ

^^^^^^^^^^^
လူတော်တော်များများ
ပင်လယ်ကမ်းခြေကို
ရောက်ဖူးကြပါလိမ့်မယ်။

မရောက်ဖူးတောင်
ရုပ်ရှင်တွေ၊ဓါတ်ပုံတွေက
တဆင့်
မြင်ဖူးကြပါလိမ့်မယ်။

ဖြူလွလွ သဲသောင် နဲ့
ရေစပ်စပ်မှာ
တရွရွ ပြေးလွှားနေတဲ့
ပင်လယ်သတ္တဝါလေးတွေ
ခရုလေးတွေ
ပင်လယ်ရေမှော်လေးတွေ
ဟိုတစ်စ ဒီတစ်ခု တင်ကျန်လို့နေတဲ့
ကျောက်ဆောင် အကြီးအသေးတွေကြား
ပင်လယ်ရေကြည်ကြည်လေးတွေက ခိုဝင်လို့။

11/12/2023

ဇာတ်သိမ်းပြီတော်ရေ
ဇာတ်သိမ်းသွားပြန်ပြီ

စိန်စိန်

ခရီးဝင်္ကပါ

အပိုင်း (၂၈) ဇာတ်သိမ်းပိုင်း

ည(၈) နာရီ

တင်ဆက်ပါမယ်

အချိန် (၂) လကြာအထိ အပိုင်းဆက်တိုင်းကို စိတ်ပါသေချာစွာ အားပေးနားထောင်ခဲ့ကြတဲ့ တစ်ယောက်ချင်းစီအား အထူးပင်ကျေးဇူးတင်ပါတယ်ရှင့် ...

#ဒို့အညာ #စိန်စိန် #ခရီးဝင်္ကပါ

06/12/2023

JAY တင်ဆက်နေတဲ့

ခင်နှင်းယု - နွားတစ်ထောင် အပိုင်း (၂)

မနက်ဖြန် (၈) နာရီ Live ရှိပါမယ်

06/12/2023

စိန်စိန်

ခရီးဝင်္ကပါ

အပိုင်း (၂၆)

ည(၈) နာရီ

တင်ဆက်ပါမယ်

#ဒို့အညာ

06/12/2023

ဒို့အညာကလစ်ကာများ နွေလင်းဟန် - ကိုနွေကြီး
ပါဝငိတဲ့ NEXT SHOW ပွဲကြည့်လက်မှတ် ကံစမ်းလက်ဆောင်ယူကြပါနော်

04/12/2023

Doh Ah Nyar ဒို့အညာ ရဲ့ ပရိသတ်များအားလုံး မင်္ဂလာပါ

အားလုံးစောင့်မျှော်နေကြတဲ့ JAY ရဲ့ အလှည့်ကျရောက်လာပြီ

မနက်ဖြန် မနက် ၈ နာရီမှာ ဆရာမ ခင်နှင်းယု ရဲ့ ''နွားတစ်ထောင် " ဝတ္ထုရှည်ကို အခန်းဆက်အနေနဲ့ အသံတင်ဆက်သူ '' JAY '' က ဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ် ။

ခင်နှင်းယု
နွားတစ်ထောင်
အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ တနင်္ဂနွေ မနက် (၈) နာရီ
တင်ဆက်သူ -JAY

ဒါကြောင့် မနက်ဖြန် မနက် (၈:၀၀) နာရီအချိန် ဒို့အညာယူကျု့ဘ်ချန်နယ်မှာ အတူဆုံကြမယ်နော်...

#ခင်နှင်းယု #နွားတစ်ထောင် #ဝတ္ထုတို
#ဒို့အညာ

24/11/2023

Doh Ah Nyar ဒို့အညာ ရဲ့ ပရိသတ်များအားလုံး မင်္ဂလာပါ

မနက်ဖြန် စနေနေ့ညမှာတော့ ဆရာ လူထုဦးလှရဲ့ လိမ်တဲ့လောက ဝတ္ထုတိုလေးကို အသံတင်ဆက်သူ နာရီက ဖတ်ပြပေးထားတာကို တင်ဆက်ပေးသွားဖို့ရှိပါတယ်

ဒါကြောင့် မနက်ဖြန် နိုဝင်ဘာလ ၂၅ ရက်နေ့၊ ည (၈:၀၀) နာရီအချိန် ဒို့အညာယူကျု့ဘ်ချန်နယ်မှာ အတူဆုံကြမယ်နော်

#လူထုဦးလှ #လိမ်တဲ့လောက #ဝတ္ထုတို
#ဒို့အညာ

19/11/2023

ဒီတခေါက် ဒို့အညာရဲ့ ပရိသတ်များ နားဆင်ရမှာကတော့ ဆရာမ နှောင်း ရေးသားထားတဲ့ "နွေဦးရင်သွေး" ဆိုတဲ့ ဝတ္ထုတိုလေးပဲဖြစ်ပါတယ်

ဒီဝတ္ထုတိုဟာ အသစ်စက်စက် ဝတ္ထုတို တပုဒ်ဖြစ်ပြီး ဒို့အညာကနေ ပထမဆုံး စတင် ထုတ်လွှင့်တာ ဖြစ်ပါတယ်

ဆရာမ နှောင်းရဲ့ "နွေဦးရင်သွေး" ဝတ္ထုတိုကို ယနေ့ နေ့လယ် (၁:၀၀) နာရီအချိန်ကစပြီး Doh Ah Nyar ဒို့အညာ ချန်နယ်မှာ နိုနိုရဲ့ တင်ဆက်မှုနဲ့အတူ နားဆင်ကြရမှာပဲ ဖြစ်ပါတယ်

#နှောင်း #နွေဦးရင်သွေး #ဝတ္ထုတို #အသံစာအုပ်
#တို့အညာ #ဒို့အညာ

11/11/2023

ဒီတပတ် စနေနေ့မှာ ဒို့အညာရဲ့ ကလစ်ကာများအားလုံး နားဆင်ကြရမှာကတော့ ယခင်အပတ်က တင်ဆက်ခဲ့တဲ့ Andrew Matthews ရဲ့ Making Friends စာအုပ်ကို ကိုဂျင်မီက "မိတ်ဖြစ်ဆွေဖြစ်" ဆိုပြီး ဘာသာပြန်ဆိုထားတဲ့ စာအုပ်လေးထဲက နောက်ထပ်တပိုင်းဖြစ်တဲ့ "လူတွေဟာ လေးစားမှုကို လိုချင်ကြတယ်" ဆောင်းပါးလေးပဲ ဖြစ်ပါတယ်

ကိုဂျင်မီဟာ ဒီစာအုပ်ကို သူပထမဆုံး ထောင်စကျခဲ့တဲ့ ၁၉၈၈ ခုနှစ် ၈ လေးလုံးအရေးတော်ပုံ ထောင်ကျစဉ်အခါက သာယာဝတီထောင်ထဲမှာနေစဉ်အတွင်းမှာ ဘာသာပြန် ရေးသားခဲ့တာ ဖြစ်ပါတယ်

ဒီစာအုပ်လေးကို ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ မနီလာသိန်း ကိုယ်တိုင် ရွတ်ဖတ်ပေးထားပါတယ်

ကိုဂျင်မီရဲ့ မိတ်ဖြစ်ဆွေဖြစ် စာအုပ်ထဲက "လူတွေဟာ လေးစားမှုကို လိုချင်ကြတယ်" ဆောင်းပါးကို ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့၊ ည (၈:၀၀) နာရီအချိန်မှာ တင်ဆက်သွားမှာဖြစ်လို့ ကလစ်ကာများအားလုံး မလွတ်တမ်း စောင့်မျှော်အားပေး နားဆင်ပေးကြပါဦးနော်

ကိုဂျင်မီ၏ ကိုယ်ရေးအကျဥ်း

အမည်ရင်းမှာ ကျော်မင်းယု ဖြစ်သည်။

၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် အဘ ဦးတင်ယု၊ အမိ ဒေါ်အမာညွန့်တို့မှ ဖွားမြင်ခဲ့သည်။

မူလတန်းပညာကို ရှမ်းပြည်နယ် ပင်းတယမြို့၌ သင်ကြားခဲ့ပြီး၊ အလယ်တန်းနှင့် အထက်တန်းပညာကို အ.ထ.က (၂) ကမာရွတ် (စိန့်သြဂတ်စတင်း) ကျောင်းတွင် သင်ကြားခဲ့သည်။

တက္ကသိုလ်ပညာကို ရူပဗေဒအဓိကဘာသာရပ်ဖြင့် တတိယနှစ်အထိ ရန်ကုန်တက္ကသိုလ် (လှိုင်) နယ်မြေ နှင့် ရန်ကုန်တက္ကသိုလ် (ပင်မ) တွင် သင်ကြားခဲ့သည်။

၁၉၈၈၊ မတ်လ (၁၆)ရက် တံတားနီ ကျောင်းသားလှုပ်ရှားမှုမှစတင်၍ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ဆန္ဒပြပွဲများတွင် စတင်ပါဝင်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီထူထောင်ရာတွင် ဗဟိုအလုပ်အမှုဆောင် (စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ) တာဝန်ယူခဲ့သည်။

၁၉၈၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ်နှစ် (၂၀) ချမှတ်ခံခဲ့ရသည်။

၁၉၉၆ ခုနှစ်၊ မတ်လ (၂၈ )ရက်နေ့ အကျဥ်းကျနေစဥ်ကာလအတွင်း နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်သည့်အတွက် အကျဥ်းထောင်ထဲတွင်ပင် ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံခဲ့ရသည်။

၂၀၀၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ပထမအကြိမ်ပြန်လည် လွတ်မြောက်လာပြီး (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့တွင် ဦးဆောင်ပါဝင်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် မနီလာသိန်း နှင့် အိမ်ထောင်ကျပြီး သမီးတစ်ယောက် ထွန်းကားခဲ့သည်။

၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် စစ်အစိုးရမှ ထပ်မံထိန်းသိမ်းကာ လူထုလှုပ်ရှားမှုများပေါ်ပေါက်ရန် စည်းရုံးလှုံ့ဆော်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ထောင်ဒဏ် (၆၅) နှစ် ချမှတ်ခံခဲ့ရသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

အကျဥ်းထောင်များထဲတွင် နိုင်ငံရေးအကျဥ်းသားဖြင့် နှစ် (၂၀) ကျော်ကြာနေထိုင်ခဲ့ရသည်။

၂၀၀၅ ခုနှစ်တွင် ဘုန်းသုခ ကလောင်အမည်ဖြင့် ကဗျာများ ဆောင်းပါများကို ရတီမဂ္ဂဇင်းတွင် ရေးသားခဲ့ပြီး “မိတ်ဖြစ်ဆွေဖြစ်” အမည်ရှိ လူငယ်လမ်းညွှန်စာအုပ်ကို ဘာသာပြန်ရေးသားခဲ့သည်။

ဒုတိယအကြိမ် ပြန်လည်လွတ်မြောက်လာချိန်တွင် ဂျင်မီ ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ “လမင်းစန္ဒာ အင်းလေးကန်သာ” အမည်ရှိ လုံးချင်းဝတ္ထု၊ “ရွတ်ဆို ကျင့်ကြံ ဒီမိုကရေစီစံ” ဆောင်းပါးရှည်၊ တောင်ကြီး အကျဥ်းထောင်တွင် အကျဥ်းကျခံနေရစဥ် သရက်အကျဥ်းထောင်၌ အကျဥ်းကျခံနေရသော ဇနီးဖြစ်သူ နိုင်ငံရေး အကျဥ်းသူ မနီလာသိန်းနှင့် အပြန်အလှန်ရေးသားခဲ့သော ကဗျာများကို စုစည်း၍ “နှလုံးသွေးဂီတချစ်သူနှင့် ကျွန်မ ကဗျာစုများ” စာအုပ် ၊ “သံစုံတီးတဲ့ ဝဲသြဃ” အမည်ရှိ လုံးချင်းဝတ္ထု၊ “အိမ်မက်ပုံအချစ်” ဘာသာပြန်ကဗျာစာအုပ်၊ “နောက်ဆုံးအားပေးသံ” ဘာသာပြန်ဝတ္ထုနှင့် နောက်ဆုံးထွက်ရှိထားသော “ဝဲသြဃမှ တေးသံပြိုင်လို့” လုံးချင်းဝတ္ထု စသည်တို့ကို ရေးသားထုတ်ဝေခဲ့သည်။

အပတ်စဥ် အင်္ဂါနေ့တိုင်း RFA ရေဒီယ်ိုတွင် ဒီမိုကရေစီ (သို့မဟုတ်) ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကျွန်တော်နှင့်နိုင်ငံရေးအကြောင်း၊ ကမ္ဘာမကြေ မြန်မာပြည် ခေါင်းစဥ်တို့ဖြင့် ပြင်ပဆောင်းပါးရှင်အဖြစ် (၄) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် အကျဥ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာကြသော (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ပေါင်းစု၍ ဖွဲ့စည်းထားသော (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၌ အတွင်းရေးမှူးအဖွဲ့ဝင် လူထုဆက်ဆံရေးနှင့်လူ့အခွင့်အရေး တာဝန်ခံအဖြစ် ဆောင်ရွက်ရင်း စာရေးဆရာအဖြစ်လည်း အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်ကမတရားအာဏာသိမ်းခဲ့သည့်အတွက် ယနေ့အချိန်အထိ ဓမ္မ ဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၃)ရက်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး။

၂၀၂၂ခုနှစ်ဇန်နဝါရီလ၂၁ရက်နေ့တွင် သေဒဏ်အမိန့် ချမှတ်ခဲ့ပြီး။

၂၀၂၂ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။

#ဂျင်မီ #မိတ်ဖြစ်ဆွေဖြစ် #လူတွေဟာလေးစားမှုကိုလိုချင်ကြတယ် #အသံစာအုပ်
#ဒို့အညာ

11/11/2023

ဒီတခေါက် ဒို့အညာရဲ့ ပရိသတ်များ နားဆင်ရမှာကတော့ ဆရာမ နှောင်း ရေးသားထားတဲ့ "အိမ်ပြန်လမ်း" ဆိုတဲ့ ဝတ္ထုတိုလေးပဲဖြစ်ပါတယ်

ဒီဝတ္ထုတိုဟာ အသစ်စက်စက် ဝတ္ထုတို တပုဒ်ဖြစ်ပြီး ဒို့အညာကနေ ပထမဆုံး စတင် ထုတ်လွှင့်တာ ဖြစ်ပါတယ်

ဆရာမ နှောင်းရဲ့ "အိမ်ပြန်လမ်း" ဝတ္ထုတိုကို ယနေ့ နေ့လယ် (၁:၀၀) နာရီအချိန်ကစပြီး Doh Ah Nyar ဒို့အညာ ချန်နယ်မှာ နိုနိုရဲ့ တင်ဆက်မှုနဲ့အတူ နားဆင်ကြရမှာပဲ ဖြစ်ပါတယ်

#နှောင်း #အိမ်ပြန်လမ်း #ဝတ္ထုတို #အသံစာအုပ်
#တို့အညာ #ဒို့အညာ

10/11/2023

ဆရာ မောင်ထင်ရဲ့ ကောက်ညှင်းကျည်တောက် ဝတ္ထုတိုလေးကို ဒီနေ့ နေ့လယ် ၁ နာရီအချိန်ကစပြီး Doh Ah Nyar ဒို့အညာ ယူကျု့ဘ်ချန်နယ်လေးမှာ နားဆင်လို့ရပါပြီ

ဒီအသံစာအုပ်ကို အသံတင်ဆက်သူအဖြစ် SJ က အကောင်းဆုံး ဖတ်ပြပေးထားပါတယ်

နားဆင်ကြည့်ကြပါဦးနော် ❤️

09/11/2023

လက်ရှိ Doh Ah Nyar ဒို့အညာ ချန်နယ်ရဲ့ တင်ဆက်မှု အချိန်ဇယား

ခင်သန္တာ
ဖိအားများမှ လွတ်မြောက်ခြင်း ဆောင်းပါးများ စုစည်းမှု
အပတ်စဥ် တနင်္လာမှ သောကြာ နံနက် (၉) နာရီ
တင်ဆက်သူ - ခင်

စိန်စိန်
ခရီးဝင်္ကပါ
အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ည (၈) နာရီ
တင်ဆက်သူ - နိုနို

ဝင်းငြိမ်း
ဗမာ့မုဆိုး
အပတ်စဥ် အင်္ဂါ၊ ကြာသပတေး၊ တနင်္ဂနွေ ည (၈) နာရီ
တင်ဆက်သူ - ကိုရာဟု

ဂျင်မီ
မိတ်ဖြစ်ဆွေဖြစ်
အပတ်စဥ် စနေနေ့ ည (၈) နာရီ
တင်ဆက်သူ - မနီလာသိန်း

08/11/2023

ဆရာ ညီပုလေးရဲ့ ငါးသေတ္တာ ဝတ္ထုတိုလေးကို ဒီနေ့ နေ့လယ် ၁ နာရီအချိန်ကစပြီး Doh Ah Nyar ဒို့အညာ ယူကျု့ဘ်ချန်နယ်လေးမှာ နားဆင်လို့ရပါပြီ

ဒီအသံစာအုပ်ကို အသံတင်ဆက်သူအဖြစ် SJ က အကောင်းဆုံး ဖတ်ပြပေးထားပါတယ်

နားဆင်ကြည့်ကြပါဦးနော် ❤️

07/11/2023

Doh Ah Nyar ဒို့အညာ ရဲ့ ပရိသတ်များအားလုံး မင်္ဂလာပါရှင့်

အခုတခါ တင်ဆက်ပေးဖို့ အလှည့်ကျလာတာကတော့ Jack Girsham ရဲ့ Burma Jack ဆိုတဲ့စာအုပ်ကို ဆရာဝင်းငြိမ်းဘာသာပြန်ထားတဲ့ "ဗမာ့မုဆိုး" ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်

မူရင်းစာရေးသူ Jack Girsham ဟာ ဗမာပြည်ဖွား စကော့တလန် ကပြားတယောက်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ သစ်ထုတ်လုပ်ရေးလုပ်ငန်းနဲ့ အမဲလိုက်မုဆိုးအလုပ်ကို လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်

ဒီလို စိတ်ဝင်စားဖွယ် အကြောင်းအရာများပါဝင်တဲ့ ဖြစ်ရပ်မှန် အထ္ထုပ္ပတ္တိဝတ္ထုလေးကို ယနေ့ည (၈:၀၀) နာရီကစပြီး အပတ်စဥ် အင်္ဂါ၊ ကြာသပတေးနဲ့ တနင်္ဂနွေနေ့ ည (၈:၀၀) နာရီအချိန်တိုင်းမှာ ကလစ်ကာတို့ရဲ့ အချစ်တော် ကိုရာဟု က အကောင်းဆုံး တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်ဆက် စောင့်မျှော်နားဆင်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်

#ဝင်းငြိမ်း #ဗမာ့မုဆိုး #ဖြစ်ရပ်မှန် #အတ္ထုပ္ပတ္တိ #ဘာသာပြန်ဝတ္ထု
#ဒို့အညာ

05/11/2023

Doh Ah Nyar ဒို့အညာ ရဲ့ ပရိသတ်များအားလုံး မင်္ဂလာပါ

ဒီတပတ် တနင်္ဂနွေနေ့ညမှာတော့ မိုးရာသီနဲ့ ပတ်သက်တဲ့ နောက်ထပ်စာတစ်ပုဒ်အဖြစ် စာရေးသူ မင်းသန့်ရဲ့ မိုးရာသီပြဇာတ် အက်ဆေးလေးကို တင်ဆက်သူ Jay က အကောင်းဆုံး ဖတ်ပြပေးထားပါတယ်

Video ဖိုင်လေးက လေးမိနစ်ပဲရှိတာမို့ ခဏလောက်ဖြစ်ဖြစ် သွားရောက်နားဆင်ပေးကြပါဦးနော်

#မင်းသန့် #မိုးရာသီပြဇာတ် #အက်ဆေး
#ဒို့အညာ

04/11/2023

ဒီတပတ် စနေနေ့မှာ ဒို့အညာရဲ့ ကလစ်ကာများအားလုံး နားဆင်ကြရမှာကတော့ ယခင်အပတ်က တင်ဆက်ခဲ့တဲ့ Andrew Matthews ရဲ့ Making Friends စာအုပ်ကို ကိုဂျင်မီက "မိတ်ဖြစ်ဆွေဖြစ်" ဆိုပြီး ဘာသာပြန်ဆိုထားတဲ့ စာအုပ်လေးထဲက နောက်ထပ်တပိုင်းဖြစ်တဲ့ "ပြောသလိုလုပ်ပါ" ဆောင်းပါးလေးပဲ ဖြစ်ပါတယ်

ကိုဂျင်မီဟာ ဒီစာအုပ်ကို သူပထမဆုံး ထောင်စကျခဲ့တဲ့ ၁၉၈၈ ခုနှစ် ၈ လေးလုံးအရေးတော်ပုံ ထောင်ကျစဉ်အခါက သာယာဝတီထောင်ထဲမှာနေစဉ်အတွင်းမှာ ဘာသာပြန် ရေးသားခဲ့တာ ဖြစ်ပါတယ်

ဒီစာအုပ်လေးကို ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ မနီလာသိန်း ကိုယ်တိုင် ရွတ်ဖတ်ပေးထားပါတယ်

ကိုဂျင်မီရဲ့ မိတ်ဖြစ်ဆွေဖြစ် စာအုပ်ထဲက "ပြောသလိုလုပ်ပါ" ဆောင်းပါးကို ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့၊ ည (၈:၀၀) နာရီအချိန်မှာ တင်ဆက်သွားမှာဖြစ်လို့ ကလစ်ကာများအားလုံး မလွတ်တမ်း စောင့်မျှော်အားပေး နားဆင်ပေးကြပါဦးနော်

ကိုဂျင်မီ၏ ကိုယ်ရေးအကျဥ်း

အမည်ရင်းမှာ ကျော်မင်းယု ဖြစ်သည်။

၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် အဘ ဦးတင်ယု၊ အမိ ဒေါ်အမာညွန့်တို့မှ ဖွားမြင်ခဲ့သည်။

မူလတန်းပညာကို ရှမ်းပြည်နယ် ပင်းတယမြို့၌ သင်ကြားခဲ့ပြီး၊ အလယ်တန်းနှင့် အထက်တန်းပညာကို အ.ထ.က (၂) ကမာရွတ် (စိန့်သြဂတ်စတင်း) ကျောင်းတွင် သင်ကြားခဲ့သည်။

တက္ကသိုလ်ပညာကို ရူပဗေဒအဓိကဘာသာရပ်ဖြင့် တတိယနှစ်အထိ ရန်ကုန်တက္ကသိုလ် (လှိုင်) နယ်မြေ နှင့် ရန်ကုန်တက္ကသိုလ် (ပင်မ) တွင် သင်ကြားခဲ့သည်။

၁၉၈၈၊ မတ်လ (၁၆)ရက် တံတားနီ ကျောင်းသားလှုပ်ရှားမှုမှစတင်၍ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ဆန္ဒပြပွဲများတွင် စတင်ပါဝင်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီထူထောင်ရာတွင် ဗဟိုအလုပ်အမှုဆောင် (စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ) တာဝန်ယူခဲ့သည်။

၁၉၈၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ်နှစ် (၂၀) ချမှတ်ခံခဲ့ရသည်။

၁၉၉၆ ခုနှစ်၊ မတ်လ (၂၈ )ရက်နေ့ အကျဥ်းကျနေစဥ်ကာလအတွင်း နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်သည့်အတွက် အကျဥ်းထောင်ထဲတွင်ပင် ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံခဲ့ရသည်။

၂၀၀၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ပထမအကြိမ်ပြန်လည် လွတ်မြောက်လာပြီး (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့တွင် ဦးဆောင်ပါဝင်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် မနီလာသိန်း နှင့် အိမ်ထောင်ကျပြီး သမီးတစ်ယောက် ထွန်းကားခဲ့သည်။

၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် စစ်အစိုးရမှ ထပ်မံထိန်းသိမ်းကာ လူထုလှုပ်ရှားမှုများပေါ်ပေါက်ရန် စည်းရုံးလှုံ့ဆော်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ထောင်ဒဏ် (၆၅) နှစ် ချမှတ်ခံခဲ့ရသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

အကျဥ်းထောင်များထဲတွင် နိုင်ငံရေးအကျဥ်းသားဖြင့် နှစ် (၂၀) ကျော်ကြာနေထိုင်ခဲ့ရသည်။

၂၀၀၅ ခုနှစ်တွင် ဘုန်းသုခ ကလောင်အမည်ဖြင့် ကဗျာများ ဆောင်းပါများကို ရတီမဂ္ဂဇင်းတွင် ရေးသားခဲ့ပြီး “မိတ်ဖြစ်ဆွေဖြစ်” အမည်ရှိ လူငယ်လမ်းညွှန်စာအုပ်ကို ဘာသာပြန်ရေးသားခဲ့သည်။

ဒုတိယအကြိမ် ပြန်လည်လွတ်မြောက်လာချိန်တွင် ဂျင်မီ ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ “လမင်းစန္ဒာ အင်းလေးကန်သာ” အမည်ရှိ လုံးချင်းဝတ္ထု၊ “ရွတ်ဆို ကျင့်ကြံ ဒီမိုကရေစီစံ” ဆောင်းပါးရှည်၊ တောင်ကြီး အကျဥ်းထောင်တွင် အကျဥ်းကျခံနေရစဥ် သရက်အကျဥ်းထောင်၌ အကျဥ်းကျခံနေရသော ဇနီးဖြစ်သူ နိုင်ငံရေး အကျဥ်းသူ မနီလာသိန်းနှင့် အပြန်အလှန်ရေးသားခဲ့သော ကဗျာများကို စုစည်း၍ “နှလုံးသွေးဂီတချစ်သူနှင့် ကျွန်မ ကဗျာစုများ” စာအုပ် ၊ “သံစုံတီးတဲ့ ဝဲသြဃ” အမည်ရှိ လုံးချင်းဝတ္ထု၊ “အိမ်မက်ပုံအချစ်” ဘာသာပြန်ကဗျာစာအုပ်၊ “နောက်ဆုံးအားပေးသံ” ဘာသာပြန်ဝတ္ထုနှင့် နောက်ဆုံးထွက်ရှိထားသော “ဝဲသြဃမှ တေးသံပြိုင်လို့” လုံးချင်းဝတ္ထု စသည်တို့ကို ရေးသားထုတ်ဝေခဲ့သည်။

အပတ်စဥ် အင်္ဂါနေ့တိုင်း RFA ရေဒီယ်ိုတွင် ဒီမိုကရေစီ (သို့မဟုတ်) ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကျွန်တော်နှင့်နိုင်ငံရေးအကြောင်း၊ ကမ္ဘာမကြေ မြန်မာပြည် ခေါင်းစဥ်တို့ဖြင့် ပြင်ပဆောင်းပါးရှင်အဖြစ် (၄) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် အကျဥ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာကြသော (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ပေါင်းစု၍ ဖွဲ့စည်းထားသော (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၌ အတွင်းရေးမှူးအဖွဲ့ဝင် လူထုဆက်ဆံရေးနှင့်လူ့အခွင့်အရေး တာဝန်ခံအဖြစ် ဆောင်ရွက်ရင်း စာရေးဆရာအဖြစ်လည်း အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်ကမတရားအာဏာသိမ်းခဲ့သည့်အတွက် ယနေ့အချိန်အထိ ဓမ္မ ဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၃)ရက်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး။

၂၀၂၂ခုနှစ်ဇန်နဝါရီလ၂၁ရက်နေ့တွင် သေဒဏ်အမိန့် ချမှတ်ခဲ့ပြီး။

၂၀၂၂ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။

#ဂျင်မီ #မိတ်ဖြစ်ဆွေဖြစ် #ပြောသလိုလုပ်ပါ #အသံစာအုပ်
#ဒို့အညာ

03/11/2023

Doh Ah Nyar ဒို့အညာ ရဲ့ ပရိသတ်များအားလုံး မင်္ဂလာပါ

ဒီတပတ် သောကြာညမှာတော့ ဆရာ နေမျိုးရဲ့ မိုးသားတွေ ဝတ္ထုတိုလေးကို တင်ဆက်သူ Jay က အကောင်းဆုံး ဖတ်ပြပေးထားပါတယ်

Video ဖိုင်လေးက သုံးမိနစ်ပဲရှိတာမို့ ခဏလောက်ဖြစ်ဖြစ် သွားရောက်နားဆင်ပေးကြပါဦးနော်

#နေမျိုး #မိုးသားတွေ #ဝတ္ထုတို
#ဒို့အညာ

31/10/2023

ဒီတခေါက် ဒို့အညာရဲ့ ပရိသတ်များ နားဆင်ရမှာကတော့ ဆရာမ နှောင်း ရေးသားထားတဲ့ "ဘာမေးရှား" ဆိုတဲ့ ဝတ္ထုတိုလေးပဲဖြစ်ပါတယ်

ဒီဝတ္ထုတိုဟာ နွေဦးတော်လှန်ရေးအတွင်း မီးလောင်တိုက်သွင်းခံခဲ့ရတဲ့ ရွာတစ်ရွာအကြောင်း ခံစားရေးဖွဲ့ထားတဲ့ အသစ်စက်စက် ဝတ္ထုတို တပုဒ်ဖြစ်ပြီး ဒို့အညာကနေ ပထမဆုံး စတင် ထုတ်လွှင့်တာ ဖြစ်ပါတယ်

ဆရာမ နှောင်းရဲ့ "ဘာမေးရှား" ဝတ္ထုတိုကို ယနေ့ည (၈:၀၀) နာရီအချိန်ကစပြီး Doh Ah Nyar ဒို့အညာ ချန်နယ်မှာ နိုနိုရဲ့ တင်ဆက်မှုနဲ့အတူ နားဆင်ကြရမှာပဲ ဖြစ်ပါတယ်

#နှောင်း #ဘာမေးရှား #ဝတ္ထုတို #အသံစာအုပ်
#တို့အညာ #ဒို့အညာ

29/10/2023

ဒီတခေါက် ဒို့အညာရဲ့ ပရိသတ်များ နားဆင်ရမှာကတော့ ဆရာမ ဆောလျန် ရေးသားထားတဲ့ "အိပ်မက်နွံ" ဆိုတဲ့ ဝတ္ထုတိုလေးပဲဖြစ်ပါတယ်

ဒီဝတ္ထုတိုဟာ နွေဦးတော်လှန်ရေးအတွင်း ကလေးတစ်ယောက်အမေအနေဖြင့် ဘဝကို ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရှင်သန်ရပုံနှင့် ၎င်း၏ သမီးငယ်အပေါ်ထားရှိသော မိခင်တယောက်၏ မေတ္တာတရားတို့ကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ အသစ်စက်စက် ဝတ္ထုတို တပုဒ်ဖြစ်ပြီး ဒို့အညာကနေ ပထမဆုံး စတင် ထုတ်လွှင့်တာ ဖြစ်ပါတယ်

ဆရာမ ဆောလျန်ရဲ့ "အိပ်မက်နွံ" ဝတ္ထုတိုကို ယနေ့ည (၈:၀၀) နာရီအချိန်ကစပြီး Doh Ah Nyar ဒို့အညာ ချန်နယ်မှာ ဇေနောရဲ့ တင်ဆက်မှုနဲ့အတူ နားဆင်ကြရမှာပဲ ဖြစ်ပါတယ်

#ဆောလျန် #အိပ်မက်နွံ #ဝတ္ထုတို #အသံစာအုပ်
#တို့အညာ #ဒို့အညာ

28/10/2023

ဒီတပတ် စနေနေ့မှာ ဒို့အညာရဲ့ ကလစ်ကာများအားလုံး နားဆင်ကြရမှာကတော့ ယခင်အပတ်က တင်ဆက်ခဲ့တဲ့ Andrew Matthews ရဲ့ Making Friends စာအုပ်ကို ကိုဂျင်မီက "မိတ်ဖြစ်ဆွေဖြစ်" ဆိုပြီး ဘာသာပြန်ဆိုထားတဲ့ စာအုပ်လေးထဲက နောက်ထပ်တပိုင်းဖြစ်တဲ့ "စကားပြောတဲ့အခါ" ဆောင်းပါးလေးပဲ ဖြစ်ပါတယ်

ကိုဂျင်မီဟာ ဒီစာအုပ်ကို သူပထမဆုံး ထောင်စကျခဲ့တဲ့ ၁၉၈၈ ခုနှစ် ၈ လေးလုံးအရေးတော်ပုံ ထောင်ကျစဉ်အခါက သာယာဝတီထောင်ထဲမှာနေစဉ်အတွင်းမှာ ဘာသာပြန် ရေးသားခဲ့တာ ဖြစ်ပါတယ်

ဒီစာအုပ်လေးကို ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ မနီလာသိန်း ကိုယ်တိုင် ရွတ်ဖတ်ပေးထားပါတယ်

ကိုဂျင်မီရဲ့ မိတ်ဖြစ်ဆွေဖြစ် စာအုပ်ထဲက "စကားပြောတဲ့အခါ" ဆောင်းပါးကို ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့၊ ည (၈:၀၀) နာရီအချိန်မှာ တင်ဆက်သွားမှာဖြစ်လို့ ကလစ်ကာများအားလုံး မလွတ်တမ်း စောင့်မျှော်အားပေး နားဆင်ပေးကြပါဦးနော်

ကိုဂျင်မီ၏ ကိုယ်ရေးအကျဥ်း

အမည်ရင်းမှာ ကျော်မင်းယု ဖြစ်သည်။

၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် အဘ ဦးတင်ယု၊ အမိ ဒေါ်အမာညွန့်တို့မှ ဖွားမြင်ခဲ့သည်။

မူလတန်းပညာကို ရှမ်းပြည်နယ် ပင်းတယမြို့၌ သင်ကြားခဲ့ပြီး၊ အလယ်တန်းနှင့် အထက်တန်းပညာကို အ.ထ.က (၂) ကမာရွတ် (စိန့်သြဂတ်စတင်း) ကျောင်းတွင် သင်ကြားခဲ့သည်။

တက္ကသိုလ်ပညာကို ရူပဗေဒအဓိကဘာသာရပ်ဖြင့် တတိယနှစ်အထိ ရန်ကုန်တက္ကသိုလ် (လှိုင်) နယ်မြေ နှင့် ရန်ကုန်တက္ကသိုလ် (ပင်မ) တွင် သင်ကြားခဲ့သည်။

၁၉၈၈၊ မတ်လ (၁၆)ရက် တံတားနီ ကျောင်းသားလှုပ်ရှားမှုမှစတင်၍ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ဆန္ဒပြပွဲများတွင် စတင်ပါဝင်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီထူထောင်ရာတွင် ဗဟိုအလုပ်အမှုဆောင် (စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ) တာဝန်ယူခဲ့သည်။

၁၉၈၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ်နှစ် (၂၀) ချမှတ်ခံခဲ့ရသည်။

၁၉၉၆ ခုနှစ်၊ မတ်လ (၂၈ )ရက်နေ့ အကျဥ်းကျနေစဥ်ကာလအတွင်း နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်သည့်အတွက် အကျဥ်းထောင်ထဲတွင်ပင် ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံခဲ့ရသည်။

၂၀၀၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ပထမအကြိမ်ပြန်လည် လွတ်မြောက်လာပြီး (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့တွင် ဦးဆောင်ပါဝင်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် မနီလာသိန်း နှင့် အိမ်ထောင်ကျပြီး သမီးတစ်ယောက် ထွန်းကားခဲ့သည်။

၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် စစ်အစိုးရမှ ထပ်မံထိန်းသိမ်းကာ လူထုလှုပ်ရှားမှုများပေါ်ပေါက်ရန် စည်းရုံးလှုံ့ဆော်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ထောင်ဒဏ် (၆၅) နှစ် ချမှတ်ခံခဲ့ရသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

အကျဥ်းထောင်များထဲတွင် နိုင်ငံရေးအကျဥ်းသားဖြင့် နှစ် (၂၀) ကျော်ကြာနေထိုင်ခဲ့ရသည်။

၂၀၀၅ ခုနှစ်တွင် ဘုန်းသုခ ကလောင်အမည်ဖြင့် ကဗျာများ ဆောင်းပါများကို ရတီမဂ္ဂဇင်းတွင် ရေးသားခဲ့ပြီး “မိတ်ဖြစ်ဆွေဖြစ်” အမည်ရှိ လူငယ်လမ်းညွှန်စာအုပ်ကို ဘာသာပြန်ရေးသားခဲ့သည်။

ဒုတိယအကြိမ် ပြန်လည်လွတ်မြောက်လာချိန်တွင် ဂျင်မီ ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ “လမင်းစန္ဒာ အင်းလေးကန်သာ” အမည်ရှိ လုံးချင်းဝတ္ထု၊ “ရွတ်ဆို ကျင့်ကြံ ဒီမိုကရေစီစံ” ဆောင်းပါးရှည်၊ တောင်ကြီး အကျဥ်းထောင်တွင် အကျဥ်းကျခံနေရစဥ် သရက်အကျဥ်းထောင်၌ အကျဥ်းကျခံနေရသော ဇနီးဖြစ်သူ နိုင်ငံရေး အကျဥ်းသူ မနီလာသိန်းနှင့် အပြန်အလှန်ရေးသားခဲ့သော ကဗျာများကို စုစည်း၍ “နှလုံးသွေးဂီတချစ်သူနှင့် ကျွန်မ ကဗျာစုများ” စာအုပ် ၊ “သံစုံတီးတဲ့ ဝဲသြဃ” အမည်ရှိ လုံးချင်းဝတ္ထု၊ “အိမ်မက်ပုံအချစ်” ဘာသာပြန်ကဗျာစာအုပ်၊ “နောက်ဆုံးအားပေးသံ” ဘာသာပြန်ဝတ္ထုနှင့် နောက်ဆုံးထွက်ရှိထားသော “ဝဲသြဃမှ တေးသံပြိုင်လို့” လုံးချင်းဝတ္ထု စသည်တို့ကို ရေးသားထုတ်ဝေခဲ့သည်။

အပတ်စဥ် အင်္ဂါနေ့တိုင်း RFA ရေဒီယ်ိုတွင် ဒီမိုကရေစီ (သို့မဟုတ်) ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကျွန်တော်နှင့်နိုင်ငံရေးအကြောင်း၊ ကမ္ဘာမကြေ မြန်မာပြည် ခေါင်းစဥ်တို့ဖြင့် ပြင်ပဆောင်းပါးရှင်အဖြစ် (၄) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် အကျဥ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာကြသော (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ပေါင်းစု၍ ဖွဲ့စည်းထားသော (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၌ အတွင်းရေးမှူးအဖွဲ့ဝင် လူထုဆက်ဆံရေးနှင့်လူ့အခွင့်အရေး တာဝန်ခံအဖြစ် ဆောင်ရွက်ရင်း စာရေးဆရာအဖြစ်လည်း အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်ကမတရားအာဏာသိမ်းခဲ့သည့်အတွက် ယနေ့အချိန်အထိ ဓမ္မ ဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၃)ရက်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး။

၂၀၂၂ခုနှစ်ဇန်နဝါရီလ၂၁ရက်နေ့တွင် သေဒဏ်အမိန့် ချမှတ်ခဲ့ပြီး။

၂၀၂၂ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။

#ဂျင်မီ #မိတ်ဖြစ်ဆွေဖြစ် #စကားပြောတဲ့အခါ #အသံစာအုပ်
#ဒို့အညာ

25/10/2023

Doh Ah Nyar ဒို့အညာ ရဲ့ ပရိသတ်များအားလုံး မင်္ဂလာပါ

ဒီတခေါက်မှာတော့ အညာမှာ ကဗျာတွေ မတင်တာကြာပြီဖြစ်လို့ ကဗျာရေးသူ မက်အိမ်ရဲ့ တော်လှန်ကဗျာလေးတပုဒ်ကို James က ခံစားတင်ဆက်ပေးထားပါတယ်

ကဗျာက တစ်မိနစ်ကျော်လေးပဲရှိတာမို့ ဝင်ရောက်နားဆင် အားပေးကြပါဦးနော် ...

#မက်အိမ် #လူငယ်ဝါဒ #ကဗျာ
#ဒို့အညာ

24/10/2023

ဒီတခေါက် ဒို့အညာရဲ့ ပရိသတ်များ နားဆင်ရမှာကတော့ ဆရာမ နှောင်း ရေးသားထားတဲ့ "နှောင်ကြိုးမှတပါး" ဆိုတဲ့ ဝတ္ထုတိုလေးပဲဖြစ်ပါတယ်

ဒီဝတ္ထုတိုဟာ နွေဦးတော်လှန်ရေးအတွင်း ရှင်ကွဲ၊ သေကွဲ ခွဲခွာခဲ့ကြရတဲ့ မိသားစုတစ်ခုရဲ့ ဘဝဇာတ်ကြောင်းကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ အသစ်စက်စက် ဝတ္ထုတို တပုဒ်ဖြစ်ပြီး ဒို့အညာကနေ ပထမဆုံး စတင် ထုတ်လွှင့်တာ ဖြစ်ပါတယ်

ဆရာမ နှောင်းရဲ့ "နှောင်ကြိုးမှတပါး" ဝတ္ထုတိုကို ယနေ့ည (၈:၀၀) နာရီအချိန်ကစပြီး Doh Ah Nyar ဒို့အညာ ချန်နယ်မှာ နိုနိုရဲ့ တင်ဆက်မှုနဲ့အတူ နားဆင်ကြရမှာပဲ ဖြစ်ပါတယ်

#နှောင်း #နှောင်ကြိုးမှတပါး #ဝတ္ထုတို #အသံစာအုပ်
#တို့အညာ #ဒို့အညာ

21/10/2023

Doh Ah Nyar ဒို့အညာရဲ့ ပရိသတ်များ အားလုံးပဲ မင်္ဂလာပါ

ဒို့အညာမှာ ယခင်တင်ဆက်ခဲ့တဲ့ audiobooks အဟောင်းတွေကိုရော ပြန်လည်နားဆင်ဖြစ်ကြရဲ့လားရှင်

ဒီနေ့မှာတော့ ဆရာမင်းလူရဲ့ အဖေ၊ ကျွန်တော်၊ ဆေးလိပ် အက်ဆေး တင်ဆက်ခဲ့တာ တစ်နှစ်ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်

ဒီအက်ဆေးလေးကို နားဆင်ပြီးသူများရော နားမဆင်ရသေးသူများပါ ကိုနွေလင်းဟန်ရဲ့ တင်ဆက်မှုနဲ့အတူ နောက်တခေါက်လောက် ပြန်လည်နားဆင်ကြရအောင်ပါ

Audiobook နားဆင်တဲ့အခါ သတိပြုရမှာက video impression တက်ဖို့ YouTube Search မှာ "မင်းလူ အဖေ ကျွန်တော် ဆေးလိပ်" လို့ ရိုက်ရှာပြီးမှ ကြည့်ပေးပါနော်

#မင်းလူ #အဖေကျွန်တော်ဆေးလိပ် #အက်ဆေး #အသံစာအုပ်
#တို့အညာ #ဒို့အညာ

21/10/2023

ဒီတပတ် စနေနေ့မှာ ဒို့အညာရဲ့ ကလစ်ကာများအားလုံး နားဆင်ကြရမှာကတော့ ယခင်အပတ်က တင်ဆက်ခဲ့တဲ့ Andrew Matthews ရဲ့ Making Friends စာအုပ်ကို ကိုဂျင်မီက "မိတ်ဖြစ်ဆွေဖြစ်" ဆိုပြီး ဘာသာပြန်ဆိုထားတဲ့ စာအုပ်လေးထဲက နောက်ထပ်တပိုင်းဖြစ်တဲ့ "တက်ဒီ" ဆောင်းပါးလေးပဲ ဖြစ်ပါတယ်

ကိုဂျင်မီဟာ ဒီစာအုပ်ကို သူပထမဆုံး ထောင်စကျခဲ့တဲ့ ၁၉၈၈ ခုနှစ် ၈ လေးလုံးအရေးတော်ပုံ ထောင်ကျစဉ်အခါက သာယာဝတီထောင်ထဲမှာနေစဉ်အတွင်းမှာ ဘာသာပြန် ရေးသားခဲ့တာ ဖြစ်ပါတယ်

ဒီစာအုပ်လေးကို ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ မနီလာသိန်း ကိုယ်တိုင် ရွတ်ဖတ်ပေးထားပါတယ်

ကိုဂျင်မီရဲ့ မိတ်ဖြစ်ဆွေဖြစ် စာအုပ်ထဲက "တက်ဒီ" ဆောင်းပါးကို ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့၊ ည (၈:၀၀) နာရီအချိန်မှာ တင်ဆက်သွားမှာဖြစ်လို့ ကလစ်ကာများအားလုံး မလွတ်တမ်း စောင့်မျှော်အားပေး နားဆင်ပေးကြပါဦးနော်

#ဂျင်မီ #မိတ်ဖြစ်ဆွေဖြစ် #တက်ဒီ #အသံစာအုပ်
#ဒို့အညာ

19/10/2023

ဒီတခေါက် ဒို့အညာရဲ့ ပရိသတ်များ နားဆင်ရမှာကတော့ ဆရာမ နှောင်း ရေးသားထားတဲ့ "အိပ်မက်ငှက်ငယ်" ဆိုတဲ့ ဝတ္ထုတိုလေးပဲဖြစ်ပါတယ်

ဒီဝတ္ထုတိုဟာ နွေဦးတော်လှန်ရေးအတွင်း ထောင်သွင်းအကျဥ်းချခံရသော နိုင်ငံရေးအကျဥ်းသူတစ်ဦး၏ ဘဝဇာတ်ကြောင်းကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ အသစ်စက်စက် ဝတ္ထုတို တပုဒ်ဖြစ်ပြီး ဒို့အညာကနေ ပထမဆုံး စတင် ထုတ်လွှင့်တာ ဖြစ်ပါတယ်

ဆရာမ နှောင်းရဲ့ "အိပ်မက်ငှက်ငယ်" ဝတ္ထုတိုကို ယနေ့ည (၈:၀၀) နာရီအချိန်ကစပြီး Doh Ah Nyar ဒို့အညာ ချန်နယ်မှာ SJ ရဲ့ တင်ဆက်မှုနဲ့အတူ နားဆင်ကြရမှာပဲ ဖြစ်ပါတယ်

#နှောင်း #အိပ်မက်ငှက်ငယ် #ဝတ္ထုတို #အသံစာအုပ်
#တို့အညာ #ဒို့အညာ

17/10/2023

ဒီတခေါက် ဒို့အညာရဲ့ ပရိသတ်များ နားဆင်ရမှာကတော့ ဆရာမ နှောင်း ရေးသားထားတဲ့ "စုန်းပြူး" ဆိုတဲ့ ဝတ္ထုတိုလေးပဲဖြစ်ပါတယ်

ဒီဝတ္ထုတိုဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ လှိုင်သာယာသပိတ် ဖြိုခွင်းခံရမှုမှာ အသက်ပေးခဲ့ရတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းတစ်ဦးရဲ့ ဘဝဇာတ်ကြောင်းကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ အသစ်စက်စက် ဝတ္ထုတို တပုဒ်ဖြစ်ပြီး ဒို့အညာကနေ ပထမဆုံး စတင် ထုတ်လွှင့်တာ ဖြစ်ပါတယ်

ဆရာမ နှောင်းရဲ့ "စုန်းပြူး" ဝတ္ထုတိုကို ယနေ့ည (၈:၀၀) နာရီအချိန်ကစပြီး Doh Ah Nyar ဒို့အညာ ချန်နယ်မှာ SJ ရဲ့ တင်ဆက်မှုနဲ့အတူ နားဆင်ကြရမှာပဲ ဖြစ်ပါတယ်

#နှောင်း #စုန်းပြူး #ဝတ္ထုတို #အသံစာအုပ်
#တို့အညာ #ဒို့အညာ

15/10/2023

ဒီတခေါက် ဒို့အညာရဲ့ ပရိသတ်များ နားဆင်ရမှာကတော့ စာရေးသူ မခင်စု ရေးသားထားတဲ့ "နှင်းဆီပန်းဝါ" ဆိုတဲ့ ဝတ္ထုတိုလေးပဲ ဖြစ်ပါတယ်

ဒီဝတ္ထုတိုဟာ သမီးတယောက်ရဲ့ အမေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ မှတ်ဥာဏ်နဲ့ ခံစားချက်တချို့ကို ရေးဖွဲ့ထားတဲ့ အသစ်စက်စက် ဝတ္ထုတို တပုဒ်ဖြစ်ပြီး ဒို့အညာကနေ ပထမဆုံး စတင် ထုတ်လွှင့်တာ ဖြစ်ပါတယ်

စာရေးသူ မခင်စုရဲ့ "နှင်းဆီပန်းဝါ" ဝတ္ထုတိုကို ယနေ့ည (၈:၀၀) နာရီအချိန်ကစပြီး Doh Ah Nyar ဒို့အညာ ချန်နယ်မှာ Jay ရဲ့ တင်ဆက်မှုနဲ့အတူ နားဆင်ကြရမှာပဲ ဖြစ်ပါတယ်

#မခင်စု #နှင်းဆီပန်းဝါ #ဝတ္ထုတို #အသံစာအုပ်
#တို့အညာ #ဒို့အညာ

14/10/2023

ဒီတပတ် စနေနေ့မှာ ဒို့အညာရဲ့ ကလစ်ကာများအားလုံး နားဆင်ကြရမှာကတော့ ယခင်အပတ်က တင်ဆက်ခဲ့တဲ့ Andrew Matthews ရဲ့ Making Friends စာအုပ်ကို ကိုဂျင်မီက "မိတ်ဖြစ်ဆွေဖြစ်" ဆိုပြီး ဘာသာပြန်ဆိုထားတဲ့ စာအုပ်လေးထဲက နောက်ထပ်တပိုင်းဖြစ်တဲ့ "ချီးကျူးစကားတွေရဲ့ တန်ဖိုး" ဆောင်းပါးလေးပဲ ဖြစ်ပါတယ်

ကိုဂျင်မီဟာ ဒီစာအုပ်ကို သူပထမဆုံး ထောင်စကျခဲ့တဲ့ ၁၉၈၈ ခုနှစ် ၈ လေးလုံးအရေးတော်ပုံ ထောင်ကျစဉ်အခါက သာယာဝတီထောင်ထဲမှာနေစဉ်အတွင်းမှာ ဘာသာပြန် ရေးသားခဲ့တာ ဖြစ်ပါတယ်

ဒီစာအုပ်လေးကို ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ မနီလာသိန်း ကိုယ်တိုင် ရွတ်ဖတ်ပေးထားပါတယ်

ကိုဂျင်မီရဲ့ မိတ်ဖြစ်ဆွေဖြစ် စာအုပ်ထဲက "ချီးကျူးစကားတွေရဲ့ တန်ဖိုး" ဆောင်းပါးကို ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့၊ ည (၈:၀၀) နာရီအချိန်မှာ တင်ဆက်သွားမှာဖြစ်လို့ ကလစ်ကာများအားလုံး မလွတ်တမ်း စောင့်မျှော်အားပေး နားဆင်ပေးကြပါဦးနော်

#ဂျင်မီ #မိတ်ဖြစ်ဆွေဖြစ် #ချီးကျူးစကားတွေရဲ့တန်ဖိုး #အသံစာအုပ်
#ဒို့အညာ

12/10/2023

ဒီတခေါက် ဒို့အညာရဲ့ ပရိသတ်များ နားဆင်ရမှာကတော့ ဆရာမ နှောင်း ရေးသားထားတဲ့ "နောက်ဆုံးဆန်" ဆိုတဲ့ ဝတ္ထုတိုလေးပဲဖြစ်ပါတယ်

ဒီဝတ္ထုတိုဟာ CDM မီးရထားဝန်ထမ်းတစ်ဦးရဲ့ ဘဝဇာတ်ကြောင်းကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ အသစ်စက်စက် ဝတ္ထုတို တပုဒ်ဖြစ်ပြီး ဒို့အညာကနေ ပထမဆုံး စတင် ထုတ်လွှင့်တာ ဖြစ်ပါတယ်

ဆရာမ နှောင်းရဲ့ "နောက်ဆုံးဆန်" ဝတ္ထုတိုကို ယနေ့ည (၈:၀၀) နာရီအချိန်ကစပြီး Doh Ah Nyar ဒို့အညာ ချန်နယ်မှာ နိုနိုရဲ့ တင်ဆက်မှုနဲ့အတူ နားဆင်ကြရမှာပဲ ဖြစ်ပါတယ်

#နှောင်း #နောက်ဆုံးဆန် #ဝတ္ထုတို #အသံစာအုပ်
#တို့အညာ #ဒို့အညာ

10/10/2023

ဆရာ မင်းကိုနိုင် Min Ko Naing ရဲ့ "လဝန်းမျက်နှာ ကြည့်တိုင်းသာ" ဝတ္ထုအတွက် ကိုရာဟု ကိုယ်တိုင်ရေး/ဆိုထားတဲ့ "အခါလွန်အချစ်" ဇာတ်ဝင်တေးကို iTunes တွင် စတင်နားဆင်လို့ ရပါပြီ
ကျန်တဲ့ Music Streaming Platform တွေမှာလည်း ရရင် ထပ်ပြောပေးပါမယ်

Edit - Spotify မှာလည်း ရပါပြီ *

#မင်းကိုနိုင် #ကိုရာဟု #လဝန်းမျက်နှာကြည့်တိုင်းသာ #အခါလွန်အချစ်
#မြန်မာဝတ္ထု #အသံစာအုပ် #ဇာတ်ဝင်တေး
#ဒို့အညာ

10/10/2023

ဒီတခေါက် ဒို့အညာရဲ့ ပရိသတ်များ နားဆင်ရမှာကတော့ ဆရာမ နှောင်း ရေးသားထားတဲ့ "ချောက်ထဲကကြယ်" ဆိုတဲ့ ဝတ္ထုတိုလေးပဲဖြစ်ပါတယ်

ဒီဝတ္ထုတိုဟာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးရဲ့ ဘဝဇာတ်ကြောင်းကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ အသစ်စက်စက် ဝတ္ထုတို တပုဒ်ဖြစ်ပြီး ဒို့အညာကနေ ပထမဆုံး စတင် ထုတ်လွှင့်တာ ဖြစ်ပါတယ်

ဆရာမ နှောင်းရဲ့ "ချောက်ထဲကကြယ်" ဝတ္ထုတိုကို ယနေ့ည (၈:၀၀) နာရီအချိန်ကစပြီး Doh Ah Nyar ဒို့အညာ ချန်နယ်မှာ နိုနိုရဲ့ တင်ဆက်မှုနဲ့အတူ နားဆင်ကြရမှာပဲ ဖြစ်ပါတယ်

#နှောင်း #ချောက်ထဲကကြယ် #ဝတ္ထုတို #အသံစာအုပ်
#တို့အညာ #ဒို့အညာ

09/10/2023

ဒို့အညာရဲ့ ပရိသတ်များအားလုံး မင်္ဂလာပါ

အခုတခေါက် Doh Ah Nyar ဒို့အညာရဲ့ ပရိသတ်များ နားဆင်ရမှာကတော့ ဆရာမ စိန်စိန် ရေးသားထားတဲ့ "ခရီးဝင်္ကပါ" ဆိုတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်

ဒီစာအုပ်လေးဟာ ဆရာမ စိန်စိန်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်၊ အမျိုးသားစာပေ စာပဒေသာဆုရ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်

ဆရာမစိန်စိန်ဟာ အရေပြားရောဂါဝေဒနာကို ခံစားခဲ့ရသူတဦးဖြစ်ပါတယ်
အရေပြားရောဂါသည် စာရေးဆရာမတယောက်အနေနဲ့ ကိုယ့်အထုပ္ပတ္တိကို ရေးပြရဲတဲ့သတ္တိဟာ အင်မတန်မှ လေးစားစရာကောင်းလှပါတယ်

ဒီစာအုပ်ထဲမှာ အရေပြားရောဂါသည်ပင် ဖြစ်လင့်ကစား ဘဝကိုလက်မြှောက်အရှုံးမပေးပဲ မိမိဘဝခံယူချက်နှင့် ဖြတ်သန်းပုံများကို ရဲရဲဝံ့ဝံ့တင်ပြထားပုံကို မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်

ဆရာမ စိန်စိန်ရဲ့ "ခရီးဝင်္ကပါ" အသံစာအုပ်လေးကို ယနေ့အောက်တိုဘာလ (၉) ရက်နေ့က စတင်ပြီး အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ​နေ့ ည (၈:၀၀) နာရီအချိန် ဒို့အညာချန်နယ်မှာ နိုနိုရဲ့ အသံတင်ဆက်မှုနဲ့အတူ နားဆင်ကြရမှာ ဖြစ်ပါတယ်

#စိန်စိန် #ခရီးဝင်္ကပါ #ကိုယ်တိုင်ရေး #အတ္ထုပ္ပတ္တိ #အသံစာအုပ်
#ဒို့အညာ

08/10/2023

အခုတခေါက် ဒို့အညာရဲ့ ပရိသတ်များ နားဆင်ဖို့ တင်ဆက်ပေးသွားမှာကတော့ ဆရာမ ခင်သန္တာ ရေးသားထားတဲ့ "ဖိအားများမှ လွတ်မြောက်ခြင်း" ဆိုတဲ့ ဆောင်းပါးစုစည်းမှုများပဲ ဖြစ်ပါတယ်

ဒီဆောင်းပါးစုစည်းမှုများဟာ အသစ်စက်စက်ဖြစ်ပြီး ဒို့အညာကနေ ပထမဆုံး စတင်ထုတ်လွှင့်တာ ဖြစ်ပါတယ်

ဒီ "ဖိအားများမှ လွတ်မြောက်ခြင်း" ဆောင်းပါးများစုစည်းမှု အစီအစဥ်ကို မနက်ဖြန် အောက်တိုဘာလ (၉) ရက်နေ့ကစပြီး အပတ်စဥ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဥ် မနက် (၉:၀၀) နာရီအချိန် ဒို့အညာချန်နယ်မှာ မလွတ်တမ်း နားဆင်နိုင်ပါပြီ

#ခင်သန္တာ #ဖိအားများမှလွတ်မြောက်ခြင်း #ဆောင်းပါးများ
#ဒို့အညာ

08/10/2023

အခုဆိုရင် တော်လှန်ရေးကာလဟာ နှစ်နှစ်ကျော်ခဲ့ပါပြီ

ဒီလိုကာလကြီးမှာ အထူးသဖြင့် မိခင်တွေဟာ သူတို့ရဲ့ သားတွေ၊ သမီးတွေကို တော်လှန်ရေးအောင်မြင်ဖို့အတွက် သူတို့ရင်ခွင်ကနေ အဝေးကို သွားခွင့်ပေးကြရပါတယ်

နွေဦးတော်လှန်ရေးမှာ သူတို့ကလေးတွေအတွက် အမာကျောဆုံးနှလုံးသားကို ထုဆစ်ခဲ့ရသူတွေပေါ့
အဝေးက သားငယ်သမီးရယ်တွေ ဘေးကင်းကျန်းမာဖို့
ဆုတောင်းမေတ္တာပို့နေတဲ့ မိခင်တွေရဲ့ အသံဟာလည်း နေရာဒေသအနှံ့မှာ ပဲ့တင်ထပ်နေမှာ အသေအချာပါပဲ

ဒီလိုပါပဲ၊ တိုက်ပွဲအတွင်းမှာ အသက်ပေးလှူသွားကြရတဲ့ သားငယ်သမီးငယ်တွေအတွက် ဒီမိခင်တွေရဲ့ အမျှပေးဝေသံက ပူဆွေးပေမဲ့ ရဲရင့်ပြတ်သားကြပါတယ်

ဒါတင်မကသေးပါဘူး၊ အိမ်ထောင်ရှင် အမျိုးသမီးတွေဟာလည်း တိုင်းပြည်အတွက်၊ နွေဦးတော်လှန်ရေးအတွက် သူတို့ယောက်ျားတွေနဲ့ ခွဲခွာခဲ့ကြရပါတယ်

တချို့အမျိုးသမီးတွေလည်း အိမ်ရဲ့စီးပွားရေးကို နေရာယူလိုက်ကြတယ်
တချို့အမျိုးသမီးတွေကျတော့လည်း မုဆိုးမဆိုတဲ့ ရာထူးကို အပိုင်ရလိုက်တယ်
တချို့အမျိုးသမီးတွေကျတော့လည်း ထောင်ဝင်စာကို နှစ်ပတ်တစ်ခါ ပို့ခွင့်ရသွားကြတယ်ပေါ့

ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး
အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေရော၊ အရွယ်ရောက်ပြီးသား အမျိုးသမီးငယ်လေးတွေရော ဒီတော်လှန်ရေးအတွက် သူတို့ဖခင်တွေကို ပေးလိုက်ရပါရောလား

တချို့အဖေတွေက တောထဲမှာ၊ တချို့အဖေတွေက ထောင်ထဲမှာ၊ တချို့အဖေတွေက အုတ်ဂူထဲမှာ

ကျောင်းတက်နေရမယ့် အမျိုးသမီးငယ်လေးတွေ၊ လှပကျော့ရှင်းပြီး တက်ကြွနေရမယ့်အမျိုးသမီးငယ်လေးတွေ၊ ချစ်သူနဲ့ ချစ်ကြည်နူးရမယ့် အမျိုးသမီးငယ်လေးတွေအဖြစ်ကနေ တောထဲ တောင်ထဲမှာ သေနတ်လွယ်ပြီး ရန်သူကို မကြောက်မရွံ့ တိုက်ခိုက်နေကြတာဟာလည်း ရဲရင့်တဲ့ ဒီအမျိုးသမီးလေးတွေပါပဲ

အမေ၊ မိန်းမ၊ သမီး၊ ဒ့ါအပြင် တောထဲနဲ့ ထောင်ထဲက သမီးပျိုလေးတွေ၊ ထောက်ပို့လုပ်နေကြတဲ့အမျိုးသမီးတွေ၊ နေရာမျိုးစုံကနေ ကလစ်နေကြတဲ့ အမျိုးသမီးတွေ အားလုံး ဒီနှစ်နှစ်ကျော်ကာလကို ရဲရဲရင့်ရင့် ရင်ဆိုင်ပေးခဲ့ကြလို့ တော်လှန်ရေးရဲ့အသီးအပွင့်တွေကို ကျွန်မတို့ မြင်တွေ့နေရတာဖြစ်ပါတယ်

ဒီလို တော်လှန်ရေးမှာ ပါဝင်လျက်ရှိကြတဲ့ အမျိုးသမီးတွေရဲ့ Women Power ကို ဂုဏ်ပြုတဲ့အနေနဲ့ Doh Ah Nyar ဒို့အညာကနေ အမျိုးသမီးစာရေးဆရာတွေရဲ့ စာမူတွေကို အောက်တိုဘာလ တစ်လလုံး တင်ဆက်သွားမှာ ဖြစ်ပါတယ်

"တော်လှန်ရေးအတွက် နည်းမျိုးစုံနဲ့ ကျရာအခန်းကဏ္ဍအသီးသီးမှ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးများအားလုံးကို လေးစားလျက်"

ဒို့အညာအဖွဲ့သားများ

08/10/2023

အပတ်စဥ် တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးနေတဲ့ "တော်လှန်ရေးထဲက မမလီဆာ ကိုယ်ပွားများ" ကဗျာခံစားမှုအစီအစဥ် အပိုင်း (၆) ဇာတ်သိမ်း ပြန်လာပါပြီ

ကိုနွေလင်းဟန်ရဲ့ တင်ဆက်မှုနဲ့အတူ ယ​နေ့ည (၈:၀၀) နာရီအချိန် ဒို့အညာချန်နယ်မှာ နားဆင်ပါ

#တော်လှန်ရေးထဲကမမလီဆာကိုယ်ပွားများ #ကဗျာခံစားမှု #အသံစာအုပ်
#ဒို့အညာ

07/10/2023

ဒို့အညာပရိသတ်များအားလုံးပဲ မင်္ဂလာပါရှင်

Doh Ah Nyar ဒို့အညာ ချန်နယ်ရဲ့ စက်တင်ဘာလ အထူးအစီအစဉ်ဖြစ်တဲ့ "အနုပညာ နိုင်ငံရေးသမား" အစီအစဉ်မှာ (၂၅) ပုဒ်မြောက်အဖြစ် ဆရာ တင်မိုးရဲ့ "သင်္ချိုင်းကုန်းမှာ" စာစုကို -

မနက်ဖြန် အောက်တိုဘာလ (၈) ရက်နေ့၊ မနက် (၉:၀၀) နာရီအချိန် ဒို့အညာ ယူကျူ့ဘ်ချန်နယ်မှာ တင်ဆက်သူ နာရီရဲ့ အသံနဲ့ နားဆင်ကြရမှာဖြစ်ကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါတယ်ရှင်

#တင်မိုး #သင်္ချိုင်းကုန်းမှာ #အနုပညာနိုင်ငံရေးသမား #အသံစာအုပ်
#ဒို့အညာ

Videos (show all)

စိန်စိန်  ဇာတ်သိမ်းပိုင်း တက်ပြီ #စိန်စိန် #ဒို့အညာ #dohahnyar #ခရီးဝင်္ကပါ
JAY #နွားတစ်ထောင်#အပိုင်းတစ်
ရှိုးပွဲလက်မှတ် မဲဖောက်မယ်
စက်တင်ဘာမျက်ရည်
Doh Ah Nyar ဒို့အညာ ချန်နယ်ရဲ့ စက်တင်ဘာလအတွက် "အနုပညာနိုင်ငံရေးသမား" အစီအစဥ်မှာ ကလစ်ကာတို့ ဘယ်နှစ်ပုဒ် နားထောင်ပြီးကြပြီ...
ဆရာ မင်းလူ၏ အမုန်းအလိုမရှိ ဝတ္ထု (ဇာတ်ဝင်တေး)
စာရေးဆရာ မင်းလူရဲ့ "ပန်းကျောင်း" ဝတ္ထုစာအုပ်ကို နားဆင်စေချင်ပါတယ်ဆိုပြီး Doh Ah Nyar ဒို့အညာ ရဲ့ Facebook Page မှာ လာရော...
ခင်နှင်းယု ဇာတ်သိမ်းပိုင်းလေး က ဘယ်လိုဖြစ်သွာပါလိမ့်နော် #dohahnyar #ဒို့အညာ #ချစ်ခြင်းကိုအားပြုရျ်