Htun min oo
ကျက်သရေအဖြာဖြာ မဂ်လာအပေါင်းတို့နှင့်အထူးပြည့်စုံကြသောနေ့လေးတစ်နေ့ဖြစ်ကြပါစေ🙏
" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"
---------------------
"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''
"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''
"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...
လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာက
ပညာပဲ''
"လူပဲ ခံစားချက်ကတော့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်''
"ဖေါ်ပြလို့ မထူးဘူးဆိုရင်
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''
"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...
သိကြမှာ မဟုတ်ဘူး''
"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယ္ခံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''
"ဝမ်းနည်းတိုင်း ငိုပြနေရင်
ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''
"လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး
အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''
"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက်တာ''
"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
လောကအလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''
Credit...
" နေရာမမှန်ရင် တန်ဖိုးမဲ့တယ် "
ဘဝမှာ တစ်ချို့အရာတွေက
နေရာမမှန်ရင် ထားရှိတဲ့ စေတနာတွေနဲ့၊
ပေးဆပ်တဲ့ အရာတွေဟာ တန်ဖိုးမဲ့ နေမှာပါပဲ။
သနပ်ခါးက မိန်းကလေးတစ်ယောက်
သူမမျက်နှာမှာ လိမ်းထားတဲ့အခါ
နေရာမှန်လို့ လှပပြီး ချစ်စရာကောင်း
တယ်။
အဲ့ဒီ သနပ်ခါးဟာ သွေးနေရင်းနဲ့ ကြမ်း
ပြင်ပေါ် ကျကုန်တဲ့အခါ ကြမ်းပြင်မှာ ရှိ
နေတဲ့ သနပ်ခါးတွေဟာ နေရာမမှန်လို့
တန်ဖိုးမဲ့ရတယ်။ အညစ်အကြေးအဖြစ်
သက်ရောက်သွားတယ်။
ဆံပင်က မိန်းကလေးတစ်ယောက်
ခေါင်းလျှော်ပြီးချိန်လေးများ ဖြန့်ချထား
ရင်၊ သူမဆံပင်လေးကို အမျိုးမျိုး လှပစွာ ပြုပြင်ထားရင် နေရာမှန်လို့ သိပ်လှပြီး ချစ်စရာကောင်းတယ်။
အဲ့ဒီ ဆံပင်တွေက ကော်ဖီခွက် (သို့)
ဟင်းခွက်ထဲ ရောက်သွားမယ်ဆိုရင်
နေရာမမှန်တဲ့အတွက် ရွံစရာ
ဖြစ်သွားနိုင်တယ်။
ကိုယ်က အလိုက်တသိ ကူညီပေးတယ်
ဒါပေမယ့် သူများတကယ် လိုအပ်နေချိန်
မဟုတ်တော့၊ ကိုယ်ကူညီ ပေးတာတွေဟာ နေရာမမှန်၊ အချိန်မှန် မဟုတ်တဲ့အတွက် တန်ဖိုးမရှိ အသုံးမဝင်ဖြစ်လို့ စေတနာတွေ အလကား ဖြစ်ရတယ်။
စကားပြောတဲ့ နေရာမှာလည်း
အချိန်အခါ မဟုတ်ပဲ ပြောမိတဲ့အခါ၊
စကားပြောပါများရင် အမှားတွေပါပြီး
ကိုယ့်တန်ဖိုးကို လျော့စေတယ်၊
နေရာမမှန်လို့ မလိုအပ်ပဲ ပြောမိတဲ့
ကိုယ်က ငပေါကြီး ဖြစ်ရလိမ့်မယ်။
အချစ်ဆိုတာလည်း
ကိုယ်ချစ်တာကို တန်ဖိုးထားပြီး
အပြန်လှန်နားလည်မှုရှိမှ၊ ကိုယ့်ကို
တန်ဖိုးထားသူနဲ့ ချစ်ခွင့်ရမှသာလျှင်
နေရာမှန်လို့ ချစ်သူတွေလည်း
ပျော်ရွှင်ရမှာပါ။
ကိုယ့်အချစ်ကို တန်ဖိုးမထား သစ္စာဖောက်သူနဲ့တွေ့ရင် ကိုယ်ပေးတဲ့ အချစ်ဆိုတာလည်း နေရာမမှန်လို့ ကိုယ်ပဲ တန်ဖိုးမဲ့ရပါလိမ့်မယ်။
အရာရာ အားလုံးက
သူ့နေရာနဲ့သူ နေရာမှန်ဖို့ လိုပါတယ်၊
နေရာမမှန်ရင်တော့ တန်ဖိုးတွေ
မဲ့နေရအုံးမှာပါပဲ။
ပေးဆပ်တယ် ဆိုပေမယ့်
နေရာမှားနေရင်တော့
ကိုယ်ပဲထိခိုက် နာကျင်ရလိမ့်မယ်။
Credit..to original
#စာအုပ်စာပေလူ့မိတ်ဆွေ
__________________________________
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည်
အရမ်းကောင်းတဲ့စာသားလေးပါ
ပန်းတိုင်ကိုရောက်ဖို့အတွက်.....
လူတွေရဲ့မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ်လမ်းကိုသာကြည့်ပါ။
အောင်မြင်မှုရဖို့အတွက်......
လူတွေရဲ့ စကားတွေကို နားထောင်မနေပါနဲ့။
ကိုယ်ဆုံးဖြတ်ချက်ကိုသာ ခိုင်ခိုင်မာမာချပါ။
ဘဝတက်လမ်းအတွက်......
လူတွေရဲ့ အမှုအရာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။
စကားများများ ပြောမိရင်......
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။
စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့ အထင်ခံရလိမ့်မယ်။
အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။
တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။
ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲလို့
သူတစ်ပါးကို မထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီး
ပါတယ်။
သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။
ကိုယ်လဲကျနေရင်တော့ ကိုယ်ကိုတိုင်းပဲ
ပြန်ထနိုင်အောင် ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့
ကိုယ်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ
ရှိချင်မှရှိမှာ။
မနေ့ကဆိုတာ အတိတ်တစ်ခုပါ။
မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ.......
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်း
တစ်နေ့ပါပဲ။
အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်း ရမှာလည်းဆိုတာ
ကိုယ်အပေါ်မှာပဲ မူတည်တယ်။
အရိုးသားဆုံး လူတစ်ယောက်မဖြစ်သေးရင်တောင်
ကျုယျ့ကိုယျကို မလိမ်မိပါစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့ ကိုယ့်အတွက် ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲရှိတယ်။
Credit.
ရှောင်နေလိုက်ပါ မိတ်ဆွေ ....
သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီ ဆိုရင်
တိုက်ရိုက် သွားမပြောနဲ့ ။
မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ ။
သူ့အကျင့်ကို ရိပ်မိနေပြီမလား ?
သွားပြီး ပေါက်ကွဲမပြနဲ့ ။
မသိသလို နေပေးပြီး
နောက်ဆို ကိုယ်က ဆင်ခြင်လိုက်ပါ ။
နင်က ဘယ်လို ငါက ဘယ်လို ဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့ မလိုပါဘူး ။
ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို
ကိုယ်က နားလည်နေပြီမလား ?
ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့ ။
တဖြည်းဖြည်း ရှောင်နေလိုက်ပါ ။
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိုင်တာမို့ပါ ။
တစ်ခါတစ်လေတော့
ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲ လိုတာပါ ။
လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့
မပြောလိုဘူး ။
မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ် ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ် ။
ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ နောက်ကောက်ချနင်း
ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူ လို လေလွှင့်
ခွင့်ရရင် ရသလို ဖဲ့ညှစ်
အရာရာကို သူ့အပြစ် မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့ လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ ။
#မူရင်းရေးသားသူcreditပေးပါသည်
ထေရဝါဒနှင့်မဟာယာန
__________________________
ဗုဒ္ဓမြတ်စွာသာသနာတော်မှာလည်း အငြင်းပွားပြီးတော့ အခုခေတ်မှာဆို ဘာသာရေးမှာ #ထေရဝါဒ, #မဟာယာနလို့ ကွဲပြားသွားတယ်၊ မြန်မာပြည် က ကိုးကွယ်တဲ့ သာသနာကို ထေရဝါဒလို့ ခေါ်တယ်။ တိဗက်တို့ တရုတ်ပြည်တို့ ကိုးရီးယားတို့ ဂျပန်ပြည်တို့ ဗီယက်နမ်တို့ အဲဒီနိုင်ငံတွေမှာ ထွန်းကားတာကို မဟာ
ယာနလို့ ခေါ်တယ်၊ ဒါ ဒီကနေ့ခေတ်မှာရှိတဲ့ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲကြီး၂-ခုပဲ ဗုဒ္ဓဘာသာဂိုဏ်းကြီးဟာ ဘာကြောင့်၂ခု ကွဲသွားသလဲဆိုရင် ခုနက points of controversy အငြင်းပွားစရာ အချက်ကလေးတွေကို ကြည့်ပြီးတော့ အငြင်းပွားကြလို့ ဖြစ်တယ်။
- အခြေခံအချက်အားဖြင့် ပြောရရင် ထေရဝါဒ - ထေရ- ဆိုတာ လူကြီးတွေ ခေါင်းဆောင်တွေ၊ သာသနာတော်မှာဆိုရင် အရွယ်ရောက်တာက အငယ်ဆုံး ၁၀-ဝါ၊ ကြီးလာတော့ ဝါ-၂၀ဆိုရင် မဟာထေရ ခေါင်းဆောင် ကြီးတွေကို ထေရလို့ ပြောတာ၊ မြတ်စွာဘုရားလက်ထက် က ဘုရားပရိနိဗ္ဗာန်စံတဲ့ ကုသိနာရုံမှာ သံဃာပေါင်း ၇သိနျး အစည်းအဝေး ကျင်းပတယ်, စုမိသွားတယ်၊ ဘုရား ပရိနိဗ္ဗာန်စံတဲ့ပွဲကို တက်လာကြတယ်။ အဲဒီ ၇-သိန်းထဲမှာ အကြီးအကဲက ရှင်မဟာကဿပ။
ရှင်မဟာကဿပက အခုလို သာသနာတော်မှာ အငြင်းပွားမှုတွေ ပေါ်လာလို့ရှိရင် ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေနဲ့ပတ်သက်ပြီး အငြင်းပွားပြီး အမှတ်မှားကုန်ကြလိမ့် မယ်၊ စုစုစည်းစည်းရှိအောင် သင်္ဂါယနာ တင်မယ်။ သင်္ဂါယနာဆိုတာ ကိုယ်ရတဲ့စာနဲ့ သူရတဲ့စာ၊ သူမှတ်တဲ့ အကြောင်းအရာနဲ့ ကိုယ်မှတ်တဲ့အကြောင်းအရာ၊ အသံ ချင်း တိုက်ဆိုင်ညှိနှိုင်းတာကို သင်္ဂါယနာတင်တယ်လို့ ခေါ် တယ်။
ဥပမာ- ရဟန်းတစ်ပါးကလည်း သူ ဘုရားဆီက သင်ထားတာလို့ဆိုပြီး သုတ္တန်လေးတစ်ခု ရွတ်ပြတယ်၊ ကျန် တဲ့ရဟန်းတစ်ပါးကလည်း ရွတ်ပြတယ်၊ အဲဒီလို ရွတ်ပြလို့ သူ့အသံထွက်နဲ့ တခြားသူ ရွတ်တဲ့အသံဟာ တစ်သံတည်း တစ်ညီတည်း ဖြစ်ရမယ်၊ အဲဒီလို မဖြစ်ဘဲနဲ့ ကွဲလွဲနေရင် အဓိပ်ပါယျတှေ ကွဲလွဲမနေဘူးလား၊ အဓိပ်ပါယျတှေ အများ ကြီး ကွဲသွားနိုင်တယ်။
ဆိုပါစို့- ဥပမာတစ်ခုပြောမယ် ဥဒယဗ္ဗယ ဆိုတဲ့ ပါဠိစကား၊ ဥဒယ-ဆိုတာ ဖြစ်ပေါ်လာခြင်း၊ ဝယ- ပျက် စီးသွားခြင်း၊ ဖြစ်ပျက်ပဲ။
- အဲဒီစကားလုံးကို နောက်တစ်ဦးက မှားပြီး ရွတ် တယ်၊ ဘာရွတ်လဲဆိုတော့ ဥဒကဗက' လို့ ရွတ်တယ်၊ ယ ကနေ က ဖြစ်မသွားဘူးလား၊ ဥဒက-ဆိုတာ ရေ၊ ဗက-ဆိုတာ ဗျိုင်း၊ ဟော ရေနဲ့ ဗျိုင်း ဖြစ်သွားတယ်၊ အဲဒီ
တော့ ဖြစ်တာနဲ့ ပျက်တာ ၂-ခု အမှန်ထွက်ရမှာကို ဥဒက | ဗကလို့ သွားထွက်တော့ ရေနဲ့ ဗျိုင်း ဖြစ်မသွားဘူးလား။
သူရွတ်တာက မှန်တယ်, ငါရွတ်တာက မှန်တယ် လို့- တစ်ဘက်က သင်္ခါရတွေရဲ့ မတည်မြဲမှု ဖြစ်ပြီးပျက် ဆိုတဲ့ အနက်မှန်က ရေနဲ့ ဗျိုင်း ဖြစ်သွားတယ်၊ ရေဗျိုင်း ဆိုတာ ဘာအဓိပ်ပါယျရှိလဲ, ဘာမှ အဓိပ်ပါယျမရှိဘူး၊ ပြော
လိမ့်မယ်-ရေထဲမှာ ဗျိုင်းကငါးချောင်းနေတယ်၊ ဒါပဲ ရှိမှာ ပေါ့ တရား မဟုတ်တော့ဘူး။
ဘာလဲဆိုတော့ အ ပညတ္တံ န ပညပေတဗ္ဗ - #ဘုရားမဟောတာတွေ, ဘုရား #မပညတ်တာတွေကို #မလုပ်ရဘူး' လူဆိုတာ အသစ်လုပ်ချင်တယ်၊ အသစ်တီထွင်ချင် တယ်၊ အဲဒီမှာ ရှင်မဟာကဿပတို့က အ ပညတ္တံ န ပညပေတဗ္ဗ ဘုရားက မပညတ်တာကို ထပ်ပြီး မပညတ် ရဘူး။
နောက်တစ်ခုက ပညတ္တံ န သမုစ်ဆဒိတဗ္ဗံ ဘုရား ပညတ်ပြီးသားကို မပယ်ဖျက်ရဘူး၊ ဒါတွေဟာ ရှေးကျ သွားပြီ out of date ဖြစ်သွားပြီ, ခေတ်မမှီတော့ပါဘူး ဆိုပြီးတော့ အသစ်ပြောင်း မပစ်ရဘူး၊ အဲဒါမျိုးလည်း မလုပ် ရဘူး။
နံပါတ်-၃ က ယထာပညတ္တေသု သိက္ခာပဒေသု သိက္ခိတဗ္ဗံ . မြတ်စွာဘုရား ပညတ်တဲ့အတိုင်း လိုက်နာ ကျင့်သုံးရမယ်၊ စည်းမျဉ်းစည်းကမ်း မူချမှတ်ပြီးတော့ဘုရားဟောတဲ့အတိုင်း လိုက်နာတဲ့ဂိုဏ်းကို ထေရဝါဒလို့ ခေါ်တယ်၊ အဲဒီတော့ ထေရဝါဒမှာ ဘာမှ မပြင်ရဘူး။
မဟာယာန ဆိုတာကျတော့ အဲဒီလို မဟုတ်တော့ ဘူး၊ တရားအသစ်တွေ တီထွင်လာကြတယ်၊ ဘုရားဟော သယောင်ယောင် လုပ်ပြီးတော့ သူတို့ကြိုက်တာတွေထည့် မကြိုက်တာတွေဖြုတ် လုပ်လာကြတယ်၊ စကားလုံးက စပြီး
တော့ ဟိုပြောင်းသည်ပြောင်း လျှောက်ပြောင်းလာကြတယ်။ ပြောင်းလာသည့် အတွက်ကြောင့် မြတ်စွာဘုရား ဟောတဲ့ တရားအမှန်ဆိုတာ မရှိတော့ဘူး၊ အဲဒါမျိုးတွေ ဖြစ်လာ တယ်၊ ဆင်တူရိုးမှားတွေ လုပ်လာတယ်။
ဆိုလိုတာကဘာလဲ ဆိုတော့ လူတွေသုံးတဲ့ စိန် အတုဆိုတာ မရှိဘူးလား၊ ရွှေအတုဆိုတာ မရှိဘူးလား၊ ရွှေ အတုတွေ ပေါ်လာတော့ ဈေးချိုချိုနဲ့ ဝင်းဝင်းလက်လက် နဲ့၊ စိန်အတုတွေ အရောင်တောက်တောက်နဲ့ အတုဆိုတော့ ဈေးက သိပ်မများဘူး၊ လူတကာ ဝယ်နိုင်တယ်၊ အတုတွေ ပေါ်လာတော့ အစစ်တွေက ဘယ်ရောက်သွားလဲ ဆိုတော့ အစစ်တွေက သိမ်းထားရတဲ့အဆင့် ရောက်သွားရ တယ်၊ အတုတွေက လူတကာဝတ်ဆင်နိုင်ပြီး ခေတ်စားလာ တယ်၊ အတုတွေများလာရင် အစစ်တွေ ကွယ်ပျောက် မသွားတတ်ဘူးလား၊ ဘာဖြစ်လို့ အစစ်က ကွယ်ပျောက်ရ လဲဆိုတော့ တန်ဖိုးက ကြီးတာကိုး၊ ဒါကြောင့်မို့ ရွှေအတုတွေပေါ်လာရင် ရွှေအစစ် ပျောက်သွားတတ်တယ်၊ စိန် အတုပေါ်လာရင် စိန်အစစ်ပျောက် သွားတတ်တယ်၊ တရား အတုပေါ်လာရင် တရားအစစ် ပျောက်သွားတတ်တယ် ဒါ သတိထားရမယ်။
မြန်မာပြည်မှာ လူဖြစ်ရတဲ့ပုဂ္ဂိုလ်တွေသာသနာ တော်နဲ့ ကြုံတွေ့ရတဲ့ပုဂ္ဂိုလ်တွေ မြန်မာပြည်မှာနေတဲ့ ပုဂ္ဂိုလ်တွေ အင်မတန် ကံကောင်းကြတယ်။ ဘာလို့ ကံ
ကောင်းကြလဲဆိုရင် မြန်မာပြည်မှာရှိတဲ့ ထေရဝါဒက မြတ်စွာဘုရားလက်ထက်က ဘုရားကိုယ်တိုင် ဟောခဲ့တဲ့ တရားတွေကို #ရှင်မဟာကဿပတို့ကမူချပြီး ထိန်းသိမ်းခဲ့တဲ့ တရားတွေ ဖြစ်တယ်၊ လုံးဝပြုပြင်မှု မရှိဘူး၊ ဘုရားတရား တော်အတိုင်း ထားခဲ့တယ်၊ အကယ်၍သာ ပြင်ခဲ့ရင် လူ တွေဟာ အစစ်ဆိုတာ တွေ့ဖူးမှာ မဟုတ်တော့ဘူး။ " မဟာယာနသာသနာ ထွန်းကားတဲ့ ကိုးရီးယားနိုင်ငံ တို့ ဘာတို့မှာ ရှိကြတဲ့ပုဂ္ဂိုလ်တွေ မြန်မာပြည်ကိုလာပြီး စာပေလေ့လာတယ်, မြန်မာပြည်က တရားဓမ္မတွေကိုလာ အားထုတ်ကြလို့ သဘောပေါက်ကြတယ်၊ သဘောပေါက် ကြသည့် အတွက်ကြောင့် တကယ့်သာသနာအစစ်ပါလို့ တချို့ပုဂ္ဂိုလ်တွေက ပွင့်ပွင့်လင်းလင်းပြောတယ်၊ တချို့ပုဂ္ဂိုလ်
တွေကတော့ ကိုယ့်အစွဲလေးနဲ့ကိုယ်၊ ကိုယ့်ဟာလေး ကိုယ် အထင်ကြီး နေကြတာပဲ၊ လူဆိုတာက စွန့်နိုင်ခဲတယ်လေ၊ ကိုယ့်အယူအဆလေး အစဉ်အလာလေးတစ်ခုကို #စွန့်နိုင်ခဲ တယ်။
အဂ္ဂမဟာပဏ္ဍိတ
အဘိဓဇမဟာရဋ္ဌဂုရု
ဒေါက်တာနန္ဒမာလာဘိဝံသ၏
ဓမ္မမှတ်ကျောက် တရားတော်မှ.....
ပြိုင်သင့်မှ ပြိုင်ပါ
မြေခွေး တစ်ကောင်ဟာ ကေသရာဇာ ခြင်္သေ့ကြီးဆီ ရောက်လာပြီး "သတ္တိရှိရင် မင်းနဲ့ ငါ အားပြိုင်ရအောင်" ဆိုပြီး စိန်ခေါ်လိုက်တယ်။
မြေခွေး စိန်ခေါ်တာကို ခြင်္သေ့ကြီးက
လုံး၀ ဂရုမစိုက်ပဲ မသိသလို နေလိုက်တယ်။
အဲဒီတော့ မြေခွေးက "ဟား..ဟား... မင်းဟာ သရဲဘောကြောင်တဲ့အကောင် သတ္တိမရှိတဲ့ အကောင်။
မင်း ငါ့ကို တုန်နေအောင် ကြောက်တယ်ဆိုပြီး တစ်တောလုံးသိအောင် ငါ လျှောက်ပြောလိုက်မယ်" လို့ ခြိမ်းခြောက်လိုက်ပါသတဲ့။
အဲ့ဒီလို ပြောလိုက်တဲ့အခါမှာ
ခြင်္သေ့ကြီး က မြေခွေးကို သေချာကြည့်ပြီး
"ငါ့ကို အများက ငကြောက်လို့ ပြောချင် ပြောကြပါစေကွာ။ မင်းလို နိမ့်ကျတဲ့ မြေခွေး လို အကောင်မျိုးနဲ့တောင်
တုပပြီး ရန်ပြိုင်ဖြစ်တတ်တဲ့ အကောင်ပါလားဆိုပြီး
အများက အထင်သေးကြမှာကိုတော့ ငါ မခံနိုင်ဘူး"လို့ ပြန်ပြောလိုက်သတဲ့။
ဒီပုံပြင်လေးက ကျွန်တော်တို့ကိုပေးတဲ့ သင်ခန်းစာက လူတိုင်းက ကျွန်တော်တို့ ယှဉ်ပြိုင်မှုနဲ့ မထိုက်တန်သလို သွားပုပ်လေလွင့် စကားလုံးတိုင်းကိုလည်း လိုက်ပြီး တုံ့ပြန်ဖြေရှင်းနေဖို့ မလိုပါဘူး။
ကိုယ့်အလုပ်ကိုယ်လုပ်နေသူတွေကသာ နောက်ဆုံးမှာ အောင်မြင်မှုတွေနဲ့ပျော်ရွှင်စွာ ဘဝဖြတ်သန်းရမှာဖြစ်ပြီး ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ လူတကာနဲ့ လိုက်ပြိုင်နေသူကသာ နောက်ဆုံးမှာ ရှုံးနိမ့်မှုတွေနဲ့ တလောကလုံးကို ပြစ်တင်ဝေဖန်ရင်း ဇာတ်သိမ်းသွားကြရမှာပါ။
လူ့ဘဝကတိုတိုလေးပါ။ သူများနဲ့လိုက်ပြိုင်ပြီး အချိန်ကုန်မခံကြပါနဲ့။ ကိုယ့်အလုပ်ကိုကိုယ်အာရုံစိုက်ရင်း မနေ့ကကိုယ်ထက် ဒီနေ့ကိုယ် ပိုသာအောင် ပိုတိုးတက်အောင်ပဲ ပြိုင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
Credit
လူက လူအတွေး၊ နွားက နွားအတွေး
*************************
တခါတုန်းက လူတစ်ယာက်ဟာ
အိမ်နောက်ဘက် ကွက်လပ်မှာ
နွားတစ်ကောင်နဲ့ ဆီဆုံ လှည့်နေရင်း
ခဏ ထားခဲ့ပြီး အိမ်ရှေ့မှာ
ရေနွေးကြမ်း ငှဲ့သောက်နေသတဲ့ ။
အဲဒီတုန်းမှာ လမ်းပေါ်မှာ
လူစိမ်းဧည့်သည်တစ်ယောက် ဖြတ်လာတာ
မြင်လို့ ရေနွေးကြမ်းသောက်
လှမ်းဖိတ်လိုက်သတဲ့။
သူ့အရပ်၊ ကိုယ့်ဒေသ
မိုးလေဝသ အကြောင်း၊
စိုက်ရေးပျိုးရေးအကြောင်း၊
အလ္လာပ သလ္လာပတွေ ပြောနေကြရင်း
အိမ်ရှင်ကကြမ်းပြင်ကို နှင်တံ(နွားကန်)နဲ့
ဗြန်းကနဲ ရိုက်လိုက်တယ်။
ပြီးတော့ စကား ဆက်ပြောကြပြန်တယ် ။
တစ်အောင့်လောက် အကြာ ကြမ်းပြင်ကို ရိုက်လိုက်ပြန်ရော။
ဧည့်သည် လူစိမ်းလည်း အိမ်ရှင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့်
အကြောင်းရင်းကို မေးကြည့်မိသတဲ့။
မေးစမ်းပါရစေဦး နောင်ကြီးရယ်၊
စကားပြောနေရင်း နောင်ကြီးက
ကြမ်းပြင်ကို ခဏခဏ
တဗြန်းဗြန်း ရိုက်နေတာ ဘာသဘောလဲဗျ
ဆိုတော့ အိမ်ရှင်က
ဒီလိုဗျ ။ ကျုပ်က အိမ်နောက်ဖေးမှာ
နွားနဲ့ ဆီပွတ် နေတာလေ။
ခလောက်သံက တိတ်သွားတော့
ဒီနွားက ဆုံမလှည့်ပဲ ရပ်နေလို့
ကျုပ်က နှင်တံရိုက် အသံ ပေးနေရတာ။
ကိုင်း အခု ကျုပ်နွားရဲ့
ခလောက်သံကို မိတ်ဆွေ
ကြားတယ် မဟုတ်လား၊
သူ ဆုံလှည့်နေပြီလေ"။
လူစိမ်းက ဘဝင် မကျသလိုနဲ့
ဒီလိုဖြင့် နောင်ကြီးရယ်..
ခင်ဗျားရဲ့နွားက ဆုံကို ဆွဲချင်ဟန်ဆောင်ပြီး
ခြေစုံ ရပ်နေရင်းက ခေါင်းကို
လှုပ်ရမ်းပြီး ခလောက်သံ ပေးနေရင်ရောဗျာ ..။
ဒီအခါမှာ အိမ်ရှင်က
အခုလို ပြန်ပြောလိုက်ပါတယ်။
ဒါကတော့ မိတ်ဆွေက လူဆိုတော့
လူလို တွေးတာကိုးဗျ။
သူက နွားလေဗျာ..။
နွားလိုပဲ တွေးတော့မှာပေါ့ ....တဲ့။
တိရစ္ဆာန်ဟာ တိရိစ္ဆာန်အတွေးပဲ တွေးတတ်ပြီး တိရိစ္ဆာန်အလုပ်ပဲလုပ်တတ်ပါတယ်....
Crd
ဆရာဂုဏ်" (တေးထပ်ရိုး)................
တစ်ချောင်းထောင် လက်တညှိုး
အဖျက်ဆိုး ရရာ ၊
တစ်ချက်ထိုး ပြအလာ
ကျစရာ ပြန်ငဲ့ ၊
သုံးချောင်းကြ ကိုယ့်ကိုပင်
တို့ဆိုချင် ယိုးတတ်လေရဲ့ ၊
ထိုးအနှက် လက်အကုန်
အဖျက်စုံ လေနဲ့
အခက်ကြုံ သရေမဲ့ ပါလို့
ကြွေတလှည့် ကြက်ခုန် ။
ပညာတွေ ကောင်းခဲ့သရွေ့
စောင်းငဲ့၍ ကြည့်ကြပါကုန် ။
အကျင့်နဲ့ သီလဂုဏ် မှာ
ညီမျှရုံ သာမက ပါဘု
ထာဝရ ချစ်ကြလိုလျှင်
ရှစ်ဆပိုချင် ၊
အမြစ်ကြွ ငြိုငြင်လျှင်
ထိုအပင် ချင်စမ်းလှလေး ။ ။
ဦးမောင်(ဂန္ထဝင်ကဗျာ)
ဆရာဖျောက်လျှင်...ပညာပျောက်တတ်တယ်
ဆရာဖယ်လျှင်...ပညာပြယ်တတ်တယ်
ယခုခေတ်၌တက်သစ်စပညာသင်အဆင့်ဆရာ တော်တော်များများတွေ့မြင်မိတယ် ပညာလေးတတ်တော့ဆရာ့ခြေမှုန်လောက်တတ်ပြီးမိုးမမြင်လေမမြင်တွေဖြစ် ကျုပ်မှာဆရာမရှိ ကျုပ်ဆရာမသိဟူ၍သုံနှုန်းသံတွေကြားခဲ့မိတယ် ထို့အတူဆရာ့ဆီသွား၍သြဝါဒခံယူခြင်း ဗဟုသုတလေ့လာခြင်းတွေမရှိဆရာကခေါ်တော့ ဟိုရွှေ့ဒီရွှေ့မာန်တွေအပြည့်နဲ့
ငါဟဲ့ဆရာမာန်ပါပါနဲ့ သူများကဲ့ရဲ့
အဟုတ်မှတ်၍ သင်ခဲ့သောဆရာ
ဂုဏ်ကိုချ၍ ငါ့ဂုဏ်ကိုသာတတ်စေသား ဟု
ကြုံးဝါးကြွေးကြော် ဒီဇမ္ဗူပေါ်
လက်မကြီးထောင် တပြောင်ပြောင်နဲ့
ဒုက္ခရောက်မှ မတကြနဲ့
ဆရာ့ဆီသွား ခယဝပ်တွား
တောင်းပန်ကြပါ တပည့်များ......
လောကမှာအတုမရှိသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မှာ တောထွက်စဥ်ကာလမှာအာလကနှင့်ဥတ္တက ရသေ့ကြီး၂ပါးဆီမှာသမထပုတီးစိပ်နည်းအတတ်ပညာကိုသင်ယူ၍တပည့်ခံခဲ့သေးတာပဲတပည့်ရှိလို့ဆရာဖြစ်တာဆရာဆိုတာဟာလဲတပည့်အရင်ဖြစ်ခဲ့ကြသောကြောင့်ကိုယ့်ဆရာကိုမပယ်ကြပါနဲ့ကိုယ့်ဆရာကိုမဖျောက်ကြပါနဲ့ ဆရာကောင်းတစ်ယောက်ဖြစ်ချင်ရင်တပည့်ကောင်းတစ်ယောက်ဖြစ်အောင်အရင်ကြိုးစားပါ ခင်ဗျားတို့ယခုကုနေတာတွေဟောနေတာတွေက ခင်ဗျားတို့ပညာမဟုတ် ဆရာ့ပညာသာဖြစ်တယ်ဒါကြောင့်ဆရာဖော်၍ပညာများပေါ်နိုင်ကြပါစေ.......
Htun Min Oo
မင်းကုသနှင့်ပဘာဝတီ
🌺🌺🌺🌺🌺🌺🌺🌺
ဟိုးရှေးရှေးတုန်းက မလ္လတိုင်း ကုသဝတီနေပြည်တော်မှာ သြက္ကာကရာဇ်မင်းကြီး နန်းစံပြီး မိဖုရားကြီး သီလဝတီနှင့် မောင်းမပေါင်းတစ်သောင်းခြောက်ထောင်ရှိသော်လည်း နန်းအရိုက်အရာဆက်ခံဖို့ သားသမီးတစ်ယောက်မှ မထွန်းကားချေ။ တိုင်းသူပြည်သားတွေကလည်း ဘုရင်ကြီးမှာ မျိုးဆက်သစ်မရှိလျှင် တိုင်းပြည်ပျက်တော့မည်ကို အစိုးရိမ်ကြီး စိုးရိမ်နေခဲ့ကြသည်။ ထိုသို့ စိုးရိမ်နေသူများထဲတွင် သီလဝတီမိဖုရားကြီးမှာ ထိပ်ဆုံးကဖြစ်ပြီး သူမတာဝန်မကျေပွန်၍ တိုင်းပြည်ဆက်လက်မရပ်တည်နိုင်မည်ကို စိုးရိမ်ကြောင့်ကြလျက် စိတ်ညှိုနွမ်းနေခဲ့သည်။ သီလနှင့်ပြည့်စုံသော မိဖုရားကြီးစိတ်ညှိုးနွမ်းနေတဲ့အဖြစ်ကို မကြည့်လိုသော သိကြားမင်းမှာ လူ့ပြည်သို့ဆင်းသက်ပြီး မိဖုရားကြီးအိပ်စက်နေချိန် မိဖုရားကြီး၏ချက်ကို ညွှန်လိုက်ရာ ဘုရားလောင်းနတ်သားသည် ယင်းခဏတွင်ပင် ပဋိသန္ဓေတည်လေသည်။ ဆယ်လလွန်ပြီးချိန်မှာ ရုပ်ဆိုးပေမယ့် ပညာဉာဏ်ရည်ပြည့်ဝသော ကုသမင်းသားလေးကို ဖွားမြင်သည်။
ကုသမင်းသားလေးသည် ဆရာများထံမှ နည်းနာခံ ပညာသင်ယူစရာမလိုဘဲ ဘက်စုံပညာရပ်များတွင် ပါရဂူမြောက်အောင် တတ်ကျွမ်းလေသည်။ သြက္ကာကရာဇ်မင်းကြီးသည် ကုသမင်းသားလေးအရွယ်ရောက်လာချိန်မှာ သင့်တော်ရာမင်းသမီးတစ်ပါးကို ကြင်ဖက်လျာအဖြစ်ရွေးချယ်ပြီး ထီးနန်းကိုလွှဲပေးလိုသည်။ ကုသမင်းသားမှာမူ အိမ်ထောင်မပြုလို၍ ငြင်းဆန်လေသည်။ လေးကြိမ်မြောက်ငြင်းဆန်ပြီးသောအခါမှ မိဘဆန္ဒနှင့် ဆန့်ကျင်ဘက်ပြုရန် မသင့်ကြောင်းတွေးမိသဖြင့် ကိုယ်တိုင်ထုလုပ်ထားသော ရွှေသားယမင်းရုပ်တုပေးပြီးလျှင် ထိုရုပ်တုနှင့်တူသော မင်းသမီးကိုရလျှင် ကြင်ယာအဖြစ်ပေါင်းသင်းမည်ဟု မယ်တော်အား စကားအမှာပါးလိုက်၏။
မယ်တော် သီလဝတီမိဖုရားကြီးလည်း ရွှေယမင်းရုပ်တုနှင့်တူသော မင်းသမီးကိုရှာဖွေရန် မှူးမတ်များကို တာဝန်ပေးအပ်လေသည်။ မှူးမတ်များသည် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကိုလှည့်လည်ကြရာ နောက်ဆုံးမှာ မဒ္ဒရာဇ်တိုင်းပြည်ရှိ မဒ္ဒရာဇ်မင်းကြီး၏သမီးတော်ရှစ်ပါးထဲမှ ရွှေယမင်းရုပ်တုအတိုင်း ကိုယ်ရောင်ကိုယ်ဝါတောက်ပပြီး အလွန်လှပသော အကြီးဆုံးသမီးတော် ပဘာဝတီမင်းသမီးကိုသွားတွေ့သည်။ မှူးမတ်များမှာအသနားခံပြီး ကုသမင်းသားလေးနဲ့လက်ဆက်ရန်တောင်းခံသောအခါ ခမည်းတော်မဒ္ဒရာဇ်မင်းကြီးမှာ ကြည်ဖြူသဖြင့် မင်္ဂလာနေ့ရက်ကို ချိန်းဆိုသတ်မှတ်ပြီးလျှင် ရွှေယမင်းရုပ်တုကိုပေးပြီး ကုသဝတီနေပြည်တော်ကို ပြန်လာခဲ့ကြသည်။
မှူးမတ်များထံမှ ရွှေယမင်းရုပ်တုနှင့်တူသော ပဘာဝတီမင်းသမီးကိုရှာဖွေတွေ့ရှိကြောင်း သတင်းကြားရသော် သီလဝတီမိဖုရားမှာ အတိုင်းမသိပျော်ရွှင်ရလေသည်။ ထိုသို့ပျော်ရွှင်နေရသော်ငြားလည်း ပူပန်စရာတစ်ခုရှိနေရသောအကြောင်းရင်းတစ်ခုမှာ အကျည်းတန်ရုပ်ဆိုးသော ကုသမင်းမျက်နှာကိုမြင်လျှင် ပဘာဝတီမင်းသမီး မင်္ဂလာကိစ္စကိုငြင်းဆန်မှာကိုပင်။ ထို့ကြောင့် ရင်သွေးလေးရလာမှ ကလေးသံယောဇဉ်ကြောင့် ရုပ်ဆိုးသော ကုသမင်းသားကို ပစ်မသွားနိုင်ဟု တွေးတောပြီးလျှင် မလ္လတိုင်း၏ထုံးတမ်းစဉ်လာဟုဆိုကာ ကုသမင်းသားလေးနှင့် မင်းသမီးကို “ နေ့အတူမစံရ၊ ညအခါကျမှ အတူစံကြ .. ” ဟု စည်းကမ်းသတ်မှတ်လိုက်ကာ အောင်မြင်စွာ မင်္ဂလာဘိသိက်သွန်းပေးနိုင်ခဲ့သည်။
ထိုအချိန်မှစ၍ ကုသမင်းသားမှာ မလ္လတိုင်း၏ ထီးပိုင်မင်းဖြစ်လာခဲ့သည်။ မယ်တော်ချမှတ်ထားတဲ့စည်းကမ်းအတိုင်း ကုသမင်းကြီးမှာ ညအချိန်တွင်သာ ပဘာဝတီအလှတရားကို ရှုစားနိုင်ခဲ့သည်။ တွေ့ဆုံချိန်ကြလျှင်လည်း ကုသမင်း၏ဘုန်းကံကြောင့် ပြိုးပြိုးပြက်ပြက် လင်းလက်တောက်ပသော ပဘာဝတီမိဖုရား၏ အရောင်အဝါတို့မှာ မှေးမှိန်သွားသည်။ သို့နှင့် ကုသနှင့်ပဘာဝတီတို့မှာ သီလဝတီမိဖုရားချမှတ်ထားသော
အစီအစဉ်အတိုင်း နေထိုင်လာခဲ့ကြသည်။ ပဘာဝတီ၏စွဲမက်စရာ အလှအပကို နေ့တွင်လည်း မြင်ဖူးချင်သော ကုသမင်းမှာ ထိုစည်းကမ်းကို စဖောက်တော့သည်။
သီလဝတီမိဖုရားမှာလည်း သားတော်၏အလိုကို လိုက်ရှာသည်။ ပဘာဝတီကို ဆင်မင်္ဂလာပွဲကိုခေါ်လာပြီး သားတော်ကို ဆင်ထိန်းယောင်ဆောင်စေ၍ ကြည့်စေသည်။ ဒုတိယအကြိမ်အဖြစ် မြင်းမင်္ဂလာပွဲတွင် ကုသမင်းကို မြင်းထိန်းအသွင်ဆောင်စေပြန်ကာ ပဘာဝတီအလှကို ရှုစားစေပြန်သည်။ ကုသမင်းမှာ မတင်းတိမ်နိုင်ဘဲ ထပ်မံပူဆာပြန်သဖြင့် မယ်တော်သည် ပဘာဝတီ ရေချိုးဆင်းလေ့ရှိသော မင်္ဂလာရေကန်ရှိရာ ဥယျာဉ်ထဲမှာ စောင့်ကြည့်စေလေသည်။ ရောင့်ရဲမှုမရှိသော ကုသမင်းမှာမူ မင်္ဂလာရေကန်ထဲဆင်းပြီးလျှင် ပဒုမ္မာကြာဖက်ဖြင့် ဦးခေါင်းကိုဖုံးလျက် ကြာပွင့်ဖြင့် မျက်နှာကိုကွယ်ကာ စောင့်နေလိုက်သည်။ များမကြာမီတွင် ရေချိုးဆင်းလာသော ပဘာဝတီမှာ ရေချိုးရင်း လှပသော ပဒုမ္မာကြာပွင့်ကြီးကိုမြင်မြင်ချင်း ခူးဆွတ်မည်ပြုသောအခါ ကုသမင်းမှာ ကြာဖက်ကိုဖယ်လိုက်ပြီး ပဘာဝတီလက်ကို ဖမ်းဆွဲလျက် ‘‘ ငါ ကုသမင်းပါ .. ’’ ဟု ဆိုလိုက်သည်။
ပဘာဝတီမိဖုရားမှာ ‘‘ ငါ့ကို ဘီလူးဖမ်းပြီ .. ’’ ဟု မြည်ကြွေးလျက် မေ့လဲကျသွားလေတော့သည်။ သတိပြန်လည်လာ၍ မိမိ၏လက်ကိုဆွဲကိုင်သူမှာ ကုသမင်းဖြစ်မှန်းသိသောအခါ ရုပ်ဆိုးသူနှင့် မပေါင်းဖက်လိုသဖြင့် ပဘာဝတီတစ်ယောက် မိဘနှစ်ပါးရှိရာ သာဂလမြို့တော်ဆီကို ပြန်သွားလေသည်။ ပဘာဝတီပြန်သွားလျှင် ကုသမင်းမှာ သောကပင်လယ်ဝေပြီး ချစ်ဇနီးရှိရာ ယူဇနာပေါင်းများစွာဝေးကွာသော သာဂလမြို့ကို ခြေလျင်လျှောက်လျက် လိုက်လာခဲ့သည်။ သာဂလမြို့တော်ကိုရောက်လျှင် ကုသမင်းမှာ ဆင်ထိန်းများထံတွင်တည်းခိုသည်။ တစ်ညမှာ ဆင်တင်းကုပ်၌အိပ်ရင်း တစ်ရေးနိုးချိန်တွင် စောင်းတော်တီး၍ ပဘာဝတီအမျက်ပြေစေရန် ကြိုးစားလေသည်။ ထိုအသံကို ပဘာဝတီကြားသော် ကုသလိုက်လာမှန်းသိသည့်အခါ မင်းနေပြည်တော်တွင် ညအချိန်၌ စောင်းမတီးရ အမိန့်ချမှတ်လိုက်သည်။
ကုသမင်းသည် ဆင်ထိန်းများထံတွင်ဆက်နေလျှင် ပဘာဝတီအားတွေ့နိုင်မည့် အရိပ်အယောင်မတွေ့ရသဖြင့် အိုးထိန်းသည်၊ ကျူထရံသည်၊ ပန်းကုံးသည်အဖြစ် အဆင့်ဆင့်ဟန်ဆောင်နေထိုင်ရင်း ခုနစ်လအကြာတွင် ပဘာဝတီအထိန်းတော်တစ်ဦးအား လာဘ်ထိုး၍ နန်းတော်ရှိစားဖိုဆောင်တွင် စားတော်ချက်တစ်ဦးအဖြစ် ဟန်ဆောင်ချဉ်းကပ်သည်။ ထိုအကြောင်းသိသော ပဘာဝတီမှာ ခွင့်မလွှတ်သည့်အပြင် ပိုအမျက်ထွက်ကာ မေတ္တာတုံ့ပြန်ခြင်းအလျဉ်းမရှိခဲ့ပေ။ လုံးဝချဉ်းကပ်လို့မရသည့်အဆုံးမှာ ကုသသည် မင်းနေပြည်တော်ကို ပြန်ဖို့ဆုံးဖြတ်လေတော့သည်။ ယင်းအဖြစ်ကိုမြင်သော သိကြားမင်းသည် မဒ္ဒရာဇ်မင်းကြီး၏တမန်တော်အဖြစ် အသွင်ဆောင်ယူကာ ခုနစ်ပြည်ထောင်သောမင်းများထံသို့သွား၍ ‘‘ ပဘာဝတီမင်းသမီးမှာ ကုသမင်းကိုစွန့်ပစ်ကာ ပြန်လာသည် .. သင်တို့ ပဘာဝတီကို လာယူလှည့် .. ’’ ဟု တစ်ပါးစီ သတင်းပို့သည်။ ခုနစ်ပြည်ထောင်သောမင်းတို့သည်လည်း မဒ္ဒရာဇ်မင်းကြီးထံရောက်လာကြပြီးလျှင် ‘‘ ပဘာဝတီကို ပေးမည်လော .. စစ်ကို ထိုးမည်လော .. ’’ ဟု ရာဇသံပေးပြီး သာဂလမြို့ကို နောက်လိုက်တမန်တော်များဖြင့် ဝိုင်းရံထားကြသည်။
မြို့တော်ပျက်မည်ကို စိုးရိမ်သော မဒ္ဒရာဇ်မင်းကြီးက ပဘာဝတီအား ကုသမင်းကိုစွန့်ပစ်ခြင်းအကျိုးကို သိစေလိုသော်ငှာ “ ပဘာဝတီမင်းသမီးကို ခုနစ်ပိုင်းပိုင်းပြီး ခုနစ်ပြည်ထောင်သောမင်းတို့ကို ပို့ဆက်စေ .. ” ဟု အမိန့်ထုတ်လိုက်တော့သည်။ ထို့အမိန့်ကိုကြားသော ပဘာဝတီမှာ ငိုကြွေးလျက် မယ်တော်ထံချဉ်းကပ် အကူအညီတောင်းလေသည်။ မယ်တော်သည် ကုသ၏ဂုဏ်ကျေးဇူးကိုဖော်ထုတ် ချီးကျူးကာ “ ကုသသာရှိရင် ခုနစ်ပြည်ထောင်သောမင်းတို့ရဲ့ ရန်ကနေလည်း ကင်းဝေးနိုင်ပါတယ် သမီးတော် .. ” ဟု ဆိုသည်။ ထိုအခါမှ မယ်တော်အား ကုသမင်းမှာ စားဖိုဆောင်တွင် အမှုထမ်းနေသော ကုသမင်းကို ပြတင်းပေါက်မှ လက်ညှိုးညွှန်ပြ၍ ကုသမင်းရောက်နေကြောင်းသိသည်ကို ဝန်ခံပြောကြားသည်။ ထိုအခါ မယ်တော်သည် ပဘာဝတီအား ပြစ်တင်ပြောဆိုပြီးလျှင် မင်းနေပြည်တော်တွင် ကုသရောက်နေကြောင်းကို မဒ္ဒရာဇ်မင်းထံ ချက်ချင်းသွားလျှောက်တော်မူသည်။
ကုသမင်းရောက်နေကြောင်းသိသော မင်းကြီးမှာ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ကုသမင်းအား “ အရှင်မင်းမြတ် ကျုပ့်သမီးမိုက်ရဲ့ အမိုက်မှောင်ကို ခွင့်လွှတ်တော်မူပါ .. ” ဟု တောင်းပန်စကားဆိုလေသည်။ ပြီးနောက် သမီးတော်ပဘာဝတီကိုလည်း ကုသမင်းဂုဏ်ကျေးဇူးကို ဖော်ကျူးစေလျက် ကုသမင်း၏ခြေဖဝါးကို အသနားခံကန်တော့စေသည်။ ထိုအခါမှ လက်ရုံးရည် နှလုံးရည်ပြည့်ဝသော ကုသမင်းသည် မိမိစီးသောဆင်ပေါ်တွင် ပဘာဝတီကိုတင်ဆောင်လျက် ခုနစ်ပြည်ထောင်သောမင်းတို့ကို ထိပ်တိုက်တိုက်စစ်ဆင်၍ ခုနစ်ပါးစလုံးကို အရှင်လတ်လတ်ဖမ်းမိကာ စစ်အောင်နိုင်ခဲ့သည်။ ကုသလည်း မင်းခုနစ်ပါးကို မဒ္ဒရာဇ်မင်းထံ ဆက်သသည်။ တဖန် မဒ္ဒရာဇ်မင်းက ကုသမင်းကိုပြန်လွှဲအပ်သဖြင့် မဒ္ဒရာဇ်မင်း၏ကျန်ရှိသော သမီးတော်ခုနစ်ပါးကို မင်းတစ်ပါးစီလက်ဆောင်ဆက်၍ ရန်ပြေငြိမ်းစေရန် ချစ်ကြည်ရေးရယူစေခဲ့သည်။ ပဘာဝတီလည်း ကုသမင်း၏ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက်ကာ မလ္လတိုင်း ကုသဝတီနေပြည်တော်ကို လိုက်ပါသွားပြီးလျှင် ကုသမင်းနှင့်အတူ ပျော်ရွှင်စွာ ပြန်လည်ပေါင်းသင်းနေထိုင်လေတော့သည်။
( ကုသမင်းနှင့် ပဘာဝတီတို့ဖူးစာဆုံရသည့် အကြောင်းရင်း )
ကုသမင်းသည် အတိတ်ကာလ ဘဝတစ်ခုတွင် ဗာရာဏသီပြည် မြို့တံခါးရွာတွင် လူငယ်တစ်ယောက်ဖြစ်ခဲ့ပြီး အစ်ကိုလင်မယားမောင်နှံနှင့်အတူ တစ်အိမ်ထဲအတူနေကြသည်။ တစ်နေ့သောအခါ အစ်ကိုရဲ့ဇနီးက အလွန်အရသာရှိသည့်မုန့်ကိုကြော်ပြီး တောထဲသွားနေသော လူငယ်လေးအတွက် မုန့်အနည်းငယ်ချန်ကာ ကျန်မုန့်များကို စားလိုက်လေသည်။ တခဏအချိန်၌ အိမ်ရှေ့မှာ အရှင်ပစ္စေကဗုဒ္ဓတစ်ပါး ဆွမ်းခံကြွလာသောအခါ ချန်ထားသောမုန့်ကို အစ်ကို့ဇနီးက ကပ်လှူလိုက်သည်။ လူငယ်လေး တောထဲမှပြန်လာသောအခါ သူ့အတွက် ချန်ထားသော မုန့်ကိုကပ်လှူကောင်းရမလားဟု သပိတ်ထဲမှ ပြန်နှိုက်ယူလေသည်။
ထိုအခါ မရီးဖြစ်သူမှာ သူ့အမေအိမ်သွားပြီး ရလာတဲ့ထောပတ်တွေကို ထပ်မံလောင်းလှူပြီးလျှင် သူမလောင်းလှူလိုက်သည့် ထောပတ်တွေမှာ အရောင်အဝါတွေထွက်နေသည်ကိုတွေ့သည့်အခါ ဝမ်းသာအားရဖြင့် “ ယခုကပ်လှူရတဲ့ ဒါနကုသိုလ်ကြောင့် ဘုရားတပည့်တော်မ ခန္ဓာကိုယ်မှာ အရောင်အလင်းများ ဖြစ်ပေါ်ကာ သာလွန်သော ရုပ်အဆင်းကိုရရပါလို၏။ ဤ မသူတော်နှင့်လည်း တစ်ခုသောအရပ်မှာ အတူတူနေရခြင်း မဖြစ်ပါစေနဲ့.. ” ဟု ဆုတောင်းလေသည်။ ထိုဆုတောင်းကိုကြားသော လူငယ်လေးမှာမူ သူ့မုန့်ကို ပြန်လှူရင်း “ ဤအမျိုးသမီးနှင့်ဝေးရာ ယူဇနာတစ်ရာရှိ အကွာအဝေးအရပ်မှာ နေရပါစေ .. ထိုအရပ်မှာ ဆောင်ယူကာ ခြေရင်းတော်၌ အလုပ်အကျွေးပြုခြင်းငှာ စွမ်းဆောင်နိုင်သောသူ ဖြစ်ရပါလို့၏ .. ” ဟု ဆုတောင်းခဲ့သည်။
ထိုဆုတောင်းတွေကြောင့်ပဲ သပိတ်ထဲမှာ မုန့်ကိုအမျက်ဒေါသဖြင့် ပြန်ယူမိသည့် အကုသိုလ်ကံကြောင့် ယခုဘဝမှာ ရုပ်ဆိုးသောကုသမင်းအဖြစ်လည်းကောင်း၊ အဆီအနှစ်ပြည့်ဝသော ထောပတ်ကပ်လှူသည့် ကုသိုလ်ကံကြောင့် ပဘာဝတီမင်းသမီးမှာ ချောမောလှပသည့်အပြင် ခန္ဓာကိုယ်တွင်အရောင်အဝါထွန်းလင်းသည့် မင်းသမီးတစ်ပါးအဖြစ်မွေးဖွားလာခဲ့ပြီး ယခုဘဝတွင် ကုသမင်းနှင့်ပေါင်းဖက်ရန် အကြောင်းဖန်လာခဲ့ခြင်းဖြစ်သည်။
ဇာတ်လမ်းအားလုံးပေါင်းသော် ကုသမင်းမှာ ဗုဒ္ဓမြတ်စွာဘုရားအလောင်း၊
ပဘာဝတီမင်းသမီးမှာ ယသော်ဓရာ၊
ကုသမင်း၏မယ်တော် သီလဝတီမိဖုရားမှာ မယ်တော်မာယာပဲ ဖြစ်ပါတယ်။
မူရင်းရေးသူအားလေးစားစွာဖြင့်
#ပြည့်စုံ(တောင်ငူ)
ဤPage တွင်ဖော်ပြထားသောဓမ္မစာပေများအား
မည်သူမဆိုလွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်
အရွယ် ( ၁၀ ) ပါး
၁ ။ မန္ဒဒဿက - ဆယ်နှစ်အတွင်း ၊ အသိအလိမ္မာနည်းသောအရွယ် ။
၂ ။ ဒိဋ္ဌဒဿက - နှစ်ဆယ်အတွင်းပျော်ရွှင်မြူးတူးသောအရွယ် ။
၃ ။ ဝဏ္ဏဒဿက - သုံးဆယ်အတွင်းအဆင်းလှသောအရွယ် ။
၄ ။ ဗလဒဿက - လေးဆယ်အတွင်းခွန်အားကောင်းသောအရွယ် ။
၅ ။ပညာဒဿက - ငါးဆယ်အတွင်းပညာဉာဏ်ထက်မြက်သောအရွယ် ။
၆ ။ ဟာနိဒဿက - ခြောက်ဆယ်အတွင်းခွန်အားဆုတ်ယုတ်သောအရွယ် ။
၇ ။ ပဗ်ဘာရဒဿက - ခုနစ်ဆယ်အတွင်းကိုင်းသောအရွယ် ။
၈ ။ ဝင်္ကဒဿက - ရှစ်ဆယ်ကျော်ကုန်းသောအရွယ်။
၉ ။ မောမူဟဒဿက - ကိုးဆယ်အတွင်းဝေတွေမေ့လျော့သောအရွယ် ။
၁၀ ။ သလာနာသက - ကိုးဆယ်ကျော်အိပ်ရာပေါ်တွင်လှဲလျောင်းသောအရွယ် ။
အရာရာတိုင်းကခဏသာပါ
ပေါက်ဆရာ ( ၆၄ )ပါးနှင့် ( ၁၀၁ )ပါးသောဝိဇ္ဇာစာရင်း
''မသိလျှင်မေး မစင်လျှင်ဆေး''၊''မေးဖန်းများ စကားရ'' ၊ ''သက်ကြီးစကား သက်ငယ်ကြား''ဆိုသည့်ထုံးကို နှလုံးမူလျှက် ဂန္ဓာရီဝိဇ္ဇာလောက၌မှတ်တမ်းမှတ်ရာကျန်ခဲ့သော ၊ ဝိဇ္ဇာတို့၏လက်ခုတ် ၊ လက်ရင်းများကိုတတ်စွမ်းသမျှရှာဖွေခဲ့ပါသည်။ဝိဇ္ဇာလောက၌အထက်ပုဂ္ဂိုလ်ကြီးများကိုပင့်ရာတွင်ပေါက်ဆရာ ၆၄ ပါးဆိုသောပုဂ္ဂိုလ်များကိုအလွန်သိချင်လှပါသည်။
ထိုပေါက်ဆရာ၆၄ပါးအကြောင်းကိုသိလို၍စာပေကျမ်းဂန်လည်းတတ်၊ရှေးရှေးကဗဟုသုတနှင့်လဲပြည့်စုံသော ကျွန်ုပ်၏ဆရာအရင်းဖြစ်သူ ''ဓာတုစိန္တာဦးချစ်မောင်''ထံချဥ်းကပ်၍လျှော
က်ထားမေးမြန်းခဲ့ဖူးပါသည်။
ကျွန်ုပ်က''ဆရာကြီးခင်ဗျာ အထက်ဝိဇ္ဇာများကိုပင့်ရာ၌ပေါက်ဆရာ ၆၄ ပါးဟုထည့်ထည့်ပြီးရွတ်ဆိုလေ့ရှိကြပါတယ်။ အဲ့ဒီပေါက်ဆရာ ၆၄ ပါးဆိုတာမည်သူတွေလဲ ဒါမှမဟုတ် ထိုပေါက်ဆရာ ၆၄ ပါးအကြောင်းကိုမည်သည့်ပုဂ္ဂိုလ်ကရေးသားခဲ့သည်ကိုသိလိုပါတယ် ဟုလျှောက်ထားရာ ဆရာကြီးက ငါ့တပည့်မေးတဲ့ ပေါက်ဆရာ ၆၄ ပါးကိုကုန်စင်အောင်မမှတ်မိတော့ဘူး။ ရေးခဲ့တဲ့ပုဂ္ဂိုလ်တွေကတော့ ပထမကမ္ဘာစစ်ကြီးမဖြစ်မီကပေါ့ ၊ လက်ပန်တန်းက''ပထမကျော် ဦးလူခန့်''ရေးခဲ့တာဖြစ်တယ်။သူရေးခဲ့တဲ့''မဟာဂန္ဓာရီ ဝိဇ္ဇာဓိုရ်ကျမ်း''ထဲမှာပေါက်ဆရာ ၆၄ ပါးအကြောင်းကိုရေးထားတာကွဲ့ ၊ ဟုပြောပြခဲ့ပါသည်။
နှစ်ပေါင်းများစွာကြာခဲ့၍ ပျောက်ကွယ်သွားပြီဖြစိသော ''မဟာဂန္ဓာရီ ဝိဇ္ဇာဓိုရ်ကျမ်း''ကိုရှာဖွေတွေ့ရှိခဲ့ရင်တော့ ၊ ပေါက်ဆရာ ၆၄ ပါးတို့၏အမည်ကိုတွေ့ရှိနိုင်ပေလိမ့်မည်။
သို့သော်ပေါက်ဆရာတို့၏မှတ်တမ်းကိုပြည့်ပြည့်စုံစုံဖော်ပြထားသည်မှာ''ဦးသီလန္တဆရာတော်ဘုရား''ကျွန်ုပ်အားကိုယ်တိုင်ချီးမြှင့်ခဲ့သော ပေါက်ဆရာ ၁၀၁ ပါးပါရှိသည့်စာရင်းဖြစ်ပါသည်။ထိုပေါက်ဆရာအမှတ်စဥ် ၈၂ ၌''ဓမ္မစေတီမင်းခေါင်''ဟုသာထင်ရှားပါရှိပြီး ၊ ပရိမ္မမင်းခေါင် ၊ သတိုးမင်းခေါင် ၊ အင်းဝမင်းခေါင် ၊ တိံကြားမင်းခေါင်စသည်တို့ပေါက်ဆရာစာရင်း၌မတွေ့ရှိရချေ။
ထို့ကြောင့် ဓမ္မစေတီမင်းခေါင် ခေါ် ပုပ္ပါးမင်းခေါင်ကိုသာလျှင်ပေါက်ဆရာတို့စာရင်းတွင်အပါအဝင်ဖြစ်သည်ဟုကောက်ချက်ချရပေလိမ့်မည် ။
''၁၀၁ပါး''ဝိဇ္ဇာစာရင်း
( ၁ )ငါးဘုံဝိဇ္ဇာ ၊ ( ၂ )လေးဘုံဝိဇ္ဇာ ၊ ( ၃ )ဗုဒ္ဓ ၊ ( ၄ )ဓမ္မ ၊ ( ၅ )သံဃ ၊ ( ၆ )ဦးသာမလဆရာတော် ၊ ( ၇ )အဖဇော်ဂျီ ၊ ( ၈ )ဦးဥတ္တမဆရာတော် ၊ ( ၉ )ဦးခန္တီပါလ ၊ ( ၁၀ )ဦးဓမ္မသာမိ ၊ ( ၁၁ )မဟာမြိုင် ၊ ( ၁၂ )ဦးစန္ဒသူရိယ ၊ ( ၁၃ )ဦးဓမ္မစာရိ ၊ ( ၁၄ )ဂျုံးဂျုံးကြ ၊ ( ၁၅ )များရှာကျံ ၊ ( ၁၆ )ရွှေဘိုဦးလှိုင် ၊ ( ၁၇ )ဦးဇ ၊ ( ၁၈ )ဦးရဲသူသောကြာစနေ ၊ ( ၁၉ )ရွှေကိုယ်တော် ၊ ( ၂၀ )ငွေကိုယ်တော် ၊ ( ၂၁ )ဖိုကျင်ဆရာ ၊ ( ၂၂ )မကိုဋ်သရဖူဆရာ ၊ ( ၂၃ )မျက်ရှင် ၊ ( ၂၄ )မောနရဂန္ဓာရီ ၊ ( ၂၅ )ဆရာဖြူ ၊ ( ၂၆ )ဆရာလူ ၊ ( ၂၇ )ဆရာဝ ၊ ( ၂၈ )ဆရာစော ၊ ( ၂၉ )ဆရာမြ ၊ ( ၃၀ )ဆရာကွမ် ၊ ( ၃၁ )ဆရာရှင် ၊ ( ၃၂ )ဆရာပို ၊ ( ၃၃ )ဆရာခိုင် ၊ ( ၃၄ )ဆရာလှိုင် ၊ ( ၃၅ )ဆရာမြိုင် ၊ ( ၃၆ )ဆရာကြိုင် ၊ ( ၃၇ )နဝင်းသာချောင်ဦးအောင် ၊ ( ၃၈ )ရွှေဘိုဦးအောင် ၊ ( ၃၉ )ဣစ္ဆာသယဦးအောင် ၊ ( ၄၀ )ရိုးမဦးအောင် ၊ ( ၄၁ )စက်တော်ရာဦးအောင် ၊ ( ၄၂ )ပုပ္ပါးဦးအောင် ၊ ( ၄၃ )ပဋ္ဌမံဆရာဘိုးဘိုးအောင် ၊ ( ၄၄ )ရသေ့ဦးအောင် ၊ ( ၄၅ )ဇင်းကျိုက်ဦးအောင် ၊ ( ၄၆ )တောင်ဖီလာဆရာတော် ၊ ( ၄၇ )ဗားမဲ့ဆရာတော် ၊ ( ၄၈ )ဗားမြိုက်ဆရာတော် ၊ ( ၄၉ )ဗားတမော့ဆရာတော် ၊ ( ၅၀ )ဗားတောင်ဆရာတော် ၊ ( ၅၁ )ဗားမျှောင်ဆရာတော် ၊ ( ၅၂ )ဗားကရာဆရာတော် ၊ ( ၅၃ )ဗားဓမ္မဆရာတော် ၊ ( ၅၄ )ဗားထီးဆရာတော် ၊ ( ၅၅ )ဗားကိုင်းဆရာတော် ၊ ( ၅၆ )ဓမ္မစေတီ ၊ ( ၅၇ )ဓမ္မဘာလ ၊ ( ၅၈ )အသားနောင်တော် ၊ ( ၅၉ )ဒုတိယအသားနောင်တော် ၊ ( ၆၀ )ဆရာဦးလူကြီး ၊ ( ၆၁ )ဆရာဦးကျော်ဇ ၊ ( ၆၂ )ဆရာပေါ ၊ ( ၆၃ )ဦးသြဘာသဆရာတော် ၊ ( ၆၄ )ဦးခန္ဓာဇောတိဆရာတော် ၊ ( ၆၅ )ဦးအာဒိစ္စ ၊ ( ၆၆ )ဆံရှည်ဆရာတော် ၊ ( ၆၇ )ဦးသာသနာဆေးဝိဇ္ဇာ ၊ ( ၆၈ )အဇ္ဇဂေါဏဓာတ်လုံး ၊ ( ၆၉ )မေဝိယဆရာတော် ၊ ( ၇၀ )ရှင်မထီး ၊ ( ၇၁ )ရှင်သီလစန္ဒာ(ဥက္ကဋ္ဌ) ၊ ( ၇၂ )ဦးခေမိန် ၊ ( ၇၃ )ဦးဇာကရ ၊ ( ၇၄ )လောကီရဝိဇ္ဇာဓိုရ် ၊ ( ၇၅ )သုမနရသေ့ ၊ ( ၇၆ )ဣစ္ဆာသယရသေ့ ၊ ( ၇၇ )ပဋ္ဌမံအင်းကိုစီရင်သောဘိုးဘိုးကြီး ၊ ( ၇၈ )ဦးနန္ဒိယဘုန်းတော်ကြီး ၊ ( ၇၉ )ဦးဒေဝိန်ရသေ့ ၊ ( ၈၀ )ပဋ္ဌမံဦးအောင်ကြီး ၊ ( ၈၁ )ဣန္ဒာစရိယဆရာတော် ၊ ( ၈၂ )ဓမ္မစေတီမင်းခေါင် ၊ ( ၈၃ )ဦးဝိမလဇင်းကျိုက် ၊ ( ၈၄ )ဆရာဦးခန္တီ ၊ ( ၈၅ )စကြ်ာ ၊ ( ၈၆ )ဧကပိဏ္ဍရှင်ရသေ့ ၊ ( ၈၇ )ဖိုးဝိဇ္ဇာ ၊ ( ၈၈ )ဆရာမျက် ၊ ( ၈၉ )ဆရာကြင် ၊ ( ၉၀ )ဦးအောင်မြတ် ၊ ( ၉၁ )ဦးခန္ဓာဇောတ ၊ ( ၉၂ )ရှင်သီလဝန္တ(ဘွဲ့တံဆိပ်ရ) ၊ ( ၉၃ )ဦးဉာဏဆရာတော် ၊ ( ၉၄ )ဦးဇောတိပါလရသေ့ ၊ ( ၉၅ )ဦးဇောတဘုန်းတော်ကြီး ၊ ( ၉၆ )ဦးရာဇိန္ဒ ၊ ( ၉၇ )ဦးအာလောဘဆရာတော် ၊ ( ၉၈ )ဦးပညာဇောတ ၊ ( ၉၉ )အရှင်တေဇစန္ဒာ ၊ ( ၁၀၀ )ဘာဘာကြီး ၊ ( ၁၀၁ )ရွှေတံငါ
မှတ်ချက် - ရှင်မထီးထံ၌ရွှေသားပုရပိုက်နှင့်အပ်နှံထားသည်ဆိုသောထွက်ရပ်ပေါက်စာရင်းမှန်ဖြစ်သည် ။ ဥပမာပြရသော်( ၁၄ )တွင်ဂျုံးဂျုံးကြ ၊ ( ၄၇ )တွင်ဗားမဲ့ဆရာတော် ၊ ( ၆၃ )တွင်ယက္ကန်းစင်တောင်ဆရာတော်ဦးသြဘာသ ၊ ( ၆၄ )တွင်ဦးခန္ဓာဇောတိ ၊ ( ၆၈ )တွင်ရှင်အဇ္ဇဂေါဏ ၊ ( ၇၀ )တွင်ရှင်မထီး ၊ ( ၄၃ )တွင်ပဋ္ဌမံဘိုးဘိုးအောင် ၊ ( ၈၂ )တွင်ဓမ္မစေတီမင်းခေါင် ၊ ( ၈၇ )တွင်ဖိုးဝိဇ္ဇာ ၊ ( ၈၅ )တွင်စကြ်ာ ၊ ( ၉၂ )တွင်ရှင်သီလဝန္တ ၊ ( ၉၆ )တွင်ဦးရာဇိန္ဒ စသည့်ထင်ရှားသောဝိဇ္ဇာဓိုရ်ကြီးများကိုတွေ့ရှိရပါမည် ။
အဘအောင်မင်းခေါင်၏ဆုံးမစကား
၁။ လုပ်တိုင်းမဖြစ်၊စိတ်မညစ်နှင့်၊ကိုယ်လုပ်တိုင်းသာဖြစ်နေပါက၊ဘယ်မှအနတ္တရှိမည်နည်း။
၂။ ပြောတိုင်းမရ၊ဒေါမထနှင့်၊ကိုယ်ပြောတိုင်းသာရနေပါက၊ဘယ်မှာအနတ္တရှိမည်နည်း။
၃။ ကြံတိုင်းမမြောက်၊စိတ်မပေါက်နှင့်၊ကိုယ်ကြံတိုင်းသာပြီးမြောက်ပါက၊ဘယ်မှာအနတ္တရှိမည်နည်း။
၄။ ဆင်းရဲကြုံမူ၊မညည်းညူးနှင့်၊ချမ်းသာကြီးသာကြုံနေပါက၊ဘယ်မှာဒုက္ခရှိမည်နည်း။
၅။ ပျက်စီးတိုင်းလျှင်၊မပူပင်နှင့်၊မပျက်စီးကာ၊ခိုင်မြဲပါက၊ဘယ်မှာအနိစ္စရှိမည်နည်း။
၆။ အာရုံဟူသမျှ၊မတောင်းတနှင့်၊အာရုံတိုင်းသာတောင်းတပါက၊ဘယ်မှာလောဘဆုံးမည်နည်း။
၇။ အရာရာမျိုးစိတ်မဆိုးနှင့်၊ရောတိုင်းသာစိတ်ဆိုးပါက၊ဘယ်မှာဒေါသဆုံးမည်နည်း။
၈။ သိဉာဏ်မလိုက်၊သင်မမိုက်နှင့်၊သိဉာဏ်မရ၊မိုက်နေပါက၊ဘယ်မှာမောဟဆုံးမည်နည်း။
၉။ ဗုဒ္ဓတရားမေ့မထားနှင့်၊ဆုံးမတိုင်းသာ၊ကျင့်ကြံပါက၊ဘယ်မှာနိဗ္ဗာန်ဝေးမည်နည်း။
ဆရာတော်ဦးသြဘာသ၏ကျမ်းထဲကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
ထွန်းမင်းဦး ( အရာရာတိုင်းကခဏသာပါ )
ဘဒ္ဒကမ္ဘာနှင့်လောကီပညာ
ကမ္ဘာဦးကာလလောကကြီးတွင်သတ္တဝါတို့၏ကံအနိမ့်အမြင့်ကိုလိုက်၍ ယသော အယသော၊လာဘော အလာဘော၊နိဿံ ပဿသိ၊သုခံ ဒုက္ခံဟူသော လောကဓံတရား၈ပါးနှင့်အမြဲတွေ့ကြုံနေရ၏။ဤသို့ဖြစ်ရကားသတ္တဝါတို့၏ဆင်းရဲမှု့မှချမ်းသာခြင်းသို့ထုတ်ဆောင်နိုင်ရန် ''လောကီပညာရပ်အမျိုးမျိုး''တို့လိုအပ်လာပါသည်။ရုပ်ပိုင်းဆိုင်ရာ၌ဖြစ်ပေါ်တတ်သောရောဂါအမျိုးမျိုးနှင့်စိတ်ပိုင်းဆိုင်ရာတွင်ဖြစ်ပေါ်တတ်သောဝေဒနါအမျိုးမျိုးတို့ကိုကုစားနိုင်ရန်လောကသက်ရှိသတ္တဝာတို့၏အကျိုးအတွက်လောကီပညာများလိုအပ်လာခြင်းဖြစ်ပေသည်။ထိုလောကီပညာရပ်တို့သည်ကား''ကောက်စမပုရပိုက်ရေးထုံး''အရအမြွက်မျှဖော်ပြရသော်....
တိုက်စကြ်ာဝဠာ၊တံတိုင်းမှာ၌၊ဂဇာအဿ၊ပုံမျှတရှိ၊ထင်ဘိလှစွာ၊ကမ္ဘာ့တန်ဆာ၊ကျောက်ထစ်စာ၏၊ဗျည်းမှာတွက်ကြုံး၊သုံးဆယ့်သုံးတွင်၊လေးလုံးအစ၊ကောက်နည်းပြအံ့''ဟုဖော်ပြထားသည်ကိုသက်သေအရာထား၍ပြောကြားလိုသည်မှာ မဟာသမ္မတမင်းလက်ထပ်တော်၌ဝန်ကြီး မှူးမတ် လူသူကျွဲနွား ၊ဆင်းရဲ၊ချမ်းသာ၊မြိုပြအိမ်ရာ၊မြို့ရွာထီးနန်း.စံမြန်းသည်နှင့်အညီပေါက်ပေါက်လာပြီဖြစ်ရာလောကကောင်းကြိုးကြည့်ရှု့သော''သိကြားမင်း''ကပထမမဟာသမ္မတမင်း၏နန်းရင်ပြင်ဍ်အထက်ကဗိန္ဒုအလုံး၆၀ အောက်ကဗျည်းအက္ခရာ၃၃လုံးပါရှိသော
ရွှေပေလွှာချပ် ကိုချလိုက်လေသည်။၊ဘုရင်နှင့်တကွမည်သူတစ်ဦးတစ်ယောက်မျှ ရွှေပေလွာတွင်ပါရှိသောအကြောင်းအချင်းရာကိုမသိနိုင်ကြ၍
မဟာသမ္မတမင်းက အဘိညာဥ် သမ္မာပါတ်ရှစ်ပါး
ရရှိသောတူတော်''လောကဘိနဝိဒ္ဓိရှင်ရသေ့''ကို
နန်းတော်သို့ပင့်ဆောင်၍ ရွှေပေလွှာတွင်ပါရှိသော
ဗိန္ဓုနှင့်အက္ခရာအကြောင်းတို့ကို ဖြေကြားပေးတော်မူရန်လျှောက်ထားလေ၏။ထိုအခါလောကဘိနဝိဒ္ဓိရှင့်ရသေ့ ကပြောကြားတော်မူသည်မှာ ''အရှင်မင်းကြီးကမ္ဘာဦးအခါကဝေဟပ္ဖုလ်ဘုံမှ၊ဗြဟ္မာမင်းကြီး
၉ယောက်တို့သည်အလွန်ထူးဆန်းသောကြာရုံကြီးတို့ကိုမြင်၍ငါးပွင့်သောကြာဝစ္ဆံတို့၏အလယ်၌ ရွှေနီအဆင်းနှင့်တူသောကြာသင်္ဃန်း၅စုံတို့ကိုတွေမြင်ကြရ၍အွန်ဝမ်းမြောက်ရွှင်လန်းကာ စနည်းတိတ်နမိတ်ဖြင့် ဖြစ်အံသောအနာဂတ်ကို ဗြဟ္မာမင်းကိုးပါး တို့ဟောကြားကုန်၏။ဟောကြားပုံမှာ"ကမ္ဘာဦးတည်ပြီးကာလဤကမ္ဘာသည် ၅ ဆူကုန်သော ဘုရားရှင်တို
ပွင်တော်မူလတ္တံ့။ဤကမ္ဘာကိုဘဒ္ဒကမ္ဘာဟုအမည်မှည့်၏။ထိုဗြဟ္မာကိုးယောက်တို့ ဖတ်သောနိမိတ်သည်
စကြ်ာဝဋ္ဌာကုဋေတစ်သိန်း ပှံနှံ့လျှက် အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင်နှံသိလေ၏ ထို့နောက် ကြာသင်္ဃန်း
၅ စုံကိုဗဟ္မာမင်းကိုယောက်တို့ဝေဟပ္ဖိုလ်ဘုံသို့ယူဆောင်သွားကြလေ၏။
ထို့နောက် လောကဘိနဝိဒ္ဓရှင်ရသေ့သည် မြင်းမိုရ်
နေလ သိတာ ၇ တန်.ကျွန်းကြီး၄ကျွန်း သမုဒ္ဒရာ၄ စင်း စသည့်တည်လာသောကမ္ဘာကြီး၏ လောကအထုပ္ပတ္တိကိုအလွန်ကျယ်ဝန်းစွာ ဟောကြားတော်မူပြီးနောက် ဤရွှေပေလွှာတွင်ပါရှိသာ ဗိန္ဓုအလုံး ၆၀ကါး
အခြားမဟုတ် ကြာသင်္ဃန်း၃စုံ၌ တစ်စုံတွင် ဗိန္ဓု၄လုံး
ပါရကာဗိန္ဒု၁၂လုံးကို ဘုရားတစ်ဆူရပါသည်.ဗိန္ဒုအလုံး ၆၀ ကို၁၂နဲ့စားသော်၅ကြွင်း၍ဤကမ္ဘာသည်ကားဘုရား၅ဆူပွင့်မည့်ဘဒ္ဒကမ္ဘာဟုခေါ်ပါသည်.....
ပဋ္ဌမံဝိဇ္ဇာမဟိဒ္ဓိညွန့်ပေါင်းကျမ်းထဲမှပြန်လည်ရေးသားထားခြင်းဖြစ်သည် ။
ထွန်းမင်းဦး (အရာရာတိုင်းကခဏသာပါ )